《Devil Husband》29
Advertisement
လက်ရုံး အထဲမှာရှိနေခဲ့သည့်ခြောက်လဆိုသည့်ကာလအတွင်း အပြင်ဘက်မှာ အေတာ်ေလးပြောင်းလဲသွားသည်။
အချုပ်ထဲမရောက်ခင်ကာလများက
သူမြင်ေတွ့ေနကျဆောက်လက်စအဆောက်အအုံများသည်လဲခုဆို ဆောက်လုပ်ပြီးစီးလျက်ရှိပြီ။
သူကသာအထဲမှာ မသွားရမလာရစည်းမျဉ်းပေါင်းများစွာနှင့်အပြင်ကမ္ဘာနှင့်အဆက်သွယ်ဖြတ်ခံထားရပြီး အချိန်တွေအလဟဿဖြစ်နေခဲ့သော်လဲ အပြင်လောကကြီးကတော့သူ့ကိုစောင့်နှင့်မနေပဲသူ့အလျင်နှင့်သူဆက်လက်လည်ပတ်လျက်ရှိသည်။
လက်ရုံး ကားမှန်ပြတင်းကိုချပြီး တဟူးဟူးတိုးဝင်လာသည့်လွတ်လပ်ခြင်း၏ အငွေ့သက်ကိုအဝခံစားနေသည်။နဂိုထဲကရေဆူမှတ်ကျော်အောင် လွတ်လွတ်လပ်လပ်နေတတ်တဲ့အပျော်ပါးမက်သူဖြစ်သည့်အတွက် အနှောင်ဖွဲ့ခံထားရသည့်ဒီနှစ်တစ်ဝက်ခန့်ကာလဟာသူ့အတွက်စိတ်ရောကိုယ်ပါချုန်းချုန်းကျနေခဲ့ရသည်။
ကားသွားရာလမ်းတစ်လျှောက် မြင်မြင်သမျှကိုလက်ရုံးအသစ်ဆန်းတခုလိုလိုက်ငေးမောနေမိသည်။
အပြင်လောကကြီးနှင့်အဆက်သွယ်ပြတ်နေခဲ့ရတဲ့ကာလတွေဟာ အစစအရာရာအသစ်တစ်ခုလိုပြောင်းလဲသွားသလိုခံစားနေရသည်။
သူတော်တော်အပြင်ကမ္ဘာနှင့်အလှမ်းဝေးသွားသလိုပင်။
ကားပြတင်းပေါက်ပေါ်မှေးထောက်၍ ဆွေးမြေ့စွာငေးမောနေသည့် လက်ရုံးကိုခြယ်လိုက်ကြည့်နေမိသည်။
"ဘာလို့လဲ အချုပ်ကလွတ်တာမပျော်ဘူးလား ချစ်တဲ့သူတွေနဲ့ပြန်တွေ့ရတာဘာလို့ဝမ်းနည်းနေသလိုဖြစ်နေတာလဲ ဘာကိုဆွေးနေတာလဲ"
"ကိုယ်လား မဟုတ်ပါဘူး ဒီတိုင်းပါပဲ အထဲမှာရောက်နေတုန်းအစစအရာရာအသစ်ဖြစ်သွားသလိုပဲ ဝမ်းနည်းနေတာမဟုတ်ပါဘူး"
"အင်းပါ"
အင်းပါလို့သာခေါင်းငြိမ့်ပြလိုက်ရပေမယ့် လက်ရုံးတစ်စုံတစ်ခုကိုဝမ်းနည်းနေတာခြယ်ကျိန်းသေသိသည်။
အရင်ကဆို လက်ရုံးအပြုံးတွေကထင်းနေအောင်တောက်ပနေတတ်တာ အခုအပြုံးေတွကတခုခုလိုနေသလိုပင်။ရဲစခန်းထဲမှထွက်လာလာချင်းထဲက သူ့ကိုလာကြိုဆိုကြသည့်လူရင်းေတွကို သွားဖြဲပြီးတချိန်လုံးပြုံးရယ်ပြနေသော်လဲအပြုံးတွေကတခုခုချို့ယွင်းနေသည်ကိုခြယ်တန်းသိသည်။
အားတင်းပြီး ပျော်နေဟန်အတင်းဟန်ဆောင်ပြုံးနေရသလိုပင်။
မိဘတွေရှေ့ မိဘတွေပျော်အောင်တမင်ရယ်စရာတွေသူပြောင်ချော်ပြက်ချော်ပြောနေပေမယ့်သူ့အဆွေးမျက်လုံးကိုခြယ်ခံစားမိသည်။
*လက်ရုံးသုခရယ် ရှင်ဟာ့ရှင်ဘယ်လောက်ကလိမ်ကကျစ်ဖြစ်ေနေန ကျွန်မကိုကျော်လို့မရေသးဘူး ကျွန်မကိုလိမ်လို့မရပါဘူးရှင်*
.
.
"သားရုံး မနေချင်လဲထမင်းစားပြီးမှပြန် တသက်လုံးနေလာတဲ့အိမ်ပါနော် မိန်းမရပြီးထဲကမာမီ့အိမ်ကိုအိမ်လို့မသတ်မှတ်နဲ့တော့ဘူးပေါ့ မင်းနော် ညမအိပ်ချင်လဲထမင်းစားပြီးမှကြွကြွ"
"မဟုတ်ရပါဘူး မာမီရာ ကျော်ကမာမီ့ကိုသာအချစ်ဆုံးပါဗျ ..အာ
"အိမ်ထောင်သည်ကြီးဖြစ်နေပြီဆိုတော့ကိုယ့်အသိုက်မြုံကိုပိုတွယ်တာတတ်နေပြီပေါ့ ရုံးနော်
အော် ဒါနဲ့ မင်းတို့ကွန်ဒိုကလူမနေတာကြာလှပြီအခုလူလွှတ်ပြီးရှင်းခိုင်းထားရမလား"
"ဟုတ်မာမီ"
"အိမ်ထဲဝင်မယ် လာ မာမီကသားလွတ်လာမယ့်နေ့မလို့သားအကြိုက်တွေရွေးချက်ပေးထားတာ မာမီ့လက်ရာနော် အများကြီးစားရမယ်နော် မင်းပိန်ညောင်နေတာစိတ်မချမ်းသာဘူး"
ကားပေါ်မှအဆင်းသားအမိနှစ်ယောက်လက်ချင်းချိတ်လျက် စကားတပြောပြောရယ်မောပြီး
စံအိမ်ထဲသို့ဝင်သွားကြသည်။
သူ၏ရင်နှစ်သည်းခြာသားနှင့်မယားပြုံးပျော်နေသည်ကိုကြည့်ပြီးမြတ်လဲလိူက်လိူက်လဲလဲပြုံးမိသည်။
သားဖြစ်သူအထဲရောက်နေခဲ့တဲ့ကာလတွေကဇနီးဖြစ်သူအတွက်ဘယ်လောက်တောင်စိတ်ပင်ပန်းခဲ့ရလဲမြတ်သိသည်။
တစ်ဦးတည်းသောအဖိုးတန်သားလေး သူများချောက်ချခံရသည်ကိုသက်သေမပြနိုင်ပဲ ပုဒ်မပေါင်းသောင်းခြောက်ထောင်နှင့် သေဒဏ်
ေတာင်ကျခံသွားရနိုင်သည့်ဗရုတ်သုတ်ခအခြေအနေကြီးမှာဆွေးတမြေ့မြေ့ရင်အစုံတို့ပူလောင်ခဲ့ရသည်။
သက်သေသကာရအပူတပြင်းရှာဖွေရင်း သားဖြစ်သူအပြစ်မရှိကြောင်းဖော်ထုတ်နိုင်ဖို့ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရသည်။
ရန်ကုန်မြို့အထွက်တိုးဂိတ်၌ စိုင်းအာကာ၏လူယုံဖြစ်သူ ဦးမင်းသန့်အားဘိန်းဖြူအချို့ပစ္စတိုတစ်လက်နှင့် လက်ရမိခဲ့သည်ကိုကကံကောင်းမူတစ်ခုဖြစ်သည်။
ဦးမင်းသန့်သည်လဲခေသူမဟုတ်ချေ။အဘယ်သို့သော်အကြောင်းများကြောင့် ကားအတွင်းဘိန်းဖြူများလက်နက်များရှိနေသည်ကိုသတိမမူမိပဲပေါ့လျော့ခဲ့သည်လဲ။ကြည့်ရသည်တော့ ရန်ကုန်မှထွက်ခွာရန်အင်မတန်စိတ်လောနေ၍ ကားအတွင်းမစစ်မဆေးပဲအလောတကြီးပြုမူခဲ့မိသည်နှင့်တူသည်။
သို့မဟုတ် တမင်ပင်အဖမ်းခံသည်လောသူကိုယ်တိုင်သာသိပေလိမ့်မည်။
ဘယ်လိုပဲဖြစ်ဖြစ် လက်ရုံးအပြင်ပြန်ထွက်လာနိုင်ပြီဖြစ်၍ ဘာကိုမှစိတ်မဝင်စားတော့ပေ။
မြတ်သိလဲမသိချင်တော့ပေ။
"ခြယ် သမီးအထဲသွားလေ"
ယောက္ခမအိမ်ဖြစ်သော်ငြားလဲ ဆိုင်ရာပိုင်ရာကမဖိတ်ခေါ်သဖြင့် ခြယ်အဝတွင်အသာရပ်နေမိသည်။လက်ရုံး သူ့မာမီနှင့်ချစ်ကြည်နူးတစ်တီတူးပြီး ခြယ့်ကိုနောက်ချန်နေခဲ့မိသည်။
"သူစိမ်းအိမ်မှမဟုတ်တာ လွတ်လွတ်လပ်လပ်နေလေ ငရုံးကတော့လေ ဘယ့်နှယ့်ကိုယ့်မိန်းမကိုမေ့ချန်ထားခဲ့ရတာလဲ အဟက် ဒီကောင်ကွာ"
ခြယ်ဘာပြန်ပြောရမှန်းမသိသဖြင့် မတင်မကျသာပြန်ပြုံးပြမိလိုက်သည်။
"လက်ရုံးကိုစိတ်မဆိုးပါနဲ့ တမင်သမီးကိုသူပစ်ထားတာမဟုတ်ပါဘူး သူကအမေချစ်သားလေးလေ သူ့မာမီနဲ့အကြာကြီးမတွေ့ရတော့ပြန်တွေ့တုန်းလေးအလွမ်းသယ်နေတာပါ
MaMa's boyလေးလေအဲ့ကောင်က သူ့မာမီကိုကပ်ချွှဲနေရရင်ဘာမှသတိမရတော့ဘူး နားလည်ပေးလိုက်ပါ"
"မဟုတ်တာ ဒယ်ဒီ စိတ်ဆိုးစရာလားသားအမိနှစ်ယောက်ပျော်နေကြတာကို"
"ကဲ လာ အိမ်ထဲဝင် ထမင်းတူတူစားပြီးမှပြန်"
ခြယ် ဦးမြတ်သုခနောက်မှထမင်းစားခန်းသို့ကပ်လိုက်လာသည်။
ထမင်းစားပွဲဝိုင်းမှာလက်ရုံးနှင့်သူ့မာမီကအသင့်ထိုင်နှင့်နေပြီးဖြစ်သည်။
ခြယ်လဲလွတ်နေသည့်လက်ရုံး၏မျက်နှာချင်းဆိုင်ကုလားထိုင်တွင်နေရာယူလိုက်သည်။
ထိုအခါမှ လက်ရုံး ခြယ့်ကိုသတိပြုမိပြီး ပြုံးပြသည်။ထို့နောက်သားအမိနှစ်ယောက်စကားပြန်ဆက်ကြသည်။
ခြယ် လက်ဟန်ေခြဟန်များနှင့်ပါပြံုးေပျာ်ရွှင်ပြီးစကားေပြာေနသည့်လက်ရုံးကိုငေးမောကြည့်မိသည်။
ကားပေါ်ကလိုလျော့တိလျော့ရဲအပြုံးယဲ့ယဲ့မဟုတ်ပဲ စိတ်လိုလက်ရနှစ်ခြိုက်စွာ
အတောက်ပဆုံးပြုံးနေလေသည်။
*ဟုတ်တာပေါ့ ဒီအပြုံးလေး ရှင့်မူပိုင်အပြုံးလေး ဝမ်းနည်းစရာတွေစဉ်းစားမနေပဲဒီလိုလေးသာပြုံးထားလိုက်ပါ ရုံးရယ်*
ထမင်းစားပွဲဝိုင်းတွင် ဒယ်ဒီနှင့်မာမီ၊လက်ရုံးနှင့်ခြယ်၊ဂျိုးအပါအဝင်ငါးယောက်ေနရာယူထားကြသည်။ဖွယ်ဖွယ်ရာရာချက်ပြုတ်ထားသည့် ဟင်းပွဲများကိုစားပွဲမှာနေရာချအပြီးတွင် စတင်သုံးဆောင်ကြသည်။
"လက်ရုံး ဒီမှာဘဲဥလေ"
မာမီကလက်ရုံကြိုက်တတ်မှန်းသိသည့်ဘဲဥဟင်းပန်းကန်ကိုရှေ့တိုးပေးပြီး ဘဲဥတစ်လုံးကိုလက်ရုံးပန်းကန်ထဲဆယ်ထည့်ပေးသည်။
"အကြိုက်ဆုံးကိုမစားပဲနေပါ့မလား"
"လက်ရုံးကဘဲဥကြိုက်တယ်"
ခြယ် မျက်လုံးအဝိုင်းသားနှင့်နူတ်ကလွှတ်ခနဲမေးခွန်းထုတ်လိုက်မိသည်။
သူ့အမေးကြောင့်စားပွဲဝိုင်းရှိလူများ၏အကြည့်ခြယ်ဆီကျရောက်လာသည်။
"အင်းလေ ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး"
"ဘဲဥကငါ့အကြိုက်ဆုံးဟင်းလေ မာမီချက်မှပြောတာနော်"
ခြယ်နည်းနည်းထူးဆန်းနေမိသည်။ဘဲဥဟင်းဆိုတာသူတို့အခြေခံလူတန်းစားမိသားစုတွင်တောင်မှ ဟင်းမကောင်းသည့်အမည်ဟုသတ်မှတ်ထားကြသည်ဖြစ်သည်။
ရွှေခေါင်းပြောင်ချက်သည့်နေ့များဆိုလျှင်ထမင်းစားမကောင်းကြ။
လက်ရုံးလို ရွှေမူန်စားပြီးေမွးလာသည့်ရွှေမင်းသားက သူစားနေကျတခြားတန်ဖိုးကြီးစားကောင်းသောက်ဖွယ်များထက် သူ့အမေချက်သည့်ဘဲဥဟင်းကိုသာအကြိုက်ဆုံးဆိုတော့ထူးခြားသည်။
ခြယ် လက်ရုံးအကြောင်းသူမသိတာတွေအများကြီးရှိသေးပြီး လက်ရုံးရဲ့အရာခပ်သိမ်းကိုသိဖို့သူအများကြီးအားထုတ်ဖို့လိုနေသေးသည်ဟုတွေးမိသည်။
"ဟုတ်တယ် လက်ရုံးကငယ်ငယ်လေးထဲကဘဲဥဟင်းနဲ့ဆိုထမင်းတအားစားတာ တခြားနေ့တွေဆိုထမင်းသိပ်မမက်တဲ့ကလေးကဘဲဥဟင်းချက်တဲ့နေဆို2ပန်းကန်3ပန်းကန်လောက်စားတာ"
"ဘဲဥဟင်းချက်ပြီဆိုအဲ့ဟင်းကကိုယ်ပဲမနက်ညဆွဲတာများတယ် အဟက်ဟက်"
"ဟုတ်ပ့ လုပ်သေးတာအဲ့ဟင်းကကျွန်တော်စားဖို့နော် ဘယ်သူမှမထိကြနဲ့ကလုပ်သေး လောဘသိပ်ကြီးတာတစ်အိုးလုံးသူကုန်မယ့်အတိုင်း
ဟိုတစ်ခါကထင်တယ် နောက်ဆုံးကျန်တဲ့ဘဲဥတစ်လုံးကိုသူစားဖို့ချန်ထားတာကိုဂျိုးစားမိလိုက်လို့ဆိုပြီး ဖန်ခွက်နဲ့ကောက်ထုတာ ဂျိုးခေါင်းပေါက်သွားသေးတယ် မှတ်မိလား"
မြတ်ကပါစကားဝိုင်းကိုဝင်ထောက်ခံသည်။ဖခင်ဖြစ်သူစကားကြောင့် လက်ရုံးအရှက်ရစရာကိုပြန်တွေးမိပြီး အားတုံ့အားနာနှင့်ဂျိုးမျက်နှာကိုလှမ်းကြည့်ပြီးသွားဖြဲပြလိုက်မိသည်။
ဟိုကလဲမချိပြုံးပြန်ပြုံးပြသည်။
ဘဲဥတစ်လုံးအတွက်နဲ့လဲ လက်ရုံးသူများ
ကိုေခါင်းရိုက်ခွဲဖို့ကြိုးစားဖူးသည်။
ဘဲဥလေးတစ်လုံးစားမိရုံနဲ့ ခေါင်းပေါက်အောင်ပိတ်ထုခဲ့သည်တဲ့လူကြားလို့မှမကောင်း။
သူကသိပ်ကိုတစ်ကိုယ်ကောင်းဆန်ခဲ့သည်။သူများစားရလား မစားရလားသူမကြည့်တတ်ခဲ့။သူကတစ်ကယ့်ကိုဘာတစ်ခုမှမကောင်းသည့် တစ်ကိုယ်ကောင်းသမား။
လက်ရုံး သူအတိတ်ကကေလးဆန်ဆန်အမြဲတစ်ကိုယ်ကောင်းဆန်ခဲ့သည်များကိုတွေးပြီးပြန်ရှက်မိနေသည်။
"ဟီး ဟုတ်တယ်နော် ကျွန်တော်တအားဆိုးခဲ့တာ အဲ့တုန်းက ဟိုကောင်ဂျိုး သနားပါတယ်အဲ့တုန်းကသူ့ဟာသူထမင်းလေးစားနေတာ ကျွန်တော်လဲသူစားေနတဲ့ဘေးနားသွားပြီး ဖန်ခွက်နဲ့ခေါင်းကိုအားနဲ့ရိုက်ချလိုက်တာ သူနာသွားတော့ပြူးကြည့်တယ် ဒါတောင်သူအစကမသိသေးဘူးဆက်စားေနတာသူ့ခေါင်းသူပြန်ကိုင်ကြည့်မှသွေးတွေစီးထွက်လာမှသူလန့်ဖျန့့်သွားတာ မှတ်မိသေးတယ် အဲ့တုန်းကအတော်အဆူခံလိုက်ရတာ ဟားဟား"
ထိုအကြောင်းတွေကိုပြန်ကြားရတော့ဂျိုးလဲတူတူပြုံးရယ်နေလေသည်။
ထမင်းစားပွဲဝိုင်းတွင်း အတိတ်ကအမှတ်ရစရာအဖြစ်ပျက်လေးတွေ နောက်ကြောင်းလှန်ရင်းရယ်ကြမောကြသည်။
တစ်ချို့နေရာလေးတွေမှာ လက်ရုံးသဘောကျပြီးပြုံးလိုက်သည့်အခိုက်အတန့်မျိုးဆိုခြယ်ပါလိုက်ပြုံးမိသည်။သူတို့ပြောနေတဲ့အကြောင်းအရာတွေကိုသူဘာမှန်းမသိပေမယ့်လဲပေါ့။ထမင်းစားနေသည့်တစ်ချိန်လုံးလက်ရုံးမျက်နှာကိုသာအရိပ်တကြည့်ကြည့် ကြည့်နေပြီးစာအုပ်တစ်အုပ်လိုဖတ်နေမိသည်။
အချစ်ဆိုတာဒါတဲ့လား။
ကိုယ့်အပေါ်သူဘယ်လောက်မကောင်းပစေ ချစ်ရသူမျက်နှာလေးတစ်ချက်ညိုးကျသွားကိုတောင်စိုးထိတ်နေမိတာမျိုးလား။
တစ်လျှောက်လုံးသူ့တစ်မျက်နှာကိုသာလှမ်းကြည့်နေသည့်ခြယ့်ကိုလက်ရုံးသတိထားမိသည်။
ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်သလဲ။
ကိုယ့်တစ်မျက်နှာကိုပဲ ဒီအမျိုးသမီးဆီကငေးကြည့်ခြင်းခံနေရတာ။
လက်ရုံး သူ့ထံစိုက်ကြည့်နေသည့်ခြယ့်ထံချစ်မဝသည့်အကြည့်မျိုးနှင့်အချစ်အခိုးအငွေ့များနှင့်ပြည့်နှက်နေသည့်အကြည့်များဖြင့် ခြယ့်အကြည့်တို့ကိုပြန်လည်တုံ့ပြန်လိုက်သည်။
*ရှေ့လျှောက်ဒီကောင့်ကိုပဲကြည့်သွားပေးပါ ငါ့တယောက်ထဲကိုပဲကြည့်သွားပေးပါ ကိုယ့်မြခြယ်*
"ဂျိုးကရောလက်ရုံးနဲ့နေမာလား ငါတို့ဆီပြန်လာနေမာလား"
"ကျွန်တော်ကလား..."
ဂျိုး အရှေ့ကအစိမ်းကြော်ပန်းကန်ကိုလက်လှမ်းနေရင်းမှ မြတ်၏အမေးကြောင့်လက်ပြန်ရုပ်သွားသည်။
လက်ရုံးမျက်နှာကိုသာအရင်ဆုံးလှမ်းကြည့်မိသည်။လက်ရုံးကသူ့ကိုအောက်နူတ်ခမ်းလေးထော်ပြပြီး မျက်လုံးများဝင့်ပြသည်။
ဂျိုးဘာလုပ်ရမှန်းမသိတော့။
သူဒီမှာပြန်လာနေရင်လဲလူကြီးတွေနှင့် သူထွက်ချင်တဲ့အချိန်ထွက် ပြန်ချင်တဲ့အချိန်ပြန်လုပ်မရတာသူသိသည်။
လက်ရုံးနှင့်ကျပြန်တော့လဲ နေရတာလွတ်လပ်ပေမယ့်လဲ ပိုးစိုးပက်စက်တော့ခိုင်းသည်။
ကြားထဲမထင်ရင်မထင်သလို အငေါက်ခံ၊အပစ်ပေါက်ခံရတာမျိုးရှိပေမယ့် ထိုကောင်နှင့်နေရတာအလုပ်ရှင်ဆိုသော်ငြားလဲ အချိန်ပြည့်အရိပ်ခြည်ကြည့်နေရတာမဟုတ်၍သူပျော်သည်။
"ကျွန်တော် ကျွန်..
"လက်ရုံးနဲ့ပဲနေပါ မင်းကသူ့သက်တော်စောင့်ပဲဟာကိုကိုယ့်အလုပ်ကိုယ်လုပ်ရမာပေါ့ သူနဲ့ပဲလိုက်နေ စောင့်ရှောက်ပေးလိုက်သူ့ကို"
မြတ် သူကိုယ်တိုင်ပဲရွေးချယ်စရာပေးပြီးသူကိုယ်တိုင်ပဲပြန်ရွေးပေးသွားသည်။
ဘယ်လိုပဲဖြစ်ဖြစ်မဟုတ်ရင်လဲ ဂျိုးကလက်ရုံးအနားမှာနေဖို့ကိုပဲရွေးမှာဖြစ်သည်။
ဘယ်သောအခါမှာဖြစ်စေ လက်ရုံးအနားမှာသူကာကွယ်စောင့်ရှောက်ပေးရင်း သူ့ကိုကျွေးမွေးခဲ့သည့်ဆရာမြတ်ကိုကျေးဇူးတုံ့ပြန်ချင်တာဂျိုးပါ။ဂျိုးကခွေးနှစ်ဖွား။သစ္စာစောင့်သိတာနဲ့ကျေးဇူးသိတတ်တာမှာနှစ်ယောက်မရှိသူဖြစ်သည်။လက်ရုံးသေဆိုသေရှင်ဆိုရှင် သူနှင့်အရင်တွေ့ခဲ့သည့်မိန်းကလေးကိုတောင် ကျေးဇူးရှင်ဖြစ်နေ၍လက်ရုံးကိုအလျှော့ပေးခဲ့တဲ့အထိသူကျေးဇူးသိတတ်သည်။
ဂျိုးဟာမျက်စိမှိတ်ယုံလို့ရအောင်ထိသစ္စာရှိတဲ့လူစားမျိုး။
လက်ရုံးကိုသူဘယ်တော့မှဒုက္ခရောက်အောင်မလုပ်ဖူးဆိုတာလက်ရုံးကိုယ်တိုင်လဲသိသည်။
ဂျိုးကိုအကိုတယောက်လိုရော လူယုံတယောက်လိုပါအကြွင်းမဲ့ယုံကြည်သည်။
.
.
လက်ရုံး မရောက်ဖြစ်တာကြာလှပြီဖြစ်သောဒီနေရာကိုလှည့်ပတ်ကြည့်မိသည်။
အစိမ်းသက်သက်မခံစားမိ။ဒီနေရာလေးဟာ သူနဲ့မြခြယ် အတူတူနေခဲ့ကြသည့် မနွေးထွေးရာရိပ်မြုံလေးမဟုတ်ဘူးလား။
သူမြခြယ်ကို ပထမဆုံးအကြိမ်ဒီကိုအတင်းကြပ်ခေါ်လာခဲ့တဲ့နေ့က ခြယ်ငိုနေတာကိုသူမှတ်မိသည်။ထိုနေ့ကခြယ် အကြွေးနဲ့မယားအဖြစ်သူ့ဆီမှာအပိုင်သိမ်းခံလာရသည်ကြောင့်ရိူက်ကြီးတငင်ငိုကြွေးသည်ကိုလက်ရုံးမှတ်မိသည်။မုန်းတယ် မုန်းတယ်လို့နူတ်ကတဖွဖွပြောရင်း ညလုံးပေါက်ခြယ်ငိုခဲ့သည်။
သူ့ကိုအတင်းကြပ်များတစ်ခုခုလုပ်မလားလို့ကြောက်လန့်ရင်း တစ်ညလုံးမအိပ်ပဲ ကြမ်းပြင်မှာဟိုဘက်လှည့်ဒီဘက်လှည့်နဲ့ မိုးလင်းပိုင်းမှအိပ်ပျော်သွားသည်ကိုလဲလက်ရုံးမှတ်မိနေသေးသည်။
"မြခြယ်"
"ပြောလေ"
"မင်းငါအထဲမှာရောက်နေတဲ့တလျှောက်လုံးဒီကိုတခေါက်မှမရောက်ဖြစ်ဘူးပေါ့"
"ဟုတ်တယ် လက်နက်တွေရှာတွေ့ပြီးဒီနေရာကိုအဝါရောင်ကြိုးတွေနဲ့ကာပြီးမဝင်ရဆိုလို့ အဖေ့နဲ့ပြန်နေခဲ့ရတာ"
လက်ရုံး ခေါင်းတဆတ်ဆတ်ငြိမ့်ပြီးနားထောင်သည်။
သူအပြင်လောကကိုအမှီလိုက်ဖို့ တအားအလှမ်းဝေးလွန်းနေသည်ဟုခံစားနေရသည်။
မထိတွေ့ရတာကြာလင့်နေပြီဖြစ်သော လူမူအသိုင်းဝန်းနှင့်ပြန်လည်ထိတွေ့ဆက်ဆံရမာကိုလဲသူအနည်းငယ်စိုးရိမ်နေမိသည်။
လူ့အသိုင်းဝိုင်းကသူ့ကိုနိုင်ငံတော်သစ္စာဖောက်ဆိုပြီးဝိုင်းဖယ်ကျဉ်ထားခဲ့ကြပြီး အခုသူ့မှာအပြစ်မရှိကြောင်းသက်သေထူပြီးနေပြီဖြစ်သည် သို့သော် ထောင်ထွက်ကောင်ဆိုပြီးတဖန်ဖယ်ကျဉ်ခံထားရမှာကိုကြောက်နေမိသည်။အကျဉ်းကျပြီးပြန်ထွက်လာသူတိုင်းခံစားရသည့်သိမ်ငယ်မူတစ်ရပ်ကိုလက်ရုံးလဲခံစားနေရသည်။
"လွမ်းလိုက်ရတာ"
ဧည့်ခန်းရှိဆိုဖာပေါ်သို့ပစ်ထိုင်လိုက်ပြီး ကူရှင်လေးကိုအတင်းကြပ်ဖက်ထားပြီးဆိုလာသော
ခြယ့်စကားကြောင့်လက်ရုံးအတွေးစတို့ခတ္တရပ်တန့်သွားသည်။
ကူရှင်ငယ်လေးကိုရင်ခွင်ထဲအတင်းဆွဲဖက်ထားသောခြယ့်ကိုလက်ရံုးမျက်လုံးအဝိုင်းသားနဲ့ကြည့်ပြီး အဝတ်အိတ်ကိုတဖက်ဆိုဖာပေါ်လှမ်းပစ်တင်ပြီးခြယ့်နံဘေးမှာဝင်ထိုင်လိုက်သည်။
"ငါကမင်းနဲ့ခုနကေရာအခုေရာအတူရှိနေတာလေ အလွမ်းမပြေသေးတာလား မဟုတ်ရင်ဘယ်သူ့ကိုလွမ်းတာလဲ လွမ်းလိုက်ရတာဆိုတော့အဲ့ကူရှင်ကိုလွမ်းတာလား"
"ဟာ ရှင်ကလဲ ကျွန်မကကျွန်မတို့အိမ်လေးကိုလွမ်းနေရတာလေ အရမ်းလွမ်းနေခဲ့တာဒီနေရာလေးကို"
ကျွန်မတို့အိမ်လေးဆိုသည့်စကားတွင်လက်ရုံးကျရူံးသွားပြီး ဟက်ဟက်ပက်ပက်ပြုံးမိသွားသည်။
"ကိုယ့်ကိုရောမလွမ်းဘူးလား"
"လွမ်းတာပေါ့ လက်ရုံးကိုအလွမ်းဆုံး ထောင်ထဲရောက်နေတဲ့တစ်ချိန်လုံး လက်ရုံးဆဲသံဆိုသံလေးတွေ မကောင်းပြောတာလေးတွေကိုအရမ်းလွမ်းနေခဲ့တာ ကျွန်မလင်လူမကောင်းကောင်ကိုမလွမ်းတဲ့နေ့ကိုမရှိတာ"
"မြခြယ် ကိုယ်ကလူကောင်းမဟုတ်ဘူးနော် လူမကောင်းတောင်မှတော်တော့်ကိုမကောင်းတာ
ဒါမဲ့မင်းအတွက်ကိုယ်လူကောင်းဖြစ်ဖို့ကြိုးစားကြည့်ချင်တယ်"
"ခုနကလက်ရုံးမာမီပြောသလိုပဲ လူတော်လေးမဖြစ်ရင်နေပါ လူကောင်းေလးဖြစ်ရင်ကျေနပ်ပါပြီကျွန်မလဲ ဒါပေမဲ့လေလက်ရုံးကအစထဲကတော်ပြီးသားမလို့ လူကောင်းလေးဖြစ်ဖို့လေးလိုနေရုံပါ ကျွန်မေယာကျာ်းကလေလူကောင်းလေးဖြစ်ပေးနိုင်မလားကျွန်မကိုချစ်ရင်??
"မြခြယ်ဖြစ်စေချင်ရင်ဖြစ်စေရမယ် ယောကျာ်းကတိပါ"
လက်ရုံး သူ့လက်သန်းလေးကိုခြယ်အရှေ့ကိုထိုးပေးသည်။
လက်သန်းချင်းချိတ်ပြီး အချုပ်အနှောင်မှလွတ်သည့်ပထမဆုံးနေ့မှာ လက်ရုံးကတိတခုပြုလိုက်သည်။
လူကောင်းလေးဖြစ်မလာခဲ့ရင်တောင် သူလူမကောင်းကောင်အဖြစ်ဆက်မနေချင်မိတော့။
.
.
ရေပန်းမှ တစိမ့်စိမ့်စီးကျလာသည့်ရေစက်ရေပေါက်များအောက်မှာမျက်စိစုံမှိတ်ရင်း စိတ်ပင်ပန်းမူအလုံးစုံတို့ကိုပါဆေးကြောပစ်နေမိသည်။
စိတ်ရောခန္ဓာကိုယ်ပါဆေးကြောသန့်စင်ပြီးသူအရာရာကိုအသစ်ကပြန်စချင်နေသည်။
ဖြစ်နိုင်ရင်သူအတိတ်မေ့သွားပြီးအရာရာကိုမေ့ပျောက်သွားပါစေလို့တောင်လက်ရုံးဆုတောင်းနေမိသည်။
မျက်လုံးမှိတ်လိုက်တိုင်းပေါ်လာသည့်စိုင်းပုံရိပ်တွေ အိပ်ချိန်ဆိုလဲကောင်းကောင်းအနားမယူရပဲ အိမ်မက်ထဲမှာသူ့ဆီအမြဲလာရောက်ခြောက်လှန့်နေသည့်စိုင်းပုံရိပ်အတုယောင်တို့ကိုသူမမြင်မတွေ့ချင်။စိုင်းဟာဝိညာဉ်ဘဝနဲ့များသူ့ကိုစိတ်ဒုက္ခေရာက်ေအာင်စိတ်အစဉ်ကို
ဝင်ေရာက်ခြောက်လှန့်နေတာလား။
စိုင်းသေရတာသူ့ကြောင့်ဆိုသည့်ပယောဂကကြောင့်ပဲလက်ရုံးလိပ်ပြာမလုံဖြစ်ကာ ကိုယ့်စိတ်ကကိုယ့်ကိုပြန်သတ်နေခြင်းလားမသိ။
လူတယောက်လုံးသူ့ကြောင့်သေသွားခဲ့ရသည့်အဖြစ်ကိုဘယ်သူကသွေးအေးအေးနဲ့မေ့ပစ်နိုင်မည်လဲ။
"စိုင်းကသေသွားပြီ သူ့အမုန်းတရားကြောင့်သူသေတာငါနဲ့ဘာမှမဆိုင်ဘူး မဆိုင်ဘူး စိတ်ထဲကထုတ်ပစ် စိုင်းရယ် သားကြီးရာ ကောင်းရာမွန်ရာသွားပါတော့ကွာ အားးး"
လက်ရုံးရေရွှဲနေသည့်မိမိခေါင်းကိုထိုးဖွရင်းအော်ချမိသည်။ရေသံတွေဆူညံနေတာကြောင့်သူ့အသံကိုလွှမ်းေနသည်။
လက်ရုံး စိတ်ထဲရှိအစိုင်အခဲများကိုစိတ်ရှိလက်ရှိဟစ်အော်ထုတ်နေမိသည်။
"သေသွားရင်ပြီးသွားရမာမဟုတ်လား ဘာလို့အခုထိငါ့စိတ်ထဲကိုလာခြောက်လှန့်နေရတာလဲ ထွက်သွား ထွက်သွား"
"သူသေတာငါနဲ့ဘာမှမဆိုင်ဘူး ဘာမှမဆိုင်တာ ငါသတ်တာမှမဟုတ်တာ"
*မဟုတ်ဘူး ငါကြောင့်ပေါ့ ငါ့ကြောင့်ဂျိုးနဲ့စိုင်းအာကာကြားကရန်စတွေစခဲ့တာ ငါသာအဲ့နေ့ကသတ္တိရှိရှိကိုယ့်အပြစ်ကိုယ်ဝန်ခံလိုက်ရင် ဒီလိုတွေဖြစ်လာချင်မှဖြစ်လာမာ သတ္တိမရှိတဲ့ကောင်ငါက ငကြောက်*
"ထွက်သွားပါတော့ ကျေးဇူးပြုပြီးးးးး"
ရေချိုးခန်းရေကျသံများကြားမှ လက်ရုံး၏ဒေါသသံရောထိတ်လန့်မူပါရောထွေးနေသည့်ဟစ်အော်နေသံများကိုခြယ်လှမ်းကြားသည်။ရေကျသံကြောင့်ဘာတွေပြောနေလဲဆိုတာသေချာသဲသဲကွဲကွဲမကြားရပေမယ့် လက်ရုံးတစ်စုံတစ်ခုကိုကြောက်လန့်၍အော်နေသည်ဆိုတာတော့ခြယ်ခံစားမိသည်။
ချက်ချင်းေရချိုးခန်းဆီအပြေးသွားပြီးရေချိုးခန်းတံခါးကိုခြယ်အဆက်မပြတ်ခေါက်လိုက်သည်။
"ဒေါက် ဒေါက် ဒေါက်"
"လက်ရုံးတံခါးဖွင့်ပါအုန်း လက်ရုံး လက်ရုံး ဘာဖြစ်လို့လဲ တံခါးလေးဖွင့်ပါ ကျွန်မရှိတယ်လေ လက်ရုံး အပြင်ထွက်လာခဲ့ပါ"
သူ့နာမည်ကိုအော်ခေါ်ရင်းအဆက်မပြတ်တံခါးခေါက်သံနှင့်အတူထွက်ပေါ်လာသည့် ခြယ့်အသံလေးကိုကြားလိုက်ရသည်မှာ လက်ရုံးအတွက်ချောက်ထဲသို့ထိုးကျတော့မည့်အချိန် လက်တစ်စုံကဖမ်းဆွဲလိုက်သလိုပင်။
အမှောင်ထုထဲမှာလမ်းစပျောက်ဆုံးနေသည့်သူ့ကို မီးထိုးပြပေးလိုက်သလိုအဖိုးတန်လွန်းလှသည်။
ဒီအသံလေးကသူ့အတွက်အားအင်အလုံအလောက်ဖန်တီးပေးလိုက်သလို။အသံလေးကြားလိုက်ရရုံနဲ့တင် အေးချမ်းသွားသည်။
စိတ်ထဲကအမှောင်ထုများသည်ပင် ဒီအသံလေးကြားလိုက်ရရုံနှင့်တင် လွင့်စင်ပြက်ပြယ်သွားသည်။
လက်ရုံး ရေချိုးခန်းတံခါးကိုဖွင့်လိုက်ပြီး ရေစက်လက်အေပါ်ပိုင်းဗလာနှင့်ပင်ရေချိုးခန်းအပြင်ဘက်ကိုလှမ်းလိုက်သည်။
ရေချိုးခန်းထဲမှထိတ်လန့်ေနေသာမျက်လံုးတို့
နှင့်ညိုးနွမ်းေနေသာမျက်နှာထား
နှင့်ထွက်လာသည့်လက်ရံုးကိုမြင်လိုက်သည်နှင့်ခြယ် လက်ရုံးပါးလေးနှစ်ဖက်ကိုလက်နှင့်အုပ်ကိုင်ပြီး အထိတ်တလန့်ဖြစ်နေသောမျက်လုံးအစုံနှင့်
"ရုံး ဘာဖြစ်လို့လဲ ကျွန်မကိုပြောလေ ဘာလို့အော်နေတာလဲ ရုံး ဘာဖြစ်လို့လဲ ကျွန်မရှိတယ်လေ ဘာမှမဖြစ်ဘူးမလား"
လက်ရုံး ခြယ့်ကိုမြင်လိုက်သည်နှင့်ဘာမှပြန်မဖြေနိုင်တော့ပဲ ခြယ့်ကိုအတင်းဆွဲဖက်ထားမိလိုက်သည်။
ရေတွေစိုရွှဲနေသည့်လက်ရုံးခန္ဓာကိုယ်ကြီးဆီမှာရုတ်တရပ်အတင်းကြပ်ဖက်ထားခံလိုက်ရ၍ခြယ်လန့်သွားသည်။
နောက်တော့လဲ လက်ရုံးကျောပြင်ကိုလက်နှင့်အသာပုတ်ပေးရင်း လက်ရုံးကိုစိတ်လုံခြုံမူပေးသည်။
"ဘာမှမဖြစ်ဘူးနော် ကျွန်မရှိတယ် အဆင်ပြေသွားမှာပါ ကျွန်မဒီမှာရှိနေတယ်နော် စိတ်မပူနဲ့ မကြောက်နဲ့နော်"
လက်ရုံးဘာကိုစိုးရိမ်ကြောင့်ကြနေသည်မှန်းသူမသိသော်ငြားလဲ သူတတ်စွမ်းသလောက်လက်ရုံးစိတ်အဆင်ပြေအောင်ဖန်တီးပေးရှာသည်။
ကျောပြင်အားလက်နှင့်အသာယာသပ်ချပေးရင်းထိတ်လန့်နေသည့်ကလေးငယ်ကိုအကာကွယ်ပေးနေသလိုမျိုးလက်ရုံးစိတ်ကိုသက်သာရာရစေသည်။
ကျွန်မဒီမှာရှိသည်ဟုသည့်စကားလေးနှင့်တင်အလုံလောက်အကာကွယ်ရသွားသလိုမျိုးလက်ရုံးခံစားရသည်။
သူရှိနေရင်လုံခြုံသွားပြီဟုတွေးထင်မိသည်။ဒီအချိန်မှာမြခြယ်ဟာသူ့အတွက် ခြောက်သွေ့ပူပြင်းလွန်းသည့်ကန္တာရထဲကေအးမြသည့်အိုအေစစ်လေးလို။
လက်ရုံးခြယ့်ကိုယ်လုံးလေးကိုဒီထက်ပိုတင်းကြပ်အောင်ဆွဲဖက်ထားလိုက်ရင်း
"ဒီတိုင်းလေးခဏနေပေးပါလားမြခြယ်"
"အဆင်ပြေတယ်နော် ရုံး ကျွန်မဖက်ထားပေးမယ်နော်"
သူရှိနေရုံနှင့်တင်အရာအားလုံးကိုလက်ရုံးကျော်ဖြတ်နိုင်သည့်ခွန်အားမျိုးကိုအပြည့်ဝခံစားနေရသည်။
မြခြယ်ကိုရင်ခွက်ထဲဆွဲပွေ့ထားရသည့်အခိုက်အတန့့်လေးကိုရပ်တန့်ထားပစ်ချင်မိသည်။
*ငါနဲ့နေပေးပါ ကိုယ့်မြခြယ် ကိုယ်နဲ့တသက်လုံးတူတူနေပေးပါ မင်းကကိုယ့်ဘဝရဲ့နတ်သမီးလေးပါ ကယ်တင်ပေးပါ မြခြယ် *
ParadiseKhin
Zawgyi
လက်ရုံး အထဲမှာရှိနေခဲ့သည့်ခြောက်လဆိုသည့်ကာလအတွင်း အပြင်ဘက်မှာ အတော်လေးပြောင်းလဲသွားသည်။
သူမြင်တွေ့နေကျဆောက်လက်စအဆောက်အအုံများသည်လဲခုဆို ဆောက်လုပ်ပြီးစီးလျက်ရှိပြီ။
"အင်းပါ"
အရင်ကဆို လက်ရုံးအပြုံးတွေကထင်းနေအောင်တောက်ပနေတတ်တာ အခုအပြုံးတွေကတခုခုလိုနေသလိုပင်။ရဲစခန်းထဲမှထွက်လာလာချင်းထဲက သူ့ကိုလာကြိုဆိုကြသည့်လူရင်းတွေကို သွားဖြဲပြီးတချိန်လုံးပြုံးရယ်ပြနေသော်လဲအပြုံးတွေကတခုခုချို့ယွင်းနေသည်ကိုခြယ်တန်းသိသည်။
*လက်ရုံးသုခရယ် ရှင်ဟာ့ရှင်ဘယ်လောက်ကလိမ်ကကျစ်ဖြစ်နေနေ ကျွန်မကိုကျော်လို့မရသေးဘူး ကျွန်မကိုလိမ်လို့မရပါဘူးရှင်*
.
.
"ဟုတ်မာမီ"
သူ၏ရင်နှစ်သည်းခြာသားနှင့်မယားပြုံးပျော်နေသည်ကိုကြည့်ပြီးမြတ်လဲလိုက်လိုက်လဲလဲပြုံးမိသည်။
တောင်ကျခံသွားရနိုင်သည့်ဗရုတ်သုတ်ခအခြေအနေကြီးမှာဆွေးတမြေ့မြေ့ရင်အစုံတို့ပူလောင်ခဲ့ရသည်။
Advertisement
- In Serial254 Chapters
Worth the Candle
A teenager struggling after the death of his best friend finds himself in a fantasy world - one which seems to be an amalgamation of every Dungeons and Dragons campaign they ever played together. Now he's stuck trying to find the answers to why he's there and what this world is trying to say. The most terrifying answer might be that this world is an expression of the person he was back on Earth. This work is complete. You can buy the first ebook or audiobook here.
8 330 - In Serial6 Chapters
Bhrylhedr Online : Feats Of The Worlds Greatest Simp
Disclaimer that cover photo is from the anime. dungeon ni deai wo motomeru? season 2 episode 10 Argonaut. Frame 11:06 with a few edits here and there. ~For my Goddess I will jump a 200 story skyscraper without a parachute ~For my Goddess I will climb the highest places, known to man and reach its peak ~For my Goddess I will swim thousands of miles of salt water to reach where she stands. ~For my Goddess I will move heaven and earth, destroy cities, collapse societies ~For my Goddess I will massacre millions, pile their corpses and create works of arts. ~For my Goddess I will do everything for her with Heaven Piercing Focus, Commitment of a Thousand lifetimes, and Bottomless SHEER FUCKIN WILL! ~For I am the Worlds Greatest Simp... I will not allow anyone else to carry such a title... Because unlike other simps who do nothing but root and support the person of their admiration, I will do everything for my goddess... But I will only watch in the sidelines and gaze upon her glory, admire the feats she accomplishes as my own. Look at her glistening waving hair as she gazes upon the sunset. I do not call myself her shadow... because that'd be cringe... For I am the Worlds Greatest Simp... And this is my story. Also this is a First person POV type of novel so expect a lot internal monologue. I may be an amateur at such a writing style but how hard can it be?
8 226 - In Serial69 Chapters
Forbidden Flower
Nicholas Salvatore the heir to the Salvatore's throne. Born with a diamond spoon in his mouth, he basically had everything in the palm of his hand. A player with the body of a Greek God and face liked a model, the new Don changed women like they were his toys. His hands scarred from murders, dangers lingered wherever he went, his aura had everyone feared his presence.What happened when he met his match? The first woman he wanted but couldn't have.Anastasia Rayne was born to be a killing machine of her father. Trained to seduce and murder since before she even knew what lipstick was, she was a mafia princess after all. The goddess with a figure of an hour glass and eyes that bewitched every guys under her spell. She came to England for a mission under her father command with a perfect plan under her sleeves. A plan that crumbled the moment she met a pair of grey eyes. • book two of the Salvatore's series(can read as a stand-alone)• all images in the book don't belong to me, credit to the rightful owners• cover by @myyyraaa_
8 164 - In Serial26 Chapters
Pioneer from the Galactic Rim
Year 202x, Earth discovered that they were not alone in the Universe. The governments were made known that Earth, was actually located in the backwaters of the Galaxy and even further from the center of the Universe. Located far away from where many of the other lifeforms were born and interacted. In fact they were so far away that the types of energy Earth is able to utilize, is really limited compared to those from the center of the Universe. It was a wonder, that the people of Earth could even develop to what they are even now. The following year, Earth has decided to join the galactic alliance. A decade later, the regular people of Earth could finally start entering the Universe. Albeit in a different form, from what many may expect. By me, Lostcattears I hope to write something that many will enjoy, and make it worth their time reading.If possible support me on Patreon, only if you think the story is worth it. I am a new amateur author, so go into this as if one is reading a rough draft.
8 367 - In Serial36 Chapters
A Completely Different Story
Maggie is known as the girl who ruined her future by getting pregnant. People at school don't know who the father is or when it happened, but they opted for their own rumors. This comes to no surprise for Luke; he's been to six schools and there's a girl who's knocked up in each one. What does come to surprise for Luke is though at first he assumed Maggie was just the knocked up girl at his seventh school, she would have him intrigued.
8 208 - In Serial65 Chapters
Distraction
Daisy had always been in love with Steve Rogers, he was shy and scrawny but a total sweetheart. They had the perfect friendship And she was worried admitting her feelings for him would change everything, but as the Steve turns from his smaller self into full blown super soldier, the new serum coasting through his veins. Time is running out, Steve's life is drastically changing, too busy for you, too important for you. Will you have the courage to confess your love, or will you let your feelings sink without ever admitting them to the one and only 'Captain America'
8 177

