《ကြၽန္ေတာ့ေယာက္်ား ေရႊညာသား (Completed) ကျွန်တော့ယောက်ျား ရွှေညာသား (Completed)》24 ( Z + U )
Advertisement
Zawgyi
"သား ...မေန႔က ကိုညိဳေမာင္က အိမ္လာေျပာသြားေသးတယ္...သူတို႔အဖြဲ႔က အခုအိမ္အတြက္ လူတစ္ေယာက္လိုလို႔တဲ့...သားကို လိုက္မလားလို႔ ေမးမလို႔ အိမ္မွာ မေတြ႔လို႔တဲ့ ဒီကိုလာမွာသြားတယ္"
"ေျသာ္..အင္းအင္း...သြားေျပာလိုက္မယ္"
"ေအေအ...သြားေျပာဦး မလိုက္ဘူးထင္လို႔ ေနာက္တစ္ေယာက္ငွါး သြားခင္ဦးမယ္"
"အင္း...ညေနက်သြားေျပာလိုက္မယ္"
"ေအ"
သူ႔အဖြဲ႔ထဲမွာ လူလိုရင္ေတာ့ မဆိုးဘူး။တစ္ရက္ တစ္ေသာင္းေက်ာ္ရႏိုင္တယ္။တစ္ရက္တစ္ေသာင္းေက်ာ္လည္း မဆိုးပါဘူး။လိုက္ႏိုင္ လိုက္ႏိုင္တဲ့ ရက္အေရအတြက္နဲ႔ ရေသးတာပဲ။
Dee~~Dee~~
တုန္ခါလာတဲ့ဖုန္း။နံပါတ္ကိုၾကည့္လိုက္ေတာ့
ေရာ့ သြား blacklist ထဲ
ဒီ ဖုန္းနံပါတ္ေတကို ထပ္ပတ္သက္ေနစရာအေၾကာင္းကိုမရိွဘူး။ကိုကိုေရ...က်ေနာ္ေတာ္တယ္မလား။
ကိုညိဳေမာင္တို႔အိမ္သြားရဦးမယ္။အခ်ိန္ဆြဲေနရင္ သူမ်ားစာျဖစ္သြားမယ္။
"ကိုညိဳေမာင္...ကိုညိဳေမာင္"
"လာေဟ့...ဒီဘက္မွာဟ"
ကိုညိဳေမာင္တို႔အိမ္က ေနာက္ဘက္မွာ မီးဖိုေနရာကို က်ယ္က်ယ္ေလးခ်ထားလို႔ အိမ္ေ႐ွ႕မွာ လူေတြ႔ရခဲတယ္။
"အဖြဲ႔ထဲ လူလိုတယ္ဆိုလို႔ဗ်ာ"
"ေအးလိုတယ္...မင္းလိုက္မွာလား မလိုက္ရင္ ကိုေဌးကို ေခၚမွာ"
"လိုက္မွာေလ...ဘာလဲ အျပတ္ငွါးတာလား"
"ေအ...အျပတ္ေတာ့ ေစ်းမျဖတ္ေသးဘူး...ၿပီးမွ ျဖတ္မလို႔"
"အဲ့ဒါေကာင္းတယ္..."
"ဘာဟင္းေတခ်က္တုန္း...မေရႊရည္"
"ေအး.... ေစာင္းလ်ားသီးမီးဖုတ္ေထာင္းတယ္ေဟ့...အာလူးျပဳတ္သုပ္မယ္..ဒါပဲ"
"ေကာင္းပါတယ္ဗ်ာ...ကိုကိုဆို က်ေနာ္ကို ေစာင္းလ်ားသီးခနခန မီးဖုတ္ၿပီး ေထာင္းေပးတာ...စားလို႔ေကာင္းမွေကာင္းဗ်ာ"
"မရိွမွ တန္ဖိုးသိေနၿပီမလား...ဟမ္...နင္တို႔ေယာက္်ားေတက အဲ့တိုင္းပဲ ေကာင္းကိုမေကာင္းဘူး"
"ဟ..ေကာင္းလို႔ပဲ မင္းငါ့ကို ယူထားတာမဟုတ္ဘူးလား"
"အလိုေတာ္...ျပန္သာ အမ္းလိုက္ခ်င္တယ္...မရလို႔"
ဟုတ္တာေပါ့။မရိွမွ တန္ဖိုးသိေနၿပီ ဆိုတာ သိပ္ကိုမွန္တာ။ရိွတုန္းက တန္ဖိုးမထားခဲ့မိလို႔ အခုေတာ့ သိပ္ကုိ မွတ္ေလာက္သားေလာက္ေတျဖစ္ေနၿပီ။အခ်ိန္ေတၾကာလာတာႏွင့္အမ်ွ ေနသားက်သြားတယ္လို႔ေတာ့ မဟုတ္ဘူး။ညတိုင္း ငိုမိတုန္း။အလုပ္ကိစၥရယ္လို႔ မရိွတဲ့ အခ်ိန္ ကိုကို႔အေၾကာင္းပဲေတြးေနမိတုန္း။အဲ့လိုေတြးမိတဲ့ အခါဆို အလုပ္ထဲပဲ စိတ္ႏွစ္ထားခ်င္တယ္။ဒါေၾကာင့္မလို႔လည္း ဒီအလုပ္ကိုလုပ္ခ်င္တာ။အနည္းဆံုးေတာ့ အလုပ္လုပ္ေနရင္ အလုပ္ထဲ စိတ္ေရာက္ေနတယ္ေလ။
ဆက္မ႐ွာေတာ့တာမဟုတ္ဘူး။ကိုကို စိတ္ဆနၵမရိွဘဲ က်ေနာ္ျပန္ေတြ႔သြားရင္ ကိုကိုထပ္ထြက္သြားေနရမွာစိုးလို႔။ကိုကို က်ေနာ့ကို ပိုမုန္းသြားမွာစိုးလို႔။ကိုကို ျပန္လာခ်င္တဲ့ အခ်ိန္က်ရင္ ပုန္းေနရာက ထြက္လာေပးမယ္လို႔ ယံုတယ္။
"ေငးလွခ်ည္လား...ဘာလဲ ေယာက္်ားလြမ္းတာလား"
"လြမ္းတာေပါ့ဗ်ာ...လြမ္းတာမွေလ ထုတည္ျပလို႔ရရင္ ေတာင္ပံုယာပံုရိွေနေလာက္ၿပီဗ်"
"ေအးကြာ...မင္းကလည္းမလုပ္သင့္တာကိုမွ လုပ္တာကိုး...ေဟ်ာင့္ေဟ်ာင့္ အားမနာရတဲ့သူေတမလို႔ေျပာတာေနာ္"
"သိပါတယ္ဗ်ာ...စိတ္မဆိုးပါဘူး...အဲ့တုန္းက က်ေနာ္က တကယ့္ တိရစာၦန္စိတ္ေပါက္ေနခဲ့တာ...ေျပာရတာလည္း ႐ွက္ပါတယ္ ကိုညိဳေမာင္ရာ..တကယ္ပါ"
ေဆြးေဆြးေျမ့ေျမ့ ေျပာမိတယ္။အဲ့အေၾကာင္းေတေတြးမိရင္ ႐ွက္တာေရာ ေနာင္တေတေရာ တစ္ပံုတစ္ပင္။
"ေအးကြာ...သူလည္း မင္းအေၾကာင္းေတၾကားခ်င္ၾကားေနမွာပဲကို...အားမေလ်ွာ့နဲ႔ ငါ့ေကာင္"
"ဒီေလာက္ၾကာေနၿပီ မေတြ႔ေသးေတာ့ အားေလ်ာ့ခ်င္လာၿပီ...ကိုကိုက တကယ္ႀကီးစိတ္နာသြားတာထင္တယ္"
"ေဟ်ာင့္ေရ...ငိုေတာ့မွာလားကြ"
"မငိုပါဘူးဗ်ာ...ျပန္ေတာ့မယ္..အလုပ္က ဘယ္ေန႔စမွာလဲ"
"ေနာက္ႏွစ္ရက္ေနရင္စမွာ...အဂါၤေန႔က်ရင္ ငါ့အိမ္ကိုသာ ေစာေစာေလးထြက္လာခဲ့လိုက္"
"Ok. ..သြားၿပီ"
ဘယ္ကသာငိုရမလဲ။မ်က္ရည္ေတာ့ လည္လာတာေပါ့ေလ။ေယာက္်ားတန္မယ့္ မ်က္ရည္လြယ္လိုက္တာလို႔ေတာ့ မထင္လိုက္နဲ႔။ခံစားရတဲ့ ႏွလံုးသားပါတာခ်င္းက အတူတူပဲ။
♥♥♥
မ်က္စိေ႐ွ႕က ထမင္းစားပြဲကိုၾကည့္ရင္း အခုထိ တစ္စက္မွ မထိရေသး။ထမင္းထည့္ထားတဲ့ ပန္းကန္တစ္ခုရယ္ ဝက္သားနီခ်က္ထည့္ထားတဲ့ ခြက္ရယ္ ကင္ပြန္းခ်ဥ္ရြက္ကို ေထာင္းၿပီး ၾကက္သြန္နီနဲ႔သုပ္ထားတဲ့ခြက္ရယ္ စုစုေပါင္း သံုးမ်ိဳး။ဟင္းေတက အေမ လာပို႔သြားလို႔ ဒီႏွစ္မယ္နဲ႔ စားရမွာ။ဟင္းဇီဇာေၾကာင္တတ္တဲ့သူမဟုတ္လို႔ ဘာဟင္းနဲ႔ပဲျဖစ္ျဖစ္ စားႏိုင္ေပမယ့္ ဒီေန႔ညစာကေတာ့ စားခ်င္စိတ္ကိုမရိွေသးလို႔ ထိုင္သာထိုင္ေနတာ။တစ္တို႔မွ မတို႔ရေသးဘူး။
ထမင္းစားၿပီိဆို ဟင္းေတ ခပ္ထည့္ေပးတတ္တဲ့ ကိုကို႔ကို လြမ္းတယ္။ဟင္းခ်က္စရာမရိွဘူးဆို လက္ဖက္ပဲ သုပ္စားလိုက္ၾကေအာင္ဆိုၿပီး လက္ဖက္ခဏခဏသုပ္ေပးတတ္တဲ့ ကိုကို႔ကို လြမ္းတယ္။ေယာက္်ားေလး တစ္ေယာက္ျဖစ္ေနလို႔ဆိုၿပီး အခ်က္အျပဳတ္လုပ္ရတာကိုလည္း အျပစ္မတင္ တဲ့ ကိုကို႔ကိုလြမ္းတယ္။
ေနရတာေတလည္း အဆင္မေျပဘူး။ဘာတစ္ခုမွ အဆင္ေျပမေနဘူး။ကိုကိုနဲ႔ အတူတူေနခဲ့တဲ့ အိမ္ေလးက က်ေနာ္တစ္ေယာက္တည္းေနရေတာ့ တစ္ရက္မွ အဆင္မေျပေတာ့ဘူး။ကိုကိုစာသင္ေပးေနတဲ့ ကေလးေတလည္း က်ေနာ္ကို ေတြ႔ရင္ သူတို႔ဆရာမျပန္ခဲ့ေသးဘူးလား ေမးတယ္။အိမ္ေပၚက ေရအိုးေလးကလည္း ကိုကိုရိွတုန္းကလို ေရျပည့္မေနေတာ့ဘူး။ေရခမ္းေနတာက ခပ္မ်ားမ်ားျဖစ္ေနၿပီ။တံျမက္စည္းလည္း ေန႔တိုင္းမလွဲျဖစ္ေတာ့ဘူး။တစ္ပါတ္ေလာက္မွ တစ္ခါေလာက္ပဲ လွဲျဖစ္ေတာ့လို႔ တစ္ခါတစ္ခါဆို အိမ္ေပၚမွာေတာင္ သဲေတ႐ွပ္ေနတတ္တယ္။ညညဆို ကိုကိုႀကိဳက္လို႔ ဖြင့္တတ္တဲ့ သီခ်င္းသံေတလည္း မၾကားရေတာ့ လြမ္းလာၿပီ။
လြမ္းလို္က္တာဗ်ာ...။
အေမ ခ်က္ေပးလိုက္တဲ့ ဝက္သားနီခ်က္က ကိုကိုခ်က္ေပးတာေလာက္လည္း မေကာင္းဘူး။ထမင္းေတေရာ ဘာထူးလည္း ။ပြလိုက္ မနပ္လိုက္နဲ႔ ပတ္ခ်ာကိုလည္လို႔။ေရေႏြးဆို တည္ကို မတည္ျဖစ္ေတာ့ဘူး။လူက တိုးလာရင္သာ မသိသာတာ။ေလ်ာ့သြားရင္ အရမ္းသိသာတာ ကိုကုိရယ္။အခု ကိုကိုမရိွတဲ့ အိမ္မွာ က်ေနာ္တစ္ေယာက္တည္း ေနေနရတာ တအားကို အထီးက်န္ေနၿပီ။
ဂလြမ္ လြမ္
ေျသာ္။အဆင္မေျပပံုမ်ား ထမင္းစားၿပီးလို႔ ပန္းကန္ေဆးတာေတာင္ လက္ထဲကလြတ္က်တယ္။ကိုကိုရိွရင္ေတာ့ နေမာ္နမဲ့ႏိုင္ရေကာင္းလားဆိုၿပီး ေျပာမယ္ထင္တယ္။
♥♥♥
Dee~~Dee~~Dee
Dee~~Dee~~Dee
လာျပန္ၿပီ။ညႀကီးအခ်ိန္မေတာ္ေတ ဖုန္းလာျပန္ၿပီ။ ေန႔ခင္းေတဆို ဘယ္နားေတမွာ ေသေနလို႔ ဒီအခ်ိန္ႀကီးက်မွ။
ဖုန္းေကာက္ကိုင္လိုက္မွ က်သြားတဲ့ ဖုန္းေၾကာင့္ နာရီၾကည့္လိုက္ေတာ့ မနက္ သံုးနာရီ။ဘယ္သူေတကမ်ား အားအားယားယား ဆက္ေနၾကသလဲ။
Advertisement
ခ်ထားဖို႔က်န္မွ ေနာက္တစ္ခါျပန္ျမည္လာတဲ့ ဖုန္း။
"ဒီမွာ အဲ့ဘက္က ဘယ္သူလဲေတာ့မသိဘူး...ဒါလူအိပ္ခ်ိန္ေနာ္ လူအိပ္ခ်ိန္...အဲ့ဘက္ကလူမဟုတ္ဘူးလား"
ေျပာပစ္လိုက္ၿပီ။ ဘာမွမေျပာျပန္ဘူး။
"ေခၚတုန္းကေခၚၿပီးရင္...က်စ္..ဖုန္းေဘလ္ေတ တအားေပါေနတာလား...ဟုတ္လား"
အဟက္။ကိုယ္ကဦးေအာင္ ေျပာေတာ့ ေျပာစရာစကားေတ ေပ်ာက္သြားတယ္ထင္တယ္။ဆက္စမ္းပါ။သံုးရက္ရိွေနၿပီ။သူမ်ားတကာ အိပ္ေကာင္းၿပီဆို ဖုန္းနံပါတ္တစ္ေန႔တစ္မ်ိဳးနဲ႔ ႏွစ္ညရိွၿပီ ဆက္ဆက္ေနတာ။ဘာမွလည္း မေျပာဘူး။ဒီညေတာ့ စိတ္ေပါက္ေပါက္ရိွလွတာနဲ႔ ေျပာခ်လိုက္တာ။ေခၚစမ္း ေနာက္တစ္ခါ။လန္႔သြားေအာင္ ဆဲပစ္လိုက္မယ္
ထိုစဥ္ က်ေနာ့္ရင္ဘတ္ႀကီးတစ္ခုလံုး တုန္ခါသြားေစတဲ့ အသံတစ္ခုထြက္လာခဲ့ေလတယ္။
"ေမာင္"
♥♥♥
3.11.21
♥♥♥♥♥♥♥♥♥♥♥♥♥♥
Unicode
"သား ...မနေ့က ကိုညိုမောင်က အိမ်လာပြောသွားသေးတယ်...သူတို့အဖွဲ့က အခုအိမ်အတွက် လူတစ်ယောက်လိုလို့တဲ့...သားကို လိုက်မလားလို့ မေးမလို့ အိမ်မှာ မတွေ့လို့တဲ့ ဒီကိုလာမှာသွားတယ်"
"သြော်..အင်းအင်း...သွားပြောလိုက်မယ်"
"အေအေ...သွားပြောဦး မလိုက်ဘူးထင်လို့ နောက်တစ်ယောက်ငှါး သွားခင်ဦးမယ်"
"အင်း...ညနေကျသွားပြောလိုက်မယ်"
"အေ"
သူ့အဖွဲ့ထဲမှာ လူလိုရင်တော့ မဆိုးဘူး။တစ်ရက် တစ်သောင်းကျော်ရနိုင်တယ်။တစ်ရက်တစ်သောင်းကျော်လည်း မဆိုးပါဘူး။လိုက်နိုင် လိုက်နိုင်တဲ့ ရက်အရေအတွက်နဲ့ ရေသးတာပဲ။
Dee~~Dee~~
တုန်ခါလာတဲ့ဖုန်း။နံပါတ်ကိုကြည့်လိုက်တော့
ရော့ သြား blacklist ထဲ
ဒီ ဖုန်းနံပါတ်တေကို ထပ်ပတ်သက်နေစရာအကြောင်းကိုမရှိဘူး။ကိုကိုရေ...ကျနော်တော်တယ်မလား။
ကိုညိုမောင်တို့အိမ်သွားရဦးမယ်။အချိန်ဆွဲနေရင် သူများစာဖြစ်သွားမယ်။
"ကိုညိုမောင်...ကိုညိုမောင်"
"လာဟေ့...ဒီဘက်မှာဟ"
ကိုညိုမောင်တို့အိမ်က နောက်ဘက်မှာ မီးဖိုနေရာကို ကျယ်ကျယ်လေးချထားလို့ အိမ်ရှေ့မှာ လူတွေ့ရခဲတယ်။
"အဖွဲ့ထဲ လူလိုတယ်ဆိုလို့ဗျာ"
"အေးလိုတယ်...မင်းလိုက်မှာလား မလိုက်ရင် ကိုဌေးကို ခေါ်မှာ"
"လိုက်မှာလေ...ဘာလဲ အပြတ်ငှါးတာလား"
"အေ...အပြတ်တော့ ဈေးမဖြတ်သေးဘူး...ပြီးမှ ဖြတ်မလို့"
"အဲ့ဒါကောင်းတယ်..."
"ဘာဟင်းတေချက်တုန်း...မရွှေရည်"
"အေး.... စောင်းလျားသီးမီးဖုတ်ထောင်းတယ်ဟေ့...အာလူးပြုတ်သုပ်မယ်..ဒါပဲ"
"ကောင်းပါတယ်ဗျာ...ကိုကိုဆို ကျနော်ကို စောင်းလျားသီးခနခန မီးဖုတ်ပြီး ထောင်းပေးတာ...စားလို့ကောင်းမှကောင်းဗျာ"
"မရှိမှ တန်ဖိုးသိနေပြီမလား...ဟမ်...နင်တို့ယောက်ျားတေက အဲ့တိုင်းပဲ ကောင်းကိုမကောင်းဘူး"
"ဟ..ကောင်းလို့ပဲ မင်းငါ့ကို ယူထားတာမဟုတ္ဘူးလား"
"အလိုတော်...ပြန်သာ အမ်းလိုက်ချင်တယ်...မရလို့"
ဟုတ်တာပေါ့။မရှိမှ တန်ဖိုးသိနေပြီ ဆိုတာ သိပ်ကိုမှန်တာ။ရှိတုန်းက တန်ဖိုးမထားခဲ့မိလို့ အခုတော့ သိပ်ကို မှတ်လောက်သားလောက်တေဖြစ်နေပြီ။အချိန်တေကြာလာတာနှင့်အမျှ နေသားကျသွားတယ်လို့တော့ မဟုတ်ဘူး။ညတိုင်း ငိုမိတုန်း။အလုပ်ကိစ္စရယ်လို့ မရှိတဲ့ အချိန် ကိုကို့အကြောင်းပဲတွေးနေမိတုန်း။အဲ့လိုတွေးမိတဲ့ အခါဆို အလုပ်ထဲပဲ စိတ်နှစ်ထားချင်တယ်။ဒါကြောင့်မလို့လည်း ဒီအလုပ်ကိုလုပ်ချင်တာ။အနည်းဆုံးတော့ အလုပ်လုပ်နေရင် အလုပ်ထဲ စိတ်ရောက်နေတယ်လေ။
ဆက်မရှာတော့တာမဟုတ်ဘူး။ကိုကို စိတ်ဆန္ဒမရှိဘဲ ကျနော်ပြန်တွေ့သွားရင် ကိုကိုထပ်ထွက်သွားနေရမှာစိုးလို့။ကိုကို ကျနော့ကို ပိုမုန်းသွားမှာစိုးလို့။ကိုကို ပြန်လာချင်တဲ့ အချိန်ကျရင် ပုန်းနေရာက ထွက်လာပေးမယ်လို့ ယုံတယ်။
"ငေးလှချည်လား...ဘာလဲ ယောက်ျားလွမ်းတာလား"
"လွမ်းတာပေါ့ဗျာ...လွမ်းတာမှလေ ထုတည်ပြလို့ရရင် တောင်ပုံယာပုံရှိနေလောက်ပြီဗျ"
"အေးကွာ...မင်းကလည်းမလုပ်သင့်တာကိုမှ လုပ္တာကိုး...ဟျောင့်ဟျောင့် အားမနာရတဲ့သူတေမလို့ပြောတာနော်"
"သိပါတယ္ဗ်ာ...စိတ်မဆိုးပါဘူး...အဲ့တုန်းက ကျနော်က တကယ့် တိရစာၦန်စိတ်ပေါက်နေခဲ့တာ...ပြောရတာလည်း ရှက်ပါတယ် ကိုညိုမောင်ရာ..တကယ်ပါ"
ဆွေးဆွေးမြေ့မြေ့ ပြောမိတယ်။အဲ့အကြောင်းတေတွေးမိရင် ရှက်တာရော နောင်တတေရော တစ်ပုံတစ်ပင်။
"အေးကွာ...သူလည်း မင်းအကြောင်းတေကြားချင်ကြားနေမှာပဲကို...အားမလျှော့နဲ့ ငါ့ကောင်"
"ဒီလောက်ကြာနေပြီ မတွေ့သေးတော့ အားလျော့ချင်လာပြီ...ကိုကိုက တကယ်ကြီးစိတ်နာသွားတာထင်တယ်"
"ဟျောင့်ရေ...ငိုတော့မှာလားကွ"
"မငိုပါဘူးဗ်ာ...ပြန်တော့မယ်..အလုပ္က ဘယ်နေ့စမှာလဲ"
"နောက်နှစ်ရက်နေရင်စမှာ...အဂါၤနေ့ကျရင် ငါ့အိမ္ကိုသာ စောစောလေးထွက်လာခဲ့လိုက်"
"Ok. ..သွားပြီ"
ဘယ်ကသာငိုရမလဲ။မျက်ရည်တော့ လည်လာတာပေါ့လေ။ယောက်ျားတန်မယ့် မျက်ရည်လွယ်လိုက်တာလို့တော့ မထင်လိုက်နဲ့။ခံစားရတဲ့ နှလုံးသားပါတာချင်းက အတူတူပဲ။
♥♥♥
မျက်စိရှေ့က ထမင်းစားပွဲကိုကြည့်ရင်း အခုထိ တစ်စက်မှ မထိရသေး။ထမင်းထည့်ထားတဲ့ ပန်းကန်တစ်ခုရယ် ဝက်သားနီချက်ထည့်ထားတဲ့ ခွက်ရယ် ကင်ပွန်းချဉ်ရွက်ကို ထောင်းပြီး ကြက်သွန်နီနဲ့သုပ်ထားတဲ့ခွက်ရယ် စုစုပေါင်း သုံးမျိုး။ဟင်းတေက အေမ လာပို့သွားလို့ ဒီနှစ်မယ်နဲ့ စားရမှာ။ဟင်းဇီဇာကြောင်တတ်တဲ့သူမဟုတ်လို့ ဘာဟင်းနဲ့ပဲဖြစ်ဖြစ် စားနိုင်ပေမယ့် ဒီနေ့ညစာကတော့ စားချင်စိတ်ကိုမရှိသေးလို့ ထိုင်သာထိုင်နေတာ။တစ်တို့မှ မတို့ရသေးဘူး။
ထမင်းစားပြီိဆို ဟင်းတေ ခပ်ထည့်ပေးတတ်တဲ့ ကိုကို့ကို လွမ်းတယ်။ဟင်းချက်စရာမရှိဘူးဆို လက်ဖက်ပဲ သုပ်စားလိုက်ကြအောင်ဆိုပြီး လက်ဖက်ခဏခဏသုပ်ပေးတတ်တဲ့ ကိုကို့ကို လွမ်းတယ်။ယောက်ျားလေး တစ်ယောက်ဖြစ်နေလို့ဆိုပြီး အချက်အပြုတ်လုပ်ရတာကိုလည်း အပြစ်မတင် တဲ့ ကိုကို့ကိုလွမ်းတယ်။
နေရတာတေလည်း အဆင်မပြေဘူး။ဘာတစ်ခုမှ အဆင်ပြေမနေဘူး။ကိုကိုနဲ့ အတူတူနေခဲ့တဲ့ အိမ်လေးက ကျနော်တစ်ယောက်တည်းနေရတော့ တစ်ရက်မှ အဆင်မပြေတော့ဘူး။ကိုကိုစာသင်ပေးနေတဲ့ ကလေးတေလည်း ကျနော်ကို တွေ့ရင် သူတို့ဆရာမပြန်ခဲ့သေးဘူးလား မေးတယ်။အိမ်ပေါ်က ရေအိုးလေးကလည်း ကိုကိုရှိတုန်းကလို ရေပြည့်မနေတော့ဘူး။ရေခမ်းနေတာက ခပ်များများဖြစ်နေပြီ။တံမြက်စည်းလည်း နေ့တိုင်းမလှဲဖြစ်တော့ဘူး။တစ်ပါတ်လောက်မှ တစ်ခါလောက်ပဲ လှဲဖြစ်တော့လို့ တစ်ခါတစ်ခါဆို အိမ်ပေါ်မှာတောင် သဲတေရှပ်နေတတ်တယ်။ညညဆို ကိုကိုကြိုက်လို့ ဖွင့်တတ်တဲ့ သီချင်းသံတေလည်း မကြားရတော့ လွမ်းလာပြီ။
လွမ်းလို်က်တာဗျာ...။
အေမ ချက်ပေးလိုက်တဲ့ ဝက္သားနီခ်က္က ကိုကိုချက်ပေးတာလောက်လည်း မကောင်းဘူး။ထမင်းတေရော ဘာထူးလည်း ။ပွလိုက် မနပ်လိုက်နဲ့ ပတ်ချာကိုလည်လို့။ရေနွေးဆို တည်ကို မတည်ဖြစ်တော့ဘူး။လူက တိုးလာရင်သာ မသိသာတာ။လျော့သွားရင် အရမ်းသိသာတာ ကိုကိုရယ်။အခု ကိုကိုမရှိတဲ့ အိမ်မှာ ကျနော်တစ်ယောက်တည်း နေနေရတာ တအားကို အထီးကျန်နေပြီ။
ဂလွမ် လွမ်
သြော်။အဆင်မပြေပုံများ ထမင်းစားပြီးလို့ ပန်းကန်ဆေးတာတောင် လက်ထဲကလွတ်ကျတယ်။ကိုကိုရှိရင်တော့ နမော်နမဲ့နိုင်ရကောင်းလားဆိုပြီး ပြောမယ်ထင်တယ်။
♥♥♥
Dee~~Dee~~Dee
Dee~~Dee~~Dee
လာပြန်ပြီ။ညကြီးအချိန်မတော်တေ ဖုန်းလာပြန်ပြီ။ နေ့ခင်းတေဆို ဘယ်နားတေမှာ သေနေလို့ ဒီအချိန်ကြီးကျမှ။
ဖုန်းကောက်ကိုင်လိုက်မှ က်သြားတဲ့ ဖုန်းကြောင့် နာရီကြည့်လိုက်တော့ မနက် သုံးနာရီ။ဘယ်သူတေကများ အားအားယားယား ဆက်နေကြသလဲ။
ချထားဖို့ကျန်မှ နောက်တစ်ခါပြန်မြည်လာတဲ့ ဖုန်း။
"ဒီမွာ အဲ့ဘက္က ဘယ်သူလဲတော့မသိဘူး...ဒါလူအိပ်ချိန်နော် လူအိပ်ချိန်...အဲ့ဘက္ကလူမဟုတ္ဘူးလား"
ပြောပစ်လိုက်ပြီ။ ဘာမှမပြောပြန်ဘူး။
"ခေါ်တုန်းကခေါ်ပြီးရင်...ကျစ်..ဖုန်းဘေလ်တေ တအားပေါနေတာလား...ဟုတ္လား"
အဟက်။ကိုယ်ကဦးအောင် ပြောတော့ ပြောစရာစကားတေ ပျောက်သွားတယ်ထင်တယ်။ဆက်စမ်းပါ။သုံးရက်ရှိနေပြီ။သူများတကာ အိပ်ကောင်းပြီဆို ဖုန်းနံပါတ်တစ်နေ့တစ်မျိုးနဲ့ နှစ်ညရှိပြီ ဆက်ဆက်နေတာ။ဘာမှလည်း မပြောဘူး။ဒီညတော့ စိတ်ပေါက်ပေါက်ရှိလှတာနဲ့ ပြောချလိုက်တာ။ခေါ်စမ်း နောက်တစ်ခါ။လန့်သွားအောင် ဆဲပစ်လိုက်မယ်
ထိုစဉ် ကျနော့်ရင်ဘတ်ကြီးတစ်ခုလုံး တုန်ခါသွားစေတဲ့ အသံတစ်ခုထွက်လာခဲ့လေတယ်။
"မောင်"
♥♥♥
3.11.21
Advertisement
- In Serial178 Chapters
Oblivion Online (complete)
Thanks for permission to use the cover by WanderingInPixels over on Deviant Art. As of 12-15-18, the story is finished. I am planning to edit and will release the books as I finish in one big go, but there isn't a timeline on any of that. Marty had a fairly easy life as a cook for Arctic Storm Entertainment headquarters when he gets an offer from the company to try out a new playstyle for their biggest VRMMORPG, Oblivion Online. Follow him as he makes his way through the game as one of the monster races trying to survive against the forces of light. Author's note: I will update every Monday and Friday for sure, with the possibilities of bonus chapters through the week if I get extra writing done. I also did a disservice to several of my characters early on. I'm slowly working through a re-write, but it will be a while as I want to make sure I get it right this time around.
8 161 - In Serial14 Chapters
Chaos Realm; A VRMMO Tale
Gene, the high school student just turned sixteen and is ready to join the chaos realm, an online game(VR) that had been running for the past decade. Thankfully the frontrunners had already posted guides and strategies for the newbies like her to follow through. Unfortunately, she was granted a unique class forcing all the strategies and guides she read to be flushed down the drain. ...Temporary pause...
8 168 - In Serial24 Chapters
Hydar Celestial Imperium
Stellaris "FanMade Novel" A Messiah called to change a backward society that will be involved in wars, sacrifices, purges, slavery to rise as a God among his kind and among the Universe. Development of a species in a society based on evolution through the ages, technologies, traditions, guided by a unique being.
8 181 - In Serial10 Chapters
New To This
His life was destroyed in an instant, leaving him alone with no one by his side. So he starts over with a new name, new personality and one goal in mind, to live life to the fullest.-His life is simple, happy parents, happy friends, happy life, everything is good and everything feels good except or the fact that he holds a secret that no one should ever find out or it would all come to and end.
8 156 - In Serial20 Chapters
The Prototype
A story of a man who, through good intentions and unlucky circumstances, becomes the most wanted criminal on the planet. Hired to a powerful tech company with no background in the field, Nathaniel Hensley has to discover the mysteries that surround him if he has any chance of making it out alive.
8 154 - In Serial37 Chapters
anybody else | wilbur soot fanfiction
they could only ever be best friends. that is until one night they want to be pretend to be somebody else. anybody else in the whole world, and they choose lovers."do you ever just want to be somebody else for a night?" I ask him as he takes another sip of his drink. He makes a face as the alcohol slides down his throat. "All the time, why?""Right now I don't really want to be me." I sigh."Then pick someone else," he shrugs, "Anybody else in the whole world and be them tonight."
8 121

