《BONE-LAZY SYSTEM [ Owncreation ]》Arc 2 Part 2
Advertisement
စစ္၀ူ ပတ္၀န္းက်င္ကို တစ္ခ်က္ၾကည့္မိေတာ့ သူ႔ကို စိုးရိမ္ပူပန္ဟန္ၾကည့္ရႈလာသည့္ ဇာတ္လိုက္ က်ိဳးဟန္ကို ေတြ႕လိုက္ရသည္။
" မင္း အဆင္ေျပရဲ႕လား ? "
နားထင္တို႔ကို ဖိကာ ေခါင္းကိုက္သလိုဟန္ ျပဳမူမိေနျခင္းေၾကာင့္ က်ိဳးဟန္က
စိတ္ပူပန္သြားျခင္းပင္။
" စိတ္မပူပါနဲ႔။ ငါ အဆင္ေျပပါတယ္။ "
အၿပံဳးတို႔ကို ဆင္ျမန္းကာဆိုေလေတာ့ ဆရာသင္လက္စသင္ခန္းစာတို႔ကို က်ိဳးဟန္က ျပန္အာရံုစိုက္သြားေလသည္။
ဇာတ္လိုက္ပီသစြာပင္ ေခ်ာေမာေသာ မ်က္နွာက်နွင့္အရွိန္အဝါက သူမ်ားနွင့္မတူ
တမူ ထူးျခားစြာ။ ဇာတ္လိုက္မကေတာ့ ဘယ္လိုလာဦးမလဲ မသိ။
ဒါဆို စစ္၀ူ ၀င္ေနတ့ဲ ခႏၶာကိုယ္ပိုင္ရွင္ကေရာ ? သူသည္လည္း ဇာတ္လိုက္ရဲ႕
ေခ်ာေမာမႈကို မမီွေသာ္ျငား ဒုတိယဇာတ္လိုက္ျဖစ္သည့္အေလွ်ာက္ ေခ်ာေမာလွေပသည္။ ယခု စစ္၀ူ ၀င္ေရာက္လာေတာ့ ပို၍ပင္ ေခ်ာေမာသြားေလ၏။
တည္တည္တ့ံတ့ံေနသည့္အခ်ိန္တြင္ လူတကာ ေငးေမာၾကရၿပီး ၿပံဳးလိုက္သည့္အခါတြင္ လူတကာနွလံုးသားေႂကြရလြန္းသျဖင့္ သူ႔ ( စစ္၀ူ )ကို
အၿပံဳးမင္းသားေလးဟုေခၚၾကေလသည္။
ဒါဆို ဇာတ္လိုက္က်ိဳးဟန္ကိုေရာ ? က်ိဳးဟန္ကိုေတာ့ လူအမ်ားက တညီတၫႊတ္တည္း ေရခဲမင္းသားဟုပင္ေခၚၾကေလသည္။
သို႔ေသာ္ က်ိဳးဟန္ကို နွစ္သက္သည့္မိန္းကေလးအေရအတြက္မွာ
စစ္၀ူကို နွစ္သက္သည့္မိန္းကေလးအေရအတြက္ထက္ ပိုမိုေက်ာ္လြန္ေပသည္။
ဤသို႔ျဖင့္ ကာယအခ်ိန္ေရာက္သည့္အခါမွာ ဘတ္စကတ္ေဘာေဆာ့ရန္
အ၀တ္မ်ားကို လဲလွယ္ၾကရသည္။
အ၀တ္လဲခန္းတြင္ လူအမ်ားႀကီးမရွိေသာ္ျငား က်ိဳးဟန္ကေတာ့ အ၀တ္လဲလိုဟန္မရွိသလိုပင္။ စစ္၀ူကိုပင္ သူထိုင္ေနသည့္ခံုဆီ ဆြဲေခၚထားၿပီး
အ၀တ္ေပးလဲျခင္းမျပဳ။
က်ိဳးဟန္ေၾကာင့္လည္း ဘတ္စကတ္ေဘာဆရာဆီမွ အဆူခံရေပါင္းလည္း မ်ားၿပီ။
စစ္၀ူက အ၀တ္လဲၿပီးသြားေတာ့ သူ႔ကိုစိုက္ၾကည့္ဆဲျဖစ္သည့္ က်ိဳးဟန္ရဲ႕အၾကည့္တို႔ေၾကာင့္ ၾကက္သီးထလာသည္။
က်ိဳးဟန္က စစ္၀ူရဲ႕ရင္ဘတ္ကို ေငးၾကည့္ေနရင္းရုတ္တရက္ဆိုသလို
" ငါ မင္းရင္ဘတ္ကိုကိုင္လို႔ရလား ? "
စစ္၀ူက ေၾကာက္လန႔္စြာ သူ႔ရင္ဘတ္ကို လက္နွစ္ဖက္ျဖင့္ အုပ္လိုက္ကာ
" မင္း ရူးေနလား ! "
* ျမတ္စြာဘုရား ! ဒီဇာတ္လိုက္လည္း ဟိုကမာၻကေကာင္လို တစ္ခန္းလႊတ္ေနတာလား ? *
က်ိဳးဟန္ကေတာ့ စစ္၀ူရဲ႕ရင္ဘတ္ကို ကိုင္ခြင့္မရလို႔ ငိုမ့ဲမ့ဲမ်က္နွာေလးနဲ႔။
* ငါကေတာ့ မင္း ဒီလိုမ်က္နွာလာလုပ္ျပေနလည္း ဘယ္လိုမွ ကိုင္ခြင့္မေပးနိုင္ပါဘူးေနာ္ ! ေဆာတီးဘဲ ရမယ္။ သားႀကီးရာ။ *
" ျမန္ျမန္အ၀တ္လဲ ! ငါတို႔နွစ္ေယာက္ဘဲ ေနာက္က်ေနတာ။ က်န္တ့ဲလူေတြ
ေသြးပူေလ့က်င့္ခန္းကို စလုပ္ေနေလာက္ၿပီ။ "
စစ္၀ူ သူေျပာလို႔ေတာင္ မဆံုးေသး၊သူ႔ေရွ႕မွာတင္ ခ်က္ခ်င္းအ၀တ္လဲၿပီးသြားသည့္
ဇာတ္လိုက္ေၾကာင့္ ဆက္ေျပာစရာစကားေတာင္ ရွာမေတြ႕ဘဲ ျဖစ္သြားသည္။
" ငါ အ၀တ္လဲလို႔ၿပီးၿပီ။ သြားၾကရေအာင္။ "
* အစ္ကိုႀကီးေရ။ မင္းမွာ အလင္းလို Speed နႈန္းနဲ႔ အ၀တ္လဲနိုင္ရင္လည္း
ဘာေၾကာင့္ ငါ့ကိုပါ ဆြဲထည့္ေနရတာလဲ ? အခုေတာ့ ငါတို႔ ဘတ္စကတ္ေဘာ
ဆရာႀကီးဆီမွာ အဆူခံရဦးမယ္ ! *
[ S/H note_က်ိဳးဟန္ စစ္၀ူရဲ႕ရင္ဘတ္ကိုင္ခ်င္တ့ဲအခန္းကို ကိုေတာက္ပနဲ႔
ကို၀င္းေမာင္တို႔နွစ္ေယာက္ရဲ႕ scene ကိုျမင္ေယာင္ၿပီးေရးမိ။ 😂 ]
စစ်ဝူ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်မိတော့ သူ့ကို စိုးရိမ်ပူပန်ဟန်ကြည့်ရှုလာသည့် ဇာတ်လိုက် ကျိုးဟန်ကို တွေ့လိုက်ရသည်။
" မင်း အဆင်ပြေရဲ့လား ? "
နားထင်တို့ကို ဖိကာ ခေါင်းကိုက်သလိုဟန် ပြုမူမိနေခြင်းကြောင့် ကျိုးဟန်က
စိတ်ပူပန်သွားခြင်းပင်။
" စိတ်မပူပါနဲ့။ ငါ အဆင်ပြေပါတယ်။ "
အပြုံးတို့ကို ဆင်မြန်းကာဆိုလေတော့ ဆရာသင်လက်စသင်ခန်းစာတို့ကို ကျိုးဟန်က ပြန်အာရုံစိုက်သွားလေသည်။
ဇာတ်လိုက်ပီသစွာပင် ချောမောသော မျက်နှာကျနှင့်အရှိန်အဝါက သူများနှင့်မတူ တမူ ထူးခြားစွာ။ ဇာတ်လိုက်မကတော့ ဘယ်လိုလာဦးမလဲ မသိ။
ဒါဆို စစ်ဝူ ၀င်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ကရော ? သူသည်လည်း ဇာတ်လိုက်ရဲ့
ချောမောမှုကို မမှီသော်ငြား ဒုတိယဇာတ်လိုက်ဖြစ်သည့်အလျှောက် ချောမောလှပေသည်။ ယခု စစ်ဝူ ၀င်ရောက်လာတော့ ပို၍ပင် ချောမောသွားလေ၏။
တည်တည်တံ့တံ့နေသည့်အချိန်တွင် လူတကာ ငေးမောကြရပြီး ပြုံးလိုက်သည့်အခါတွင် လူတကာနှလုံးသားကြွေရလွန်းသဖြင့် သူ့ ( စစ်ဝူ )ကို
အပြုံးမင်းသားလေးဟုခေါ်ကြလေသည်။
ဒါဆို ဇာတ်လိုက်ကျိုးဟန်ကိုရော ? ကျိုးဟန်ကိုတော့ လူအများက တညီတညွှတ်တည်း ရေခဲမင်းသားဟုပင်ခေါ်ကြလေသည်။
သို့သော် ကျိုးဟန်ကို နှစ်သက်သည့်မိန်းကလေးအရေအတွက်မှာ
စစ်ဝူကို နှစ်သက်သည့်မိန်းကလေးအရေအတွက်ထက် ပိုမိုကျော်လွန်ပေသည်။
ဤသို့ဖြင့် ကာယအချိန်ရောက်သည့်အခါမှာ ဘတ်စကတ်ဘောဆော့ရန်
အ၀တ်များကို လဲလှယ်ကြရသည်။
အ၀တ်လဲခန်းတွင် လူအများကြီးမရှိသော်ငြား ကျိုးဟန်ကတော့ အ၀တ်လဲလိုဟန်မရှိသလိုပင်။ စစ်ဝူကိုပင် သူထိုင်နေသည့်ခုံဆီ ဆွဲခေါ်ထားပြီး
အ၀တ်ပေးလဲခြင်းမပြု။
ကျိုးဟန်ကြောင့်လည်း ဘတ်စကတ်ဘောဆရာဆီမှ အဆူခံရပေါင်းလည်း များပြီ။
စစ်ဝူက အ၀တ်လဲပြီးသွားတော့ သူ့ကိုစိုက်ကြည့်ဆဲဖြစ်သည့် ကျိုးဟန်ရဲ့အကြည့်တို့ကြောင့် ကြက်သီးထလာသည်။
ကျိုးဟန်က စစ်ဝူရဲ့ရင်ဘတ်ကို ငေးကြည့်နေရင်းရုတ်တရက်ဆိုသလို
" ငါ မင်းရင်ဘတ်ကိုကိုင်လို့ရလား ? "
စစ်ဝူက ကြောက်လန့်စွာ သူ့ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်ကာ
" မင်း ရူးနေလား ! "
* မြတ်စွာဘုရား ! ဒီဇာတ်လိုက်လည်း ဟိုကမ္ဘာကကောင်လို တစ်ခန်းလွှတ်နေတာလား ? *
ကျိုးဟန်ကတော့ စစ်ဝူရဲ့ရင်ဘတ်ကို ကိုင်ခွင့်မရလို့ ငိုမဲ့မဲ့မျက်နှာလေးနဲ့။
* ငါကတော့ မင်း ဒီလိုမျက်နှာလာလုပ်ပြနေလည်း ဘယ်လိုမှ ကိုင်ခွင့်မပေးနိုင်ပါဘူးနော် ! ဆောတီးဘဲ ရမယ်။ သားကြီးရာ။ *
" မြန်မြန်အ၀တ်လဲ ! ငါတို့နှစ်ယောက်ဘဲ နောက်ကျနေတာ။ ကျန်တဲ့လူတွေ
သွေးပူလေ့ကျင့်ခန်းကို စလုပ်နေလောက်ပြီ။ "
စစ်ဝူ သူပြောလို့တောင် မဆုံးသေး၊သူ့ရှေ့မှာတင် ချက်ချင်းအ၀တ်လဲပြီးသွားသည့်
ဇာတ်လိုက်ကြောင့် ဆက်ပြောစရာစကားတောင် ရှာမတွေ့ဘဲ ဖြစ်သွားသည်။
" ငါ အ၀တ်လဲလို့ပြီးပြီ။ သွားကြရအောင်။ "
* အစ်ကိုကြီးရေ။ မင်းမှာ အလင်းလို Speed နှုန်းနဲ့ အ၀တ်လဲနိုင်ရင်လည်း
ဘာကြောင့် ငါ့ကိုပါ ဆွဲထည့်နေရတာလဲ ? အခုတော့ ငါတို့ ဘတ်စကတ်ဘော
ဆရာကြီးဆီမှာ အဆူခံရဦးမယ် ! *
[ S/H note_ကျိုးဟန် စစ်ဝူရဲ့ရင်ဘတ်ကိုင်ချင်တဲ့အခန်းကို ကိုတောက်ပနဲ့
ကိုဝင်းမောင်တို့နှစ်ယောက်ရဲ့ scene ကိုမြင်ယောင်ပြီးရေးမိ။ 😂 ]
Advertisement
- In Serial46 Chapters
Intertwined Destinies
Malak Elsan always thought he was ordinary. Along with his twin, he was raised by his loving parents and attended school with his friends. But when he turned eighteen, he crossed a man he had never met; yet a man who felt familiar. With danger approaching and memories regained, Malak will once again have to fight a thousand-year-old war alongside his beloved, in a world filled with bizarre creatures and magic. The story starts slowly and may seem plain, but I promise it'll get more interesting over time. The action, fantasy, and magic will be at the rendezvous!
8 212 - In Serial30 Chapters
Endless Slumber, Wherefore Art Thou?
Sepeti was promised Endless Slumber. He was promised a sweet release from any and all responsibility. He was promised the ability to sleep all day and do absolutely nothing all night. Unfortunately for him, what he's going to get is a crash course in learning how to deal with an inept God and having to start all over again. In a less than stellar vessel. On a crappy backwater planet. At least he has all that built-up experience from his first few times around, right? - LitRPG, Action, Fantasy, I don’t know. There’s gonna be a bunch of stuff in here. There’ll be blue boxes, obviously, with some plays on Cultivation and Progression tropes.
8 163 - In Serial15 Chapters
Infinity - Revival From Death
Karen and Eliza are given a second chance at life after being wrongfully killed for reasons unknown. Their lives, however, were intertwined to obtain this second chance. However, this will not stop the former enemies turned allies from seeking vengeance on their assailants. 'I will seek vengeance against the Demon King and the Gods of Heaven, whether it takes hundreds or thousands of years.' However, it seems that without enough strength it is just a pipe dream. Unanswered questions start to pile as unknown visions start to haunt Karen. --------------------Note---------------------------- I don't own the cover. If the creator has any complaints inform me and I will take it down. The chapter release schedule is Monday
8 163 - In Serial16 Chapters
Pilgrim
Pilgrim We are all on our own journeys. Fame, fortune, or something more. Follow Sam Sander, a man who was tossed aside in a world that did not care. He seeks a higher calling, one that he may have found after having an encounter of the divine kind. Sam will use otherworldy powers to defend Lumen City. New friends, unreal enemies, and facing the past all await our hero on his pilgrimage.
8 166 - In Serial14 Chapters
The Blue Beyond
When an strange new organism crash lands on the small research planet Kazi, Head of Security Nickolas Johns is tasked with destroying it. But that isn’t easy when your past keeps coming back to bite you. Will they be able to stop the spread?
8 62 - In Serial10 Chapters
Ruby X Depressed Male Reader
Got the idea way back when @Boogiethehedgehog3 did his original abused and depressed male reader and so here I am to give my own little take to it. Hope you guys like it.Disclaimer: I do not own RWBY. All characters from RWBY are own by Rooster Teeth. All RWBY OCs within this story are owned by me.
8 151

