《Devil Husband》14
Advertisement
ကိုယ်ငွေ့နွေးနွေးရှိနေသောနဖူးကိုလက်တင်ရင်းသူပေးခဲ့တဲ့ဒဏ်ရာတွေကိုတစ်ခုချင်းစီကြည့်နေမိသည်။
စိတ်တော့မကောင်းပေမယ့်သူတစ်လုံးတစ်စိမှမမှားဟုအတည်ကြီးတွေးထင်နေသည်။
လက်ပါမိတာလွန်မှန်းသိပေမယ့်သူ့အပြစ်နဲ့သူဖြစ်ရတာပဲလေ။
"ဒါမင်းအမှားပဲ"
အိပ်ပျော်နေသောလဲနူတ်ဖျားမှတစုံတရာကို
ကယောင်ကတန်းရေရွတ်နေတာကိုကြားသည်။
နာတယ်ဆိုတဲ့တစ်ခွန်းပဲသဲသဲကွဲကွဲကြားသည်။
မျက်နှာပေါ်ကိုအမှောင်ရိပ်တစ်ခုကအုပ်မိုးလာ၍ချက်ချင်းမသိစိတ်ကလူပ်နိုးတော့သည်။
မျက်နှာနားကပ်နေသောအမှောင်ရိပ်ရှင်ကိုတွန်းဖယ်ရင်း
"တောင်းပန်ပါတယ် ကြောက်တယ် မလုပ်ပါနဲ့"
"ကျစ် ငါမင်းကိုဘာမှမလုပ်ဘူး"
မျက်နှာရှိရာကိုလက်လှမ်းလိုက်သောလက်ကိုဖယ်ရှောင်ရင်း အထိမခံပဲစောင်ကိုကိုယ်မှာဆွဲခြုံပြီးအနောက်ကိုတွန့်ဆုတ်သွားသည်။
"မလာနဲ့ လူယုတ်မာကြောက်တယ်"
ထိုလူကကိုယ့်မျက်ခုံးကဒဏ်ရာကိုလက်နဲ့ဖိသပ်ရင်း
"ငါကြည့်မယ် မျက်နှာအမာရွတ်ထင်သွားမယ်နဲ့တူတယ်"
လက်ညိုတစ်ချောင်းစာလောက်မျက်နှာမှာပေါက်သွားသည်။
ယောင်ကိုင်းနေတဲ့မျက်နှာတစ်ဝိုက်ကိုလက်နဲ့ပွတ်သပ်ရင်း
"ကျွတ် နောက်ဆိုငါ့ကိုဒေါသထွက်အောင်မလုပ်နဲ့ ငါလက်မပါချင်ဘူး မင်းကလန်ကဆန်လုပ်ရင်တော့အခုထက်ထက်ဆိုးအောင်လုပ်ပြမယ်"
"မလုပ်ပါနဲ့ ကြောက်တယ် ထွက်သွား"
"ကျစ် ငါမင်းကိုအခုအန္တရာယ်မပေးဘူးလို့ပြောပြီးသားလေ တောက်"
"အင့်ဟင့် အီးဟင့်"
တစ်ဖက်ကလောလောဆယ်သူနဲ့ပက်သက်ပြီးအကြောက်တရားလွှမ်းမိုးခံနေရတဲ့အခြေအနေဖြစ်လို့လန့်ပြီးငိုပါတော့သည်။
"တိတ်စမ်း ငါ့ခွင့်ပြုချက်မရှိပဲငိုခွင့်မရှိဘူး ရိူက်သံတောင်မထွက်နဲ့"
"...."
ငိုချင်နေတာကိုမျက်ရည်နဲ့ရိူက်သံတွေကိုအသံလေးတစ်သံတောင်မထွက်လာအောင်ထိန်းချုပ်ထားရသည်။
တစ်ကိုယ်လုံးလဲနာကျင်ကိုက်ခဲနေပြီးခေါင်းကပွင့်ထွက်မတတ်ကိုက်နေသည်
ထိုအခိုက်အတန့် ရေထဲမှခေါင်းမဖော်နိုင်တဲ့အခိုက်အတန့်တွေမှာ ကိုယ့်ကိုကိုယ်တကယ်သေရတော့မယ်လို့တွေးထင်ပြီးသေမတတ်ကြောက်ခဲ့တာ။
မသေသေးတော့လဲဝဋ်ရှိသ၍ခံရအုန်းမှာပေါ့။
ဒီနေ့ညကိုယ်ကုတင်ပေါ်မှာအိပ်နေတာသူဘာမှမပြောတော့ပဲ သူ့ဟာသူခေါင်းအုံးတလုံးဆွဲကာအခန်းထောင့်ကဆိုဖာမှာသွားအိပ်သည်။
သူ့အရပ်ကလန်ကလားကြီးနဲ့မဆန့်ဖြစ်နေ၍သူအိပ်နေတာကွေးကောက်နေသည်။
"ရှင်ကတကယ့်လူယုတ်မာပဲ လက်ရုံးသုခရယ်"
"အား နာတယ်"
"ဆောရီးပါ"
မျက်ခုံးပေါ်ကဒဏ်ရာကိုအရက်ပြန်ထည့်ပေးရင်းဂျိုးလက်ချော်ပြီးအနာကိုလက်နဲ့ထိုးမိသွားသည်။
"ဆေးကစပ်တယ် အား"
"နားငြီးတယ် အကဲပိုမနေစမ်းနဲ့ ကျစ်"
ဆိုဖာပေါ်မှာလှဲပြီးဂိမ်းဆော့နေတဲ့လက်ရုံးထအော်သည်။
*တကယ့်မကောင်းဆိုးဝါးကောင် သူကြောင့်ဖြစ်ရတဲ့ဒဏ်ရာဒဏ်ချက်တွေကိုတချက်ကလေးမှသက်သာလားမေးေဖာ်ေတာင်မရဘူး အသဲနှလုံးမရှိတဲ့လူ*
လူကသာဂရုမစိုက်ချင်ယောင်ဆောင်နေပေမယ့်
ပါးစပ်ကထုတ်မပြောတတ်ပေမယ့်လဲစိတ်ကတော့မပူပဲနေမလား။
တစ်ပတ်ကြာပြီဆိုတော့မျက်နှာဖူးယောင်နေတာလဲေပျာက်ပြီးဒဏ်ရာတွေကလဲကျက်ခါနီးနေပေမယ့် ပြစ်မျိုးမှဲ့မထင်လှတဲ့သူ့မျက်နှာလေးမှာအမာရွတ်ကျန်မှာကိုတော့စိုးရိမ်မိသည်။
သူ့မိဘမွေးထားတဲ့မျက်နှာလှလှလေးမှာ သေရာပါသွားမယ့်အဲ့ဒီအမာရွတ်ကိုမြင်တိုင်းကိုယ့်ကိုတသက်လုံးခွှင့်လွှတ်နိုင်မှာမဟုတ်ဘူး။
ယောကျာ်းလေးတယောက်နဲ့ရန်ဖြစ်သည့်အလားစိတ်လွတ်ကိုယ်လွတ်ရိုက်နှက်နှိပ်စက်ခဲ့မိသွားသည်။
လက်စအတော်ပြင်းသွားပြီးပါးကိုဘယ်ပြန်ညာပြန်ဆင့်ရိုက်လိုက်တဲ့အရှိန်ကြောင့်သွားတွေတောင်နဲ့ပြီးအခုထိဆန်ပြုတ်နဲ့သာနှစ်ပါးသွားနေရတုန်း။
လှဲနေတဲ့ဆိုဖာပေါ်မှထလာလိုက်ပြီး
"မင်းငါနဲ့ဒီနေ့အရေပြားအထူးကုနဲ့လိုက်ပြရမယ်"
"ဘာလို့...လို့
"မျက်နှာပေါ်မှာအမာရွတ်ဗလပွနဲ့မင်းစောက်ရုပ်ကိုေနာက်ပိုင်းလူကြားထဲချပြရမှာငါရှက်တယ် အခုထဲကငါ့သိက္ခာအတွက်ဆေးကုပေးလိုက်မယ်"
"...."
အံ့ဩလွန်း၍ဘာစကားမှထွက်မလာတော့။
"ပြင်ဆင်စရာရှိတာပြင်ဆင်စမ်း ၁၅မိနစ်ထက်ပိုကြာရင်မင်းမလွယ်ဘူးမှတ်"
*ဪ အံ့ဩပကမ္ဘောဇ ဒီအမာရွတ်တွေကမသိရင်ငါကပဲ နူပြီးများအမာရွတ်ကျန်တာကျနေတာပဲ ရှင်လူကိုလူစိတ်မရှိရိုက်နှက်ခဲ့လို့ရခဲ့တဲ့အမာရွတ်တွေပါ ရှက်တယ်တဲ့လား ဪ မှတ်တောင်ထားရမယ် ရှင်ကလူရောဟုတ်ရဲ့လား လူယုတ်မာကောင်ရဲ့ မုန်းလိုက်တာလက်ရုံးသုခ*
ပြင်ဆင်ဆိုလို့ဘာမှလဲထွေထွေထူးထူးဝတ်စရာမရှိပေ။သူ့ရဲ့တီရှပ်အဖြူတစ်ထည်နှင့်ဂျင်းဘောင်းဘီအပြာရောင်ကိုသာလဲဝတ်လိုက်သည်။
အပေါ်ကအမဲရောင်Hoddieတထည်ပါစွပ်လိုက်သည်။
စစရောက်တဲ့နေ့ထဲကသူ့အဝတ်ေတွနဲ့သာနှစ်ပါးသွားနေရသည်။
"ပြီးရင်သွားမယ်"
"အင်း"
"ကြိုပြောထားမယ် အလုပ်ပိုခံပြီးထွက်ပြေးဖို့မကြိုးစားနဲ့ လူကြားသူကြားထဲအကူအညီတောင်းလဲမင်းကိုဘယ်သူမှကူညီနိုင်မှာမဟုတ်မှန်းသိတယ်မလား
မင်းငါ့လက်ကဘယ်တော့မှပြေးမလွတ်ဘူး မင်းကိုငါပိုင်တယ် တစ်ခုခုလုပ်တော့မယ်ဆိုရင်မင်းကိုယ်ပေါ်ကဒဏ်ရာတွေကိုပြန်တွေးကြည့်"
လူကိုများသူခြောက်တိုင်းကြောက်မယ့်လူထင်နေလားမသိဘူး။
"မင်းစိတ်ထဲဘာတွေးနေလဲငါသိတယ် ငါကမင်းထက်အမြဲတမ်းခြေတစ်လှမ်းရှေ့ရောက်တာမမေ့နဲ့"
.
.
ဆေးရုံသွားနေသည့်လမ်းတလျှောက် သုံးယောက်လုံးစကားတခွန်းမှမပြောပဲနူတ်ဆိတ်နေကြသည်။အပြင်ဘက်ကိုငေးကြည့်ပြီးလက်ရုံးတွေးငေးနေသည်။
ခြယ့်ခေါင်းထဲမှာတော့ဒီရှားရှားပါးပါးအပြင်ထွက်ရတဲ့အခွင့်ရေးကိုလွတ်အောင်ဘယ်လိုအသုံးချရမလဲအကြိတ်နယ်တွေးတောနေသည်။
ကားပေါ်ကဆင်းတော့ သူ့အနားကခွာဖယ်ဖို့လုပ်နေတဲ့ခြယ့်ရဲ့လက်ဖဝါးကိုတင်းကြပ်နေအောင်ဆုပ်ကိုင်လိုက်ပြီး
"လက်မယားတွေလေ တစ်ဖဝါးမှအနားကမခွာပေးနိုင်အောင်ချစ်တာ"
"ကျစ် လက်ရုံး"
"ဘာလဲ မင်းလင်ကြီးမင်းနားမှာရပ်နေတယ်"
"ဘာမှမဟုတ်တော့ဘူး"
"မင်းရဲ့ခေါင်းထဲကနှစ်ထွာတစ်မိုက်ညဏ်လေးကို မင်းလင်မသိပဲမနေဘူးနော်"
"အရေပြားအထူးကုဒေါက်တာမျိုးထက်နဲ့
ရက်ချိန်းယူထားပြီးသား"
"ဟုတ်ကဲ့ ဒေါက်တာကအထဲမှာပါရှင့် ဝင်သွားလိုက်ပါ"
ဒေါက်တာကလဲသူနဲ့ရင်းနှီးတဲ့လူဖြစ်နေပြန်သည်။ဒီလူကွာ။
"အနာကနက်တော့လေဒီတိုင်းဆိုရင်အမာရွတ်ကဖြစ်မှာပဲ ဂရုစိုက်ပေးဖို့တော့လိုတယ်နော်"
"ဟုတ်ကဲ့ပါ ဒေါက်တာ"
"ဘာမှတော့အထွေအထူးမလိုပါဘူး ကျွန်တော်ပေးတဲ့အမာရွတ်ပျောက်ဆေးကိုတနေ့နှစ်ခါလိမ်းပေးရုံပါ"
"ဟုတ်ကဲ့"
ဆရာဝန်ကပြန်လို့ရပြီဆိုလို့အခန်းထဲကထွက်လာပြီးတံခါးဝရောက်တော့
"လက်ရုံး နေအုန်း"
"ဘာလို့လဲ ကိုမျိုး"
"မင်းနဲ့ခဏစကားပြောချင်တယ် အားနာပေမယ့်နှစ်ယောက်ထဲသီးသန့်ပြောချင်တာလက်ရုံး"
ထိုစကားကြားတော့ခြယ့်အကွက်ထဲဝင်သွားသည်။
"အဲ့ဒါဆိုခြယ်အပြင်မှာစောင့်နေမယ်မယ်နော်"
"တစ်လှမ်းမှမခွာနဲ့ တံခါးဝမှာစောင့်နေ"
"လက်ရုံးတို့ချစ်တတ်နေလိုက်တာ အထဲပြန်ဝင်အကဲပိုမနေနဲ့"
သူပြောတဲ့စကားကိုဒေါက်တာရိုးရိုးပဲမှတ်ပေမယ့်သူပြောသွားတာဘာမှန်းခြယ်သိနေ၍ အကြံစည်အကောင်ထည်ဖို့နည်းနည်းတန့်သွားသည်။
အထဲမဝင်ခင် ကြောက်စရာအကြည့်နှင့်လှည့်ကြည့်သွားသေးသည်။
"လက်ရုံး သူ့မျက်နှာကဒဏ်ရာတွေကသမာရိုးကျမဟုတ်မှန်းငါသိတယ်နော် သူကဘယ်သူလဲ"
"ကျွန်တော့်မိန်းမ"
ဒေါက်တာမျက်မှန်ချွတ်လိုက်ပြီးမျက်မှောင်တွန့်သွားသည်။
"မင်းမိန်းမကိုမင်းရိုက်ထားတာလား"
"ဟုတ်တယ် စိတ်မထိန်းနိုင်လို့"
"ဦးလေးသိရင်မင်းကိုသတ်မိလိမ့်မယ"
"ဘာကိုလဲ မာမီနဲ့ဒယ်ဒီလဲသူတို့အိမ်ထောင်ရေးကိုလူကြီးတွေလက်မခံပဲဘက်ထပ်ခဲ့ကြတာတဲ့"
"ငါပြောနေတာအဲ့ဒါမဟုတ်ဘူး"
"ဘာလဲ"
"သူမင်းကိုအဲ့လိုပျိုးထောင်ပေးခဲ့တာလား"
"ကျွန်တော်ကကဘာဖြစ်နေလို့လဲ"လက်ရုံးမျက်လုံးကိုဝေ့ကြည့်ပြီးဂရုမစိုက်ဟန်နှင့်ပြောသည်။
"အမျိုးသမီးတယောက်ကိုအကြမ်းဖက်မူလုပ်တဲ့ကောင်လေ သူမင်းကိုမိန်းမတယောက်ကိုရိုက်နှက်ရမယ်လို့ဆုံးမခဲ့တာလား သူ့လိုလူကြီးလူကောင်းတယောက်မင်းကိုအမြဲဖြစ်ချင်ခဲ့တာ"
"ဟ ကျွန်တော်ကဒယ်ဒီမဟုတ်ဘူး အဲ့ဒါကြောင့်လူကြီးလူကောင်းလဲမဟုတ်ဘူး ကျွန်တော်ကလူယုတ်မာ ကိုယ့်ကိုကိုယ်လဲသိတယ် အဲ့ဒါကြောင့်ကိုယ်နဲ့မဆိုင်တဲ့ကိစ္စ ကျွန်တော်တို့လင်မယားကြားကကိစ္စကိုဘာမှမသိပဲ လားလားမှမသက်ဆိုင်ပဲဆရာကြီးမလုပ်ချင်ပါနဲ့ ခွင့်ပြုပါကိုမျိုး"
သူ့အပြောကြောင့်ဒေါက်တာပါးစပ်အဟောင်းသားဖြစ်သွားသည်။
အခန်းရှေ့မှဖြတ်သန်းသွားသောသူ့ကိုလိုက်ငေးကြည့်ရင်း
"ဒီကောင် အတော်ရိုင်းတာပဲမထင်ထားဘူး"
ဟိုလူအခန်းထဲမှာစကားပြောနေတုန်းကိုဂျိူးကလဲဖုန်းပြောနေသည့်အချိန်တိုက်တိုက်ဆိုင်ဆိုင်ကံတရားကလွတ်မြောက်ဖို့အခွင့်ရေးပေးလာသည်လားမသိ။
ရတဲ့အခွင့်အရေးကိုတော့လက်မလွှတ်နိုင်ဘူး သေမထူးနေမထူးဆိုကာအရဲစွန့်လိုက်ပြီးထိုနေရာမှပြေးထွက်လာခဲ့သည်။
လှေကားမှအမြန်အောက်ထပ်ကိုသတိထားဆင်းပြီးထောင့်ချိုးမှာတစ်ဖက်ခြမ်းကလာတဲ့လူကိုသတိမထားမိပဲတစ်ဖက်လူကိုအရှိန်နဲ့သွားဆောင့်မိသွားသည်။
"အားးး"
"ဆောရီးပါ ဘယ်နားထိသွားသေးလဲ ခြယ်မမြင်လို့ပါရှင့့်"
"ကောင်မ ငါ့နှာခေါင်းကအထိခံလို့မရသေးတဲ့ကာလဟဲ့ နာလိုက်တာ"
ထိုအမျိုးသမီးကနှာခေါင်းကိုဖိကိုင်ပြီးအော်နေသည်။ခေါင်းငုံ့ပြီးပြေးဝင်လာသောကိုယ့်ခေါင်းကအမျိုးသမီးရဲ့နှာခေါင်းကိုအရှိန်နဲ့ဆောင့်မိသလိုဖြစ်သွားသည်။
"မီးလေးဘာဖြစ်တာလဲ ဦးကိုပြ"
အသက်ငါးဆယ်ကျော်ခန့်ရှိလောက်သည့်ဝဝနဲ့ဦးလေးကြီးတယောက်ကထိုအမျိုးသမီးအနောက်ကိုရောက်လာသည်။
"နှာခေါင်း အရမ်းနာတာပဲ နှာခေါင်းရိုးများကျိုးသွားလားမသိဘူး အဲ့ဟာမလုပ်တာ"
"အမ ခြယ်တကယ်တောင်းပန်ပါတယ် ဒါပေမဲ့အခုကအရမ်းအရေးကြီးနေလို့"
ဆိုကာပြေးထွက်မယ်အလုပ်မှာထိုဦးလေးကြီးကလက်မောင်းကိုလှမ်းဆွဲပြီးအတင်းဆုပ်ညှစ်ကိုင်လိုက်သည်။
"လွှတ်ပါ လွှတ်"
"ဟေ့ သူ့ကိုလွှတ်လိုက်စမ်း"
စိတ်ထဲမှာချက်ချင်းတွေးမိလိုက်တာကသေပြီ။
လက်ရုံးသုခလက်ကဘယ်လိုမှမလွတ်တော့ဘူး။
"လွှတ်လိုက်လို့"
ထိုလူကြီးရဲ့ပုခုံးကိုလက်ရံုးဆောင့်တွန်းလိုက်မှထိုလူကြီးကလွှတ်ပေးတော့သည်။
"ခင်ဗျားကဘယ်လိုသတ္တိနဲ့ကျုပ်အပိုင့်ကိုထိရဲရတာလဲ"
ကိုယ့်လက်ဖဝါးကိုသူလှမ်းဆုပ်ကိုင်လိုက်ပြီးသူ့ကျောနောက်ပို့ထားပြီးကိုယ့်ရှေ့ကနေမားမားမတ်မတ်ရပ်နေသည်။
ဘာကြောင့်မှန်းမသိသူ့ကိုအားကိုးနေမိသည်။
မသိစိတ်အတွင်းကသူ့အပေါ်မှီခိုနေမိသည်။
"ဟဲ့အကောင် စကားပြောဆင်ခြင်နင့်ဒဏ်ရာဒဏ်ချက်ေတွနဲ့ဟာမကငါ့နှာခေါင်းရိုးကျိုးမတတ်ဝင်တိုက်တာ"
"ခင်ဗျားကိုမေမးရင်ခင်ဗျားပါးစပ်ကိုပိတ်ထားလိုက် မဟုတ်ရင်မကျိုးသေးတဲ့နှာခေါင်းကျုပ်ရိုက်ချိုးပေးမယ်"
"မင်းလူကငါ့မီးလေးကိုဝင်တိုက်ပြီးမေတာင်းပန်ဘဲထွက်ပြေးလို့လှမ်းဆွဲမိလိုက်တာကွာ လက်မောင်းလေးကိုင်တာဘာဖြစ်သွားမှာမလို့လဲချာတိတ် ရင့်လှချည်လား"
"မကိုင်ရဘူးဗျာ ကျုပ်မကြိုက်ဘူး သူ့အသားကိုကျုပ်ကလွဲပြီးဘယ်သူမှမထိရဘူး""ကျွန်မတောင်းပန်ခဲ့တယ်"
နောက်ကျောကနေနားရွက်နားကပ်ပြီးတိုးဖွဖွပြောလာတဲ့စကားသံကြောင့်နောက်လှည့်ကြည့်တော့ ကိုယ့်ကိုယုံကြည်အားကိုးသလိုမျက်လုံးတွေနဲ့ကြည့်နေသည်။
"နွားအိုမြက်နုကြိုက်အဘိုးကြီး မွှန်ရင်လဲကြည့်မွှန်နော် ကျုပ်အမျိုးသမီးလေးကသူတောင်းပန်ခဲ့တယ်တဲ့ ခင်ဗျားရဲ့နှာခေါင်းတုဆာဂျရီမ
စကားကိုပဲယုံမနေနဲ့"
Sugar Daddyလိုလိုဘာလိုလိုနဲ့ဗိုက်ရွှဲရွှဲဝဝအဘိုးကြီးကိုလက်ရုံးဖဲ့သည်။
*ကျုပ်အမျိုးသမီးလေးလို့ရှင်သုံးလိုက်သလားလို့*
"ဖေX ိုးမသားလေး ငါ့ကိုများနှာခေါင်းတုတဲ့"
လက်ကလက်ရံုးရဲ့ပါးကိုရွယ်လိုက်သည်။
"ရိုက်လေ ရိုက် ကျုပ်အသားထိရင်ခင်ဗျားမနက်ဖြန်နေထွက်တာမမြင်ရတော့ဘူးမှတ် နှာခေါင်းဆာဂျရီလုပ်တာနှာခေါင်းတုမဟုတ်လို့ဘာလဲ ကျုပ်အမျိုးသမီးလေးကိုများဒဏ်ရာပရဗွနဲ့ဆိုပဲ သူကဒီပုံစံနဲ့တောင်ခင်ဗျားထက်၃၇ဆပိုလှတယ်"
"နင် နင်..
"ငါမွေးရင်ငါ့သားလောက်ရှိတဲ့ကောင်ကရိုင်းစိုင်းလိုက်တာ တောက်"
ဆာဂျရီဌာနမှရှိတဲ့လူမှန်သမျှသူတို့အခြေတင်ဖြစ်နေတာကိုစောင့်ကြည့်နေကြသည်။
တခြားလူဆိုတော်ရုံနဲ့ပြီးသွားနိုင်ပေမယ့် သေးသေးတင်မခံလက်ရုံးကတော့သူ့ဘက်ကမှားတာတောင်အပြောတချက်မလျှော့။
အရှေ့နှစ်လှမ်းတိုးလာတဲ့ထိုအဘိုးကြီးကို ဘယ်ပျောက်နေမှန်းမသိတဲ့ဂျိုးရောက်လာပြီးပုခုံးကိုလက်နဲ့တွန်းထုတ်လိုက်ပြီး
"သခင်လေး ကျွန်တော်ရှင်းလိုက်ရမှာလား"
ထိုဘဲကြီးကဂျိုးကိုတော့ဖြုံသည်။
တီရှပ်အဖြူလက်ရှည်ကိုကုတ်အမဲနဲ့တွဲဝတ်ထားပြီးကြိုးမဲ့Earphoneကိုညာဘက်နားမှာတပ်ထား၍သက်တော်ေစာင့်ပုံစံဖြစ်နေ၍သက်တော်စောင့်မှန်းတန်းသိ၍လားမသိ။
ဟိုကောင်ကလဲနေကာမျက်မှန်အမဲကြီးနှင့်လူမိုက်စတိုင်နှင့်လာဖြဲတော့
လက်ရုံးဘာမှပြန်မဖြေရသေးခင်
"ရှင်းစရာမလိုပါဘူး အကိုကပြေပြေလည်လည်ဖြစ်ချင်ရုံပါညီလေးတို့ရဲ့"
"အခုကျေနပ်လား"
လက်ရံုးေမးလိုက်သည်။
"ကျေနပ်ပါတယ် ကျေနပ်ပါတယ် တွန်းမိတိုက်မိရုံမတော်တဆပဲဟာကို"
"ဟုတ်ပါတယ်ရှင့် အမလဲနာသွားရုံပါမောင်လေးရဲ့ ကျေနပ်ပါတယ်"
"ကျွန်တော်လဲေကျနပ်ေပးလိုက်ပါတယ် လက်မောင်းကိုင်ခဲ့တာကို ဒါဆိုခွင့်ပြုပါ"
နောက်ကျောမှာရပ်ေနတဲ့သူ့လက်ကိုဆုပ်ကိုင်ပြီးလှည့်ထွက်လာခဲ့သည်။
ကားထဲရောက်တော့
"ဟိုဟာ ကျေးဇူးပါ"
"ပြန်ရုတ်သိမ်းလိုက်"
"ဟမ်း"
"ငါကပဲမင်းကိုနာကျင်အောင်လုပ်နိုင်တဲ့သူ ငါကပဲမင်းကိုဒဏ်ရာဒဏ်ချက်တွေအိမ်မက်ဆိုးတွေပေးမယ့်လူ မင်းရဲ့စိတ်နဲ့ခန္ဓာအပြင်မင်းရဲ့အသက်ကိုပါငါပိုင်တယ် မင်းကိုငါအသက်ရှင်ခွင့်ပေးထားနိုင်သလို မင်းကိုသတ်ပစ်လို့လဲရတယ် မင်းကငါ့အပိုင်ပဲ "
"မင်းကိုငါကပဲလုပ်ချင်တာလုပ်မယ်ငါကပဲနှိပ်စက်မယ် တခြားသူတွေမင်းကိုလာထိရင်တော့ငါလက်မခံဘူး"
*ဒီလောက်နင့်ကိုမုန်းလွန်းလို့သေလုအောင်နှိပ်စက်တဲ့လူဆီကနင်ဘာတွေမျှော်လင့်နေတာလဲစိမ်းမြခြယ်*
"ကျွန်မကရှင့်ရဲ့အရုပ်မဟုတ်ဘူးနော်"
"ဟုတ်ပါတယ်ကွ မင်းကငါ့ရဲ့စီလီကွန်အရုပ်လေ"
"လူကိုများလိင်ဖျော်ဖြေရေးအရုပ်တို့ ငွေဝယ်ကျွန်တို့များမှတ်နေလား ကျွန်မကိုကျွန်မကလွဲရင်ကျွန်မကိုဘယ်သူမှမပိုင်ဘူး"
"မင်းကိုငါပိုင်တယ် မင်းကငါ့အပိုင် သိန်းနှစ်ရာနဲ့ငါဝယ်ထားတာ"
လက်ရုံးကားနောက်မှီတွင်ခေါင်းတင်ရင်းမျက်စိတွေမှိတ်ထားပြီးပြောသည်။
"ကျေးဇူးတင်စကားပြန်ရုပ်သိမ်းတယ် ရှင့်ကိုဘာအကြောင်းနဲ့မှကျေးဇူးကြွေးတင်မခံဘူး။
"ကျွန်မပြန်ရုတ်သိမ်းတယ်နော် မုန်းတယ်"
လက်ရုံးမျက်စိတွေမှိတ်ထားပြီးနူတ်ခမ်းတွေကွေးတက်သွားပြီးမခို့တရို့ပြုံးသည်။
*မင်းကိုငါလုပ်ချင်တာလုပ်မှာဒါပေမယ့် ဘယ်သူကမှမင်းကိုလာထိလို့မရအောင်ငါကကာကွယ်ပေးမယ်*
သူ့လက်ထဲက လစ်ထွက်ဖို့ကြိုးစားတာကပြဿနာဖြစ်ခဲ့ရတဲ့အဓိကအကြောင်းရင်းကိုထိုလူမေ့များသွားတာလား ဒါမှမဟုတ် လျှော်ပေးလိုက်တာလားတော့မသိ။ထိုနေ့ကအပြစ်ပေးမခံခဲ့ရပေ။
#ParadiseKhin
လက်ရုံးကိုမကောင်းပြောကြတဲ့မန့်တွေအများကြီးတွေ့ရတယ်။အစထဲကသိပါတယ် ficစေရးထဲက ငါ့မင်းသားကအတော်အဆဲခံရမှာလို့
မကောင်းပြောခံရတာလဲကိုယ့်အရေးအသားပီပြင်လို့အမုန်းခံရတာလို့ပဲမြင်ပါတယ်။
ဇာတ်အိမ်ကတော့ပြောင်းစရာအကြောင်းမရှိပါဘူး။လက်ရုံးကမာနကြီးပြီးရိုင်းစိုင်းတဲ့သူဆိုတော့အမုန်းကတော့ခံရမှာပါ ဘယ်လိုမှမနေပါဘူး။
Zawgyi
"ဒါမင်းအမှားပဲ"
"အင့်ဟင့် အီးဟင့်"
"တိတ်စမ်း ငါ့ခွင့်ပြုချက်မရှိပဲငိုခွင့်မရှိဘူး ရိုက်သံတောင်မထွက်နဲ့"
"...."
ငိုချင်နေတာကိုမျက်ရည်နဲ့ရိုက်သံတွေကိုအသံလေးတစ်သံတောင်မထွက်လာအောင်ထိန်းချုပ်ထားရသည်။
"အား နာတယ်"
"ဆောရီးပါ"
"ဆေးကစပ်တယ် အား"
*တကယ့်မကောင်းဆိုးဝါးကောင် သူကြောင့်ဖြစ်ရတဲ့ဒဏ်ရာဒဏ်ချက်တွေကိုတချက်ကလေးမှသက်သာလားမေးဖော်တောင်မရဘူး အသဲနှလုံးမရှိတဲ့လူ*
တစ်ပတ်ကြာပြီဆိုတော့မျက်နှာဖူးယောင်နေတာလဲပျောက်ပြီးဒဏ်ရာတွေကလဲကျက်ခါနီးနေပေမယ့် ပြစ်မျိုးမှဲ့မထင်လှတဲ့သူ့မျက်နှာလေးမှာအမာရွတ်ကျန်မှာကိုတော့စိုးရိမ်မိသည်။
"မင်းငါနဲ့ဒီနေ့အရေပြားဆေးရုံလိုက်ပြရမယ်"
"ဘာလို့...လို့
"မျက်နှာပေါ်မှာအမာရွတ်ဗလပွနဲ့မင်းစောက်ရုပ်ကိုနောက်ပိုင်းလူကြားထဲချပြရမှာငါရှက်တယ် အခုထဲကငါ့သိက္ခာအတွက်ဆေးကုပေးလိုက်မယ်"
"...."
စစရောက်တဲ့နေ့ထဲကသူ့အဝတ်တွေနဲ့သာနှစ်ပါးသွားနေရသည်။
"ပြီးရင်သွားမယ်"
"အင်း"
.
.
"ကျစ် လက်ရုံး"
"ဘာမှမဟုတ်တော့ဘူး"
"ဟုတ်ကဲ့ပါ ဒေါက်တာ"
"ဟုတ်ကဲ့"
"လက်ရုံး နေအုန်း"
"ဘာလို့လဲ ကိုမျိုး"
"ကျွန်တော့်မိန်းမ"
"ဘာလဲ"
ဟိုလူအခန်းထဲမှာစကားပြောနေတုန်းကိုဂျိုးကလဲဖုန်းပြောနေသည့်အချိန်တိုက်တိုက်ဆိုင်ဆိုင်ကံတရားကလွတ်မြောက်ဖို့အခွင့်ရေးပေးလာသည်လားမသိ။
"အားးး"
"ဆောရီးပါ ဘယ်နားထိသွားသေးလဲ ခြယ်မမြင်လို့ပါရှင့်"
"လွှတ်ပါ လွှတ်"
"လွှတ်လိုက်လို့"
ထိုလူကြီးရဲ့ပုခုံးကိုလက်ရုံးဆောင့်တွန်းလိုက်မှထိုလူကြီးကလွှတ်ပေးတော့သည်။
Advertisement
- In Serial849 Chapters
Savage Divinity
A modern man finds himself reincarnated in the body of a young slave with no skills and quickly fading memories. Follow his journey to find normalcy while living in a savage world, filled with myth and legends, monsters and Demons. In a land where the strong rule, the weak serve, and bloodshed is a way of life, peace is a luxury few can afford. Author's note: Expect a chapter every tues/thurs/sun, unless I start writing faster. The story is eastern themed, but not Xianxia, no chasing immortality, MC is not OP. Less action, more character and world driven is my aim. Mature language and themes, but no raunchy sex. It's my first story, constructive criticism would be appreciated. Cast List Military Rankings Fanart Map Album Post Chapter pictures Discord Channel
8 694 - In Serial7 Chapters
All Trades Book 1: Master of None
Alex is broke, has been broke, and safely assumed he would always be broke. That bleak outlook changes when a tech genius (and alleged asshole) embeds the code generating his globally implemented cryptocurrency into his new MMORPG! Now the only way to get any more of it is to play the game and make some gold! Unfortunately for Alex, a loan shark was his only shot at getting a VR rig. Can he turn a profit in time to save his knees? Do gnomes dream of electric sheep?? Can he possibly win Employee of the Month??? Find answers to these questions and more by following the high margin adventures of Jack Alltrades.
8 202 - In Serial102 Chapters
Lads of the Triangles
In a world of conflict and unexplained technologies four unlikely companions are thrown together: Drakthar, a former mercenary from the desert with a goal to become the mightiest warrior to ever live. Alcaeus, a boorish bounty hunter whose focus is only on how much gold he can stuff into his bag. Xander, an exiled priest with strange powers who seeks revenge aganist the institution that ruined his life. And Kayde, a mysterious cyborg with a golden tongue. They will have to learn to work with each other despite their different backgrounds and skills, if they wish to accomplish their goals and solve the mysteries behind their world.
8 307 - In Serial9 Chapters
Reality Breakers (Hiatus)
An American boy living in Washington was heading to school when a random hobo appeared before him, asking random questions about the world. After the coversation the hobo did something to him that would turn his entire life upside down, as he is confronted and has to learn about the ultimate concept: Reality!
8 216 - In Serial8 Chapters
The Descent
For centuries Gus has hunted monsters in the world above, but a new mission has he and his friends entering the underworld. The item they're looking for is mysterious and world below is full of tricks. But the greatest of dangers won't come from monsters, and the underworld wants something from them, too.
8 214 - In Serial16 Chapters
The Millenium Of Luna Flora
Here the Universe uncouple from the active mundane and concrete rationality to blend with the enigmas of bizarre mystic phenomenon.
8 154