《Devil Husband》18
Advertisement
"မင်းပြန်တော့"
ဆိုဖာပေါ်ခြေချိတ်ထိုင်နေရာမှလက်ညိုးနဲ့လက်ခလယ်ကြားတွင်ညှပ်ထားသောကဒ်တစ်ကဒ်ကိုကြမ်းေပါ်ကိုပစ်ချပေးလိုက်သည်။
မိန်းကလေး အိပ်ရာပေါ်မှကြုံးထကာအဝတ်ကင်းမဲ့နေသော ခန္ဓာကိုယ်ကိုစောင်နဲ့ပတ်ပြီး မာနကင်းမဲ့စွာကြမ်းပေါ်မှကဒ်ကိုကုန်းကောက်သည်။
မနေ့ညကသူလိုတုန်းမှာတော့သူမကို အရခေါ်ခဲ့ပြီး အခုသူမလိုအပ်တဲ့အချိန်ကျတော့ လူကိုခွေးလိုမောင်းထုတ်တော့သည်။
သူပေးတဲ့ကဒ်တန်ဖိုးမျက်နှာကြောင့်မာနကိုပစ်ချပြီးသည်းခံလိုက်ရသည်။
"အကို့မိန်းမကိုဘယ်လိုလုပ်မလဲ"
"အာ့တာမင်းအလုပ်မဟုတ်ဘူး"
"သူကထူးခြားတယ်နော် တခြားမိန်းမဆိုအဲ့နေရာမှာအကိုေရာကွျန်မေရာအသက်ထွက်ခဲ့ပြီ"
အဲ့လိုပြောပြီးကြမ်းပေါ်မှာကျနေတဲ့ ကြေမွနေတဲ့သူ့အဝတ်အစားတွေကိုပြန်ကောက်ဝတ်ပြီး အခန်းထဲကထွက်သွားသည်။
လက်ရုံး စီးကရက်ငွေ့တွေကိုမူတ်ထုတ်ရင်း သူနဲ့ခြယ်တို့ဘယ်နေရာမှာစမှားခဲ့တာလဲပြန်တွေးဖြစ်သည်။
ပထမအကြိမ်၊ဒုတိယအကြိမ်၊တတိယအကြိမ်သူတို့ရဲ့တွေ့ဆုံမူတိုင်းမှာအမြဲတမ်း မှားယွင်းခဲ့ကြသည်။
KTVမှတတိယအကြိမ်လက်ရုံးဖန်တီးခဲ့သည့်တွေ့ဆုံမူကတော့အဆိုးဆုံးပေါ့။
ထိုနေ့ကြောင့်သူတို့နှစ်ယောက်ကြားက
ပဋိပက္ခတွေပိုကြီးထွားလာစေခဲ့သည်။
လက်ရုံးနေရာမှကောက်ထလိုက်ပြီး သူနဲ့စကားပြောဖို့ထလာခဲ့သည်။
ဝရံတာမှာမတုန်မလူပ်ရပ်နေပြီး
မြေပြင်ပေါ်ကလူတွေသွားလာတာကိုသူ့အကျင့်အတိုင်းရပ်ကြည့်နေသည်။
လက်ရုံးသူ့နံဘေးမှာဝင်ရပ်လိုက်ပြီး တမင်စီးကရက်အငွေ့တချို့ကိုသူရှိရာသို့မူတ်လွှတ်သည်။
ခြယ်အသက်ရှူကြပ်သွားပြီး ဒေါသသံနှင့်
"ရှင်ဘာဖြစ်နေတာလဲ"
"မင်းလင်"
ခြယ်ဘာမှလဲသူနဲ့ရန်ဖက်ဖြစ်မနေချင်တော့။
ဘာစကားတွေမှလဲအများကြီးပြောမနေချင်တော့။ကုန်ကုန်ပြောရရင် အခုအခြေအနေကဒီလူ့မျက်နှာကိုကြည့်ပင်မကြည့်ချင်တဲ့အခြေအနေ။
သူ့ကြောင့်ခံစားရတာတွေလဲများလွန်းလှပြီ ဒီလူ့ကိုအတိုးချပြီးမုန်းရမယ့်အစား ကိုယ့်ဘက်ကချစ်မိသွားတော့လဲဘာတတ်နိုင်ပါ့မလဲ။
မင်္ဂလာဦးအိပ်ရာပေါ်ကို တခြားမိန်းမခေါ်တင်လာသည့် အဖိုးတန်ရွှေခင်ပွန်းလေးကို ပါးတွေနားတွေကြီးရိုက်ပြီး သတ်ပစ်ချင်နေမိသည်။
"ဘာဖြစ်နေတာလဲ ပုံမှန်ဆိုမင်းတစ်ခွန်းမကျန်
နူတ်လှန်ထိုးမှာလေ တိတ်နေပါလား"
"ကျွန်မရှင်နဲ့ဘာစကားမှလဲမပြောချင်တော့ဘူး"
"ဘာလို့လဲ"
ခြယ် လက်ရုံးမျက်နှာကိုစေ့စေ့ကြည့်ပြီးခေါင်းကိုသွင်သွင်ခါရမ်းလိုက်မိသည်။
"မင်းဘယ်လိုမှမနေဘူးလား"
လက်ရုံးစီးကရက်လက်ကျန်ကိုပြာချပြီး ထီမထင်သလို အရမ်းကျေနပ်ေနသလိုလိုမျက်နှာပေးနှင့်မေးသည်။
"ဘာကိုလဲ"
"ငါ့ကိုတခြားမိန်းမတယောက်နဲ့တွဲမြင်ရတာဘယ်လိုနေလဲ ငါသူနဲ့ကုတင်ပေါ်တက်နေတော့ဘယ်လိုခံစားရလဲ"
"ပျော်တာပေါ့ အရမ်းပျော်တာပဲ ရွံဖို့ကောင်းတဲ့ရှင့်ခန္ဓာကိုယ်နဲ့ကွျန်မအထိမခံရပဲ သူတို့ကအစားအိပ်ပေးကြလို့ကျေးဇူးတောင်တင်သေးတယ်"
လက်ရုံးပါးချိုင့်လေးတွေခွက်ဝင်သွားအောင်နှစ်ခြိုက်စွာပြုံးလိုက်သည်။
သဘောကျစွာအသံထွက်အောင်ရယ်မောသည်။
"ပျော်တောင်ပျော်သေးတယ်ပေါ့ အဟက်"
"ကြိုက်တဲ့နေရာခေါ်သွား အိမ်တော့ပါမလာနဲ့
ကျွန်မရွံတတ်တယ် ရှင့်ဟာမလေးတွေဆီကHIVရှင်ပဲအကူးခံ အိမ်ပြန်မလာလေကောင်းလေပဲရှင့်မျက်နှာမမြင်ရလေကောင်းလေ"
"စိတ်သဘောထားကြီးမြတ်လိုက်တဲ့မိန်းမပါလား ဩချရလောက်ပါတယ် စိမ်းမြခြယ်ရယ် မင်းလိုမိန်းမမျိုး တစ်ထောင်မှာတယောက်တောင်ရှိပါ့မလား ရှားပါးလွန်းတယ် ဒီလောက်ရှားပါးတဲ့မိန်းမကိုငါရထားတာနည်းတဲ့ကုသိုလ်ကံလား သဘောထားပြည့်ဝလိုက်တာချီးကျူးပါတယ်ကွာ"
သူမျှော်လင့်ခဲ့တာ ခြယ့်ဆီက သဝန်တိုမူလေးနည်းနည်းနဲ့သူ့ကိုတားစေချင်တဲ့စကားလေးတစ်ခွန်းနှစ်ခွန်းရယ်ပါ။
အခုတော့ ဘုရားရှင်လက်ထပ်က လင်ယောကျာ်းနဲ့ပျော်ပါးဖို့ အသပြာတစ်ထောင်နှင့် ပြည့်တန်ဆာမငှားပေးသည့် ဥတ္တရာလိုမိန်းမမျိုးနှင့်လာတွေ့နေရသည်။
လင်ကိုသူကိုယ်တိုင်ကတောင်ဖောက်ပြန်ခိုင်းတဲ့ ဩချရလောက်တဲ့မယားမျိုး။
"စိတ်မပူပါနဲ့ ငါ့စောက်ခွက်ကိုမင်းမမြင်ချင်ရင်မတွေ့စေရဘူး"
ဝရံတာမှာလေတိုးသဖြင့်လေအဝှေ့တွင် ဖွယောင်းကုန်သောဆံသားတွေကိုသပ်တင်ပြီးလက်ရုံးလှည့်ထွက်သွားသည်။
ကျောခိုင်းသွားသောပိန်ပိန်ပါးပါးကျောပြင်ကိုငေးကြည့်ရင်းနှင့် မိမိေပြာမိတာများမှားသလားလို့ခြယ်တွေးမိသည်။
သူကရောမှန်ခဲ့လို့လား မင်္ဂလာဆောင်နေ့မှာမယားငယ်အိမ်ခေါ်လာတဲ့လုပ်ရက်ကလူရောဟုတ်ရဲ့လား။
ညကအဖြစ်ကိုပြန်တွေးမိရင်းခြယ်ရိူက်ငိုမိသည်။
ထိုနတ်ဆိုးကတော့ သူဘာမှမလုပ်ခဲ့သလိုပုံစံနှင့်။
"ကိုကျော်ဘုန်းပြည့် ဘယ်တုန်းကရောက်တာလဲ ဘာကိစ္စရှိလို့လဲ"
ဗီရိုအတွင်းမှ လက်ရုံးအဝတ်တွေကိုအိတ်ထဲထည့်နေသည့်ဂျိုးကိုမြင်တော့ ခြယ်လန့်သွားသည်။ဟိုလူ ဟိုတစ်ေန့ကစကားများပြီးထွက်သွားထဲပြန်မလာတာ အခုအခန်းထဲကလူသံကြားလို့သူပြန်လာတာလားဆိုသည့် မျှော်လင့်ချက်နှင့်လာကြည့်တာ ဂျိုးဖြစ်နေ၍ စိတ်ပျက်မိသွားသည်။
"အင်း လက်ရုံးကသူ့အဝတ်တွေလာယူခိုင်းလို့"
သူအိမ်ပြန်မလာတာနှစ်ရက်ရှိပြီ။ဒီနေ့တော့ အဝတ်တွေပါလာယူခိုင်းပြီတဲ့။
မင်္ဂလာဆောင်ထားတာတစ်ပတ်မပြည့်သေးတဲ့ မိန်းမကိုအိမ်မှာတကယ်ကြီးသူပစ်ထားခဲ့သည်။
"ဒါက မင်း မှားလို့ မမလေးအတွက်အသုံးစရိတ်ပါတဲ့ဗျ အဲ့တာဆိုကျွန်တော်သွားမယ်"
.
.
"ဟေ့လူကြီး"
နောက်ကျောပေါ်ခုန်တက်လာသည့်ဘယ်သူမှန်းမသိတဲ့လူကမျက်လုံးကိုသူ့လက်တွေနဲ့အုပ်လိုက်သည်။
"မျက်လုံးဖွင့်ပေးစမ်း"
"ကျွန်တော် ဘယ်သူလဲမှန်းလေ မှန်ရင်ဖွင့်ပေးမှာပေါ့"
"မင်းဘယ်သူလဲငါမသိဘူး ငါ့ကိုယ်ပေါ်ကချက်ချင်းဆင်းစမ်း"
ဂျိုးသူ့ေကျာပေါ်မှထိုလူကောင်သေးသေးလေးကိုခါချပလိုက်သည်။
ဘယ်သူများလဲလို့ ဟိုကလေးကို။
ချွေးတွေရွဲနေပြီးဘောလုံးဝတ်စံုလေးနှင့်။
ဘယ်နှယ့်လူပေါ်အတင်းကုန်းပိုးတက်ရတာလဲ ရဲတင်းလွန်းတဲ့ထိုကလေးကိုဂျိုးအားရှိပါးရှိခေါင်းခေါက်ချလိုက်သည်။
"အားးး နာတယ်"
ခေါင်းလေးကိုကိုင်ပြီးရူံ့မဲ့မဲ့နှင့်။
"ဦးလေးကြီးကလဲမမိုက်ပါဘူးဗျာ"
"အဲ့တာလူကြီးကိုလူကြီးမှန်းမသိလို့"
"လူအိုကြီး"
သွားဖုံးတွေပေါ်သွားသေးသေးလေးတွေမြင်ရအောင်ရယ်ပြသည့် ဒီဟိုမရောက်ဒီမရောက်လေးကိုဂျိုးငေးကြည့်မိသည်။
"ကျွန်တော့်ကိုမှတ်မိရဲ့လား"
"မှတ်မိပါ့ဗျာ လလေးလုံးလေ"
"တော်တယ် ဦးလေးကြီး"
ပြောပြောဆိုဆိုနှင့်လက်ကအငြိမ်မနေစွာ ဂျိုးခေါင်းကဆံပင်တွေကိုမမှီမကန်းနှင့်လှမ်းပွတ်သပ်ပေးသည်။
လူကြီးခေါင်းကိုမလေးမစားကိုင်တယ်ဆိုပြီးဂျိုးစိတ်မဆိုးမိ။
သူပြုသမျှနုပြီး ငြိမ်ငြိမ်လေးချီကျူးခံနေလိုက်သည်။
ဂျိုးကားတံခါးဖွင့်ပြီးကားထဲဝင်ထိုင်လိုက်တော့ထိုဟာလေးကပါကားထဲဝင်ထိုင်ပြန်သည်။
ဗိုက်ဆာရင်စားဖို့ဝယ်ထားသည့် သွားရေစာတွေကို ထိုကလေးကိုကမ်းပေးလိုက်တော့ သွားသေးသေးလေးတွေပေါ်အောင်ရယ်ပြပြန်သည်။
ဂျိုးထိုနေရာမှကားမထွက်တော့ဘဲ သီချင်းဖွင့်လိုက်ပြီး စိတ်ပြေလက်ပျောက်သီချင်းနားထောင်ပြီး ကားထိုင်ခုံကိုနောက်မှီချပြီးမျက်လုံးတွေမှိတ်ထားလိုက်သည်။
"ဘဲကြီး အလုပ်မရှိဘူးလား"
"အင်း စောက်ရမ်းအားယားနေတာကွာ"
🎶ပျော်နေပါ ကိုယ်ချစ်တဲ့ငှက်ကလေး အဆင်ပြေသွားအောင်ကိုယ့်ရဲ့အသဲကိုခွဲပေးလိုက်ပါတယ်...🎶
🎶 ဒါဟာ မင်းလေးကိုချစ်လို့ မင်းလေးကိုသိပ်ချစ်လို့ နှလုံးသားမှာဒဏ်ရာများထားခဲ့ ဒါတွေမင်းအတွက်ချစ်သက်သေ🎶
"ဘဲကြီး အသဲကွဲနေတာလား အဆွေးသီချင်းတွေကြီးဖွင့်နေလို့"
"အဲ့လိုပဲပြောရမှာပေါ့ချာတိတ်ရယ်"
"ကောင်မလေးနဲ့ပြတ်လာလို့လား"
ဂျိုးခေါင်းကိုသာသွင်သွင်ခါရမ်းပြလိုက်မိသည်။
သေလောက်အောင်လဲစိတ်ဓာတ်တွေဟိုးအောက်ဆုံးထိရောက်နေသည်။
"သူကလှလား"
"လှတာပေါ့ သိပ်ကိုလှတာ နတ်သမီးလေးအတိုင်းပဲ"
ထိုအဖြေကိုကြားတော့ထိုကလေးမျက်နှာအနည်းငယ်လေးပျက်ယွင်းတာကိုဂျိုးသတိထားလိုက်မိသည်။
"ဒါများ ဦးလေးကြီးရယ် နောက်တယောက်ထပ်ရှာလိုက်ပါ ခံစားမနေနဲ့နော် ခင်ဗျားကချောပါတယ်"
ဂျိုးဟက်ခနဲသဘောကျစွာရယ်မိသွားသည်။
"ကိုယ်ကချောတယ်ပေါ့"
"အွန်း အွန်း ဦးလေးကြီးရည်းစားဘယ်နှယောက်ထားဖူးလဲ"
"တစ်ခါမှပဲ"
ထိုစကားကြားတော့ထိုချာတိတ်ကအံ့ဩတကြီးနှင့်ဟုတ်ရဲ့လား ဆိုတဲ့အကြည့်နှင့်။
"မင်းရော"
"မမှတ်မိတော့ဘူး 23ယောက်လောက်ပါပဲ"
"ဟ မင်းအသက်ကရော"
"၁၈"
ရုပ်ရည်လေးကချောမောတဲ့သူလေးဖြစ်သည့်အလျောက် လင်းလဲ့လဲ့လွင်ကောင်မလေးတွေအများကြီးနှင့်တွဲခဲ့ဖူးသည်။
ယောကျာ်းလေးတစ်ယောက်နီးနီးချောမောပြီး နုနုရွရွပုံစံလေးကြောင့်ချစ်ဖို့ကောင်းသည်။
ချစ်ဖို့ကောင်းတဲ့Tomboyလေးဆိုပြီးမိန်းကလေးတွေကြားထဲမှာရေပန်းစားသည်။
လူဆိုးလေးတယောက်မလို့ ဘယ်သူကမှသူ့ဒဏ်ကိုကြာကြာမခံနိုင်ပဲ ဘယ်သူနဲ့မှကြာကြာမမြဲခဲ့။
တစ်ယောက်နဲ့ပြတ်လိုက်နောက်တယောက်နဲ့ထပ်တွဲလိုက်နဲ့ သူမသိလိုက်ခင်မှာပင်Playboyဘဝလုံးလုံးရောက်သွားသည်။
"မင်းအသက်ထက်တောင်မင်းထားဖူးတဲ့ရည်းစားကများနေသေးတယ် အဟက်ဟက်"
ရင်ထဲကခံစားနေရတာတွေကိုရုတ်တရပ်မေ့ပျောက်သွားပြီး ထိုကလေးရဲ့စကားတွေကိုဟက်ဟက်ပက်ပက်ရယ်မောဖြစ်သည်။
ပေါက်ကရလေးဆယ်တွေပြောပြီး ဝမ်းနည်းနေတဲ့လူကို တဖန်ပြန်ရွှင်လန်းလာအောင် လုပ်ပေးတတ်တဲ့ကလေးလေး။
ပေါတောတောနှင့်ချစ်စရာလဲကောင်းသည်။
သူ့ရဲ့နုနုရွရွပုံစံလေးနှင့် ကျားကျားယားယားနေပြနေတာကိုကတမျိုးလေးဖြစ်နေသည်။
"ညမိုးချုပ်နေပြီ မင်းအိမ်မပြန်ဘူးလား"
"ကျွန်တော့်ဘော်ဒါတွေနဲ့ချိန်းထားတယ် ဦးလေးကြီးကားပေါ်ကနေစောင့်မယ်နော် ဟီး"
ဘယ်လောက်ပဲ ကျားကျားယားယားနေပြနေလဲ သူကမိန်းကလေးဆိုသည့်အမှန်တရားကပြောင်းလဲလို့မရ။
မိန်းကလေးတယောက်အနေနှင့် ညအချိန်ကြီး
ေယာကျ်ားေလးတအုပ်နဲ့အတူရှိနေတာ အန္တရာယ်များသည်။
ဂျိုးဒီကလေးကိုစိတ်ပူမိသည်။
"မင်းကိုအိမ်ပြန်ပို့ပေးမယ်"
ပြောပြောဆိုဆိုနှင့်ကားစက်နိူးပြီး ကားထွက်လိုက်သည်။
"ဟာ ဒီလူနဲ့တော့ ကျွန်တော်ဘော်ဒါတွေနဲ့ချိန်းထားတာရှိသေးတယ်လို့ ဟေ့လူကြီး"
"မိုးချုပ်နေပြီ အန္တရာယ်များတယ် အိမ်ပြန်ရမယ် မင်းကငယ်သေးတာကိုး"
"ကျွန်တော့်ဟာနေဘာဖြစ်ဖြစ်ခင်ဗျားကြီးနဲ့ဘာဆိုင်လို့လဲ ဆရာကြီးလုပ်ရအောင်က ဟမ်းး
ဝင်ရောမိတာနဲ့ပဲ ခွေးကလေးအရောဝင်ပါးလျက်နားလျက်လုပ်ပြီ"
အံမယ် သူကများပြောရတယ်ရှိသေး။သူကပဲအတင်းလိုက်ရောနေပြီးများ။
ပြောချင်ရာတွေပြောနေပါစေ ဂျိုးဘာမှခွန်းတုံ့ပြန်မနေပဲကားကိုပဲတစ်စိုက်မတ်မတ်မောင်းသည်။
ဟိုတစ်ခေါက် အဲ့ကလေးကိုကားနဲ့တိုက်မိမလိုဖြစ်တုန်းက အိမ်ပြန်လိုက်ပို့ပေးဖူး၍သူ့အိမ်လဲဂျိုးသိသည်။သို့သော် လင်းလဲ့လဲ့လွင်တယောက်မပြီးနိုင်သေးပွစိပွစိနှင့်တစ်လမ်းလုံးမြည်တွန်တောက်တီးနေသည်။
ဂျိုးနားငြီးလာသည့်အဆုံး
"ဟေ့ မင်းကမိန်းမလား ယောကျာ်းလား"
"ယောကျာ်းပေါ့ဗျ Xီးလိုပဲ$ခွက်ရိုက်လိုက်ရ"
"အေး ယောက်ျားဆိုပွစိပွစိမပြောနဲ့လေ တတွတ်တွတ်ပူညံပူညံလုပ်မနေနဲ့"
ထိုသို့ဆိုလိုက်မှလင်းလဲ့လဲ့လွင်တယောက်ပါးစပ်ပိတ်သွားသည်။
နူတ်ခမ်းလေးကိုကိုက်ပြီး ဂျိုးကိုမျက်စောင်းတခဲခဲနှင့်။
သူငယ်ချင်းတွေနဲ့ဘီယာစုသောက်မလို့ပါဆိုနေမှ ဒီလူကြီးကြောင့်အိမ်ပြန်ပို့ခံရသည်။
ဘာလူကြီးမှန်းမသိဘူး သူ့အလုပ်ကျနေတာပဲ ဆရာကြီးစတိုင်နဲ့ မုန်းစရာကြီး။
"ဒါနဲ့ကျွန်တော့်မာမားနဲ့ပါပါးကတောင်ဘာမှမပြောခင်ဗျားကြီးကဘယ်သူမလို့လဲ ဘာမှတောင်မဆိုင်ပဲနဲ့များ ခုချက်ချင်းကျွန်တော့်ကိုခုနကနေရာပြန်ပို့ပေးစမ်း"
"အခုတော့ဘာမှမဆိုင်သေးဘူးပေါ့ နောက်ဆိုဆိုင်ချင်ဆိုင်လာမှာ ဆိုင်ချင်လား"
ဂျိုးမျက်ခုံးတစ်ဖက်ပင့်ပြပြီး ပြုံးစစမျက်နှာပေးနှင့်ပြောသည်။
*ဒီလူကငါ့ကိုလာflirtနေတာလား
ဘာလို့ဒီလူ့စကားကိုရင်ခုန်သွားရတာလဲ မဟုတ်ဘူးမင်းကမိန်းကလေးတွေပဲကြိုက်တာလေ လင်းလဲ့လဲ့လွင် ငါတော့ဒီငဖြောင့်ကြီးကြောင့်ဂေးရတော့မှာလား မဖြစ်ဘူး မဖြစ်ဘူး*
"ဘာတွေတွေးနေတာလဲချာတိတ် ကိုယ်နဲ့ဆိုင်ချင်လို့အသဲသန်တွေစဉ်းစားနေရပြီလား အေးဆေးပေါ့ချာတိတ်ရယ် ကိုယ်လဲစဉ်းစားပါရစေအုန်း"
"Xီးကိုဆိုင်ချင်တာ ကျုပ်ကေကာင်မ
ေလးတွေပဲကြိုက်တာဗျ"
"အခုတော့ပြောထားနှင့်ပေါ့ကွာ နောက်ပိုင်းမှကိုယ်မှကိုယ်ဖြစ်သွားရင်မသိဘူးနော်
ဦးလေးကြီးရဲ့ဆွဲဆောင်မူစက်ကွင်းထဲကလွတ်အောင်ရှောင်နော် ချာတိတ်"
မျက်လုံးတစ်ဖက်မှိတ်ပြပြီးလူယုတ်မာမျက်နှာထားလုပ်ပြသည်။
ထိုစကားကြားတော့လင်းလဲ့လဲ့လွင်လက်ခလယ်ထောင်ပြတာကိုကြည့်ပြီး ဂျိုးတသောသောရယ်မောသည်။
ကားမောင်းနေရင်းထိုကလေးကိုကျီစယ်ရတာကိုသူအေတာ့်ကိုကြည်နူးနေမိသည်။
ဟိုကလဲသူ့ကိုမိန်းကလေးလိုမျိုးလာပြောဆိုနေ၍ တရှူးရှူးတရှဲရှဲနှင့်ဒေါသတကြီး။ဂျိုးသူမခံချင်မှန်းသိ၍တမင်ကိုပိုစသည်။ဟိုကလေးကလဲရှက်ရမ်းရမ်းပြီးဆဲဆို။
ဒီကလေးလေးနဲ့အတူရှိနေချိန်မှာပူဆွေးနေရသမျှတွေအငွေ့ပျံသလိုကွယ်ပျောက်သွားသည်။
"ခင်ဗျားကိုဒီလိုတယောက်ယောက်ကပိုင်စိုးပိုင်နင်းလုပ်ရင်ရောခင်ဗျားကြိုက်မှာလား"
"ဘယ်ကြိုက်ပါ့မလဲ ကိုယ်ကမင်းကိုကြိုက်တာ"
"ဟေ့လူကြီး"
"ခင်ဗျာ"
ဒီလူ့ကိုသူနိုင်အောင်မပြောနိုင်တော့။
ဂျိုးသူ့အိမ်ရှေ့အရောက်တော့ ကားရပ်ပေးလိုက်သည်။
"ကဲရောက်ပါပြီဗျာ အိမ်ထဲထိပွေ့ချီပြီးပို့ပေးရမယ်ဆိုလဲပြော အားမနာနဲ့နော်"
"ခင်ဗျားကြီးဘာတွေစောက်ရူးထနေတာလဲ ကျုပ်ကယောက်ျားလေးဗျ"
"မိန်းကလေးပါဗျာ မိန်းကလေးတောင်မှကိုယ့်မိန်းကလေးလေ"
"ကျုပ်လက်သီးကအခွက်မရွေးဘူးနော်"
"ကိုယ့်အခွက်ကတော့နူတ်ခမ်းရွေးတယ်နော်
မယုံရင်ပြွတ်ကြည့်မလား"
ဒီစောက်ရူးကိုသူမနိုင်တော့မှန်းသိ၍ သူကားပေါ်ကနေပဲဆင်းလိုက်တော့သည်။
ဒီလူ့ကိုသွားပြီးစခေါ်မိတာကိုကသူ့အမှားပါ။
ဘယ်ကနေဘယ်လိုစိတ်ကူးပေါက်ပြီး လူကိုအတင်းတော်ကီတွေပစ်နေတာလဲမသိတော့။
"မင်းအိမ်ထဲဝင်သွားတဲ့အထိကြည့်နေမယ် ပြန်ထွက်မလာနဲ့တော့နော် ထွက်လာရင်ကိုယ့်အဆိုးမဆိုနဲ့ပွေ့ချီပြီး ယောက္ခမကြီးတွေဆီကိုယ်ကိုယ်တိုင်ဝင်ပြောရလိမ့်မယ် သားမက်လောင်းလေးကိုမြင်ဖူးတွေ့ဖူးသွားတာပေါ့"
"ခင်ဗျားတော့ဆေးမမှီတော့ဘူး တော်တော်ဖြစ်နေပြီ"
"ဪ ဒါနဲ့မှတ်ထားအုန်းနော် ကိုယ့်နာမည်ကဂျိုး"
"အဲ့တော့ကျွန်တော်ကဘာလုပ်ပေးရမလဲ"
"ပြောပြတာပါ တော်ကြာကိုယ့်ဘဲကြီးနာမည်တောင်မသိဖြစ်နေမှာစိုးလို့ ကလေးရဲ့"
ဒီလူတော့တော်တော့်ကိုဖြစ်သွားပြီ။
လင်းလဲ့လဲ့လွင်တယောက်လဲ ထိုလူ့ရဲ့တော်ကီတွေအောက်မှာအသက်ပျောက်တော့မည်။
လူကလဲမျက်နှာနီရဲတွတ်နေပြီး ရှက်ကိုးရှက်ကန်းတွေဖြစ်နေ၍အိမ်ထဲအမြန်ဝင်ပြေးလာရသည်။
လင်းလဲ့လဲ့လွင်တယောက်မိန်းကလေးတွေအများကြီးကိုသူ့ဘက်ကခြွေလာခဲ့သမျှ ဒီနေ့ဒီဘဲကြီးနဲ့တွေ့မှသူဝဋ်လည်လေပြီ။
#ParadiseKhin
Zawgyi
"မင်းပြန်တော့"
ဆိုဖာပေါ်ခြေချိတ်ထိုင်နေရာမှလက်ညိုးနဲ့လက်ခလယ်ကြားတွင်ညှပ်ထားသောကဒ်တစ်ကဒ်ကိုကြမ်းပေါ်ကိုပစ်ချပေးလိုက်သည်။
"သူကထူးခြားတယ်နော် တခြားမိန်းမဆိုအဲ့နေရာမှာအကိုရောကျွန်မရောအသက်ထွက်ခဲ့ပြီ"
"ရှင်ဘာဖြစ်နေတာလဲ"
"မင်းလင်"
"ဘာလို့လဲ"
လက်ရုံးစီးကရက်လက်ကျန်ကိုပြာချပြီး ထီမထင်သလို အရမ်းကျေနပ်နေသလိုလိုမျက်နှာပေးနှင့်မေးသည်။
"ဘာကိုလဲ"
"ပျော်တာပေါ့ အရမ်းပျော်တာပဲ ရွံဖို့ကောင်းတဲ့ရှင့်ခန္ဓာကိုယ်နဲ့ကျွန်မအထိမခံရပဲ သူတို့ကအစားအိပ်ပေးကြလို့ကျေးဇူးတောင်တင်သေးတယ်"
ကျောခိုင်းသွားသောပိန်ပိန်ပါးပါးကျောပြင်ကိုငေးကြည့်ရင်းနှင့် မိမိပြောမိတာများမှားသလားလို့တွေးမိသည်။
ညကအဖြစ်ကိုပြန်တွေးမိရင်းခြယ်ရိုက်ငိုမိသည်။
"ဒါက မင်း မှားလို့ မမလေးအတွက်အသုံးစရိတ်ပါဗျ အဲ့တာဆိုကျွန်တော်သွားမယ်"
.
.
"ဟေ့လူကြီး"
ဂျိုးသူ့ကျောပေါ်မှထိုလူကောင်သေးသေးလေးကိုခါချပလိုက်သည်။
ချွေးတွေရွဲနေပြီးဘောလုံးဝတ်စုံလေးနှင့်။
"အားးး နာတယ်"
"လူအိုကြီး"
သွားဖုံးတွေပေါ်အောင်သွားသေးသေးလေးတွေမြင်ရအောင်ရယ်ပြသည့် ဒီဟိုမရောက်ဒီမရောက်လေးကိုဂျိုးငေးကြည့်မိသည်။
"တော်တယ် ဦးလေးကြီး"
"သူကလှလား"
"ကိုယ်ကချောတယ်ပေါ့"
"တစ်ခါမှပဲ"
"မင်းရော"
"ဟ မင်းအသက်ကရော"
"၁၈"
ယောက်ျားလေးတအုပ်နဲ့အတူရှိနေတာ အန္တရာယ်များသည်။
ပြောပြောဆိုဆိုနှင့်ကားစက်နိုးပြီး ကားထွက်လိုက်သည်။
Advertisement
- In Serial432 Chapters
Itai no wa Iya nanode Bōgyo-Ryoku ni Kyokufuri Shitai to Omoimasu
Honjou Kaede was invited by her friend, Shiromine Risa to play a VRMMO. I don’t hate games, but painful things are a little……no, I hate it very, very much. Eh!…the pain would be reduced if I placed stats on defense power? Then, the only place where I can place it, is there right? right? Solidify it into defense powers very hard, Here I come!
8 881 - In Serial1012 Chapters
My Sassy ‘Crown Princess’
“You mean that Prince Yu wants to marry me?”
8 429 - In Serial27 Chapters
A Nerd's Wet Dream Come True (Tossing an OC into Marvel) V2.
Andrew William. A perfectly average boring name for a perfectly average and boring boy. He wasn't particularly smart nor gifted. Not in academics nor in sports. He wasn't even as good as the other losers and "nerds" in his school. He could not remember the expansive lore of Star Wars, he could not recite the dialogue of Startek nor pull off any cool one-liners and quotes, and he couldn't beat the final level in most games without resorting to cheating or mods. All he had was half-assed knowledge of pop culture and comics, but the one thing he was good at, his one and only pride and calling in life? Making Youtube videos. No, it wasn't sad! He was actually quite popular, honest! He made videos of adventure and nature, although it was mostly of the creepy variety. Abandoned hospitals, old mines, long tunnels, and undiscovered caverns. And as ironic as it was predictable, it would, of course, turn out to be the reason that he died. Well, at least he could take comfort in dying doing what he loved, not many people these days could say the same, you know? The concept comforted him at least, but it turns out death is not always as permanent as people liked to think, because Andrew somehow found himself in New York City of all places after falling to his certain death in the Devil's hole, Death Valley Nevada., only thing was it certainly wasn't the New York that he knew of. The Fantastic Four? Stark Industry? Captain America's biography? Oh boy, and did he mention he's no longer human? His Asian friends had introduced him to the wonders of Isekai novels and mangas, but isn't the order a little messed up? Where's his meeting with the sexy and nice Goddess? Where was his intro or tutorial?? Explanation plz I'm a noob at cross-dimensional travel! Help? Setting? Menu? Status? May I please get to pick my own cheat power? No? I'm stuck as a virus? Well, At least the Prototype Virus was pretty darn cool and OP. Just not as op as being able to casually break the sound barrier in my sneakers or bench pressing the earth, but I'll just have to make do. Please don't be some fucked up Marvel continuity where Nazis and Hydra won or some shit. Toto, I don't think we're in Kansas anymore
8 335 - In Serial7 Chapters
The Marauders
It has been thirty years since the end of the brutal Andromeda War. The Andromeda Republic was barely able to defeat the Zeta Empire, and its remnants retreated into uncharted space. At first, peace has been settled across the galaxy, but over the decades, the Andromeda Republic became more and more paranoid of the Zeta Empire returning. As a result, they slowly became tyrannical and started to use terrorist tactics to maintain control across the Andromeda Galaxy. But little did they know, the Zeta Empire has secretly been preparing and growing stronger to invade the Andromeda Republic ever since their defeat. With the republic going into turmoil, it is now the perfect opportunity for the Zeta Empire to strike. After the Zeta Empire returned from uncharted space on a full-scale assault against the galaxy, the Great Zeta War has started. Two years later, both factions were at a bitter stalemate. But the Andromeda Republic decided to hire a pair of former bounty hunters; a skilled sniper and pilot Bryce Kiness, and Agnar Reise, a heavy weapons specialist, to sneak behind enemy lines to find a way to end the war. Meanwhile, one of Zeta Empire’s flamethrower specialists, Kyle Savo, goes rogue and befriends a teenage prisoner of the empire named Arrua Veronis. After making a daring escape from the Zeta Empire, they come across the two mercenaries and decide to join forces, becoming the galaxy’s most daring group of mercenaries, the Marauders!
8 147 - In Serial10 Chapters
Dragon Ball, A True Coherent Fan-Fic
Author: So I was writing and erasing every time I had a chapter for my other story, I felt it had something missing. So I decided to practice by doing a Fan Fic after reading some of them. Some of them almost made puke of how much they made me cringe. Now I'll make it justice my doing one. I don't have to create too deep of lore. I can just work around what's already there and fix some things I hated in the original work. Vegito being retcon. Launch being lost in limbo. No love for Tien Shinhan. Synopsis: I died and reincarnated in the Dragon Ball universe. This is how everything went down after was reborn.
8 108 - In Serial21 Chapters
More than rubies [D. Alli x E. Dier]
"I'll never let you go, Dele."
8 287