《ကြၽန္ေတာ့ေယာက္်ား ေရႊညာသား (Completed) ကျွန်တော့ယောက်ျား ရွှေညာသား (Completed)》25 ( Z + U )
Advertisement
Zawgyi
"ေမာင္"
ကိုကို...။ကိုကိုလား။
"ကိုကို...ကိုကိုလား..."
အေယာင္ေယာင္အမွားမွားနဲ႔ ဖုန္းနံပါတ္ကို ျပန္ၾကည့္မိလိုက္မွ
ဒီနံပါတ္....။ဒီနံပါတ္ကို သတိမထားမိခဲ့တာ။ဒါဆို ကိုကိုဆိုတာ ေသခ်ာသြားၿပီ။ယံၿဖိဳးေမာင္ ရင္ထဲ လိႈက္ခနဲ။
"ကိုကို...ကိုကိုဘယ္မွာလဲ...ေနေနတာ အဆင္ေျပရဲ႕လား ဟင္"
"အင္း...ေျပတယ္"
မိနစ္ဝက္ေလာက္ၾကာမွ ထြက္လာတဲ့ အသံေလး။လြမ္းေနခဲ့ရတဲ့ အသံေလး။
"က်...က်ေနာ္ ေပ်ာ္လိုက္တာ...အဟီး.."
ကိုကို႔ဘက္က စဆက္သြယ္လာမယ္လို႔ မထင္ရဲခဲ့ဘူး။ကိုကိုရာ.....။က်ေနာ္စိတ္လႈပ္႐ွားလြန္းလို႔ ေသသြားႏိုင္တာကို သိလား။အခုထိ ရင္ဘတ္ထဲက တဒိန္းဒိန္းနဲ႔ဗ်ာ။
"ကိုိကုိ...ကိုကိုဘယ္မွာလဲ ဟို....ဟိုေလ...က်စ္"
"ဘာလဲ...ေျပာ"
ေျပာရမလား။မေျပာလည္း မေျပာရဲဘူး။
"ကိုကို ျပန္ခဲ့ေတာ့မွာလား..."
မေျပာပါနဲ႔ ။ေက်းဇူးျပဳၿပီး မဟုတ္ဘူးလို႔ မေျပာလိုက္ပါနဲ႔။
ေျဖပါ....ေျဖပါကိုကို။ က်ေနာ့္ဆီျပန္လာဖို႔ ေတြေဝမေနပါနဲ႔လား။
"မျပန္ခဲ့ဘူး"
"ဗ်ာ"
ၿပီးၿပီ။ၿပီးၿပီေပါ့။
ကိုကိုရာ...။
မ်က္ရည္က်ရျပန္ပါသည္။ဝဋ္လည္ေနတဲ့ က်ေနာ္ဟာ မ်က္ရည္က်ရျပန္ပါသည္။
"ဒါဆို ကိုကိုက က်ေနာ့္ကို...တကယ္...တကယ္ႀကီးမုန္းသြားေတာ့တာလားဗ်ာ...."
မုန္းတယ္လို႔လည္း မေျပာပါနဲ႔။ေက်းဇူးျပဳၿပီး။
"ဟိတ္...ငါေျပာတာ ဆံုးေအာင္နားေထာင္စမ္း"
"ဗ်ာ...ေျပာေလ"
မုန္းတယ္လို႔မ်ား ေျပာလိုက္ရင္ သြားၿပီ။တကယ္သြားၿပီ။
"ဘာမဟုတ္ဘူး...အ႐ူးေကာင္ေလး...ဒါပဲ "
လုပ္သြားၿပီ။ကိုကိုက ပေဟဠိ ေတလုပ္သြားၿပီ။စိတ္တို မာန္တို နဲ႔ လည္း မင္းကိုစိတ္နာလို႔ မင္းနဲ႔ မေပါင္းခ်င္ေတာ့ဘူး ဘာညာလို့လည္း မေျပာသြားဘူး။ျပန္လာမယ္လည္း မေျပာသြားဘူး။ဒီက က်ေနာ္က ေပ်ာ္ရမလား ဝမ္းနည္းရမလား ဟတ္ေကာ့ႀကီးဗ်ာ။ကိုကို သိပ္တတ္တာပဲ။
ကိုကိုဘယ္မွာလည္းဆိုတာသာသိရင္ အခုခ်က္ခ်င္း ေျပးလာမွာ။ဘယ္မွာလည္း ဆိုတာ အရိပ္အေယာင္ေတာင္ ျပမသြားဘူး။အဆက္အသြယ္ပဲ ျပန္လုပ္ၿပီး လူက ျပန္မလာခ်င္တာမ်ားလား။အား....႐ူးရေတာ့မယ္ ကိုကိုေရ။
♥♥♥
မမွားဘူးမလား။ေမာင့္ဆီကို ေနာက္တစ္ႀကိမ္ျပန္သြားတာ မမွားေလာက္ဘူးမလား။
တကယ္ဆို အဲ့ေန႔ညကတည္းက ကိုယ္က ေဝးေဝးသြားခဲ့တာမဟုတ္ဘူး။ဘယ္ေနႏိုင္မွာလဲ။ေမာင္နဲ႔ အေဝးႀကီးမွာ ဘာစိတ္ကူးနဲ႔မ်ားသြားေနရမတဲ့လဲ။ေနႏိုင္မတဲ့လားေလ။ဒီလူသားေလးနဲ႔ အေဝးႀကီးမွာ ဘယ္လိုလုပ္ၿပီး အသက္႐ွင္ႏိုင္မတဲ့လဲကြယ္။လူဆိုးေလးဟာ သိပ္အ,တာပဲ။ကိုယ့္မိဘေတ ရိွတဲ့ မိုးကုတ္ကိုေတာင္ သြား႐ွာေသးတာ။ကိုယ္တိုင္က ယံုၾကည့္လို႔ လက္တြဲထားတဲ့ အိမ္ေထာင္ဖက္ကို တျခားတစ္ေယာက္က အထင္ေသးအျမင္ေသး ျဖစ္မွာစိုးလို႔ မိဘအိမ္လည္း ျပန္မသြားဘူး။ေမာင့္ကို ငါ့မိဘေတက နည္းနည္းေလးေတာင္ အျပစ္တင္မွာကို မလိုလားလို႔။မခံခ်င္လို႔။
သိတာေပါ့။ငါ့အမ်ိဳးသားေလးက တစ္ခ်ိန္ခ်ိန္ လူလိမၼာေလး ျပန္ျဖစ္မယ္ဆိုတာ သိတာေပါ့။ေဟာ...အခုေတာ့ ၾကည့္စမ္း။အၾကာႀကီးေတာင္ မေစာင့္လိုက္ရဘူး။လူဆိုးေလးကေတာ့ သူ႔ကို တစ္ခ်ိန္လံုးေစာင့္ၾကည့္ေနခဲ့တယ္ဆိုတာ မသိဘူး။
အဲ့ေန႔ညကတည္းက ကိုယ္က ရြာထဲကေနေတာင္ ထြက္ခဲ့တာမဟုတ္ဘူး။အမ်ိဳးလည္းမရိွ သူ႔မ်က္ႏွာ တစ္ကမာၻ မွတ္ၿပီး လိုက္လာတဲ့သူက ဘယ္မ်ားသြားေနစရာရိွမွာမို႔လို႔တဲ့လဲ။အဝတ္တစ္ထည္ကိုယ္တစ္ခုနဲ႔ ပိုက္ဆံေတာင္ ျခဴးတစ္ျပားမွ မပါသြားတဲ့သူကို မိဘဆီျပန္တယ္လို႔ ေမာင္မို႔လို႔ ထင္တတ္ပါေပတယ္။ ေမာင္ဟာေလ ခ်စ္စရာေလးပါလို႔။
တစ္ခ်ိန္လံုးကိုယ့္ကို ဖြက္ထားေပးခဲ့တဲ့ ထြဋ္ေခါင္တို႔ အန္တီ ၫြန္႔ၾကည္တို႔ကေတာ့ အလုပ္ေတမ်ားသြားရတယ္ေမာင္ရဲ႕။ငါက သူတို႔အိမ္ကို ႐ုတ္တရက္ႀကီးေရာက္ခ်လာတာကိုး။ငါ့မွာ ဒီရြာမွာ သူငယ္ခ်င္းလည္း မရိွေတာ့ ေမာင့္သူငယ္ခ်င္းကိုပဲ အားကိုးခဲ့ရတာေပါ့။အားနာေပမယ့္ မတတ္ႏိုင္ဘူးေလ။ေမာင္နဲ႔ အေဝးႀကီးကိုမွ မသြားႏိုင္တာ။
တိုးတိုးတိတ္တိတ္နဲ႔ပဲ သူတို႔ကလည္း လက္ခံေပးၾကတယ္။ေျသာ္...ပုန္းေနရလို႔ ဗ႐ုတ္က်ခဲ့ရတာေတကို ေမာင့္ကို ေအးေဆးေနာက္မွ ျပန္ေျပာရဦးမယ္ သိလား။ငါ့မွာ ေရကိုလည္း ညမွခ်ိဳးရတာ။ေတာ္ေသးတယ္ ေရခ်ိဳးတဲ့ ေနရာက အခန္းေလးလုပ္ထားလို႔ ။ႏို႔မို႔ဆို ဘယ္လိုပုန္းရေကာင္းမွန္းမသိျဖစ္ေနဦးမွာ။အပါ့အေလးသြားခ်င္ေတာင္ အိမ္ေပၚကေန အရိပ္အေျခ ေသခ်ာၾကည့္ၿပီးမွ ေျပးေျပးၿပီး သြားရတာ။ေဘးအိမ္ေတက ျမင္မွာစိုးလို႔ေလ။
ေရာက္ေရာက္ခ်င္းတုန္းကေတာ့ ဘာမွ မစားႏိုင္မေသာက္ႏိုင္နဲ႔ တငိုငို တရီရီနဲ႔ မို႔လို႔ ထြဋ္ေခါင္တို႔ သားအမိေတ ေခါင္းေျခာက္ေနရေသးတယ္။သူတို႔ အားနာတဲ့ စိတ္နဲ႔ပဲ ကိုယ့္ကိုကိုယ္ ျပန္အားေပးၿပီး ေနခဲ့ရတယ္။
အိမ္ကို လာေခ်ာင္းတာေတလည္း ေမာင္က မသိဘူးေလ။တစ္ရက္က ထြဋ္ေခါင္နဲ႔ အတူ ခပ္တည္တည္လိုက္လာၿပီးမွ အိမ္ျပင္ကေန ေခ်ာင္းမလို႔။ကိုယ္ေတာ္ေခ်ာက ေခါင္းေတာင္မေထာင္ႏိုင္ေအာင္ ျဖစ္ပ်က္ေနသတဲ့ေလ။ငိုတာေတေရာ။ေမာင္က ကိုယ့္ိကုိလြမ္းလို႔ငိုတာပါလားဆိုတာသိရေတာ့ ငါလည္း ငိုမိေသးတယ္။ေမာင္က ကိုယ့္ိကိုကိုယ္ နာေအာင္လုပ္ေနတာေတျမင္ရေတာ့ လာၿပီးတားလိုက္ခ်င္တာမွေလ။ထြဋ္ေခါင္ကေတာ့ ႐ိုက္ပါေစ ထုပါေစ မသြားနဲ႔ သူလည္း မသြားဘူးတဲ့။သူေျပာတာလည္း မွန္တာပဲေလ။ေမာင္ကဆိုးတာကို။
ေနာက္ေန႔မနက္ေရာက္ရင္ ေခါင္းေတကိုက္ေနမွာစိုးလို႔ ထြဋ္ေခါင္ကို သံပုရာသီးေပးခိုင္းလိုက္တာ ငါေပါ့။ေမာင္အဲ့ေန႔က သၾကား႐ွာမေတြ႔လို႔ ဒီတိုင္းႀကီးေသာက္ေနတယ္လို႔ေျပာတယ္။သၾကားဘူးက ပုရြက္ဆိတ္ေတ တက္မွာစိုးလို႔ ၾကပ္ခိုးစင္ေပၚ တင္ထားတယ္ဆိုတာ မေျပာမွ မေျပာလိုက္ရဘဲ။
သူမ်ားအိမ္မွာ အလုပ္မလုပ္ဘဲ ေနရံုမကေသးဘူး၊ေမာင့္အတြက္ပါ ဟင္းေတခ်က္ၿပီး ပို႔ခိုင္းတာက်ေတာ့ ေတြးၾကည့္ရင္ အားနာစရာေကာင္းသား။အစ္ကို႔ေယာက္်ားက ဘယ္သြားတာ၊ဘာလုပ္တာ ဆိုတာ အကုန္လံုးေျပာျပတတ္တဲ့ ထြဋ္ေခါင္ေၾကာင့္ ေမာင့္အေၾကာင္းေတြကို နားေထာင္ရတာလည္း အေမာ။ဘယ္ေန႔ ၿမိဳ႕ထဲမွာ ႐ွာရင္းနဲ႔ သြားတာ ဘယ္ေန႔က ဘယ္ကိုသြားၿပီး႐ွာတာဆိုတာ သိရေတာ့ ေက်နပ္လိုက္ရတာ။ေမာင္က ငါ့ကို ႀကိဳးစားပမ္းစား လိုက္႐ွာေနတာပါလားဆိုၿပီးေလ။
ဆင္းမ္ကတ္ ထုတ္ထားတဲ့ ဖုန္းနံပါတ္ေလးကို ေမာင္ ဆက္သြယ္ေနမယ္ဆိုတာ သိတာေပါ့။ၾကည့္ခ်င္တာမွ တအားပဲ။ဆင္းမ္ကတ္ကို ထြဋ္ေခါင္က ဖြက္ထားတာ။႐ွာလို႔ကိုမေတြ႔ဘူး။
မၾကာပါဘူး။ေမာင္က ဟိုကိုလိုက္သြားတယ္ဆိုလို႔ လန္႔သြားမိေသးတယ္။အက်ိဳးအေၾကာင္းသိရမွပဲ သိတ္သက္သာရာရသြားတာ။ေမာင္ အစကတည္းက ဒီလို ဆံုးျဖတ္တတ္ခဲ့ရမွာကိုေလ။ဦးေလး ေသာင္းကလည္း ခရီးထြက္ေနေတာ့ အန္တီ ၫြန္႔နဲ႔လည္း စကားေျပာဖက္။ညညဆို ေမာင့္အေၾကာင္းေတ ေျပာသူကလည္း နားေထာင္ၿပီး ခ်ီးက်ဴးလိုက္ စိတ္တိုလိုက္။
Advertisement
အဲ့အခ်ိန္ ေမာင္ဟိုက ျပန္ခဲ့ၿပီးကတည္းက လူက ျပန္လာခ်င္ေနတာ။စိတ္မခ်ရေသးဘူး။မွတ္ေလာက္သားေလာက္ တစ္ႏွစ္ေလာက္ေတာ့ ထားလိုက္ဦးဆိုလို႔ ေနရျပန္ေရာ။စိတ္မဆိုးအားပါဘူး။သူတို႔က ကိုယ့္အတြက္ေျပာတာပဲ။တစ္လေက်ာ္ေက်ာ္ေလာက္ပဲရိွေသးတာ ျပန္မသြားနဲ႔ ေရာင့္တက္လိမ့္မယ္တဲ့။ေမာင္က အဲ့လိုမဟုတ္ဘူးဆိုတာ ေျပာခ်င္ေပမယ့္ မေျပာရဲဘူး။မေျပာေကာင္း မဆိုေကာင္း ေနာက္ထပ္ ထပ္လုပ္ေနရင္ ခက္ရခ်ည္ရဲ႕။
အခုေတာ့ တပူဆာဆာလုပ္ေနလို႔ သူတို႔လည္း စိတ္မ႐ွည္ေတာ့ဘူးထင္တယ္။နင္ျပန္ခ်င္လွခ်ည္ရဲ႕ဆိုလည္း ျပန္လိုက္ေတာ့တဲ့။အခုမွ သံုးလေက်ာ္ေက်ာ္ပဲရိွေသးတာကို အျဖစ္သည္းေနလိုက္တာတဲ့ေလ။ေနာက္မွ ေမာင္ျပန္႐ွင္းျပလိုက္။
♥♥♥
4.11.21
အဟီး။ၾကာၾကာခြဲမထားခ်င္ဘူးရယ္။မခံစားႏိုင္ဘူး အသည္းႏုလို႔။
♥♥♥♥♥♥♥♥♥♥♥♥♥♥
Unicode
"မောင်"
ကိုကို...။ကိုကိုလား။
"ကိုကို...ကိုကိုလား..."
အယောင်ယောင်အမှားမှားနဲ့ ဖုန်းနံပါတ်ကို ပြန်ကြည့်မိလိုက်မှ
ဒီနံပါတ်....။ဒီနံပါတ္ကို သတိမထားမိခဲ့တာ။ဒါဆို ကိုကိုဆိုတာ သေချာသွားပြီ။ယံဖြိုးမောင် ရင်ထဲ လှိုက်ခနဲ။
"ကိုကို...ကိုကိုဘယ်မှာလဲ...နေနေတာ အဆင်ပြေရဲ့လား ဟင်"
"အင်း...ပြေတယ်"
မိနစ်ဝက်လောက်ကြာမှ ထြက္လာတဲ့ အသံလေး။လွမ်းနေခဲ့ရတဲ့ အသံလေး။
"က်...ကျနော် ပျော်လိုက်တာ...အဟီး.."
ကိုကို့ဘက်က စဆက်သွယ်လာမယ်လို့ မထင်ရဲခဲ့ဘူး။ကိုကိုရာ.....။ကျနော်စိတ်လှုပ်ရှားလွန်းလို့ သေသွားနိုင်တာကို သိလား။အခုထိ ရင်ဘတ်ထဲက တဒိန်းဒိန်းနဲ့ဗျာ။
"ကိိုကို...ကိုကိုဘယ်မှာလဲ ဟို....ဟိုလေ...ကျစ်"
"ဘာလဲ...ပြော"
ပြောရမလား။မပြောလည်း မပြောရဲဘူး။
"ကိုကို ပြန်ခဲ့တော့မှာလား..."
မပြောပါနဲ့ ။ကျေးဇူးပြုပြီး မဟုတ်ဘူးလို့ မပြောလိုက်ပါနဲ့။
ဖြေပါ....ဖြေပါကိုကို။ ကျနော့်ဆီပြန်လာဖို့ တွေဝေမနေပါနဲ့လား။
"မပြန်ခဲ့ဘူး"
"ဗ်ာ"
ပြီးပြီ။ပြီးပြီပေါ့။
ကိုကိုရာ...။
မျက်ရည်ကျရပြန်ပါသည်။ဝဋ်လည်နေတဲ့ ကျနော်ဟာ မျက်ရည်ကျရပြန်ပါသည်။
"ဒါဆို ကိုကိုက ကျနော့်ကို...တကယ်...တကယ်ကြီးမုန်းသွားတော့တာလားဗျာ...."
မုန်းတယ်လို့လည်း မပြောပါနဲ့။ကျေးဇူးပြုပြီး။
"ဟိတ်...ငါပြောတာ ဆုံးအောင်နားထောင်စမ်း"
"ဗ်ာ...ပြောလေ"
မုန်းတယ်လို့များ ပြောလိုက်ရင် သွားပြီ။တကယ်သွားပြီ။
"ဘာမဟုတ္ဘူး...အရူးကောင်လေး...ဒါပဲ "
လုပ်သွားပြီ။ကိုကိုက ပေဟဠိ တေလုပ်သွားပြီ။စိတ်တို မာန္တို နဲ့ လည်း မင်းကိုစိတ်နာလို့ မင်းနဲ့ မပေါင်းချင်တော့ဘူး ဘာညာလို့လည်း မပြောသွားဘူး။ပြန်လာမယ်လည်း မပြောသွားဘူး။ဒီက ကျနော်က ပျော်ရမလား ဝမ်းနည်းရမလား ဟတ်ကော့ကြီးဗျာ။ကိုကို သိပ္တတ္တာပဲ။
ကိုကိုဘယ်မှာလည်းဆိုတာသာသိရင် အခုချက်ချင်း ပြေးလာမှာ။ဘယ်မှာလည်း ဆိုတာ အရိပ်အယောင်တောင် ပြမသွားဘူး။အဆက်အသွယ်ပဲ ပြန်လုပ်ပြီး လူက ပြန်မလာချင်တာများလား။အား....ရူးရတော့မယ် ကိုကိုရေ။
♥♥♥
မမှားဘူးမလား။မောင့်ဆီကို နောက်တစ်ကြိမ်ပြန်သွားတာ မမှားလောက်ဘူးမလား။
တကယ္ဆို အဲ့နေ့ညကတည်းက ကိုယ္က ဝေးဝေးသွားခဲ့တာမဟုတ်ဘူး။ဘယ်နေနိုင်မှာလဲ။မောင်နဲ့ အဝေးကြီးမှာ ဘာစိတ်ကူးနဲ့များသွားနေရမတဲ့လဲ။နေနိုင်မတဲ့လားလေ။ဒီလူသားလေးနဲ့ အဝေးကြီးမှာ ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်မတဲ့လဲကွယ်။လူဆိုးလေးဟာ သိပ်အ,တာပဲ။ကိုယ့်မိဘတေ ရှိတဲ့ မိုးကုတ်ကိုတောင် သွားရှာသေးတာ။ကိုယ်တိုင်က ယုံကြည့်လို့ လက္တြဲထားတဲ့ အိမ်ထောင်ဖက်ကို တခြားတစ်ယောက်က အထင်သေးအမြင်သေး ဖြစ်မှာစိုးလို့ မိဘအိမ်လည်း ပြန်မသွားဘူး။မောင့်ကို ငါ့မိဘေတက နည်းနည်းလေးတောင် အပြစ်တင်မှာကို မလိုလားလို့။မခံချင်လို့။
သိတာပေါ့။ငါ့အမျိုးသားလေးက တစ်ချိန်ချိန် လူလိမ္မာလေး ပြန်ဖြစ်မယ်ဆိုတာ သိတာပေါ့။ဟော...အခုတော့ ကြည့်စမ်း။အကြာကြီးတောင် မစောင့်လိုက်ရဘူး။လူဆိုးလေးကတော့ သူ့ကို တစ်ချိန်လုံးစောင့်ကြည့်နေခဲ့တယ်ဆိုတာ မသိဘူး။
အဲ့နေ့ညကတည်းက ကိုယ္က ရွာထဲကနေတောင် ထွက်ခဲ့တာမဟုတ်ဘူး။အမျိုးလည်းမရှိ သူ့မျက်နှာ တစ်ကမ္ဘာ မှတ်ပြီး လိုက္လာတဲ့သူက ဘယ်များသွားနေစရာရှိမှာမို့လို့တဲ့လဲ။အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပိုက်ဆံတောင် ခြူးတစ်ပြားမှ မပါသြားတဲ့သူကို မိဘဆီပြန်တယ်လို့ မောင်မို့လို့ ထင်တတ်ပါပေတယ်။ မောင်ဟာလေ ချစ်စရာလေးပါလို့။
တစ်ချိန်လုံးကိုယ့်ကို ဖွက်ထားပေးခဲ့တဲ့ ထွဋ်ခေါင်တို့ အန္တီ ညွန့်ကြည်တို့ကတော့ အလုပ်တေများသွားရတယ်မောင်ရဲ့။ငါက သူတို့အိမ်ကို ရုတ်တရက်ကြီးရောက်ချလာတာကိုး။ငါ့မှာ ဒီရွာမှာ သူငယ်ချင်းလည်း မရှိတော့ မောင့်သူငယ်ချင်းကိုပဲ အားကိုးခဲ့ရတာပေါ့။အားနာပေမယ့် မတတ်နိုင်ဘူးလေ။မောင်နဲ့ အဝေးကြီးကိုမှ မသွားနိုင်တာ။
တိုးတိုးတိတ်တိတ်နဲ့ပဲ သူတို့ကလည်း လက်ခံပေးကြတယ်။သြော်...ပုန်းနေရလို့ ဗရုတ်ကျခဲ့ရတာတေကို မောင့်ကို အေးဆေးနောက်မှ ပြန်ပြောရဦးမယ် သိလား။ငါ့မွာ ရေကိုလည်း ညမှချိုးရတာ။တော်သေးတယ် ရေချိုးတဲ့ နေရာက အခန်းလေးလုပ်ထားလို့ ။နို့မို့ဆို ဘယ်လိုပုန်းရကောင်းမှန်းမသိဖြစ်နေဦးမှာ။အပါ့အလေးသွားချင်တောင် အိမ်ပေါ်ကနေ အရိပ်အခြေ သေချာကြည့်ပြီးမှ ပြေးပြေးပြီး သွားရတာ။ဘေးအိမ်တေက မြင်မှာစိုးလို့လေ။
ရောက်ရောက်ချင်းတုန်းကတော့ ဘာမွ မစားနိုင်မသောက်နိုင်နဲ့ တငိုငို တရီရီနဲ့ မို့လို့ ထွဋ်ခေါင်တို့ သားအမိတေ ခေါင်းခြောက်နေရသေးတယ်။သူတို့ အားနာတဲ့ စိတ်နဲ့ပဲ ကိုယ့်ကိုကိုယ် ပြန်အားပေးပြီး နေခဲ့ရတယ်။
အိမ္ကို လာချောင်းတာတေလည်း မောင်က မသိဘူးလေ။တစ်ရက်က ထွဋ်ခေါင်နဲ့ အတူ ခပ်တည်တည်လိုက်လာပြီးမှ အိမ်ပြင်ကနေ ချောင်းမလို့။ကိုယ်တော်ချောက ခေါင်းတောင်မထောင်နိုင်အောင် ဖြစ်ပျက်နေသတဲ့လေ။ငိုတာတေရော။မောင်က ကိုယ့်ိကိုလွမ်းလို့ငိုတာပါလားဆိုတာသိရတော့ ငါလည်း ငိုမိသေးတယ်။မောင်က ကိုယ့်ိကိုကိုယ် နာအောင်လုပ်နေတာတေမြင်ရတော့ လာပြီးတားလိုက်ချင်တာမှလေ။ထွဋ်ခေါင်ကတော့ ရိုက်ပါစေ ထုပါစေ မသွားနဲ့ သူလည်း မသွားဘူးတဲ့။သူပြောတာလည်း မှန်တာပဲလေ။မောင်ကဆိုးတာကို။
နောက်နေ့မနက်ရောက်ရင် ခေါင်းတေကိုက်နေမှာစိုးလို့ ထွဋ်ခေါင်ကို သံပုရာသီးပေးခိုင်းလိုက်တာ ငါပေါ့။မောင်အဲ့နေ့က သကြားရှာမတွေ့လို့ ဒီတိုင်းကြီးသောက်နေတယ်လို့ပြောတယ်။သကြားဘူးက ပုရွက်ဆိတ်တေ တက်မှာစိုးလို့ ကြပ်ခိုးစင်ပေါ် တင်ထားတယ်ဆိုတာ မပြောမှ မပြောလိုက်ရဘဲ။
သူများအိမ်မှာ အလုပ်မလုပ်ဘဲ နေရုံမကသေးဘူး၊မောင့်အတွက်ပါ ဟင်းတေချက်ပြီး ပို့ခိုင်းတာကျတော့ တွေးကြည့်ရင် အားနာစရာကောင်းသား။အစ်ကို့ယောက်ျားက ဘယ္သြားတာ၊ဘာလုပ္တာ ဆိုတာ အကုန်လုံးပြောပြတတ်တဲ့ ထွဋ်ခေါင်ကြောင့် မောင့်အကြောင်းတွေကို နားထောင်ရတာလည်း အမော။ဘယ်နေ့ မြို့ထဲမှာ ရှာရင်းနဲ့ သြားတာ ဘယ်နေ့က ဘယ်ကိုသွားပြီးရှာတာဆိုတာ သိရေတာ့ ကျေနပ်လိုက်ရတာ။မောင်က ငါ့ကို ကြိုးစားပမ်းစား လိုက်ရှာနေတာပါလားဆိုပြီးလေ။
ဆင်းမ်ကတ် ထုတ္ထားတဲ့ ဖုန်းနံပါတ်လေးကို မောင် ဆက်သွယ်နေမယ်ဆိုတာ သိတာပေါ့။ကြည့်ချင်တာမှ တအားပဲ။ဆင်းမ်ကတ်ကို ထွဋ်ခေါင်က ဖွက်ထားတာ။ရှာလို့ကိုမတွေ့ဘူး။
မကြာပါဘူး။မောင်က ဟိုကိုလိုက်သွားတယ်ဆိုလို့ လန့်သွားမိသေးတယ်။အကျိုးအကြောင်းသိရမှပဲ သိတ်သက်သာရာရသွားတာ။မောင် အစကတည်းက ဒီလို ဆုံးဖြတ်တတ်ခဲ့ရမှာကိုလေ။ဦးလေး သောင်းကလည်း ခရီးထွက်နေတော့ အန္တီ ညွန့်နဲ့လည်း စကားပြောဖက်။ညညဆို မောင့်အကြောင်းတေ ပြောသူကလည်း နားထောင်ပြီး ချီးကျူးလိုက် စိတ်တိုလိုက်။
အဲ့အချိန် မောင်ဟိုက ပြန်ခဲ့ပြီးကတည်းက လူက ပြန်လာချင်နေတာ။စိတ်မချရသေးဘူး။မှတ်လောက်သားလောက် တစ်နှစ်လောက်တော့ ထားလိုက်ဦးဆိုလို့ နေရပြန်ရော။စိတ်မဆိုးအားပါဘူး။သူတို့က ကိုယ့်အတွက်ပြောတာပဲ။တစ်လကျော်ကျော်လောက်ပဲရှိသေးတာ ပြန်မသွားနဲ့ ရောင့်တက်လိမ့်မယ်တဲ့။မောင်က အဲ့လိုမဟုတ္ဘူးဆိုတာ ပြောချင်ပေမယ့် မပြောရဲဘူး။မပြောကောင်း မဆိုကောင်း နောက်ထပ် ထပ်လုပ်နေရင် ခက်ရချည်ရဲ့။
အခုတော့ တပူဆာဆာလုပ်နေလို့ သူတို့လည်း စိတ်မရှည်တော့ဘူးထင်တယ်။နင်ပြန်ချင်လှချည်ရဲ့ဆိုလည်း ပြန်လိုက်တော့တဲ့။အခုမှ သုံးလကျော်ကျော်ပဲရှိသေးတာကို အဖြစ်သည်းနေလိုက်တာတဲ့လေ။နောက်မှ မောင်ပြန်ရှင်းပြလိုက်။
♥♥♥
4.11.21
အဟီး။ကြာကြာခွဲမထားချင်ဘူးရယ်။မခံစားနိုင်ဘူး အသည်းနုလို့။
Advertisement
- In Serial26 Chapters
Ashes and Cinders
In a small neighborhood, a young man dreaming of peace and financial prosperity finds the adventure he never wanted. And it all starts with his death. Now in a new world, he wakes up to find the freedom he always wanted, and oh, so much more. With his new foster brother, Cinder the fox, he is determined to make a difference in the world with his new chance. But in order to acquire power, he must face against trials incomprehensible to simple mortals. Luckily, He's not alone. The story of Ashes and Cinders -Hey, Disclaimer: I'm a new author and this is a trial run. I'm super psyched about this story and am just writing it for fun. There's not really a schedule, although I do post somewhere around once every two days, maybe more if I have free time. I have no plan, no plot, no lore. Just figuring stuff out along the way. I hope you like it, and please give me comments and criticism if you find mistakes. It's what trial runs are for! :P ___________________________________________________________________________________________________________________________________________ If you're wondering where I got my cover, check out This Guy From Fiverr They're really good.
8 72 - In Serial18 Chapters
I'm nothing special, so can i go back please ?
Kyle, single, 35 years old. While cleaning a field after a flood, pick up a strange rock.when he came back home at evening, he remember picking it up, and try to look at it... and accidentally let it fall on the ground. The rock shatters, and the ground cave-in with strange runic-like pattern, while he fall. "- Seriouslyyyyyyy ?" *fall in darkness* Annnnd, he's screwed. Follow him when he's still a normal human in a world full of cheats, monsters, and others ho-too-randoms-things in his quest to get the fuck out of here. Note : Cover is from me. Random drawing sometimes in the end of the chapter. I go back to it after 10+ years withouth touching a pen, so it's slowly coming back. :o
8 112 - In Serial9 Chapters
Re: Draugr (Dropped)
Aevan was a normal undergraduate student, until the day he awoke wrapped in linoleum. He escapes his binds, only to find he’s no longer human. In fact, he’s not even alive… This is the story of Aevan the draugr as he struggles to adapt and err..."unlive" in the classiest fantasy multiverse: Wonderland. [Dropped. Lost all interest for it. Like I said, don't expect much. Hard work betrays none but dreams betray all. Thanks for reading it.]
8 139 - In Serial41 Chapters
Death's End
📘 BLURB Is it possible...to create a world where people will live forever? A world where you and I no longer fear death? Zenvix Nighvicto, prince to the fallen nation of conquerors, knows the answer. Beset by the loss of his homeland, he sets out on a quest with his unruly retainer Yurisviel Yaleheart and the hot-headed sorcerer Jerius Lyvia to stop a man from invoking an ancient ritual that will cease death as they know it. But the odds are stacked against them, as they fall perilously behind time. Thousands have perished with unbridled bloodshed, and sinister plans have been set in motion to thwart the trio. If they fail... Then people will live forever, yes. But not in a way they imagine to be. 🔑CONTENT GUIDELINES Mild language and sexual content Most chapters are safe for work / school ✅ DOs Add us or the story so you won't miss any new updates. Comment away. We love replying to them :) 💡 READ THIS Give your inputs to help us better shape the plot and world of Elaria Highest Rankings: #2 in Action, #5 in Fantasy, #5 in Adventure
8 149 - In Serial12 Chapters
Pennywise the Dad!
I decided to do this story because a lot of my friends say that I look like pennywise and that he's my dad(which i can see and okay with) and i thought if this story.There's a bit of a spoiler if you haven't read the book: Pennywise in his spider form gives birth to his off spring but finds out only 1 lived. Pennywise and all his horror friends all help raise his little clown baby and teach her how to use her powers. What could go wrong with horror villains who kill children trying to help raise an alien demonic shapeshifter clown baby spawn?
8 212 - In Serial35 Chapters
Stranded
When a zombie apocalypse breaks out whilst Bella is still at school, she decides to stay, unlike her friends who are risking their lives and fleeing. But has she made a mistake? Will she find a group and will they have to fight to survive together? Or will it all be over too soon?
8 176

