《Devil Husband》6
Advertisement
" အား "
ရုတ်တရပ်မိုက်ခနဲဖြစ်သွားပြီးလန့်ဖျန့်သွားသဖြင့်မျက်လုံးမှိတ်ထားလိုက်မိသည်။
" ဘုတ် ဘုတ် ဘုတ် "
ပုခုံးနဲ့ခေါင်းမှာတချက်ပြီးတချက်အောင့်အောင့်သွားရသည် ။
" ဆရာ အဆင်ပြေရဲ့လား ဆရာ ဘာဖြစ်သွားသေးလဲ "
အရောင်းစာရေးကလဲအသဲသန်VIPေကာင်မလို့
ပြူးပျာသွားသည်။
ခေါင်းပေါ်တွင်ခွရက်တင်ကျန်နေသောစာအုပ်ကိုအနီးရှိအရောင်းစာရေးကခြေဖျားထောက်ပြီးဖယ်ပေးသည် ။
" မတော်တဆဖြစ်တာပါ စိတ်မရှိပါနဲ့ဆရာရယ် "
" ဒါဘယ်သူလုပ်တာလဲ "
ထိုအရောင်းစာရေးကစာအုပ်စင်ရဲ့ဟိုဘက်ခြမ်းကမိန်းကလေးကိုလက်ညိုးထိုးပြသည်။
" ဪ စာအုပ်တွေကိုတွန်းချတာမင်းလား "
" တွန်းချတာမဟုတ်ပါဘူး လက်လှမ်းရင်းမမှီမကမ်းဖြစ်သွားလို့တွန်းမိပြီးပြုတ်ကျကုန်တာ "
စာအုပ်တွေကအတွေးဒဿနစာအုပ်ထူကြီးတွေပြုတ်ကျလာတာဖြစ်၍မနာပဲေတာ့မနေ။
တစ်ကန့်လုံးကစာအုပ်တွေသာပြုတ်ကျခံလိုက်ရလို့ကတော့လေ ကံကောင်းလို့၄ ၅အုပ်လောက်ပဲထိတာ။
အမြင့်ကနေပြုတ်ကျလာတဲ့အလေးတွေရဲ့ဒဏ်ကြောင့်ပုခုံးတစ်ဖက်အတော်အောင့်သွားသည်။
သူမတောင်းပန်သေးတာကိုတော့အတော်ဒေါပွမိသည်။
မိန်းကလေးပုံစံကိုကြည့်လိုက်တော့အလွန်ဆုံးရှိအရပ်5ပေ5လက်မသာသာပင်။
ဒီအရပ်ကိုပုတယ်လို့တော့မပြောနိုင်ပေမယ့်စာအုပ်စင်အမြင့်ကြီးကိုမမှီမကန်းနဲ့ယူရင်းတစ်ဖက်ခြမ်းကကိုယ့်ပေါ်ကိုစာအုပ်တွေပစ်ချမိသလိုဖြစ်သွားတာ။
" တောင်းပန်ပါ လွှတ်ပေးမယ် ငါဘယ်သူလဲမသိချင်ဘူးမလား "
" တောင်းပန်ပါတယ် မတော်တဆဖြစ်တာပါ "
" အလွတ်ကျက်ထားသလိုပဲ အသက်မပါဘူး ပိုပြီးရိုရိုကျိုးကျိုးလေးပေါ့ "
" ခြယ် မမှီမကန်းနဲ့လှမ်းယူမိလို့မတော်တဆတွန်းချမိသွားတာပါ တောင်းပန်ပါတယ် "
" တောင်းပန်တာကလေ မျက်နှာကအမာထန်သားနဲ့ပါလား ခါးကြီးမတ်ပြီးတောင်းပန်တာကိုယ်တော့တခါမှမမြင်ဖူးပါလား "
* ဒီလူဒါသက်သက်ရစ်နေတာ ပြဿနာမဖြစ်ချင်လို့တောင်းပန်နေတာကို *
ခါးကိုင်းညွှတ်လိုက်ကာခေါင်းငုံ့ပြီးမျက်နှာထားလျှော့လိုက်သည်။
" တောင်းပန်ပါတယ် မမှီမကန်းယူမိတဲ့ခြယ့်အမှားပါ သည်းခံပေးပါ "
" အိုကေပါ ငါနာသွားပေမယ့်ရုပ်ရည်လေး
ကြောင့်ခွင့်လွှတ်ပေးလိုက်မယ် "
"...."
စူစူအောင့်အောင့်နဲ့လှည့်ထွက်သွားတဲ့သူ့ကိုကြည့်ကာပါးချိုင့်နှစ်ဖက်ခွက်ဝင်သွားအောင်လှောင်ပြုံးပြုံးလိုက်သည်။
ဘယ်လိုဟာလေးလဲကွ အမှားလုပ်ထားပြီးမတောင်းပန်ချင်တာက။
ပန်းနုရောင်ပြေးနေတဲ့ပါးနှစ်ဖက်ကကိုက်ဖဲ့ပစ်ချင်စရာလေး ။
လှလိုက်တာကွာ ။ရှေးခတ်ကပပဝတီတို့ဥမ္မာဒန္ဓီတို့ကဒီမာနခဲဟာလေးလောက်လှပါ့မလားလို့သံသယဖြစ်စရာပဲ။
စူစူပုတ်ပုတ်လေးနဲ့သူ့ကိုတမင်ရစ်နေတော့ဆူထွက်လာတဲ့နူတ်ခမ်းပါးပါးလေး ဘယ်လိုလေးမှန်းကိုမသိတာ။
ဒီဟာလေးအသံကိုရင်းရင်းနှီးနှီးကြားဖူးနေသလိုပဲ ဘယ်မှာပါလိမ့်ကွာ။
ထိုစဉ်
" လာပါပြီဗျာ လက်ရုံးေလးအကြိုက်bubble teaနဲ့Takoyakiလေး အရသာရှိရှိစားကြမယ်ကွယ်🎶
ပေါတောတောနဲ့ ။သူပေါချင်ရင်လူသူမရှောင်ထပေါတတ်သည်။တည်နေရင်လဲနှစ်ယောက်မရှိ။
" မင်းလဲနော် အာခြောက်လို့bubble tea လေးဝယ်ခိုင်းလိုက်တာ bubble teaဆိုင်ကစော်ကြီးနဲ့များညားနေတာလားလို့ "
" လူများနေလို့ စောင့်နေရလို့ပါကွ ဒါကဘာဖြစ်တာလဲ "
ပြုတ်ကျပြန့်ကြဲနေတဲ့စာအုပ်တွေကိုစာအုပ်
အေရာင်းစာေရးကေကာက်သိမ်းေနတာကိုပြပြီးမေးတယ်။
" ခုနက စာအုပ်တွေမမှီပဲလှမ်းယူလို့ပြုတ်ကျတာကွာ ငါတောင်ထိသွားသေးတယ် "
" ဘာဖြစ်သွားသေးလဲ "
" ပုခုံးကိုအောင့်သွားတာ 7အုပ်လောက်ငါ့ပေါ်ကျလာတာ စိမ့်နေရော "
" ဘယ်သူလုပ်တာလဲ ဆုံးမပေးမယ် "
လက်သီးရမ်းကာစစနောက်နောက်ပြောလာသည်။
" ထားလိုက်တော့ စော်လေးတအားလှလို့လွှတ်ပေးလိုက်ပြီ "
" လိုချင်တဲ့စာအုပ်ရပြီမလား ပိုက်ဆံရှင်းပြီးအိမ်ပြန်ကြမယ်လေ "
" အိုကေ "
Takoyakiပူပူနွေးနွေးလေးတစ်လုံးကိုပါးစပ်ထဲထည့်ထားလိုက်သည်။
တလုံးလုံးပါးစပ်ထဲငုံထားသလိုဖြစ်နေတာကြောင့်ပလုတ်ပလောင်းနဲ့ပါးဖောင်းဖောင်းလေးဖြစ်သွားသည်။
ကားလမ်းပိတ်နေလို့အပြင်ဘက်ကိုကြည့်နေမိရာမှခုနကစာအုပ်ဆိုင်ကကောင်မလေးပလပ်ဖောင်းပေါ်မှာရပ်နေတာပြန်တွေ့လိုက်ရတော့ကားမှန်အမြန်ချလိုက်သည်။
သူမကလဲကားလမ်းဘက်ကိုငေးနေတာမလို့သူ့ကိုတွေ့သွားသည်။
ကားပေါ်ကနေပြီးပလုတ်ပလောင်းစားပြနေကာ
ပါးစပ်ကိုလူပ်စိလူပ်စိလုပ်ပြပြီးမျက်လုံးတဖက်မှိတ်ပြပြီးအခွက်လှမ်းပြောင်ပြနေသည်။
ကောင်မလေးမျက်နှာစူပုတ်သွားကာလူကိုမျက်စောင်းနဲ့ပစ်ပြီးမျက်နှာလွဲသွားပြီးမမြင်ချင်ယောင်ဆောင်သွားသည်။
* ဘယ်လိုလေးမှန်းကိုမသိတာကွာ အူတွေယားလိုက်တာ *
ကားကလဲတရွေ့ချင်းသွားနေရတာကြောင့်ဒီနေရာကနေမခွာရသေး။
စိတ်ကြိုက်လှမ်းကြောင်နေမိသည်။
တောက် ကားကလမ်းကြောင်းရှင်းသွားပြီဖြစ်၍ဟူးခနဲမောင်းလိုက်တော့မှပဲ ကားမှန်တံခါးကိုပြန်တင်လိုက်တော့သည်။
ခုနကကောင်မလေးကိုတကယ်မျက်လုံးထဲကမထွက်။
စာအုပ်ဆိုင်ကနေထွက်လာတာဒီမှာပြန်လာတွေ့သေးတယ်တဲ့။
* ဒါဖူးစာပဲ ဟီးဟီး*
" ဘာတွေသဘောကျနေတာလဲ "
ကားရှေ့ခန်းကရှေ့မှန်ထဲမှာမြင်နေရတဲ့ပြုံးဖြဲဖြဲမျက်နှာကိုကြည့်ပြီးလိုက်ပြုံးမိသွားသည်။
" ဟဲဟဲ "
" ဘာတွေသဘောကျနေတာလဲ သွားကြီးဖီးနေရော "
" မသိဘူးပါဘူးဗျာ ရင်ထဲမှာပိုးစိုးပက်စက် ဗိုးသိုးဗတ်သတ်ကြီး "
ဆိုကာရင်ဘက်ကိုကိုင်ပြီးမျက်စိတွေမှိတ်လိုက်သည်။
ဒီကောင်လေးဘာဖြစ်နေတာလဲ။
" မင်းတခုခုပဲနော် "
" ပါးစပ်ပိတ်ထားပါ ဂျိုးရာ ရှက်စရာတွေမပြောစမ်းပါနဲ့ "
ရှက်တယ်ဆိုပဲ။ပြုံးစစနှင့်မျက်လုံးတွေမှိတ်ထားတဲ့ကောင်လေးကိုမှန်ထဲကကြည့်ရင်းကိုယ်တိုင်တောင်ထူးဆန်းနေမိသည်။
လက်ရုံးလိုအရှက်မရှိသရက်စေ့ကောင်ကရှက်တယ်ဆိုပဲ။
ဂျိုးကကားလမ်းပိတ်နေ၍ကားကိုဂရုတစိုက်မောင်းနေခဲ့ရတာကြောင့်ဘေးဘီလဲသူလှည့်မကြည့်မိသလိုအနောက်လဲလှည့်မကြည့်မိခဲ့၍သူဘာမှမသိသွားပေ။ခြယ်ရပ်နေတာကိုလဲသူမမြင်ခဲ့ရရှာ။
****
ခုနကစာအုပ်ဆိုင်ထဲမှာလူတွေအများကြီးရှိတဲ့နေရာမှာလူကိုမာနထိခိုက်အောင်ချိုးသွားပြီးအခုလဲကားပေါ်ကနေလူကိုလှမ်းလှောင်ပြောင်ပြနေသေးသည်။
* ကျွန်မရှင့်ကိုမုန်းလိုက်တာ လက်ရုံးသုခရယ် ရှင့်ကိုအရမ်းမုန်းတာပဲ *
ဒီလိုလူမျိုးနဲ့တွေ့ကိုမတွေ့ချင်ပါဘူးဆိုမှဒီနေ့မှနှစ်ခါတိတိမျက်နှာချင်းဆိုင်တောင်ပြန်တွေ့ရသေးသည်။
ဒီရေစက်ဆိုးဒီနေရာမှာတင်ပြတ်ပါစေ။
ရှင့်လိုလူမျိုးနဲ့ဒီဘဝဒီမျှဆုံကိုမဆုံချင်တာ။
ပထမဆုံးတွေ့ခဲ့တုန်းကရှင်ကျွန်မကိုအတူအိပ်ချင်လားဆိုတဲ့စကားမျိုးနဲ့ရူံ့ချခဲ့တယ်။
မိန်းမပျက်ဆိုတဲ့အသွင်ဆောင်တဲ့စကားကိုလဲရှင်ကိုယ်ချင်းမစာပြောခဲ့တယ်။
ဒီနေ့လဲလူတွေအများကြီးရဲ့ရှေ့မှာအနူးညွတ်တောင်းပန်ခံလိုက်ရလို့ရှင်အရမ်းပျော်သွားမှာပဲနော်။
ရှင့်ကိုအရမ်းမုန်းတာပဲ လက်ရုံးသုခရယ် အရင်ဘဝကဘယ်လိုအငြိုးတေးတွေများကျွန်မတို့ကြားထဲရှိခဲ့တာလဲမသိဘူး။
ရှင့်မျက်နှာမြင်ရတာနဲ့ကိုကျွန်မမှာပူလောင်လွန်းလို့ပါ။
လက်ရုံးကတော့ခြယ့်ကိုအခုမှပထမဆုံးအကြိမ်မြင်ဖူးပေမယ့်ခြယ်လက်ရုံးကိုကောင်းကောင်းသိနေတာကြာပေါ့။
မသိစရာလဲအကြောင်းမရှိပါဘူး ဒီလိုလူမျိုးကို။
နာမည်ကောင်းနဲ့ကျော်ကြားတာထက် နာမည်ဆိုးနဲ့ပိုပြီးထင်ေပါ်သည်။
စားဘဲကြီးလို့နာမည်ကြီးပြီးနှာဘူးကောင် playboyလို့ပြောကြသည်။အစကတော့သိပ်မယုံခဲ့။
ဒီလိုလူယဉ်ကျေးမိသားစုကကြီးပြင်းလာသူကဘယ်လိုနှာဘူးဖြစ်ရမှာလဲလို့ထင်ခဲ့မိသည်။
သူမိန်းကလေးတယောက်ကိုစားသောက်ဆိုင်ထဲမှာတင်ပါးကိုမသိမသာလှမ်းညှစ်ပြီးအသားယူနေတာမြင်ဖူးမှတကယ်ယုံတော့သည်။
အဲ့တခါထဲမဟုတ် သူ့ကိုနေရာအနှံ့မှာမထပ်နိုင်တဲ့မိန်းကလေးပေါင်းများစွာနဲ့တွဲတွေ့ဖူးသည်။
တခါတရံမကောင်းတဲ့မိန်းမတွေနဲ့ပါတွဲတွေ့ရသည်။
တခါတော့ရပ်ကွက်ထဲကမိန်းကလေးတယောက်နဲ့ပါလမ်းထိပ်မှာကားရပ်ပြီးဟိုဟာလုပ်နေတဲ့အထိပါတွေ့ခဲ့ရဖူးမှဒီလူတော်တော်ဆိုးဆိုးမှန်းသိသည်။
မိန်းမပဲရူပ်ရုံမကစကားအပြောဆိုကလဲညစ်ညမ်းပြီးအဆင့်တန်းမရှိလွန်း။
လူတစ်ဖက်သားကိုစော်ကားမော်ကားပြောတတ်သည်။
ဒီလူ့ကိုအရမ်းမုန်းတာပဲ မုန်းတယ်ဆိုတာထက်
မိန်းမပေါင်းများစွာနဲ့ထိတွေ့ပျော်ပါးထားတဲ့ရှင့်ခန္ဓာကိုယ်ကိုရော၊ရှင့်ကိုရောရွံတယ်။
ဒီလိုအရိုင်းစိုင်းကောင်playboyကိုမိန်းကလေးတိုင်းဝေးဝေးရှောင်ဖို့အချင်းချင်းသတိပေးကြသည်။
ဒါပေမဲ့ သူကအရမ်းချုပ်သည်။သူ့ရဲ့အပြောချိုချို အပြုံးလှလှနဲ့ချုပ်လိုက်ရုံဖြင့်
မိန်းကလေးတော်တော်များများတင်းမခံနိုင်တော့ပဲသူ့ဆီပြိုလဲကြသွားကြသည်။
သူ့ဆီကြွေကျသွားတာနဲ့ မိန်းကလေးကိုသူလိုချင်တာရအောင်ယူမယ်။ရတာနဲ့ထိုမိန်းကလေးကိုတချက်ပြန်လှည့်မကြည့်တတ်တော့တာလက်ရုံးသုခ။
စားပြီးနားမလည်ဝါးပြီးထွေးထုတ်တတ်တဲ့လူယုတ်မာမျိုးတဲ့။
သူငယ်ချင်းေတွဆီကကြားနေရတဲ့စကားတွေနဲ့တင်ခြယ်သူ့ကိုအတော်ချဉ်သွားတာ။
အခုလိုဆုံမိသွားတဲ့အချိန်မှာတော့ပိုတိုးပြီးတောင်မုန်းတီးမိသေးသည်။
ရှင်ကတကယ်အဲ့ဒီလိုလူစားမျိုးမဟုတ်လား
စားပြီးရင်ထွေးထုတ်သွားတတ်တဲ့ရွံစရာလူစားမျိုး....?
ရှင် စိမ်းမြခြယ်ဆိုတဲ့ကျွန်မကိုတော့ဘယ်လိုချုပ်ချုပ်ဘယ်လိုနည်းနဲ့မှမရစေရဘူး။
****
ကောင်မလေးရယ် မင်းသိပ်ကိုစိုးမိုးနိုင်လွန်းတယ်။စာကျက်နေတာတောင်သူ့ရဲ့မျက်နှာလေးကမျက်စိထဲကမထွက်။
Formulaတွေအစားသူ့ပဲမြင်နေမိသည်။
လှတယ် အရမ်းလှတယ် ပြောမပြတတ်အောင်လှတယ်။
မင်းကြောင့် လက်ရုံးသုခဆိုတဲ့ငါကလုံးဝ
ကြွေဆင်းနေရပါပြီကွာ။
ကိုယ့်အောက်မှာမျက်ရည်လေးဝဲပြီးအသနားခံနေမယ့်ပုံလေးကိုမြင်ယောင်ကြည့်မိရုံနဲ့အောက်ကကောင်ကလဲထောင်တက်လာသည်။
မနေနိုင်မထိုင်နိုင်၍အိမ်သာထဲပြေးကာအာသာဖြေရတော့သည်။မင်းနာမည်လေးပါမှအဆင်ပြေမှာမလို့ပါကွာ။ခွင့်ပြုပေးပါ။
" ခြယ် "
သူ့နာမည်လေးရေရွတ်ရင်းသူ့ရဲ့အဝတ်မပါတဲ့ကိုယ်ခန္ဓာကိုပုံဖော်ရင်း 1ချီပြီးသွားသည်။
#ParadiseKhin
Zawgyi
" အား "
" ဘုတ် ဘုတ် ဘုတ် "
အရောင်းစာရေးကလဲအသဲသန်VIPကောင်မလို့
ပြူးပျာသွားသည်။
" ဒါဘယ်သူလုပ်တာလဲ "
စာအုပ်တွေကအတွေးဒဿနစာအုပ်ထူကြီးတွေပြုတ်ကျလာတာဖြစ်၍မနာပဲတော့မနေ။
တစ်ကန့်လုံးကစာအုပ်တွေသာပြုတ်ကျခံလိုက်ရလို့ကတော့လေ ကံကောင်းလို့၎ ၅အုပ်လောက်ပဲထိတာ။
"...."
ထိုစဉ်
" လာပါပြီဗျာ လက်ရုံးလေးအကြိုက်bubble teaနဲ့Takoyakiလေး အရသာရှိရှိစားကြမယ်ကွယ်🎶
အရောင်းစာရေးကကောက်သိမ်းနေတာကိုပြပြီးမေးတယ်။
" ဘာဖြစ်သွားသေးလဲ "
" အိုကေ "
* ဒါဖူးစာပဲ ဟီးဟီး*
" ဘာတွေသဘောကျနေတာလဲ "
" ဟဲဟဲ "
" မင်းတခုခုပဲနော် "
****
နာမည်ကောင်းနဲ့ကျော်ကြားတာထက် နာမည်ဆိုးနဲ့ပိုပြီးထင်ပေါ်သည်။
သူငယ်ချင်းတွေဆီကကြားနေရတဲ့စကားတွေနဲ့တင်ခြယ်သူ့ကိုအတော်ချဉ်သွားတာ။
****
ကြွေဆင်းနေရပါပြီကွာ။
" ခြယ် "
#ParadiseKhin
Advertisement
- In Serial245 Chapters
I Can Turn into a Fish
A chance to change, to challenge destiny, making dreams a reality, and live a legend! A regular man gains a system that allows him to turn into a fish!
8 616 - In Serial15 Chapters
To Become a Troll: A Monster Evolution Story
Thrust into the supernatural world of the deep forest, Paul finds himself in a situation where he could find himself prey to pretty much every other creature and animal around. If he's to survive, he must shed his weak form to grow stronger and survive. But the forest is full of creatures beyond human understanding, that act without the need for food or shelter and that seem to exist for the sole purpose of dragging humans to the bottom of a murky river. Is it really possible to kill such creatures when your only strength is physical prowess? --- A monster evolution story based on Swedish creature mythology. The focus will overwhelmingly be on the progression of the main character and his slow increase in strength. Although many of the creatures are based on Swedish creature mythology, I have taken creative liberties in order to ensure that evolution lines and the such are in line with the usual. The main thought I had when going into this is that I want to delay the "meeting a human" section as much as possible. My plan is to get him to endgame levels of strength before even sniffing the possibility of seeing a human. Whether I'm actually able to do this remains to be seen, but I'm holding my thumbs! Also, I'm aware that there are other troll evolution stories, but this is unrelated to them. They can do their stuff and I'll do mine, but this is in no way related to any of them. That said, hope you enjoy it!
8 174 - In Serial64 Chapters
Reincarnated, let's be a pirate.
Oh, does it sound familiar? That's not really a surprise. After my death, God, bored by watching the worlds, choose to send me to a new world. I wonder does he know this is an over-used trope? Oh well, I will be alright. For now, let's find my first event. I'm sure it's around here somewhere. "It's like a trope wrapped in a cliché." "It's great and despite the ''over-used trope'' actually original." "Refreshing, dare I say pretty original too." "One hell of a plot twist." MAY CONTAIN BLATANT FANSERVICE. 15+ Suggested.
8 131 - In Serial10 Chapters
The Fallen
In a world where magic has begun to lose its wonder and might, where the dragons of old have been gone for more than 10,000 years. The last strand of ancient magic forms itself on a young boy. Follow Raiden and watch as the strings of fate bring a child Fallen to the depth of life rise once more and shake the Dacia Continent.-----------------------------------------------------------------------------------------------------------------------------------------------------Hello, well this is my first fiction, so while I would love opinions and criticism to better my writing, please take into account that English is not my first language. The tags can be submitted to change. I hope you guys enjoy this story. Hopefully I'll be posting once every week is my hope. I'm coming back after having had to set my life in order and now I can dedicate more time and effort to pursuing this passion.
8 147 - In Serial66 Chapters
The Rícewelig Crown
King Firgen wants to retire but has no heir. Magic and monsters are rising within his Kingdom and Firgen is reluctant to deal with the ever increasing turmoil. Using his mighty powers of inappropriate delegation, Firgen issues a proclamation: The first person to discover and remove the source of Rícewelig's woes will be named heir. Questing knights, impatient nobles, and reluctant men-at-arms disperse across the country, all chasing their own agenda, leaving Firgen's desire trampled in the dust. Note: Many names are in Old English. Pronounce them however you wish.
8 140 - In Serial11 Chapters
Filozofie Nad Życiem I Nie Tylko.
~ W tej książce będę się podpisywała jako "NiezwyczajnaZwyczajna".~ Rozdziały będą zależne od mojego humoru, chęci itp.~ Będę dodawać wiersze, cytaty oraz różne perspektywy mojego autorstwa.~ Będę też pisać cytaty innych autorów.~ Można zapożyczać moje wiersze i cytaty ale musicie mnie oznaczać..I cóż... mam nadzieję że wam się spodoba moja książka :)
8 77