《Devil Husband》31
Advertisement
မှန်ပြတင်းမှတဆင့်မျက်နှာပေါ်သို့ကျလာသည့်မနက်ခင်းနေေရာင်ခြည်လေးကြောင့်လက်ရုံးဆက်အိပ်ချင်နေသော်ငြားလဲမျက်လုံးများဖွင့်လာသည်။
မျက်နှာပေါ်သို့ိထိုးကျေနေသာေနေရာင်
ခြည်ေကြာင့် လက်ရုံးခန္ဓာကိုယ်လေးကိုလူးလွန့်ရင်းတစ်ဖက်သို့စောင်းလှဲအိပ်လိုက်သည်။
တစ်ဖက်တွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသောခြယ့်ကြောင့်လက်ရုံးသူ့အလိုလိုရင်တွင်းမှကြည်နူးမူများဖြစ်ပေါ်လာပြီးပြုံးမိသည်။
အေးချမ်းစွာအိပ်မောကျနေသောခြယ့်မျက်နှာလေးအားစိုက်ကြည့်ရင်း ပါးပြင်နီရဲရဲလေးအားလက်ချောင်းလေးများဖြင့်အသာယာတို့ထိကြည့်မိသည်။ခြယ်အိပ်ေနရာမှနိုးသွားမည်စိုး၍ဖွဖွလေးသာထိတွေ့ကိုင်တွယ်ကြည့်မိသည်။မနေ့ညကအချစ်ကားကောင်း1ကားကိုပီပီပြင်ပြင်ရိုက်ထားရ၍ ခြယ်ပင်ပန်းနွမ်းနွယ်စွာတကယ့်ကိုအိပ်မောကျနေသည်။
အပူပင်ကင်းစွာအိပ်စက်နေသောခြယ့်ကိုစောင့်ကြည့်နေရခြင်းကသူ့အတွက်ငြိမ်းချမ်းလွန်းနေသည်။နိုးထထလာခြင်းအချစ်မျက်နှာလေးကိုမြင်တွေ့ရသည်ကကျက်သရေရှိလွန်းလှသည်။လပေါင်းများစွာနေရောင်ခြည်ကောင်းစွာ
မရသည့်မှောင်မဲမဲအချုပ်ခန်းငယ်လေးအတွင်းနိုးထလာရခြင်းထက် ချစ်ရသူ၏နံဘေး၌နိုးထားလာရခြင်းကအဆပေါင်းများစွာသာလွန်ကောင်းမွန်လေသည်။
လက်ရုံး ခြယ်နိုးသွားမည်စိုး၍ လှဲနေရာမှအသာဖွဖွသာထလာပြီး ကုတင်ပေါ်မှအသာယာဆင်းလာလိုက်သည်။
ဘဝကိုအသစ်ကပြန်လည်စတင်မည့်ပထမဆုံးရက်မြတ်ဖြစ်တာကြောင့်လက်ရုံးဒီနေ့ကိုစိတ်သစ်လူသစ်နှင့်မင်္ဂလာရှိစွာဖြတ်သန်းသွားချင်နေသည်။ထို့ကြောင့်ရေချိုးသန့်စင်ရန်ပြင်ဆင်လိုက်သည်။
လက်ရုံးရေချိုးအတွင်းဝင်ကာ တစ်ကိုယ်လုံးကိုဆေးကြောကသန့်စင်ပစ်သည်။
မရိတ်မသင်ပဲထားတာကြာမြင့်ပြီဖြစ်၍ ရှည်လျားေနသောပါးသိုင်းမွှေးများ၊နူတ်ခမ်းမွှေး၊မုတ်ဆိတ်မွှေးတို့အားရိတ်သင်ပစ်နေသည်။အမွှေးမျှင်များကင်းစင်သွား၍ကြည်လင်တောက်ပြောင်သွားသော သူ့မျက်နှာလေးအားမှန်ထဲမှလက်ရုံးအခါခါကြည့်ကာကျေနပ်စွာပြုံးသည်။အထပ်ထပ်ဘယ်ပြန်ညာပြန်လှည့်ကြည့်သည်။
*ဟူး ငါ့ရဲ့မျက်နှာချောချောလေးဒီအေတာတွင်းနူတ်ခမ်းေမွှးေတွပါးသိုင်းေမွှးေတွေအာက်ဘယ်လောက်တောင်တိမ်မြုပ်နေခဲ့ရလဲ*
မှန်အတွင်းမှသူ့ပုံရိပ်အားသူပြန်ကြည့်ရင်း နဖူးပေါ်ရစ်ဝဲကျနေပြီးဆံမြိတ်သဖွယ်ဖြစ်နေသောဆံပင်များအားဆွဲလှန်တင်လိုက်သည်။ နားရွက်တောင်ဖုံးနေပြီးဂုတ်ထောက်နေသောဆံပင်အားသဘောမကျစွာဆွဲဖွသည်။
*ဆံပင်တွေလဲညှပ်ပစ်ရအုန်းမယ်*
အချုပ်ထဲရောက်နေစဉ်ကာလများအတွင်းအချိန်ေပးထိန်းသိမ်းလာခဲ့ရသည့်ခန္ဓာကိုယ်ကိုလဲထိန်းသိမ်းမူမရှိတော့၍ စိတ်တိုင်းကျပုံဖော်ထားသည့်ပေါင်မုန့်ခြောက်လုံးလဲပျောက်လုလုပင်။Six packများဖြင့်ကျစ်လျစ်ကြံ့ခိုင်ခဲ့သောဗိုက်သားကအခုတော့အရိုးပေါ်အရေတင်အနေအထားဖြစ်နေသည်။
လက်ရုံးအပေါ်ပိုင်းဗလာနှင့်ခန္ဓာကိုယ်အောက်ပိုင်းအားတဘက်တထည်ပတ်ပြီးရေချိုးခန်းထဲမှထွက်လာခဲ့သည်။ထို့နောက်မနေ့ညကဗီရိုအံဆွဲထဲထည့်ခဲ့သည့်ဖုန်းအားယူလိုက်သည်။
သူဖုန်းမကိုင်ဖြစ်သည်မှာ6လတောင်ရှိပြီတဲ့ တကယ့်အံ့ဩစရာ။သူအထဲရောက်နေသည့်ကာလများအတွင်းဖုန်းလေးအားဒယ်ဒီသိမ်းထားပေးခဲ့ပြီး မနေ့ကအချုပ်မှထွက်ထွက်လာချင်းအိမ်ရောက်တော့ဖုန်းအားဒယ်ဒီကသူ့လက်ပြန်အပ်ခဲ့သည်။လက်ရုံးဖွင့်ပင်မကြည့်ဖြစ်ဘဲဒီတိုင်းသာပြန်ယူထားလိုက်မိသည်။
ဟိုးအရင်ကဆိုလက်ရုံးကဖုန်းကိုအသဲအမဲမလွတ်တမ်းကိုင်တတ်ပြီး ဂိမ်းလဲတအားဆော့တတ်ပေမယ့်အခုတော့အရင်လို ဂိမ်းလဲဆော့ချင်စိတ်မရှိတော့ပဲမက်မက်စက်စက်မရှိတော့ချေ။ထို့ကြောင့်ပင်ဖုန်းအားဖွင့်ပင်မကြည့်ပဲမနေ့ညကဗီရိုထဲထည့်သိမ်းထားလိုက်မိသည်။
ဗီရိုထဲမှယူထုတ်လာသောဖုန်းအားကိုင်ကာလက်ရုံးရေချိုးခန်းထဲပြန်ဝင်လာပြန်သည်။
ရေချိုးခန်းအတွင်းရှိမှန်မှအပေါ်ပိုင်းဗလာကျင်းနှင့်သူ့ကိုယ်သူmirror selfieရိုက်လိုက်သည်။စိတ်တိုင်းကျအနေအထားအမျိုးမျိုးနှင့်စိတ်ကြိုက်ဓာတ်ဖမ်းနေလေသည်။နောက်ဆုံးဘယ်လိုပို့စ်ပေးရမည်မသိတော့၍လက်ရုံး လက်ညိုးလေးနှစ်ချောင်းပါထောင်ပြီးရိုက်လိုက်သေးသည်။အဝဓာတ်ဖမ်းပြီးမှရေချိုးခန်းထဲမှထွက်ကာအဝတ်စားလဲသည်။ထို့နောက်ဖုန်းကိုလက်ကမချဖြစ်သေးပဲ လပေါင်းများစွာမသုံးဖြစ်သည့်သူ့ social mediaများအားလက်ရုံးဝင်စစ်ဆေးကြည့်မိသည်။အခုမှဖွင့်ဖတ်ရသည့်Message boxမှသူ့အားလာရောက်ဆဲဆိုထားသည့်မက်ဆေ့ဂ်ျများအားလက်ရုံးအခုမှဖတ်ရပြီးအူတက်နေသည်။ခြယ်နိုးသွားမည်စိုး၍ကျယ်ကျယ်မရယ်ရဲပဲ ပါးစပ်ကိုလက်နှင့်ကာ၍အသံတိတ်အူခွေ့နေရသည်။
**လက်ရုံးသုခ ငါ*ိုးမသား**
"ဟဒါကြီးေတာ့ကြမ်းတယ် အဟက်ဟက်"
**စောက်ကောင်**
"ဟဲ့"
အချုပ်ထဲရောက်နေ၍ဖုန်းမကိုင်ရသည့်သူအားလူမူကွန်ယက်များမှတဆင့်အပျင်းပြေလာရောက်ဆဲဆိုထားသည့်
မက်ဆေ့ဂ်ျအတိုထွာရာနှင့်ချီရှိနေ၍လက်ရုံးအံ့ဩ၍မျက်လုံးပါပြူးသွားသည်။
"စောက်ရူးတွေကွာ အချုပ်ကျနေတဲ့လူကဘယ်လိုဖုန်းကိုင်နိုင်မာမလို့ငါ့accountကိုအပင်ပန်းခံပြီးလာဆဲထားကြတာတုန်းဟ ဟားဟားဟား ဒုက္ခပါပဲ ဒီလူတွေနှယ့် ငါနှယ့်နော်"
"ဘယ်ထဲကဆဲချင်နေကြတုန်းမသိဘူး အမူဖြစ်မှလာဝိုင်းဆဲကြတော့တယ် ငါပြန်ဆဲလိုက်ရရင်တော့ ဒီလူတွေနှယ့်လဲ"
လက်ရုံးခေါင်းခါယမ်းကာပြုံးသည်။ဖတ်ဖို့ကျန်ေသးသည့်မြောက်မြားလှစွာသောအရိုင်းစိုင်းမက်ဆေ့ဂ်ျများကိုသူပျင်းတဲ့အခါမှယူဖတ်အုန်းမည်ဟုလက်ရုံးတွေးထားသည်။အမှန်စင်စစ်ပင်ဒီအမုန်းစကားများမှသူ့ကိုသေးသေးလေးတောင်ခံစားရအောင်လုပ်နိုင်ခြင်းမရှိတော့ပေ။ဟိုးအရင်ကဆိုဒီလိုတိုက်ခိုက်ခံထားရသည့်အမုန်းစကားများကြောင့်သူဝမ်းနည်း၍ဂျောင်ကပ်ငိုနိုင်အောင်ကောင်းပေမယ့် အခုတော့ဒီဟာတွေဖတ်ပြီးအူတက်နေရသည့်အဖြစ်ကိုလဲလက်ရုံးအံ့ဩမိနေသည်။ထင်ရာမြင်ရာဝိုင်းပြီးအစွပ်စွဲခံရခြင်းများ၊လူထု၏ဝိုင်းဝန်းသမုတ်အပြစ်တင်ခြင်းများစွာခံရပြီး လက်ရုံးအရည်ထူနေပြီဟုပင်ပြောရမလား။မနေ့ကအထိသူအသိုင်းအဝန်းမှာပြန်လည်ဝင်ဆန့်နိုင်ပါအုန်းမလားဟုတွေးကြောက်နေခဲ့မိပေမယ့် လက်ရုံးဒီနေ့တော့ပိစိလေးမျှပင်ဂရုမစိုက်ချင်မိတော့။
သူတို့လဲပြောချင်ရာပြောချင်ရာပြော သူလဲလုပ်ချင်ရာလုပ်မည်။သူမလုပ်ခဲ့သည့်ပြစ်မူများအတွက်အပြစ်မရှိေကြာင်းသက်ေသပြပြီးေနပြီဖြစ်၍ ဘာကိုမှဆက်ရှင်းပြလိုစိတ်မရှိတော့ ထင်ချင်ရာထင်ပါလိမ့်စေတော့ဟုသာမှတ်ယူလိုက်သည်။
လက်ရုံးဖုန်းကိုင်လျက်ပင်အိပ်ခန်းထဲမှထွက်လာခဲ့သည်။အိမ်ရှေ့ဧည့်ခန်းထဲတွင်နေရာယူကာ မိမိဖုန်းထဲရှိဟိုးအရင်ကဓာတ်ပုံအဟောင်းလေးများအမှတ်တရပြန်ကြည့်နေသည်။
ထိုစဉ်ကွန်ဒိုအခန်းတံခါးပွင့်လာပြီးဂျိုးလက်ဆွဲသေတ္တာတစ်လုံးနှင့်အတူလက်ဆွဲအိတ်များဆွဲ၍ဝင်ရောက်လာလေသည်။
လက်ရုံးထိုင်ရာမှမထပင်လှမ်းနူတ်ဆက်လေသည်။
"အော် ငဂျိုး ငါထင်တာမင်းမနေ့ညထဲကဒီပြန်လာမယ်ထင်တာ"
"အေး အိမ်မာပဲတညလောက်အိပ်လိုက်တာ ခုရောက်ပြီ"
"တံခါးပြန်ပိတ် ဟျောင့်"
ပစ္စည်းတွေသယ်ပြီး တံခါးပြန်မပိတ်ပဲအထဲဝင်ချလာ၍လက်ရုံးတံခါးကိုမေးငေါ့ပြလိုက်သည်။
"ငါပြန်ထွက်အုန်းမာ"
"အေး ဘယ်သွားမာလဲ"
"အာ့တာငါ့စောက်ကြောင်းလေ"
ဂျိုး တမင်တကာမျက်နှာပြောင်ကာအသံနေအသံထားနှင့်ပြန်ပြောသည်။
"အေး မသာ မပြောလဲနေ"
ဂျိုး ပြုံးစစနှင့်ပင်ဧည့်ခန်းထဲမှဖြတ်သွားပြီးသူ့အခန်းထဲဝင်သွားတော့သည်။
တအောင့်အကြာ၌ ရိူးစမိုးအပြည့်နှင့်အခန်းထဲမှပြန်ထွက်လာလေသည်။
အရပ်5ပေ11ခန့်ဂျိုးသည်မိုးပြာေရာင်တီရှပ်လက်တိုကိုအပေါ်ကဂျင်းအေနွးထည်အမဲဖြင့်တွဲဖက်ဝတ်ဆင်ထားပြီးစတိုင်ပန့်ဘောင်းဘီအမဲရောင်နှင့်ဆင်မြန်းထားသည်။
ခါတိုင်းဆိုအရောင်မရှိအဆင်းမရှိဖျော့ဖျော့များနှင့်အမဲရောင်တွေကိုသာဝတ်တာများသည့်ဂျိုးကမိုးပြာရောင်ဝတ်ထား၍လက်ရုံးစိတ်ထဲမှာလိုက်တော့လိုက်သားဟုတွေးနေမိသည်။ဆံပင်ကုိလဲအရင်လိုအေနာက်သို့လှန်တင်ထားသည်မျိုးမဟုတ်ပဲ စတိုင်အသစ်နှင့်အလယ်ခွဲထားလေသည်။သူအလယ်ခွဲေကနှင့်လံုးဝလိုက်ဖက်လွန်းေန၍လက်ရံုးမနာလိုေတာင်ဖြစ်မိသွားသည်။ဂျိုးစတိုင်အပြည့်နှင့်ဧည့်ခန်းအတွင်းလှည့်ပတ်လျှောက်ပြရင်း ခန္ဓာကိုယ်တစ်ပတ်လှည့်ပြပြီးသူကြည့်ရတာအဆင်ပြေမပြေလက်ရုံးအားအကဲခတ်ခိုင်းသည်။
"ငါဘယ်လိုလဲ ငလုံးလက်ဖယ် အဆင်ပြေရဲ့လား"
"ဒီရုပ်ကဒီရုပ်ပဲေလ ဘယ်လောက်ပြင်ဆင်ဆင်ငါ့လောက်မှမချောတာ အလယ်ခွဲကေနဲ့*ီးရုပ်ကြီး ဆောတီးပဲ ငါ့ညီ"
"ဟျောင့် ရုံးရာလုပ်ပါကွာ အတည်ပြောတာဘယ်လိုနေလဲလို့ကြည့်ပေးပါကွာ မင်းကလဲ ဆံပင်ကတကယ်အဆင်မပြေတာလား ပြောပါကွာ မင်းကအမြင်ရှိလို့ပါ"
လက်ရုံးကြည့်နေသည့်ဖုန်းကိုခဏချ၍ထရပ်ကာဂျိုးဘေးနားမှာဝင်ရပ်ပြီး ဂျိုးအားနဖူးမှခြေဖျားထိတစေ့တစောင်းပြန်ကြည့်လေသည်။
"ပြော ပြော ငါဘယ်လိုလဲ"
"အင်း ယောကျာ်းပီသတယ် ခန့်ညားနေရော မိုးပြာရောင်နဲ့လိုက်သား နောက်လဲအရောင်လေးဘာလေးနဲ့ဝတ်အဖြူနဲ့အမဲတွေကြီးဝတ်မနေနဲ့ ဆံပင်ကငါနောက်တာ ဟားဟား လိုက်တာမှရှယ်ကိုလိုက်နေတာ ငါတောင်အလယ်ခွဲညှပ်ချင်သွားပြီ"
"ဟုတ်လား တကယ်လား လိုက်တာလား"
"အေးလိုက်ပါတယ်လို့ဆိုနေ"
"အာ့တာဆိုငါသွားမယ်နော် ငလုံးလက်ဖယ်"
လက်ရုံးခေါင်းတချက်သာပြန်ငြိမ့်ပြလိုက်ပြီး မြန်မြန်သွားဟူသည့်သဘောနှင့်လက်ခါရမ်းပြလေသည်။
"လက်ရုံး ငါ့ကိုဒီဖိနပ်လေးငှားပေးပါလား
သားကြီးရာ"
ဂျိုး ဖိနပ်ချွတ်မှသူ့ရှူးဖိနပ်အမဲလေးကိုကျော်ကာဘေးမှ Nikeတံဆိပ်လက်ရုံး၏ဖိနပ်အဖြူလေးကိုလှမ်းကိုင်မြှောက်ပြရင်းပြောသည်။ဂျိုးတကြိမ်တခါမှလက်ရုံးဆီမှအပ်တိုတချောင်းပင်မငှားဖူးပေ ဒါပထမဆုံးအကြိမ်။လက်ရုံးမဝတ်ေတာ့သည့်အဝတ်စားများကိုလက်ရံုးမာမီကသူ့ထံပေးမှသာဂျိုးလက်ခံရင်လက်ခံတတ်သည်။တခါမှမတောင်းရမ်းမချေးငှားဖူး။လက်ရုံးဝတ်သည့်နာမည်ကြီးတံဆိပ်အေကာင်းစားအသုံးအဆောင်များကိုသူနှစ်ခြိုက်သော်လဲတခါလေးတောင်လောဘမတက်ဖူး။သူသာလိုချင်ရင်စိတ်ကြိုက်ခိုးဝှက်ယူလို့ရသည့်တံခါးမရှိဓားမရှိအိမ်ဖြစ်ပေမယ့်ဂျိုးစိတ်နှင့်ပင်မပြစ်မှားခဲ့ဖူး။
"ရပါတယ် မင်းမငှားချင်လဲ အဆင်ပြေတယ်"
"ယူသွား ယူသွား အပိုင်ယူလိုက်"
"ငါပြန်ပေးမှာပါ"
"အော် အပိုင်ယူပါလို့ဆိုနေ မယူရင်မငှားဘူး"
ထိုအခါမှဂျိုးဖိနပ်အဖြူလေးအားခြေထောက်တွင်စွပ်လိုက်ပြီးဖိနပ်ကြိုးချည်သည်။
အဖြူစွတ်စွတ်တောက်ပနေသည့်မိမိဝတ်ဆင်ထားသည့်ဖိနပ်လေးအားဂျိုးငုံ့ကြည့်ရင်းပြုံးသည်။
"အော်ငါသွားတော့မယ်နော် အဲ့တာဆိုေန့လယ်11နာရီလောက်ပြန်လာမာပါဆရာ"
"ချစ်နေတဲ့သူရှိနေပြီမလား အခုသူနဲ့သွားတွေ့မလို့ဟုတ်တယ်မလား ဟုတ်တယ်မလား"
လက်ရုံး ဂျိုးစိတ်ကိုဖတ်နိုင်သည့်အလားအတိအကျကြီးကိုဟောကိန်းထုတ်လိုက်လေသည်။အတိကျမှန်နေလေ၍ရည်းစားပင်တခါမှမထားဖူးသေးသည့်လူပျိုကြီးရှက်ရမ်းရမ်းကာရှက်ပြုံးလေးနှင့်
"ဟဲ ဟုတ်တယ် ဟဲ မင်းပြောသလိုပဲကွာ သူကငါအချုပ်ကလွတ်ရင်အဖြေတခုတော့ပေးမယ်ပြောထားတာ ဟီး အဲ့တာအခုသွားတွေမလို့သူနဲ့"
"သာကြီး ကြိုက်ရင်ပြန်ပေးဆွဲယူ ကားတင်ပြေး မုဒိမ်းကျင့်ယူ ဓားထောက်ပြီးအဖြေတောင်း မရရအောင်ယူဖြစ်သမျှပြဿနာငါရှင်းပေးမယ် စိတ်သာချ"
"အားကိုးချင်စရာကွာ တော်စမ်း ကြောက်တယ်မင်းကို"
လက်ရံုးသူ့၏နည်းလမ်းကောင်းများကိုဝေမျှလာ၍ ဂျိုးအသည်းသန်လက်ခါပြရတော့သည်။
"အေး မင်းကသောက်ကြောက်လေ"
"ဒါပေါ့ မတော်ရသေးတဲ့ကောင်မလေးလောင်းကိုရှယ်ကြောက်ရတာပါဗျာ ဒါပေမဲ့ခက်တာကလေ သူကTomကွ ငါတို့ထက်တောင်ကျားယားနေသလိုပဲငါထင်တာတော့"
"ဟ ဒီကောင်တော့သွားပြီ မင်းတော့အတုတပ်ပြီးအချခံရပြီသာမှတ်ပေတော့ငါ့ကောင်ရေ ဟားဟား ဟား"
"ရတယ် ရတယ် အပေါ်ဖြစ်ဖြစ်အောက်ဖြစ်ဖြစ် ငါကသူ့ကိုချစ်တာမလို့ကျေကျေနပ်နပ်ကြီးအောက်ဆင်းပေးလိုက်မာ"
ဂျိုးစကားကြောင့်လက်ရုံးမှာရယ်ရမလိုငိုရမလို။ေယာကျာ်းတန်မဲ့ေအာက်ထပ်ဆင်းေပးနိုင်တဲ့အထိချစ်သည်ဆိုေတာ့ဂျိုးကိုချီးပဲချီးကျူးရမလိုအပြစ်တင်ရမလို။ထို့ေနာက်ဂျိုး မြှောက်ကြွကြွနှင့်ထွက်သွားလေတော့မှ လက်ရုံးတံခါးပိတ်ရန်အပေါက်ဝမှာရပ်နေတုန်း တံခါးအရှေ့တွင်လာပိတ်ရပ်သည့်တစုံတယောက်ကြောင့်လက်ရုံးပြုံးမိသွားသည်။
ထိုပုဂ္ဂိုလ်နှင့်တန်းတူဖြစ်စေရန် လက်ရုံးကြမ်းပေါ်ဒူးတစ်ဖက်ထောက်ထိုင်ချပေးပြီးတန်းညှိလိုက်သည်။မျက်စိရှေ့မှဂါဝန်ဖြူဖြူေလးဝတ်ဆင်ထားပြီး ပါးေဖာင်းေဖာင်းေလးများနှင့်ဖြူဖြူသေးသေးဆံပင်ဂုတ်ဝဲေလးနှင့်ကလေးမလေးအားပြုံးပြကာ
"အသက်ဘယ်လောက်လဲ"
ထိုပုဂ္ဂိုလ်လေးမှလဲပြန်ပြံုးပြပြီးလက်ငါးချောင်းထောင်ပြလေသည်။
" 5နှစ်ပေါ့ မီးမီးကဒီမှာဘာလုပ်နေတာတုန်းဗျ ဖေဖေတို့မေမေတို့ရောဘယ်မှာတုန်း"
ထိုကလေးမှလက်ရုံးမေးသည်ကိုပြန်မဖြေပဲ
လက်ရံုးကိုပြုံးကြည့်ရက်သားနှင့်ပင်
"ကိုကိုကရောဘယ်နှနှစ်လဲ"
"ဦးက22 အဲ23ပြည့်ခါနီးပြီဆိုေတာ့23ပေါ့ကွာ ကဲ ဦးမေးနေတယ်လေကွာ မီးမီးကဒီမှာတယောက်ထဲဘာလုပ်နေတာတုန်း"
"မီးကကိုကို့ဆီလာတာ"
"ဟောဗျာ မီးမီးကဦးကိုသိလို့လား"
ထိုပိစိလေးမှပိုးစားနေသည့်အပေါ်သွားလေးများပေါ်အောင်ပြုံးပြပြီးအဆက်မပြတ်ခေါင်းငြိမ့်ပြလေသည်။
လက်ရုံးလဲချစ်ဖို့ကောင်းလွန်းသည့်ကလေးလေးအားကြည့်ကာပြုံးမိပါတော့သည်။
ထိုအခါထိုကလေးမှလက်ရုံး၏ပါးချိုင့်လေးနှစ်ဖက်အားလက်ညိုးနှင့်ထိကြည့်ပြီး သူ့ပါးပေါ်မှပါးချိုင့်လေးကိုလဲလက်ညိုးနှင့်ပြန်ထိုးပြရင်း
"မီးမီးနဲ့တူတူပဲနော် ကိုကို့မှာလဲရှိတယ်"
"ဒါပေါ့ ပါးချိုင့်ပါတဲ့သူတွေကချောတယ်လေ"
"ဟုတ်တယ် ကိုကိုကချောတယ် အရမ်းချောတာပဲ မေမေကြိုက်တဲ့ကိုရီးယားမင်းသားတွေနဲ့တူတယ်"
"ဟောဗျာ"
လက်ရုံးသဘောကျစွာအားရပါးရရယ်မိပါတော့သည်။
ထို့နောက်ဘေးပတ်ဝန်းကျင်ကိုအနည်းငယ်အခြေနေကြည့်လိုက်မိသည်။အလွှာတခုလုံးလူအနည်းငယ်ရှင်းနေလေသည်။လက်ရုံးစိတ်ထဲဒီကလေးလေးအား ဒီအလွှာနေမှာနေသည့်တယောက်ယောက်၏ကလေးသို့မဟုတ် မိဘေတွနှင့်ဒီအလည်လာရင်းတယောက်ထဲလျှောက်သွားနေသာဖြစ်မည်ဟုတွေးထင်လိုက်သည်။ထို့ကြောင့်ကလေးလေးတယောက်ထဲေလျှာက်သွားနေမည်ဆိုး၍အထဲခေါ်သွင်းလိုက်သည်။ကလေးမိဘတွေလာရှာလျှင်သိနိုင်အောင်အခန်းတံခါးကိုပဲလော့မချပဲဖွင့်ခဲ့လေသည်။
ထိုအဖြူရောင်ဂါဝန်နှင့်ကလေးလေးကဧည့်ခန်းဆိုဖာတွင်အကျနဝင်ထိုင်လိုက်၍ လက်ရုံးလဲသူ့နံဘေးဝင်ထိုင်ချကာဧည့်ခံပေးနေလေသည်။
"အော် ဒါနဲ့ကိုကို့နာမည်ကဘယ်သူလဲ"
"လက်ရုံးသုခတဲ့ဗျာ မီးမီးလေးကရော"
"ဟယ် ဘယ်သူ ဘာလက်"
"လက်ရုံးသုခပါဗျာ"
"ဘာကြီးလဲဟင် မီးနားမလည်ဘူးကိုကို့နာမည်ကို ကိုကိုရှင်းပြ"
လက်ရုံး ကလေးမလေး၏ခေါင်းလေးအားအသာယာပုတ်လိုက်ပြီး
"လက်ရုံးဆိုတာကတိုက်ရည်ခိုက်ရည်ရှိတာပေါ့ ဦးဘယ်လိုရှင်းပြရမလဲသမီးနားလည်အောင်က ဒီလိုပေါ့လူဆိုးတွေနဲ့ချရင်ဦးကချတာကျွမ်းတာပေါ့ ဦးပဲနိုင်တာပေါ့ကွာ အဲ့လိုစူပါမန်းတို့ဘတ်မန်းတို့လိုတိုက်နိုင်ခိုက်နိုင်ပြီးသုခဆိုတဲ့ပျော်စရာတွေအပြည့်နဲ့လက်ရုံးသုခပေါ့ ကဲ နားလည်လား ဦးလဲထပ်မရှင်းတတ်တော့ဘူး"
"အော်သိပြီသိပြီ နာမည်ကလဲရှည်တာ မီးနာမည်ကသက်လုံးပုံ"
"သက်လုံးပုံတဲ့မီးနာမည်လေးကချစ်စရာလေးနော် ဟုတ်တယ် ဦးနာမည်ကရှည်တယ်ရယ် ဦးကိုအားလုံးကလက်ရုံးလို့ပဲခေါ်ကြတာများတယ်"
"ကိုကိုလက်ရုံးပေါ့နော်အာ့ဆို"
ထိုကလေးစကားကြောင့်လက်ရုံးမျက်ခုံးများပင့်သက်သွားပြီး ဟင့်ခနဲတစ်ချက်ရယ်ကာ
"ဘယ်ကကိုကိုတုန်းသမီးရဲ့ ဦးကမီးထက်အများကြီးကြီးတယ်လေ ဦးလို့ခေါ်ရမာလေကွာ"
"ဟင့်အင်း ကိုကိုကငယ်ငယ်လေးရှိသေးတာကိုဘယ်ကဦးရမာလဲကိုကိုလက်ရုံးပဲခေါ်မာ"
"ကိုင်း သဘော သဘော"
လက်ရုံး ဧည့်သည်တော်ကိုတခုခုဧည့်ခံချင်ပေမယ့်လဲသူ့အိမ်မှာလဲကလေးများအကြိုက်တွေ့လောက်မည့်မုန့်ပဲသရေစာမပြောနှင့် လူကြီးစာတောင်ဘာဆိုဘာမှမရှိပေ။
လက်ရုံးကညီအကိုမောင်နှမမရှိသည့်တစ်ဦးတည်းသောသားဖြစ်၍ သူ့ထက်ငယ်သည့်အငယ်လေးတွေကလေးသေးသေးလေးတွေဆိုချစ်တတ်သည်။လက်ရုံးကကလေးချစ်တတ်သူဖြစ်၍ကလေးတွေနဲ့တွေ့ရင်တခုခုကျွေးလိုက်ရမှ တခါတရံလက်ဆောင်ပဲဖြစ်ဖြစ်ဝယ်ပေးတတ်သေးသည်။အခုသက်လုံးပုံဆိုသည့်အသွက်မလေးကိုလတ်တလောကျွေးစရာဘာမုန့်မှမရှိ၍လက်ရုံးစိတ်ထဲမကောင်း။
"မူကြိုမှာဘာတွေသင်ရလဲကိုကို့ကိုပြောပါအုန်း"
"ကကြီးခခွေး အေဘီစီဒီသင်ရတယ် တစ်နှစ်သုံးလေး အပေါင်းနုတ် အလီတွေသင်ရတယ်"
"မူကြိုမှာကအလီမသင်ရပါဘူးနော်"
"သင်ရပါတယ်"
"မသင်ရပဲနဲ့နော်"
"ဟာ ကိုကိုလက်ရုံး"
ကလေးမလေးစိတ်မရှည်တော့စွာနူတ်ခမ်းေလးစူထွက်လာပြီးလက်ရံုးအားမျက်စောင်းဖြင့်ပစ်ပါတော့သည်။
"အာ့ဆိုဆိုပြ ဘာအလီရလဲ"
"နှစ်အလီပဲရတယ်"
"အဟက် ဒီကလေးနှယ့် ဆိုပြဆိုပြ"
"နှစ်တစ်လီနှစ် နှစ်နှစ်လီလေး*$#@@@
တစ်ပုဒ်တည်းသောသူ ရသည့်နှစ်အလီအားသက်လုံးပုံလေးဝင့်ကြွားစွာဆိုပြလိုက်လေသည်။အစဆုံးဆိုပြပြီးတော့ဂုဏ်ယူဝင့်ကြွားစွာလက်ရုံးအားမတွေ့ဘူးလားဟူသည့်မျက်နှာပေးနှင့်မျက်စောင်းထိုးပြသည်။
"တော်တယ်ကွာ တော်တယ် နောက်အလီတွေရအောင်ကျက်နော်ဟုတ်ပြီလား"
"ကိုကိုကရောအလီရလို့လား"
"အမယ် ငါ့များ ကျုပ်ကသင်္ချာမှာဆရာကြီးနော်မေးလိုက်စမ်းပါ"
"14×8??
"112"
"56×12??
"အာ...672"
သက်လုံးပုံသူရေတွက်တတ်သည့်1မှ100အထိဂဏန်းများ၏အလီများကိုလှည့်ပတ်မေးနေလေသည်။သူမေးသမျှကိုလက်ရုံးက5စက္ကန့်မကျော်ခင်ဒေါက်ခနဲဒေါက်ခနဲပြန်ဖြေနိုင်၍သူ့မှာသဘောတွေကျနေလေသည်။
လက်ရုံးအဖြေများမှန်လားမှားလားတော့သူမသိရပေ။သို့သော်ကျိန်းသေပေါက်အဖြေမှန်ပေလိမ့်မည်။IQ 146နှင့်သခ်ျာမှာဆိုကျွမ်းကျင်လွန်းသည့်လက်ရုံးကမှားနိုင်မည်ကိုမဟုတ်ပေ။
အဖြေရှာမရသည့်ပုစ္ဆာဟူ၍လက်ရုံးဘဝမှာမရှိခဲ့ဖူး။
🎶 Tastes like strawberries
On a summer evening
And it sounds just like a song
I want more berries And that summer feeling
It's so wonderful and warm🎶🎵🎼
(နွေရာသီညနေခင်းလေးမှာစားလိုက်ရတဲ့စတော်ဘယ်ရီသီးလေးလိုပဲ သီချင်းလေးတစ်ပုဒ်လိုပဲအဲ့အသံလေးက ဘယ်ရီသီးတွေပိုလိုချင်တယ် အဲ့ဒါလေးကအရမ်းကိုသာယာပြီးနွေးထွေးလွန်းလှတယ်)
ဂီတာသံချိုချိုလေးနှင့်အတူထွက်ပေါ်လာသည့် ဩရှရှသီချင်းဆိုသံလေးကြောင့် ခြယ်အိပ်ရာနိုးလာခဲ့သည်။စိတ်ထဲသိချင်စိတ်များပြင်းပြလာ၍ မပွင့်သည့်မျက်လုံးကိုအတင်းဖွင့်ကာချက်ချင်းအိပ်ရာပေါ်မှရုန်းထလာလေသည်။အိမ်ချင်မူးတူးမျက်လုံးအစုံအားလက်ဖြင့်ပွတ်သပ်နေရင်းကုတင်အောက်မှbathrobeကိုဆွဲဝတ်လိုက်သည်။ ညတုန်းကအရှိန်တို့ကြောင့်အနည်းငယ်ကိုက်ခဲနေသောခန္ဓာကိုယ်အောက်ပိုင်းကြောင့်အသံလာရာသို့တဖြည်းဖြည်းသာလှမ်းလာလေသည်။
အိမ်ရှေ့ဧည့်ခန်းရှိကြမ်းပြင်၌အကျနထိုင်ကာ ဂီတာကျွမ်းကျင်စွာတီးခတ်လျက် Harry styles၏ watermelon sugarသီချင်းအား စိတ်လိုအားရသီဆိုနေသည့်လက်ရုံးနှင့်အတူ ဘေးမှာထိုင်လျက်ပြံုးပြီးလက်ခုပ်တီးအားေပးေန
သည့်လေးငါးနှစ်အရွယ်ကလေးမလေးတယောက်ကိုတွဲလျက်တွေ့လိုက်ရ၍ခြယ်အံ့အားသင့်သွားသည်။
ခြယ်ရောက်နေသည်ကိုကလေးမလေးမှသတိထားမိသွားပြီးခြယ်ရှိရာသို့စိုက်ကြည့်နေသည်ကိုလက်ရုံးလဲရိပ်မိပြီးအနောက်ဘက်သို့လှည့်ကြည့်လာရာသူ့ကိုမြင်၍ နေရခက်သွားပြီးသီချင်းဆိုလဲရပ်သွားသည်။
🎵I don't know if I could ever go..go
အနောက်မှာရပ်နေသည့်သူ့ကိုမြင်သွားတော့လက်ရုံးရှက်ကိုးရှက်ကန်းနှင့်ဂစ်တာကိုအောက်သို့ချလိုက်ပြီးထိုင်ရမလိုထရမလိုဖြစ်သွားတော့ခြယ်လက်ကာပြ၍
"ကိုး ဆက်ဆိုလေ ကောင်းနေတာပဲဟာကို ဆက်ဆိုလေ"
"သူဆိုပြခိုင်းလို့ဆိုနေတာ"
"ဟုတ်ပါတယ် မရှက်ပါနဲ့ ဆက်ဆိုပါ ကိုးရဲ့"
"ဟုတ်ပြီဟုတ်ပြီ"
ခြယ်လဲသူတို့ထိုင်နေသည့်နေရာတွင်ဖြည်းဖြည်းဝင်ထိုင်ချလိုက်သည်။
သူရောက်နေတော့လက်ရုံးအနည်းငယ်ရှက်ကိုးရှက်ကန်းနှင့်ပင်မျက်နှာလွှဲ၍ သက်လုံးပုံလေးကိုသာပြုံးပြလျက်သီချင်းဆက်ဆိုလေသည်။
🎵 Breath me in Breath me out
I don't know if I could ever go without
Watermelon Sugar high Watermelon Sugar high Watermelon Sugar high🎶
(ရှူသွင်းလိုက်ရှူထုတ်လိုက် အဲ့ဒါလေးမရှိရင်ငါအသက်ရှင်နိူင်ပါ့မလားတောင်မသိဘူး
ဖရဲသီးချိုချိုလေး 🍉ဖရဲသီးချိုချိုလေး )
Watermelon Sugar highဆိုသည့်နေရာ၌လက်ရံုးသူ့ဧ။်အသံသြသြေလးကိုခပ်မြှင့်မြှင့်ဆိုလိုက်သည့်နေရာတွင်ခြယ်မနေနိုင်တော့ပဲထရယ်မိပါတော့သည်။
သူရယ်လိုက်တော့လက်ရုံးလဲအနည်းငယ်ရှက်သွားပြီးဆိုတာရပ်သွားလေသည်။
"တော်ပြီကွာ မဆိုတော့ဘူးမင်းကရယ်တယ်"
"ရယ်မာပေါ့လို့ ဒါကလေးကိုဆိုပြရမယ့်သီချင်းလား ဟားဟား အသံကြီးကလဲဆာလိုက်တာရယ် ဝါတားမယ်လွန်ရှူးဂါး"
"ဟုတ်တယ်ငါကြိုက်လို့ငါဆိုတာဟာဘာဖြစ်လဲ"
"ဘာကိုကြိုက်တာလဲအဲ့တာကိုလား သီချင်းကိုလား"
လက်ရုံးပြန်မဖြေခင်မှာပင်သူတို့ပြောနေသည့်စကားများကိုနားမလည်စွာနှင့်ကြည့်နေသည့်ကလေးမလေးကစကားဖြတ်ေပြာသည်။
"တီတီတို့ဘာတွေပြောနေကြတာလဲဟင် အဲ့သီချင်းကဘာဖြစ်လို့လဲဟင် Watermelonကဖရဲသီးလေ"
"ဟုတ်တယ်သမီးရေဟုတ်တယ်သူကဖရဲသီးကြိုက်လို့တဲ့"
ခြယ် ရယ်ကျဲကျဲနှင့်ပင်လက်ရုံးကိုလှမ်းစသည်။ဟိုကလဲနူတ်ခမ်းလေးကိုလျှာနှင့်သပ်ပြပြီး အောက်နူတ်ခမ်းကိုဖိကိုက်ပြကာ
"ကြိုက်မှကြိုက်ခုတောင်စားချင်လာပြီ"
"လက်ရုံးးး"
ခြယ် ဘေးမှာကလေးရှိနေကြောင်းခပ်ကြိတ်ကြိတ်လေသံဖြင့်သတိပေးလိုက်တော့မှလက်ရုံးထရယ်ပြီးဇာတ်လမ်းရပ်လိုက်သည်။
"သူကငါ့ကိုကျကိုကိုတဲ့ မင်းကိုကျတီတီတဲ့ ဟားဟား မင်းအတော်အိုတာပဲ"
ခြယ်ရူံ့မဲ့မဲ့မျက်နှာထားနှင့်
"ဟုတ်လား မီးလေး မမကိုကျဘာလို့တီတီလဲ သူ့ကျကိုကိုတဲ့"
"ဟီး အဲ့တာကတီတီကကိုကိုထက်ရုပ်နည်းနည်းလေးရင့်လို့ပါ ကိုကိုကကျအရမ်းချောတာကိုလို့ တီလဲချောပါတယ်နော် စိတ်မဆိုးပါနဲ့"
"အဟက်ဟက်"
ကလေးမလေးစကားကြောင့်လက်ရုံးလက်ခုပ်လက်ဝါးတီးပြီးထရယ်ပါတော့သည်။အူမြူးနေသောလက်ရုံးကိုခြယ်မျက်စောင်းထိုးလိုက်တော့မှ
"စတာ စတာ စိတ်မဆိုးနဲ့ ဟဲဟဲ မင်းလင်ကဒီလောက်နုပျိုချောမောတယ်လို့ကလေးကတောင်ချီးကျူးနေတာမင်းကဝမ်းသာရမာလေ အဟက်"
"ဟယ် တီတီကကိုကို့မိန်းမလား"
"ဟောဗျာ မီးကဘယ်သူထင်လို့တုန်း"
"ကိုကို့အမထင်နေတာလို့ အဟင့် မီးကြီးလာရင်ကိုကို့ကိုယူမယ့်ဟာကိုကိုကမိန်းမရှိပြီးသားကြီး မယူတော့ဘူးတော်ပြီ"
"အမလေးဗျ ဟားဟား ဒါပေါ့ကိုကိုကမိန်းမရှိတယ်လေမီးလေးရဲ့ ဒီလက်တောက်လောက်လေးကငါ့ကိုယူဖို့ကြံေနတာတဲ့ မိန်းမရေ ကိုးကိုကယ်ပါအုန်း ဟားဟား"
အတတ်လေး၏မီးကြီးရင်ကိုကို့ကိုယူမလို့ဟူသောစကားကြောင့်လက်ရုံးရောခြယ်ပါထိန်းမထားနိုင်တော့ပဲရယ်ချမိသွားသည်။
အမြဲတမ်းကြမ်းကြမ်းတမ်းတမ်းေတွထွက်နေချပါးစပ်ကဒီနေ့သီချင်းဆိုညဉ်းသံလေးကိုလဲခြယ်သဘောကျမိသည်။
စတိုခန်းထောင့်မှာဖုန်တက်နေသည့်ဂီတာကိုလဲဒီနေ့တော့သူ့လက်မှာကျွမ်းကျင်စွာတီးခတ်နေလေသည်။ဒီလူကဂီတာလဲတီးတတ်ပြီးကလေးတွေကိုလဲချစ်တတ်သေးသည်တဲ့။ဒီလူ့မှာသူမသိတဲ့အချက်တွေဘယ်လောက်တောင်ကျန်နေသေးတာလဲ။ဘယ်လိုပဲဖြစ်နေပါစေ လက်ရုံးဘယ်လိုပုံစံဖြစ်နေနေသူချစ်သည်။ကြမ်းတမ်းလဲလက်ရုံးဖြစ်သလို နူးညံ့လဲလက်ရုံးပေမို့သူချစ်တာလက်ရုံးဖြစ်၍ လက်ရုံးဘယ်လိုနေနေသူချစ်သည်။
အရက်ခွက်ကုိင်ေနကျလက်တစ်စုံက ဂီတာကိုင်ထားသည်မှာပိုပြီးပနံသင့်သည်။
ဂစ်တာအားဆုပ်ကိုင်ထားသည့်လက်ချောင်းဖြူဖြူရှည်ရှည်လေးများနှင့်လက်ဖျံေပါ်
မှေသွးေကြာစိမ်းစိမ်းေလးများအားအသွေးအသားထဲထိကိုမြတ်နိုးမိသည် နမ်းရိူက်ချင်သည် သူတယောက်ထဲသာပိုင်ဆိုင်ချင်သည်။
*ကိုးရေအဲ့သလောက်တောင်ချစ်ရပါတယ်ရှင်*
#ParadiseKhin
သား"ရုံး"တို့ဇာတ်အိမ်က သား"မြတ်"ထက်ပိုကျယ်ပြန့်တာမလို့အပိုင်းကတော့S1ထက်ရှည်ပါမယ်နော်။အဆုံးထိတူတူလိုက်ပေးကြမယ်မလားဟင်🤞အဆုံးထိတူတူသွားကြမယ်နော်။
စကားမစပ်ဒီနေ့ကကိုယ့်မွေးနေ့ပါ🎉✨
ဒါကအားလုံးသိလောက်မယ့် ကိုးဆိုတဲ့သီချင်းပါ။နားထောင်ချင်မလားလို့ အဓိပ္ပာယ်ကတော့မှောင်တာမလို့သိကြတယ်မလား။နားမေထာင်ဖူးရင်လဲနားထောင်ကြည့်လိုက်ပါနော် မှောင်မှောင်မြူးမြူးလေးပေါ့
Zawgyi
Advertisement
- In Serial6 Chapters
Age of Victoria
Victoria Blythe wanted adventure. She wanted to explore the world and escape from the strict etiquette of British nobility. With her father fighting in India, the governess assigned to raise her controlled every aspect of her life. The financial downturn of a friend of the family would lead to her sister's longtime engagement turning into an immediate marriage.Victoria's thirst for adventure and tomboy ways would not prepare her for the sudden advent of the apocalypse.Can Victoria and her friends survive this new world of Classes and Skills? Completed and available on Amazon.
8 179 - In Serial33 Chapters
The Dark Lands: A Villainess’s Guide to Settling into Her New Home
Born into House Vesely, the third most powerful family within the Kingdom of Ranislava, fourteen year old Lady Iskra had it all and more. She had command over a large number of servants that answered her every beck and call, whatever she wished for she got without issue and her friends served a purpose in inflating her ego and bolstered her social standing and she was poised to become the next queen once her betrothed, the Crown Prince, ascended the royal throne. Life for the young woman was good. That, however, all came to a crashing end when she discovered the rumors surrounding her soon to be husband and a low ranking barons daughter to be true. In a blind rage, she had nearly murdered the girl but was quickly subdued and tried. In a strange twist of fate, she has been stripped of everything she once held dear and exiled into the Ranislava’s most dangerous and untamed duchy, Voldigrov. A land rich in volcanoes and home to roving armies of orcs, goblins, trolls and other foul and hideous creatures that prey upon those who are stupid enough to enter the cursed domain. Now, alongside two of her former family’s most trusted servants as well as a levy of unwashed and untrained peasants, she must traverse into the mysterious realm and cling to a sliver of hope that the gods of fate don’t bring further ruination upon her.
8 190 - In Serial25 Chapters
Year of the Horse
In the far future the descendants of humanity are moving back towards civilisation. A young warrior learns how to tame and ride horses which live on the far fringes of the forest near his farm. He hopes to export this skill to the larger country of his island but is foiled by their belligerent nature. Joining forces with them he discovers a secret third nation and unleashes a series of changes. He then finds that to achieve his goal he has to fight to the death against an unexpected rival.
8 207 - In Serial24 Chapters
The Life and Times of Fiera Celosis
Fiera Celosis has just returned to Inima after having been banished from the land as a child. Being the daughter of FIre and Magic, her blood is looked down upon. But what has she returned to? And why does she constantly feel that her life is in danger?
8 110 - In Serial19 Chapters
The Book Cover Store {#1} [CLOSED]
THE Book Cover STORE [#1] Request your covers on the first page, I'll get back to you in 1-4 days, depending on how many requests there are.[[This book is completed~check out book 2, for much better, and more responsive covers!!]]
8 523 - In Serial42 Chapters
Solangelo
This is a cute solangelo story after what happens in blood of Olympus. Enjoy!This is completed! (And really old if u hate it I don't blame u I have recent books that are MUCH better)-this was written when I was 11-12. I am much older and have become a much more skilled writer-
8 145

