《Devil Husband》21
Advertisement
"ဒင်းဒေါင် ဒင်းဒေါင် ဒင်းဒေါင်"
မနက်စောစောစီးစီးအဆက်မပြတ်မြည်နေသည့် အိမ်ရှေ့လူခေါ်ဘဲလ်ကြောင့်လက်ရုံးနဲ့ခြယ်တယောက်မျက်နှာတယောက်ကြည့်မိလိုက်ကြသည်။သူတို့ဆီဘယ်သူမှလဲမလာတတ်ပေ။အထူးသဖြင့်ဒီလိုမနက်ေခြာက်နာရီခွဲအချိန်မှာပေါ့။နှစ်ယောက်လုံးအိမ်ရှေ့တံခါးဆီလျှောက်သွားကြသည်။လက်ရုံး ချောင်းကြည့်ပေါက်ကနေဘယ်သူမှန်းကြည့်ကြည့်သည်။
လက်ရုံး အနည်းငယ်တော့ထိတ်လန့်သွားသည်။
သို့သော် သူဒီတလောဘာဆိုဘာမှမလုပ်ထားတော့အပြစ်ကင်းသည်ဆိုသည့် ယုံကြည်ချက်လေးနှင့်တံခါးဖွင့်ပေးလိုက်သည်။
"မင်္ဂလာပါခင်ဗျ"
"ဟုတ်ကဲ့ မင်္ဂလာပါ"
ရဲသားငါးဦးနှင့်အရပ်ဝတ်အရပ်စားဖြင့် လူတစ်ဦးကွန်ဒိုအတွင်းသို့ဝင်လာကြပြီး ဦးထုပ်ချွတ်ပြပြီးနူတ်ဆက်ကြသည်။လက်ရုံးလဲပုံမှန်သဘောရိုးနှင့်ပြန်နူတ်ဆက်လိုက်သည်။
ထိုရဲငါးဦးထဲမှ ရာထူးအကြီးဆုံးလို့ထင်ရသူ ယူနီဖောင်းသန့်သန့်ပြန့်ပြန့်နှင့်ရဲက တစ်စုံတစ်ခုကိုထောင်ပြသည်။သူပြတာကိုလက်ရုံးသေချာမကြည့်လိုက်မိ။ဝရမ်းဖြစ်ဖို့များသည်။
"မနေ့ညကခင်ဗျားသက်တော်စောင့်ရဲ့ကားထဲမှာ မူးယစ်ဆေးဝါးတချို့နဲ့တရားမဝင်လက်နက်ခဲယမ်းအမြောက်အများရှာတွေ့ပါတယ် သူ့ကိုလဲထိန်းသိမ်းထားပါတယ် ကားကခင်ဗျားအပိုင်မလို့ ခင်ဗျားကိုလဲစစ်ဆေးရပါမယ် ကျွန်တော်တို့မှာရှာဖွေခွင့်ဝရမ်းပါပါတယ် အသာတကြည်ရှာဖွေခွင့်ပေးပါ"
"ဗျာ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကျွန်တော်ဘာဆိုဘာမှမသိဘူး သေချာတာကတော့ခင်ဗျားတို့ကြိုက်သလောက်ရှာလဲဘာမှတွေ့မှာမဟုတ်ဘူး ကျွန်တော်ဘယ်သူမှန်းခင်ဗျားတို့မသိကြဘူးလား ပြီးတော့ခင်ဗျားတို့ဘယ်စခန်းကလဲကျုပ်ခင်ဗျားတို့ကိုမမြင်ဖူးဘူး"
"ကျွန်တော်တို့ကတော့တာဝန်အရရှာဖွေရမှာပါပဲ ကိုလက်ရုံး"
ပြောပြောဆိုဆိုနှင့်ထိုရဲတစ်စုက ကွန်ဒိုအတွင်းရှိပရိဘောဂတချို့ကိုမှောက်ချပစ် လှန်လှောပြီးစရှာဖွေကြတော့သည်။နံရံကပ်ဗီရိုအတွင်းရှိပန်းအိုးတွေကိုယူဆွဲချပြီးနေရာအနှံ့ရှာဖွေကြသည်။
စာအုပ်စင်ပေါ်ကစာအုပ်တချို့ကိုဆွဲချလိုက်သည့်အခေါက်မှာတော့လက်ရုံးငြိမ်ခံမနေတော့။ထိုရဲ၏လက်ကောက်ဝတ်ကိုဆောင့်ဆွဲချပစ်လိုက်သည်။
"ကျုပ်ပစ္စည်းတွေကိုရိုရိုသေသေကိုင်စမ်း ပစ္စည်းတစ်ခုတန်ဖိုးကခင်ဗျားတစ်မျိုးလုံးကိုနဖားကြိုးထိုးထားလို့ရတယ် ကျုပ်အိမ်မှာကျုပ်ပစ္စည်းတွေကိုမွှေရဲရအောင်ကျုပ်ကိုဘယ်သူထင်နေလဲ အခုချက်ချင်းကျုပ်အိမ်ထဲကထွက်သွားကြစမ်း မရှိတဲ့ဟာကိုဆက်ရှာမနေကြနဲ့ ထွက်သွား"
"ကျွန်တော်တို့ကလဲကိုယ်လုပ်စရာရှိတာလုပ်ရမှာပဲ ဒါဝတ္တရားနှောင့်ယှက်မူနော်ကိုလက်ရုံး ငြိမ်နေလိုက်ပါ"
"ဟ ကြောက်လိုက်တာ ခင်ဗျားတို့ဘာတစ်ခုမှရှာမတွေ့ရင်ကျုပ်အကြောင်းသိမယ် အဟက်"
လက်ရုံးခပ်ဟဟလှောင်ရယ်လိုက်သည်။ဒီလူတွေကသူ့ကိုဘယ်သူထင်လို့လာထိပါးနေရတာလဲ။ကိုယ့်အိမ်ကိုယ့်ရာကိုလာပြီးမွှေနှောက်ရဲလောက်အောင်ရဲတင်းနေကြပြီလား။
လက်ရုံးအခုအခြေအနေကိုဘာတစ်ခုမှလိုက်မမှီနိုင်။ဂျိုးကဘယ်လိုအကြောင်းကြောင့်မူးယစ်
ဆေးတွေနှင့်လက်နက်ခဲယမ်းတွေနှင့်အထိန်းသိမ်းခံနေရတာလဲ။လက်ရုံးဘာတစ်ခုမှနားမလည်နိုင်တော့။ဟန်ကိုယ်ဖို့ထားသော်လဲ ဒီလိုအခြေအနေမှာသူတုန်လူပ်နေသည်။
ကွန်ဒိုတစ်ခုလုံးကိုဝုန်းဒိုင်းကြဲမွှေနှောက်ရှာဖွေနေကြသည့်လူတစ်စုကို လက်ရုံးရပ်ကြည့်နေရုံသာတတ်နိုင်တော့သည်။
ဂုတ်ကိုလက်နဲ့ပွတ်သပ်နေပြီးသူတုန်လူပ် စိုးထိတ်နေကြောင်းတုန်ရင်နေသည့်နူတ်ခမ်းသားတို့ကသက်သေပြနေသည်။
သူ့ကိုဘယ်လိုလူစားမျိုးထင်လို့မထီမဲ့မြင်ပြုရဲရတာလဲဆိုပြီးမာနလဲအထိပါးခံရ၍စိတ်ကအတော်ထနေသည်။
"လက်ရုံး အဆင်ပြေရဲ့လား"
နံဘေးနားမှခပ်ဖွဖွမေးလာသောခြယ့်အမေးကြောင့် အားတင်းပြီးတိုးလျလျသာအဆင်ပြေကြောင်းပြန်ပြောနိုင်တော့သည်။
"ကိုယ်တကယ်ဘာမှမသိတော့ဘူး မြခြယ် ပြီးတော့ဂျိုး သူအဆင်ရောပြေပါ့မလားမသိဘူး ကိုယ်ဘာတစ်ခုမှကိုလိုက်မမှီနိုင်တော့ဘူး သူတို့ပြောနေတာတွေဘာတစ်ခုမှကိုယ်မသိဘူး"
လက်ရုံးဆံပင်တွေထဲသူ့လက်ချောင်းတွေဖြင့်တစ်ခေါင်းလုံးကိုဆွဲဖွပြီးစိတ်ပျက်လက်ပျက်နှင့်ပြောသည်။
"အဆင်ပြေသွားမှာပါ"
ခြယ့်ဆီကအဆင်ပြေသွားမှာပါဆိုသည့်စကားကို ခေါင်းသာပြန်ငြိမ့်ပြလိုက်သည်။
ဒီအချိန်မှာ မြခြယ်သူ့အနားမှာရှိနေတာကိုကကံကောင်းခြင်းတစ်ခုပင်။
လက်ရုံး ခြယ့်လက်ဖဝါးကိုသူ့လက်ဖဝါးအကြီးကြီးဖြင့်အုပ်မိုးဆုပ်ကိုင်လိုက်သည်။
မြခြယ် မနေ့ညကသူ့ကိုချစ်သည်လို့ပြောထားတာလေ သူတို့ကြားထဲမှာအစစအရာရာပြေလည်သွားတော့မှာလေဘာလို့ဒါတွေဖြစ်လာရတာလဲ။ခြယ့်ကိုဘာမှမဖြစ်ဘူးလို့အားပေးချင်တော်လဲသူကိုယ်တိုင်ကိုကတစ်စုံတစ်ခုကြီးကြီးမားမားဖြစ်လာမှာကိုခံစားနေမိနေတော့ လက်ရုံးဘာမှပြောမထွက်ပေ။
"ဟေ့လူတွေ ခင်ဗျားတို့စောက်ရူးလားအဲ့မှာဘာမှမရှိဘူးဗျ"
လက်ရုံးဟန့်တားသော်လဲ စကားနားမထောင်စွာရဲသားသုံးဦးကသားေရဆိုဖာရှည်ကြီးကိုထောင်မလိုက်သည်။
မြင်လိုက်ရသော်မြင်ကွင်းကြောင့် လက်ရုံးကိုယ့်မျက်လုံးကိုတောင်မယုံနိုင်ဖြစ်သွားသည်။
ဆိုဖာအောက်ကြမ်း၌ရိုင်ဖယ်သေနတ်သံုးလက်ကိုထိုးထည့်ထားသည်။
ရိုင်ဖယ်သုံးလက်နှင့်အတူ ကြွပ်ကြွပ်အိတ်အမဲတစ်လုံးလဲပါသေးသည်။
ရဲဘော်တစ်ဦးကမုဆိုးဒူးထောက်ထိုင်ချလိုက်ပြီး ကြွပ်ကြွပ်အိတ်အမဲကိုဖြည်ချလိုက်သည်။
အိ်တ်အတွင်းပစ္စတိုနှစ်လက်နှင့်အတူ ကျည်တောင့်တွေထွက်လာ၍ လက်ရုံးဇောချွေးပြန်သွားလေသည်။
"နူတ်ခမ်းနီတောင့်တွေနဲ့ ပစ္စတိုနှစ်လက်ပါအဘ"
"နိုင်ငံတော်ပုန်ကန်မူပဲ ကွန်ဒိုတစ်ခုလုံးကိုနေရာလပ်မကျန်ဖြန့်ရှာမယ် အကူခေါ်လိုက်အရေးကြီးတယ်"
နိုင်ငံတော်ပုန်ကန်မူဆိုသည့်စကားနောက်မှာတော့လက်ရုံးခွေယိုင်လဲကျမတတ်ယိုင်နဲ့သွားသည်။
"ကျွန်တော်ဘာမှမသိရပါဘူး တကယ်ပါ ဒါတွေကျွန်တော်နဲ့ဘာမှမဆိုင်ဘူး တကယ် တကယ်ပါ"
သူ့ရဲ့သိမ်ဝင်နေသည့် လေသံကို ရဲကြီးကဂရုတောင်မစိုက်ပဲ သူ့ရဲဘော်တွေကိုသာဆက်ရှာဖို့အမိန့်ပေးနေသည်။
ကွန်ဒိုတစ်ခန်းလုံးကိုရဲဘော်တစ်စုသဲကြီးမဲကြီး ကွက်လပ်သေးသေးလေးပါမကျန်အသေလဲရှာဖွေကြသည်။
"တွေ့ပြန်ပြီ အဘ"
"အဘ ဒီမှာလဲရှိသေးတယ်"
"ကိုးကင်းေတွမနည်းမနောပဲ"
တစ်နေရာပြီးတစ်နေရာမှ ထွက်လာသောလက်နက်များကြောင့်လက်ရုံးမျက်လုံးပါပြာတက်လာရသည်။
ဒါတွေကဘယ်လိုလုပ်သူ့အိမ်မှာရှိနေရတာလဲ။
လက်ရုံးကိုယ်တိုင်ကမူးယစ်ဆေးနှင့်ကင်းသည့်သူတယောက်တော့မဟုတ်ပေ။
သို့သော် ဆေးသမားဘိန်းစားတော့လုံးလုံးမဟုတ်ပေ။
အပြင်းပြေဆေးသုံးတာမျိုးရှိတတ်၍ မူးယစ်ဆေးတွေသူ့ဆီမှာလက်ရမိတာမျိုး အရင်ကလဲမကြာမကြာဖြစ်ဖူးသည်။တစ်ခါမှတော့ထောင်ထဲမရောက်ဖူး။
ဒါပေမယ့် ဒါကလက်နက်ခဲယမ်းတွေ။
မူးယစ်ဆေးတွေလဲမနည်းမနော။သူဒီလောက်ဆေးပမာဏတခါမှလက်ဝယ်မထားဖူး။
"ထပ်လာရှာမယ် ရလာသမျှကိုသက်ေသအေနနဲ့စခန်းယူခဲ့ သူ့ကိုလက်ထိပ်ခတ်လိုက်"
"ဗျာ...ကျွန်တော်ဘာမှမသိဘူးလို့ လုပ်ကြံခံရတာလို့ ကျုပ်ဘာမှမသိဘူး"
လက်ထိပ်ခတ်ဖို့ဟန်ပြင်နေသော ရဲတပ်သားကိုလက်ရုံးအတင်းရုန်းကန်တွန်းလွှတ်သည်။
ဇောချွေးတွေရွှဲနစ်နေပြီး လက်ရုံးကူကယ်ရာမဲ့နေသည်။
"အသာတကြည်စခန်းလိုက်ခဲ့ပါ မင်းပြစ်မူတွေမသေးဘူးကောင်လေး ငါဒါနောက်ဆုံးပြောနိုင်တာပဲ"
ထိုရဲအကြီးအကဲဆီမှထွက်လာသည့်အေးစက်စက်စကားများကြောင့်လက်ရုံးငိုချပလိုက်ချင်သွားသည်။
ဒယ်ဒီ ဒယ်ဒီ သူ့မှာဒယ်ဒီတယောက်လုံးရှိနေသေးသည်ဆိုသည့်အသိဖြင့်ပြန်ရဲတင်းသွားသည်။ဦးမြတ်သုခဆိုတာဘယ်သူမလို့လဲ။
"ကျုပ်ကိုဘာထင်နေတာလဲဗျ ကျုပ်အဖေကဦးမြတ်သုခ ဖမ်းလေ ဖမ်း ခင်ဗျားတို့တော့မီးနဲ့ကစားမိတာပဲ ကျုပ်အေဖကဝန်ကြီးချုပ် ဖမ်းလိုက်စမ်းပါ"
လက်ရုံး သူ့လက်နှစ်ဖက်ကိုပူးကပ်ပြီးလက်ထိပ်ခတ်ခံရန် အရှေ့ကိုထိုးပေးလိုက်သည်။
သူမကြောက်ဘူးပြောရင်ကျိန်းသေပေါက်လိမ်တာပါ။ကြောက်နေတာပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာအားကိုရာအဖေရှိနေသေးသည်ဆိုတဲ့အသိလေးကြောင့်ပြန်အားတက်ရသည်။
*ဒယ်ဒီရေ ကျွန်တော့်ဒယ်ဒီ့ကိုယုံကြည်တယ် ဒယ်ဒီကမလုပ်နိုင်တာမရှိတဲ့လူစွမ်းကောင်းကြီးလေ*
"ကဲ ဒီဘက်ကအမျိုးသမီးလဲအစစ်ဆေးခံဖို့စခန်းလိုက်ခဲ့ပါ အရမ်းမလန့်ပါနဲ့စစ်ရုံဆေးရုံပါ"
"မြခြယ် ဘာမှမဖြစ်ဘူး ကိုယ်ရှိတယ် ကိုယ်တို့အပြစ်ကင်းတာမလို့ချက်ချင်းပြန်လာရမှာ"
"ကြွပါဗျာ"
ခြယ့်ကိုတော့လက်ထိတ်မခတ်ပဲသွားခွင့်ပြုသည်။သံသယတရားခံလက်ရုံးကိုတော့လက်ထိပ်တန်းလန်းဖြင့် ရဲနှစ်ဦးကလက်မောင်းကတုပ်နှောင်ပြီးခေါ်သွားကြသည်။
လက်ထိပ်တန်းလန်းဖြင့်လဲ လက်ရုံးမျက်နှာတစ်ချက်မပျက်။ထီမထင်မျက်နှာထားနှင့်အေးစက်စက်အမူရာဖြင့်လိုက်ပါသွားသည်။
လက်ထိပ်နဲ့မလိုက်ဖက်စွာ ငယ်ရွယ်နုပျိုနေသည့်ဖြူဖြူဥဥကောင်ငယ်လေးအား လူအများဝိုင်းဝန်းကြည့်ရူနေကြသည်။
ကွန်ဒိုမြေညီထပ်မှာရှိသမျှလူအားလုံး လက်ထိပ်တစ်စုံနှင့်အေးစက်စက်မျက်နှာပေးနှင့်ေကာင်ေလးကိုတီးတိုးပြောဆိုနေကြသည်။
ရဲတပ်သားတွေသယ်ထုတ်လာသည့် လက်နက်တွေကိုကြည့်ပြီး တအံ့တဩနဲ့ကောက်ချက်ချနေကြသည်။
ထိန်းသိမ်းခံရသည့်တရားခံအားလုံးနီးပါးဟာ ခေါင်းငိုက်စိုက်ကျပြီးမျက်နှာကိုကွယ်ထားတတ်ကြပေမယ့် လက်ရုံးကတော့ခေါင်းမော့ရင်ကော့လျက်ပင်။
ခြယ်ကတော့ ခေါင်းကိုတွင်တွင်ငုံ့ချထားပြီး လက်ရုံးအနောက်ကနေကပ်လျက်လိုက်ပါလာသည်။
လက်ရုံးခဏရပ်လိုက်ပြီးအနောက်ကခြယ့်ကိုတချက်လှည့်ကြည့်ပြီး သူတို့ကိုစူးစိုက်ကြည့်နေကြသည့်လူတစ်စုကိုခေါင်းလှည့်ကြည့်လိုက်သည်။ခြယ့်နားနားကိုကပ်ပြီးလက်ရုံးတိုးဖွဖွပြောသည်။
"မြခြယ် ကိုယ်ရှိတယ် အဆင်ပြေတယ်နော်"
.
.
ရိုင်ဖယ် ၇လက်၊ ပစ္စတို၆လက်၊ကျည်တောင့်၅၀ ကိုးကင်း၊ဘိန်းဖြူ၁၂ပေါင် လက်ပစ်ဗုံးတစ်လုံး။
လက်ရုံးသုခ၏နေအိမ်ကွန်ဒိုအတွင်းမှရှာဖွေတွေ့ရှိခဲ့သည့်လိုင်စင်မဲ့တရားမဝင်လက်နက်ခဲယမ်းများ။
ထူးခြားတာတစ်ခုက သူ့ပစ္စည်းတွေပါလို့ဝန်မခံပဲလက်ရုံးတွင်တွင်ငြင်းနေခြင်းပင်။
ဒီလက်နက်ကြီးငယ်တို့ကို သူ့အိမ်အတွင်းကိုတခြားလူကဘယ်လိုမှယူသွင်းလို့မရနိုင်။
စနစ်တကျဖြင့်မမြင်ကွယ်ရာမှာသွင်းဖွက်ထားသေးသည်။
လုံခြုံရေးအပြည့်ဝနှင့်အဆင့်မြင့်ကွန်ဒိုခန်းဆိုတော့ပိုသေချာသည်။ဒီလက်နက်တွေဟာကျိန်းသေသူ့အပိုင်ပင်ဖြစ်ရမည်။
"ကျွန်တော်မသိဘူးလို့ ကျွန်တော်နဲ့ဘာမှမဆိုင်ဘူး ကျွန်တော်ဘာမှမသိဘူး"
"ကျစ် ဒါဆိုဒါတွေကမင်းဆီဘယ်လိုရောက်နေရတာလဲ ဟမ်းး တောက်"
"အာ့တာကျွန်တော်မသိဘူး"
လက်ရုံး ခြေချိတ်ထိုင်ပြီးမထီမဲ့မြင်မျက်နှာထားနှင့်အလေးနက်မထားစွာတသွင်သွင်ငြင်းသည်။
စစ်ဆေးေရးအရာရှိက ဒီလူငယ်လေးကသူ့ကိုမလေးမစားပြုမူနေပုံကိုအတော်မကျေမနပ်ဖြစ်နေသည်။
သို့သော် စွတ်မထိရဲ။အကောင်ကြီးအသိုင်းဝန်းကဖြစ်နေ၍မဆင်မခြင်ပြုမူမိရင် ဂွိသွားနိုင်သည်။"ကျွန်တော့်ဦးလေးနဲ့ ဒယ်ဒီမရောက်သေးဘူးလား"
"ရောက်ရင်ေရာက်မှာပေါ့"
"ကျွန်တော့်ဒယ်ဒီနဲ့တွေ့ချင်တယ်"
.
.
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကျုပ်သားကအခုမှ၂၂နှစ်ပဲရှိသေးတာ ဒီအရွယ်လေးကဘယ်လိုလုပ်နိုင်ငံတော်ပုန်ကန်မူလုပ်ရဲမှာလဲ ကျုပ်သားနဲ့ဘာမှမဆိုင်တာကျိန်းသေတယ် ကျုပ်လက်ရုံးကိုချက်ချင်းပြန်ခေါ်သွားမယ်"
"ဝန်ကြီးချုပ် ဒါပေါ့သေးသေးအမူမဟုတ်ဘူး နိုင်ငံတော်ပုန်ကန်မူလက်နက်မူဗျ ခင်ဗျားသားနဲ့ဆက်စပ်သမျှလူမှန်သမျှကိုကျုပ်တို့စစ်ဆေးရမယ် လုပ်ပိုင်ခွင့်လဲရှိတယ် ခင်ဗျားဖြစ်နေရင်တောင်မှပေါ့"
ဦးကျော်သူရ မြတ်နားနားကိုကပ်ပြီးတစ်စုံတစ်ရာကိုအရေးတကြီးတီးတိုးပြောသည်။
မြတ်ခေါင်းတဆတ်ဆတ်ငြိမ့်ပြီးနားထောင်နေသည်။မျက်ခုံးများတန်းဆက်နေပြီး အောက်နူတ်ခမ်းကိုဖိကိုက်ထားသည်။
"ကျုပ်သားနဲ့တွေ့ချင်တယ်"
အချုပ်ခန်းတံခါးကိုသော့လာဖွင့်သောရဲသားက လက်ရုံးသုခကိုလှမ်းခေါ်သည်။
"မင်းအဖေရောက်လာပြီ ဧည့်တွေ့ရမယ်လာခဲ့"
လက်ထိပ်တန်းလန်းနှင့် ရဲသားနောက်မှအပြုံးအရယ်မဲ့နေသောမျက်နှာနှင့်လိုက်ပါလာသောသားဖြစ်သူကိုမြတ်တွေ့လိုက်ရသည့်အခါ ရင်တစ်ခုလုံးမွစာကြဲသွားသည်။
ဘယ်လောက်ပဲ မျက်နှာကိုတင်းမာထားပေမယ့် ကိုယ်မွေးထားသည့်သားပဲ ဒီကလေးကြောက်နေမှာသူသိတာပေါ့။
ဘယ်လောက်ပဲအရွယ်ရောက်နေပြီပြောပြော ဒီလိုအခြေအနေကြီးမှာဒီ၂၂နှစ်အရွယ်ကောင်လေးကမထိတ်လန့်ပဲနေနိုင်မလဲ။
ခပ်ကျဉ်းကျဉ်း အခန်းငယ်တစ်ခုထဲကိုထိုလက်ရုံးကိုခေါ်လာသည့်ရဲသားကပဲခေါ်သွားပေးသည်။
၁၀ပေပတ်လည်အခန်းကျဉ်းလေးဖြစ်ပြီး ဒီအခန်းကိုရဲစခန်းရဲ့ဘာအတွက်သုံးမှန်း လက်ရုံးမမှန်းတတ်။အခန်းတွင်းမှာ စားပွဲနှင့်ကုလားထိုင်လေးလုံးချထားပြီး အခန်းကအနည်းငယ်မှောင်မိုက်နေသည်။
အချုပ်သားနဲ့မိသားစုဒီလိုသီးသန့်တွေ့ဆုံခွင့်မရှိတော့လဲ ဝန်ကြီးချုပ်ဖြစ်နေတော့။
"ကျုပ်သားကိုလက်ထိပ်ဖြုတ်ပေးပါ"
ထိုရဲသားတချက်အင်တင်ဖြစ်သွားသော်လဲ ဝန်ကြီးချုပ်အမိန့်အတိုင်းပင်လက်ထိပ်ဖြုတ်ပေးလိုက်ရသည်။
လက်ရုံးနှင့်ဦးမြတ်သုခ၊ဦးကျော်သူရတို့သုံးဦး ထိုစားပွဲမှာမျက်နှာချင်းဆိုင်ထိုင်လိုက်ကြသည်။
လက်ရုံးအားကိုးတကြီးမျက်လုံးများနှင့် ဖခင်ဖြစ်သူ၏လက်ကိုဆုပ်ကိုင်ပြီး
"ဒယ်ဒီ ကျွန်တော့်ကိုအခုချက်ချင်းခေါ်ထုတ်သွားပေးပါ အချုပ်ခန်းကညစ်ပတ်တယ်ရွံတယ် ဘေးနားကလူကြီးကလဲအနာတွေနဲ့ ရွံစရာကြီး မနေချင်ဘူး အိမ်ချက်ချင်းပြန်ရအောင်နော်"
"သားရုံး ဒယ်ဒီ့ကိုအချိန်နည်းနည်းပေးပါ ဒီမှာတစ်ပတ်လောက်တော့နေရမယ်"
"ဘာ...မနေနိုင်ပါဘူး တစ်ပတ်ကြီးများတောင်ကျွန်တော်ချက်ချင်းအိမ်ပြန်လို့ရအောင်လုပ်ပေးပါ အခုချက်ချင်းအိမ်ပြန်မယ်"
ဦးမြတ်သုခ စားပွဲကိုလက်ဝါးနဲ့ဝုန်းကနဲရိုက်ချပလိုက်သည်။
"ဒုန်းးး"
"မင်းအရူးလား ဒါနိုင်ငံတော်ပုန်ကန်မူကွ လက်နက်ေတွမင်းကွန်ဒိုကရှာေတွ့တာမနည်းမနော လက်ပစ်ဗုံးတောင်ပါလိုက်သေးတယ် သေဒဏ်တောင်ကျနိုင်တဲ့အခြေအနေကွ ဘယ်လိုလုပ်ငါမင်းကိုချက်ချင်းထုတ်ပေးနိုင်မှာလဲ ငါမတတ်နိုင်ဘူး"
"လက်ရုံး သား ခဏသည်းခံလိုက်ပါနော် ဦးလေးတို့လဲကြိုးစားပေးမှာပါ သားမတရားခံရတာသက်သေပြပေးပါ့မယ် အခုအခြေအနေကတော့...
လက်ရုံး ဦးကျော်သူရ၏စကားကိုလက်ဝါးကာပြလိုက်သည်။ခေါင်းတဆတ်ဆတ်ခါပြီးမဲ့ပြုံးပြုံးပြသည်။
တုန်ရီအက်ကွဲနေသည့် လေသံဖြင့်
"မကြားချင်ဘူး ကျွန်တော်မကြားချင်ဘူး ကျွန်တော့်ဘဝမှာဒယ်ဒီ့ဆီကမတတ်နိုင်ဘူးဆိုတာမကြားဖူးဘူး ဒယ်ဒီအားလုံးလုပ်ပေးနိုင်တယ်ဆို တော်ပါပြီ ဘာမှမလုပ်ပေးပါနဲ့တော့ အလကားပဲ"
လက်ရုံး မတ်တပ်ထရပ်လိုက်ပြီး အခန်းတံခါးကိုဆွဲဖွင့်ပြီး အခန်းဝမှာရပ်စောင့်နေသည့်ရဲသားဆီကို လက်ထိပ်အခတ်ခံရန်လက်ထိုးပေးလိုက်သည်။
စိတ်ပျက်လက်ပျက်နှင့်ခေါင်းငိုက်စိုက်ကျကာ လက်ရုံးထွက်သွားသည်။
"သားရုံး သားရုံး နေအုန်းလေ"
မိမိတို့စကားပြောလို့မဆုံးခင် မိမိကိုလုံးဝစိတ်ပျက်သွားသည့်အသွင်နှင့်ထွက်ခွာသွားသည့်သားဖြစ်သူကိုကြည့်ပြီးမြတ်စိတ်ထဲမကောင်း။ကိုယ်တိုင်လဲ ဝန်ကြီးချုပ်ဖြစ်သည့်အလျောက်အစထဲက လက်ရုံးအမူကမလွယ်မှန်းတန်းသိသည်။သို့သော် အာဏာဖြင့်စခန်းမှူးကိုဖိပြောကြည့်သော်လဲမရ။
.
လက်ရုံးအချုပ်ခန်းထဲကို စိုးထိတ်မူတွေနှင့်ပြန်လည်ခြေချလိုက်ရသည်။
ဘဝတစ်လျှောက်လုံး ဦးမြတ်သုခဆီကမတတ်နိုင်ဘူးဆိုတာသူတခါလေးတောင်မကြားခဲ့ရဘူး။
ဒီလိုလူမျိုးကတောင်မတတ်နိုင်တော့ဘူးဆိုတော့ သူကတကယ်မျှော်လင့်ချက်မဲ့နေပြီလား။
လက်ရုံး အချုပ်ခန်းနံရံထောင့်မှာကပ်ထိုင်ချလိုက်သည်။မျက်နှာကိုဒူးမှာကပ်ပြီး မာန်တင်းထားပေမယ့် ပြိုကျလာသောမျက်ရည်တစ်စက်ကိုလက်ရုံးမတားမိလိုက်။
"အော် သေဒဏ်တဲ့လား"
လက်ရုံးနူတ်ဖျားကဖွဖွရေရွတ်မိသည်။
"မြခြယ် မင်းရောအဆင်ပြေရဲ့လားအချစ်ရယ်"
ကိုယ်တိုင်တောင်ကူကယ်ရာမဲ့နေသည့်အနေအထားမျိုးမှာ သူခြယ့်ကိုမမေ့မလျော့စိတ်ပူနေမိသည်။
ခြယ့်ကိုစစ်ဆေးေမးမြန်းရုံပဲဆိုခေါ်လာပြီး ပြန်လွှတ်ပေးလိုက်သည်။ခြယ်ကိုမချုပ်နှောင်ထားသည်ကိုပဲကျေးဇူးတင်မဆုံး။
တော်သေးသည်။ခြယ့်ကိုပါကြံရာပါအဖြစ်မသတ်မှတ်လို့။
"တော်သေးတယ်အချစ်ရယ် ကိုယ့်ကြောင့်မင်းပါကြံရာပါဖြစ်ရတော့မလို့ ကံကောင်းတယ်
မင်းအပြစ်မရှိကြောင်းထွက်ဆိုနိုင်လိုက်လို့"
အရူးတစ်ယောက်လို တစ်ယောက်ထဲရေရွတ်နေမိသည်။ဘယ်လိုပဲဖြစ်ဖြစ် သူကအဆင်ပြေပါသည်။အစထဲကလူမုန်းများတဲ့လူမလို့ကျိန်းသေလုပ်ကြံခံရတာမှန်ပေမယ့် ဒီလောက်အကွက်ချလုပ်သွားဖို့တော့မလွယ်ကူ။
လက်ရုံးသုခသည် IQ 146ရှိသည့်ထက်မြက်လွန်းသည့်လူငယ်လေး။ပေါ့သေးသေးမဟုတ်။ သူဒေါက်ခနဲတန်းမှန်းမိပေမယ့် သံသယမဝင်ရက်။သူစိတ်ထဲရှိနေသည့်သံသယကိုတောင်သူပြန်အပြစ်တင်မိသည်။
ဘယ်လိုလုပ်ပြီးလဲ မြခြယ်ကသူ့ကိုချစ်တယ်လို့ပြောခဲ့တာပဲလေ။မဖြစ်နိုင်တာတွေ။
"မြခြယ် မင်းတော့မဟုတ်ဘူးမလား"
#ParadiseKhin
📌GPတွေမှာလက်ရုံးရဲ့bad reviewsတွေမကောင်းဝိုင်းပြောတာတွေကိုယ်အကုန်မြင်ပါတယ်။အကုန်လုံးလဲတွေ့ပါတယ်။
သားရုံးကမကောင်းတဲ့လူမလို့ အဆဲခံအမုန်းခံရတာကိုယ်နားလည်ပေမယ့် ခြယ်လေးကိုပါတုံးလွန်းအလွန်း၊အညှာလွယ်လွန်းလို့ဆက်မဖတ်နိုင်ဘူးဆိုတာကြီးကတော့တကယ်ခံစားရပါတယ်။လက်ရုံးသုခဆိုရင်ဆက်ကိုမဖတ်တော့တာတဲ့ရပါတယ်ဗျာသေဘာပါ။
မင်းသားနဲ့မင်းသမီးကိုကြိုက်ကိုမကြိုက်တာ သူတို့အပိုင်းကျော်ဖတ်တယ်တဲ့ ဂျိုးနဲ့လေလးလံုးပဲတဲ့ အဲ့တာကတော့ကိုယ်အတော်ေလးရင်နာရတယ် ဒါပေမဲ့သဘောပါ။
ကိုယ့်ကိုကြိုက်သလောက်ဆက်ဝေဖန်ကြပါ အစထဲကဒီလိုအမျိုးသမီးကိုနှိပ်စက်တာေရးရင်ဝေဖန်ခံရမှာကြိုသိပြီးသားပါခံနိုင်ရည်ရှိအောင်ကြိုးစားပါ့မယ်။ ဒီficကိုတော့အပြီးထိကိုရေးမှာပါ။ကိုယ်စခဲ့တဲ့ဇာတ်ကိုအဆုံးထိကသွားပါ့မယ်📌
Zawgyi
"ဒင္းေဒါင္ ဒင္းေဒါင္ ဒင္းေဒါင္"
မနက္ေစာေစာစီးစီးအဆက္မျပတ္ျမည္ေနသည့္ အိမ္ေ႐ွ႕လူေခၚဘဲလ္ေၾကာင့္လက္႐ုံးနဲ႔ျခယ္တေယာက္မ်က္ႏွာတေယာက္ၾကည့္မိလိုက္ၾကသည္။သူတို႔ဆီဘယ္သူမွလဲမလာတတ္ေပ။အထူးသျဖင့္ဒီလိုမနက္ေျခာက္နာရီခြဲအခ်ိန္မွာေပါ့။ႏွစ္ေယာက္လုံးအိမ္ေ႐ွ႕တံခါးဆီေလွ်ာက္သြားၾကသည္။လက္႐ုံး ေခ်ာင္းၾကည့္ေပါက္ကေနဘယ္သူမွန္းၾကည့္ၾကည့္သည္။
လက္႐ုံး အနည္းငယ္ေတာ့ထိတ္လန္႔သြားသည္။
သို႔ေသာ္ သူဒီတေလာဘာဆိုဘာမွမလုပ္ထားေတာ့အျပစ္ကင္းသည္ဆိုသည့္ ယုံၾကည္ခ်က္ေလးႏွင့္တံခါးဖြင့္ေပးလိုက္သည္။
"မဂၤလာပါခင္ဗ်"
"ဟုတ္ကဲ့ မဂၤလာပါ"
ရဲသားငါးဦးႏွင့္အရပ္ဝတ္အရပ္စားျဖင့္ လူတစ္ဦးကြန္ဒိုအတြင္းသို႔ဝင္လာၾကၿပီး ဦးထုပ္ခြၽတ္ျပၿပီးႏူတ္ဆက္ၾကသည္။လက္႐ုံးလဲပုံမွန္သေဘာ႐ိုးႏွင့္ျပန္ႏူတ္ဆက္လိုက္သည္။
ထိုရဲငါးဦးထဲမွ ရာထူးအႀကီးဆုံးလို႔ထင္ရသူ ယူနီေဖာင္းသန္႔သန္႔ျပန္႔ျပန္႔ႏွင့္ရဲက တစ္စုံတစ္ခုကိုေထာင္ျပသည္။သူျပတာကိုလက္႐ုံးေသခ်ာမၾကည့္လိုက္မိ။ဝရမ္းျဖစ္ဖို႔မ်ားသည္။
"မေန႔ညကခင္ဗ်ားသက္ေတာ္ေစာင့္ရဲ႕ကားထဲမွာ မူးယစ္ေဆးဝါးတခ်ိဳ႕နဲ႔တရားမဝင္လက္နက္ခဲယမ္းအေျမာက္အမ်ား႐ွာေတြ႕ပါတယ္ သူ႕ကိုလဲထိန္းသိမ္းထားပါတယ္ ကားကခင္ဗ်ားအပိုင္မလို႔ ခင္ဗ်ားကိုလဲစစ္ေဆးရပါမယ္ ကြၽန္ေတာ္တို႔မွာ႐ွာေဖြခြင့္ဝရမ္းပါပါတယ္ အသာတၾကည္႐ွာေဖြခြင့္ေပးပါ"
"ဗ်ာ...ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ ကြၽန္ေတာ္ဘာဆိုဘာမွမသိဘူး ေသခ်ာတာကေတာ့ခင္ဗ်ားတို႔ႀကိဳက္သေလာက္႐ွာလဲဘာမွေတြ႕မွာမဟုတ္ဘူး ကြၽန္ေတာ္ဘယ္သူမွန္းခင္ဗ်ားတို႔မသိၾကဘူးလား ၿပီးေတာ့ခင္ဗ်ားတို႔ဘယ္စခန္းကလဲက်ဳပ္ခင္ဗ်ားတို႔ကိုမျမင္ဖူးဘူး"
"ကြၽန္ေတာ္တို႔ကေတာ့တာဝန္အရ႐ွာေဖြရမွာပါပဲ ကိုလက္႐ုံး"
ေျပာေျပာဆိုဆိုႏွင့္ထိုရဲတစ္စုက ကြန္ဒိုအတြင္း႐ွိပရိေဘာဂတခ်ိဳ႕ကိုေမွာက္ခ်ပစ္ လွန္ေလွာၿပီးစ႐ွာေဖြၾကေတာ့သည္။နံရံကပ္ဗီ႐ိုအတြင္း႐ွိပန္းအိုးေတြကိုယူဆြဲခ်ၿပီးေနရာအႏွံ႔႐ွာေဖြၾကသည္။
စာအုပ္စင္ေပၚကစာအုပ္တခ်ိဳ႕ကိုဆြဲခ်လိုက္သည့္အေခါက္မွာေတာ့လက္႐ုံးၿငိမ္ခံမေနေတာ့။ထိုရဲ၏လက္ေကာက္ဝတ္ကိုေဆာင့္ဆြဲခ်ပစ္လိုက္သည္။
"က်ဳပ္ပစၥည္းေတြကို႐ို႐ိုေသေသကိုင္စမ္း ပစၥည္းတစ္ခုတန္ဖိုးကခင္ဗ်ားတစ္မ်ိဳးလုံးကိုနဖားႀကိဳးထိုးထားလို႔ရတယ္ က်ဳပ္အိမ္မွာက်ဳပ္ပစၥည္းေတြကိုေမႊရဲရေအာင္က်ဳပ္ကိုဘယ္သူထင္ေနလဲ အခုခ်က္ခ်င္းက်ဳပ္အိမ္ထဲကထြက္သြားၾကစမ္း မ႐ွိတဲ့ဟာကိုဆက္႐ွာမေနၾကနဲ႔ ထြက္သြား"
"ကြၽန္ေတာ္တို႔ကလဲကိုယ္လုပ္စရာ႐ွိတာလုပ္ရမွာပဲ ဒါဝတၱရားေႏွာင့္ယွက္မူေနာ္ကိုလက္႐ုံး ၿငိမ္ေနလိုက္ပါ"
"ဟ ေၾကာက္လိုက္တာ ခင္ဗ်ားတို႔ဘာတစ္ခုမွ႐ွာမေတြ႕ရင္က်ဳပ္အေၾကာင္းသိမယ္ အဟက္"
လက္႐ုံးခပ္ဟဟေလွာင္ရယ္လိုက္သည္။ဒီလူေတြကသူ႕ကိုဘယ္သူထင္လို႔လာထိပါးေနရတာလဲ။ကိုယ့္အိမ္ကိုယ့္ရာကိုလာၿပီးေမႊေႏွာက္ရဲေလာက္ေအာင္ရဲတင္းေနၾကၿပီလား။
လက္႐ုံးအခုအေျခအေနကိုဘာတစ္ခုမွလိုက္မမွီႏိုင္။ဂ်ိဳးကဘယ္လိုအေၾကာင္းေၾကာင့္မူးယစ္
ေဆးေတြႏွင့္လက္နက္ခဲယမ္းေတြႏွင့္အထိန္းသိမ္းခံေနရတာလဲ။လက္႐ုံးဘာတစ္ခုမွနားမလည္ႏိုင္ေတာ့။ဟန္ကိုယ္ဖို႔ထားေသာ္လဲ ဒီလိုအေျခအေနမွာသူတုန္လူပ္ေနသည္။
ကြန္ဒိုတစ္ခုလုံးကိုဝုန္းဒိုင္းႀကဲေမႊေႏွာက္႐ွာေဖြေနၾကသည့္လူတစ္စုကို လက္႐ုံးရပ္ၾကည့္ေန႐ုံသာတတ္ႏိုင္ေတာ့သည္။
ဂုတ္ကိုလက္နဲ႔ပြတ္သပ္ေနၿပီးသူတုန္လူပ္ စိုးထိတ္ေနေၾကာင္းတုန္ရင္ေနသည့္ႏူတ္ခမ္းသားတို႔ကသက္ေသျပေနသည္။
သူ႕ကိုဘယ္လိုလူစားမ်ိဳးထင္လို႔မထီမဲ့ျမင္ျပဳရဲရတာလဲဆိုၿပီးမာနလဲအထိပါးခံရ၍စိတ္ကအေတာ္ထေနသည္။
"လက္႐ုံး အဆင္ေျပရဲ႕လား"
နံေဘးနားမွခပ္ဖြဖြေမးလာေသာျခယ့္အေမးေၾကာင့္ အားတင္းၿပီးတိုးလ်လ်သာအဆင္ေျပေၾကာင္းျပန္ေျပာႏိုင္ေတာ့သည္။
"ကိုယ္တကယ္ဘာမွမသိေတာ့ဘူး ျမျခယ္ ၿပီးေတာ့ဂ်ိဳး သူအဆင္ေရာေျပပါ့မလားမသိဘူး ကိုယ္ဘာတစ္ခုမွကိုလိုက္မမွီႏိုင္ေတာ့ဘူး သူတို႔ေျပာေနတာေတြဘာတစ္ခုမွကိုယ္မသိဘူး"
လက္႐ုံးဆံပင္ေတြထဲသူ႕လက္ေခ်ာင္းေတြျဖင့္တစ္ေခါင္းလုံးကိုဆြဲဖြၿပီးစိတ္ပ်က္လက္ပ်က္ႏွင့္ေျပာသည္။
"အဆင္ေျပသြားမွာပါ"
ျခယ့္ဆီကအဆင္ေျပသြားမွာပါဆိုသည့္စကားကို ေခါင္းသာျပန္ၿငိမ့္ျပလိုက္သည္။
ဒီအခ်ိန္မွာ ျမျခယ္သူ႕အနားမွာ႐ွိေနတာကိုကကံေကာင္းျခင္းတစ္ခုပင္။
လက္႐ုံး ျခယ့္လက္ဖဝါးကိုသူ႕လက္ဖဝါးအႀကီးႀကီးျဖင့္အုပ္မိုးဆုပ္ကိုင္လိုက္သည္။
ျမျခယ္ မေန႔ညကသူ႕ကိုခ်စ္သည္လို႔ေျပာထားတာေလ သူတို႔ၾကားထဲမွာအစစအရာရာေျပလည္သြားေတာ့မွာေလဘာလို႔ဒါေတြျဖစ္လာရတာလဲ။ျခယ့္ကိုဘာမွမျဖစ္ဘူးလို႔အားေပးခ်င္ေတာ္လဲသူကိုယ္တိုင္ကိုကတစ္စုံတစ္ခုႀကီးႀကီးမားမားျဖစ္လာမွာကိုခံစားေနမိေနေတာ့ လက္႐ုံးဘာမွေျပာမထြက္ေပ။
"ေဟ့လူေတြ ခင္ဗ်ားတို႔ေစာက္႐ူးလားအဲ့မွာဘာမွမ႐ွိဘူးဗ်"
လက္႐ုံးဟန္႔တားေသာ္လဲ စကားနားမေထာင္စြာရဲသားသုံးဦးကသားေရဆိုဖာ႐ွည္ႀကီးကိုေထာင္မလိုက္သည္။
ျမင္လိုက္ရေသာ္ျမင္ကြင္းေၾကာင့္ လက္႐ုံးကိုယ့္မ်က္လုံးကိုေတာင္မယုံႏိုင္ျဖစ္သြားသည္။
ဆိုဖာေအာက္ၾကမ္း၌႐ိုင္ဖယ္ေသနတ္သံဳးလက္ကိုထိုးထည့္ထားသည္။
႐ိုင္ဖယ္သုံးလက္ႏွင့္အတူ ႂကြပ္ႂကြပ္အိတ္အမဲတစ္လုံးလဲပါေသးသည္။
ရဲေဘာ္တစ္ဦးကမုဆိုးဒူးေထာက္ထိုင္ခ်လိုက္ၿပီး ႂကြပ္ႂကြပ္အိတ္အမဲကိုျဖည္ခ်လိုက္သည္။
အိ္တ္အတြင္းပစၥတိုႏွစ္လက္ႏွင့္အတူ က်ည္ေတာင့္ေတြထြက္လာ၍ လက္႐ုံးေဇာေခြၽးျပန္သြားေလသည္။
"ႏူတ္ခမ္းနီေတာင့္ေတြနဲ႔ ပစၥတိုႏွစ္လက္ပါအဘ"
"ႏိုင္ငံေတာ္ပုန္ကန္မူပဲ ကြန္ဒိုတစ္ခုလုံးကိုေနရာလပ္မက်န္ျဖန္႔႐ွာမယ္ အကူေခၚလိုက္အေရးႀကီးတယ္"
ႏိုင္ငံေတာ္ပုန္ကန္မူဆိုသည့္စကားေနာက္မွာေတာ့လက္႐ုံးေခြယိုင္လဲက်မတတ္ယိုင္နဲ႔သြားသည္။
"ကြၽန္ေတာ္ဘာမွမသိရပါဘူး တကယ္ပါ ဒါေတြကြၽန္ေတာ္နဲ႔ဘာမွမဆိုင္ဘူး တကယ္ တကယ္ပါ"
သူ႕ရဲ႕သိမ္ဝင္ေနသည့္ ေလသံကို ရဲႀကီးကဂ႐ုေတာင္မစိုက္ပဲ သူ႕ရဲေဘာ္ေတြကိုသာဆက္႐ွာဖို႔အမိန္႔ေပးေနသည္။
ကြန္ဒိုတစ္ခန္းလုံးကိုရဲေဘာ္တစ္စုသဲႀကီးမဲႀကီး ကြက္လပ္ေသးေသးေလးပါမက်န္အေသလဲ႐ွာေဖြၾကသည္။
"ေတြ႕ျပန္ၿပီ အဘ"
"အဘ ဒီမွာလဲ႐ွိေသးတယ္"
"ကိုးကင္းေတြမနည္းမေနာပဲ"
တစ္ေနရာၿပီးတစ္ေနရာမွ ထြက္လာေသာလက္နက္မ်ားေၾကာင့္လက္႐ုံးမ်က္လုံးပါျပာတက္လာရသည္။
ဒါေတြကဘယ္လိုလုပ္သူ႕အိမ္မွာ႐ွိေနရတာလဲ။
လက္႐ုံးကိုယ္တိုင္ကမူးယစ္ေဆးႏွင့္ကင္းသည့္သူတေယာက္ေတာ့မဟုတ္ေပ။
သို႔ေသာ္ ေဆးသမားဘိန္းစားေတာ့လုံးလုံးမဟုတ္ေပ။
အျပင္းေျပေဆးသုံးတာမ်ိဳး႐ွိတတ္၍ မူးယစ္ေဆးေတြသူ႕ဆီမွာလက္ရမိတာမ်ိဳး အရင္ကလဲမၾကာမၾကာျဖစ္ဖူးသည္။တစ္ခါမွေတာ့ေထာင္ထဲမေရာက္ဖူး။
ဒါေပမယ့္ ဒါကလက္နက္ခဲယမ္းေတြ။
မူးယစ္ေဆးေတြလဲမနည္းမေနာ။သူဒီေလာက္ေဆးပမာဏတခါမွလက္ဝယ္မထားဖူး။
"ထပ္လာ႐ွာမယ္ ရလာသမွ်ကိုသက္ေသအေနနဲ႔စခန္းယူခဲ့ သူ႕ကိုလက္ထိပ္ခတ္လိုက္"
"ဗ်ာ...ကြၽန္ေတာ္ဘာမွမသိဘူးလို႔ လုပ္ၾကံခံရတာလို႔ က်ဳပ္ဘာမွမသိဘူး"
လက္ထိပ္ခတ္ဖို႔ဟန္ျပင္ေနေသာ ရဲတပ္သားကိုလက္႐ုံးအတင္း႐ုန္းကန္တြန္းလႊတ္သည္။
ေဇာေခြၽးေတြ႐ႊဲနစ္ေနၿပီး လက္႐ုံးကူကယ္ရာမဲ့ေနသည္။
"အသာတၾကည္စခန္းလိုက္ခဲ့ပါ မင္းျပစ္မူေတြမေသးဘူးေကာင္ေလး ငါဒါေနာက္ဆုံးေျပာႏိုင္တာပဲ"
ထိုရဲအႀကီးအကဲဆီမွထြက္လာသည့္ေအးစက္စက္စကားမ်ားေၾကာင့္လက္႐ုံးငိုခ်ပလိုက္ခ်င္သြားသည္။
ဒယ္ဒီ ဒယ္ဒီ သူ႕မွာဒယ္ဒီတေယာက္လုံး႐ွိေနေသးသည္ဆိုသည့္အသိျဖင့္ျပန္ရဲတင္းသြားသည္။ဦးျမတ္သုခဆိုတာဘယ္သူမလို႔လဲ။
"က်ဳပ္ကိုဘာထင္ေနတာလဲဗ် က်ဳပ္အေဖကဦးျမတ္သုခ ဖမ္းေလ ဖမ္း ခင္ဗ်ားတို႔ေတာ့မီးနဲ႔ကစားမိတာပဲ က်ဳပ္အေဖကဝန္ႀကီးခ်ဳပ္ ဖမ္းလိုက္စမ္းပါ"
လက္႐ုံး သူ႕လက္ႏွစ္ဖက္ကိုပူးကပ္ၿပီးလက္ထိပ္ခတ္ခံရန္ အေ႐ွ႕ကိုထိုးေပးလိုက္သည္။
သူမေၾကာက္ဘူးေျပာရင္က်ိန္းေသေပါက္လိမ္တာပါ။ေၾကာက္ေနတာေပါ့။
ဘယ္လိုပဲျဖစ္ျဖစ္ သူ႕မွာအားကိုရာအေဖ႐ွိေနေသးသည္ဆိုတဲ့အသိေလးေၾကာင့္ျပန္အားတက္ရသည္။
*ဒယ္ဒီေရ ကြၽန္ေတာ့္ဒယ္ဒီ့ကိုယုံၾကည္တယ္ ဒယ္ဒီကမလုပ္ႏိုင္တာမ႐ွိတဲ့လူစြမ္းေကာင္းႀကီးေလ*
"ကဲ ဒီဘက္ကအမ်ိဳးသမီးလဲအစစ္ေဆးခံဖို႔စခန္းလိုက္ခဲ့ပါ အရမ္းမလန္႔ပါနဲ႔စစ္႐ုံေဆး႐ုံပါ"
Advertisement
- In Serial54 Chapters
Harry Potter and The Dark Lord
The story will be a fanfic of Harry Potter.He was with him when he found the sorcerer's stone...He was there when he faced the one who must not be named...He was there when he stood among the masses as the "Boy who survived"...He was there when the "Boy who survived", joined the "One who should not be named"...He was always there in the shadows... but he was not known by the Populus. Only a few knew about him but this was also what he wanted.Story of a boy who was stronger, more talented and reliable than the famous Harry PotterP.S. No offence to J.K Rowling you are one of the best writers of the era this is just a fan-fic.Update Schedule: Tue--> Thurs--> FriYou can check out the Donate section to support me. I would very much appreciate it.
8 327 - In Serial36 Chapters
Only Me wasn't brought to another world, at least for now....
Left in this world alone as an abandoned, live alone in a world full of animals which hate humans to the cores... I am Alone... feeling saddened, I thought of... why can't I just create my own person to talk to myself? Thus, My life on the world which being left behind by the humanity, which being abducted by aliens comes to open its curtain, and... by the time humanity come back on earth... the curtain of the show, which being played by the earthlings' blood and tears starts while Me? I am Alone... [Father! the show gonna start soon!] well, not anymore... *the story has some resemblant with EER(everyone else is a returnee) but not all...
8 242 - In Serial64 Chapters
MCU inhumain Izel l'eternel
A young Mayan who hunted in the forest found himself trapped in an extremely strange installation for him who had never seen a metal wall or indeed a blue human. These people have done something to him that has profoundly changed who he is, now different from the person who was his people how can he advance in his adventure you will see that in this story. A story of discovery, meeting and learning towards the end of the path of his life. This story will be in the MCU timeline with a mix of the comics, any character other than my character is not mine;)This is my fiction but written in English, by google translation so if there are any errors I am sorry.
8 180 - In Serial28 Chapters
The Devil that None Knows
Born as a Hunter of the distant Piercing Moon Tribe, part of the Eleven Demona Tribes, everything Wolf Under Stars know of is to be a Hunter. But as luck would have it, he was also born with a Surge. Magus training was added to his training menu.Then, he lost his Surge in an attempted Surge Awakening. Just as he had desired, he was left with only the role of becoming a Hunter along with his Brothers. Sometimes, it is the role that shapes us and not us who do the shaping. Join him as Wolf Under Stars learns more about becoming a Hunter, a role to which he was born to, not a role he chose of his own making. And as he grows older, he notices more and more of the darker undercurrents of his tribe, and its past history, which will force him to reconsider the turns of his life.And out on the eastern horizons, beyond the Eastern Grasslands, the Dreads are starting to move. A Dread Lord has come, and with him, he will bring an army down from the Dread Mountains, breaking the stalemate that was just beginning to see its third century.And Commander Kai Bloodseeker of the Third Frontal Garrison, feared as the White Reaper, will be the first to shed blood.
8 385 - In Serial60 Chapters
YOLO?
Do you really only live once? Inspired by Re:Monster(P.S. English is not my first language, don't hate. Also this is my first fanfic.)
8 103 - In Serial31 Chapters
Goddess of the Moon (TEEN WOLF)
It got quiet in Beacon Hills until Stiles and Scott find a girl laying on the road. They take her to the hospital instantly and know that something bad was going to happen, when the girl looked at them with glowing silver eyes. What creature is this girl and who is after her?
8 147

