《Devil Husband》Weeding 💟
Advertisement
"ဟေ့ကောင် ထ"
ဂျိုးဆိုဖာပေါ်မှာခွေအိပ်နေရာမှဘီယာဘူးေတွထည့်ထားသည့်အိတ်နှင့်မျက်နှာကိုရိုက်ခံလိုက်ရ၍ နိုးသွားသည်။
မျက်လုံးအစုံကိုပွတ်သပ်ရင်း လက်ရုံးကိုအူကြောင်ကြောင်နဲ့ကြည့်နေသည်။
"ဘာဖြစ်လို့လဲ"
"မင်းဒီတလောအတွင်းမင်္ဂလာဆောင်အတွက် အများကြီးအလုပ်ဒဏ်ပိထားရလို့ ဂုဏ်ပြုမလို့သားကြီး"
လက်ရုံးမင်္ဂလာဆောင်ကိုနှစ်ပတ်ဆိုသည့်အချိန်ခဏလေးအတွင်းမှာ အပြီးပြင်ဆင်ရတာဆိုတော့ ဖိတ်စာရိုက်တာ၊ဧည့်သည်ဖိတ်တာ၊အသေးအဖွဲကအစ ညာလက်ရုံးဂျိုးကိုသာအစဆုံးနီးပါးတာဝန်ယူခိုင်းသည်။အစဆုံးလိုက်လုပ်နေရတာမဟုတ်ပေမယ့် ဂျိုးကပဲဦးဆောင်ပြီးစီမံကြီးကြပ်ပေးရသည်။
အခုလဲလူကမနက်ဖြန်မင်္ဂလာပွဲအတွက် ခန်းမကိုအစဆံုးအလှဆင်ပြင်ဆင်တာအခုမှပြီးလို့ ပင်ပန်းလွန်းလို့ဧည့်ခန်းထဲမှာပင်အိပ်ပျော်နေတာကိုအချိန်မတော်လူကိုလာနိူးသည်။
"ဘာလို့ငါ့ကိုဇီးကွက်လိုပြူးကြည့်နေတာလဲ $ခွက်ရိုက်လိုက်ရ ငါစိတ်လူပ်ရှားနေလို့အိပ်မပျော်ဘူး အပြင်လိုက်ခဲ့"
မနက်2နာရီကြီး ခြေကုန်လက်ပန်းကျပင်ပန်းနေလို့အိပ်ေမာကျေနတဲ့လူကို ဒီတလော မင်းပင်ပန်းနေတယ်ဆိုပြီးနိူးပြီးတောင် ဂုဏ်ပြုရတယ်ဆိုတော့လဲ။အိပ်မောကျနေတဲ့လူကို
တောင်နိူးရတယ်တဲ့...။
"ရင်တွေတုန်တယ်ကွ ငါတို့ကလင်မယားဖြစ်ပြီးသားဆိုပေမယ့် တကယ်တရားဝင်လက်ထပ်ရတော့ရင်ဘက်ထဲမှာတမျိုးကွ ရင်ဘက်ထဲမှာကြောင်ကုတ်ခံရသလိုပဲ"
မနက်ဖြန်မင်္ဂလာဆောင်ရတော့မယ့်သတိုးသားကြီးရဲ့ရင်ဖွင့်စကား။
ကဗျာဆန်လိုက်တာလဲလွန်ပါလေရော။
သူများတွေကရင်ဘက်ထဲမှာလိပ်ပြာလေးတွေဝဲပျံနေသလိုမျိုးဘာညာ သူကျမှရင်ထဲကြောင်ကုတ်ခံရသလိုပဲတဲ့။
ရှင်းသွားရောနော်။ကိုယ့်ကိုကိုယ်ကဗျာဆန်တဲ့နှလုံးသားတစ်စက်မှမရှိဘူးလို့ထင်ထားတဲ့ဂျိုးတောင် သူ့ထက်ဖွဲ့နွဲ့နိုင်အုန်းမည်။
"ရော့ ငြင်းရင်$ခွက်ကိုလီးနဲ့ထိုးမှာ ငါသောက်ဆိုသောက်လိုက်"
ဂျိုးမငြင်းသာတော့ဘဲ သူကမ်းပေးသည့်အဖုံးပွင့်ပြီးသားဘီယာဗူးကိုလှမ်းယူပြီး မျက်စိပိတ်ပြီးမြိုချလိုက်သည်။
သောက်လေ့သောက်ထသိပ်မရှိတဲ့လူမလို့နည်းနည်းလေးဝင်ရုံနဲ့သူမူးတတ်သည်။
မျက်နှာမဲ့ပြီးဘီယာတစ်ကျိုက်မြိုချလိုက်သော ဂျိုးရဲ့ပုခုံးကိုလက်ရုံးဖိညှစ်ပြီး
"ဒီလိုမှပေါ့ သားကြီးရဲ့"
ဂျိုးလက်မသာထောင်ပြလိုက်နိုင်သည်။
ပေါ်တီကိုအောက်တွင် ရေကူးကန်ထဲကိုနှစ်ယောက်လုံးခြေထောက်တွေရေစိမ်ထားပြီး လက်ရုံးကမ်းလာသမျှကိုအမြည်းတောင်မပါပဲ
လည်ချောင်းတလျှောက်ပူဆင်းပြီးမော့ချနေသည်။
"ငါ့ကောင် ချကွာ"
"လက်ရုံး မင်းကမတရားဘူးကွ"
ရုတ်တရပ်ဂျိုးပါးစပ်ကထွက်လာသည့်စကားကြောင့် ပါးစပ်ထဲထည့်မယ့်ဘီယာတောင်ရပ်သွားသည်။
ဘာကိုမကျေနပ်မှန်းမသိပေမယ့် ဂျိုးအသံကစူးနစ်ကြေကွဲပြီးသိမ်ဝင်နေသလိုဖြစ်နေ၍ ဂျိုးဘက်ကိုမျက်နှာလှည့်ကြည့်လိုက်သည်။
"ဘာလဲ ဘာကိုမကျေနပ်တာလဲ"
"ခြယ့်ကိုငါအရင်တွေ့ခဲ့တာကွ"
သူပြောတာစိတ်ဝင်စားသွားပြီးအံ့ဩတကြီးနှင့်။
"ဟုတ်လား"
"ဟုတ်တယ် ငါကပဲသူ့ကိုအရင်တွေ့ခဲ့တာ သူ့အလုပ်နေရာကိုလဲငါပဲအရင်ရှာတွေ့ခဲ့တာ ငါကသူ့ကိုငါအရင်ကြိုက်ခဲ့တာကွ မင်းတရားဘူးကွာ ငလုံးလက်ဖယ် မင်းမှာငါမပိုင်ဆိုင်ရတဲ့အစစအရာရာရှိနေပြီးသားကိုတောင် ငါပိုင်ဆိုင်ချင်လို့လောဘတက်ခဲ့မိတဲ့ တစ်ခုတည်းသောကိုလဲမင်းကအပိုင်သိမ်းသွားခဲ့တယ်ကွာ မတရားဘူးလက်ရုံးရာ"
ဂျိုးဆီမှငိုသံပေါက်နေသည့် အက်ကွဲနေသည့်လေသံကိုနားထောင်ပြီး လက်ရုံးအံ့ဩသွားသလိုငိုင်ပါကျသွားသည်။
ထန်းရည်မူးရင်ကျွဲခိုးပေါ်ဆိုသည့်အတိုင်း ဂျိုးရဲ့ရင်တွင်းဖြစ် သူ့မိန်းမအပေါ်ထားရှိသည့် ခံစားချက်အမှန်တို့ကိုထုတ်ပြောလာ၍ ပေါ်ထွက်လာသည့်ဝန်တိုစိတ်ကိုလဲလက်ရုံးမထိန်းမိ။
သဝန်တိုစိတ်နှင့်အတူအားနာစိတ်တွေလဲပေါ်ထွက်လာသည်။
"ဂျိုးရာ"
"အင်းပြော"
"မင်းဘာလို့အစထဲကမပြောခဲ့တာလဲ ငါ့လျှော့ပေးမှာပေါ့"
အစောထဲကသာထိုကောင်သာဒါသူကြိုက်နေတဲ့မိန်းကလေးလို့ရှင်းရှင်းပြောခဲ့ရင်သူအတိလင်းအလျှော့ပေးခဲ့မှာ။
ကိုယ့်အကိုလိုလူရဲ့မိန်းကလေးကိုသူလုယူခဲ့သလိုဖြစ်တာကိုလဲအတော်အားနာမိသွားသည်။
"မင်းအစထဲကပြောခဲ့ရမှာ သားကြီးရာ အခုမှတော့မရတော့ဘူး စိတ်မကောင်းဘူးကွာ သူကငါ့အပိုင်ပဲ"
သူကငါ့အပိုင်ပဲဆိုသည့်လေသံကိုတမင်ဖိပြောပြီးအေးစက်ပြတ်သားပြီးခြိမ်းခြောက်သည့်လေသံပေါက်နေသည်။
ဂျိုးမချိပြုံးပြုံးပြီးမူးမူးရူးရူးနဲ့လက်မတထောင်ထောင်သာလုပ်ပြနေသည်။
ခန္ဓာကိုယ်ကအရှေ့ဘက်ကိုယိုင်ယိုင်ကြသွား၍ရေကူးကန်ထဲပြုတ်ကျမသွားစေရန် လက်ရုံးလှမ်းလှမ်းထိန်းပေးနေရသေးသည်။
မူးမူးရူးရူးနှင့်အော်ချင်ရာတွေလျှောက်အော်နေ၍
"မင်းမှာကလေ ရေလျှံနေတဲ့ဘီလျံနာအဖေကြီးလဲရှိတယ်အမေလဲရှိတယ် ဆွေမျိုးအသိုင်းဝိုင်းကဖူးဖူးမူတ်တုန်နေအောင်အချစ်ခံရတယ် ငါ့ကျတော့ရော စောက်သုံးမကျတဲ့ကံတရားကြီးပါကွာ အားးး"
"ဟျောင့် လူကြီးတွေအိပ်နေပြီကွ"
ဂျိုးရဲ့ပါးစပ်ကိုလက်နဲ့အတင်းအုပ်ပြီးခုနကသူအိပ်နေတဲ့ဆိုဖာဆီပြန်တွဲခေါ်သွားရတော့သည်။
တော်ရုံအချိန်ဆိုချိုသည်လဲမပြောခါးသည်လဲမပြောခံစားချက်မှန်သမျှကိုရင်ထဲတွင်အပြည့်သိပ်သိုလှောင်ထားတတ်သည့်ကောင်က
မကျေနပ်တာတွေပြောထုတ်လိုက်ရ၍နေသာထိုင်သာရှိသွားမှာပေါ့။
သူမြခြယ်အပေါ်မှာ ဒီလိုစိတ်ရှိနေမှန်းသိသွားရ၍ ဘယ်လောက်ပဲယုံကြည်ရတဲ့လူဖြစ်ပါစေ လက်ရုံးအချစ်စိတ်ကြောင့် လက်ရုံးစိတ်မချနိုင်တော့။သူ့မြခြယ်လေးကို ဒီကောင်နဲ့ဝေးဝေးမှာထားဖို့သူတွေးမိလိုက်သည်။
.
.
ခရမ်းရောင်ဖဲသားစကြီးရဲ့အပေါ်မှာ ရွှေရောင်ကာလာနှင့်သတို့သားသတို့သမီးအမည်။
စားပွဲခင်း၊ထိုင်ခုံအစွပ်ကအစခရမ်းရောင်အတိပြီးနေသောပြင်ဆင်မူ။
နှင်းဆီပန်းတွေ သစ်ခွပန်းတွေနဲ့အလှမဆင်ပဲ ခရမ်းရောင်ဖြစ်တဲ့လာဗင်ဒါပန်းတွေနဲ့သာ
ခန်းမတစ်ခုလုံးကုိဆင်ယင်ထား၍ လာဗင်ဒါရနံ့လေးတွေမွှေးကြိုင်ပျံ့လွင့်နေသည်။
ကမ္ဘာကြီးကခရမ်းရောင်ပြောင်းလဲသွားသလို မင်္ဂလာခန်းမထဲခြေချလိုက်တာနဲ့ ခရမ်းရောင်တွေသာသုံးစွဲထားသည့်ထူးခြားသည့်လက်ထပ်ပွဲ။
သတို့သားသတို့သမီးလျှောက်လမ်းကိုလဲအနီရောင်ကတ္တီပါလမ်းအစား နူးညံ့အိစက်နေသည့်ခရမ်းရောင်ကတ္တီပါပိုးထည်လျှောက်လမ်း။
လျှောက်လမ်းရဲ့နံဘေးနှစ်ဖက်မှာ ပြီးပြည့်စုံစွာခင်းကျင်းထားသည့်နေရာထိုင်ခင်းများ။
ခန်းမကျယ်ကြီးထဲမှာ ရွှေပွဲလာပရိသတ်အပေါင်းကလဲနေရာလွတ်မရှိအောင်များပြားလှသည်။
နိုင်ငံအကြီးအကဲ၏သားဖြစ်သူရဲ့လက်ထပ်ပွဲဆိုတော့လဲ လာသမျှလူတွေကလဲအသိုင်းအဝန်းကြီးကတွေကြီးဖြစ်သည်။
ရာထူးဂုဏ်ထည်ရှိတဲ့လူတွေကြီးပင်။
"အဲ့ကောင်လေးတအားရိုင်းတာပဲ ပြောတာဆိုတာလူကြီးကိုလူကြီးမှန်းမသိဘူး မောက်မာတယ် လူတွေကိုသူတို့ထက်နိမ့်ကျတယ်ဆိုပြီးနှိမ်ချင်သေးတယ်"
ခြယ့်ဦးလေးရဲ့ဇနီးဖြစ်သူကခန်းမအဝင်မှာရပ်နေသည့် လက်ရုံးရှိရာကိုမျက်စောင်းထိုးကြည့်ပြီး သူတို့အချင်းချင်းမကြားတကြားပြောသည်။
"ငါ့သမီးလေး ဒီလိုကောင်စားမျိုးနဲ့အဆင်မှပြေပါ့မလား ယူပြီးနှိပ်စက်နေရင်ဘယ်လိုလုပ်မလဲ ငါရင်တွေပူလိုက်တာ"
"ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့တစ်ဦးတည်းေသာသားCrownဟိုတယ်လုပ်ငန်းစုရဲ့မြေးနဲ့မှအဆင်မပြေရင်ဘယ်သူနဲ့အဆင်ပြေရမှာလဲ ပြီးတော့အဲ့ကောင်လေးကရိုင်းပေမယ့်လဲ
ပညာတတ်အင်ဂျင်နီယာလောင်းလေး အကို့သမီးကပြောရရင်သူနဲ့တောင်မတန်ဘူး မျက်နှာလှလှလေးပဲရှိနေတာ ဟိုကောင်လေးကသူ့ကိုမျက်စိကျပြီးယူတာကံကောင်း အကို့သမီးနဲ့တန်ကိုမတန်တာ"
"ရှူး ရှူး"
ဒဲ့ပြောချလိုက်သောဇနီးဖြစ်သူကိုဦးလေးလုပ်သူက လက်မောင်းကိုတိုက်ပြီးနူတ်ဆိတ်နေတော့ရန်အရိပ်အခြည်ပြရတော့သည်။
သမီးလုပ်သူကိုအကြွေးနဲ့သိမ်းချသွားပြီး
တစ်လမကဘယ်ခေါ်သွားမှန်းမသိ အစအနသတင်းရှာမရအောင်လုပ်သွားပြီး အခုမှလက်ထပ်ပွဲဆိုတော့လဲ ဖခင်တယောက်အနေနဲ့ဘယ်လိုစိတ်ချလက်ချပါ့မလဲ။
သားမက်ဆိုပြီးဘာမှလေ့လာခွင့်မရပဲ သမီးလုပ်သူကိုဘယ်လိုဆက်ဆံလဲတောင်သိခွင့်မရ။
မချစ်မနှစ်စက်သူနဲ့တစ်သက်လုံးအတူနေသွားရမည့် အဖိုးတန်သမီးလေးအတွက်လဲရင်ထုမနာ။
ကောင်လေးကသူ့ကိုဆေးကုပေးတာတွေအထိ လူငှားနဲ့ကြည့်ရူစီစဥ်ပေးတော့လဲ မကြင်နာရင်တောင် လူစိတ်တော့ရှိမယ့်ပုံပါဟုပင်ဖြေတွေးရတော့သည်။
"မြခြယ် မပြီးသေးဘူးလား"
ဝတ်စုံအပြည့်ဆင်ယင်ပြီးအဝတ်လဲခန်းရှေ့တွင်ခေါက်တုံ့ခေါက်ပြန့်လျှောက်ပြီး သတို့သမီးဖြစ်သူကိုတစ်ဖွဖွမေးနေ၍ Make-up artistများပြုံးစိစိ။
"သတို့သားကြီးကလဲ မြခြယ် မြခြယ်နဲ့ပါးစပ်ဖျားကကိုမချနိုင်ဘူးနော် ရှင့်မြခြယ်ကပြီးပါပြီရှင့် တကယ်ထဲ မင်္ဂလာပွဲကနေသတို့သမီးထွက်ပြေးသွားမှာကျနေတာပဲ"
"ဟိုတယ်ခန်းမထဲ ဧည့်သည်တွေစုံနေပြီမလို့"
အခုကျတော့လဲပျာယာနေတာသူမဟုတ်သလိုနှင့် ရုပ်တည်ကြီးနှင့်ဧည့်သည်တွေစုံပြီလို့အကြောင်းပြသည်။
လက်ရုံးစိတ်ပူဝာာလဲအဲ့တာပါ။သူထွက်ပြေးသွားမှာ ဒါမှမဟုတ် သူ့ကိုသူတခုခုမဟုတ်တာလုပ်လိုက်မှာကိုစိတ်ပူနေတာ။
"ဒီမှာ ရှင့်သတို့သမီးလေးပြီးပါပြီရှင့်"
အဝတ်လဲခန်းထဲကသတို့သမီးဝတ်စုံခရမ်းရောင်လေးကိုကျက်သရေရှိစွာဆင်ယင်ပြီးထွက်လာသောသတို့သမီးလေးကိုမြင်တော့လက်ရုံးမျက်နှာလွှဲလိုက်သည်။
"လှတယ်မလား သတို့သားကြီး"
ဘာမှပြန်မဖြေ။
"လှလိုက်တာနတ်သမီးလေးကျနေတာပဲ"
"ကြွေရုပ်လေးအသက်ဝင်လာသလိုပဲ ခြယ်ရယ်"
မိတ်ကပ်ဆရာမများနှင့်ဝတ်စုံကူဝတ်ပေးသည့်အမတွေကတဖွဖွချီးကျူးနေကြသော်လဲ လက်ရုံးကတော့ ခြယ့်မျက်နှာတောင်သေချာမကြည့်။မျက်နှာတစ်ဖက်လွှဲပြီးလှည့်တောင်မကြည့်။
"ပြီးပြီမလား လာ သွားမယ် ဒီရုပ်ကဒီရုပ်ပဲဟာကိုဘာတွေဒီလောက်တောင်ပြင်ဆင်နေရတာလဲ ဧည့်သည်တွေစောင့်နေရပြီ ကျစ်"
လက်ရုံးဆီကထိုအေးစက်စက်စကားများထွက်ပေါ်လာ၍ ထိုနေရာမှာရှိနေတဲ့လူတွေအကုန်အံ့အားသင့်သွားကြသည်။
ထိုစကားလုံးများကခြယ့်အရိူက်ကိုတည့်တည့်ထိသွားသည်။
လက်ရုံးကသူ့ကိုလုံးဝမချစ်ဘူးလို့ပိုပြီးတော့တောင်ယုံကြည်သွားသည် ဘာတွေမျှော်လင့်နေမိတာလဲ ဒီလူ့အတွက်သူကမုန်းလို့ဒုက္ခပေးချင်ရုံသက်သက်ပဲလေ။
မင်းအရမ်းလှတာပဲဆိုသည့်စကားတစ်ခွန်းလောက်များကြားရမယ်လို့မျှော်လင့်မိတာကိုကသူ့အမှား။
သတို့သားသတို့သမီးထိုနေရာမှထွက်သွားတော့မှ ထိုနေရာမှာရှိနေသည့်အမျိုးသမီးငါးဦးလုံးတစ်ပြိုင်ထဲတူတူပြောလိုက်မိတာက
"သတို့သားကအုံ့ပုန်းချစ်တာပဲဟ"
နဂိုနီရဲနေတတ်သည့်ပါးနီနီရဲရဲလေးနှစ်ဖက်က ဆေးဆိုးဖို့တောင်မလို။ပန်းနုရောင်နူတ်ခမ်းသားလေးကပန်းပွင့်လွှာတချပ်လိုပင်။
ခရမ်းရောင်လေးနှင့်ပြောပြလို့မရအောင်လှနေသည့် ခရမ်းေရာင်သတို့သမီးလေး။
မြန်မာတိုက်ပုံလုံချည်နှင့်ခရမ်းရောင်ခေါင်းပေါင်းနှင့်ခန့်ညားကြည့်ကောင်းလွန်းနေသည့်သတို့သားသတို့သမီးကနေနဲ့လရွှေနဲ့မြအတိုင်းပင်။ခရမ်းရောင်တွေကဒီလင်မယားအပိုင်လို့ပြောယူနိုင်တဲ့အထိခရမ်းရောင်တွေနှင့်လိုက်ဖက်လွန်းသည်။
သတို့သားသတို့သမီးမင်္ဂလာလျှောက်လှမ်းပေါ်ခြေလှမ်းလိုက်သည်နှင့် ပျံ့လွင့်လာသော
တယောသံချိုချိုလေးနှင့်အတူ ပရိသတ်အပေါင်းရဲ့ဩဘာလက်ခုပ်။
"မှတ်မိသေးရဲ့လား ကိုယ်တို့မင်္ဂလာဆောင်တုန်းကလဲခန်းမတစ်ခုလံုးအပြာရောင်တွေကြီးပဲလေ သားတို့ကိုကြည့်ပြီးကိုယ်တို့လက်ထပ်ခဲ့တာကိုတောင်ပြန်သတိရသွားပြီ ကိုယ့်ကလေးကအပြာရောင်သတို့သမီးဝတ်စုံလေးနဲ့သေမတတ်ကိုလှတာလေ အပြာရောင်တွေကကလေးအပိုင်"
"အဲ့ဒီနေ့ကလူကြီးမင်းငိုသေးတယ်လေ မျက်နှာကိုလက်နဲ့ကာပြီးငိုတာလေ ဟားဟား"
"ကိုယ်ငိုလို့လား ဒီပေါက်ကရတွေလဲမှတ်ထား"
"ငိုတာပေါ့ အဟီးဟီးလို့ငိုတာလေ"
"ဒါတော့နည်းနည်းများသွားပြီ ကိုယ်ငိုရင်မျက်ရည်ပဲကျတာ လူလိမ်စုတ်လေး"
ဘိသိက်ဆရာရဲ့စကားသံတွေကိုတောင်အရေးမစိုက်နိုင်ပဲ အတိတ်ကအကြောင်းတွေကိုပြန်ပြောရင်း
လူမြင်ကွင်းထဲလဲ နှစ်ယောက်ထဲကမ္ဘာတည်ပြီးဟီလာထနေကြသည့် သတို့သားမိဘနှစ်ပါးနှင့်ခြားနားစွာ သတို့သားရောသတို့သမီးပါပြုံးပျော်နေခြင်းမရှိကြ။
အေးစက်စက်မျက်နှာပေးနှင့်ခြယ် ထီမထင်မျက်နှာထားနှင့်သတို့သားလက်ရုံးကြောင့်ပရိသတ်တွေအခက်တွေ့နေကြသည်။
သူတို့အချင်းချင်းများမချစ်ကြဘူးလားလို့အထင်ရောက်ကုန်ကြသည်။
ထိုအခြေအနေကိုမြတ်သတိထားမိ၍ သူတို့နှစ်ယောက်နားကပ်ပြီး လေသံတိုးတိုးဖြင့်
"နည်းနည်းလောက်ပြုံးရယ်ကြလေကွာ ဒါမင်းတို့လက်ထပ်ပွဲလေ ကျောက်ရုပ်တွေကျနေတာပဲ"
ဟန်ဆောင်မျက်နှာဖုံးကိုတပ်ဆင်လိုက်ပြီး အပြုံးတုတွေကိုဝေနေအောင်ခြယ်ဆင်ယင်လိုက်သည်။
"ဟီးဟီးဟီးနဲ့နေတာပဲနော် သိပ်ဟန်ဆောင်ကောင်းတာပဲ ငါ့မိန်းမမြွေမက"
"ယောကျာ်းမြွေထီးကြီးဆီကအများကြီးသင်ယူလာခဲ့တာကိုနော် ယောကျာ်းရဲ့"
"အဟက်ဟက်"
လက်ရုံးဟန်ဆောင်လှောင်ပြုံးပြုံးလိုက်သည်။
လက်ရုံးဂျိုးထိုင်နေတဲ့နေရာကိုအကဲခတ်လိုက်တော့ တည်ငြိမ်နေတဲ့မျက်နှာထားနှင့်ခြယ့်မျက်နှာကိုသာတည့်တည့်စိုက်ကြည့်နေသည်။
သူ့ကိုလက်ရုံးကြည့်နေတာကိုတောင်သတိမထားမိနိုင်တဲ့အထိခြယ့်ကို လွမ်းဆွေးစွာတစိမ့်စိမ့်ထိုင်ကြည့်နေသည်။
ဟန်ဆောင်မူအပေါင်းနှင့်လူရှေ့တွင်သိပ်ချစ်ကြသည့်မင်္ဂလာမောင်နှံအသွင်ဆောင်ပြီး မင်္ဂလာပွဲကျင်းပလိုက်ရသည်။
.
.
"ချီးယားစ် ချီးယားစ်"
ခွက်ချင်းတိုက်သံများနှင့်အတူ မူးရူးနေကြသည့်ဘီယာဆိုင်ထဲကသူငယ်ချင်းတစ်စုရဲ့ ပျော်ရွှင်ရယ်မောနေသံတွေ။
"ငလုံးလက်ဖယ် ဒါမင်းရဲ့နောက်ဆုံးလူပျိုညကွ ချကွာ"
"နောက်ဆုံးလူပျိုညလုပ်မနေနဲ့ မင်းတို့ကောင်ကလူပျိုကို ယရစ်နဲ့တောင်အခါခါပြိုလို့ရနေပြီ"
"ဟားဟားဟား"
ထိုစကားကြောင့်တစ်ဝိုင်းလုံးပွဲကျသွားရပြန်သည်။
"ငါတို့ကောင်ကြီးအစောဆုံးလက်ထပ်သွားမယ်လို့ထင်ကိုမထင်ခဲ့တာ ငဖြိုးရာ"
"ဟုတ်ပ့ နွားကအစောကြီးစွံသွားတယ်"
"ဇနီးမယားလေးနဲ့ပဲရှေ့လျှောက်နှစ်ပါးသွားတော့မယ်ပေါ့ ဒီကောင်သမီးလေးမွေးရင်ငါယူမာနော် ဟျောင့်တွေ"
"ယူလိုက်စမ်းပါ သမီးပေးသမက်တော်ပြီးပျော်ပျော်ကြီးမင်းထိုင်ကန်တော့တာခံလိုက်အုန်းမှာလက်ရုံးတို့က"
"ဟားးဟားးဟားး"
လက်ရုံးစကားကြောင့်ပွဲကျသွားရပြန်သည်။
"ဟျောင့်တွေ ငါမရတော့ဘူး မူးနေပြီ အိမ်ပြန်တော့မယ်"
"မြခြယ်လေးစောင့်နေရလို့ပေါ့ ကံကောင်းပါစေကွာ "
"အင်း သူ့ကိုခေါ်သွားမှာ"
တစ်ဖက်ဘီယာဝိုင်းရှိ ဘီယာငှဲ့ပေးနေသည့်မိန်းကလေးရှိရာကိုညွှန်ပြပြီးပြောတော့
မြတ်ထင်တို့မျက်လုံးပြူးသွားရသည်။
မြတ်ထင်က
"ငါတို့ကောင်တော့ မူမမှန်တော့ဘူးဟေ့ မင်္ဂလာဦးညမှာတစ်ခြားမိန်းမကိုအိမ်ခေါ်သွားမယ်ဆိုတော့"
"ဟားဟားးဟားး"
သူတို့ကစစနောက်နောက်ပြောနေပေမယ့် လက်ရုံးကတော့စနောက်ေနတာမဟုတ်ပါ။
ချက်ချင်းထိုဘီယာဝိုင်းကိုလျှောက်သွားပြီး ထိုမိန်းကလေးကိုလက်မောင်းရင်းကဆွဲခေါ်လိုက်သည်။
ထိုဝိုင်းမှလူတွေရုတ်တရပ်ကြောင်အမ်းသွားကြပေမယ့် ဝန်ကြီးချုပ်သားနာမည်ကြီးလက်ရုံးသုခဖြစ်နေ၍
"ညီလေးကြိုက်ရင်ယူသွား ယူသွား ကိုကြီးတို့အလျှော့ပေးလိုက်မယ်"
"ညီကိုတို့ကျေးဇူးပါ"
ထိုလုပ်ရပ်ကြောင့်ဆိုင်အပြင်ကနေပဲစောင့်ကြည့်နေသည့်ဂျိုးဝင်ပါရတော့သည်။
"လက်ရုံး ရူးသွားပြီလား ဒါမင်းရဲ့မင်္ဂလာဦးညနော် ဘယ်လိုလုပ်တခြားမိန်းမကိုခေါ်သွားမှာလဲ"
"ငါလုပ်ချင်ရာလုပ်မယ်"
"ဟုတ်တယ်လေ ငလုံးလက်ဖယ်ရာ ဒါကြီးကမဟုတ်သေးဘူးလေကွာ ဒါကမင်းမင်္ဂလာဆောင်နေ့လေ"
"တော်စမ်းကွာ"
သူတို့ဝိုင်းတားကြသော်လဲ ဇွတ်တရွတ်ဆန်စွာထိုမိန်းကလေးကိုကားထဲအရခေါ်သည်။
ထိုမိန်းကလေးလဲလက်ရုံးဆွဲခေါ်ရာကားတွင်းသို့ဆောင့်သွင်းခံလိုက်ရသည်။
လက်ရုံးသုခကိုဘယ်သူကနိုင်မှာလဲ။
"သူ့ကိုခေါ်သွားမယ်ဆိုငါကားမမောင်းပေးနိုင်ဘူး"
"ဒါများခက်လို့"
သူ့ဟာနှင့်သူမူးမူးရူးရူးနဲ့ကားမောင်းချသွားမည်လုပ်သောလက်ရုံးကြောင့်ဂျိုးမနေသာပဲ ကားမောင်းပေးလိုက်ရတော့သည်။
ကွန်ဒိုမှာအသင့်စောင့်နေသည့် ဇနီးအသစ်စက်စက်လေးရှိရဲ့သားနဲ့ ပြည့်တန်ဆာကိုထိုဇနီးရှိရာခေါ်ချသွားရဲသည့်သတ္တိကို
ထင်ကျော်တို့တွေလက်ဖျားခါသွားကြသည်။
လက်ရုံးဆိုတဲ့ကောင်က သူလုပ်ချင်ရာကိုသိကြားမင်းဆင်းတားရင်တောင်မရရအောင်လုပ်တတ်သည်။
ဂျိုးလဲမနိုင်။ကွန်ဒိုရောက်ရင်ဘာတွေဖြစ်လာမလဲကြိုတွေးရင် ကြားထဲကဘုရားတနေမိသည်။
"ကျွီ"
တံခါးဖွင့်သံနှင့်အတူယိုင်တိုင်တိုင်ခြေလှမ်းတွေနှင့်သူ့ခန္ဓာကိုယ်။
သို့သော် သူတယောက်ထဲမဟုတ်။
သူ့အနောက်မှာ စကပ်အတိုအပြတ်နှင့်မိန်းကလေးတယောက်လဲပါလာသည်။
ခြယ်ဆိုဖာမှာထိုင်နေရာမှအံ့ဩတကြီးမတ်တပ်ထရပ်လိုက်မိသည်။
"သူက သူ"
"ငါခေါ်လာတာလေ"
ခြယ်ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။
သူတို့ရဲ့မင်္ဂလာဦးညမလို့ ဘာရယ်မဟုတ်ပေမယ့်သူ့ကိုထိုင်စောင့်နေမှန်းမသိထိုင်စောင့်နေမိသွားသည်။
သူကိုယ်တိုင်လဲလက်ရုံးရဲ့အထိအတွေ့တွေသာယာမိတာမငြင်းနိုင်။
အခုသူကတစ်ခြားမိန်းမကိုအိမ်ခေါ်လာတာလား။
ထိုမိန်းကလေးကလဲ သူ့ကိုစနိူက်မ မယားငယ်မဆိုပြီးဘယ်ေတာ့ထပြီးဆံပင်ဆောင့်ဆွဲ ပါးချခံရမလဲလို့ ကြောက်လန့်နေပြီးလက်ရုံးနောက်မှာကွယ်ရပ်နေသည်။
ဘယ်မိန်းမမဆို ယမ်းပုံမီးကျပေါက်ကွဲမယ့်အခြေနေမှာထိုအမျိုးသမီးကတုပ်တုပ်တောင်မလူပ် အေးစက်စက်မျက်နှာထားနှင့်ပင်သွေးအေးစွာတုံ့ပြန်သည်။
"မင်းဘာပြဿနာရှိလို့လဲ"
"မရှိဘူး"
ထိုတုံ့ပြန်မူကိုလက်ရုံးခေါင်းတငြိမ့်ငြိမ့်လုပ်ပြပြီး
"အိုကေ အဲ့ဒါဆို ဒီညသူငါနဲ့အိပ်မယ်"
ထိုမိန်းကလေးကိုပွေ့ချီလိုက်သည်။ သူတို့နှစ်ယောက်ရဲ့မင်္ဂလာဦးညအတွက် ဦးမြတ်သုခဝန်ထမ်းေတွကိုပြင်ဆင်ခိုင်းထားသည့် မင်္ဂလာခန်းထဲကို
တစ်ခြားမိန်းမကိုပွေ့ချီပြီးဝင်သွားသည်။
ခြယ်အသားတဆတ်ဆတ်တုန်ပြီး နူတ်ခမ်းတွေတုန်ရင်နေသည်။
"မိုက်ရိုင်းလိုက်တာ တောက် မိုက်ရိုင်းလိုက်တာ ရဲတင်းလိုက်တာ လူယုတ်မာ"
ဒေါသကြောင့်လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီးဆိုဖာပေါ်ဖင်ထိုင်ကျသွားသည်။
ဒီလူကိုသူမချစ်ဘူး ဘာလို့များ ဒီလူ့အတွက်ရင်တစ်ခုလုံးမွစာကြဲအောင်ခံစားနေရတာလဲ။
မင်္ဂလာပွဲမှာသတို့သားထွက်ပြေးသွားတာထက်တောင်ပိုဆိုးနေသေးသည်။
တစ်ခြားမိန်းမကိုရင်ခွင်ထဲထွေးပွေ့ရင်းသူတို့နှစ်ဦးရှိေနရမည့်အခန်းထဲကိုတခြားတေယာက်နှင့်ဝင်သွားသည့် ကျောပြင်တစ်စုံကိုငေးရင်းထိုအချိန်မှာသူမသိလိုက်ရတာက ထိုလူယုတ်မာကိုသူမအတော်ချစ်မိေနပြီဆိုတာပဲ။
အိပ်ရာထက်ကနှင်းဆီပွင့်ချပ်လေးများ တစ်ခန်းလုံးကိုနှင်းဆီနီများ လှျပ်စစ်မီးအလင်းရောင်မဟုတ်ပဲကဗျာဆန်စွာဖယောင်းတိုင်လေးများ၏အလင်းရောင်ကြောင့်ထိန်လင်းနေသည့် သူတို့နှစ်ဦးအတွက်သုခဘံုေလးကို သူမဟုတ်တဲ့တခြားတယောက်နှင့်ဖြတ်သန်းလိုက်သည်။
အိစက်ညက်ညောနေတဲ့ မွေ့ရာပေါ်ကိုထိုမိန်းကလေးကိုပွေ့ချီတင်ရင်း ထိုမိန်းမကိုမခံသာအောင်လုပ်လိုက်ရလို့ကျေနပ်နေမိသည်။
*မင်းကငါတခြားမိန်းမနဲ့ကုတင်ပေါ်ရောက်နေရင်တောင်ဂရုမစိုက်ဘူးဆို အခုဘယ်လိုနေလဲ စိမ်းမြခြယ်*
ထိုသွေးအေးလွန်းသည့်မိန်းမကဘယ်လိုမှနေမှာမဟုတ်မှန်းသူမှန်းကြည့်ရုံနှင့်သိသည်။
သူ့ရွံရှာလွန်းတဲ့လူနှင့်အသားချင်းမထိကပ်ရ အတူမအိပ်ရ၍ပိုတောင်ပျော်နေအုန်းမှာ နှလုံးသားမရှိတဲ့မိန်းမက။
"အားးး"
"ဖာ့ခ် ကြပ်နေတာပဲ ဘေဘီ ငါကြိုက်တယ်"
အခန်းထဲကထိုမိန်းကလေး၏ငြီးသံနှင့် လူပ်ရှားသံအရပ်ရပ်တို့ကိုခြယ်အပြင်ကအတိုင်းသားကြားနေရပြီး ပိုးပိုးပေါက်ပေါက်ကျလာသည့် မျက်ရည်တွေကိုမသုတ်ဖြစ်ခဲ့ပါ။
*ကျွန်မအသဲကိုသွေးစိမ်းရှင်ရှင်ခွဲရတာပျော်ရဲ့လား လက်ရုံးရယ်*
#ParadiseKhin
သုံးနာရီမကအောင်typeထားရတာ စိမ့်နေရောပဲ။သဘောကျရဲ့လား။သာသာရေးတာလေဒီ
နူန်းအတိုင်းပါပဲ အတိုလဲမချုံ့ပါဘူး အရင်စာလုံးရေအတိုင်းပါ ဘာလို့ဖတ်မဝဘူးလို့ပြောေနကြတာလဲ။တယောက်ကလဲတိုတယ်တဲ့။ဇာက်ကြောတောင်တက်တယ် မတိုပါဘူးနော်။သာသာမန့်မှန်သမျှအကုန်ဖတ်ပါတယ် အားတက်ရပါတယ် မန့်ဖတ်ချိန်ဆိုပါးစပ်မစိနိုင်အောင်ပျော်တာပါ။မီးပျက်နေလို့နောက်ကျသွားတယ်။
ZAWGYI
"ဟေ့ကောင် ထ"
ဂျိုးဆိုဖာပေါ်မှာခွေအိပ်နေရာမှဘီယာဘူးတွေထည့်ထားသည့်အိတ်နှင့်မျက်နှာကိုရိုက်ခံလိုက်ရ၍ နိုးသွားသည်။
"ဘာဖြစ်လို့လဲ"
အခုလဲလူကမနက်ဖြန်မင်္ဂလာပွဲအတွက် ခန်းမကိုအစဆုံးအလှဆင်ပြင်ဆင်တာအခုမှပြီးလို့ ပင်ပန်းလွန်းလို့ဧည့်ခန်းထဲမှာပင်အိပ်ပျော်နေတာကိုအချိန်မတော်လူကိုလာနိုးသည်။
မနက်2နာရီကြီး ခြေကုန်လက်ပန်းကျပင်ပန်းနေလို့အိပ်မောကျနေတဲ့လူကို ဒီတလော မင်းပင်ပန်းနေတယ်ဆိုပြီးနိုးပြီးတောင် ဂုဏ်ပြုရတယ်ဆိုတော့လဲ။အိပ်မောကျနေတဲ့လူကို
တောင်နိုးရတယ်တဲ့...။
"ငါ့ကောင် ချကွာ"
"ဟုတ်လား"
"ဂျိုးရာ"
"အင်းပြော"
Advertisement
- In Serial81 Chapters
The Game of Gods
Charles earns the ultimate surprise one morning when he awakens to discover the world has ended, or rather the gods of old were bored and decided to redesign how it worked. Everyone else got a nice little message that showed up their vision, everyone else woke up when the gods decided to make their decision known. Only Charles gets cursed by the gods, and only Charles gets a visit from one as well. The Game of the Gods has begun and the monsters of old are returning to our world, and all it took was the death of half the world's population and counting. Author's Note: This is my raw, mostly unedited text. I am using RR to test out this story as I'm writing it to get a feel for how the published and edited copy will be received. Certain sections of the story will be changed or added to when I publish it as well. Reading Order and Links: The Game of Gods Duology + Audio Ebook Audio The Game of Gods 1 - The Beginning Ebook Audio The Dungeon Alaria + Audio Ebook Audio The Game of Gods 2 - The Death of Champions Ebook Audio The Game of Gods 3 - Fragments + Audio Ebook Audio The Dungeon Alaria 2 - The Creator's Daughter Ebook The Dungeon Alaria: The World of Alaria Arc 1 Duology EbookThe Ridden - Stand Alone Ebook Forgotten Spies - Refton & Thomas - Book 1 Ebook Forgotten Child - Refton & Thomas - Book 2 Ebook Thanks for reading and supporting me!
8 118 - In Serial18 Chapters
Begin the End
The legend of Alexander Wren, was a tale passed down through generations. Telling of a hero's quest to pull his love back from the gate of death. The story told is always a happy one.The hero slays the beast, saves the girl, lives happily ever after. However this is merely a folk tale, a story told to children. The truth is much more sinister This is the true story of Alexander Wren, the beginning of the end.The very thing that led us here, to the day the mortals die.
8 102 - In Serial170 Chapters
F Ranked: World Domination with the Weakest System
Ralph had always dreamed of world domination, but when you are living in a world where monsters appear and portals open up like confetti, where magic is in schoolbooks and powerful beings called the awakeners protect the world, such dreams can not be anything but that. Dreams. Now on a path to live a normal life as a normal person, a stroke of misfortune pushes Ralph into a situation of life and death. {You have died} {The dormant system has awoken} {The system greets its host.} {System Rank: F} Maybe World Domination doesn't have to be just a dream anymore? A thrilling tale of a kind yet maniacal genius dreaming of world domination begins in Agriche, the greatest academy in the world! **** Thanks for checking out F-Ranked! I hope you can give it a read. Expect a light hearted story with tons of action and emotional moments in a futuristic academy setting! Updates: 7-14 chapters every week! Discord: https://discord.gg/2xzY5JZzWR
8 371 - In Serial48 Chapters
Haikyuu!!: She's Your Sister!?
With a new team and a new coach, Karasuno is on their way to becoming a strong team. Golden Week has begun, and Ukai decided to bring in some back-up. Who might they be? Why, it's none other than Hinata's older sister, who just returned after graduating high school in America. Follow Karasuno, as they embark on their further journeys with her, as she herself experiences new friends, love, and the bonds they will share as a team.
8 222 - In Serial49 Chapters
Rejection
Kyle's life hadn't been easy. Born as a rogue wolf, packless and wandering, he was used to fighting for his life. He had hoped that after finding his mate, everything would be different.Instead, he was betrayed, rejected and cast out, left to die. Struggling to survive and avoiding pack wolves in general, Kyle soon found himself stuck with a few options left, all of which were not appealing.To survive, he had to put his faith, and life, in the hands of a pack. But could he trust them after what his ex mate, a pack wolf, put him through?
8 151 - In Serial12 Chapters
Airplane. ls
a story in which harry is taking an 11 hour flight, and louis is a flight attendant.short story.(Completed.)Copyright © 2015 mysecretjournal ALL RIGHTS RESERVED
8 115