《Devil Husband》25
Advertisement
နေ့ခင်းကြောင်တောင်မြို့လယ်ခေါင်၌ အမူပေါင်းများစွာနှင့်စွဲချက်တင်ခံထားရသည့်
သံသယတရားခံကျော်ဘုန်းပြည့်(ခ)ဂျိုး လုပ်ကြံခံရပြီး ကံကောင်းထောက်မစွာ ပုခုံးအားကျည်ရှပ်မှန်ဒဏ်ရာတစ်ခုသာရခဲ့ကြောင်း။သို့ပေမယ့် ကျော်ဘုန်းပြည့်အားလုပ်ကြံသတ်ဖြတ်ရန်ကြိုးစားရာမှအထိကရုန်း၌ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးပွဲချင်းပြီးကျည်ထိမှန်သေဆုံးခဲ့ရပြီး လေးဦးဒဏ်ရာရာ၊တစ်ဦးဒဏ်ရာအပြင်းအထန်၊ကျူးလွန်သူေသနတ်သမားအား အမြန်ဆုံးဖမ်းမိရေး အစိုးရနှင့်ရဲတပ်ဖွဲ့မှအစွမ်းကုန်ကြိုးပမ်းေနေကြာင်းသတင်းအား ရုပ်မြင်သံကြားတွင်အထပ်ထပ်လွှင့်ပြကာအရေးပေါ်သတင်းအဖြစ်ကြေညာ
နေသည်။
ထိုဖြစ်ရပ်ကြောင့် ပြည်သူအများ အိမ်အပြင်ထွက်ရမည်ကိုပင်ကြောက်ရွံကုန်ကြသည်။
လူအများအထိတ်တလန့်ဖြစ်ကုန်ကြပြီး မလုံခြုံသလိုခံစားနေကြရသည်။
ထိုဖြစ်ရပ်တွင် နောက်ဆက်တွဲအမူတွေနှင့်ပက်သက်ရာပက်သက်ေကြာင်းတို့အားမဖော်အောင် အထက်မှအကောင်ကြီးတို့က
နူတ်ပိတ်ရန်ကြိုးစားတာဖြစ်နိုင်ကြောင်း ဝိုင်းဝန်းသုံးသပ်နေကြသည်။
နေရင်းထိုင်ရင်း လက်ရုံးနှင့်ဂျိုးကကျိန်းသေအပြစ်ရှိသည်ဟုအထင်ခံနေရသည်။
စိုင်းအာကာသူလိုချင်တာမရလိုက်ပေမယ့်လဲလက်ရုံးတို့အားအပြစ်ရှိကြောင်းပိုထင်ပေါ်အောင် သက်သေပြပေးလိုက်သလိုဖြစ်သွားသည်။သူ့ရဲ့ချောက်ချမူကအတော်ပင်ထိရောက်သွားသည်။
"လက်ရုံးသုခ ဧည့်သည်လာတယ်"
ဂျိုးကိုလုပ်ကြံဖို့ကြိုးစားတဲ့ကိစ္စနဲ့ပက်သက်ပြီး သူ့ကိုပါစိတ်ပူ၍ မှာစရာရှိတာမှာဖို့ဒယ်ဒီတို့လာတာဖြစ်ကြောင်းလက်ရုံးတန်းသိသည်။
သို့သော် သူ့ဆီလာသည့် လူကိုမြင်လိုက်ရ၍ လက်ရုံး အံ့ဩခြင်းနှင့်အတူ မျက်နှာကလဲအလိုလိုတင်းမာသွားသည်။
လက်ရုံး မျက်နှာထားမာမာနှင့်ပင် ထိုင်ခုံတွင်ဝင်ထိုင်ချလိုက်သည်။
သူ့ရှေ့တည့်တည့်တွင်ရောက်နေရသည့် သေမတတ်သူလွမ်းနေသည့် မျက်နှာကိုမကြည့်ပဲ မျက်နှာတစ်ဖက်လွှဲပြီးထိုင်လိုက်သည်။
လက်ရုံး၏ အကြိုက်ဆုံးအရောင်ဖြစ်သည့်ခရမ်းရောင်ကိုသူဆင်မြန်းထားသည်။မြန်မာဆန်ဆန်ခရမ်းရောင်ရင်ဖံုးနှင့် နို့နှစ်ရောင်အသားရေလေးနှင့်ကလှချင်တိုင်းလှနေသည်။အထဲရောက်နေသည့် ကာလများအတွင်း ဆံပင်တွေလဲပိုရှည်လာသည်ထင်သည်။ပုခုံးအောက်ထိတောင်ေရာက်နှင့်ပြီဖြစ်သည့် လက်ရုံးရင်နှစ်သည်းခြာလေး၏ ဆံနွယ်များ။
ထုံးစံအတိုင်း အလယ်ခွဲဆံပင်ကေနှင့်ပနံသင့်လွန်းသည့်နဖူးကျဉ်းကျဉ်းလေး။
ထိုအမျိုးသမီး၏ ဒီမြန်မာဆန်ဆန်ပုံရိပ်လေးကိုစတွေ့ထဲကသူတမ်းတမ်းစွဲဖြစ်ခဲ့ရသည်မလား။
"ဘာလာလုပ်တာလဲ"
လေသံကမာကြောမနေသလို နူးညံ့ခြင်းလဲမရှိ။
"ရှင်ပိန်သွားတယ်"
မျက်နှာလေးချောင်ကျနေပြီးမျက်တွင်းဟောက်ပက်နှင့်ဖြစ်နေသည့်လက်ရုံးကိုကြည့်ပြီးဆိုသည်။လည်ပင်းနှင့်လက်တွေ၌လဲ ဂျပိုးကိုက်၍လားခြင်ကိုက်၍လားမသိ အဖုပိန့်တွေထနေသည်။
ဆံပင်ကလဲ အပြင်မှာလိုကော့နေအောင် လှန်တင်ထားနိုင်ခြင်းမရှိပဲ နဖူးပေါ်မှာဆံပင်တွေရစ်ဝဲနေသည်။ထိုပုံစံလေးက အသစ်အဆန်းတစ်မျိုးလေးလိုဖြစ်နေသည်
ဖရိုဖရဲဆံမြိတ်လေးက လက်ရုံးကိုချစ်ဖို့ကောင်းနေစေသည်။သို့သော် သူ့ကိုလှမ်းမြင်လိုက်ထဲကတည်တင်းသွားသောလက်ရုံးမျက်နှာကိုလဲခြယ်သတိထားမိသည်။
"အချုပ်ထဲမှာနေနေရတာလေ ဘယ်သူကစိတ်ချမ်းသာကိုယ်ကျန်းမာဝဖြိုးနေမှာလဲ"
"နေကောင်းတယ်မလား"
"မသေတော့ မသေသေဘူး"
လက်ရုံးသူ့အကျင့်အတိုင်းဘုကန့်လန့်ပြန်ဖြေသည်။ဒီလောက်မျှော်နေခဲ့ရတဲ့သူ အခုပေါ်လာပြီကိုလက်ရုံးချိုချိုသာသာမပြောဆိုနိုင်။ဆောင့်ကြီးအောင့်ကြီးနှင့်ခပ်ထေ့ထေ့ပြန်ဖြေသည်။
"ရှင့်အတွက် ဒီမှာ ထောင်ထဲမှာစားရသောက်ရတာအဆင်မပြေဘူးမလား အထားခံတာလေးတွေကြော်လှော်လာခဲ့တယ်"
ခြယ်သူကြော်လှော်ချက်ပြုတ်ပြီး ထုပ်ပိုးယူလာခဲ့သည့်များကို လက်ရုံးဘက်ကိုထိုးပေးသည်။
"မလိုဘူး ငါ့ဒယ်ဒီကအကုန်စီစဉ်ပေးထားတယ် ငါမေးတာကိုမင်းဘာလို့မဖြေတာလဲ ဒီကိုဘာလာလုပ်တာလဲလို့ ဒီသနားစာတွေဘာလို့
လာေကွျးနေတာလဲ ရှေ့လျှောက်မဆိုင်တော့ဘူးလေ မင်းပဲကွာရှင်းခွင့်တောင်းထားတယ်မလား လုပ်ချင်ရာလုပ်ပြီး ဘာလို့အခုမှလာစိတ်ပူပေးနေတာလဲ ဟမ်းး ဟမ်းး"
လက်ရုံး စားပွဲကိုလက်ဖျံနှင့်ရိုက်ချလိုက်ပြီး လေသံကနည်းနည်းကျယ်သွားသည်။
"မနေ့ကကိုကျော်ဘုန်းပြည့်သေမလိုဖြစ်သွားတာကျွန်မသိတယ် အဲ့ဒါရှင်ရောအဆင်ပြေပါ့မလားလို့လာကြည့်တာ စိတ်ပူလို့ပါ"
"အရမ်းပြေတာလေ အမူတွေကတန်းစီနေရတဲ့အထဲ အခုငါတို့ကိုအထက်ကခေါင်းဆောင်တွေက နူတ်ပိတ်ဖို့ကြံစည်နေပြီတဲ့ ငါ့ဟာနဲ့ငါတောင်ဘာဂိုဏ်းသားဖြစ်နေလဲမသိဘူး ဘာဂိုဏ်းတွေထဲေရာက်ေနလဲမသိဘူး ခေါင်းဆောင်တွေကဘယ်သူတွေလဲထုတ်ပြောရင်လျှော့ပေါ့ပေးမယ်တဲ့ ငါ့မှမသိတာ ငါကဘယ်သူလို့ဖြေရမှာလဲ အဆင်တွေတအားပြေနေတာ"
"ရှင်တို့တကယ် နိုင်ငံတော်ပုန်ကန်ဖို့ကြံစည်ခဲ့တာလား"
"မင်းရူးနေလား နိုင်ငံတော်ပုန်ကန်ဖို့နေနေသာသာငါ့အဖေကိုတောင်ငါပုန်မကန်ရဲဘူး သူတို့ပြောနေတဲ့ဂိုဏ်းသားတွေခေါင်းဆောင်တွေငါဘာတစ်ခုမှမသိဘူး ငါ့မှာမူးယစ်ရာဇာကြီးတောင်ဖြစ်လို့"
ထိုစကားကြားတော့ခြယ်ဟင့်ခနဲတစ်ချက်ရယ်သွားသည်။
"ဘာရယ်တာလဲ ငါ့ကိုလာလှောင်တာလား ပျော်နေတယ်မလား ဒီလူယုတ်မာကောင်ဒုက္ခတွင်းထဲနစ်နေတာကို ပျော်နေပါ ပျော်နေပါ"
ခြယ် လက်ရုံး မျက်နှာကိုစေ့စေ့ကြည့်ပြီး စားပွဲပေါ်တွင်တင်ထားသည့် လက်ထိပ်ခတ်ခံထားရသည့် လက်ရုံး၏လက်အားအပေါ်ကအုပ်မိုးပြီးဆုပ်ကိုင်သည်။
ထိုအပြုအမူကြောင့်လက်ရုံးနည်းနည်းအံ့အားသင့်သွားသည်။သူပဲလုပ်ချင်ရာစိတ်ကြိုက်လုပ်ခဲ့ပြီး ရုတ်တရပ်ရောက်ချလာပြီး ကြင်နာပြနေ၍လက်ရုံးဘာလုပ်လို့လုပ်ရမှန်းမသိတော့။
"လွမ်းနေတာ လက်ရုံးသုခရဲ့"
"အမ်းး ငါရောပဲ လွမ်းပါတယ် လွမ်းတယ်"
နှစ်ယောက်လုံးနေရခက်သွားကြပြီးပြောစရာစကားစပြတ်သွားကြသည်။စကားဝိုင်းခဏလောက်တိတ်ဆိတ်သွားပြီးမှ လက်ရုံးဘက်မှစ၍
"မင်းဘာပြောစရာရှိလဲ ဧည့်တွေ့ချိန်က၂၀မိနစ်ထဲနောက်၁၅မိနစ်နေရင်ငါပြန်သွားရတော့မှာ"
"ရှင်ကပြောစရာမရှိဘူးလား"
"အင် ရှိမယ်နဲ့တူတယ် အမ်းး ဟိုဟာ တောင်းပန်ပါတယ် ငါ့ကိုခွင့်လွှတ်နိုင်မလား ဒီလိုသေမထူးနေမထူးအခြေနေမှာ ဘယ်နေ့သေမလဲမသိတဲ့အချိန်မှာ ငါ့မှားခဲ့တာတွေအတွက်တောင်းပန်ချင်တယ် ငါသေသွားရင်တောင်စိတ်ဖြောင့်ဖြောင့်နဲ့ပဲသေချင်တယ် မင်းလင်ကသေလဲငရဲပဲသွားမယ့်ကောင်ဆိုပေမယ့် မင်းဆီကခွင့်လွှတ်တာကိုတော့ငါလိုချင်သေးတယ်"
လက်ရုံး တောင်းပန်တိုးလျှိုးသောလေသံဖြင့် မျက်လွှာချပြီး အောက်ကျခံသည့်မျက်နှာထားဖြင့်ပြောသည်။
"အင်း အဲ့တာပြောချင်လို့ရှင့်ဆီလာခဲ့တာ ခွင့်လွှတ်ပါတယ် ကျွန်မကရှင့်ကိုချစ်တာမလို့တစ်ကြိမ်တစ်ခါတော့ခွင့်လွှတ်ပေးကြည့်မယ် သနားလို့ ဖေဖေကပြောတယ် ချစ်ခြင်းမေတ္တာကခွင့်လွှတ်ခြင်းကိုဖန်ဆင်းတယ်တဲ့ မနေ့ကသတင်းကြားတော့ကျွန်မရှင့်ကိုတအားစိတ်ပူသွားခဲ့တာ သိရဲ့လား"
*ကျစ် ချစ်တယ်တဲ့ ဖြည်းဖြည်းသတ်လဲမင်းလင်ဒီကောင်ကသေပါတယ်ကွာ*
"ကျစ် လူလိမ် စိမ်းမြခြယ် မင်းစကားကိုလက်လွတ်စပယ်မပြောနဲ့ ငါအပြင်မှာတုန်းကလို မင်းလက်ရုံးလို့တစ်ခွန်းခေါ်လိုက်တာနဲ့အရည်ပျော်ကျသွားမယ့်ကောင်မဟုတ်တော့ဘူးကွ...မင်းကိုငါသိပ်ကြည်နေတာမဟုတ်ဘူးနော်"
"လက်ရုံး"
"ခင်ဗျာ မှားလို့.. ဘာလဲပြော"
"ကျွန်မလဲတောင်းပန်ပါတယ်နော် အဲ့ဒီအချိန်တုန်းကရှင့်ကိုနည်းနည်းလောက်ဒုက္ခပေးချင်လို့ အမူဖွင့်ခဲ့မိတာပါ ကျွန်မထင်ခဲ့တာဦးလေးကမကြာခင်ရှင့်ကို လွှတ်ပေးလို့ရမာပဲလို့ထင်ခဲ့လို့ပါ ကျွန်မကိုမချစ်တော့ဘူးလားဟင် ကျွန်မလုပ်ခဲ့မိတာကြောင့်"
လက်ရုံးမဆိုင်းမတွပင်မြခြယ်၏အမေးကိုချက်ချင်းတုံ့ပြန်သည်။
"ချစ်တယ် ဒီမှာမြခြယ် ချစ်တယ်ဆိုတာငါ့နူတ်ကထွက်ဖို့အခဲယဉ်ဆုံးစကားပဲ အဲ့စကားကိုငါမင်းကိုပြောခဲ့ပြီးပြီမလို့ရာသက်ပန်တည်တယ်"
စကားဝိုင်းခတ္တဆိတ်ငြိမ်သွားရပြန်သည်။လင်နဲ့မယားလျှာနဲ့သွားဆိုသည်တကယ်ပင်မှန်သည်။အတူရှိနေစဉ်ကတကျက်ကျက်သတ်နေကြပြီး တယောက်အပေါ်တယောက်လွန်လွန်ကျုးကျူး စိတ်ထိခိုက်အောင်၊စိတ်ဆင်းရဲအောင်လုပ်ခဲ့ကြပေမယ့် ဒီလိုသတင်းဆိုးကြားတော့လဲမယားဖြစ်သူကလဲ မာနဘေးချိတ်ပြီးလာတွေ့ရှာသည်။အချေကိုယ်တော် မာနမင်းသားကတော့ မသိရင်သူကဟိုးအစထဲကဘာအမှားမှမလုပ်ခဲ့သလို ခြယ် သူ့ကိုကွာရှင်းခွင့်တောင်းပြီး အိမ်တွင်းအကြမ်းဖက်မူနှင့်အမူဖွင့်ခဲ့သည်ကိုမကျေ၍ မချေမငံဆက်ဆံနေသည်။တကယ့်ရိုက်ပေါက်။
အပြန်အလှန်ဒုက္ခတွေပေးရင်း ကြာရင် နှစ်ယောက်လုံးအပြတ်ပြတ်နှင့် နှာခေါင်းသွေးထွက်မည့်ကိန်းရှိသည်။စောင်းကြိုးလိုမလျော့မတင်းသွားမှ သူတို့နှစ်ယောက်အခြေအနေကောင်းလာနိုင်သည်။
လက်ရုံး မရဲတရဲနှင့်ပင်ထိုမေးခွန်းကိုမေးဖြစ်အောင်တော့မေးလိုက်ဖို့အားမွေးကြည့်လိုက်သည်။သူသေချာအတည်ပြုချင်သည်။သို့သော် အငြင်းခံရမှာလဲကြောက်နေသည်။သူ့ကိုမှမရရင်ေသမှာမလို့ သိန်းနှစ်ရာနှင့် မရရအောင်အပိုင်သိမ်းပြီးသား ကိုယ့်မယားဖြစ်ပြီးသားသူဆီကအငြင်းခံရမှာပြန်ကြောက်နေရသည်။
"မြခြယ် ငါ့ကိုချစ်လား"
"ကျုပ်လင်ခင်ဗျားကိုမချစ်လို့ ဘယ်သူ့ကိုသွားချစ်ရမှာတုန်း"
လက်ရုံးပြောပြောနေကြ ခင်ဗျားလင်ကျုပ်ဆိုသည်ကို ပြောင်းပြန်ယူပြီး ကျုပ်လင်ခင်ဗျားလို့နူတ်တွက်လျှာတွက်နှင့်ပြောသွားသည့် မြခြယ်ကြောင့် လက်ရုံး အသဲတွေတူနှင့်ထုရိုက်ခံရသလို ကြွေကျကုန်သည်။
သူ့မိန်းမဆီကထိုစကားကြားလိုက်ရ၍ ခုနကတင်းမာနေသည့်မျက်နှာကြီးကလွင့်ပြယ်သွားပြီး ပါးချိုင့်တွေခွက်ဝင်သွားသည့်အထိသဘောတွေကျပြီး တဟီးဟီးဖြစ်သွားတော့သည်။
"စကားတွေတတ်တယ်နော် ခင်ဗျား ကျုပ်ရှက်တယ်ဗျ"
လက်ရုံး ပါးပြင်မှာနီရဲတက်နေပြီးဆိုသည်။
"ဟုတ်ပါပြီရှင့် ဒါနဲ့လေ လက်ရုံး ကွာရှင်းခွင့်တင်ထားတာကိုကပြန်ရုတ်သိမ်းလို့ရတယ် ဟီး အိမ်တွင်းအကြမ်းဖက်မူနဲ့အမူဖွင့်ထားမိတာကိုက ပိတ်သိမ်းပေးလို့ရလားဟင် တစ်မူလျော့လဲနည်းလား"
"အာ့တာကကိုယ်လဲမသိဘူး ရပါတယ် အမူမပိတ်ပေးလဲဖြစ်ပါတယ်ကွ
ကိုယ်ကမြခြယ်ဖွင့်တဲ့အမူဆိုရင်ဘယ်နှနှစ်ဖြစ်ဖြစ်ပျော်ပျော်ကြီးထောင်ကျခံတယ် မဆိုင်တဲ့အမူတွေကနေသာလွတ်ချင်တာပါ"
"မြခြယ်သာထောင်ကျစေချင်ရင် ကိုယ်ထောင်ထဲမှာအရိုးေဆွးရလဲဖြစ်တယ် မင်းသာ
အပြစ်ေပးချင်ရင် ကြိုးစင်တောင်ကပြီးတက်မယ့်ကောင်ပါ"
လက်ရုံးစကားကြောင့် ခြယ့်မှာဘာပြန်ပြောရမှန်းတောင်မသိ။အမူကျေအေးပေးပါမယ်ဆိုတာတောင် ပျော်ပျော်ကြီးထောင်ကျခံရဲပါသည်ဆိုသည့် ဒီလူကြောင့်ဆွံ့အသွားသည်။
လက်ရုံး အတည်ပေါက်ကြီးပြောနေကြောင်း တည်ကြည်နေသည့်လက်ရံုးမျက်နှာကအတည်ပြုပေးနေသည်။
လက်ရုံးသုခဟူသည် မြခြယ်သာအပြစ်ပေးမည်ဆိုရင် သေဒဏ်တောင်အခါခါကျခံဝံ့သည့်လူစားမျိုးဖြစ်သည်။
"ဟုတ်ပါပြီ ဘယ်သူကတော့ကိုယ့်ယောကျာ်းကိုထောင်ထဲပို့ထားချင်မတုန်း အပြစ်မရှိကြောင်းမြန်မြန်သက်သေပြပြီးထွက်လာခဲ့ပါတော့နော်"
"ဟုတ်ကဲ့"
"လက်ရုံးသုခအချိန်ပြည့်ပြီ ပြန်မယ်"
လက်ရုံး အနောက်မှာလာကပ်ရပ်သည့်အချုပ်ခန်းပြန်ခေါ်သွားရန် ရောက်လာပြီဖြစ်သည့် ရဲသားကြောင့်ချစ်ကြည်နူးတစ်တီတူးနေသည့် မောင်နှံခွဲခွာရပေတော့မည်။
လက်ရုံး ခြယ်ယူလာသည့်ထမင်းဘူးအိတ်လေးကိုရင်ခွင်ထဲထွေးပိုက်သယ်လိုက်သည်။
"ကျန်းမာရေးဂရုစိုက်နော် ထမင်းလဲအများကြီးစား စောစောအိပ် အချုပ်သားတွေနဲ့လဲရန်ဖြစ်မနေနဲ့အုန်း အဆင်ပြေအောင်နေနော် အများကြီးချစ်တာမလို့ဘာမှအဖြစ်မခံနိုင်ဘူးနော် ကျိန်းသေပေါက်ကိုယ့်ကိုကိုယ်ဂရုစိုက်ရမယ်နော်"
*အေးအေး ငါအသက်ဘယ်ကထွက်ရပါ့မလဲ ကိုယ့်မြခြယ်ရယ် စကားတွေတတ်လိုက်တာများ*
"ဟုတ်ကဲ့ပါဗျာ တာ့တာ"
အမြဲတမ်းကတ်ကတ်လန်ရန်တွေ့တတ်သည့်
ခြယ့်ထံမှဒီစကားနွဲ့နွဲ့လှလှေလးေတွကိုကြားလိုက်ရ၍ လက်ရုံးမှာပါးစပ်အဟောင်းသား။သူ့မိန်းမကတကယ့်စကားအတတ်လေးဆိုတာလက်ရုံးအခုမှသိရသည်။
အဲ့ဒီနူတ်သီးကောင်းလျှာပါးလေးကြောင့်ပင် သူထိုဟာလေးကိုချစ်မိခဲ့ခြင်းဖြစ်သည်။
လက်ရုံးတယောက် အချုပ်ခန်းပြန်ခေါ်သွားခံရသည့်စင်္ကြန်တစ်လျှောက် သူငယ်တန်းကလေးအတန်းထဲဝင်၍ အမေကိုတာတာ့ပြသလို သူ့မှာလဲ ဇက်ကြီးလိမ်၍တာ့တာလှည့်ပြရသည်မှာအချုပ်ခန်းထဲမဝင်မချင်းဖြစ်သည်။
Advertisement
***
ဆေးရုံကုတင်တွင် ပက်လက်လှဲနေပြီးညာလက်အား ကုတင်တိုင်နှင့်တွဲ၍လက်ထိပ်ခတ်ခံထား၍ ဂျိုးမှာ လွတ်လွတ်လပ်လပ်လူပ်ရှား၍မရ။ပုခုံးမှဒဏ်ရာကြောင့်လဲမလူပ်နိုင်မရှားနိုင်။ဒဏ်ရာကမပြင်းပေမယ့် ပုခုံးကတဆစ်ဆစ်ကိုက်နေသည်။မနေ့ကမျက်စိရှေ့တွင် အသက်ပျောက်သွားသည့်လူပုဂ္ဂိုလ်တို့ရဲ့ ပုံရိပ်များကလဲဂျိုးစိတ်အစဉ်တွင်လွှမ်းမိုးနေသည်။
သွေးထွက်သံယို အနိဌာရုံမြင်ကွင်းတချို့အားမျက်စိထဲကထုတ်၍မရ။
မိမိလက်ပေါ်တွင် အသက်ပျောက်သွားသော ကိုယ်ဝန်သည်အမျိုးသမီး၏မျက်နှာအား အဖန်ဖန်ပြန်လည်မြင်ယောင်နေရင်း ခြောက်ခြားနေမိသည်။
ကိုယ့်ကိုသတ်ဖို့ကြိုးစားရာမှ မဆိုင်သူတွေဆုံးရူံးခဲ့ရသည်ဆိုသောအသိကြောင့် ဂျိုးမဆီမဆိုင်အပြစ်ရှိသလိုခံစားနေမိသည်။
ထိုနေရာတွင်သူသေသွားခဲ့ရင်တောင်ပိုကောင်းအုန်းမည်ဟုဂျိုးတွေးမိသည်။
ဂျိုးစိတ်ရူပ်ထွေးစွာ တစ်ခေါင်းလုံးကိုဆွဲဖွပစ်ရင်း စိတ်ရှိလက်ရှိအော်ဟစ်လိုက်မိသည်။
"ငါသေသွားခဲ့ရမှာ အားး တခါထဲသေနတ်မှန်သွားတော့လဲ တန်းဝဋ်ကျွတ်သွားခဲ့မှာ ငါသေခဲ့ပါလားကွာ မင်းကအစထဲကမွေးဖွားမလာခဲ့သင့်တဲ့ကောင်ပဲ ကျော်ဘုန်းပြည့် ဟာကွာ"
ဂျိုးဆေးရုံခန်းအတွင်း မိမိဘဝကိုမိမိမကျေနပ်စွာအော်ဟစ်နေမိသည်။သူနေပျော်ရအောင်လဲ ဂျိုးဆိုသည့်သူ့ဘဝ၌ အဆိုးတွေသာပြည့်နှက်နေခဲ့သည်။တစ်ခါတစ်ရံဂျိုး ကိုယ့်ကိုကိုယ်သတ်သေပစ်ချင်လောက်အောင်စိတ်ဓာတ်တွေကျသည့်အခိုက်အတန့်တွေရှိခဲ့ဖူးသည်။
တစ်ချိန်ချိန်တော့ ကံကောင်းခြင်းတွေသူ့ထံရောက်လာမည်ဟူသော မျှော်လင့်ချက်လေးကသူ့ကိုအသက်ဆက်စေခဲ့သည်။
အခုလို လုပ်ကြံခံရအောင်ကလဲသူဘယ်သူ့အပေါ်ဘာတွေများလုပ်မိခဲ့လို့လဲ။
"ကျွီ"
တံခါးဖွင့်သံကြားသော်လဲဂျိုးမျက်လုံးကိုပင့်မကြည့်။ရှိရင်းစွဲအတိုင်းမျက်လွှာကိုအောက်ချထားပြီး ကြမ်းပြင်ကိုသာတသွေမတိမ်းစိုက်ကြည့်သည်။ဂျိုး မြင်လွှာထဲသို့ တိုးဝင်လွှာသည့် အဖြူရောင်ရှူးဖိနပ်ထိပ်လေး။
ဂျိုးတဖြည်းဖြည်းချင်း မျက်လုံးလှန်ကြည့်မိသည်။နှစ်ယောက်မရှိတဲ့အပြုံးလှလှလေးနဲ့ သွားတန်းလေးတွေပေါ်အောင်ပြုံးပြနေသည့်ကလေးလေး။ရယ်လိုက်တိုင်းမြုပ်ဝင်သွားသည့်မျက်လုံးလေးများနှင့်နှစ်လိုဖွယ်ရာပြုံးပြနေသည်။
တီရှပ်အဖြူပွပွကြီးထဲမှာလူကောင်သေးသေးလေးကမြုပ်နေပြီး အမဲရောင်ဘောင်းဘီတိုလေးကြောင့် ပေါင်တံဖြူဖြူစင်းစင်းလေးတွေကလဲအထင်းသားပေါ်နေသည့်လဲ့လွင်။
"ကလေးလေး ဒီကိုဘယ်လိုရောက်နေတာလဲ"
ဂျိုး အံ့ဩနေသည့်ဟန်နှင့်မျက်လုံးအဝိုင်းသားဖြင့်မေးသည်။
လဲ့လွင်အလိုမကျစွာ မျက်လုံးဝေ့ဝိုက်ပြပြီး လက်ထဲပါလာသည့်ချိုင့်ကို ဂျိုးလှဲနေသည့်ကုတင်ပေါ်ဆောင့်ချသည်။သူကိုယ်တိုင်လဲ ဂျိုးလှဲနေသည့် ပေါင်ရင်းနေရာလေးပေါ်သို့စေွ့ကနဲ ခုတ်တက်ထိုင်သည်။
ဂျိုးသူ့ပေါင်နားတွင်ကပ်ထိုင်နေသည့် လဲ့လွင်ကြောင့် ဂျိုးလှဲနေရာမှ ထထိုင်လိုက်မိေတာ့သည်။
ဒီကလေးမဟုတ်သူငယ်မဟုတ်လေးက ရဲရဲတင်းတင်းပူးကပ်လာထိုင်ပြီး အသားချင်းထိကပ်မိသွား၍ ဂျိုးမှာရင်တထိတ်ထိတ်။
လလေးလုံးက သူ့ကိုသူယောကျာ်းလေးဟုသတ်မှတ်ထားပြီး ယောကျာ်းလေးတွေနှင့်တစ်သက်လုံးအနီးကပ်ပေါင်းသင်းလာ၍ ဒီလိုနှစ်ေယာက်ထဲရှိသည့်အေခြေနမှာ အရွယ်ရောက်ပြီးသားအမျိုးသားေဘးကို ရဲရဲတင်းတင်းကပ်နေမိတာဖြစ်မည်ဟု ဂျိုးတွေးမိသည်။
"အဲ့ဒီကလေးလေး ကလေးလေးလို့မခေါ်ပါနဲ့လို့ဘယ်နှခါပြောရမလဲ ဒီလူကတော့ ကျစ်"
"ဟုတ်ပါပြီဗျာ ခင်ဗျားလေးမခေါ်ပါနဲ့ဆို ကျွန်တော်မျိုးမခေါ်တော့ပါဘူးဗျာ လဲ့လွင်လေး ဘယ်လိုရောက်လာတာလဲ"
"အာ့က ဟိုဟာ ကျွန်တော့်ဖေဖေကဒီဆေးရုံကခွဲစိတ်ဆရာဝန်လေ ခင်ဗျားမနေ့ကကိစ္စကြားပြီး ဖေဖေအလုပ်လုပ်တဲ့ဆေးရုံမှာပဲဆိုတော့ကျွန်တော်လဲပျင်းလို့လာကြည့်တာ"
လဲ့လွင် ဝေ့လည်ကြောင်ပတ်နှင့် ဂျိုးကိုစိတ်ပူ၍လာသည်ဆိုသည်ကိုဝန်မခံပဲ အဖေ့အလုပ်ကိုလျှောက်အကြောင်းပြသည်။
"ကိုယ်မင်းကိုအရမ်းလွမ်းနေတာ ကိုယ့်ဆီလာပေးလို့ကျေးဇူးပါ"
"အရမ်းလွမ်းနေလို့ပဲနော် ကျွန်တော်ခင်ဗျားကိုဆေး၁ ဝန်းထဲကမောင်းထုတ်လိုက်ပြီးထဲကပေါ်ကိုမလာခဲ့ပဲနဲ့များ ဇွဲမရှိဘူးလား "
သူ့ဆီထပ်မလာ၍စိတ်ဆိုးသလိုဆူပူသလိုပြောဆိုနေသည့််ထိုကလေးအားဂျိုးသဘောကျစွာပြုံးမိသည်။
သူပဲမလာနဲ့ဆိုလို့မသွားတဲ့ဟာကို။
"ဟောဗျာ မင်းပဲကိုယ့်မျက်နှာကိုမမြင်ချင်ဘူးဆို အာ့ကြောင့်မင်းနောက်လျှောက်မလိုက်တော့တာလေ ပြီးတော့အချုပ်ထဲရောက်လာတာလဲပါတယ်"
"ဒါပေမဲ့ လာရမယ်လေ လာရမယ် ကျစ် ထားပါ ထားပါခင်ဗျားဘယ်လိုနေလဲဒဏ်ရာက"
ဂျိုးရှိရာဘက်ခြမ်းသို့လဲ့လွင်ရုတ်တရပ်မျက်နှာလှည့်လိုက်ရာ တစ်ကုတင်တွင်တူတူထိုင်နေကြသည့် အနေအထားကြောင့် လဲ့လွင်နှင့်ဂျိုးမျက်နှာချင်းနီးကပ်နေပြီး မျက်လုံးချင်းဆုံကြည့်နေသည့် အခြေအနေကြောင့် ဂျိုး၏ရင်တစ်ခုလုံးတဒိတ်ဒိတ်။လဲ့လွင်ကတော့ပုံမှန်အတိုင်းပင်။
"ဟောဗျာ လူအိုကြီး ဘယ်လိုနေလဲလို့"
"ကိုယ်လား ပုခုံးအောင့်နေတယ် ဒဏ်ရာကတဆစ်ဆစ်ကိုက်နေရော"
"ပြကြည့်လေ ကျွန်တော်လဲအတွေ့ကြုံရအောင်ကြည့်ချင်တယ်"
လဲ့လွင် ဆေးကျောင်းသားတို့သဘာဝလူနာ၏ဒဏ်ရာအားစူးစမ်းကြည့်ချင်သည် လေ့လာချင်သည်။ကုတင်ပေါ်မှဆင်းပြီးထရပ်လိုက်သည်။
"ဟိုဟာ ကိုယ်ကလှန်ပြရမှာလား"
"ဟမ်းး လှန်ပြရမှာပေါ့ အကျီလက်ပြောတာနော် စကားကိုအနှောင့်သွားလွတ်အောင်ပြော ဟင်းဟင်း"
"အဟက်ဟက် ဟုတ်ပါပြီကွာ"
ဂျိုး ကိုယ်တိုင်တောင်မသိလိုက်ခင်မှာပင်ထိုကလေးလေးကြောင့် ပြုံးရယ်မိသွားသည်။
ဒီလိုအခြေနေမျိုးမှာတောင် ဒီဟာလေးကသူ့ကို ရယ်ပြုံးအောင်လုပ်ပေးနိုင်တဲ့ရွှင်လန်းခြင်းဓာတ်ငယ်လေး။
"ဒီမှာပါ ဒဏ်ရာကသိပ်မနက်ပါဘူး"
ဂျိုး တီရှပ်လက်တိုကိုဝတ်ဆင်ထား၍ အကျီလက်ကိုလက်မောင်းမှခေါက်တင်ပြီး ပုခုံးမှ
ပတ်တီစီးထားသောဒဏ်ရာအားပြသည်။
"ပတ်တီးကြီးနဲ့ကို ကျွန်တော်ကဒဏ်ရာကိုမြင်ချင်တာ"
"အေးပေါ့ကွ ပတ်တီးစီးမထားရင်ကိုယ့်အနာကြီးကဟောင်းလောင်းကြီးဖြစ်နေမှာပေါ့ ဆရာဝန်ဖြစ်မယ့်သူကလဲကွာ "
"ဟီးဟီး မေ့သွားလိုပါဗျ"
သွားဖုံးလေးတွေပေါ်အောင်ထိ လဲ့လွင်ရှက်ပြုံးလေးပြုံးပြပြီး သူ့ဟာသူခေါင်းလေးအားဖွဖွကုပ်သည်။ဂျိုး ထိုအပြုံးလေးအား မျက်တောင်မခပ်စတမ်းငေးမောပြီး မျက်ဝန်းလွှာတို့တွင် မှတ်တမ်းတင်သိမ်းဆည်းနေမိသည်။
"ကိုက်တာကဒီနေရာတွေလား ယောင်နေလားမသိဘူး"
လဲ့လွင် ပက်တီးပေါ်မှဂျိုးပုခုံးနေရာအား ထိုးဖိကြည့်ပြီး မျက်လုံးအဝိုင်းသားလေးနှင့် မမြင်ဖူးမတွေ့ဖူးသည့်အရာကိုတအံ့တဩဖြစ်နေသည့်ကလေးလေးလိုလိုက်စူးစမ်းနေသည်။
မသိရင်တကယ့်ဒေါက်တာလေးလို။
မျက်တောင်တစ်ချပ်ခပ်လိုက်တိုင်း ကော့ညွှတ်ရှည်လျားသည့် မျက်တောင်ရှည်တို့ကဖျပ်ခနဲ ဖျပ်ခနဲပင်။
မိမိပုခုံးမှဒဏ်ရာအားစူးစမ်းကြည့်နေသည့် ထိုကလေးလေးအား ဂျိုးစောင်းငဲ့ပြီးတစိမ့်စိမ့်ငေးမိသည်။
🎶ရင်ခုန်သံမင်းနားကြပ်လေးနဲ့နားထောင်ပါအုန်း ဆေးကျောင်းသားမောင့်ရဲ့အချစ်ရယ် မောင့်လာကုပေး🎶
🎵အမည်မဖော်တဲ့ရောဂါတစ်ခုလိုကြပ်သိပ်ပြီးမွန်းနေ မင်းလေးအချစ်ဆေးသစ်လေးနဲ့မောင်လာကုပေး🎶
ဂျိုး ခင်မောင်ထူး၏မောင့်ဆေးကျောင်းသူသီချင်းအား မကြားတကြားပြံုးစိစိဖြင့်ထဆိုသည်။
"ဟ ခင်ဗျားဒီလောက်ကံကောင်းလို့မသေတာကိုတောင် စနေနောက်နေနိုင်သေးတယ်နော် ဂျိုးရယ် အံ့ဩပ"
"အယ် အယ် ကြည့်စမ်း လူကြီးကိုဘယ်လိုခေါ်လိုက်တာလဲ ဂျိုးဟုတ်လား မင်းထက်7နှစ်ကြီးတယ်ကွ"
"အာ့တာဆိုဘယ်လိုခေါ်ရမှာလဲ ဦးလေးကြီးလို့ခေါ်ရမှာလား"
ဂျိုး ပြုံးစိစိဖြင့်လဲ့လွင်မျက်နှာအားစေ့စေ့ကြည့်ပြီး
"ဂျိုးရှေ့မှာ ကိုကိုထည့်လိုက် ကိုကိုဂျိုးလို့ခေါ်"
ဂျိုး တမင်ကိုကိုဂျိုးဆိုသည့်နေရာမှာလေသံကိုမတရားဖိပြောပြီး မြူဆွယ်သည့်လေသံနှင့်ပြောသည်။
"တယ် ခင်ဗျား တကယ်ပါပဲဗျာ ကျစ် ကံကောင်းလို့မသေတာကိုတောင် သနားချင်စိတ်ပါပျောက်တယ် နေပါအုန်း ဒါနဲ့ခင်ဗျားနာမည်က ကျော်ဘုန်းပြည့်လား ဂျိုးလား"
"နှစ်ခုလုံးပဲလေ ကျော်ဘုန်းပြည့်ကမိဘတွေပေးခဲ့တာ ဂျိုးဆိုတာကကိုယ့်ရဲ့ဆရာစိုးနိူင်မွေးထုတ်ပေးခဲ့တာ ကျေးဇူးပြုပြီးကိုယ့်ကိုဂျိုးလို့ပဲခေါ်ပေးပါလား ဟိုနာမည်ကကိုယ်နဲ့မသက်ဆိုင်သလိုပဲ"
"ဗျာ ဟုတ်ပါပြီ တီဗီမှာခင်ဗျားပုံကြီးနဲ့ကျော်ဘုန်းပြည့်ဆိုတော့ ကျွန်တော့်မှာလူတွေပါမှားတယ်"
ထိုစကားကြောင့် ဂျိုးပြုံရိပ်ယောင်လေးသမ်းသွားသည်။
လဲ့လွင် ဝင်လာတုန်းကကုတင်ပေါ်မှာချလိုက်သည့် သူယူလာသည့်ထမင်းချိုင့်ကိုလှမ်းယူပြီးအဖုံးဖွင့်ဇွန်းတပ်သည်။
"ကျွန်တော်ခင်ဗျားအတွက်ဆန်ပြုတ်ယူလာခဲ့တယ် အားရှိအောင်သောက်ရမယ်နော် ကျွန်တော်ခွံ့ပေးပါ့မယ် အသားတွေမစားနဲ့အုန်းနော်အနာရင်းမယ်"
"ဟင့်အင်း မစားချင်ဘူး ကိုယ်ဆန်ပြုတ်မကြိုက်ဘူး ရွံစရာကြီးအန်ဗတ်တွေနဲ့တူတယ် မလုပ်ပါနဲ့"
"အဲ့ဒါဆိုဘာကြိုက်တာလဲ"
"မင်းကို"
လဲ့လွင် ဆန်ပြုတ်တစ်ဇွန်းခပ်ပြီးအမြန်ဂျိုးပါးစပ်ထဲထိုးထည့်လိုက်သည်။ဂျိုးထွေးထုတ်မည်အလုပ် သူ့ကိုချစ်ရင်စားရမည်ဟူသောစကားနှင့်အပီချုပ်လေသည်။
"ကျွန်တော့်ကိုချစ်ရင် ဒီဆန်ပြုတ်တစ်ချိုင့်ကုန်အောင်စား"
"ဟာ ဟုတ်ကဲ့ပါဗျာ ကြိတ်မှိတ်မြိုချပါ့မယ်
လဲ့လွင်သဘော လဲ့လွင်သဘော"
"အားး ပါးစပ်ဟ"
"မင်းကိုချစ်လို့နော် ကိုယ်ကမင်းသာကျွေးရင်အဆိပ်တောင်စားမှာ"
ဂျိုး လဲ့လွင်ခွံ့ကျွေးသော ဆန်ပြုတ်ကိုအောင့်အီးသည်းခံပြီး တစ်ချိုင့်မကုန်ကုန်အောင်စားရသည်။တစ်ချိုင့်လုံးပြောင်သလင်းခါသွားမှ ထိုကလေးကသူယူလာတာကို အကုန်ကုန်အောင်စား၍ ပြုံးရယ်ပြီးအားရဝမ်းသာနေသည်။
ဂျိုးမှာတော့ ဆန်ပြုတ်ကိုအန်မထွက်အောင်မနည်းထိန်းထားရသည်။
ဒီကလေးစိတ်တိုင်းကျဖို့ဆိုရင် ဆန်ပြုတ်မပြောနဲ့ အန်ဗက်တွေထိုးကျွေးရင်တောင် ဂျိုးတို့ကမြိုပြီးသားပင်ဖြစ်သည်။
***
ဖုန်းScreenပေါ်ရှိ ဝိုးတဝါးဓာတ်ပုံအား လက်ရုံးအနီးကပ်ဆွဲကြည့်ရင်း အသေချာအာရုံစူးစိုက်နေသည်။ဟိုးအရင်နှစ်တွေဆီကသူ့မှတ်ညဏ်တို့အားပြန်အသက်ဝင်စေသည်။
မနေ့က ခေါင်းမိုးထပ်ပေါ်ရှိ စီစီတီဗီကင်မရာမှမှတ်တမ်းတင်ထားနိုင်ခဲ့သည့် သေနတ်သမားရဲ့တစ်ပိုင်းတစ်စပုံ။ထိုလူကပါးနပ်သည်။ထို
အဆောက်အဦးခေါင်းမိုးထပ်ရှိ စီစီတီဗီကင်မရာတို့အား စပရေးဖြင့်ဖျန်း၍သူ့ပုံရိပ်အားလက်စဖျောက်ပစ်သည်။
အဆောက်အဦးကလဲ အခုမှအသစ်ဆောက်ပြီးခါစဆိုတော့ လုံခြုံရေးကင်မရာများနေရာအနှံ့တွင်မတပ်ရသေးပင်။
ဒီဝိုးတဝါးပုံရိပ်တစ်စရသည်ကိုပင်ကံကောင်းသည်ပြောရမည်။
"ခန့်မှန်းမိတာရှိလား ထိမ်ချန်မထားပဲပြောပါ မင်းတို့နဲ့ရန်ငြိုးရှိတဲ့သူထဲကများဖြစ်မလား"
ဒုရဲအုပ်၏စကားကိုလက်ရုံးခေါင်းငြိမ့်ပြလိုက်သည်။ဖုန်း screenေပါ်ရှိ ဓာတ်ပုံထဲမှလူ၏လည်ပင်းနေရာကိုထိုးပြသည်။
မြွေဟောက်ပုံစံတက်တူးလေးဖြစ်သည်။
"စိုင်းအာကာ ကျွန်တော်သိသလောက်ကအဲ့ေမြွတက်တူးကိုလည်ပင်းမှာရှိတာသူပဲရှိတယ် အသားကလဲငစိုင်းလိုညိုစိမ့်စိမ့်ပဲ အမှန်တကယ်သာငစိုင်းဖြစ်နေရင် ဂျိုးမလွယ်ဘူး"
"စိုင်းအာကာဟုတ်လား စိုင်းအာကာဆိုတာဘယ်သူလဲ"
#ParadiseKhin
ကိုယ်မနေ့နေ့လယ်ထဲကupမလို့ဘေမရှိလို့ပါ။မီးကတော့ယူတို့သိတဲ့အတိုင်းပါ။
Zawgyi
နေသည်။
ထိုဖြစ်ရပ်တွင် နောက်ဆက်တွဲအမူတွေနှင့်ပက်သက်ရာပက်သက်ကြောင်းတို့အားမဖော်အောင် အထက်မှအကောင်ကြီးတို့က
Advertisement
- In Serial1176 Chapters
The Daily Life Of The Immortal King
As a cultivation genius who has achieved a new realm every two years since he was a year old, Wang Ling is a near-invincible existence with prowess far beyond his control. But now that he’s sixteen, he faces his greatest battle yet – Senior High School. With one challenge after another popping up, his plans for a low-key high school life seem further and further away…
8 1080 - In Serial105 Chapters
I am a Big Villain
Yan Chu, the protagonist, transmigrated into myriad of worlds, completing one mission after another.
8 924 - In Serial10 Chapters
When It Rains, It Pours
A train of thought compendium.I have them every now and then. Or to be more accurate, they have me. One offs. Shorts. Tales. Parables. Fables. And other weird things. This line has no schedule. No track number. No set destination. Sometimes it's an El. At other times, a space shuttle, taxi, caravan or fast moving treadmill. And every now and then it's a subway passing through underground caverns, littered with cobwebs. These sporadic ideas pop into my head at the weirdest of times. Some end in the middle. Some end with a fizzle. Some end with a bang.
8 190 - In Serial32 Chapters
Warden of Success - A LitRPG
In the future of Earth humans are no longer the dominant species. Monsters, vampires, elves and all manners of otherworldly threats now threaten the planet and its people. And for one such as Camille, there was nothing she could do. A failed martial artist, Camille swallowed her pride and dreams, all the while sinking into the world of video games. Until she died. Reawakening with newfound power in her very own bed, there's no doubting that she's an oddity. And as the only individual in the world with the body of a video game character, she's ecstatic. No longer will she just be content with playing games in her dark room, taking over fantasy worlds as a great heroine. Rather, she'll do something better. And that'll be to take over the real one instead. Whether it be mages, demons or other supernatural entities that stand in her way, it doesn't matter. Camille may be a level one at first, but dammit if she wasn't going to try to reach one hundred. This is not a crunchy LitRPG and gradually becomes more of a character driven story that just happens to have a main character with LitRPG abilities. There will be a variety of powers/abilities that are explored later in the setting involving magic systems and other technological advancements. The first 10 chapters were written with satirical undertones, but begin to develop more into its own entity after that.
8 177 - In Serial8 Chapters
Bloody Grass
Dorian had an accident, a stupid one at that, and he died. He thought it was the end, that only darkness awaited him. That was until he woke up, in a room full of babies, Orochimaru of the Sannin inspecting every newborn, to see his potential new recruits, that he knew his life was going to go from bad to worse. (Cover is what I picture Dorian/Jin to look like when he'll be 15, It doesn't come from me, the character on it is from Tokyo Raven, a nice anime that I enjoyed watching)
8 74 - In Serial10 Chapters
Anti-Martial Academy: PRiSMA Saga (LN)
{A crossover based on a Visual Novel still in the works called ‘PRiSMA’, and heavily inspired by the Light Novel called ‘Anti-Magic Academy’. Thus, the plot and events are reminiscent of the latter.} The denizens of the underworld, Anima and long forgotten Martial Artists of the Murim, both allied with each other to fight humanity. Their attacks almost caused the fledgling Magi to become extinct. When heroes appeared to fight off the invading forces, the ‘First World Ender War’ finally came to a conclusion. In the stalemate that followed, the new Magi went through a technological revolution. In the current era of peace, the Anti-Martial Academy was made to fight off those Martial Artists infiltrating the Earthland Domain. In the present, the ‘Red Queen’ was demoted back into the Academy. Forced to join the ‘Support Squad’, a team of outcasts who can’t fight even to save their lives, the one most uncomfortable became Fritz Lazrik, the leader that seemed too much like a pushover. Wielding a MagiPen in hand, he has the small hope of being able to beat the ‘monster’ joining them. The start of their legend begins...————I have posted this on other sites.
8 89