《ကြၽန္ေတာ့ေယာက္်ား ေရႊညာသား (Completed) ကျွန်တော့ယောက်ျား ရွှေညာသား (Completed)》Extra_3
Advertisement
Zawgyi
"ေရာ့"
"ဘာလဲ"
အထုပ္ေလးတစ္ထုပ္။အိပ္မဲမဲေလးနဲ႔ ထုပ္လို႔။
"ေကာက္ၫွင္းဆန္ေတြ....ကိုစိုးေပးလိုက္တာ တစ္ျပည္တဲ့..."
"ေမႊးေနတာပဲ..."
အိတ္ကို ဖြင့္လိုက္ေတာ့ သင္းသင္းထြက္လာတဲ့ ေကာက္ညႇင္းနံ႔ေလး။
"အသစ္မို႔လို႔ေလ...ေမႊးတာ..အေဟာင္းက ဒီအခ်ိန္ဆို မေမႊးေတာ့ဘူး"
"ဟိုတစ္ေလာကေျပာတဲ့ ေကာက္ညႇင္းစပါးရိတ္တာ ဆိုတာက ဒီဟာလား"
"ဟုတ္တယ္ေလ မေန႔က ႀကိတ္ၿပီးတာတဲ့..."
"ဪ...ေရခ်ိဳးေတာ့ေလ...ေမွာင္ရင္ ပိုခ်မ္းမွာ"
"အင္း...."
ေရကေတာ့အဆင္သင့္ပါ။မီးသြယ္ထားၿပီးလို႔ အဆင္သင့္ တင္ထားလိုက္ရံုပဲ။မီတာခ ကေတာ့ ေပးရမွာေပါ့။ငင္ေပးစရာလည္း မလိုေတာ့ ေမာင္ျပန္ခါနီးဆို အျပည့္တင္ထားေပးလိုက္တယ္။အဆင္သင့္ေလ အဆင္သင့္။
"ထမင္းခ်ိဳင့္ကေရာ..."
"ေရတြင္းမွာ"
"အာ့ဆို တစ္ခါတည္း ေဆးလိုက္ေနာ္..ငါ ထမင္းသြားခူးထားလိုက္မယ္"
"သေဘာၤရြက္ေကာက္ေပးထားဦးေနာ္..."
"အင္းပါ...သြားသြား ျမန္ျမန္ခ်ိဳး"
ေရတဗြမ္းဗြမ္း ေလာင္းခ်ိဳးေနတာမ်ား သြက္တာ။ခ်မ္းေတာ့ အရင္ကလို ဇိမ္ဆြဲၿပီး မခ်ိဳးႏိုင္ဘူးေလ။ေပခဲ့တဲ့ ရႊံ့တို႔ ေဂ်းတို႔ေတာင္ ေျပာင္ေအာင္ အေလာရယ္။
ခရမ္းခ်ဥ္သီး သိပ္မမွည့္ေသးတဲ့ အလံုးေလးေတြကို နံနံပင္ေလးထည့္ၿပီး သုပ္ထားတာက တစ္ခြက္နဲ႔ မုန္ညင္းကို ဟင္းေပါင္းလုပ္ထားတာက တစ္ခြက္ ငပိရည္ကို ကိ်ဳၿပီး အေဝရာရြက္ႏုေတြနဲ႔ ခရမ္းသီးႏုေလးေတြ ျပဳတ္ထားတာက တစ္ခြက္။ဟင္းေကာင္း မပါေပမယ့္ စားလို႔ ၿမိန္မွာ အေသအခ်ာပါပဲ။အလုပ္လုပ္ရတာ ပင္ပန္းၿပီး ျပန္လာရင္ အဆင္သင့္ ဖြယ္ဖြယ္ရာရာေလး စားေအာင္ လုပ္ေပးရတာ။မနက္ျဖန္ေတာ့ ဝက္သားဝယ္ဖို႔မွာထားတယ္။
သေဘာၤရြက္က အခါးမို႔ က်န္းမာေရးအတြက္ ေကာင္းတယ္ဆိုၿပီး ထမင္းစားတိုင္း စားတတ္တဲ့ ေမာင့္ေၾကာင့္ ျခံထဲက သေဘာၤပင္ေလးေတြလည္း အရြက္ႏုကို သိပ္မထြက္ေတာ့ဘူး။အခူး ႏိုင္ေနလို႔ထင္တယ္။
"အို႔...."
အိမ္ေပၚ ကုပ္ကုပ္ႀကီး တက္လာတဲ့ ေမာင္ဟာ ေအာက္မးေတြေတာင္ ႐ိုက္ေနၿပီ။ငါးနာရီဆိုတာ မေမွာင္းေသးေသာ္ျငား ေဆာင္းတြင္း ညေန ငါးနာရီ ေရခ်ိဳးတယ္ဆိုမွေတာ့ မခ်မ္းဘဲေနမလား။ေန႔လည္ ႏွစ္နာရီ သံုးနာရီလည္း ျပန္ခဲ့လို႔ကမရ။
"ဘာဟင္းလဲ"
"ဟင္းေပါင္း...အေမေပးတာ...အဟင္း.."
"ဟုတ္ပါၿပီ ဟုတ္ပါၿပီ..."
"ဒီမွာ ေလ ခရမ္းခ်ဥ္သီးသုပ္ရယ္ ငပိရည္က်ိဳရယ္ ငါလုပ္ထားတာပါ...ဟင္းေပါင္းသာ မေပါင္းတတ္လို႔"
"ဘာေျပာေနလို႔လဲဗ်ာ..."
"စား စား ေကာင္းတယ္..."
ထမင္းပူပူ ဟင္းပူပူေလးနဲ႔ စားၿပီး ေရေႏြးတစ္ခြက္ ႏွစ္ခြက္ေလာက္ေသာက္လိုက္မွ ခနၶာကိုယ္အေႏြးဓာတ္က အလင္မီွတယ္။အလုပ္က ျပန္ၿပီဆို ထမင္းဟင္းဆိုတာ ေအးမေနဘူး။ျပာန္ခါနီးမွ တမင္ပူေအာင္ ခ်က္ထားတာ။ေယာက္်ားေလး အလုက္ မိန္းကေလး အလုပ္ရယ္လို႔ တြက္ကပ္မေနဘဲ အဲ့လိုလုပ္ေပးတာကိုက ကိုကိုက တကယ္ သေဘာထားျပည့္ဝတာ။ဪ တစ္ခါတစ္ေလ ဆားငန္လိုက္ ေပါ့လိုက္ ျဖစ္တာကလြဲလို႔ေပါ့ဗ်ာ။
♥♥♥
အခ်ိန္ကား ည 7 နာရီ။
7 နာရီလာတဲ့ korea ဇာတ္လမ္းတြဲ ကို ၾကည့္ေနၾကသည္။ေဆာင္းတြင္းဆိုေတာ့ခါ သိတဲ့ အတိုင္း ေစာင္ႀကီးပတ္ၿပီး ငုတ္တုတ္ထိုင္ၾကည့္ေနၾကတာ။
"နာလိုက္တာ...နင္းေပးစမ္းပါဗ်ာ"
"ဟင္...ေဆးေသာက္မလား..."
"ရတယ္...နင္းသာ နင္းေပး"
"အင္း...တအားနာေနတာလား မနက္ျဖန္ နားလိုက္ပါလား"
"မနက္ျဖန္က နားမွာေလ...ကိုစိုးေရာ...ကိုစိုးမိန္းမေရာ မနက္ျဖန္မအားလို႔"
"ဪ... ေတာ္ေသးတာေပါ့..."
ေျခေထာက္ေတြနဲ႔ေရာ ထိုးထိုးၿပီး ရိတ္ရတာလို႔ ေျပာတယ္။အဲ့ဒါေၾကာင့္ ေပါင္ေတြ ေတာင့္ၿပီး နာတာေနမွာ။အဲ့လိုမ်ိဳး ဆို နင္းေပးရတာ။ေဆးက ေသာက္ခ်င္တာမဟုတ္။အဲ့လိုမ်ိဳး အနက္းခံၿပီးရင္ ေနာက္ေန႔ဆို အသားေတြ မနာေနဘူးလားမသိ။
ကိုယ္ဆို ေညာင္းလြန္းလို႔ အနင္းခံလိုက္တာ မနက္က်ေတာ့ အသားေတြ နာက်န္ေနခဲ့တာ။အဲ့ကတည္းက မနင္းခိုင္းေတာ့တာ။ေညာင္းရင္ ေဆးေသာက္ နာရင္ ေဆးေသာက္ပဲ။
"အေပၚနားေလး... "
"ေအာက္ကို ေလ်ွာက္လိုက္ဦး...."
"အဲ့နားမွာ ရပ္လိုက္ဦး..."
ဟိုနားေလး ရပ္ခိုင္းလိုက္ ဒီနားေလး ေလ်ွာက္ခိုင္းလိုက္နဲ႔ ေတာ္ေတာ္လးကို အနင္းခံႏိုင္တဲ့ လူသားႀကီးပါ။နင္းေပးရမွာ ပ်င္းလို႔မဟုတ္။အနင္းခံႏိုင္တာကိုက ေတာ္ေတာ္ခံႏိုင္တာ။တစ္ေနကုန္ မဆင္းေတာင္ ဆင္းခိုင္းမွာမဟုတ္ဘူး။သေဘာက်ေနမွာ။
♥♥♥
Ting~~
Tong~~
"ဗ်စ္"
"႐ွဴး ေဖာက္ ကလိန္...ဗ်စ္"
စံုစီနဖာ အသံေတြ စံုေနတာကေတာ့ candy crush game ကို သဲႀကီးမဲကီးေဆာ့ေနတဲ့ သူနဲ႔ တတိန္တိန္တေတာင္ေတာင္ internet သံုးေနတဲ့ သူတို႔ေၾကာင့္ပါ။ဂိမ္းေဆာ့တဲ့သူကလည္း အသံပိတ္မေဆာ့သလို internet သံုးတဲ့သူကလည္း silent mode on မထား။ဂိမ္းေဆာ့ေနတဲ့ သူဟာ ရံႈးရင္လည္း ေျခေထာက္ေတြ ေဆာင့္တတ္ပါေသးတယ္။တစ္ခါတစ္ခါဆို တစ္ခုတည္း က်န္ေတာ့တာ ဘယ္ႏွစ္ခုတည္း က်န္ေတာ့တာႏွင့္လည္း ထထေအာ္တတ္ပါေသးတယ္။
"မနက္ျဖန္ နားတာ ေသခ်ာတယ္ေနာ္"
"အင္းေလ...ဘာျဖစ္လို႔လဲ"
"ဘာမျဖစ္ဘူး...အိပ္မလို႔"
မနက္ျဖန္ေတာ့ ေနဖင္ထိုးမွ ထမယ္။ မနက္ငါးနာရီဆိုတာ တအားႀကီး ေစာတဲ့ ထဲ မပါေသာ္လည္း အအိပ္မက္တဲ့ သူအတြက္ကေတာ့ မနက္ဆို က်ဲမဲၿပီးကို ထေနရတာ။ထၿပီး ထမင္းရယ္ဟင္းရယ္ ကို ခ်က္ၿပီး ထမင္းခ်ိဳင့္ျပင္ေပးလိုက္ၿပီး တစ္ခါတစ္ေလဆို အိပ္ယာထဲ ဝင္ေခြေနတတ္ေသးတယ္။
Advertisement
ဂိမ္းေဆာ့ရတာလည္း ၾကာေတာ့ မ်က္စိေညာင္းလာၿပီး အိပ္ခ်င္သလိုျဖစ္လာၿပီ။နာရီၾကည့္လိုက္ေတာ့ ကိုးနာရီခြဲ။ဒါဆို အိပ္ၿပီ။
"ဒီဘက္လွည့္ေတာ့...."
"ဟမ္...အိပ္ေလ..."
"အာ...မင္းကို ဒီဘက္လွည့္လို႔ေျပာေနတာ"
"ကဲ...လွည့္ၿပီ...ဘာလဲ"
"ဘာမဟုတ္ဘူး...ေအးလို႔ ဒီမွာ အိပ္မလို႔..."
ဆိုကာ လက္ေမာင္းတစ္ဖက္ကို ပုတ္ျပၿပီး ေခါင္းအံုးအိပ္မလို႔ ျပင္လိုက္တယ္။ဟုတ္တယ္ေလ....။ေဆာင္းတြင္းပါဆို ခ်မ္းတာေပါ့။
"ရႊတ္..."
"အိပ္ေတာ့ေလ...."
"မအိပ္ေသးပါဘူး....ႁပြတ္စ္..ႁပြတ္စ္"
လူကမွ ခ်မ္းလို႔ ေကြးမလို႔ ျပင္ေနပါတယ္ဆို ။ေမာင္ဟာေလ တအားဆိုးတာပဲ။
"ေညာင္းတယ္ဆို..."
"အင္းေလ...ျပတ္စ္"
"ေညာင္းတယ္ဆို ဘယ္နယ့္ေၾကာင့္ လာ..."
လူဆိုး ေမာင္ဟာ ေျပာစကားနားမေထာင္ဘူး။ဒီအခ်ိန္က်ေတာ့ တစ္ေနကုန္ ပင္ပန္းခဲ့တာ ဘာညာ ဆိုၿပီး မေနဘူး။
"ႏႈတ္ခမ္းေတြက ေျခာက္ေနတာပဲ...ေနရမခက္ဘူးလား...တစ္ခုခုေလး လိမ္းေပါ့"
ဆိုေတာ့ လာနမ္းမွ သတိထားမိတာလိုလို ဘာလိုလို။
ေဆာင္းတြင္းေရာက္ၿပီဆို ႏႈတ္ခမ္းေတြကေျခာက္ၿပီး တစ္ခါတစ္ေလဆို အေရခြံေတြပါလန္။ႏႈတ္ခမ္းသားေတြက ေျခာင္ေနေတာ့ တစ္ခါတစ္ေလဆို ရယ္လိုက္ရင္ေတာင္ စပ္ဖ်င္းဖ်င္း ျဖစ္တတ္တယ္။
ရီေဝေဝနဲ႔ ေျပာေနတဲ့ သူကို လည္ပင္းကေန သိုင္းဖက္လိုက္ၿပီး ျပံဳးျပလိုက္သည္။
"ေမာင္ရိွေနတာပဲ...ေမာင္က စိုေအာင္ လုပ္ေပးေပါ့"
"ဟား...."
လုပ္ၿပီ။အသည္းယားတာလိုလို အူယားတာလိုလိုနဲ႔ အသားလြတ္လာနမ္းၿပီ။သေဘာမက်တာ မႀကိဳက္တာမဟုတ္ရပါ။အလြန္႔အလြန္ကို ႀကိဳက္ပါ၏။
"အခုတေလာ စကားေတြ တတ္ေန...ဘယ္ကတတ္လာတာလဲ...ဟမ္"
"နာတယ္ေနာ္...အဲ့ပါးကို အဲ့လိုမ်ိဳးဆြဲရင္ နာတယ္လို႔ဆို"
ေျပာရင္း ပိုပိုသာသာဆြဲေပးလိုက္တယ္ ေအးေရာ။
"ဟားဟား...အခုေတာ့ အခ်ိန္ရိွခိုက္ လံု႔လစိုက္လိုက္ရေအာင္..."
"ဘာေတေျပာ...."
မနက္က်ရင္ေတာ့ ေျခာက္ေနတဲ့ ႏႈတ္ခမ္းသားေတြက ေပါက္ပါ ေပါက္ေနမယ့္ အေျခအေနပါ။ေဆာင္းရာသီက မေကာင္းဘူး။အသားေတြလည္း ေျခာက္သလို ႏႈတ္ခမ္းေတြလည္း ေျခာက္တယ္။ႏႈတ္ခမ္းသားေတြ ေျခာက္တိုင္း ေမာင္နမ္းေနရရင္ မလြယ္ဘူးေလ ေနာ့။
♥♥♥
14.12.21
ေမ်ွာ္ေနတဲ့ သူေလးမ်ား ရိွၾကလားလို႔။
♥♥♥♥♥♥♥♥♥♥♥♥
Unicode
"ရော့"
"ဘာလဲ"
အထုပ်လေးတစ်ထုပ်။အိပ်မဲမဲလေးနဲ့ ထုပ်လို့။
"ကောက်ညှင်းဆန်တွေ....ကိုစိုးပေးလိုက်တာ တစ်ပြည်တဲ့..."
"မွှေးနေတာပဲ..."
အိတ္ကို ဖွင့်လိုက်တော့ သင်းသင်းထွက်လာတဲ့ ကောက်ညှင်းနံ့လေး။
"အသစ်မို့လို့လေ...မွှေးတာ..အဟောင်းက ဒီအချိန်ဆို မမွှေးတော့ဘူး"
"ဟိုတစ်လောကပြောတဲ့ ကောက်ညှင်းစပါးရိတ်တာ ဆိုတာက ဒီဟာလား"
"ဟုတ်တယ်လေ မနေ့က ကြိတ်ပြီးတာတဲ့..."
"ဪ...ရေချိုးတော့လေ...မှောင်ရင် ပိုချမ်းမှာ"
"အင်း...."
ရေကတော့အဆင်သင့်ပါ။မီးသွယ်ထားပြီးလို့ အဆင်သင့် တင်ထားလိုက်ရုံပဲ။မီတာခ ကေတာ့ ပေးရမှာပေါ့။ငင်ပေးစရာလည်း မလိုတော့ မောင်ပြန်ခါနီးဆို အပြည့်တင်ထားပေးလိုက်တယ်။အဆင်သင့်လေ အဆင်သင့်။
"ထမင်းချိုင့်ကရော..."
"ရေတွင်းမှာ"
"အာ့ဆို တစ်ခါတည်း ဆေးလိုက်နော်..ငါ ထမင်းသွားခူးထားလိုက်မယ်"
"သဘောၤရွက်ကောက်ပေးထားဦးနော်..."
"အင်းပါ...သြားသြား မြန်မြန်ချိုး"
ရေတဗွမ်းဗွမ်း လောင်းချိုးနေတာများ သွက်တာ။ချမ်းတော့ အရင်ကလို ဇိမ်ဆွဲပြီး မချိုးနိုင်ဘူးလေ။ပေခဲ့တဲ့ ရွှံ့တို့ ဂျေးတို့တောင် ပြောင်အောင် အလောရယ်။
ခရမ်းချဉ်သီး သိပ်မမှည့်သေးတဲ့ အလုံးလေးတွေကို နံနံပင်လေးထည့်ပြီး သုပ္ထားတာက တစ်ခွက်နဲ့ မုန်ညင်းကို ဟင်းပေါင်းလုပ်ထားတာက တစ်ခွက် ငပိရည်ကို ကိျုပြီး အဝေရာရွက်နုတွေနဲ့ ခရမ်းသီးနုလေးတွေ ပြုတ်ထားတာက တစ်ခွက်။ဟင်းကောင်း မပါပေမယ့် စားလို့ မြိန်မှာ အသေအချာပါပဲ။အလုပ်လုပ်ရတာ ပင်ပန်းပြီး ပြန်လာရင် အဆင်သင့် ဖွယ်ဖွယ်ရာရာလေး စားအောင် လုပ်ပေးရတာ။မနက်ဖြန်တော့ ဝက်သားဝယ်ဖို့မှာထားတယ်။
သဘောၤရွက်က အခါးမို့ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပြီး ထမင်းစားတိုင်း စားတတ်တဲ့ မောင့်ကြောင့် ခြံထဲက သဘောၤပင်လေးတွေလည်း အရွက်နုကို သိပ်မထွက်တော့ဘူး။အခူး နိုင်နေလို့ထင်တယ်။
"အို့...."
အိမ်ပေါ် ကုပ်ကုပ်ကြီး တက္လာတဲ့ မောင်ဟာ အောက်မးတွေတောင် ရိုက်နေပြီ။ငါးနာရီဆိုတာ မမှောင်းသေးသော်ငြား ဆောင်းတွင်း ညေန ငါးနာရီ ရေချိုးတယ်ဆိုမှတော့ မချမ်းဘဲနေမလား။နေ့လည် နှစ်နာရီ သုံးနာရီလည်း ပြန်ခဲ့လို့ကမရ။
"ဘာဟင်းလဲ"
"ဟင်းပေါင်း...အေမေပးတာ...အဟင်း.."
"ဟုတ်ပါပြီ ဟုတ်ပါပြီ..."
"ဒီမွာ လေ ခရမ်းချဉ်သီးသုပ်ရယ် ငပိရည်ကျိုရယ် ငါလုပ္ထားတာပါ...ဟင်းပေါင်းသာ မပေါင်းတတ်လို့"
"ဘာပြောနေလို့လဲဗျာ..."
"စား စား ကောင်းတယ်..."
ထမင်းပူပူ ဟင်းပူပူလေးနဲ့ စားပြီး ရေနွေးတစ်ခွက် နှစ်ခွက်လောက်သောက်လိုက်မှ ခန္ဓာကိုယ်အနွေးဓာတ်က အလင်မှီတယ်။အလုပ်က ပြန်ပြီဆို ထမင်းဟင်းဆိုတာ အေးမနေဘူး။ပြာန်ခါနီးမှ တမင်ပူအောင် ချက်ထားတာ။ယောက်ျားလေး အလုက် မိန်းကလေး အလုပ်ရယ်လို့ တြက္ကပ္မေနဘဲ အဲ့လိုလုပ်ပေးတာကိုက ကိုကိုက တကယ် သဘောထားပြည့်ဝတာ။ဪ တစ်ခါတစ်လေ ဆားငန်လိုက် ပေါ့လိုက် ဖြစ်တာကလွဲလို့ပေါ့ဗျာ။
♥♥♥
Advertisement
အချိန်ကား ည 7 နာရီ။
7 နာရီလာတဲ့ korea ဇာတ်လမ်းတွဲ ကို ကြည့်နေကြသည်။ဆောင်းတွင်းဆိုတော့ခါ သိတဲ့ အတိုင်း စောင်ကြီးပတ်ပြီး ငုတ်တုတ်ထိုင်ကြည့်နေကြတာ။
"နာလိုက္တာ...နင်းပေးစမ်းပါဗျာ"
"ဟင်...ဆေးသောက်မလား..."
"ရတယ်...နင်းသာ နင်းပေး"
"အင်း...တအားနာနေတာလား မနက်ဖြန် နားလိုက်ပါလား"
"မနက်ဖြန်က နားမှာလေ...ကိုစိုးရော...ကိုစိုးမိန်းမရော မနက်ဖြန်မအားလို့"
"ဪ... တော်သေးတာပေါ့..."
ခြေထောက်တွေနဲ့ရော ထိုးထိုးပြီး ရိတ်ရတာလို့ ပြောတယ်။အဲ့ဒါကြောင့် ပေါင်တွေ တောင့်ပြီး နာတာနေမှာ။အဲ့လိုမျိုး ဆို နင်းပေးရတာ။ဆေးက သောက်ချင်တာမဟုတ်။အဲ့လိုမျိုး အနက်းခံပြီးရင် နောက်နေ့ဆို အသားတွေ မနာနေဘူးလားမသိ။
ကိုယ္ဆို ညောင်းလွန်းလို့ အနင်းခံလိုက်တာ မနက်ကျတော့ အသားတွေ နာကျန်နေခဲ့တာ။အဲ့ကတည်းက မနင်းခိုင်းတော့တာ။ညောင်းရင် ဆေးသောက် နာရင် ဆေးသောက်ပဲ။
"အပေါ်နားလေး... "
"အောက်ကို လျှောက်လိုက်ဦး...."
"အဲ့နားမွာ ရပ်လိုက်ဦး..."
ဟိုနားလေး ရပ်ခိုင်းလိုက် ဒီနားလေး လျှောက်ခိုင်းလိုက်နဲ့ တော်တော်လးကို အနင်းခံနိုင်တဲ့ လူသားကြီးပါ။နင်းပေးရမှာ ပျင်းလို့မဟုတ်။အနင်းခံနိုင်တာကိုက တော်တော်ခံနိုင်တာ။တစ်နေကုန် မဆင်းတောင် ဆင်းခိုင်းမှာမဟုတ်ဘူး။သဘောကျနေမှာ။
♥♥♥
Ting~~
Tong~~
"ဗျစ်"
"ရှူး ဖောက် ကလိန်...ဗျစ်"
စုံစီနဖာ အသံတွေ စုံနေတာကတော့ candy crush game ကို သဲကြီးမဲကီးဆော့နေတဲ့ သူနဲ့ တတိန်တိန်တတောင်တောင် internet သုံးနေတဲ့ သူတို့ကြောင့်ပါ။ဂိမ်းဆော့တဲ့သူကလည်း အသံပိတ်မဆော့သလို internet သုံးတဲ့သူကလည်း silent mode on မထား။ဂိမ်းဆော့နေတဲ့ သူဟာ ရံှုးရင်လည်း ခြေထောက်တွေ ဆောင့်တတ်ပါသေးတယ်။တစ်ခါတစ်ခါဆို တစ်ခုတည်း ကျန်တော့တာ ဘယ်နှစ်ခုတည်း ကျန်တော့တာနှင့်လည်း ထထအော်တတ်ပါသေးတယ်။
"မနက်ဖြန် နားတာ သေချာတယ်နော်"
"အင်းလေ...ဘာဖြစ်လို့လဲ"
"ဘာမျဖစ္ဘူး...အိပ်မလို့"
မနက်ဖြန်တော့ နေဖင်ထိုးမှ ထမယ်။ မနက်ငါးနာရီဆိုတာ တအားကြီး စောတဲ့ ထဲ မပါသော်လည်း အအိပ်မက်တဲ့ သူအတြက္ကေတာ့ မနက္ဆို ကျဲမဲပြီးကို ထနေရတာ။ထပြီး ထမင်းရယ်ဟင်းရယ် ကို ချက်ပြီး ထမင်းချိုင့်ပြင်ပေးလိုက်ပြီး တစ်ခါတစ်လေဆို အိပ်ယာထဲ ဝင်ခွေနေတတ်သေးတယ်။
ဂိမ်းဆော့ရတာလည်း ကြာတော့ မျက်စိညောင်းလာပြီး အိပ်ချင်သလိုဖြစ်လာပြီ။နာရီကြည့်လိုက်တော့ ကိုးနာရီခြဲ။ဒါဆို အိပ်ပြီ။
"ဒီဘက်လှည့်တော့...."
"ဟမ်...အိပ်လေ..."
"အာ...မင်းကို ဒီဘက်လှည့်လို့ပြောနေတာ"
"ကဲ...လှည့်ပြီ...ဘာလဲ"
"ဘာမဟုတ္ဘူး...အေးလို့ ဒီမွာ အိပ်မလို့..."
ဆိုကာ လက်မောင်းတစ်ဖက်ကို ပုတ်ပြပြီး ခေါင်းအုံးအိပ်မလို့ ပြင်လိုက်တယ်။ဟုတ်တယ်လေ....။ဆောင်းတွင်းပါဆို ချမ်းတာပေါ့။
"ရွှတ်..."
"အိပ်တော့လေ...."
"မအိပ်သေးပါဘူး....ပြွတ်စ်..ပြွတ်စ်"
လူကမွ ချမ်းလို့ ကွေးမလို့ ပြင်နေပါတယ်ဆို ။မောင်ဟာလေ တအားဆိုးတာပဲ။
"ညောင်းတယ်ဆို..."
"အင်းလေ...ပြတ်စ်"
"ညောင်းတယ်ဆို ဘယ်နယ့်ကြောင့် လာ..."
လူဆိုး မောင်ဟာ ပြောစကားနားမထောင်ဘူး။ဒီအချိန်ကျတော့ တစ်နေကုန် ပင်ပန်းခဲ့တာ ဘာညာ ဆိုပြီး မေနဘူး။
"နှုတ်ခမ်းတွေက ခြောက်နေတာပဲ...နေရမခက်ဘူးလား...တစ်ခုခုလေး လိမ်းပေါ့"
ဆိုတော့ လာနမ်းမှ သတိထားမိတာလိုလို ဘာလိုလို။
ဆောင်းတွင်းရောက်ပြီဆို နှုတ်ခမ်းတွေကခြောက်ပြီး တစ်ခါတစ်လေဆို အရေခွံတွေပါလန်။နှုတ်ခမ်းသားတွေက ခြောင်နေတော့ တစ်ခါတစ်လေဆို ရယ်လိုက်ရင်တောင် စပ်ဖျင်းဖျင်း ဖြစ်တတ်တယ်။
ရီဝေဝေနဲ့ ပြောနေတဲ့ သူကို လည်ပင်းကနေ သိုင်းဖက်လိုက်ပြီး ပြုံးပြလိုက်သည်။
"မောင်ရှိနေတာပဲ...မောင်က စိုအောင် လုပ်ပေးပေါ့"
"ဟား...."
လုပ်ပြီ။အသည်းယားတာလိုလို အူယားတာလိုလိုနဲ့ အသားလွတ်လာနမ်းပြီ။သဘောမကျတာ မကြိုက်တာမဟုတ်ရပါ။အလွန့်အလွန်ကို ကြိုက်ပါ၏။
"အခုတေလာ စကားတွေ တတ်နေ...ဘယ္ကတတ္လာတာလဲ...ဟမ်"
"နာတယ်နော်...အဲ့ပါးကို အဲ့လိုမျိုးဆွဲရင် နာတယ်လို့ဆို"
ပြောရင်း ပိုပိုသာသာဆွဲပေးလိုက်တယ် အေးရော။
"ဟားဟား...အခုတော့ အချိန်ရှိခိုက် လုံ့လစိုက်လိုက်ရအောင်..."
"ဘာတေပြော...."
မနက်ကျရင်တော့ ခြောက်နေတဲ့ နှုတ်ခမ်းသားတွေက ပေါက်ပါ ပေါက်နေမယ့် အခြေအနေပါ။ဆောင်းရာသီက မကောင်းဘူး။အသားတွေလည်း ခြောက်သလို နှုတ်ခမ်းတွေလည်း ခြောက်တယ်။နှုတ်ခမ်းသားတွေ ခြောက်တိုင်း မောင်နမ်းနေရရင် မလွယ်ဘူးလေ နော့။
♥♥♥
14.12.21
မျှော်နေတဲ့ သူလေးများ ရှိကြလားလို့။
Advertisement
- In Serial36 Chapters
Journeys in the Fairworld: The Gatekeeper
Lindsey Fluger was only slightly past eighteen. There was nothing particularly special about her, save that she happened to be the right person at the right time. When Lindsey is asked to join an expedition to another world she makes the mistake of saying yes, plunging herself into a sea of perilous adventure and dark intrigue. Journeys in the Fairworld is a fantasy anthology series set in The Fairworld, a magical realm existing in parallel with our own world which is governed by a group elfin beings known only as “The Good Folk”. These mysterious entities work in secret to keep the peace between the myriad of peoples and nations which dwell in The Fairworld. Complex relationships and bitter rivalries emerge against a backdrop of constrained resources and conflicting values to produce a world of high adventure and tangled mysteries. This novel is technically already completed, and I am currently in the final stages of proofing or editing. As such, there may be a few typos and errors here and there. The final version should be about 130,000 words long, which I will be releasing in stages as I continue editing. I'd love to hear your feedback and comments! If you want to read more stories from Journeys in the Fairworld, please checkout “Journeys in the Fairworld: The Brigand of Potham”, which is also available here on Royal Road Legends. https://www.royalroadl.com/fiction/19369/journeys-in-the-fairworld-the-brigand-of-potham
8 301 - In Serial21 Chapters
The Chronicles of Kevin's Mistakes
Since the times of old, the Six Towers of Valdir have stood tall in their respective kingdoms. Always, it is has been six. Six Managers, six Cores, six hoards of treasure. But times are changing. The fearsome Managers that history has come to know, hate, and respect, all the same, are about to get a new Manager in their ranks. They await to see who governs the seventh Tower on the banks of the Yearning sea, just as the adventurers, kings, and peasants alike are trembling with dreadful anticipation. Some want a newbie who's worth the extra space, while others want someone who'll keep with the status quo. Instead, they got Kevin. ~Expect an update on a Friday~
8 73 - In Serial75 Chapters
Vigil's Justice (Vigil Bound Book 1)
Death is a real son of a bitch. Boyd Knight found his calling when he joined the Marines and qualified for the elite Force Recon. He’d found a tribe and a family, so when a hand grenade landed near his team, he jumped on it without thought or regret. But instead of winding up dead, he wakes up butt naked in a cave full of monsters with a knife in one hand and a pistol in the other. He’s been hand chosen by the Five-Faced God of Justice and entrusted with the power of the Vigil Bound. Every kill makes him stronger and thanks to the Ascendant System, Boyd can level up, unlock increasingly powerful spells, and even harness the abilities of the monsters he’s been dispatched to hunt. If he can survive the deadly shapeshifter stalking him from the shadows, Boyd’s second life promises to be even more ass-kickingly epic than his first.
8 187 - In Serial17 Chapters
Path to Godhood: The Silver King (RWBY)
A man given an unknown chance, was brought to the world of Renmant. With the body of a child and the a trusty system. Follow him as he does his best, to change the fate of the entire world. To protect those who he cares for, and defeat the forces of Darkness. But remember the more you alter the the world, the more rewards you will recieve. Yet thread carefully as the unknown is filled with many possibilities and great danger. Only those able to leave a mark in the entire world are worthy of ruling it. ___________________________________________________________________________________________________ This is my first story, but because of my limited time. It will be pretty fast paced, but i ask you to bear with me as the content exist mostly for my enjoyment. I would appreciate any constructive comments as English is not my first lenguage. I hope you enjoy it.
8 199 - In Serial12 Chapters
Finding Emma
Tobias Eaton has found his way into the Bureau with Tris. He finds himself bored, while Tris remains busy working with David. Leaving on a mission with Nita, he is prepared to experience something new. Little did he know, a little girl with blonde locks, teary eyes and two dead parents catches his eye. Bringing her back, he discovers that she has developed an emotional attachment to him. As she starts to grow on him, he discovers that things aren't so perfect at the Bureau. He has to find a way to fix it all - but is it too hard?
8 106 - In Serial38 Chapters
my demon ~sesshomaru x reader~
ReWritingyou are just a normal girl, you ended up running away because your family well step family was forcing you to marry this man you haven't even seen before. just before your wedding your step dad sent people out to find you. he even ends up getting kagome and inuyasha to find you. as you run away you end up running into Sesshomaru, Ren, and joken. you didn't know who these people were but once you were able to travel with them you decided it was best because you knew if you go back, you will be punished.~i take request~~:D thank you!~
8 107

