《Devil Husband》4
Advertisement
" မင်းငါ့ကားနဲ့လျှောက်သွားေနပြီး ကောင်မလေးတွေကိုလိုက်ကြွားနေတာမလား "
" မဟုတ်ပါဘူးငါ့ကိုအဲ့လိုမပြောနဲ့ နောက်မင်းမကြိုက်ရင်မင်းကားကိုမယူသွားဘူး လမ်းလျှောက်မယ်ဘတ်စ်ကားစီးမယ် ငါ့ကိုအဲ့လိုတော့ လာမပြောနဲ့ "
လက်ရုံးကျောင်းမှာရှိနေတုန်း ဂျိုး ကားကိုယူပြီးတနေရာသွားသွားနေတာကိုလက်ရုံးလိုက်စနေတာပါ။
" သားကြီးရာ စတာလေကွာ "
" ငါ့ကိုအဲ့လိုမစနဲ့ ငါမကြိုက်ဘူး "
အင်မတန်သည်းခံတတ်သောဒီကောင်ဆီကဒီလိုစကားမျိုးထွက်လာ၍သူအတော်စိတ်ခုသွားမှန်းတန်းသိသည်။
" အိုကေမပြောတော့ဘူးလေကွာ ကားကိုမင်းကြိုက်သလောက်သုံးပါနော် ငါ့ကိုထသတ်တော့မယ့်ရုပ်နဲ့ကွာ ဒါနဲ့မင်းဘယ်ေတွသွားသွားနေတာလဲ"
" မင်းနဲ့မဆိုင်ဘူး "
" ဘာ ငါနဲ့မဆိုင်ဘူးဟုတ်လား မင်းကိုငါ့ဒယ်ဒီနဲ့တိုင်မှာ "
* တခုခုဆိုလုပ်ပြီ ၅နှစ်သားလိုအဖေနဲ့တိုင်ဖို့ပဲဒီဝန်ကြီးချုပ်သားကတော့ *
" ပြောပြလို့ မပြောပြရင်တကယ်သွားတိုင်မှာနော် မင်းအသေပဲ "
" ဟာ ငါဘာမှမလုပ်ဘူးကွ အဲ့အချိန်တေပျင်းလို့ကိုယ့်ဟာကိုကားပတ်မောင်းနေတာ "
" အေး မင်းသတိထားနေနော် ကားထဲကဟာကဘာလဲ "
ပြောရင်းဆိုရင်းကားပြတင်းပေါက်ကနေအထဲကိုလက်
နိူက်ပြီးအတင်းဆွဲယူသည်။
" လက်ရုံး မလုပ်နဲ့ "
" အပင်လေးကို ! မင်းကဘာလုပ်ဖို့လဲ ?
" ဟိုဟာ ဟိုလေ အန်တီကိုပေးမလို့လေ အန်တီကအဲ့လိုအလှစိုက်ပန်းအိုးလေးတွေကိုစားပွဲပေါ်တင်ထားရတာကြိုက်တယ်လေ "
ဖြေမိဖြေရာဖြေချလိုက်သည်။
" အေးဟုတ်သားနော် မာမီကြိုက်တယ် ရော့ ပြန်ယူ အိမ်ပြန်ကြမယ်လေ "
" ကားထဲဝင် "
" မာမီ မာမီ "
ဧည့်ခန်းဆိုဖာမှာထိုင်နေသောအမေ့ကိုအတင်းပြေးဖက်သည်။
" လက်ရုံးလေးေကျာင်းကပြန်လာပြီလား ဘာဖြစ်တာတုန်းအလန်တကြားနဲ့ "
" သားကမာမီ့ကိုအရမ်းလွမ်းနေတာ "
" တညလေးထဲကိုကွာ "
" ရုံးပတီသီးကောင် " daddyကပါပြုံးပြီးကြည့်နေသည်။
" ဒယ်ဒီကိုလဲလွမ်းပါတယ်နော် မာမီဒါနဲ့လေဂျိုးကမာမီ့အတွက်giftရှိတယ်တဲ့ "
" ဟုတ်လား ဘာလဲ ပြပါအုန်းသိချင်လာပြီ "
ဒီအရွယ်ရောက်နေလဲsuprise giftဆိုကလေးတယောက်လိုလိုချင်နေတုန်း။
" ကားထဲမှာကျန်ခဲ့လို့ သွားယူလိုက်အုံးမယ် "
" ဟီး မြန်မြန်သွား ဘာလဲမသိဘူး "
* ငလုံးလက်ဖယ် ငဖယ်လက်ရုံးကောင် ငါ့ကိုအသေသတ်နေတာပဲ ဆရာမြတ်ရှေ့မှာမှပြောရသလားကွာ *
" အပင်လေးကို ! အခန်းထဲမှာထည့်ထားမယ်နော် လေသန့်တာပေါ့ ဂျိုး ကျေးဇူးပဲနော် သတိတရရှိပေးတာပဲ "
* အားနာလိုက်တာအန်တီရယ် ပေးဖို့စိတ်ကူးလုံးဝမရှိခဲ့တာ*
" ဟုတ် ရပါတယ်အန်တီ "
" ဂျိုးကဒီလိုအလှစိုက်အပင်လေးတွေမာမီကြိုက်မှန်းသိလို့တဲ့ဝယ်လာတာတဲ့ "
* အေးအေးမင်းငါ့ကိုအရောက်ပို့နေတာလက်ရုံးရေ*
အဲ့စကားကြားလိုက်တော့မြတ်သုခမျက်နှာနည်းနည်းပျက်သွားသည်။သူ့သဘာဝအတိုင်းကြောက်စရာမျက်နှာသေကြီးနဲ့မတ်တပ်ရပ်ေနတဲ့ဂျိုးကိုဆတ်ခနဲလှည့်ကြည့်လာသည်။
" အန်တီ့အကြိုက်ကိုသိတာပဲ သဘောကျတယ်နော်မင်းလက်ဆောင်ကို "
" ဟုတ် "
ခင်နဲ့ဂျိုးကအသက်18နှစ်လောက်သာကွာတာဖြစ်ပြီး ခင်ကလူငယ်လေးတယောက်လိုဖြစ်နေတော့မြတ်သုခကဂျိုး ခင်နဲ့တအားလက်ပွန်းတသီးနေတာမျိုးကိုသိပ်သဘောမကျဘူး။
ဒီလိုကိစ္စမျိုးကပြောမကောင်းတာမလို့လူကြီးပီပီမြတ်ကဘာမှမပြောပေမဲ့လဲ မျက်နှာရိပ်မျက်နှာကဲခတ်တာနဲ့ဂျိုးသိတယ်။
ဟိုကသူ့မိန်းမအရိပ်ကိုတခြားကောင်ကြည့်တာတောင်လူသတ်ချင်စိတ်ပေါက်တဲ့ဆတ်ဆတ်ထိမခံရှေ့မှာသားလုပ်တဲ့သူက သူ့မာမီအကြိုက်ကိုဂျိုးဘယ်လောက်သိလဲဆိုတာအမွှမ်းတင်ပြနေတော့လဲ ပါးစောင်ကိုလျှာနဲ့ထိုးထားပြီးမျက်နှာကအတော်ပျက်နေပြီ။
မြတ်သုခဆိုတာအဲ့အတိုင်း ခင့်ကိုဘယ်သူနဲ့မှစိတ်မချပဲအာခံတွင်းထဲထည့်ငုံထားချင်တဲ့သူမျိုး။
*****
" ခြယ်တဲ့လားကွာ "
* မင်းကိုကန်တင်းထဲမှာစတွေ့ခဲ့တုန်းက မင်းကိုအင်ဂျင်နီယာလောင်းလေးလို့ထင်ခဲ့ပြီး
ကိုယ့်လိုကောင်ကအမြင့်ကိုမမှီနိုင်ဘူးလို့ေတွးခဲ့တာ။ မင်းကသာမာန်အရောင်းဝန်ထမ်းကောင်မလေး ဒီနေ့မှပိုသိလာရတာကရိုးရှင်းတာကိုနှစ်သက်တဲ့အညတရကောင်မလေးဆိုတာပဲ။
ဒီအညတရကောင်က မင်းကိုပိုင်ဆိုင်ချင်တာကေရာမတန်မရာမှန်းတာပဲလားကွာ *
" သူကအရမ်းလှတယ် ငါကလဲချောပါတယ် ငါသူနဲ့တန်ပါတယ် "တယောက်ထဲပေါက်ကရတွေပြောနေမိသည်။
အိပ်ယာပေါ်မှာလူးလွန့်နေပြီး ဘဝနှစ်ခု
အကြောင်းကိုအတွေးနယ်ချဲ့နေမိသည်။
မင်းနဲ့ပက်သက်တာမှန်သမျှအကုန်သိချင်တယ်။မင်းအကြိုက်ဆုံးအရောင် ၊မင်းအကြိုက်ဆုံးသီချင်း ၊မင်းအကြိုက်ဆုံးအစားအစာ သရဲကြောက်တတ်လား၊ဘယ်လိုတွေဆဲတတ်လဲ အိုး အကုန်သိချင်တယ်ကွာ ။
ခေါင်းကိုလက်နှစ်ဖက်နဲ့ကုပ်ခြစ်ပြီးဆံပင်တွေကိုဆွဲဖွလိုက်သည်။ည 10နာရီသာရှိသေး၍အိပ်လို့လဲမပျော်နေ၍ခြံထဲလမ်းဆင်းလျှောက်ရန်ထလာခဲ့သည်။
ကြာရင်ရူးတော့မည်။
" ဂျိုး မင်းရည်းစားရနေပြီလား "
လှေကားပေါ်ကနေဆင်းလာတဲ့အန်တီကလှမ်းမေးသည်။
" ဗျာ မရှိပါဘူး "
" မင်းဒီတလောပုံမှန်မဟုတ်ဘူး ကြည့်ရတာတ
တမိူင်မိူင်တထွေထွေနဲ့ဘာဖြစ်နေမှန်းကိုမသိဘူး"
" ဘာမှမဖြစ်ပါဘူး "
" လက်ရုံးလိုရည်းစားတွေမိူလိုပေါက်နေတဲ့လူမျိုးကဘာမှမဖြစ်ဘူး မင်းလိုဒီအရွယ်ထိတယောက်ထဲဖြစ်နေတဲ့လူကျရည်းစားထားမယ်ဆိုကြောက်ရတယ် တခါမှအတွေ့ကြုံမရှိသေးတော့အသဲခွဲခံရမှာကြောက်ရတယ် သတိထားပါ မင်းအသဲကွဲရလိမ့်မယ် ဘယ်သူ့ကိုမှပုံအောပြီးမချစ်လိုက်နဲ့ဟုတ်ပြီလား "
" ဗျာ ဟုတ် ဟုတ်ကဲ့အန်တီ ကျေးဇူးပါ "
" စိတ်ညစ်စရာတွေရှိရင်ပြောလေ မင်းကငါ့သားလေးပါပဲ ကြားလား သား "
* သားတဲ့လားအန်တီရယ် နွေးထွေးလိုက်တာ တဘဝလုံးတောင့်တခဲ့မိတဲ့မိခင်မေတ္တာတွေကိုခံစားလိုက်ရသလိုပါပဲ *
သားဆိုတဲ့ခေါ်သံလေးကြောင့်ဖြစ်ပေါ်လာတဲ့ရင်တွင်းနွေးထွေးမူလေး။
" အန်တီပြန်အိပ်တော့မယ် သားလဲပြန်အိပ်တော့လေ "
နွားနို့ခွက်နှစ်ခွက်ယူကာအန်တီအပေါ်ပြန်တက်သွားတော့ကိုယ်လဲအိပ်ရာထဲပဲပြန်ဝင်လာခဲ့တော့သည်။
* ဘယ်သူ့ကိုမှပုံအောပြီးမချစ်နဲ့တဲ့ ။ဘယ်လိုလုပ်မလဲ အရုပ်ကလေးရယ် မင်းကိုစတွေ့ထဲကစိတ်ထဲကထုတ်ပစ်မရခဲ့တာမလို့။မင်းကိုအသေွးသားထဲကနေကိုပိုင်ဆိုင်ချင်တယ်။မင်းတယောက်ထဲကိုပဲပုံအောပြီးချစ်မိသွားခဲ့ပြီထင်တယ်..။
*****
ရင်ခုန်သံများချုပ်ထိန်းမရ🎶သူသိအောင်ဖွင့်ပြောမည်🎵
ကိုယ့်ဘက်ကအကြင်နာတွေ မင်းသိဖို့လိုပြီ🎶
ကားရေဆေးနေရင်းစိတ်ပြေလက်ပျောက်ခံစားချက်နဲ့တိုက်ဆိုင်တဲ့သီချင်းလေးညဉ်းနေမိသည်
" ဟျောင့် တောသား နားငြီးတယ်ကွ အသံဆိုးကြီးနဲ့ "
" အနုပညာကိုမခံစားတတ်တဲ့ကောင်ပါလား"
" အနုပညာကိုမခံစားတတ်တာမဟုတ်ဘူးငဂျိုး
ဟိုအဆိုတော်ဆိုတာကြိုက်တယ် မင်းဆိုလို့မကြိုက်တာ မင်းအသံကိုမကြိုက်တာကွာ ဟုတ်ပြီလား "
မနက်စောစီးငလံုးလက်ဖယ်လာဖဲ့နေတယ်လူကို။
" မဆိုနဲ့ဆိုမဆိုဘူးကွာ ပွစိပွစိလာမလုပ်ပါနဲ့ကျေးဇူးပြုပြီး "
ကိုယ့်ဟာကိုသီချင်းလေးဆိုမိတာကိုတောင် လာပိတ်ပင်နေတယ် နောက်ဘဝပြိတ္တာဖြစ်တော့မှာပဲ။
ဂျိုးရဲ့အသံရှတတဩဩလေးနဲ့သီချင်းဆိုတာနားထောင်လို့ကောင်းရဲ့သားနဲ့တမင်မကောင်းပြောချင်လို့အပေါ်ထပ်ကနေတောင်ဆင်းလာရတာလေ။
သူများကိုမစရရင်စားမဝင်အိပ်မပျော်ဘူးလက်ရုံးတို့က။
ဒီကောင်ခုတလောတအားကိုအဖီးသီချင်းတွေနားထောင်နေတာ။
ဒီကောင်တခုခုထူခြားနေတယ်။
လက်ရုံးကျောင်းပိတ်ရက်မလို့ဒီနေ့ထူးထူးခြားခြားအိမ်မှာနေမယ်ဆိုတော့ဒီနေ့တရက်တော့လွတ်လပ်ပြီ။
" ဆရာမြတ် အဲ့တာ..
" သွားပေါ့ရပါတယ် မင်းလဲအားလပ်ရက်လေးတော့ရှိရအုန်းမှာပေါ့ ညမနက်ခင်တော့အိမ်ပြန်လာပေါ့ "
" ကျွန်တော်အဲ့လောက်မကြာပါဘူး ခဏပဲသွားမှာပါ "
မိုးပြာရောင်တီရှပ်လက်တိုလေးနဲ့ဂျင်းဘောင်းဘီအမဲရောင်ဝတ်ဆင်ထားပြီးရိူးစမိုးအပြည့်ထုတ်ထားသောဂျိုးကိုကြည့်ပြီးမြတ်တချက်ပြုံးမိသွားသည်။
တစ်ကိုယ်လုံးလဲမွှေးကြိုင်လို့ဆံပင်ကိုလဲအသားကုန်ရိူင်းထားသည့်ဒီကောင်လေးကိုပြန်မြင်တော့ ကိုယ့်ကိုကိုယ်ပြန်မြင်လိုက်ရသလိုပင်။ဟိုးခင့်ကိုအသေလဲလိုက်ခဲ့ရတုန်းအချိန်
ေတွက သူ့လိုပဲရိူးစမိုးတွေထုတ်ပြီးသူ့ရှေ့သွားသွားပြီးဟန်ရေးပြရတာအမော။
အလုပ်မပြတ်သေးလို့ရုံးမဆင်းရေသးရင်တက္ကသိုလ်ကျောင်းသူလေးဆီသွားချင်လို့ဖင်တကြွကြွဖြစ်ခဲ့ရတာ။
ဝန်ကြီးချုပ်ကအလုပ်မလုပ်ဘဲေကာင်မေလးကိုပဲသွားေကြာင်ေနတယ်လို့ ရုံးကလူတေွစနောက်ကြတာေတွပြန်ေတွးမိေတာ့လဲရယ်ရသည်အတိတ်ကိုေတာင်ပြန်လွမ်းမိလာသည်။
Advertisement
ကိုယ်လဲငယ်ရာကကြီးလာသူဖြစ်၍ဒီကောင်ဘယ်ခြေလှမ်းနေလဲဆိုတာတန်းသိသည်။
" ဆရာအဲ့တာဆိုကျွန်တော်သွားပြီနော် "
" သွား ကားယူသွားလေ ကောင်မလေးကိုရအောင်ခြွေနော်ဟေ့ကောင် "
စသလိုလိုနဲ့ပြုံးစစနဲ့ကိုယ့်ကိုကြည့်နေတဲ့ဆရာမြတ်။
လူကြီးတွေကအကုန်သိတာပဲနော် ။ငါအဲ့ဒီလောက်တောင်သိသိသာသာအမူရာတွေပျက်နေတာလား။
" ဪ မနေ့ကကိုကြီးပဲကိုး "
" ဟုတ်တယ် မှတ်မိသားပဲ "
* ဟာ ကိုကြီးဆိုပါလား *
" ဒီနေ့ရောဘာလိုချင်လို့လဲရှင့့် "
" ပန်းလေးလိုလှတဲ့ကောင်မလေးတယောက်ကိုလက်ဆောင်ပေးချင်လို့ "
ထိုသို့ပြောလိုက်၍ခြယ့်မျက်နှာလေးတချက်ညိုးသွားသော်လဲမျက်နှာပြန်ထိန်းလိုက်ပြီး
" အော် ကောင်မလေးကိုလက်ဆောင်ပေးချင်တာဆိုတော့ ပန်းစည်းဆိုရင်သူသဘောကျမှာပါ"
" သက်ရေ ဒီအကို့ကိုပန်းစည်းလေးတချက်လောက်နော် "
ပန်းလှလှလေးတွေရှေ့မှာရပ်နေတဲ့သူမကပန်းတွေထက်တောင်ပိုလှသေးသည်။
ပန်းနုရောင်ပါးပြင်လေးဆွဲယူနမ်းပစ်ချင်စရာ။
" ဆရာ ဘယ်လိုရေးပေးရမလဲ "
ပန်းစည်းကlabelပြားမှာဘယ်လိုရေးေပးရမလဲလို့ကောင်တာကအရောင်းဝန်ထမ်းမလေးကမေးတော့
" အား ဘယ်လိုလဲမသိဘူးဗျ "
" အဲ့တာကလေ လက်ခံတဲ့သူကိုကိုယ်ပြောချင်တဲ့စကားလေးတွေရေးပေးရတာမျိုးပါ "
" ဘယ်လိုပြောရမလဲမသိဘူး ဒီလိုလေးပဲရေးပေးပါဗျ......
" အော် သိပါပြီ "
ထိုကောင်မလေးlabelပြားေပါ်မှာရင်တွင်းစကားလေးတွေကိုရေးပေးပြီးတော့
" အကို့နာမည်က "
" ဗျာ နာမည်ပါထည့်ရေးကြတာလား "
" မထည့်ချင်လဲရပါတယ်ရှင့် "
" ရပါတယ် ထည့်ရေးပေးပါဗျ "
" ဟုတ် အကို့နာမည်က "
" ဂျိုး မဟုတ်ဘူးမှားလို့ ကျော်ဘုန်းပြည့် "
" ရပါပြီရှင့် ဝယ်ယူအားပေးလို့ကျေးဇူးပါ "
" ရှင် ဒါခြယ့်အတွက်လား "
" ဟုတ်ပါတယ် For you ကိုယ်သွားစရာရှိသေးလို့သွားပြီ ဘိုင့် "
" ဟာ နေအုန်းလေ ဒီလူကလဲ "
သူစာကိုမဖတ်ရသေးခင်အမြန်ပြေးထွက်လာခဲ့သည်။တဖက်ကားလမ်းကနေစာဖတ်နေတဲ့သူမရဲ့တုံ့ပြန်မူလေးကိုစောင့်ကြည့်နေလိုက်သည် ။
" အပြုံးလှလှလေးတွေနဲ့မင်းရဲ့စကားသံချိုချိုလေးတွေကြောင့် ကိုယ်ဒီဆိုင်ကိုထပ်မလာပဲနဲ့ကိုမနေနိုင်ဘူး အများကြီးပြုံးပြီး အများကြီးပျော်ရွှင်အောင်နေပြီး အလုပ်တွေကြိုးစားပါနော်ကောင်မလေး "
From ကျော်ဘုန်းပြည့်
" ဟာ How sweetသူကနင့်ကိုကြွေသွားလို့သူထပ်လာတာပေါ့ အိုက်စ် "
" နင်တို့ကလဲဟာ သူကအဲ့လိုမပြောထားပါဘူး သူကငါဖောက်သည်တွေကိုပြောဆိုတဲ့ပုံကိုသဘောကျလို့နေမှာပေါ့ "
" အေးအဲ့ဒီလောက်လေးနဲ့တော့ ဒီဈေးကြီးတဲ့နေကြာပန်းစည်းကြီးပေးနေအုန်းမယ် ရေးထားတာကလဲငါတောင်ကြွေတယ် အဲ့ဘဲကြီးနင့်ကိုကြိုက်နေလို့ကိုပေးတာ "
" ဟာ နင်တို့ကလဲဟာ "မျက်နှာလေးနီရဲတက်လာကာရှောင်ထွက်သွားတဲ့ကောင်မလေး။
နဂိုပန်းသွေးေရာင်ပါးလေးတွေကနီရဲနေတာပဲ။
စာကိုဖတ်ရင်းပြုံးနေမိတဲ့မင်းရဲ့ရှက်ကိုးရှက်ကန်းမျက်နှာလေးကဘာအဓိပ္ပာယ်လဲကွာ ။
လူကိုမရိုးမရွဖြစ်အောင်သိပ်လုပ်တာပဲကွာ ။
ဘာတဲ့ ကိုကြီး ဟုတ်လား သေရပါပြီကွာ။
ဒီ " ကျော်ဘုန်းပြည့် "ဆိုတဲ့လူကြီးကခြယ့်ကိုရင်ခုန်အောင်အရမ်းလုပ်တာပဲ။လူဆိုးကြီး။
*****
ကိုကိုဂျိုးနော် ကျွန်မရှိနေတာကို😾 ဟွန်း
Zawgyi
" မင်းငါ့ကားနဲ့လျှောက်သွားနေပြီး ကောင်မလေးတွေကိုလိုက်ကြွားနေတာမလား "
" သားကြီးရာ စတာလေကွာ "
အင်မတန်သည်းခံတတ်သောဒီကောင်ကဒီလိုစကားမျိုးထွက်လာ၍သူအတော်စိတ်ခုသွားမှန်းတန်းသိသည်။
" အိုကေမပြောတော့ဘူးလေကွာ ကားကိုမင်းကြိုက်သလောက်သုံးပါနော် ငါ့ကိုထသတ်တော့မယ့်ရုပ်နဲ့ကွာ ဒါနဲ့မင်းဘယ်တွေသွားသွားနေတာလဲ"
" မင်းနဲ့မဆိုင်ဘူး "
နိုက်ပြီးအတင်းဆွဲယူသည်။
" လက်ရုံး မလုပ်နဲ့ "
" ကားထဲဝင် "
" မာမီ မာမီ "
" လက်ရုံးလေးကျောင်းကပြန်လာပြီလား ဘာဖြစ်တာတုန်းအလန်တကြားနဲ့ "
" တညလေးထဲကိုကွာ "
" ဟုတ် ရပါတယ်အန်တီ "
" ဟုတ် "
*****
" ခြယ်တဲ့လားကွာ "
ဒီအညတရကောင်က မင်းကိုပိုင်ဆိုင်ချင်တာကရောမတန်မရာမှန်းတာပဲလားကွာ *
ကြာရင်ရူးတော့မည်။
" ဗျာ မရှိပါဘူး "
တမိုင်မိုင်တထွေထွေနဲ့ဘာဖြစ်နေမှန်းကိုမသိဘူး"
" ဘာမှမဖြစ်ပါဘူး "
" လက်ရုံးလိုရည်းစားတွေမိုလိုပေါက်နေတဲ့လူမျိုးကဘာမှမဖြစ်ဘူး မင်းလိုဒီအရွယ်ထိတယောက်ထဲဖြစ်နေတဲ့လူကျရည်းစားထားမယ်ဆိုကြောက်ရတယ် တခါမှအတွေ့ကြုံမရှိသေးတော့အသဲခွဲခံရမှာကြောက်ရတယ် သတိထားပါ မင်းအသဲကွဲရလိမ့်မယ် ဘယ်သူ့ကိုမှပုံအောပြီးမချစ်လိုက်နဲ့ဟုတ်ပြီလား "
*****
မနက်စောစီးငလုံးလက်ဖယ်လာဖဲ့နေတယ်လူကို။
" ဆရာမြတ် အဲ့တာ..
မိုးပြာရောင်တီရှပ်လက်တိုလေးနဲ့ဂျင်းဘောင်းဘီအမဲရောင်ဝတ်ဆင်ထားပြီးရိုးစမိုးအပြည့်ထုတ်ထားသောဂျိုးကိုကြည့်ပြီးမြတ်တချက်ပြုံးမိသွားသည်။
တွေက သူ့လိုပဲရိုးစမိုးတွေထုတ်ပြီးသူ့ရှေ့သွားသွားပြီးဟန်ရေးပြရတာအမော။
အလုပ်မပြတ်သေးလို့ရုံးမဆင်းရသေးရင်တက္ကသိုလ်ကျောင်းသူလေးဆီသွားချင်လို့ဖင်တကြွကြွဖြစ်ခဲ့ရတာ။
ဝန်ကြီးချုပ်ကအလုပ်မလုပ်ဘဲကောင်မလေးကိုပဲသွားကြောင်နေတယ်လို့ ရုံးကလူတွေစနောက်ကြတာတွေပြန်တွေးမိတော့လဲရယ်ရသည်အတိတ်ကိုတောင်ပြန်လွမ်းမိလာသည်။
" ဪ မနေ့ကကိုကြီးပဲကိုး "
" ဟုတ်တယ် မှတ်မိသားပဲ "
* ဟာ ကိုကြီးဆိုပါလား *
" ဒီနေ့ရောဘာလိုချင်လို့လဲရှင့် "
" ဆရာ ဘယ်လိုရေးပေးရမလဲ "
ပန်းစည်းကပို့စ်ကဒ်မှာဘယ်လိုရေးပေးရမလဲလို့ကောင်တာကအရောင်းဝန်ထမ်းမလေးကမေးတော့
" အား ဘယ်လိုလဲမသိဘူးဗျ "
" အော် သိပါပြီ "
ထိုကောင်မလေးပို့စကဒ်ပေါ်မှာရင်တွင်းစကားလေးတွေကိုရေးပေးပြီးတော့
" အကို့နာမည်က "
" ဟုတ် အကို့နာမည်က "
" ရှင် ဒါခြယ့်အတွက်လား "
" ဟာ နေအုန်းလေ ဒီလူကလဲ "
From ကျော်ဘုန်းပြည့်
နဂိုပန်းသွေးရောင်ပါးလေးတွေကနီရဲနေတာပဲ။
*****
Advertisement
- In Serial18 Chapters
I'm nothing special, so can i go back please ?
Kyle, single, 35 years old. While cleaning a field after a flood, pick up a strange rock.when he came back home at evening, he remember picking it up, and try to look at it... and accidentally let it fall on the ground. The rock shatters, and the ground cave-in with strange runic-like pattern, while he fall. "- Seriouslyyyyyyy ?" *fall in darkness* Annnnd, he's screwed. Follow him when he's still a normal human in a world full of cheats, monsters, and others ho-too-randoms-things in his quest to get the fuck out of here. Note : Cover is from me. Random drawing sometimes in the end of the chapter. I go back to it after 10+ years withouth touching a pen, so it's slowly coming back. :o
8 112 - In Serial7 Chapters
Cultivation Apocalypse [Rewritten Version]
When the world as humanity knows it comes to an end, and is altered by forces beyond comprehension, humanity is given the chance to strive for power greater than they had ever thought possible, and even immortality. With the world and the rules it followed naught but a memory, how will humanity adapt to a world where the only rule is that of personal might? With a whole new world to explore, new challenges to face, new horizons to chase, will humanity gain the strength to not only survive, but thrive?
8 163 - In Serial51 Chapters
Known World Series
Raypunk. Adventure, science fiction, fantasy all rolled into one. We begin with the story of Tosh and Bors, a merchant with a secret and a barbarian. There is also the story of Rick Tavish, Space Ranger! Then, a team up in the third part of this series. There are more coming, down the line.
8 97 - In Serial8 Chapters
Death Spire
No-one know what awaits at the top of the tower but everyone has their ideas. The gifts received on even the lower floors could change a persons life beyond belief. However, only death awaits failure, while success leads to the next challenge. Follow Nathan as he starts his crusade to the top.
8 97 - In Serial26 Chapters
the 701
701 alien cases remain unsolved -- until now
8 96 - In Serial39 Chapters
Black Clover zodiac signs
Black Clover zodiac signs :)
8 176