《Devil Husband》24
Advertisement
ရေခဲစိမ်ထားသည့် ဘီယာကိုစိမ်ပြေနပြေ တစ်ကျိုက်ချင်းမော့ချရင်း စိုင်းအာကာ လောကစည်းစိမ်ကိုခံစားနေသည်။တစ်ခွက်ကုန်တိုင်း အနားရှိဘီယာပုလင်းထဲကအရည်များကို အဆက်မပြတ်ငှဲ့ချနေတာပုလင်းတစ်ဝက်ရောက်နေလေပြီ။အပြင်းတကာ့အပြင်းဆုံးတို့ကိုမှီဝဲလာသူဖြစ်၍ ဒီဘီယာလောက်နှင့်တော့စိုင်းမတိုးတော့။စိုင်း ဘီယာခွက်ကိုညာလက်ကကိုင်ရင်း ဘယ်လက်က မိမိညားပါးစောင်ကိုလက်နဲ့ပြန်ကိုင်တွယ်ကြည့်နေမိသည်။
ရေချိုးကန်ထဲရှိ ဆပ်ပြာအမြုပ်များဖြင့်မိမိခန္ဓာကိုယ်ကိုစိတ်တိုင်းကျပွတ်သပ်ရင်းစိတ်တိုင်းကျရေချိုးသန့်စင်နေသည်။
အောက်ပိုင်းတွင်တဘက်အဖြူတစ်ထည်သာပတ်ထားပြီး ရင်ဘက်ပေါ်တွင်ရေစက်ရေပေါက်တို့တွဲလဲခိုနေသည်။ရေရွှဲနေသည့် ဆံသားတို့ကိုသပ်ရင်း ကိုယ်လုံးပေါ်မှန်၌မြင်နေရသည့် မိမိပုံရိပ်ကိုမိမိ စိုင်းငေးကြည့်နေမိသည်။
မျက်ခုံးမွှေးများကို အလှရိတ်ထားပြီး ဘယ်ဘက်နားရွက်တွင် နားပေါက်လေးပေါက်တန်းစီဖောက်ထားပြီး အနက်ရောင်နားကပ်သေးသေးလေးတွေကိုအစီအရီဝတ်ထားသည်။
နူတ်ခမ်းတွင်လဲငွေရောင်စတီးကွင်းကိုအလှဖောက်တပ်ထားသည်။လည်တိုင်တစ်လျှောက် တက်တူးတွေကအပြည့်။တက်တူးတစ်ခုချင်းစီတိုင်းမှာ အဓိပ္ပာယ်ကိုယ်စီရှိသည်။ကျောပြင်တစ်ခုလုံးရော ရင်ဘက်မှာရော ခန္ဓာကိုယ်အပေါ််ပိုင်းအပြည့် မိမိအသားနာခံပြီး ထိုလက်ရာတို့ကိုကိုယ်ပေါ်ရေးဆွဲစေခဲ့တာ စံအဓိပ္ပာယ်သတ်မှတ်ချက်ကတော့ကျိန်းသေရှိသည်။
လက်မောင်းကနေလက်ဖျံအထိလဲတက်တူးတွေနေရာလွတ်မရှိ။စိုင်းကတက်တူးခရေစီလို့ပြောလို့ရသည်။အရွယ်မျိုးစုံ ပုံစံမျိုးစုံနှင့်တက်တူးတို့ဖြင့်စိုင်းခန္ဓာကိုယ်အေပါ်ပိုင်းကိုဖုံးလွမ်းထားသည်။ဘယ်ဘက်နားထင်ခြမ်းတွင်လဲ တက်တူးသေးသေးလေးတွေနှင့် မျက်နှာပေါ်ထိတက်တူးထိုးထားသေးသည်။စိုင်းမျက်နှာကချောသည့်ဘက်ကိုမသွား။အမြဲရန်လိုနေသည့် မျက်လုံးအကြည့်စူးရဲရဲတို့ကြောင့် စိုင်းမျက်နှာကလူယုတ်မာရုပ်ပေါက်နေသည်။သို့သော် ကြည့်ကောင်းသည်လို့တော့ဆိုနိူင်သည်။မကျဉ်းမကျယ် နဖူးနှင့် အမြဲလိုလို ဟိုတစ်စဒီတစ်စအလှရိတ်ထားလေ့ရှိသည့် စိုင်းရဲ့
ဇင်ေယာ်ေတာင်မျက်ခုံးမွှေး။စိုင်းရဲ့ဆွဲဆောင်မူအရှိဆုံး အစိတ်အပိုင်းကိုပြပါဆိုလျှင် မျက်လုံးဖြစ်သည်။
စိုင်းမျက်လုံးကထူးခြားသည်။မျက်ဆံနက်နက်နှင့်ကျယ်ပြန့်သည့်မျက်ရစ်တို့ကစိုင်းမျက်လံုးတို့အေပါ်ကဆီးမိုးထားသည်။မျက်လံုးကအနည်းငယ်ေမှးစင်းေနသလိုရှိေပမယ့် ပြီးပြည့်စုံပြီးအတော်ညို့ယူအားရှိသည်။
အများစုကတော့ စိတ်မပါလက်မပါသလိုမှေးစင်းနေ၍ ဘိန်းစားမျက်လုံးလို့ကဲ့ရဲ့ကြပေမယ့် စိုင်းမူးယစ်ဆေးမစွဲခင် ဟိုးငယ်ငယ်လေးထဲကထိုမျက်လုံးတို့ကစိုင်းရဲ့မူပိုင်။မပွင့်တပွင့်မျက်လုံးတစ်စုံပေါ်မှာ သက်တန့်တစ်စင်းလို အုပ်မိုးထားသည့်မျက်ရစ်တို့ကမိန်းကလေးရူံးလောက်သည်။စိုင်းမျက်ရစ်တို့ကနှစ်ရစ်ထပ်နေပြီး ကိုရီးယားမင်းသားလီဒုံဝုလို မျက်ရစ်ပုံစံမျိုးဖြစ်သည်။စိုင်းမျက်လုံးနှင့်မျက်ရစ်ကအတော့်ကိုပနံသင့်သည်။
စိုင်းနှာခေါင်းကပံုမှန်ထက်အနည်းငယ်ကြီးသော်လဲ အရမ်းကြီးကြည့်ရမဆိုးချေ။နှာတံချွန်ချွန်နှင့် နှာခေါင်းလုံးကြီးကြီးက စိုင်းမျက်နှာအချိုးအစားနှင့်လိုက်သည်။စိုင်းမျက်နှာအချိုးအစားက မြန်မာအမျိုးသားတွေရှိလေ့ရှိထရှိသည့်လေးထောင့်ကျကျမျက်နှာကျမျိုးကိုမှ မေးရိုးကားကားနှင့်ဖြစ်သည်။ညာဘက်နားထင်နှင့်ပါးစောင်ခြမ်းတလျှောက် စွဲထင်နေသည့်ချုပ်ရာတချို့နှင့်ချိုင့်ခွက်အမာရွတ်ကြောင့် စိုင်းကိုညာဘက်
ရူေထာင့်မှဘေးတိုက်ကြည့်ရင်အကျည်းတန်လွန်းသည်။ဘယ်ဘက်အနေအထားနှင့် ရှေ့တည့်တည့်မှငေးကြည့်သည့်အခါမျိုးဆို စိုင်းအာကာကသိပ်ကိုဆွဲဆောင်မူရှိသည်။
စိုင်းဗီရိုထဲမှ တီရှပ်အမဲရောင်ကိုဆွဲယူလိုက်သည်။ဗီရိုအတွင်းရှိအဝတ်စားမှန်သမျှကလဲအမဲကြီးသက်သက်ပင် အရောင်အသွေးမရှိ။စိုင်း ထိုအမဲရောင်တီရှပ်လက်ရှည်ကို ဆင်မြန်းလိုက်ကာ ကြယ်သီးကိုအလုံးစေ့မတပ်ပဲ ရင်ဘက်ပေါ်ရှိ ကြယ်သီးနှစ်လုံးကိုချန်လှပ်ထားခဲ့၍ စိုင်း၏ တက်တူးအပြည့်ဖြင့်ရင်ခွင်တစ်စုံအား လစ်လှပ်ပြထားသလိုဖြစ်နေသည်။
ထုံးစံအတိုင်း ဘောင်းဘီကိုလဲစတိုင်ပန့်အမဲရောင်ကိုသာရွေးချယ်ထားသည်။တီရှပ်လက်ရှည်ရှိဘယ်ဘက်ကိုတော့ခေါက်တင်ထားပြီး ညာဘက်ကိုတော့ခေါက်တင်ထားခြင်းမရှိပေ။အကျီလက်ကိုတစ်ဖက်ထဲခေါက်တင်ပြီးစတိုင်ထုတ်ထားသေးသည်။ခေါက်တင်ထားသောအကျီလက်ကြောင့် စိုင်းရဲ့တက်တူးအပြည့်ဖြင့်သွေးကြောတွေထင်းနေသည့်လက်ဖျံကိုအလှပြထားသလိုပင်။
"စိုင်းအာကာပြန်လာပြီ ဟင်း"
ဟွန်းလားဟင်းလားမှန်းရခက်သည့်ရယ်သံတစ်ခုပြုပြီး မကြာခင်အမဲလိုက်တော့မည့်ခြင်္သေ့မင်းလိုကြွေးကြော်သွားသည်။
စိုင်းအာကာပြန်လာလေပြီ။စိုင်း စောင့်ဆိုင်းရသည်ကိုခုံမင်သည်။အချိန်တစ်ခုစောင့်ဆိုင်းပြီးနောက်မှာတော့ တဖန်သူ့အလှည့်ပြန်ရောက်လာပြီလေ။သူစိ်တ်ရှည်ရှည်စောင့်ဆိုင်းလာခဲ့ရသည့် အချိန်တစ်ခုအပြီးမှာ စောင့်ရကျိုးနပ်စွာ သူအောင်မြင်နိုင်မည်လော။သူတဖန်ထပ်ရူံးနိမ့်ရအုန်းမည်လော။မရေရာမသေချာသည့်ကစားပွဲတစ်ခု။စိုင်းဒီတစ်ခုလေးကိုပဲ အမြဲလိုချင်တောင့်တခဲ့တာပါ။ဒီတစ်ခုလေးပါ။သူ့ဘဝမှာအမြဲလိုချင်တောင့်တနေခဲ့မိတာ ဂျိုးဆိုတဲ့ကောင်ရဲ့သေခြင်းတရား။သူလောဘကြီးသွားသလား။စိုင်း ဂျိုးကိုအသေသတ်ပစ်ချင်ရုံပါ ကျန်တာတွေသူဘာမှမလိုချင်ပါဘူး။
စိုင်းစီးကရက်ကိုပါးစပ်မှာငုံခဲ၍ ဘောင်းဘီအိတ်ထဲမှမီးခြစ်ကိုနိူက်ကာ ဆေးလိပ်မီးညှိလိုက်သည်။
စိုင်းလက်ထောက်ကအသင့်တံခါးဖွင့်ပေးထားသည့် ကားအတွင်းသို့အလိုက်သင့်ဝင်ထိုင်လိုက်သည်။
ကားရှေ့မှန်တွင်မြင်နေရသည့် မိမိမျက်လုံးကိုမိမိ စိုင်းပြန်ငေးကြည့်သည်။
"ကိုစိုင်း ပျော်နေလား"
"အွန်အွန်း"
အပြုံးအရယ်ရှားပါးလွန်းသည့် စိုင်းမျက်နှာတွင်ပြုံးရိပ်ယောင်သမ်းသွားသည်။
နူတ်ခမ်းတို့ကွေးတက်သွားပြီး ပါးစပ်မှစီးကရက်အငွေ့တို့ကိုမူတ်ထုပ်သည်။
"ကိုစိုင်း ပျော်နေမှာပေါ့ ဒီနေ့ရောက်ဖို့အကြာကြီးစောင့်လာရတာ"
"အင်း ဒီနေ့ကျုပ်ရဲ့အောင်ပွဲပဲ"
"ကံကောင်းပါစေ"
12ထပ်တိုက် အပေါ်ဆုံးခေါင်မိုးထပ်တွင် ကျည်ဖြည့်ရင်းစိုင်းပါးစပ်ကိုနားရွက်ချိတ်မတတ် ဟက်ဟက်ပက်ပက်ကိုပြုံးရယ်နေသည်။
အဝေးကြည့်မှန်ပြောင်းကို ဝရံတာလက်ရန်းမှာထောက်တင်ပြီး စိုင်းကကြမ်းပြင်မှာမုဆိုးဒူးထောက်အနေအထားနှင့်နေရာယူထားသည်။
မှန်ပြောင်းနှင့် ထိုတစ်နေရာထဲကိုသာတစ်စိုက်မတ်မတ်ချိန်ထားပြီး သူ့ပစ်မှတ်ကထိုတစ်နေရာထဲ။အပေါ်ဆီးမှေန၍ပစ်ကွင်းကရှင်းလင်းနေသော်လဲ သူ့သားကောင်လာမည့်လမ်းမှာဆီးပိတ်ကာနေမည့် သတင်းသမားစာနယ်ဇင်းတွေကြောင့် ပစ်မှတ်ချော်သွားနိုင်သည်။
"ဖာ့ခ် အရှေ့ကနေပိတ်ကာနေတယ်ကွာ ဂန့်ချင်နေကြပြီနဲ့တူတယ် ငါကတော့ထိချင်တဲ့သူထိပဲ ပစ်ကိုပစ်မှာ"
စိုင်းသူ့အကျင့်အတိုင်း ဖာ့ခ်ဟုဆဲရေးကာ အလိုမကျစွာမတ်တပ်ထရပ်လိုက်သည်။
"ကိုစိုင်းကရွှေလက်လေ ပစ်မှတ်လွဲခဲပါတယ်"
စိုင်း တုန်ရင်နေသည့်သူ့လက်ကိုတဆတ်ဆတ်ခါပြသည်။ဒီနေ့ကျမှစိတ်လူပ်ရှားလို့လား သုံးနေကျဆေးကိုအချိန်မှန်မသုံးရသေး၍လားမသိ တုန်ရင်နေသည့်စိုင်းခြေဖျားလက်ဖျားတွေ။
"စိတ်အေးအေးထားပါ အဲ့လိုစိတ်လူပ်ရှားနေရင်ပစ်မှတ်လွဲသွားမယ်"
"ငါ့အချိန်ရောက်တော့မယ် ဘယ်ကောင်ပဲပိတ်နေနေစိုင်းအာကာဆိုတဲ့ငါကစောက်ဂရုမစိုက်ဘူး ငါပစ်ကိုပစ်မှာ သေကံပါတဲ့သူအထိပဲ"
စိုင်း ပြတ်ပြတ်သားသားစကားဆိုကာ သေနတ်ထောက်ထားသည့် နေရာတွင်တစ်ဖန်ပြန်ဒူးတစ်ဖက်ထောက်ချလိုက်သည်။
မှန်ေပြာင်းမြင်ကွင်းမှာ ပေါ်မလာနိုင်သေးတဲ့ သားကောင်ကိုသူစိတ်မရှည်စွာစောင့်နေမိသည်။လက်ညိုးလေးကွေးချလိုက်ရတော့မည့်အချိန်ကိုအမြန်ရောက်ချင်လှပြီ။
.
.
"ကျော်ဘုန်းပြည့် ကျော်ဘုန်းပြည့်"
ဂျိုး အချိုးမကျသည့်ပုဆိုးကိုပြင်ဝတ်ရင်း သူနှင့်မရင်းနှီးသည့်နာမ်စားကိုခေါ်သံကြားရသည်။
ထူးထူးဆန်းဆန်းသူမပြန်မထူးမိ။သူဒီနာမနဲ့သူဝေးကွာနေခဲ့တာ ဘယ်လောက်ကြာပြီလဲ။
စကားမပီကလာနှင့် သွားပိုးစားနေသည့်အပေါ်သွားတန်းလေးများဖြင့်ငါးနှစ်သားအရွယ်ထဲက မိဘနှစ်ပါးဆီက သူတို့ပေးခဲ့တဲ့ဒီနာမည်လှလှလေးနှင့်စွန့်ပစ်ခံခဲ့ရသည်။ဒီနာမည်လေးတစ်ခုထဲနှင့် သူ့ကိုချန်ထားရစ်ခဲ့ကြသည်။
ဘဝတစ်သက်လုံးစာအတွက်ချန်ထားရစ်ခဲ့သည့်တစ်သက်တာလက်ဆောင်ပေါ့ ဒီနာမည်က။
"ကျော်ဘုန်းပြည့်"
အချုပ်ခန်းသံတိုင်တို့ကိုလက်ဆွဲတုတ်နှင့်ရိုက်ပြီး ဂျိုးကိုလာခေါ်သည့် ရဲသားထံမှာအော်သံထွက်လာသည်။
"ကျော်ဘုန်းပြည့် မင်းနားလေးနေလား ခေါ်ရင်ပြန်ထူးလေ မင်းနာမည်ကျော်ဘုန်းပြည့်မဟုတ်ဘူးလား"
"ဗျာ ဟုတ်ပါတယ်ဗျ ကျော်ဘုန်းပြည့်ပါ"
"ဘာေကျာ်ဘုန်းပြည့်လဲ မတန်မရာ ဂျိုးက
ဂျိုးေပါ့ ဟားဟား"
အချုပ်ခန်းနံရံမှာကျောမှီရင်းပစ်လဲနေသည့် လက်ရုံးကဝင်နောက်လေသည်။
လက်ရုံးအတွက်လဲ ဒီနာမည်ကအစိမ်းသက်သက်ပင်။ဂျိုးဆိုသည်ကိုလက်ရံုးပိုသဘောကျသည်။ရိုးရှင်းသည် တစ်လုံးထဲနှင့်လှသည်။
"အဆင်သင့်ဖြစ်ရင်သွားမယ် အချုပ်ကားစောင့်နေပြီ"
"ဟုတ်ကဲ့ ပြီးပါပြီဗျအဝတ်စားလဲပြီးပါပြီ"
"အဟက်ဟက် လူ့ယဉ်ကျေးလေးပါလား ဟုတ်ကဲ့တဲ့ စောက်ကြောက်"
ပြောင်လှောင်နေသော လက်ရုံးကိုဂျိုး ဂရုစိုက်မနေတော့ပဲ အချုပ်ခန်းအပြင်ကိုလှမ်းလာလိုက်တော့သည်။ဒီနေ့ကဂျိုးအမူအတွက်ပထမဆုံးရုံးချိန်း။ပထမဆုံးအကြိမ်မလို့ ဂျိုးအနည်းငယ်ရင်တုန်နေသည်။သူတရားခွင်ကိုတစ်ကြိမ်မှ မရောက်ဖူး။သူ့ရှေ့နေကတော့ ဘယ်လိုဘယ်ပုံပြောရဖြေရမလဲသင်ပေးထားပေမယ့် ဂျိုးအမှားလုပ်မိမှာကြောက်နေသည်။
လက်ရုံးလဲ ဂျိုးအချုပ်ခန်းအပြင်ဘက်ရောက်သွားတော့လှဲနေရာမှထရပ်လိုက်သည်။
"ဘာမှစိုးရိမ်မနေနဲ့ ငါ့ကောင် တရားသူကြီးဘာမေးမေး မင်းဖြေချင်သလိုသာဖြေ စိတ်ထဲထားမနေနဲ့ မင်းအမူကဘယ်လိုဖြစ်ဖြစ်သေဒဏ်ပဲ မျှော်လင့်ချက်မရှိဘူး ရုံးချိန်းလဲမကယ်နိုင်ဘူး သားကြီးရာ ဟားဟား"
အကောင်းမှတ်လို့နားထောင်နေတာ မဦးမချွတ်စကားကဆိုပြန်သည်။သူပြောတာနားထောင်ပြီး ဂျိုးတယောက်လဲအားတွေအပြည့်ဝရသွားလောက်မှာပါ။အားရေလာက်စရာအားပေးစကားတွေဖြစ်သည်။
ဂျိုး လက်ရုံးကိုခွန်းတုံ့ပြန်ချင်နေပေမယ့် ရဲသားမှ သွားမယ်ဟုဆိုကာ လက်ထိပ်ခတ်၍ ဆွဲခေါ်သွား၍ ပြောချိန်မရလိုက်။
ဂျိုး ခရမ်းရောင်ပုဆိုးကွက်နှင့် တီရှပ်အမဲလက်ရှည်ကိုဝတ်ဆင်ထားသည်။သေချာဖီးသင်ထားခြင်းမပြုရ၍ ဆံပင်တို့ကခပ်ပွယောင်းယောင်းပင်ဖြင့်အနောက်ကိုလှန်တင်ထားသည်။အချုပ်ထဲရောက်နေ၍ ညှပ်ခြင်းမပြုရသည့်ဆံပင်တို့ကလဲရှိရင်းစွဲထက်ရှည်နေလေပြီ။
တန်းဆက်နေသော မျက်ခုံးမွှေးနက်နက်တို့ကတွန့်ချိုးနေသည်။
မျက်မှောင်ကြုံ့ထားရှိ နဖူး၌တွန့်ချိုးရာအရေးအကြောင်းတို့ကလဲထင်းနေသည်။
အောက်စိုက်ထားသည့်ဂျိုးမျက်ဝန်းလွှာတို့တွင် စိုးထိတ်ခြင်းတို့ဖုံးလွှမ်းနေသည်။
ရဲစခန်းအဝကိုခြေချလိုက်သည်နှင့် ဂျိုးရှိရာတို့အတင်းပြေးကပ်လာကြသည့်သတင်းထောက်များ။ထုံးစံအတိုင်းတယောက်တပေါက်မေးခွန်းတို့ကို ပွတ်လောရိုက်အောင်မေးကြလေတော့သည်။
တနိုင်ငံလုံးဟိုးလေးတကျော်ကျော်ဖြစ်နေသည့် အမူကြီး၏တွဲဆက်တရားခံသဖြစ်လဲ လက်ရုံးသုခ၏ သက်တော်စောင့်ဖြစ်သူ ကျော်ဘုန်းပြည့်၏ပထမဆုံးရုံးချိန်းဖြစ်၍ သတင်းယူရန်လာရောက်စောင့်ဆိုင်းနေသူသတင်းထောက်ထုကြီးကလဲများပြားလှသည်။
"ဖယ်မယ် ဖယ်မယ် အနားမကပ်နဲ့"
ဂျိုးကိုလက်မောင်းရင်းတစ်ဖက်ဆီကချုပ်ခေါ်လာသည့်ရဲသားတို့က ဂျိုးအနားသို့ကပ်လာကြ
သည့်စာနယ်ဇင်းတွေကိုတွန်းဖယ်ပစ်နေသည်။
"ကိုကျော်ဘုန်းပြည့် ကိုကျော်ဘုန်းပြည့် ဘာကြောင့်နိုင်ငံတော်ကိုပုန်ကန်ဖို့ကိုအားပေးကူညီခဲ့တာလဲ"
"မုဒိန်းမူနဲ့ထောင်ကျဖူးတယ်ဆိုတာအမှန်လား ကိုကျော်ဘုန်းပြည့်"
"ဗျာ"
ဂျိုး သူ့ရှေ့ကိုမိုက်အတင်းထိုးပြီးမေးလာသည့်မေးခွန်းကြောင့် လန့်ဖျန့်သွားသည်။
မုဒိန်းမူနှင့်ထောင်ကျခဲ့ဖူးသည်တဲ့။ဂျိုးဘဝမှာ မိန်းကလေးလက်ေလးတောင်မထိရဲမကိုင်ရဲခဲ့တာ မုဒိန်းမူနှင့်ထောင်ကျခဲ့ဖူးလားဆိုသည့်အမေးကြောင့် ဂျိုးမှာရယ်ရခက်ငိုရခက်။
သတင်းသမားတွေဆိုတာပေါက်ကရအခြေအမြစ်မရှိသည့်မေးခွန်းတွေမေးတတ်သည်ဆိုပေမယ့် ဒီတစ်ခုကတော့တော်တော်လွန်လွန်ကျူးကျူး။
မိန်းကလေးတင်ပါးကိုတောင်ရှက်လို့လိုက်မငမ်းရဲသည့် ဂျိုးလိုလူစားမျိုးကိုမှမုဒိန်းမူဆိုတော့ ငိုအားထက်ရယ်အားသန်နေသည်။
"ဟုတ်ပါသလား"
"ဗျာ မဟုတ်တာတွေ ကျွန်တော်မလုပ်ဖူးပါဘူး မုဒိန်းမူမလုပ်ဖူးပါဘူးဗျာ ကောလဟာလပါ"
ဂျိုး ခေါင်းတွင်တွင်ခါရမ်းပြပြီး အကြောက်အကန်ငြင်းပါသည်။
"သူတို့ကိုအာရုံစိုက်မနေနဲ့ကောင်လေး သူတို့ကပေါက်ကရတွေပဲမေးတာ ဂရုစိုက်မနေနဲ့ သူတို့မေးသမျှဖြေနေရင်ရူးပါသွားမယ်"
ဂျိုးနားနားကပ်ပြီး ညာဘက်ကရဲသားကထိုသို့ပြောသည်။ဂျိုးခေါင်းသာပြန်ငြိမ့်ပြလိုက်သည်။
ဂျိုး တိုက်မြင့်တွေပေါ်သို့လိုက်မော့ကြည့်နေမိသည်။စိတ်ထဲတွင် တယောက်ယောက်ကမိမိကိုစောင့်ကြည့်နေသည်ဟုခံစားရ၍ တိုက်မြင့်ကြီးတွေပေါ်သို့လိုက်ငေးကြည့်နေသည်။
ဂျိုးစိတ်ထဲတမျိုးကြီးဖြစ်နေသည်။
"ဖာ့ခ် အရှေ့ကလာပိတ်နေတယ်ကွာ အချုပ်ကားပေါ်တက်သွားတော့မယ် ကျစ် ဟာကွာ ဒုက္ခပဲ"
Advertisement
စိုင်း သေနတ်ပြောင်းချိန်ရွယ်ထားသည့်ဂျိုးရှေ့၌ အဆက်မပြတ်ရွေ့လျားနေပြီး အရှေ့ကပိတ်ကာသလိုဖြစ်နေသည့် လူစုကြောင့်လိုရင်းမရောက်၍ ဒေါသထောင်းထောင်းထနေသည်။
ဂျိုး အချုပ်ကားခြေနင်းကိုခြေတစ်ဖက်နင်းတက်လိုက်၍ စိုင်းအာကာစိတ်တို့ထူပူသွားသည်။
ကားထွက်သွားရင် ခဲလေသမျှသဲရေကျရမည့်အဖြစ်။
*မဖြစ်ဘူး အချုပ်ကားပေါ်တက်သွားရင်သူလွတ်သွားမှာ မရဘူး မရဘူး ဒီကောင်ဒီနေ့သေမှဖြစ်မယ်*
နောက်ထပ်အခွင့်အရေးတွေရှိကောင်းရှိနိုင်သော်ငြားလဲ သူကတော့ဒီနေ့ဂျိုးသေမှကိုဖြစ်မည်။ဂျိုးသေတာကိုလိုချင်သည်။
စိုင်းပြတ်ပြတ်သားသား လက်ညိုးလေးကွေးချလိုက်တော့သည်။
သူချိန်ရွယ်ခဲ့သည်က ဂျိုး၏ေခါင်းတည့်တည့်။ သို့သော် ဂျိုးကအချုပ်ကားေပါ်တက်ရန်ေခြလှမ်းပြင်ေနရင်း လှမ်းမတက်တော့ပဲ ခြေထောက်ပြန်ချပြီးအောက်ဆင်းလိုက်၍ ပစ်ချက်ကေခါင်းနားမှရှပ်၍လွဲေချာ်ကာ ဂျိုးလက်လှမ်းကိုင်ထားသော အချုပ်ကားသံတန်းကိုကျည်ဆန်ကသွားမှန်သည်။
"ဒိုင်းးး"
"ဖာ့ခ် လွဲသွားပြီ သေပြီ"
စိုင်း မိမိပစ်ချက်လွဲသွား၍ အာမေဍိတ်သံပြုမိသွားသည်။ထိုပစ်ချက်သာ တည့်သွားရင် ခေါင်းပွင့်ပြီး ဂျိုးထိုနေရာမှာပွဲချင်းပြီးမှာဖြစ်၍ စိုင်းအာကာနှမြော၍မဆုံး။တောက်တစ်ချက် ပြင်းပြင်းေခါက်လိုက်သည်။
သူ့အတွက်ကတော့ဂျိုးကိုဒီနေ့ခေါင်းမပွင့်ပွင့်အောင်ပစ်မှာ။ဦးနှောက်တွေထွက်ကာ ကတ္တရာလမ်းပေါ်မှာလဲကျနေမည့်ထိုကောင့်အလောင်းကိုစိုင်းအရသာခံပြီးကြည့်ချင်သည်။
"အားး ပြေးကြ ပြေးကြ"
"အမြန်ပြေးကြတော့"
သေနတ်ဖြင့်ပထမတစ်ချက်ပစ်ဖောက်လိုက်၍ လူအုပ်ကြီးလဲရုန်းရင်းဆန်ခက်ဖြစ်ကုန်သည်။လန့်ဖျန့့်ပြီးပြေးမိပြေးရာပြေးကုန်ကြသည်။ထိုနေရာက လူအုပ်ကမနည်း၍ လူစုကလွယ်လွယ်မကွဲ။စုပြုံနေကြသေးသည်။တယောက်နှင့်တယောက်တွန်းတိုက်ပြေးကြ၍ တချို့တွေပစ်လဲနေကြသည်။
သူတို့ပြေး၍မြင်ကွင်းကပိုရူပ်သွား၍ စိုင်းဒေါပွကာမြင်သမျှကိုရမ်းတန်းပစ်တော့သည်။သေနတ်သံတဒိုင်းဒိုင်းကြောင့်် မြို့ပြကြီးတောင်တုန်ခါသွားသလိုပင်။
"ကဲကွာ ကဲကွာ"
"ဒိုင်းး ဒိုင်းး ဒိုင်းး ဒိုင်းး ဒိုင်းး"
စိုင်း ပစ်မိပစ်ရာကိုလွှဲရမ်းပစ်ပါတော့သည်။အချုပ်ကားဧ။်ဘေးနံရံနှင့်ကွယ်၍ ပလက်ဖောင်းအနားတွင်ဝပ်နေသည့်ဂျိုးဆီသို့ချိန်ရွယ်ပြီးအဆက်မပြတ်ပစ်ေနသောကျည်ဆန်တို့သည် ဂျိုးကိုမထိ။အချုပ်ကားနံရံတို့ကိုသာသွားသွားမှန်သည်။
"ဟာကွာ သေကြစမ်း အကုန်သေကြ ကဲကွာ"
"ဒိုင်းး ဒိုင်းး ဒိုင်းး ဒိုင်းး "
"အားး"
ကျည်ဆန်တစ်တောင့်သည် ဂျိုး၏ပုခုံးကိုလာထိမှန်သည်။မိမိဝပ်နေသည့်နေရာကိုသာ ကျည်ချက်တို့လာလာထိမှန်နေ၍ မိမိကိုချိန်ရွယ်ပြီးပစ်နေမှန်းဂျိုးမှန်းဆမိသည်။
ကျည်ဆန်လာရာနေရာကိုလဲ ဂျိုးမော့ကြည့်လိုက်သည်။ ခပ်လှမ်းလှမ်းမှ အထပ်မြင့်တိုက်ခေါင်မိုးထပ်မှကျည်ဆန်လာရာဖြစ်သည်။
"ကိုစိုင်း တော်တော့ မဆိုင်တဲ့လူတွေထိကုန်ကြပြီ တော်ပါတော့"
"အကုန်သေပါစေကွာ ငါ$ဂရုမစိုက်ဘူး"
"ကိုစိုင်းပစ်နေတာရဲစခန်းရှေ့ကိုနော် သူတို့လဲကျည်ဆန်လာရာကိုမှန်းမိနေလောက်ပါပြီဗျာ ပြေးမှဖြစ်တော့မယ် ခဏနေရဲတွေထွက်လာရင်မှီမှာမဟုတ်တော့ဘူး လာပါ ကိုစိုင်း ရဲတွေလဲဒီကကျည်ဆန်လာေနတာမှန်းမိလောက်ပြီ မြန်မြန်ပြေးရအောင် ကိုစိုင်း လာပါ"
"ဖာ့ခ် ပွဲမပြီးသေးဘူး ဟာကွာ"
စိုင်း ထောက်ထားသည့်ရိုင်ဖယ်အားဆွဲယူကာမြန်မြန်ခေါင်မိုးထပ်မှပြေးဆင်းရတော့သည်။ရဲတွေမရောက်လာခင်အမြန်လွတ်အောင်ပြေးရပေတော့မည်။
12ထပ်တိုက်မြေညီကို ဓာတ်လှေကားနှင့်အမြန်ဆင်းလားပြီး ကားပါကင်ရှိကားကိုထုတ်ယူကာထွက်ပြေးလွတ်မြောက်သွားသည်။
"မင်းကအသက်ပြင်းတာပဲ ဂျိုး ပွဲမပြီးသေးပါဘူးကွာ"
"ကယ်ကြပါဦးရှင် ကယ်ကြပါ"
အသံဆဲသွားသည့်သေနတ်သံများအပြီး လမ်းမပေါ်၌ကင်မရာနှင့်အမျိုးသမီးတစ်ဦးလဲကျကာငြီးတွားနေသည့်အသံ။ဂျိုးလဲ ပုခုံးကိုကျည်ဆန်သင့်ထားပေမယ့် ထိုအမျိုးသမီးကိုကြည့်ဖို့အပြေးထလာတော့သည်။
ကိုယ်ဝန်လနုသေး၍ထင်သည်။ဗိုက်ကေဖာင်းကားဆူထွက်မနေပေ။
လမ်းမထက်၌လဲမြင်မကောင်း။သွေးတွေစီးဆင်းနေသည့် ကတ္တရာလမ်းပေါ်ပစ်လဲနေသည့် လူနှစ်ယောက်။
တစ်ယောက်ကေခါင်းကြီးပင်ပွင့်ထွက်ကာ ဦးနှောက်တွေကဟိုတစ်စဒီတစ်စ။
ဂျိုး ယိုင်လဲနေသည့်ထိုအမျိုးသမီးကိုအပြေးကြည့်တော့ ဗိုက်ပေါက်ထွက်ကာအူတွေပင်မြင်နေရသည်။
"ကယ်ပါရှင် ကယ်ပါ ကျွန်မမှာကလေးနဲ့"
"ကျွန်တော်ကယ်မယ် ခဏလေး ခဏလေး လာကြပါအုန်း လာကြပါ"
ဂျိုး ထိုအမျိုးသမီးကိုဆွဲထူမဖို့ကြိုးစားသည်။အမျိုးသမီး ဗိုက်မှဒဏ်ရာမှသွေးများဒရဟောစီးကျလာတော့သည်။ဂျိုး ဒဏ်ရာကိုလက်နှင့်ဖိပေးထားရင်း နူတ်မှလဲ
"အားတင်းထားပါ ကျွန်တော်ကယ်ပေးပါ့မယ် ခဏလေးပါ ခဏလေးအားတင်းထားပါ"
"ကျွန်..ကျွန်..မမရတော့ဘူး ကလေး..ကို ကယ်..ပေး"
ထိုကိုယ်ဝန်ေဆာင်အမျိုးသမီးစကားမဆုံးခင်ပါးစပ်မှသွေးများ အန်ထွက်ပြီး ဂျိုးလက်ပေါ်မှာတင်အသက်ပျောက်သွားသည်။
ဂျိုး ထိုအမျိုးသမီးခန္ဓာကိုယ်ကိုအတင်းလူပ်နိူးသည်။
"မသေပါနဲ့ မသေပါနဲ့ ကျွန်တော်ကယ်ပေးမှာလေဗျာ ပြန်ထလာပေးပါ အားးဟားး ဟင့်ဟင့် မသေပါနဲ့"
ဂျိုး မိမိလက်ပေါ်တွင်အသက်ပျောက်သွားသည့်ကိုယ်ဝန်သည်အမျိုးသမီးကိုအတင်းလူပ်နိူးပြီး စိတ်မထိန်းနိုင်ကာအော်ဟစ်ငိုယိုမိတော့သည်။
ထိုအမျိုးသမီးဗိုက်ထဲက ဘာအပြစ်မှမရှိသေးသည့်ကလေးက လောကကြီးထဲမရောက်ခင်ကွယ်ပျောက်သွားရသည်။
"မသေပါနဲ့ အားးဟားးဟင့် အားးး မ..သေ..ပါ..နဲ့ ဗျာ အားး"
လမ်းမထက်တွင်လဲ အနိဌာရုံတို့ကမြင်မကောင်းရူမကောင်း။အသက်ပျောက်နေသည့် လမ်းလည်ခေါင်မှလူသေလောင်းနှစ်လောင်းနှင့်။အချုပ်ကား ဘယ်ဘက်မှာဆန့်ဆန့်ကြီးေသနေသည့်ဂျိုးကိုခေါ်ထုတ်လာသည့် ရဲသားအလောင်း။ပလက်ေဖာင်းေပါ်မှ သွေးထွက်သံယိုနှင့်ဒဏ်ရာရသူတချို့။
မြို့လည်ခေါင်မှာရမ်းကားခဲ့သည့် သေနတ်သမားကြောင့် လမ်းမထက်၌သွေးချောင်းစီးခဲ့ရသည်။သူ့ရဲ့လူမဆန်သည့်ရမ်းတမ်းပစ်ခတ်မူကြောင့် ဘဝတွေဆုံးပါးခဲ့ရသည်။
ခဏချင်းဖြစ်ပျက်သွားသည့် အရာရာကိုစခန်းအတွင်းမှေပြးထွက်လာသည့်ရဲသားေတွနှင့်ဒုရဲအုပ်မယုံကြည်နိုင်စွာကြည့်ရင်း ဒုရဲအုပ်တောက်တစ်ချက်ပြင်းပြင်းခေါက်လိုက်သည်။
"အဲ့ဒီကောင်ကိုေမြလှန်ရမယ်ဆိုရင်ေတာင်မိအောင်ဖမ်းမယ် ရဲတင်းလိုက်တာ တောက်"
#ParadiseKhin
စိုင်းအာကာမျက်ခုံးမွှေးကဒီလိုပုံစံလေးပါ။စိုင်းကို ဒီမော်ဒယ်လေးကိုinspiredယူပြီးပုံဖော်ထားတာပါ။စိုင်းကအဲ့မော်ဒယ်လေးလိုပုံစံလေးပါ။
Zawgyi
Advertisement
- In Serial105 Chapters
Magic Monsters Money
Key Godfre Tanner is just your everyday normal guy, or supposed to be when one morning, he woke up with a news from his mother that he isn't a normal human, but a magician that came from another world and an arictocrat. By his mother's wish, he has to attend an academy for magicians in the other world called 'Marzenthura'.By fate's unexpected twist, he suddenly becomes the enemy of the Gods and branded as a heretic. Now, he must travel in order to find a way to retaliate against those gods.Will he be able to survive with that world's Gods against him? !Warning!*Genre changes along the way**Confusion in the story is inevitable**First few chapters are boring and stupid AF**Author is Playful with readers**Best to ignore common logic in this.**You'll hate 1-6**This warning is Stupid*
8 158 - In Serial19 Chapters
What Lurks Within
Lanna knows to avoid the cities. Armed to the teeth with robots, weapons, and advanced machinery, they promised death to someone like her. But the backwater hamlets and towns that still ran on wind and water mills and horse-drawn wagons still pose their own risks when you're hiding a terrible truth. Shackled by a past she can't escape and a history built on blood and lies, a young woman with a dark secret lurking within works herself to the bone to barter passage across the sea to a home she's all but forgotten. But time is running out to find that safe haven before her truth is discovered and she's slaughtered for it.
8 150 - In Serial19 Chapters
The Last Transmutator
Transmutators - beings with unimaginable power who use the power of the mind to Transmutate the world around them to their liking. Beings who can polymorph the world around them to fit their needs - and their desires. The Transmutation War left the world ravaged and deformed, an utterly chaotic world left with no two mountains alike nor a plain kilometric space. Both Transmutators died at the end of the war, but power... power never truly dies. Through centuries, the Transmutators' legacy survived, living in hiding as to not wreak havoc on the world again. A young Transmutator, the now only member of the family line, thinks he has what is needed to become a hero and break the stereotype people have of the Transmutators. But, if he is to overcome the challenges the hateful world of Gartaena has to offer, he will have to fully master the Transmutation, or die trying. Fiction completed
8 69 - In Serial14 Chapters
Wisdom And Wolf
When I was twenty one I bought my first motorcycle. My only motorcycle. A Harley Davidson XLX, Sportster. Her name is Rohdindae, it comes from the Silmarillion and loosely translates to Horse of the Silent Shadows. This two wheeled mare, of iron and steel, was my sole means of transportation for almost 5 years. Rain, sleet, snow, or hundred degree heat, it didn't matter, I was in the saddle. We went all over this side of the Mississippi together. To places long forgotten by progress or filled to their capacity with humanity. Interesting word humanity, it means all off human kind in one definition, generosity and compassion in another. How often these two definitions are at bitter odds with the other, is something to be seen. These words are a mash up. Tales of the road. The people I met, stories I listened to, and the loves I saw grow, all find themselves here, mixed within these pages. From Maine to Mobile and all the places in between, where people still, somehow, cling on to the good fight. The only fight worth fighting.
8 132 - In Serial7 Chapters
The Enchantments(Volume One)
In the city of Sector Seventeen magic and science work hand and hand to change it from the ground up. Creatures thought to be made up from nightmares and fairy tales are all real as any human. Living. Breathing. Dying. Born a human but now confined in a body made from the newest tech and ancient incantations Suki can't help but see the irony in the world's advancements. Discrimination against the inhuman kind is at large and no one seems to care. As a student of a prestigious military she's forced to look the other way when these things happen. However when met face to face with these attacks will Suki and her two companions a semi psychotic shifter cousin and a witch with tricks up her sleeve be able to stand tall and fight for what's right? (Updates Every two weeks) (the author would like to note that she is renaming all chapters currently to fit the new arc names and is rewriting first three chapters.) EDIT: Indefinite Hiatus
8 127 - In Serial44 Chapters
Harry Potter memes
Just a book of memes I found abou Harry Potter!!!! Totally weird and randomm!!!
8 267