《Devil Husband》9
Advertisement
လမ်းတလျှောက်တယောက်က ပူဆွေးသောကတွေနဲ့ငိုကြီးချက်မဖြစ်နေကာ နောက်တယောက်က သီချင်းတွေအော်ဆိုပြီးမြူးထူးနေသည်။နောက်ထပ်တယောက်ကမပိုင်ဆိုင်လိုက်ရတဲ့မိန်းကလေးအတွက်ငြိမ်းမသတ်နိုင်တဲ့ရင်ထဲကအပူမီးတွေနဲ့လောင်မြိုက်နေသည်။
" Baby.... I'm dancing in the dark with you between my arms 🎶 Barefoot on the grass 🎵
ကားထဲမှာဖွင့်ထားတဲ့သီချင်းကိုအော်ဆိုပြီးပြတင်းပေါက်မှန်တွင်လက်ထောက်ပြီးခြယ့်ဘက်ကိုတလျှောက်လုံးကြည့်နေသည်။
တရူံ့ရူံ့ငိုနေပြီး ငိုရပါအားကြီးလို့မျက်နှာတစ်ပြင်လုံးနီရဲတွတ်နေကာ မျက်လုံးတွေလဲနီသည့်အထိဖြစ်နေလဲ အငိုမတိတ်သေး။
ငိုရလွန်းလို့ မောဟိုက်နေမှန်းသိသော်လဲချော့ဖို့စိတ်ကူးထဲတောင်မရှိ။
ငိုပလိမ့်စေ ဒီထက်ငိုရအောင်ကိုလုပ်ပြမယ်။
" ငိုနော် ငိုထား သေအောင်သာငို မသေမချင်းငိုနော် နောက်လဲဒီထပ်ငိုရအုန်းမှာ မျက်ရည်ေခွျတာအုန်း "
" အင့်ဟင့်ဟင့် "
"ဝန်ကြီးချုပ်ရယ်Y&Jခရီးသွားေအဂျင်စီဥက္ကဌရဲ့ချွေးမ အင်ဂျင်နီယာလောင်းလေးရဲ့ကတ်ောဖြစ်လာလို့ပျော်ရွှင်မူမျက်ရည်တွေပေါ့ အဟက်"
သူ့မိသားစုအကြောင်းကိုတမင်ထုတ်ပြောပြီးသူမြင်ခဲ့ရတဲ့ခြယ့်မိသားစုကိုနှိမ်ပြောတာဖြစ်သည်။
သူငိုနေတာကိုအရသာခံပြီးကြည့်နေတဲ့လူ။
* ငိုမှာပါ ဝအောင်ငိုမှာ ဒီထက်ဆိုးလာမဲ့ကိစ္စတွေအတွက်ပါပိုငိုထားလိုက်တယ် နောက်ထပ်ဘယ်တော့မှထပ်မငိုဘူး ကျွန်မရဲ့ပျော့ညံတဲ့ပုံစံကိုမြင်ရတာဒါနောက်ဆုံးဖြစ်စေရမယ် *
ကားပါကင်မှာကားကိုထိုးရပ်လိုက်ပြီး ဟိုအကိုကရှေ့ခန်းကနေကားတံခါးလာဖွင့်ပေးသည်။
သူကဘယ်သူလဲ ။
ဘာလို့ ဟိုလူနဲ့သူ့ကိုအမြဲတွဲတွေ့ရတာလဲ။
ဓာတ်လှေကားထဲဝင်ပြီးအထပ်ကိုတက်ကြသည်။
တလျှောက်လုံးလက်ရုံးကလက်မောင်းကိုကြမ်းကြမ်းတမ်းတမ်းအားနဲ့ဆုပ်ကိုင်ထား၍လက်မောင်းလဲအတော်အောင့်လှပြီ ။
ကားထဲကထွက်တော့ ငိုနေတာလူမြင်မှာစိုးလို့မျက်ရည်တစ်စက်ကျရင် ချက်ချင်းXင်ချပစ်မယ်ဆိုလို့ မျက်ရည်တွေကိုလက်ခုံနဲ့ဖိသုတ်ပြီးငိုချင်တာအောင့်အီးထားရသည်။
ညကလဲ9နာရီလောက်ရှိပြီ။
ဈေးကြီးဇိမ်ခံပစ္စည်းတွေနဲ့တလက်လက်တောက်နေတဲ့ကြမ်းပြင်နဲ့ ကွန်ဒိုတစ်ခန်းလုံးသုံးထားတာတန်ဖိုးကြီးပစ္စည်းတွေနဲ့ဆိုတာမြင်ရုံနဲ့တန်းသိသည်။
အဆင့်တန်းမြှင့်နေရာမလို့အထဲဝင်ရမှာတွေဝေနေတုန်း
" ထင်ပါတယ် မင်းလိုအစားမျိုးကဒီလိုနေရာမျိုးတွေ့ရင်ဘယ်လောက်ဖြစ်ပျက်မလဲဆိုတာ နောက်ဆို မင်းဒီမှာပဲနေရတော့မှာ အကျွမ်းတဝင်ရှိအောင်လုပ်ထား ထွက်ပြေးမယ်မကြံနဲ့နော် မိရင်ငါသေအောင်သတ်ပစ်မှာ မင်းတယောက်ထဲမဟုတ်ဘူး မင်းတစ်မိသားစုလုံးပါအပါထည့်ပေးမှာ "
" ..."
သူခြိမ်းခြောက်တာကိုဘာမှခွန်းတုံ့ပြန်မနေတော့ဘဲဆိတ်ဆိတ်သာနေနေလိုက်တော့သည်။
" လာ "
လက်မောင်းရင်းကနေဆွဲဆောင့်ပြီးအိပ်ခန်းထဲကိုအတင်းတွန်းထည့်သည် ။
" ဟင့်အင်း အခန်းပြင်မှာပဲနေမယ် ဒီမှာမနေချင်ဘူး "
" မင်းစောက်ပါးစပ်ကိုပိတ်ထား ငါ့ကိုအထွန့်မတက်နဲ့ ဝင်စမ်း "ဆိုကာအရှိန်နဲ့ဆောင့်တွန်းလိုက်တော့ကြမ်းပြင်ပေါ်ခွေကျသွားသည်။
လက်ထောက်ပြီး အတင်းထကာ
" ဟင့်အင်း ကျွန်မဒီအခန်းမှာမနေဘူး
ကိုကျော်ဘုန်းပြည့်လုပ်ပါ ခြယ့်ကိုကူညီပေးပါ ခြယ်အနူးညွတ်တောင်းပန်ပါတယ် ဟင့်ဟင့် "
အခန်းဝကလက်ရုံးရပ်နေတဲ့အနောက်မှာကပ်ရပ်နေတဲ့ ဂျိုးထံသို့အကူညီလှမ်းတောင်းသည်။
ဂျိုးခေါင်းကိုသာခါရမ်းပြလိုက်သည် သူလဲဘာမှမတတ်နိုင်ပဲကိုး။
" ကျော်ဘုန်းပြည့်ကဘယ်သူလဲ "
လက်ရုံးနားမလည်နိုင်စွာမျက်လုံးဝေ့ပြပြီးပြောသည်။
" ကျော်ဘုန်းပြည့်ကငါ "
" မင်းက..ကျော်ဘုန်းပြည့် "
အနောက်ကိုလှည့်ကြည့်ပြီးတအံ့တဩစိုက်ကြည့်သည်။စိတ်ထဲထင့်သွားပေမယ့်ဘာမှတော့ဆက်မပြော အခန်းထဲဝင်သွားပြီးအခန်းတံခါးပိတ်သွားသည်။
" ရှူး တိုးတိုးနေ ဘာလို့အော်နေတာလဲ မင်းကိုဘာလုပ်သေးလို့လဲ နားငြီးတယ် "
ပြောပြောဆိုဆိုနဲ့သူ့တီရှပ်ကိုဆွဲချွတ်ပစ်ကာရေချိုးခန်းထဲဝင်သွားသည်။
ရေကျတဲ့အသံကိုနားထောင်ရင်းခြေဖျားလက်ဖျားတွေအေးစက်နေပြီးဘုရားတရားသာတနေမိတော့သည် ။
သူထွက်လာရင်ဘယ်လိုလုပ်ကြမလဲလို့ရင်တထိတ်ထိတ်နဲ့ရေချိုးခန်းရှေ့ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။
" အမလေး "
ရေချိုးခန်းထဲကနေရုတ်တရပ်အခန်းတံခါးဖွင့်ပြီးထွက်လာတဲ့သူ့ကိုမြင်ပြီးလန့်ပြီးထခုန်မိသွားသည်။
" ဘာလဲ ငါရေချိုးတာလာချောင်းနေတာလား အဟက် "
ကိုယ့်ကိုကိုယ်တအားအထင်ကြီးတဲ့ဘဝင်ရူးကောင် မုန်းလိုက်တာ။
ရေချိုးခန်းထဲကနေတဘက်တစ်ထည်သာပုခုံးပေါ်တင်ပြီးေအာက်ပိုင်းမှာပုဝါဖြူတစ်ထည်ပတ်ကာရေချိုးပြီးကာစဖြစ်လို့ရင်ဘက်ေပါ်မှာတွဲလဲခိုနေတဲ့ရေသီးရေပေါက်တွေ။
ခန္ဓာကိုယ်ကအပြင်ပန်းကကြည့်ရင်ပိန်သွယ်သွယ်လေးလို့ထင်ရပေမယ့် အကျီမပါမှဗိုက်ကြွက်သားတွေကသန်မာပြီးအမြှောင်းေမြှာင်းတွေနဲ့။
သူ့မှာဒီလိုခန္ဓာကိုယ်ရှိတာကိုသိလိုက်ရသည်။အသားရေကလဲမိန်းကလေးတွေထက်တောင်ဖွေးစွတ်နေပြီး နေမထိလေမထိ အတွင်းသားတွေကပိုလို့တောင်ဖြူသေးသည်။
အထက်အောက်ရွေ့လျားနေတဲ့လည်တိုင်ပေါ်ကပန်းသီးအေစ့ကိုကြည့်ပြီး တံတွေးမြိုချမိသွားသည်။
သူငယ်ချင်းတွေပြောတာကြားဖူးသည့်
" လက်ရုံးသုခကထည့်တာတအားကြမ်းတာ "တဲ့ဆိုတဲ့စကားကိုပြန်တွေးမိကာပိုပိုပြီးလန့်လာသည်။
" ကြည့်မလို့လား အဝတ်စားလဲမလို့ "
ယောင်ရမ်းပြီးသူ့ကိုစိုက်ကြည့်နေမိတာကိုလူရှေ့မှာခါးအောက်မှာပတ်ထားတဲ့ပုဝါဖြူကိုဆွဲဖယ်လိုက်သည် ။
" အယ် "အောက်ပိုင်းအလုံးစုံကိုမြင်လိုက်ရ၍ရှက်ရွံ့သွားကာမျက်နှာတစ်ခုလုံးနီဖြန်းပြီးဟိုဘက်လှည့်သွားသည်။
" လူယုတ်မာ အရှက်မရှိဘူးလားရှင့်မှာ "
" ဪ ငါကမင်းရဲ့မြင်ချင်နေတဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်တာလေ လှည့်ကြည့်ပါ မူယာမာယာတွေများမနေနဲ့ မင်းအကြည့်ကငါ့ခန္ဓာကိုယ်ကမခွာနိုင်တာသိတာပေါ့ "
ရှက်ပြီးမျက်နှာနီဖြန်းသွားပြီးရှက်ရှက်နဲ့ဟိုဘက်လှည့်ပြီးကျောပေးရပ်နေတဲ့သူ့ကိုကြည့်ပြီးရယ်ချင်စိတ်ကိုထိန်းမရပဲအသံမကြားအောင်အသံတိတ်အူခွေ့နေသည်။
ဗီရိုထဲကညအိပ်ဘောင်းဘီခပ်ပွပွအမဲရောင်တစ်ထည်နဲ့တီရှပ်အဖြူတစ်ထည်ကိုဆွဲထုတ်လိုက်ဝတ်လိုက်သည်။
ဒီမှာကသိပ်မနေတော့အဝတ်စားကသုံးလေးစုံသာရှိသည်။
ညအိပ်ဝတ်စုံလဲပြီးကုတင်ပေါ်ကိုခုန်ပြီးလှဲချလိုက်တာနဲ့သူကြောက်လန့်တကြားနဲ့တံခါးကိုတဘုန်းဘုန်းထုပါတော့သည်။
" ကိုကျော်ဘုန်းပြည့်ဖွင့်ပေးပါ အပြင်မှာရှိတာသိတယ်ဖွင့်ပေးပါ "
" အယ် ပါးစပ်ပိတ်ထားစမ်း မင်းကိုဘယ်သူကဘာလုပ်မှာမလို့အော်နေတာလဲ ငါ့ဟာငါအိပ်မလို့လေ မင်းလဲအိပ်စမ်း "
" အား ဟင့်ဟင့် ဟမ်း အီးဟင့်ဟင့် "
ထ၍ငိုပါတော့သည်။ရုတ်တရပ်ကြီးဆိုတော့လန့်တောင်သွားသည်။
" မင်းကိုဘယ်သူမှငါနဲ့မအိပ်ခိုင်းဘူး "
ကုတင်အောက်ကကော်ဇောပေါ်သို့ခေါင်းအုံးတစ်လုံးပစ်ချလိုက်သည် ။
*သူအောက်ဆင်းအိပ်ပေးမှာပဲ ဒီလိုကျတော့လဲ*
ဟုတွေးမိတုန်းရှိသေး
" မင်းအောက်မှာဆင်းအိပ် "ဆိုကာသူ့ဟာသူ
ကုတင်ပေါ်မှာတစ်ခြမ်းစောင်းပြီးဟိုဘက်လှည့်ပြီးစောင်ခြုံအိပ်သွားသည်။
" ကျွန်မချမ်းတယ် စောင်...
" မရှိဘူး ဒီတိုင်းအိပ် တခါထဲလေဖြတ်ပြီးသေသွားလဲအေးတာပဲ အသုဘချပေးမယ်"
ဒီလူဒီကွန်ဒိုတစ်ခုလုံးမှာစောင်တစ်ထည်ပဲရှိတာဘယ်လိုဖြစ်နိုင်တာလဲ။တမင်ယုတ်မာတာ လူယုတ်မာ။
ဗီရိုထဲမွှေနှောက်ရှာကြည့်သော်လဲသူ့အကျီသုံးထည်နဲ့ဘောင်းဘီတွေပဲတွေ့တယ်။
" ငါမပြောဘူးလား မရှိပါဘူးဆို "
" ကျွန်မရှင့်ကိုမုန်းလိုက်တာ လက်ရုံးသုခရယ် "
" ငါကလဲမင်းကိုမုန်းလွန်းလို့ငါ့မယားလုပ်ထားတာ ငါ့ဒဏ်တွေမင်းကိုခံစေချင်လွန်းလို့လေ
အင်ဂျင်နီယာလောင်းကတော်အသစ်စက်စက်လေး ကြမ်းနဲ့နှစ်ပါးသွားပေတော့ပဲ "
လူကိုတစ်ချက်လှည့်မကြည့်ဘဲတစ်ဖက်စောင်းပြီးအိပ်နေသည်။
ဒီညတော့ဒီကော်ဇောပါးပါးလေးမှာပဲခေါင်းချရတော့မယ်။
ရှေးဆိုရိုးစကားတွေတကယ်မှန်တာပဲ လူတစ်ယောက်ကိုအရမ်းမုန်းရင်အဲ့ဒီလူနဲ့ညားတတ်တယ်ဆိုတာ။
ဒီလောက်မုန်းတဲ့သူကိုမှလက်တော်လိုက်ရပြီ။
ကိုယ့်ကိုကိုယ်တောင်သတ်သေပစ်ချင်မိသည်။
( အတင်းကြပ်မဆက်ဆံတာပဲကံကောင်းတယ်ပြောရမယ် )
ဒီလိုအခန်းထဲမှာနှစ်ယောက်ထဲရှိနေရတယ်ဆိုတဲ့အသိတို့နဲ့တင်သွေးသားတို့ကအလွန်မင်းတောင့်တနေပြီ။
သူကြောက်ရင်လည်ပင်းကိုပွတ်သပ်တဲ့အကျင့်သည်နဲ့တူသည်။
ကားပေါ်မှာရောအခန်းထဲမှာရှိနေတဲ့တလျှောက်လုံးလည်တိုင်ကိုသာမီးပွင့်မတတ်ပွတ်သပ်နေသောကြောင့်လည်တိုင်လဲပွန်းပွဲ့ပြီးရဲနေသည်။တစ်ချက်တစ်ချက်အကျီအောက်ကနေ ထိုးထိုးထွက်လာတဲ့ လည်ရိုးလေးတွေကိုမြင်တိုင်း အောက်ကလဲထောင်မတ်လာသည်။
စိတ်ရှိတိုင်းဆိုရင်အခုချက်ချင်း ဒီမာနခဲဟာမလေးကိုအရယူချင်မိပေမယ့်လဲ ချစ်ရသူကြည်ဖြူလာမယ့်အချိန်တခုထိစောင့်နေချင်သေးသည်။
သူအခုအတင်းကြပ်ယူလိုက်ရင် ဟိုဟာလေးကသူ့ကိုဒီထက်ပိုမုန်းသွားမှာကြောက်သည်။
ပါးစပ်ကသာမုန်းလွန်းလို့အရယူတာလို့ကြွေးကြော်နေပေမယ့်သူ့ကိုသူသာအသိဆုံး။
ချစ်လွန်းလို့အနားကမခွာပဲ အပါးမှာထားချင်လို့ကိုအကြွေးနဲ့သိမ်းလာတာ။
ဒီဟာလေးကိုအပြစ်လဲပေးချင်သေးသည်။
**
မနက်မိုးလင်းလာတော့ကြမ်းပေါ်မှာပုစွန်တုပ်လေးလိုကွေးကွေးလေးအိပ်နေတဲ့သူ့ကိုကြည့်ကာ အလိုလိုပြုံးမိသွားသည်။
စောင်မပါပဲအိပ်ရလို့ချမ်းနေသောကြောင့်လက်နှစ်ဖက်ကိုဒူးအောက်မှာထည့်ထားပြီးကွေးကွေးလေးငြိမ်းချမ်းစွာအိပ်စက်နေသည် ။
" ဗွမ်း "
" အဟက် ဟွက် အဟက် "
" နိုးပြီပေါ့ "
" အဟက် ရှင်ဒါဘာလုပ်တာလဲ "
စိုရွဲသွားတဲ့ဆံပင်တွေကိုသပ်တင်ပြီးရေမွှန်းသွားတဲ့အရှိန်ကြောင့်တဟွပ်ဟွပ်တဟက်ဟက်ဖြစ်နေရာမှလှမ်းရန်တွေ့နိုင်သေးသည်။
ရေတွေစိုရွဲနေလို့ကြွက်စုတ်လေးလိုဖြစ်နေသည်။
" နိူးလိုက်တာလေ "
" နိူးတာလူလိုသူလိုမနိူးတတ်ဘူးလား လူကိုရေဗုံးလိုက်လောင်းပြီးနိူးရလား အဟွက်ဟွက် ဒီမှာအကုန်စိုရွဲကုန်ပြီ ကော်ဇောတွေရော လူယုတ်မာရဲ့"
" လူယုတ်မာဆိုတော့လေ မင်းကိုတခုခုထိခိုက်အောင်လုပ်ပီးပဲနိူးချင်တာ အဲ့သလိုနူတ်လှန်ထိုးတတ်တဲ့မင်းရဲ့နူတ်သီးကို ငါရိုက်ချိုးမိမယ် "
Advertisement
မျက်နှာကိုဖြတ်ရိုက်မယ့်အသွင်နဲ့ လက်ဝါးရွယ်လိုက်တော့မျက်နှာလေးငုံ့ရှောင်သွားသည်။
" အခုချက်ချင်းထတော့ မင်းကိုသိန်း200နဲ့ဝယ်ထားတာအလကားမဖြစ်ရအောင် သိန်း200နဲ့တန်အောင်သုံးရမယ် "
* သိန်း200ဟုတ်လား ကျွန်မကရှင့်အတွက်ငွေနဲ့ဝယ်ထားတဲ့ ပစ္စည်းတခုလောက်ပဲတန်ဖိုးရှိတာလား*
ရေချိုးပြီးသူ့အတွက်အဝတ်စားမရှိ၍ကိုယ့်အဝတ်စားတွေနဲ့ပဲ။
သူ့ခန္ဓာကိုယ်လေးနဲ့ အမျိုးသားတီရှပ်နဲ့ဆိုတော့ မတော်တရော်ဖြစ်နေသည်။
အောက်ကလဲအားကစားလုပ်တဲ့အစင်းနှစ်ကြောင်းနဲ့ဘောင်းဘီကို မတော်တရော်ဝတ်ထားသည်။
တီရှပ်ကလဲသူနဲ့စာရင် အကြီးကြီးဖြစ်နေကာ ဘောင်းဘီကလဲပွဖောင်းနေသည်။လူကောင်လေးကအဝတ်တွေနဲ့မြုပ်နေတဲ့ သူ့ပုံစံကိုကြည့်ကာရယ်ချင်သော်လဲ မျက်နှာကိုထိန်းပြီးနူတ်ခမ်းကိုတင်းတင်းစေ့ထားရသည်။
" ရော့ "
ရင်ခွင်ထဲသို့ပစ်သွင်းလာသည့် ကြွပ်ကြွပ်အိတ်အမဲထုပ်ကိုကယောင်ကတန်းဖမ်းလိုက်မိသည်။
" ဘာကြီးလဲ ဒါက "
" ဖွင့်မကြည့်တတ်ဘူးလား "
" အားးးး အမေရေ လုပ်ကြပါအုန်း "
ကြွပ်ကြွပ်အိတ်အမဲထဲကဖားအသေကောင်တွေ။အိတ်ကိုလဲလွှတ်ပစ်ချလိုက်မိသည်။
" ဟ ဘာဖြစ်လို့လွှတ်ပစ်ရတာလဲ "
" ကြောက်တယ် လူယုတ်မာ ကျွန်မကိုဘာလို့ဖားတွေလာပေးရတာလဲ အီးဟင့်ဟင့် "
လူကိုလာပြီးစိတ်ဆိုးမာန်ဆိုးနဲ့ငိုယိုပြီးထုရိုက်ပါတော့သည်။
" ဟေး တော်စမ်း ငါဖားသားဟင်းစားချင်လို့ဂျိုးကိုေဈးထဲမှာမရရေအာင်လိုက်ရှာဝယ်ခိုင်းထားတာ မင်းချက်ရမယ် ရှင်းလား "
" ဟင့်အင်း ကြောက်တယ် မလုပ်ဘူး "
" ချက်ကိုချက်ရမယ် မင်းကိုပိုက်ဆံနဲ့ငါဝယ်ထားတာ ငါခိုင်းတာလုပ်ကိုလုပ်ရမယ် "
ပါးနှစ်ဖက်ကိုလက်နဲ့ဆွဲညှစ်ပြီး ကြမ်းပေါ်ကိုဆောင့်တွန်းချလိုက်သည်။
" ရှင်ကျွန်မဖားကြောက်တာသိလို့တမင်လုပ်တာမလား "
" ဟုတ်ရင်လဲဟုတ်မာပေါ့ "
" လူယုတ်မာ ရှင့်ကိုမုန်းတယ် "
* မင်းပါးစပ်ကမုန်းတယ်လို့တခါထွက်တိုင်းဒီကောင့်ရင်ဘက်ထဲမှာတချက်အောင့်တယ်*
" ငါဒီဟင်းချက်ထားတာမြင်ချင်တယ် မချက်ထားရင်မင်းအသေပဲ "
" ကျွန်မမကိုင်ရဲဘူး "
" အာ့တာမင်းစောက်ကြောင်းလေ ငါစောက်ကြောင်းကငါဒီဟင်းချက်ထားတာမြင်ချင်တယ်"ဆိုကာမီးဖိုခန်းထဲကထွက်ထွားသည်။
ဘယ်တော့မှမငိုတော့ဘူးလို့အားတင်းထားမိတော့လဲမျက်ရည်ကကျရပြန်သည်။
" သူများကြောက်ပါတယ်ဆို ဟင့်ဟင့်"
" ဘာဖြစ်တာလဲ "
" ဖားကြောက်လို့တဲ့ "
ဂျိုးယူလာသောအဝတ်ထုပ်ကိုလှမ်းကမ်းပေးလိုက်သည်။
" လောလောဆယ်တပတ်လောက်ငါ ဒီမှာပဲနေအုန်းမယ် အိမ်ကိုမင်းဘယ်လိုပြောခဲ့လဲ "
" မင်းသူငယ်ချင်းတွေနဲ့ကွန်ဒိုမှာခဏလောက်တူတူနေမှာလို့ပြောပြီး အဝတ်တွေယူလာတာ "
" မာမီကဘာပြောလဲ "
အောက်နူတ်ခမ်းကိုဖိကိုက်ထားပြီးေမးသည်။
" ဘာမှတော့သိပ်မပြောပါဘူး မင်းကိုအိမ်မှာမနေဘူးဘာညာတော့ပြောတာပေါ့ "
ခေါင်းတချက်ငြိမ့်ပြကာ ပုခုံးကိုပုတ်ပြီးလက်ရုံးအိမ်ရှေ့ခန်းဘက်ထွက်သွားတော့ဂျိုး မီးဖိုထဲဝင်လာလိုက်သည်။
ဖားတွေကိုမတို့မထိရဲနဲ့ဖြစ်နေသောသူ့ကိုကြည့်ပြီး ဖားတွေကိုေဘစင်ထဲသွန်ထုတ်ပြီးရေဆေးပေးလိုက်သည်။
" အား အရှင်ေကာင်ကြီး "
အရှင်တကောင်ကသူ့လက်ကိုလာထိ၍ဂျိုးကိုယ်ပေါ်ကိုခုန်တက်ပြီးခြေနဲ့ကုပ်ကပ်ထားသည်။
ထိုဖားအရှင်ကိုကောက်ကိုင်လိုက်ပြီး အနီးနားကငရုတ်ကျည်ပွေ့နဲ့ထုသတ်လိုက်သည်။
" သနားပါတယ် ဘာလို့သတ်လိုက်တာလဲ "
" မင်းပဲကြောက်တယ်ဆို "
" ငရဲကြီးမှာမကြောက်ဘူးလား ၀ဋ်လည်မှာပေ့ါ"
" ငါကဘာသာမဲ့ "
"...."
စတွေ့တုန်းကနဲ့တစ်စက်မှမတူ သူ့ပုံစံကအေးစက်စက်နဲ့ခက်ထန်ပြီးတည်ငြိမ်လွန်းတယ်။စကားလဲသိပ်မေပြာ။
ကျော်ဘုန်းပြည့်မဟုတ်ပဲ ဂျိုးဆိုပဲ။
ချိုသာတဲ့ကျော်ဘုန်းပြည့်ရဲ့တစ်ဖက်ခြမ်းမှာ ခက်ထန်တဲ့ဂျိုးရှိတယ် ။
" မင်းငါ့ပေါ်ကမဆင်းတော့ဘူးလား "
" ဟုတ် ဟုတ် ဆင်းပါ့မယ် "
ကိုယ်ပေါ်မှာတွယ်ကပ်နေရာမှမေ့ပြီးပြန်မဆင်းမိ။
ဂျိုးကိုယ်တိုင်ပဲဖားတွေကိုင် ရေဆေး အူထုတ်ပြီး စာဖိုမှူးလုပ်ပေးလိုက်ရသည်။
ဟိုသခင်လေးက တို့ထိတောင်မကြည့်။
စားတာလဲမဟုတ် သူများကိုဒုက္ခပေးချင်လို့သာဝယ်ခိုင်းပြီး ချက်ပြုတ်ခိုင်းတာ။
#ParadiseKhin
လက်ရုံးခန္ဓာကိုယ်အချိုးစားကဒီလိုမျိုးပါ။
" ငိုနော် ငိုထား သေအောင်သာငို မသေမချင်းငိုနော် နောက်လဲဒီထပ်ငိုရအုန်းမှာ မျက်ရည်ချွေတာအုန်း "
" အင့်ဟင့်ဟင့် "
"ဝန်ကြီးချုပ်ရယ်Y&Jခရီးသွားအေဂျင်စီဥက္ကဌရဲ့ချွေးမ အင်ဂျင်နီယာလောင်းလေးရဲ့ကတော်ဖြစ်လာလို့ပျော်ရွှင်မူမျက်ရည်တွေပေါ့ အဟက်"
သူကဘယ်သူလဲ ။
" ..."
" လာ "
" ကျော်ဘုန်းပြည့်ကငါ "
" အမလေး "
ရေချိုးခန်းထဲကနေတဘက်တစ်ထည်သာပုခုံးပေါ်တင်ပြီးအောက်ပိုင်းမှာပုဝါဖြူတစ်ထည်ပတ်ကာရေချိုးပြီးကာစဖြစ်လို့ရင်ဘက်ပေါ်မှာတွဲလဲခိုနေတဲ့ရေသီးရေပေါက်တွေ။
ခန္ဓာကိုယ်ကအပြင်ပန်းကကြည့်ရင်ပိန်သွယ်သွယ်လေးလို့ထင်ရပေမယ့် အကျီမပါမှဗိုက်ကြွက်သားတွေကသန်မာပြီးအမြှောင်းမြှောင်းတွေနဲ့။
အထက်အောက်ရွေ့လျားနေတဲ့လည်တိုင်ပေါ်ကပန်းသီးအစေ့ကိုကြည့်ပြီး တံတွေးမြိုချမိသွားသည်။
ဟုတွေးမိတုန်းရှိသေး
" ကျွန်မချမ်းတယ် စောင်...
**
" ဗွမ်း "
" အဟက် ဟွက် အဟက် "
" နိုးပြီပေါ့ "
" နိုးလိုက်တာလေ "
" နိုးတာလူလိုသူလိုမနိုးတတ်ဘူးလား လူကိုရေဗုံးလိုက်လောင်းပြီးနိုးရလား အဟွက်ဟွက် ဒီမှာအကုန်စိုရွဲကုန်ပြီ ကော်ဇောတွေရော လူယုတ်မာရဲ့"
Advertisement
- In Serial23 Chapters
Ursus Ex Machina
Ozzy was a man of the wild. Raised in a remote village atop the world's mightiest mountain, he'd been taught to respect and revere the natural world. The realm he was born into had been there long before him, and it would remain there long after him. Sure, there was the occasional madman who threatened to destroy it, but such boasts were always empty. No one individual was actually capable of demolishing this beautiful blue-and-green ball Ozzy called home. No matter what terrible magics these villains wielded, they were incapable of causing permanent harm to the environment. Even if the planet was completely devastated, it would recover. Life would find a way to flourish, same as it always had. That was what Ozzy believed from the bottom of his heart, so he never once felt the need to save the world he loved. After all, it was never truly in danger. The world would be fine no matter what. The people were a wee bit endangered, but that was another story altogether. However, what would happen if Ozzy suddenly found himself devoid of his beloved wilds? What would the man do if the realm he knew - one of wonder, magic, and chaos - was replaced with a man-made environment of concrete, industry, and steam? Ozzy could never imagine such a thing happening, and yet that was his new reality. After losing a fateful confrontation with a mad wizard, he and his friends found themselves transported to a strange world so thoroughly alien that every waking moment feels like a fever dream. Separated and scattered to the four corners of this land, each of these adventurers will need to adapt, survive, and overcome if they hope to reunite. They would also need to do so quickly. The sooner they are able to find one another, the sooner they can figure out a way back home and have another crack at putting an end to the villain's plans. Whether such a thing was actually possible in a world with barely any magic in it was a valid concern, but Ozzy had more immediate things to worry about. For instance, why did the air smell like a perpetual forest fire? How did ships sail through the sky as if it were water? And most importantly, was the pavement he was hurtling towards at high speed much softer than it looked? Probably not, but a man could hope.
8 203 - In Serial1056 Chapters
The Storm King
Leon and his father, Artorias, are the last remaining scions of a once powerful and illustrious family of lightning mages. After barely surviving an attack that destroyed their home fifteen years ago, they now live in the dangerous Northern Vales, a desolate wilderness far away from civilization. But those who want them dead are strong, patient, and relentless, and it is only a matter of time before they find the two they seek... Posted first on my website, wardenreading.com, which will be 4 chapters ahead of anywhere else I post -- March 2020: Decided to stop doing that, Royal Road is caught up completely to all currently released free chapters, though my website is still there (and has maps!) -- Expect new chapters every Monday, Wednesday, and Friday around 10 am CT I have taken the WriTE Pledge, meaning that I will see this story to completion, no matter how many eons it may take.
8 20005 - In Serial22 Chapters
S̶a̶m̶u̶r̶a̶i̶
I post at least once a week. I cannot promise you a story you enjoy reading, but I can promise you a story I enjoy writing. Thank you. ------------------------------------------ The sword is greater than a simple weapon; an answer to life's questions. An extension of thine master's hand, guided by wrist. Care it not whether guilty or innocent blood shed, for be it a mere edge, a weapon. For blade that forgets or refuses to cut be shameful, meaningless, disgraceful. Nay, be it considered a tool at all? What dost the weapon do when the steel hath no guide, that the master hath mingled far? Doth it Stay? Perhaps quiver at possibility, the loss of reason for existence? Or does it go forth into the unknown, guided by merely the wind and the edge? A wandering sword, a phantom blade- A lone Samurai. ------------------------ Credit to Nicklas Gustaffson for the image. Also, this is old, but this was a [Participant in the Royal Road Writathon challenge]
8 191 - In Serial185 Chapters
A loose thread
The goddess picked him up. He tried to struggle free, but her grip only tightened. Eventually her thumb caught his head, pulling it backwards. He stared helplessly as she brought her free hand closer, revealing a small vial in her massive hand. She pressed it to his lips, and he felt the contents flow into him. He tried not to drink it, but his body would not listen. Despite his revulsion, his body ignored him by drinking deeply. "Drink and forget. I will give you everything you ever wanted. A loving family. A comfortable home. And then, " Her grip tightened, and forcing the air out his lungs. He coughed up the strange liquid and caused more to spill. “And then, you will pay for your defiance. On your twentieth birthday you will remember.” She pulled the vial away and turned him to look at her. “You will remember, just as everything you love is taken from you, right before your eyes…” Her voice trailed off and his world went dark. .... The above leads right into the story. The first chapter is a bit rough as the MC (a child at the time), hurts himself rather badly. I will try to include similar warnings on chapters as the story goes on, but I want to be up front that I may miss or forget things. Many of the tags are included so I can have flexibility writing the story. I am posting this largely to hold myself accountable to keep writing. Chapters will be short, but I am planning to post weekly. This is the first thing I have written (you've been warned). I am enjoying the story and I hope you will too. Please feel free to let me know what you think of the story as it progresses.
8 200 - In Serial21 Chapters
Mistakes (school 2015 fanfic)
Eunbi choose Han Yian over Gong Taekwang in the end. Han Yian makes her happy, comforted her, make her feel comfortable, and protected her, that's why she choose him. As time goes by, she realized that Han Yian is still in love with her sister. Gong Taekwang on the other side met his childhood friend, Kim Hajin, after a long time. Eunbi had a hard time with her sister abroad, she cannot understand her heart. Until she realize that, she's making a mistake.
8 246 - In Serial49 Chapters
Skywalker Rises
A post-TROS fix fic. Ben & Rey's story after Episode IX.This story contains plenty of spoilers from Episode IX, and some from the Mandalorian.These are not my characters, world, or artwork.
8 116