《Devil Husband》5
Advertisement
" အား အဲ့တာကြောင့်ပြောတာပေါ့ မကောင်းတဲ့လူကြီး "
" ကိုယ်အဲ့လိုမဟုတ်ဘူးလေလို့ "
" ဒုန်း ခလွမ်း "
အောက်ထပ်ကဆူညံသံများကြောင့်အခန်းထဲကနေအမြန်ပြေးထွက်လာခဲ့ပြီးအောက်ထပ်ကိုအသဲသန်အမြန်ပြေးဆင်းလာခဲ့သည်။
အောက်ထပ်ရောက်တော့
" မာမီနဲ့ဒယ်ဒီဘာတွေဖြစ်နေကြတာလဲ "
သူမေးတာနှစ်ယောက်လုံးပြန်မဖြေကြပဲသူတို့ဟာသူတို့ပဲအာရုံစိုက်နေကြသည်။
" အား ဟင့်ဟင့် "
" ကလေးမငိုပါနဲ့နော် ဟုတ်ပါတယ် ကိုယ့်အမှားပါလို့နော် "
" အနားမလာပါနဲ့ဆို သွား "
စားပွဲပေါ်မှာတင်ထားတဲ့ကြွေပန်းအိုးနဲ့ဆိုဖာနောက်မှာရပ်နေတဲ့ဒယ်ဒီ့ကိုလှမ်းကောက်ပစ်ထည့်လိုက်သည်။ဒယ်ဒီငုံ့ရှောင်လိုက်၍ကံကောင်းသွားသည်။မာမီဘာကိုအရမ်းစိတ်တိုနေတာလဲ ။
" ခလွမ်း " ပန်းအိုးကျကွဲသံကြီးလဲဆူညံသွားသည်။
" ဘာတွေဖြစ်နေကြတာလဲ တယောက်ယောက်ပြောပြကြပါအုန်းကျွန်တော့်ကိုလဲ "
" လက်ရုံး သူကမာမီကိုမချစ်တော့ဘူး "
" ဗျာ "
" ဘာတွေလျှောက်ပြောနေတာလဲ ကိုယ်ကဘာလို့မင်းကိုမချစ်ရမှာလဲ "
" အာ့မှာကြည့်ပါလား တွေ့လား လူကိုအော်တယ် အင့်ဟင့်ဟင့် ဟင့် "
ဒယ်ဒီလေသံလေးနည်းနည်းမာသွားသောကြောင့်ပိုတိုးပြီးငိုပါတော့သည်။
" ကိုယ်တောင်းပန်ပါတယ်နော် ကလေးကိုအော်တာမဟုတ်ရပါဘူးလို့ ကလေးကိုကိုယ်ကအော်စရာလား "
" ငါ့ကိုမချစ်တော့ဘူး မြတ်သုခ မကောင်းဘူး အင့်ဟင့်ဟင့် ဟင့် အဲ့လူကိုမုန်းတယ် "
နင်တွေငါတွေပါလာပြီးမြတ်သုခတွေပါဖြစ်လာ၍တိုက်ပွဲကပိုကြီးတော့မယ်ဆိုတာကိုလက်ရုံးတန်းသိလိုက်သည်။
* ဒယ်ဒီ ဘာပြဿနာရှာထားလဲတော့မသိဘူး ပြဿနာကတော့ပိုကြီးလာပြီ *
" ကိုယ့်ကိုမုန်းတယ်လို့တော့ မပြောပါနဲ့ကလေးရယ် ကလေးကိုယ့်ကိုစိတ်ဆိုးရင်ကြိုက်သလောက်ရိုက်နှက် ကြိုက်သလိုအပြစ်ပေးပါ အဲ့လိုတော့ကိုယ့်ကိုမပြောပါနဲ့ကွာ "
" ဘာဖြစ်လဲ ငါ့ပါးစပ်နဲ့ငါပြောတာဟာ ထပ်ပြောမယ် မြတ်သုခကိုမုန်းတယ် "
ဒယ်ဒီ့ကိုအနားကပ်မခံ၍သူကပဲမာမီ့အနားကိုတိုးကပ်လိုက်ပြီးမာမီကိုဖက်လိုက်ကာသူ့ပုခုံးပေါ်ခေါင်းခုစေလိုက်ပြီး
" မာမီ မငိုနဲ့နော် ဒယ်ဒီကမာမီကိုသူ့အသက်ထက်တောင်ပိုချစ်တာကိုဘယ်လိုလုပ်မချစ်တော့ရမှာလဲ မာမီရဲ့ "
" သူကအခုမာမီ့ကိုပစ်သွားချင်နေပြီ မြတ်သုခကမကောင်းတဲ့ကောင် အား ဟင့်ဟင့်"
" ဒယ်ဒီဘာလုပ်မိလို့လဲ "
" သူကလေ မာမီစကားပြောနေတာကိုလဲလှည့်
ေတာင်မကြည့်ဘူး သူ့ဟာမနဲ့ပဲစကားပြောနေတယ် သူ့ကိုစကားပြောနေတာကိုတစက်မှဂရုမစိုက်ဘူး
မာမီု့ကိုအဖက်မလုပ်ဘူး ဝမ်းနည်းလွန်းလို့ဘယ်လိုလုပ်ရမလဲ "
နှာရည်တွေရွဲကာမျက်ရည်တွေနဲ့သူ့ကိုငိုယိုတိုင်တန်းနေသောမာမီက ကလေးလေးတယောက်လိုပင် ။
အမေကိုသားကပြန်ချော့နေရတဲ့ကလေးဆန်နေသောမာမီ့ကိုကြည့်ကာငိုရခက်ရယ်ရခက်။
ရယ်ချင်သော်လဲရယ်မိရင်သူ့ကိုရယ်ရမလားဆိုပြီးပိုသောင်းကျန်းမှာစိုးလို့မျက်နှာထိန်းကာ
" ဒယ်ဒီ ဘာလို့ကျွန်တော့်မာမီကိုပစ်ထားရတာလဲ မာမီဘယ်လောက်ဝမ်းနည်းသွားမလဲမသိဘူးလား "
ကုန်စည်ပြပွဲမှာကလူတွေအတော်များပြီးအသံတွေဆူနေတာကြောင့်နဂိုထဲကအသံတိုးတဲ့သူ့အသံသေးသေးလေးကိုမကြားမိလိုက်တာရယ်
လုပ်ဖော်ကိုင်ဘက်အမျိုးသမီးနဲ့ဒီတိုင်းဆွေးနွေးနေတာကိုသူ့ကိုပစ်ထားရမလားဆိုပြီးပေါက်ကွဲတဲ့ဟာလေး။
သားကတောင်အမေငိုနေတာကိုပြန်ချော့ရတဲ့ဒီပူတူးတူးလေးရယ်။
" ဟိုမှာကလူတွေဆူနေလို့ကလေးလေးခေါ်တာမကြားလိုက်တာနော်
ပြီးတော့လဲကလေးကိုပစ်ထားမိသလိုဖြစ်သွားရင်တောင်းပန်ပါတယ်နော် ကိုယ်ကဘယ်လိုလုပ်မင်းကိုမချစ်ရမှာလဲ အသက်ပဲ40ကျော်နေပြီလေကွာ ကလေးလေးကျနေတာပဲ "
" အဲ့တာဘာဖြစ်လဲ ငါကနင့်ထက်10နှစ်နဲ့5လငယ်တယ် "
သူ့ကိုအဲ့လိုပြောရမလားဆိုပြီးနူတ်ခမ်းထော်ပြီးအထိမခံခွန်းတုံ့ပြန်ပါတော့သည်။
" ဘာမှမဖြစ်ဘူးနော် ဟုတ်ပြီလား "
ဒယ်ဒီအနားကပ်လာပြီးမာမီ့မျက်နှာလေးကိုလက်နှစ်ဖက်နဲ့နူးညံ့စွာဆွဲကိုင်လိုက်ကာ
" ကိုယ့်က ကလေးကလွဲရင်ဘယ်မိန်းမမှလူမထင်အောင်ဂေးနေတဲ့ကောင်လေကွာ ဒီလောက်နှစ်တွေအကြာကြီးအတူနေလာတာကိုကိုယ့်ကိုမယုံဘူးလား ကိုယ်ကဘယ်လိုလုပ်မင်းကိုပစ်သွားရမှာလဲ "
နဖူးလေးနဲ့နှာဖူးထိပ်လေးကိုနမ်းလိုက်ကာ
" နှပ်တွေနဲ့ကြည့်ပါအုန်း ကလေးလေးကျနေတာပဲ လက်ရုံးပုခုံးမှာနှာရည်တွေပေကုန်ပြီ
အဟက်"
" ဟာကွာ " ဒယ်ဒီပုခုံးနဲ့ရင်ဘက်ပေါ်ကိုခပ်ကြမ်းကြမ်းထုရိုက်လာတဲ့လက်သီးသေးသေးလေးတွေကိုဒယ်ဒီအပြုံးမပျက်အထုရိုက်ခံနေသည်။
" ငါ့မိန်းမကလဲကလေးလေးကျနေတာပဲကွာ " ဆိုကာရင်ခွင်ထဲဆွဲသွင်းပြီးဖက်ထားလိုက်သည်။
" လာမဖက်နဲ့လူယုတ်မာ "
" နော် ဝမ်းမနည်းပါနဲ့တော့နော်ကလေး ကိုယ့်ကလေးလေးကတကယ့်ကလေးလေးပေါက်စနလေး "
ဆိုကာပါးနဲ့လည်ပင်းတွေပုခုံးတွေကိုအဆက်မပြတ်လိုက်မွှေးပါတော့သည်။
" ယားတယ်လို့ လူယုတ်မာကြီးရဲ့ ဟာ "
ခုနကသူတို့မဟုတ်သလိုနှစ်ယောက်ထဲကမ္ဘာတည်နေကြပြန်ပြီ။
ကိုယ့်ကိုရှိတယ်လို့ကိုမထင်သလိုသူ့မိန်းမကိုပဲရင်ခွင်ထဲကလွတ်မထွက်အောင်အတင်းကြပ်ဖက်ထားသည်။
ကိုယ့်မိဘတွေအကြောင်းသိရဲ့သားနဲ့ရန်ပွဲဆင်းတားမိတာကိုကငါ့အမှားပါကွာ။
သူတို့အကြောင်းသိရဲ့သားနဲ့လာဝင်ပါမိတော့သူတို့ရိုတာဘေးကနေရပ်ကြည့်နေရပြီ ငါကွာ။
🎵We only getting older baby, I've been thinking about it lately.
Does it ever drive you crazy , Just how fast the night changes 🎶
ဘောင်းဘီအိတ်ထဲကဖုန်းမြည်လာ၍ဖုန်းကိုင်ရန်အိမ်ရှေ့ထွက်လာခဲ့သည်။
ရေကူးကန်ဘောင်တွင်လမ်းလျှောက်ရင်းခြေဖျားလေးကိုရေထဲနှစ်နှစ်ပြီးဆော့နေသေးသည်။
" ဆောရီးသားကြီးရာ မနက်ဖြန်ငါတို့ 2yearsပြည့်တဲ့နေ့ကွလာလို့မရတော့ဘူး ငါ့ကောင်မလေးကချော့ရခက်တယ်ကွ ပြီးတော့ဒီလိုနေ့မျိုးမှာမှအတူမရှိပေးရင်ကွာသူ့ကိုပေါ့ပျက်ပျက်သဘောထားသလိုဖြစ်သွားမှာကွ သူကအရမ်းစိတ်ထိခိုက်လွယ်တာ ပြီးတော့သူက..
" ဟျောင့် မင်းစော်ဋီကာပဲဖွင့်နေမယ်ဆိုရင်ဖုန်းချလိုက်တော့မယ် "
" နောက်တခေါက်မှထပ်ချိန်းကြတာပေါ့ကွာ အေးဆေးပါဒီလူတွေပဲကိုကွာ ဂေါက်ကွင်းကထွက်မပြေးပါဘူး ပြီးတော့သူ့ကိုစော်လို့မခေါ်နဲ့ကွ ငါ့ကောင်မလေးလို့ပဲပြော ပြီးတော့
" xီး "
" တီ "
" ဟာ ငလုံးလက်ဖယ် ပြောစကားမဆုံးသေးတာဖုန်းချသွားပြီ "
တနင်္ဂနွေနေ့လေးမလို့ဘော်ဒါတွေစုပြီးဂေါက်ရိုက်ချင်ပါတယ်ဆိုမှတကောင်ကစော်မွေးနေ့ရှိလို့နောက်တကောင်ကစော်နဲ့ anniversaryရှိလို့နဲ့လူမစုံကြတော့ သွားချင်စိတ်မရှိတော့ဘူး။
စော်မျက်နှာတစ်ကမ္ဘာထင်နေကြတဲ့တကယ့်ကောင်တွေ။
သူတို့တွေဘာလို့သူတို့ရည်းစားတွေကိုဒီလောက်ချစ်ကြတာလဲ။
ဒယ်ဒီလဲမာမီကိုချစ်တာပဲ။
အဲ့လိုအချစ်မျိုးနဲ့ကိုယ်တိုင်လဲတယောက်ယောက်ကိုစမ်းချစ်ကြည့်ချင်မိလာသည်။
တယောက်ယောက်ကိုအတည်တွဲကြည့်ပြီး
သူ့ကိုပဲသစ္စာရှိပေးကြည့်မယ်ဆိုရင်ရော?
သူ့ဟာသူမှမချစ်တာ ငါတားနေတာမှမဟုတ်တာနော် ဘာတတ်နိုင်မလဲ။
ငါကိုကတယောက်ယောက်ကိုမချစ်တတ်သေးတာနေမှာပါ။
****
နောက်တနေ့မနက်ခင်း
" ကိုးဆယ့်ရှစ် "
" ကိုးဆယ့်ကိုး တစ်ရာ ပြည့်ပြီ ဟူး "
နားသွယ်စပ်ကချွေးစက်တွေကိုလက်နဲ့ခပ်ကြမ်းကြမ်းသပ်ချပလိုက်ပြီးဒိုက်ထိုးနေသည့်အနေထားမှထထိုင်ကာကြမ်းပြင်ပေါ်မှာလှဲချလိုက်သည်။
မှန်ထဲတွင်မြင်နေရသည့်ေပါ်လွင်ေသာsix packနဲ့အရမ်းကြံ့ခိုင်နေတာမျိုးမဟုတ်ဘဲတောင့်တောင့်ဖြောင့်ဖြောင့်အနေထားနှင့်ကြည့်လို့တော့ကောင်းသည်။
အကျီဝတ်လိုက်ရင်ဖုံးကွယ်ခြင်းခံရသည့်သူ့
အပေါ်ပိုင်းကြံ့ခိုင်မူကိုလက်ရုံးအမြဲနှမြောတသဖြစ်မိသည်။
သူကိုယ်ကနဂိုထဲကပိန်နေတဲ့အပြင်အရပ်ကြီးကလဲမနည်းတာကြောင့်လူေတွကပိန်ပိန်သွယ်သွယ်ေလးလို့လာမြင်နေကြသည်။
ဝလာအောင်နင်းကန်စားသော်လဲဝကိုမလာ။
ဖြစ်ချင်တာကအရပ်ရှည်ရှည်ဗလတောင့်တောင့်နဲ့ေယာကျာ်းပီသသောဒယ်ဒီလိုကိုယ်လုံးကိုယ်ပေါက်လိုချင်သော်လဲလူကအရပ်တော့ရှည်ပေမဲ့မတောင့်ပဲပိန်ပိန်ရှည်ရှည်ဖြစ်နေသည်။
အသားညိုညိုလိုချင်ပြန်သော်လဲပုလဲလိုဖြူဥနေတဲ့အသားရေ။
တော်သေးတာက ပိုးဟပ်ဖြူလိုဖြူစုတ်နေတာမျိုးမဟုတ်ဘဲလက်ရုံးအသားရည်ကဝင်းဝါေနသည့်ဖြူဥနေသည့်ဘက်ကိုသွားသည်။
အဲ့ဒယ်ဒီကဘာလို့အသားဖြူနေလဲမသိဘူး။သူ
ကြောင့်ကျွန်တော်ကပါယောကျာ်းတန်မဲ့ဖြူဥနေရသည်။
လူကသာပိန်တာနော်အကျီအောက်မှာဖုံးထားတဲ့six packနဲ့အသက်ခြွေလို့ရတယ် အိုကေလား။
အရင်ဘဝကမိန်းကလေးသီးသန့်မျက်နှာမြင်ချစ်ခင်ပါစေလို့ဆုတောင်းခဲ့လို့လားမသိဘူး။
ဒီဘဝမှာစော်ကြည်နူန်းကတိုးမပေါက်ေအာင် ။
ဒီမျက်နှာလေးကိုမကြိုက်တဲ့မိန်းကလေးခပ်ရှားရှား။
အဲ့တာနဲ့ဆန့်ကျင်ဘက်ယောကျာ်းလေးတွေကတော့ဒီစောင့်ကြွားကြွားကောင်လေးကိုကြည့်မရတာကခပ်များများ။
အသိုင်းဝိုင်းကြီးကမလို့သာလက်လွတ်စပယ်
မပြောဆိုရဲသာ။
မနက်ခင်းလေ့ကျင့်ခန်းလုပ်ပြီးချွေးတွေစိုရွဲနေတဲ့ခန္ဓာကိုယ်ကိုခတ္တအနားပေးပြီးရေချိုးခန်းထဲဝင်လာခဲ့သည်။
ကြံ့ခိုင်တဲ့ဗိုက်သားတွေပေါ်မှာတွဲလဲခိုနေတဲ့ရေစက်ပေါက်လေးတွေ။
ရေပန်းကနေရွာချလာတဲ့ရေစက်ပေါက်တွေအောက်မှာရုပ်ရှင်ထဲကမင်းသားတယောက်ရေချိုးနေသည့်အလားကြည့်ကောင်းသည်။
****
အစအပိုင်းမှာသာသာလက်ရုံးကိုဒီနှစ်ထဲဘွဲ့ရတော့မယ့်final ကျောင်းသားလို့ရေးထားမိတာကိုပြန်ပြင်ပါတယ်နော်။စိတ်မရှိကြပါနဲ့။
ဒီအပိုင်းတိုသွားမှန်းလဲသိပါတယ် ။နောက်အပိုင်းကိုရှယ်ရေးပေးပါ့မယ်နော်😼
Zawgyi
Advertisement
" ဒုန်း ခလွမ်း "
အောက်ထပ်ရောက်တော့
" အား ဟင့်ဟင့် "
" အနားမလာပါနဲ့ဆို သွား "
" ဗျာ "
" ဒယ်ဒီဘာလုပ်မိလို့လဲ "
တောင်မကြည့်ဘူး သူ့ဟာမနဲ့ပဲစကားပြောနေတယ် သူ့ကိုစကားပြောနေတာကိုတစက်မှဂရုမစိုက်ဘူး
အဟက်"
" လာမဖက်နဲ့လူယုတ်မာ "
လက်ထဲကဖုန်းမြည်လာ၍ဖုန်းကိုင်ရန်အိမ်ရှေ့ထွက်လာခဲ့သည်။
" xီး "
" တီ "
****
နောက်တနေ့မနက်ခင်း
" ကိုးဆယ့်ရှစ် "
မှန်ထဲတွင်မြင်နေရသည့်ပေါ်လွင်သောsix packနဲ့အရမ်းကြံ့ခိုင်နေတာမျိုးမဟုတ်ဘဲတောင့်တောင့်ဖြောင့်ဖြောင့်အနေထားနှင့်ကြည့်လို့တော့ကောင်းသည်။
သူကိုယ်ကနဂိုထဲကပိန်နေတဲ့အပြင်အရပ်ကြီးကလဲမနည်းတာကြောင့်လူတွေကပိန်ပိန်သွယ်သွယ်လေးလို့လာမြင်နေကြသည်။
ဖြစ်ချင်တာကအရပ်ရှည်ရှည်ဗလတောင့်တောင့်နဲ့ယောကျာ်းပီသသောဒယ်ဒီလိုကိုယ်လုံးကိုယ်ပေါက်လိုချင်သော်လဲလူကအရပ်တော့ရှည်ပေမဲ့မတောင့်ပဲပိန်ပိန်ရှည်ရှည်ဖြစ်နေသည်။
တော်သေးတာက ပိုးဟပ်ဖြူလိုဖြူစုတ်နေတာမျိုးမဟုတ်ဘဲလက်ရုံးအသားရည်ကဝင်းဝါနေသည့်ဖြူဥနေသည့်ဘက်ကိုသွားသည်။
ဒီဘဝမှာစော်ကြည်နူန်းကတိုးမပေါက်အောင် ။
မပြောဆိုရဲသာ။
****
Advertisement
- In Serial31 Chapters
A Bored Immortal
After reaching the peak of all existence, an Ancient immortal spends more time sleeping and seeking entertainment than anything else. Stumbling into the demonic summoning of a group of college students, it follows and aids them in their shenanigans throughout reality. All in the name of boredom. —————————— "That's a nice intro," Sara praised with an upraised thumb. "I'm not so sure. Lacks personality," Lisa shrugged. "What? No, it's great!" Ashley cheered, "but you could spice it up a bit. I mean, you barely even mentioned us." "The one with the power makes the rules and the intros," Avery admonished.
8 200 - In Serial39 Chapters
Technomage
Captain Michael de Graaf returns home to the capital after a long mission abroad. Upon his return, however, he does not get much rest. On his first day, he is assigned to a new mission. In one of the States, Captain Crocan is murdered, and the investigator which sent after him is missing. Follow Mike's journey in a world that bears some resemblance to our Earth and his investigation that will affect the fate of many on this planet. Author here. This is my first book. So, you can expect inaccuracies and mistakes in the text. Especially since my native language is not English. What won't be in the book: harem, system, Isekai, and romance. What will be: slice of life, magical realism, politics, investigation, techno-magic
8 198 - In Serial153 Chapters
Insania Online
Welcome to the world of Insania, a game where you can play however you want! An expansive world ruled by a top tier AI capable of accommodating each and every player and their needs!Here we follow the story of Richard, and his avatar, the golem Gondorrer, as he comes and plays a MMO in one of the most dificult ways for no other reason than a sudden impulse, and fail miserably a few times before finally getting it right.Follow him in his adventures, composed by epic monster battles, custom made equipments, bad jokes, not right in the head friend, along with an unhealthy addiction to Monster Hunter, lots of rolling and window-balls!--------------------------------------Okay, this is my first story here and it will probably be full of errors and such since my native language is portuguese, but any and all (constructive) critics are welcome.
8 233 - In Serial109 Chapters
Useless Facts
Useless facts you didn't need to know!
8 177 - In Serial14 Chapters
Señorita: Carmen Sandiego Oneshots♡︎
REQUESTS OPEN!! A collection of some one shots from Carmen Sandiego! It includes everything from ships, character POVs, rewrites of scenes, character X readers, and alternate universes. I will be posting some of my own ideas AND will be taking requests!OUT NOW:💖Pirate AU💖PlayCarm (Player X Carmen)💖CS Memes💖Carmen X Female Reader💖Carmen X Male Reader💖Zack X Female Reader (part one)💖Gang reacts to Fandom (part one)
8 110 - In Serial7 Chapters
thicc izuku
this is my first story i hope you enjoy this story is about izuku and his bitchy classmate and cheater boyfriend bakuhoe and izuku best friend or should I say ex-best friend uraraka turn aginst him that's all I could think of sorry
8 120