《Devil Husband》28
Advertisement
ရဲစခန်းအပြင်ဘက်ခြေချလိုက်သည်နှင့် လတ်ဆတ်သောလေနုအေးနှင့်အတူ လွတ်လပ်ခြင်းအငွေ့အသက်ကိုလက်ရုံးအပြည့်ဝခံစားလိုက်ရသည်။
နောက်သို့တစ်ချက်ပြန်လှည့်မကြည့်မိ သူလုံးဝပြန်လှည့်မကြည့်ချင်။ဒီနေရာမှာနေခဲ့ရတဲ့ ခြောက်လတာကာလဟာသူ့ဘဝမှာအခက်ခဲအမှောင်မိုင်ဆုံးအချိန်တွေဖြစ်ခဲ့သည်။
ဦးမင်းသန့်၏ထွက်ဆိုချက်များအရ စွဲတင်ထားတဲ့ပြစ်ချက်တွေပုဒ်မတွေအကုန်သူနှင့်မသက်ဆိုင်သည်ကိုသက်သေပြပြီးပြီဖြစ်၍ သူဟာအကြမ်းဖက်သမား၊ပုန်ကန်ကောင်ဆိုသည့်နာမည်ဆိုးကလွတ်မြောက်လေပြီ။
အထဲမှာရှိနေသည့်ကာလတွေအတွင်း သူလေ့လာသင့်တာတချို့တရပ်ကိုသူသင်ယူခဲ့ပြီး လက်ရုံးတစ်စိတ်တစ်ပိုင်းပြောင်းလဲလာခဲ့သည်။
ရဲစခန်းအပြင်ဘက်မှာသူတို့ကိုအသင့်စောင့်ကြိုနေသည့် ဒယ်ဒီနှင့်မာမီအပြင် လူရင်းတချို့နှင့် ခပ်ခွာခွာမှာေခါင်းေလးငံု့လျက်ရပ်နေသည့် သူ့အမျိုးသမီးလေးကိုလဲလက်ရုံးတန်းသတိထားမိသည်။
ပြောနေစရာမလို လက်ရုံးသူ့မာမီရပ်နေသည့်ကားဆီအရင် ပြုံးပျော်ရွှင်စွာလျှောက်လှမ်းသွားသည်။
မာမီကရေစွတ်ထားသည့် သပြေခက်များနှင့်
လက်ရံုးဧ။်ခေါင်းကိုပက်ဖျန်းသည်။
"အိမ်ရောက်မှ သရော်ကင်ပွန်းနဲ့ခေါင်းလျှော်နှစ်ယောက်လုံး သားရုံး"
"ဗျာ"
"လိမ်လိမ်မာမာနေတော့နော် သားရုံးကိုငါကလူတော်တယောက်မဖြစ်ရင်ေနပါ လူကောင်းလေးသာဖြစ်ပေးပါ မာမီကျေနပ်ပြီ"
ထို့နောက် ဂျိုးဘက်သို့လှည့်၍သပြေခက်နှင့်ခေါင်းကိုပက်ဖျန်း၍
"အထဲမှာအတော်ဒုက္ခများခဲ့မှာပဲ ဂျိုး သားကလက်ရုံးလိုလူဆိုးကောင်မဟုတ်လို့ ဘာမှပြောနေစရာမလိုဘူး မင်းလိုလူမျိုးအနားမှာရှိနေလို့လက်ရုံးသိပ်ကိုကံကောင်းတာ ကျေးဇူးပါ သားဂျိုး ညီလေးကိုဘယ်အခြေနေမှာဖြစ်ဖြစ်ပစ်မသွားခဲ့ဘူးမင်းက"
ပြောရင်းနှင့်ဂျိုးခေါင်းကိုဖွဖွလေးပွတ်သပ်ပေးသည်။မိခင်မေတ္တာကိုသေချာခံစားခဲ့ရသူမဟုတ်သည့်အတွက် ဂျိုးဒီလိုအချစ်ခံနေရသည်ကိုပြောမပြတတ်အောင်ကြည်နူးနေမိသည်။
သားဂျိုးဆိုသည့်အခေါ်အဝေါ်ေကြာင့်နှလုံးသားတစ်ခုလုံးနွေးထွေးသွားသလိုပင်။
ထောင်ထဲမှာလက်ရုံးပြဿနာရှာ၍ဖြစ်ခဲ့သည့်ရန်ပွဲနှင့် ဆက်၍ကျေးဇူးတင်စကားပြောပေးနေခြင်းဖြစ်သည်။
လူတွေမသိသည့် ဂျိုး လက်ရုံးအစားခေါင်းခံပေးခဲ့သည့်ပြဿနာများကမရေမတွက်နိုင်။
ဂျိုး လက်ရုံးအပေါ်ကျမည့်ရန်တွေကိုအမြဲသူဆီးခံပေးခဲ့သည်။ဒါေတွဟာသူတို့နှစ်ေယာက်ကြားကလိျှု့ဝှက်ချက်။
ဂျိုးကလက်ရုံးအတွက်အရှေ့ကနေအမြဲမားမားမတ်မတ်ရှိနေပေးသည့်တံတိုင်းကြီးနဲ့တူသည်။တံတိုင်းကြီးသဖွယ် လက်ရုံးကျောက်တုံးနှင့်ပစ်ပစ် သံတုတ်နှင့်ချချ ဘယ်တော့မှမတုံ့ပြန်တတ်သည့် ခန္တီတရားနှင့်ပြည့်စုံလွန်းသည့်မဟာတံတိုင်းကြီး။
"မာမီနော်"
လက်ရုံးပြောပြောဆိုဆိုနှင့် သူ့မာမီကိုယ်လုံးအားခါးကကိုင်၍ ဆွဲမပြီးဖက်ထားလိုက်သည်။
"လက်ရုံး ငါခါးကျိုးမယ် ချပေးစမ်းအခု"
"မာမီကဘာကိုခါးကျိုးရမာလဲ ချီရတဲ့လူကခါးမကျိုးရဘူး"
"ခါးနာတယ် ချပေးလို့"
"ငရုံး ချပေးလိုက်ကွာ ငါ့ကလေးခါးနာသွားမယ် ဟျောင့်"
လက်ရုံး အန်ချင်သလိုလိုတဝေါ့ဝေါ့အသံတွေထွက်ပြပြီး ပုခုံးနှစ်ဖက်လူပ်ခါအောင်ရယ်လျက် ပင်သူ့မာမီအားအောက်ပြန်ချပေးလိုက်သည်။
"မြတ်သုခ ခင်ဗျားကြီးအတော်အကဲပိုပါလား ကျုပ်ဟာကျုပ် ကျုပ်မာမီ့ကိုလွမ်းလို့အလွမ်းသယ်တာဘာဖြစ်လဲ"
"အဲ့တာနင့်အဖေဟဲ့ ဘာကိုမြတ်သုခလဲ ငါထိပ်ခေါက်ပစ်လိုက်မယ်"
"စတာလေဗျာမာမီကလဲ ဟဲဟဲ"
လက်ရုံး မိဘနှစ်ပါးကိုအရင်နူတ်ဆက်ပြီး ဆယ်လှမ်းလောက်အကွာမှကပ်နေသည့် မြခြယ်ရှိရာကိုလျှောက်လှမ်းသွားသည်။
လက်ရုံး သူ့ညာလက်ကိုမြခြယ်ဆီသို့ကမ်းပေးသည်။
ခြယ်သူ့ဆီကမ်းပေးလာသောလက်ကို လက်နှစ်ဖက်ဖြင့်ပြန်ဆုပ်ကိုင်လာသည်။
လက်ရုံး ခြယ့်အနားကိုပိုပြီးနီးကပ်သွားအောင်တိုးကပ်သွားပြီး လစ်ဟာနေသောဘယ်လက်ဖြင့် ခြယ့်၏ခန္ဓာကိုယ်သေးညှက်ညှက်လေးကို သူ့ရင်အုပ်ကျယ်ကြီးတွေကြားတင်းကြပ်နေအောင်ဆွဲဖက်လိုက်သည်။
ခြယ့်ဆံပင်ေတွထဲနှာခေါင်းမြုပ်ပြီး မြတ်နိုး
စွာနမ်းရိူက်ပြန်သည်။
နူတ်ဖျားမှလဲ နှစ်ကိုယ်ကြားရုံသာတိုးဖွဖွလေးဤသို့ရေရွတ်သည်။
"အထဲမှာတုန်းကကိုယ်မင်းရဲ့ခန္ဓာကိုယ်ေလးကိုဒီလိုမျိုးတင်းကြပ်ေနေအာင်ဖက်ထားချင်နေခဲ့တာ တခါတလေဆိုထောင်ဖောက်ပြီးတောင်အပြေးလာတွေ့ချင်ခဲ့တာ"
ခြယ်လဲ ဆုပ်ကိုင်ထားသောလက်ရုံးလက်လေးအားခတ္တဖြုတ်လျက် ကျောပြင်ကျယ်ကြီးအား တင်းကြပ်နေအောင်ပြန်တွယ်ဖက်ထားလိုက်သည်။ဖြူဖြူသွယ်သွယ်လက်တစ်စုံဖြင့်ကျောပြင်ကျယ်ကြီးအား ကလေးတစ်ယောက်အလားပွတ်သပ်ယုယပေးနေသည်။
ပတ်ဝန်းကျင်ကိုခတ္တမေ့ဖျောက်ထားကာ ခွဲခွာနေခဲ့ရသည့်ကာလများအတွက် လက်ရုံးအတိုးချအလွမ်းသယ်နေသည်။
"မင်းကငါ့အပိုင် မင်းကိုငါပိုင်တယ် စိမ်းမြခြယ်ကိုကိုယ်ပိုင်တယ် မင်းရဲ့သက်ဆိုင်သူကဒီကောင်"
လက်ရုံး ရင်ခွင်ထဲကခြယ့်ကိုယ်လေးအားပိုတိုး၍ချုပ်ကိုင်ထားလိုက်သည်။
လွှတ်မည့်ပုံမပေါ်သေး။လူမြင်ကွင်းရဲစခန်းရှေ့ ကားပါကင်ဖြစ်နေသော်လဲ လက်ရုံးအနီးနားနားပတ်ဝန်းပတ်ဝန်းကျင်ကိုရော လူကြီးတွေကိုရောမေ့ထားဟန်ရှိသည်။
ဘေးနားတွင် ဒယ်ဒီနှင့်မာမီအပါ လူကြီးတွေကလဲ မတည့်အတူနေ ကမ္ဘာ့ရန်လင်မယားနှစ်ယောက်ပြန်ဆုံတွေ့ခန်းကို ကြည်ကြည်နူးနူးရပ်ကြည့်နေကြသည်။
"ဟုတ်ပါတယ်ရှင့် ကျွန်တော်မျိုးမကအရှင့်သားအပိုင်ပါ"
လက်ရုံး ခြယ့်မျက်နှာလေးအားလက်ဖဝါးနှစ်ဖက်ဖြင့်အုပ်ကိုင်၍ မျက်နှာလေးကိုတရူံ့ရူံငုံ့နမ်းသည်။လေပြေအဝှေ့ကြောင့် နဖူးပေါ်ခွေကျလာသည့် ဆံနွယ်လေးများအားသပ်တင်၍ နဖူးကျဉ်းလေးအား ရယ်မော၍လက်ဝါးဖြင့်ကပ်ကြည့်ပြီး နဖူးလေးအားတပြွတ်ပြွတ်မြည်အောင်ဆွဲနမ်းပစ်သည်။
နှာခေါင်းလေးအား ခံတွင်းထဲဆွဲငုံ၍ဖွဖွလေးစနောက်ပြီးကိုက်သည်။
နောက်တဆင့်တက်ပြီး လက်ရုံး၏နူတ်ခမ်းများ ခြယ့်နူတ်ခမ်းများပေါ်အခြေချရန်ဟန်ပြင်လိုက်စဉ်မှာပင်
"အဟမ်း"
လက်ရုံး အဖေဖြစ်သူ၏ချောင်းဟန့်သံကြားမှ ရှက်ရကောင်းမှန်းသိသွားပြီး ရှက်စနိုးနှင့်လည်ဂုတ်ကိုကိုယ့်ဟာကိုပြန်ပွတ်သပ်နေမိသည်။
"သားရုံး အိမ်ပြန်ကြမယ်လေ"
"မင်းကဘယ်မှာနေမာလဲ အိမ်လား ကွန်ဒိုလား"
ဇနီးသည်၏စကားနောက် ဦးမြတ်သုခလဲသံယောင်လိုက်ရင်းမေးသည်။
သူတို့မေးချင်သည်က သားနှင့်ချွေးမအတူပြန်နေမည်လား ပြန်ပေါင်းထုပ်ကြမည်လားကိုရည်ရွယ်မေးခြင်းဖြစ်သည်။
လက်ရုံးနှင့်ခြယ် ဆက်ဆံရေးကအဖုထစ်အနာဆာအပြည့်နှင့်မလို့ တယောက်နှင့်တယောက်ပြန်အဆင်ပြေဖို့ကဘယ်လိုမှကိုမလွယ်။
ဘယ်တုန်းကမှလဲအဆင်ပြေခဲ့ကြသည်မဟုတ်ဆိုပိုမှန်သည်။တယောက်နှင့်တယောက်ဆိုးဆိုးဝါးဝါးတွေလုပ်ရင်း မလုပ်သင့်သည်တွေလုပ်ခဲ့ကြမိသည်။လက်ရုံးအမှားကတော့ပိုများသည်ဟုပြောရမည်။သူလွန်လွန်ကျူးကျူး ခြယ့်ကိုရွဲ့ရင်း မိန်းမတကာနှင့်ပတ်အိပ်ပြပြီး အိမ်ထောင်ရေးဖောက်ပြန်သည်အထိလုပ်ပြခဲ့သည်။
"အိမ်က အဲ့တာက..."
လက်ရုံး ခြယ့်မျက်နှာကိုစောင်းငဲ့ကြည့်သည်။
သူခြယ်နှင့်အတူတူပြန်နေချင်သည်။သူမကောင်းခဲ့တာတွေအတွက်လဲသူအရမ်းအားနာသည်။မင်္ဂလာဦးညမှာတောင် တခြားမိန်းမကိုကုတင်ပေါ်ခေါ်တင်ခဲ့တဲ့သူ့လိုခင်ပွန်းက ငါနဲ့ပြန်ပေါင်းပေးပါလို့ဘယ်လိုပါးစပ်နှင့်ပြောထွက်မည်လဲ။လက်ရုံး ဘာမှဆက်မပြောပဲ ခြယ့်မျက်နှာကိုသာစောင်းငဲ့စိုက်ကြည့်နေသည်။
"ဆက်ပြောလေ"
ခြယ် မျက်လုံးလှန်ကြည့်ရင်းပြောသည်။
"ပြော မင်းဘာလုပ်မာလဲ"
*ပြောလိုက်စမ်းပါငါ့သားရယ် အောက်ကျခံပြီးကိုယ်နဲ့ပြန်ပေါင်းနိုင်မလား ဘာညာပြောလိုက်ပါလား ဒီကောင်ကွာ ဘာမဟုတ်တဲ့စောက်မာနကလာကြီးနေသေးတယ်ကွာ သူကလဲမှားခဲ့တာကြီးပဲကို*
လိုရင်းကိုမပြောပဲ အင်တင်တင်နှင့်တုံ့ဆိုင်းနေသောသားဖြစ်သူကိုကြည့်ပြီး မြတ်ဘယ်လိုမှအားမရနိုင်။သားဖြစ်သူစိတ်ထဲရှိနေတာတွေကိုသူသာပြောပေးလိုက်ချင်သည်။
သူ့မိန်းမသူနှင့်ပြန်လိုက်နေပေးဖို့ပြောဖို့လေးကို လက်ရုံးကမာနကကြီးနေသေးသည်။
မြတ်သာ လက်ရုံးနေရာမှာဆို ငှက်မွှေးထက်ပေါ့ပါးသည့်ဒူးနှင့် လမ်းလယ်ခေါင်လဲအရေးမစိုက်ပဲ အောက်ကျနောက်ကျ ဒူးပဲထောက်ရ ထောက်ရ ရှိသမျှမာနဖြန့်ခင်းပြီး တောင်းပန်နေပြီဖြစ်သော်လဲ လက်ရုံးကမာနကြီးနေသေးသည်။
လက်ရုံး လည်ပင်းဝတွင်တစ်နေသည့် စကားလုံးများကိုအစဆွဲထုတ်ရင်း
"မင်းငါနဲ့ပြန်လိုက်နေမာလား မြခြယ်"
"ဟမ်းး"
သားဖြစ်သူကအထက်စီးသံကြီးနှင့်ဖိပြောချလာ၍ ရပ်ကြည့်နေသည့် မြတ် ဟမ်းဟုရေရွတ်လိုက်မိသည်။
"ငါမေးတာက မင်းငါနဲ့ငါ့ကွန်ဒိုမာပြန်လိုက်နေမာလား မင်းအိမ်မာမင်းအေဖနဲ့နေမာလား နေချင်တဲ့နေရာနေလို့ပြောတာ"
"ရှင်..."
*ဒီကောင်နဲ့တော့ခက်ပြီ ဒီတစ်သက်သူ့မိန်းမ
အိမ်ပြန်ပါတော့မှာမဟုတ်ဘူး*
"မနေပါဘူးရှင်နဲ့"
"မရဘူးငါနဲ့ပဲနေရမယ်"
"ဟ ရှင်ပဲပြောတော့ နေချင်တဲ့နေရာနေဆို"
"ဒါပေမဲ့ ငါနဲ့ပဲနေရမာ"
ခြယ် နူတ်ခမ်းကိုတင်းတင့်ေစ့ပြီး မျက်နှာတည်ကြီးနှင့်အတည်ေပါက်ကြီးေပြာေနေသာ စကားအရှေ့အနောက်မညီသည့်လက်ရုံးကိုမရယ်မိအောင် အောင့်အီးသည်းခံနေရသည်။
"ရှင်ပဲနေချင်တဲ့နေရာနေပြောပြီး အခုရှင်နဲ့ပဲနေရမယ်ဆိုတော့ ခုတမျိုးတော်ကြာတစ်မျိုးပါလား စကားရှေ့နောက်မညီတာ ကိုယ့်ဟာနဲ့ကိုနေချင်တဲ့နေရာနေမာပေါ့ ပိုင်စိုးပိုင်နင်းနဲ့ ရှင်ကဘာမလို့လဲ"
"မင်းလင်လေ စကားရှေ့နောက်မညီတာကမင်းကွ ခုနကပဲကျွန်တော်မျိုးမကအရှင့်သားအပိုင်ပါဆို ငါ့အပိုင်ဆိုငါနဲ့နေ"
"ဟုတ်ပြီ"
"အဲ့တာဆိုငါနဲပြန်လိုက်နေမာလား ဟုတ်လား"
ထိုစကားကိုကြားတော့ မြတ်တစ်ခုခုဝင်ပြောဖို့ဟန်ပြင်လိုက်သည်။သို့သော်လဲ ဇနီးဖြစ်သူကလက်ကာပြပြီး နားနားကပ်၍ သူများလင်မယားကြားဝင်မပါရန်ဆုံးမလေတော့ မြတ်နူတ်ဆိတ်နေလိုက်ရသည်။
အချစ်က ဒီပါးစပ်ကိုလဲပိတ်ပစ်နိုင်သည်။
"မသိဘူး အကယ်၍လိုက်နေစေချင်ရင်တော့...
ခြယ် မျက်လုံးကိုတချက်ဝေ့ကြည့်ပြပြီး
"လေသံလေးကိုအတတ်နိုင်ဆုံး အနူးညံ့ဆုံးလျှော့ချလိုက် လက်ရုံး"
"ကိုယ်နဲ့အိမ်မာပြန်လိုက်နေပါကိုယ့်မြခြယ် မင်းကငါ့မယား"
"ဟယ် ဒါကဘယ်လိုနူးညံတဲ့စကားကြီးလဲ မရဘူး မရဘူး ထပ်လျှော့"
"မြခြယ်ခင်ဗျ ကိုယ်မိန်းမအဖြစ်နဲ့အိမ်ပြန်လိုက်နေပေးနိုင်မလားဗျ"
ခြယ် နားရွက်ေပါ်ဖံုးေနသည့်ဆံပင်များကိုသပ်တင်ပြီးနားထဲလက်နိူက်ပြကာ မျက်ခုံးများပင့်သက်ပြပြီး လူယုတ်မာမျက်နှာပေးနှင့်
"နားရွက်ကိုဆံပင်တွေဖုံးနေလို့မကြားလိုက်ရဘူး ဘာပြောတာလဲ"
"မြခြယ်ခင်ဗျ ကိုယ်မိန်းမအဖြစ်နဲ့အိမ်ပြန်လိုက်နေပေးနိုင်မလားဗျ"
"ဟမ်း ဘာပြောလိုက်တာ မကြားလိုက်ဘူး"
လက်ရုံး သက်ပြင်းတစ်ချက်ဟူးခနဲမူတ်ထုတ်ကာ ဒေါသကိုထိန်းပြီး ခပ်ကြိတ်ကြိတ်လေသံဖြင့်
"မြခြယ်ခင်ဗျ ကျွန်တော့်ကွန်ဒိုကိုကြွပြီး ကျွန်တော့်ရဲ့တစ်သက်စာမယားလုပ်ပေးပါ ဟုတ်ပြီလား ဟုတ်ပြီလား"
ခြယ် မထိန်းချုပ်နိုင်တော့ပဲတခစ်ခစ်သဘောကျစွာရယ်မိပါတော့သည်။
အပြုံးအရယ်နည်းပါးလွန်းသည့်သူဧ။်ဟက်ဟက်ပက်ပက်ရယ်မောနေသည့်ရှားပါးမြင်ကွင်းလေးကို ပါးစပ်အဟောင်းသားဖြင့်ငေးမောကြည့်နေမိသည်။
*လှလိုက်တာအချစ်ရယ် ဒီလိုလေးပဲပြုံးရယ်နေစမ်းပါ ပြုံးသာပြုံးနေပေးပါ*
ခြယ့်အပြုံးကြောင့် တင်းမာနေသည့်စိတ်များတဖန် ဖယောင်းလိုအရည်ပျော်ကျသွားရပြန်သည်။
Advertisement
"နော် ကိုယ်တို့ကခုထိမကွာရှင်းရသေးဘူးလေနော် နောက်လဲကွာရှင်းပေးမာမဟုတ်ဘူးကွာ သေတောင်မကွာပေးဘူး သိကြားမင်းဆင်းပြီးကွာရှင်းဖို့တရားလာချတောင်မိုးပေါ်ပြန်
ေဆာင့်ကန်လွှတ်မှာကွာ ရှင်းလား Xီးတောင်ကွာရှင်းမပေးဘူး"
"ဟ အမလေး လက်ရုံး တော်ပါတော့ အဟက်ဟက် ခစ်ခစ်"
လက်ရုံး စကားကြောင့် ခြယ် အူလိူက်သည်း
လိူက်ကိုထရယ်ပါတော့သည်။
"ရုံး ဘယ်လိုတွေပြောနေတာလဲငရဲကြီးမှာမကြောက်ဘူးလား နတ်သိကြားတွေနော်"
"မကြောက်ပါဘူး လက်ရုံးသုခကဘာကိုကြောက်ရမာလဲ"
"မရဘူး လက်ရုံး ကျွန်မရှင်နဲ့ပြန်လိုက်ချင်ပါတယ် ဒါပေမဲ့ ကျွန်မအနှိပ်စက်မခံချင်ဘူး ရုံး ရှင့်စိတ်ကိုရှင်မနိုင်ဘူး အဲ့လိုအရိုက်နှက်ခံဖို့အတွက်တော့တူတူပြန်မနေနိုင်ဘူး ဟိုဟာ ကျွန်မရှင့်ကိုကြောက်တယ် ရှင်ကမူးလာရင်နဲ့ဒေါသထွက်ရင်လူစိတ်မရှိတော့ဘူး"
"မဟုတ်ဘူး ကိုယ် ကိုယ်....
လင်မယားနှစ်ယောက်ရပ်ပြီး အခြေတင်ဖြစ်နေကြသည့်အခြေအနေကိုမြတ် ရပ်သာကြည့်နေခဲ့ပေမယ့် ဒီအခြေအနေကတော့ လူကြီးတယောက်အနေနှင့်သူဝင်ပါမှကိုဖြစ်တော့မည်။
ဒီပြဿနာကအရမ်းအရေးကြီးသည်။
သားဖြစ်သူကသူနှင့်တူ၍ လက်ရုံး၏ဒေါသကိုမြတ်တပ်အပ်သိသည်။
ကျန်တဲ့အချိန်တွေမှာ ပြုံးပြုံးပျော်ပျော်စစနောက်နောက်ရှိတတ်ပေမယ့် ဒေါသထွက်လာရင် တစ်ဖက်လူကပါးစပ်နှင့်ရှင်းပြရုံရှိသေး လက်ရုံးကနားရင်း2ချက်လောက်ရိုက်ပြီးနေပြီဖြစ်သည်။ထို့ကြောင့် ယောကျာ်းလေးချင်းဖြစ်သည့်ချိန်းပွဲချပွဲတွေ၊လူရိုက်မူတွေ ကုန်ကုန်ပြောရရင်ဓားထိုးမူအထိ မြတ် ရုံးရောက်ဂတ်ရောက်လိုက်ရှင်းပေးနေကျ။
ထိုအထိပြဿနာမရှိသေး။
အင်အားမျှသည့်ယောကျာ်းသားအချင်းချင်း လက်ပါတာညီမျှပေမယ့် လက်ရုံး မိန်းကလေးတယောက်ကိုအကြမ်းဖက်သည်ကိုမြတ်တကယ်အရှက်ရမိသည်။
ထိုကိစ္စကို စစသိရတုန်းကသားဖြစ်သူကိုသူဒီလိုပျိုးထောင်ပေးခဲ့တာလားဟုရှက်ခဲ့မိသည်။
အထူးသဖြင့် ကိုယ်ချစ်၍ယူထားသည့်မိန်းမကိုမှရွေးပြီးနှိပ်စက်သည့် သားဖြစ်သူကိုမြတ်ပိုနားမလည်ေပ။
လက်ရုံးကနည်းနည်းPsychoဆန်သည်ပြောရမည်။သို့ပေမယ့် သူ့မိန်းမကိုသူဘယ်လောက်ချစ်လဲဆိုတာတော့ မြတ်သိသည်။
လက်ရုံးထုတ်သာဖွင့်ဟမပြတတ်ခဲ့တာ သူ့မိန်းမကိုသူသိပ်ကိုချစ်သည်။
"ခြယ် ဒယ်ဒီပြောပြမယ်"
လက်ရုံးရောခြယ်ပါ မြတ်ရှိရာသို့ခေါင်းလှည့်ကြည့်လာကြသည်။
မြတ် ဆယ်လှမ်းလောက်အကွာမှာရပ်နေရာမှ သူတို့အနီးကိုတိုးကပ်လာသည်။
ထို့နောက် လက်ရုံးပုခုံးကိုဖွဖွညှစ်၍
"သားရုံး"
"ပြောပါ ဒယ်ဒီ"
"မင်းကိုငါပျိုးထောင်ခဲ့တာမိန်းမကိုအင်အားနဲ့အနိုင်ကျင့်အကြမ်းဖက်ဖို့လား မင်းယောက်ျားမဟုတ်ဘူးလားငါ့သား"
"ကျွန်တော် ဒေါသအလျောက်တုံ့ပြန်ခဲ့မိတာပါ မှားခဲ့ပါတယ် ရှက်မိပါတယ်"
"ဒါဆိုငါမေးမယ် နောက်ဆို မဟုတ်ဘူး ဘယ်သောအခါဖြစ်ဖြစ်မင်းဒေါသကိုမင်းထိန်းပါ့မယ်လို့အာမခံနိုင်လား မင်းငါ့ေခွျးမကိုေနာက်ဆိုဘယ်ေတာ့မှနာကျင်ေအာင် စိတ်ဆင်းရဲအောင်မလုပ်ပါဘူးလို့ကတိပေးနိုင်မလား တခြားမိန်းမဘာညာပတ်ရူပ်တာ ငါဘာသံမှမကြားချင်ဘူးနော် ဟျောင့် မင်းကိုယ့်ကိုကိုယ်အာမခံနိုင်မှငါသူ့ကိုငါမင်းနဲ့ပြန်ပေါင်းခိုင်းမှာ သူများအဖိုးတန်သမီးကိုမျက်ရည်ကျအောင်လုပ်တာငါမမြင်ချင်ဘူး"
"ကျွန်တော်ကတိပေးပါတယ် ကိုယ့်ကိုကိုယ်အာမခံနိုင်ပါတယ်ဒယ်ဒီ ဘယ်တော့မှသူ့ကိုစိတ်ဆင်းရဲအောင်နာကျင်အောင်မလုပ်တော့ပါဘူး အရက်မူးလာရင်လူစိတ်ပျောက်တတ်လို့ အရက်ဖြတ်ဆိုလဲကျွန်တော်ဖြတ်ပါ့မယ်"
မြတ် လက်ရုံးမျက်ဝန်းများထဲသို့ စူးစူးစိုက်စိုက်တည့်တည့်ကြည့်ကာ
"ဟုတ်ပြီ မင်းယောကျာ်းနော် လက်ရုံး မင်းကိုယ့်စကားကိုယ်တည်ပါစေ ယောကျာ်းဆိုတာကိုယ်ေပြာတဲ့အတိုင်းလုပ်ရတယ်နော်"
"ဟုတ်ကဲ့ပါ ဒယ်ဒီ"
"သမီးခြယ်"
ထို့နောက် ခြယ့်ဘက်လှည့်လာ၍ ခြယ်ကယောင်ကတမ်းပြန်ထူးမိသည်။ခြယ့်အနေနဲ့ ယောက္ခမဖြစ်သူဝန်ကြီးချုပ်ကိုအတော်လေးရှိန်သည်။နိုင်ငံ့အကြီးကဲတေယာက်အေနနှင့်သာ
တီဗီဖန်သားပြင်ထက်မှာဝန်ကြီးချုပ်ဧ။်လူပ်ရှားမူတွေကိုမြင်တွေ့လာခဲ့ရသည်ဖြစ်၍ ကိုယ့်ယောက္ခမတေယာက်အနေဖြင့်တော့ဘယ်လိုမှအသားမကျသေးပေ။
အကြာကြီးတူတူနေလာသည့်ဂျိုးတောင်အခုထိမြတ်ကိုမော်မကြည့်ရဲသေးတာ သိပ်မကြာခင်ကမှမိသားစုချွေးမဖြစ်လာသည့်ခြယ်ဆိုပြောမနေပါနှင့်။
"ဟုတ်ကဲ့ ပြော..ပြောပါ ဦးမြတ်သုခ အဲ မှားလို့ ဒယ်ဒီ"
"ဒယ်ဒီပြောမယ် ဒီကောင်သမီးတခုခုစိတ်ပိုင်းဆိုင်ရာဖြစ်စေရုပ်ပိုင်းဆိုင်ရာဖြစ်စေထိခိုက်အောင်လုပ်ရင် ဒယ်ဒီ့ဆီချက်ချင်းပြော ဒယ်ဒီကိုယ်တိုင်သူ့ကိုထောင်ထဲထည့်ပစ်မယ် အိမ်ထောင်ရေးဖောက်ပြန်တာ ဘာညာရောနော် သူမင်းကိုလက်နဲ့တောင်အရွယ်မခံနဲ့ ဒယ်ဒီ့ကိုအကုန်ပြော ဒယ်ဒီဆုံးမပေးမယ်"
ဒယ်ဒီဆုံးမပေးမယ်ဟူသည့် စကားကိုမှတမင်ဖိပြောပြီး ထိုနေရာရောက်မှသူ့ကိုလူသတ်မယ့်မျက်လုံးနှင့်လှည့်ပြီးစိုက်ကြည့်လာ၍ လက်ရုံးတံတွေးမြိုချမိလိုက်သည်။
ပြောရင်ပြောတဲ့အတိုင်းမလုပ်ရင်မြတ်သုခမဟုတ်မှန်းလက်ရုံးကျိန်းသေသိသည်။
"ကဲ သမီး ဒီကောင်နဲ့ပြန်ပေါင်းထုပ်မယ်မလား ဒီကောင်အရင်စောက်ချိုးနဲ့နေကြည့်လိုက်လေ ဒယ်ဒီတို့ကိုဘာမှဖုံးကွယ်မနေပဲ အကုန်ပြန်တိုင်ပါ ကျောင်းမှန်းကန်မှန်းသိအောင်ပြပေးရတာပေါ့"
"ဟုတ် ဟုတ်ကဲ့ ဒယ်ဒီ"
မြခြယ် ဝန်ကြီးချုပ်ယောက္ခမအားကိုးနှင့် မချင့်မရဲ ဒင်းနှင့်ပြန်ပေါင်းထုပ်ဖို့သဘောတူလိုက်သည်။
"ဦးမြတ်သုခရေ နေတွေလဲပူလှပါပြီ အိမ်ရောက်မှဆက်ပြောလို့မရဘူးလား ပြန်ကြမယ်လေ"
ုမိန်းမဖြစ်သူစကားကြောင့်
"ဟုတ်ပြီဟုတ်ပြီ ကိုယ်တို့ပြန်ကြမယ်နော်
"ငါတို့ဒါဆိုပြောလို့ပြီးပြီနော် ကျန်တာမင်းတို့ညှိကြ"
မြတ်နောက်ဆုံးအနေနှင့် လက်ရုံးနှင့်ခြယ်အားခပ်ကြိတ်ကြိတ်လေသံနှင့်လှည့်ပြောသွားသည်။
ထိုနေရာတွင်ရပ်နေသည့်လူအသီးသီးကားထဲဝင်ကုန်ကြသည်။
ခြယ်လဲကားထဲဝင်မည်အလုပ် လက်ရုံး လူကြီးလူကောင်းဟန်ပန်နှင့် ခြယ်ဝင်မည့်ကားတံခါးကိုအပြေးသွားဖွင့်ရင်း အသံနေအထားကအစတမင်ဩေအာင်လုပ်ပြောပြီး
"အထဲကြွပါ ငါ့မယား"
"Psycho"
ခြယ် ကားပေါ်လှမ်းတက်ရင်းလက်ရုံးနားနားကိုကပ်ပြီးတိုးတိုးလေးလှမ်းပြောသည်။
လက်ရုံးနူတ်ခမ်းတွေကွေးတက်ပြီး
ပါးချိုင့်ေလးေတွခွက်သွားေအာင်ပြုံးသည်။
*အဲ့Psychoကောင်ကမင်းကို*ိုးထားတဲ့မင်းလင်*
*****
မန့်တွေအကုန် Rpမပြန်ဖြစ်တာချိတ်မချိုးပါနဲ့ကိုယ်မအားလို့ပါ။ဒါပေမဲ့ မန့်မှန်သမျှကိုယ်အကုန်ဖတ်တယ်နော်။ညက12နာရီကြီးမန့်တွေထိုင်ဖတ်ပြီးသွားကိုဖြီးနေရော😁
Zawgyi
ရဲစခန္းအျပင္ဘက္ေျခခ်လိုက္သည္ႏွင့္ လတ္ဆတ္ေသာေလႏုေအးႏွင့္အတူ လြတ္လပ္ျခင္းအေငြ႕အသက္ကိုလက္႐ုံးအျပည့္ဝခံစားလိုက္ရသည္။
ေနာက္သို႔တစ္ခ်က္ျပန္လွည့္မၾကည့္မိ သူလုံးဝျပန္လွည့္မၾကည့္ခ်င္။ဒီေနရာမွာေနခဲ့ရတဲ့ ေျခာက္လတာကာလဟာသူ႕ဘဝမွာအခက္ခဲအေမွာင္မိုင္ဆုံးအခ်ိန္ေတြျဖစ္ခဲ့သည္။
ဦးမင္းသန္႔၏ထြက္ဆိုခ်က္မ်ားအရ စြဲတင္ထားတဲ့ျပစ္ခ်က္ေတြပုဒ္မေတြအကုန္သူႏွင့္မသက္ဆိုင္သည္ကိုသက္ေသျပၿပီးၿပီျဖစ္၍ သူဟာအၾကမ္းဖက္သမား၊ပုန္ကန္ေကာင္ဆိုသည့္နာမည္ဆိုးကလြတ္ေျမာက္ေလၿပီ။
အထဲမွာ႐ွိေနသည့္ကာလေတြအတြင္း သူေလ့လာသင့္တာတခ်ိဳ႕တရပ္ကိုသူသင္ယူခဲ့ၿပီး လက္႐ုံးတစ္စိတ္တစ္ပိုင္းေျပာင္းလဲလာခဲ့သည္။
ရဲစခန္းအျပင္ဘက္မွာသူတို႔ကိုအသင့္ေစာင့္ႀကိဳေနသည့္ ဒယ္ဒီႏွင့္မာမီအျပင္ လူရင္းတခ်ိဳ႕ႏွင့္ ခပ္ခြာခြာမွာေခါင္းေလးငံဳ႕လ်က္ရပ္ေနသည့္ သူ႕အမ်ိဳးသမီးေလးကိုလဲလက္႐ုံးတန္းသတိထားမိသည္။
ေျပာေနစရာမလို လက္႐ုံးသူ႕မာမီရပ္ေနသည့္ကားဆီအရင္ ျပဳံးေပ်ာ္႐ႊင္စြာေလွ်ာက္လွမ္းသြားသည္။
မာမီကေရစြတ္ထားသည့္ သေျပခက္မ်ားႏွင့္
လက္ရံဳးဧ။္ေခါင္းကိုပက္ဖ်န္းသည္။
"အိမ္ေရာက္မွ သေရာ္ကင္ပြန္းနဲ႔ေခါင္းေလွ်ာ္ႏွစ္ေယာက္လုံး သား႐ုံး"
"ဗ်ာ"
"လိမ္လိမ္မာမာေနေတာ့ေနာ္ သား႐ုံးကိုငါကလူေတာ္တေယာက္မျဖစ္ရင္ေနပါ လူေကာင္းေလးသာျဖစ္ေပးပါ မာမီေက်နပ္ၿပီ"
ထို႔ေနာက္ ဂ်ိဳးဘက္သို႔လွည့္၍သေျပခက္ႏွင့္ေခါင္းကိုပက္ဖ်န္း၍
"အထဲမွာအေတာ္ဒုကၡမ်ားခဲ့မွာပဲ ဂ်ိဳး သားကလက္႐ုံးလိုလူဆိုးေကာင္မဟုတ္လို႔ ဘာမွေျပာေနစရာမလိုဘူး မင္းလိုလူမ်ိဳးအနားမွာ႐ွိေနလို႔လက္႐ုံးသိပ္ကိုကံေကာင္းတာ ေက်းဇူးပါ သားဂ်ိဳး ညီေလးကိုဘယ္အေျခေနမွာျဖစ္ျဖစ္ပစ္မသြားခဲ့ဘူးမင္းက"
ေျပာရင္းႏွင့္ဂ်ိဳးေခါင္းကိုဖြဖြေလးပြတ္သပ္ေပးသည္။မိခင္ေမတၱာကိုေသခ်ာခံစားခဲ့ရသူမဟုတ္သည့္အတြက္ ဂ်ိဳးဒီလိုအခ်စ္ခံေနရသည္ကိုေျပာမျပတတ္ေအာင္ၾကည္ႏူးေနမိသည္။
သားဂ်ိဳးဆိုသည့္အေခၚအေဝၚေၾကာင့္ႏွလုံးသားတစ္ခုလုံးေႏြးေထြးသြားသလိုပင္။
ေထာင္ထဲမွာလက္႐ုံးျပႆနာ႐ွာ၍ျဖစ္ခဲ့သည့္ရန္ပြဲႏွင့္ ဆက္၍ေက်းဇူးတင္စကားေျပာေပးေနျခင္းျဖစ္သည္။
လူေတြမသိသည့္ ဂ်ိဳး လက္႐ုံးအစားေခါင္းခံေပးခဲ့သည့္ျပႆနာမ်ားကမေရမတြက္ႏိုင္။
ဂ်ိဳး လက္႐ုံးအေပၚက်မည့္ရန္ေတြကိုအၿမဲသူဆီးခံေပးခဲ့သည္။ဒါေတြဟာသူတို႔ႏွစ္ေယာက္ၾကားကလိ်ွဳ႕ဝွက္ခ်က္။
ဂ်ိဳးကလက္႐ုံးအတြက္အေ႐ွ႕ကေနအၿမဲမားမားမတ္မတ္႐ွိေနေပးသည့္တံတိုင္းႀကီးနဲ႔တူသည္။တံတိုင္းႀကီးသဖြယ္ လက္႐ုံးေက်ာက္တုံးႏွင့္ပစ္ပစ္ သံတုတ္ႏွင့္ခ်ခ် ဘယ္ေတာ့မွမတုံ႔ျပန္တတ္သည့္ ခႏၲီတရားႏွင့္ျပည့္စုံလြန္းသည့္မဟာတံတိုင္းႀကီး။
"မာမီေနာ္"
လက္႐ုံးေျပာေျပာဆိုဆိုႏွင့္ သူ႕မာမီကိုယ္လုံးအားခါးကကိုင္၍ ဆြဲမၿပီးဖက္ထားလိုက္သည္။
"လက္႐ုံး ငါခါးက်ိဳးမယ္ ခ်ေပးစမ္းအခု"
"မာမီကဘာကိုခါးက်ိဳးရမာလဲ ခ်ီရတဲ့လူကခါးမက်ိဳးရဘူး"
"ခါးနာတယ္ ခ်ေပးလို႔"
"င႐ုံး ခ်ေပးလိုက္ကြာ ငါ့ကေလးခါးနာသြားမယ္ ေဟ်ာင့္"
လက္႐ုံး အန္ခ်င္သလိုလိုတေဝါ့ေဝါ့အသံေတြထြက္ျပၿပီး ပုခုံးႏွစ္ဖက္လူပ္ခါေအာင္ရယ္လ်က္ ပင္သူ႕မာမီအားေအာက္ျပန္ခ်ေပးလိုက္သည္။
"ျမတ္သုခ ခင္ဗ်ားႀကီးအေတာ္အကဲပိုပါလား က်ဳပ္ဟာက်ဳပ္ က်ဳပ္မာမီ့ကိုလြမ္းလို႔အလြမ္းသယ္တာဘာျဖစ္လဲ"
"အဲ့တာနင့္အေဖဟဲ့ ဘာကိုျမတ္သုခလဲ ငါထိပ္ေခါက္ပစ္လိုက္မယ္"
"စတာေလဗ်ာမာမီကလဲ ဟဲဟဲ"
လက္႐ုံး မိဘႏွစ္ပါးကိုအရင္ႏူတ္ဆက္ၿပီး ဆယ္လွမ္းေလာက္အကြာမွကပ္ေနသည့္ ျမျခယ္႐ွိရာကိုေလွ်ာက္လွမ္းသြားသည္။
လက္႐ုံး သူ႕ညာလက္ကိုျမျခယ္ဆီသို႔ကမ္းေပးသည္။
ျခယ္သူ႕ဆီကမ္းေပးလာေသာလက္ကို လက္ႏွစ္ဖက္ျဖင့္ျပန္ဆုပ္ကိုင္လာသည္။
လက္႐ုံး ျခယ့္အနားကိုပိုၿပီးနီးကပ္သြားေအာင္တိုးကပ္သြားၿပီး လစ္ဟာေနေသာဘယ္လက္ျဖင့္ ျခယ့္၏ခႏၶာကိုယ္ေသးညႇက္ညႇက္ေလးကို သူ႕ရင္အုပ္က်ယ္ႀကီးေတြၾကားတင္းၾကပ္ေနေအာင္ဆြဲဖက္လိုက္သည္။
ျခယ့္ဆံပင္ေတြထဲႏွာေခါင္းျမဳပ္ၿပီး ျမတ္ႏိုး
စြာနမ္း႐ိူက္ျပန္သည္။
ႏူတ္ဖ်ားမွလဲ ႏွစ္ကိုယ္ၾကား႐ုံသာတိုးဖြဖြေလးဤသို႔ေရ႐ြတ္သည္။
"အထဲမွာတုန္းကကိုယ္မင္းရဲ႕ခႏၶာကိုယ္ေလးကိုဒီလိုမ်ိဳးတင္းၾကပ္ေနေအာင္ဖက္ထားခ်င္ေနခဲ့တာ တခါတေလဆိုေထာင္ေဖာက္ၿပီးေတာင္အေျပးလာေတြ႕ခ်င္ခဲ့တာ"
ျခယ္လဲ ဆုပ္ကိုင္ထားေသာလက္႐ုံးလက္ေလးအားခတၱျဖဳတ္လ်က္ ေက်ာျပင္က်ယ္ႀကီးအား တင္းၾကပ္ေနေအာင္ျပန္တြယ္ဖက္ထားလိုက္သည္။ျဖဴျဖဴသြယ္သြယ္လက္တစ္စုံျဖင့္ေက်ာျပင္က်ယ္ႀကီးအား ကေလးတစ္ေယာက္အလားပြတ္သပ္ယုယေပးေနသည္။
ပတ္ဝန္းက်င္ကိုခတၱေမ့ေဖ်ာက္ထားကာ ခြဲခြာေနခဲ့ရသည့္ကာလမ်ားအတြက္ လက္႐ုံးအတိုးခ်အလြမ္းသယ္ေနသည္။
"မင္းကငါ့အပိုင္ မင္းကိုငါပိုင္တယ္ စိမ္းျမျခယ္ကိုကိုယ္ပိုင္တယ္ မင္းရဲ႕သက္ဆိုင္သူကဒီေကာင္"
လက္႐ုံး ရင္ခြင္ထဲကျခယ့္ကိုယ္ေလးအားပိုတိုး၍ခ်ဳပ္ကိုင္ထားလိုက္သည္။
လႊတ္မည့္ပုံမေပၚေသး။လူျမင္ကြင္းရဲစခန္းေ႐ွ႕ ကားပါကင္ျဖစ္ေနေသာ္လဲ လက္႐ုံးအနီးနားနားပတ္ဝန္းပတ္ဝန္းက်င္ကိုေရာ လူႀကီးေတြကိုေရာေမ့ထားဟန္႐ွိသည္။
ေဘးနားတြင္ ဒယ္ဒီႏွင့္မာမီအပါ လူႀကီးေတြကလဲ မတည့္အတူေန ကမ႓ာ့ရန္လင္မယားႏွစ္ေယာက္ျပန္ဆုံေတြ႕ခန္းကို ၾကည္ၾကည္ႏူးႏူးရပ္ၾကည့္ေနၾကသည္။
"ဟုတ္ပါတယ္႐ွင့္ ကြၽန္ေတာ္မ်ိဳးမကအ႐ွင့္သားအပိုင္ပါ"
လက္႐ုံး ျခယ့္မ်က္ႏွာေလးအားလက္ဖဝါးႏွစ္ဖက္ျဖင့္အုပ္ကိုင္၍ မ်က္ႏွာေလးကိုတ႐ူံ႕႐ူံငုံ႔နမ္းသည္။ေလေျပအေဝွ႔ေၾကာင့္ နဖူးေပၚေခြက်လာသည့္ ဆံႏြယ္ေလးမ်ားအားသပ္တင္၍ နဖူးက်ဥ္းေလးအား ရယ္ေမာ၍လက္ဝါးျဖင့္ကပ္ၾကည့္ၿပီး နဖူးေလးအားတႁပြတ္ႁပြတ္ျမည္ေအာင္ဆြဲနမ္းပစ္သည္။
ႏွာေခါင္းေလးအား ခံတြင္းထဲဆြဲငုံ၍ဖြဖြေလးစေနာက္ၿပီးကိုက္သည္။
ေနာက္တဆင့္တက္ၿပီး လက္႐ုံး၏ႏူတ္ခမ္းမ်ား ျခယ့္ႏူတ္ခမ္းမ်ားေပၚအေျခခ်ရန္ဟန္ျပင္လိုက္စဥ္မွာပင္
"အဟမ္း"
လက္႐ုံး အေဖျဖစ္သူ၏ေခ်ာင္းဟန္႔သံၾကားမွ ႐ွက္ရေကာင္းမွန္းသိသြားၿပီး ႐ွက္စႏိုးႏွင့္လည္ဂုတ္ကိုကိုယ့္ဟာကိုျပန္ပြတ္သပ္ေနမိသည္။
"သား႐ုံး အိမ္ျပန္ၾကမယ္ေလ"
"မင္းကဘယ္မွာေနမာလဲ အိမ္လား ကြန္ဒိုလား"
ဇနီးသည္၏စကားေနာက္ ဦးျမတ္သုခလဲသံေယာင္လိုက္ရင္းေမးသည္။
သူတို႔ေမးခ်င္သည္က သားႏွင့္ေခြၽးမအတူျပန္ေနမည္လား ျပန္ေပါင္းထုပ္ၾကမည္လားကိုရည္႐ြယ္ေမးျခင္းျဖစ္သည္။
လက္႐ုံးႏွင့္ျခယ္ ဆက္ဆံေရးကအဖုထစ္အနာဆာအျပည့္ႏွင့္မလို႔ တေယာက္ႏွင့္တေယာက္ျပန္အဆင္ေျပဖို႔ကဘယ္လိုမွကိုမလြယ္။
ဘယ္တုန္းကမွလဲအဆင္ေျပခဲ့ၾကသည္မဟုတ္ဆိုပိုမွန္သည္။တေယာက္ႏွင့္တေယာက္ဆိုးဆိုးဝါးဝါးေတြလုပ္ရင္း မလုပ္သင့္သည္ေတြလုပ္ခဲ့ၾကမိသည္။လက္႐ုံးအမွားကေတာ့ပိုမ်ားသည္ဟုေျပာရမည္။သူလြန္လြန္က်ဴးက်ဴး ျခယ့္ကို႐ြဲ႕ရင္း မိန္းမတကာႏွင့္ပတ္အိပ္ျပၿပီး အိမ္ေထာင္ေရးေဖာက္ျပန္သည္အထိလုပ္ျပခဲ့သည္။
"အိမ္က အဲ့တာက..."
လက္႐ုံး ျခယ့္မ်က္ႏွာကိုေစာင္းငဲ့ၾကည့္သည္။
သူျခယ္ႏွင့္အတူတူျပန္ေနခ်င္သည္။သူမေကာင္းခဲ့တာေတြအတြက္လဲသူအရမ္းအားနာသည္။မဂၤလာဦးညမွာေတာင္ တျခားမိန္းမကိုကုတင္ေပၚေခၚတင္ခဲ့တဲ့သူ႕လိုခင္ပြန္းက ငါနဲ႔ျပန္ေပါင္းေပးပါလို႔ဘယ္လိုပါးစပ္ႏွင့္ေျပာထြက္မည္လဲ။လက္႐ုံး ဘာမွဆက္မေျပာပဲ ျခယ့္မ်က္ႏွာကိုသာေစာင္းငဲ့စိုက္ၾကည့္ေနသည္။
"ဆက္ေျပာေလ"
ျခယ္ မ်က္လုံးလွန္ၾကည့္ရင္းေျပာသည္။
"ေျပာ မင္းဘာလုပ္မာလဲ"
*ေျပာလိုက္စမ္းပါငါ့သားရယ္ ေအာက္က်ခံၿပီးကိုယ္နဲ႔ျပန္ေပါင္းႏိုင္မလား ဘာညာေျပာလိုက္ပါလား ဒီေကာင္ကြာ ဘာမဟုတ္တဲ့ေစာက္မာနကလာႀကီးေနေသးတယ္ကြာ သူကလဲမွားခဲ့တာႀကီးပဲကို*
Advertisement
- In Serial84 Chapters
Project TheirWorld: Book One - The Tutorial
**IMPORTANT: Because I am trying to reconcile some of the consistancy issues due to unexpected changes in how I've decided to write the story, this story is to be renamed/reordered. I apologize for any confusion or inconvenience. ______ The Tutorial ______ Entering a new world is an experience up to itself – and Dassah Graydon has found herself in two! While navigating real life on the floating academic continent, The Enclave, she retreats to the popular new VRMMORPG, TheirWorld. Transformed into a child to learn the ways of the game as ‘Guin Grey’, Dassah ends up wrapped up in complicated quest line that both excites her and intimidates her – but even more, it shows her just who she is, and who she wishes she could be. With the encouragement of her friends – real and virtual – Guin/Dassah dives headfirst into the mysteries of the tutorial of the TheirWorld in the world of Uldarin. _______ The Series Synopsis: _______ Dassah Graydon was just another human woman looking for adventure in her life when she moved to the academic floating continent, the Enclave. But while she wanted to escape her mundane reality, she quickly discovers that her life there - with the exception of all the crazy aliens and the unusual setting - was no different than her life on Earth had been. After spending a couple of months getting used to the place, she finally got the chance to play the popular new VRMMORPG, TheirWorld. As she is drawn deeper and deeper into the game, however, she begins to realize that her in-game life is far more connected to the happenings of reality than she could have imagined. Finding herself in the middle of a conspiracy that threatens her life and the lives of the people around her, Dassah must decide whether she allows herself to be a puppet, or she finds the determination to become the master of her own fate. ____ This story is completed! If you enjoyed it, please head over to the next part of the story, Tatterskin, or to my WordPress site, Project: TheirWorld! Thank you for reading, and the support! :) ____
8 222 - In Serial125 Chapters
NINA
As a person who had always been fixated on her weekly routine, Nina felt stranded when she was dropped to the unfamiliar world below. With no other choice but to accept the help offered by a local courier business, she soon finds that the group of women she works with have a lot more to them than what meets the eye. Promised that she can return home after her contract is finished, Nina’s chaotic time at The Cloud Orchestra begins. But will she really want to leave when the time comes?
8 157 - In Serial25 Chapters
Don't Burst My Bubble
My wizardly desire is the sole piece of my soul that survived my abandonment on this mysterious world.That's fine with me.I'll become a wonderful wizard. The kind with a pointy hat, luscious beard, and powerful spells.Not possible, you say?Don't burst my bubble.-----------------------Dark Zany Adventure Comedy. Contains little swearing, no sex unless he can find the right witch, and comedic but gory bouts of violence. This may change at any time, so read at your own discretion.Enjoy.
8 242 - In Serial16 Chapters
Brothers in Arms
Danny is the son of a barkeep and drunk who just tried to stay out of the limelight. Alric the son of a knight, proud scion of a rising noble house. Alric wanted nothing more than to please his family and be an honest man. Danny wasn't quite sure what he wanted, but he knew it wasn't this. So when things go poorly for Alric, Danny senses an opportunity; together the sworn brothers embark on the path towards adventure. Hopefully the tumultuous Cyruth empire is prepared for their antics. --- This is a story about two friends (Buff Boys) and their dynamic as well as exploring a magic system that decided doing magic was for nerds and instead focused on purely the physical.
8 157 - In Serial8 Chapters
Maybe I'm Just Allergic to Joy
It's easier to dwell on hating Spike in secret. Working in the gift shop with Colette, Edgar downs all the flavors of anger before facing the taste of love. (Edgar x Colette) I don't own Brawlstars or its characters. I also don't own In The End by Linkin Park, Chopin's Revolutionary Etude, and Tartini's Devil's Trill.
8 128 - In Serial23 Chapters
Game on
"I think Y/N is pregnant with my child." he said it as if he was admitting that he had a disease.-"YOU CAN'T KEEP ME AWAY FROM MY SON!" He yelled as if he had any rights to claim my child as his.-"Then we will see what the court will say about this." He spoke angrily before walking out the house not forgetting to slam the door.
8 184

