《ကြၽန္ေတာ့ေယာက္်ား ေရႊညာသား (Completed) ကျွန်တော့ယောက်ျား ရွှေညာသား (Completed)》23 ( Z + U )
Advertisement
Zawgyi
"အခုမွ လူ႐ုပ္သူ႐ုပ္ထြက္ေနတယ္...ဘာၾကံေနတာလား"
"ေျသာ္...မၾကံရပါဘူး ေမာင္မင္းႀကီးသားရယ္...ေရခ်ိဳးတာကို မခ်ိဳးရေတာ့ဘူးလား"
အခုမွ ေရမိုးခ်ိဳးလို႔ၿပီးတာကို လာေျပာေနျပန္ၿပီ။အခုထိကို အကန္ေတခ်ည္း ေျပာတာက မရပ္ေသးဘူး။ေတြ႔တိုင္းေျပာေနတုန္း။
ေရခ်ိဳးၿပီးေတာ့ အားသြင္းထားတဲ့ ဖုန္းကိုျဖဳတ္ယူၿပီး စစ္ရတယ္။ကိုကို႔ကို႐ွာေတြ႔ၿပီဆိုတဲ့ ဆက္သြယ္မႈေလးမ်ား ေတြ႔မလားလို႔။ဒီေန႔လည္း မေတြ႔ျပန္ပါဘူး။
ဟူး.....။ဘယ္ေလာက္ေတာင္မ်ား စိတ္နာသြားလို႔လဲ။
"စားပြဲေပၚမွာ ၾကက္သားစပ္သီးေၾကာ္ တင္ထားခဲ့တယ္...အေမေပးခိုင္းလိုက္တာ...ငါသြားၿပီ"
"ခဏ..ခဏ..ခဏေနဦး"
ျပန္ေတာ့မယ့္သူကို ကပ်ာကယာ တားမိေတာ့ လွည့္ၾကည့္လာတယ္။ေမးစရာ ရိွေသးတယ္။
"မင္း....ဘာမွမဟုတ္ေတာ့ပါဘူး...ရၿပီ"
"က်စ္စ္ ေသာက္႐ူးေကာင္က"
ဝူးခနဲ ေမာင္းထြက္သြားတဲ့ ဆိုင္ကယ္ေနာက္မွာ ဖုန္ေတအေၾကာင္းလိုက္ထလို႔။ခဏခဏ ေမးေနတဲ့ ေမးခြန္းကို ဒီေန႔ေတာ့ မေမးျဖစ္လိုက္ဘူး။ေမးတိုင္းလည္း အေျဖက တစ္မ်ိဳးတည္း ထြက္ေနေတာ့ ထပ္ေမးလည္း အဲ့အေျဖပဲေနမွာ။
သူမသိတာေရာ ျဖစ္ႏိုင္ပါ့မလား။တကယ္လို႔ သူေရာ အဆက္အသြယ္မရဘူးဆိုရင္ ကိုယ့္ကို လာလာေသာင္းက်န္းၿပီး သူကပါ ထြက္႐ွာေနမွာ။အခု သူ႔ပံုစံက ေအးေဆးႀကီး။လူကိုသာဆဲေနတာ ။
သံုးလေက်ာ္သြားၿပီ ကိုကို။မနက္ျဖန္ဆို ကိုကိုထြက္သြားတာ ရက္တစ္ရာျပည့္ၿပီ။အခုထိ သတင္းအစအနေတာင္မရဘူး။ဒီေလာက္ထိ ျဖတ္ထားခဲ့ႏိုင္မယ္လို႔လည္း မထင္ခဲ့မိဘူး။
လမ္းမွာမ်ား အသားေဖြးေဖြးနဲ႔ အရပ္႐ွည္႐ွည္ေယာက္က်ားေလး ျမင္ရင္ ကိုကိုမ်ားလားဆိုၿပီး ေသခ်ာလိုက္ၾကည့္မိတယ္။ကိုကိုမဟုတ္ပါဘူး။ကိုကိုက က်ေနာ့္ကို မုန္းလို႔ပုန္းေနတဲ့သူပဲ ဘယ္ထြက္လာပါ့မလဲ။
ေတြးေနေငးေနရင္းနဲ႔ ေမွာင္စျပဳလာၿပီ။
တစ္ေန႔တစ္ေန႔ ညေရာက္ၿပီဆို ျခံအဝင္ဝကို လွမ္းလွမ္းၾကည့္ရတာအေမာ။ကိုကိုမ်ား ျပန္လာမလားလို႔။မျဖစ္ႏိုင္မွန္းသိတယ္။ေမ်ွာ္လင့္တယ္။
ဟင္.....။ကိုကို
ကိုကိုပါ။ေသခ်ာတယ္။ဒီအရပ္ ဒီေက်ာျပင္က ကိုကိုမွ ကိုကို။
ဒုန္း ဒုန္း ဒုန္း
ေလွကားထစ္ေတကိုေတာင္ အဆင့္ေတေက်ာ္ၿပီး တဒုန္းဒုန္းေျပးဆင္းမိသြားတယ္။
ဟင္။မရိွေတာ့ျပန္ဘူး။
အား....။ျဖစ္ျပန္ျပီ။
ေခါင္းကို ခပ္ၾကမ္းၾကမ္းခါပစ္လိုက္ရတယ္။
ငါဆိုသည္မွာ ျမင္ခ်င္ရာေတ ေလ်ွာက္ျမင္ေနပါေရာလား။ေတြ႔ခ်င္လြန္းအားႀကီးလို႔ထင္ပါရဲ႕။မ်က္စိက ေလ်ွာက္ျမင္ေနမိၿပီ။ၾကည့္ေလ အခု ကိုကို႔ကို မျမင္ရေတာ့ဘူး။တကယ္လို႔ ကိုကိုသာဆိုရင္ ေပ်ာက္သြားမွာမဟုတ္ဘူး။
♥♥♥
Ring~~Ring~~Ring
"Hello....."
". .........."
"ဟုတ္ပါတယ္...."
"............."
"အာ...ဘာေတေျပာေနတာလဲဗ်ာ လူအိပ္ခ်ိန္ႀကီးကို..."
ဘာေတလဲ။ဘာ အမ်ိဳးသမီးလည္း။ဘာမိန္းမေတလဲ။ရိွမွမရိွတဲ့ဟာကို။လူအိပ္ခ်ိန္ႀကီး အိပ္ေကာင္းေနတုန္း ဖုန္းေခၚၿပီး ေျပာစရာ႐ွားလို႔။
"အဲ့ဘက္က ဘယ္သူလဲေတာ့မသိဘူး...ဒါလူအိပ္ခ်ိန္ဗ်...ေနာက္စရာ အခ်ိန္မဟုတ္ဘူး..."
ဒီေလာက္လူေျခတိတ္ အိပ္ေကာင္းေနတဲ့ အခ်ိန္ကို။
".........."
"အား...ဘာေတလဲဗ်ာ...က်ေနာ့မွာ မိန္းမမရိွဘူးဗ်"
အိပ္ခ်င္စိတ္ေတလည္း ေဒါသထြက္ရတာနဲ႔ ဘယ္ေရာက္ကုန္ၿပီလဲ မသိ။ေနာက္စရာ႐ွားလို႔။အိပ္ေနတဲ့ အခ်ိန္ သူမ်ားေၾကာင့္ ႏိုးရတာေလာက္ ေဒါသထြက္တာမရိွဘူး။
". ........"
"ဟမ္...."
တစ္ဖက္ကေျပာလာတာက ေဆးရံုက ဆရာမတဲ့။႐ွင့္အမ်ိဳးသမီး အေရးေပၚအျခအေနမို႔လို႔ ေဆးရံုကို လာေပးပါတဲ့။ေျပာေနတာကလည္း ေနာက္ေနတဲ့ အသံနဲ႔ကမတူဘူး။
"တစ္ဆိတ္ေလာက္ခင္ဗ်...အဲ့ အေရးေပၚျဖစ္ေနတဲ့ တစ္ေယာက္ရဲ႕ နာမည္သိလား...ေျပာစမ္းပါ"
". ........"
"ဟမ္း....ဘာ...ဘာရယ္"
ေတာက္ခ္။
"ဒီမွာ...အဲ့ အမ်ိဳးသမီးက က်ေနာ္နဲ႔ ဘာမွမပတ္သက္ဘူး...ဘယ္ကေန ဘယ္လို ပတ္သက္တယ္လို႔ ထင္ေနလဲေတာ့ မသိေပမယ့္ က်ေနာ္နဲ႔ ပတ္သက္ေနတဲ့ အမ်ိဳးသမီးမဟုတ္ပါဘူး"
". ......"
"အဲ့ဒါ ခင္ဗ်ားတို႔အပိုင္းဗ်ာ...ေနစမ္းပါဦး...သူက ဘာျဖစ္တာလဲ အေရးေပၚရေအာင္"
"..........."
"ဗ်ာ....ဘယ္လို"
ေသြး...ေသြးလြန္ေနတာမို႔လို႔ လူက ေနာက္ဆံုး အခ်ိန္ျဖစ္ေနၿပီတဲ့။ေသြးလြန္ရတဲ့ အေၾကာင္းက ကိုယ့္သေဘာနဲ႔ကိုယ္ ကိုယ္ဝန္ဖ်က္ခ်လို႔ လို႔ ယူဆရတယ္တဲ့။လုပ္ခ်င္တာလုပ္ၿပီး မႏိုင္ေတာ့မွ ေဆးရံုလာပို႔လို႔ မမီွႏိုင္ေတာ့ဖို႔ကမ်ားတယ္တဲ့။
ဘယ္သူရိွရမလဲ။မီႏိုင္း။
"သူ႔ဦးေလးေတ အေဒၚေတရိွတယ္ေလဗ်ာ"
"........."
"က်စ္...မတတ္ႏိုင္ဘူးဗ်ာ...က်ဳပ္မိန္းမလည္း မဟုတ္ဘူး ဒါပဲ"
ဖုန္းခ်ၿပီး စက္ပါပိတ္ပစ္လိုက္တယ္။ေအးေရာ။
ဘယ္ကေန ဘယ္လို ဒီၿမိဳ႕က ေဆးရံုထိ ေရာက္ခ်လာသလဲ မသိ။ဒီေရာက္ေနေၾကာင္းေတာင္ သူ႔အိမ္က သိမွာမဟုတ္။သူ႔ဘာသူ တစ္ေယာက္တည္း လုပ္ခ်င္ရာလုပ္ေနပံု။
ေဆးရံုက ဆရာမေတ ဆရာဝန္ေတကေတာ့ ကိုယ္ဝန္ဖ်က္တာကေန ေသြးလြန္လို႔ ေဆးရံုေရာက္လာတယ္လို႔ ေျပာတယ္။ဆရာဝန္ေတပဲေလ လူနာၾကည့္ရံုနဲ႔ သိမွာပဲ။
ကိုယ္ဝန္ဖ်က္တယ္ဆိုတာ အခန္႔မသင့္ရင္ လူႀကီးအသက္ပါပါႏိုင္တယ္ဆိုတာ မသိေလေရာ့သလား။ကိုယ္ဝန္ကေရာ ဘယ္သူနဲ႔လဲ။ကိုယ္နဲ႔ ေတာ့ မဟုတ္တာက ေသခ်ာတယ္။အခုလည္း တိုးတိုးတိတ္တိတ္ လုပ္ရာကေန အခုလို အေျခအေနထိ ျဖစ္သြားပံုရတယ္။လြန္ခဲ့တဲ့ ႏွစ္လေလာက္ က ေတြ႔ကတည္းက ျဖစ္ေနၿပီေနမယ္။
အဟက္...။ထြဋ္ေခါင္ေျပာတုန္းက မႊန္ေနလို႔ ဘာမွမသိဘူး။အခုေတာ့ သူေျပာတဲ့ အတိုင္းပါပဲလား။ေတာ္ေသးတာေပါ့ ေခြးမက ႏြားပါ ျဖစ္ေတာ့မလို႔။
လူေလးနဲ႔မွမလိုက္။ဘာေတမ်ားလုပ္ေနရလဲ ။အခုေတာ့ အသက္မေသရင္ေတာင္ အ႐ွက္တကြဲ အက်ိဳးနည္းက ျဖစ္ရၿပီ။သူ႔ဦးေလး လင္မယားက သနားစရာ။
ဒီလို အေျခအေနမွာေတာင္ လူကိုလာႏႊယ္ေနေသးတာ။တစ္ဖက္သားကို မစာနာတာေတာ့မဟုတ္။သနားမိလို႔ ကူညီေပးလိုက္မိ၊လိုက္ေလ်ာေပးလိုက္မိရင္ ေနာက္ထပ္ကိုကို႔အေပၚ အမွားေတ က်ဴးလြန္မိလိမ့္မယ္။
ဟင္း...။မ်က္လံုးက က်ယ္သြားျပန္ၿပီ။အိပ္လို႔က ရမွာမဟုတ္ေတာ့ဘူး။
လြမ္းလိုက္တာ ကိုကိုရယ္။လြမ္းလိုက္တာဗ်။
♥♥♥
"ဗ်ိဳ႕ အရီးၫြန္႔...အရီးၫြန္႔"
Advertisement
"လာၿပီ လာၿပီ"
"ဟိုေကာင္မရိွဘူးလား အရီး...ဘယ္သြားတာလဲ"
"ဟဲ့ငါဘယ္သိမွာတုန္း...သူက ငါ့လည္းေျပာသြားတာမွမဟုတ္တာ"
ေနပါဦး။အရီးၫြန္႔ ဘာျဖစ္ေနတာလဲ။တစ္ခုခုကို မလံုမလဲဖစ္ေနသလိုမ်ိဳး။
"အရီးၫြန္႔...ဘာျဖစ္ေနတာလဲ"
"ငါ ဘာျဖစ္လို႔တုန္း"
"မသိပါဘူး...တစ္ခုခုေတာ့ တစ္ခုခုပဲေနာ္ အရီး"
"ဘာတစ္ခုခုလဲ...နင္နဲ႔လည္း တကတည္းမွာ"
"ဟုတ္ပါၿပီ....ထြဋ္ေခါင္ျပန္လာေအာင္ေစာင့္ေနလိုက္မယ္"
"ဟဲ့ ဟဲ့ ဘယ္တုန္း....ဘယ္တုန္း"
"အိမ္ေပၚတက္မလို႔ေလဗ်ာ"
အိမ္ေပၚေတာင္ေရာက္ေတာ့မယ္။ေလွကားေတာင္ တက္ၿပီးေနၿပီကို ေ႐ွ႕တည့္တည့္က လာပိတ္ရပ္ေနတဲ့ အရီးၫြန္႔။မဟုတ္ေသးပါဘူး။ဒီသားအမိေတ ဟုတ္ကိုမဟုတ္ဘူး။အရင္ကလည္း အိမ္ေပၚ ဝင္ထြက္ေနတာကို ။
"ေအာက္မွာပဲ ေစာင့္ေလ...နင့္သူငယ္ခ်င္းက ျပန္ခဲ့ေတာ့မွာကို အေပၚမွာ ပူကပူနဲ႔"
"အရီး...."
"ကဲ..သြားပါ...ငါလည္း အိမ္ေပၚမွာ မေနႏိုင္ဘူး..ပူလုို႔"
"အရီးေနာ္..."
"သြားပါဆိုဟယ္...နင္ကလည္းေျပာရခက္တာ"
မေက်နပ္ဘူး။ မေက်နပ္ႏိုင္ဘူး။လူကို အိမ္ေပၚေတာင္ အတက္မခံႏိုင္ရေအာင္ ဘာေတမ်ားျဖစ္ေနလို႔လဲ။
"မွတ္ထားေနာ္ အရီး...က်ေနာ့ ေယာက္်ားကို အိမ္ျပန္ေခၚလာႏိုင္တဲ့ အခါက်ရင္ အရီးတို႔ကို အိမ္ကို အလာမခံဘူး"
"အမယ္ေလး...နင့္ေယာက္်ားကို ေတြ႔ေအာင္ အရင္႐ွာစမ္းပါ..."
"ကိုကိုက အပုန္းေကာင္းတယ္ဗ်...အခုထိကို သတင္း အစအနေတာင္မရဘူး"
အရီးၫြန္႔ကို ေျပာရင္းနဲ႔ ကိုကို႔ကို လြမ္းတဲ့ စိတ္က ေပၚလာရျပန္တယ္။ဒီေန႔အတြက္လည္း ေျပာမျပတတ္ေအာင္ လြမ္းတယ္ဗ်ာ။
♥♥♥
'ကိုကိုေရ ပုန္းမေနပါနဲ႔ေတာ့ဗ်ာ ၊ ဖုန္းနံပါတ္ကဆက္သြယ္လို႔မရေတာ့ေပမယ့္ တစ္ေနရာရာကေန ဒီစာကိုေတာ့ ျမင္မယ္ထင္တယ္ ၊ က်ေနာ္ေလ ကိုကို႔ကို ေက်နပ္ေအာင္ထိ ေတာင္းပန္မွာမို႔ ကိုကို ေနာက္ဆံုးတစ္ေခါက္ေလာက္ပဲျဖစ္ျဖစ္ အခြင့္အေရးေပးပါဦး ၊ လုပ္ခဲ့မိသမ်ွ အျပစ္ေတအတြက္ က်ေနာ့ကို ဒဏ္ခတ္ဖို႔ ျပန္လာခဲ့ပါဦး။'
Yan Phyo Maung
ကိုကိုနဲ႔ ႏွစ္ေယာက္အတူ ႐ိုက္ထားတဲ့ ပံုေလးကို ပါထည့္ၿပီး post ဆိုတာေလးကို ႏိွပ္လိုက္တယ္။ကိုကို ျမင္ပါေစ။ဆို႐ွယ္မီဒီယာ မွာ active မျဖစ္ေတာ့တဲ့ account ေလးကေနမဟုတ္ဘဲ တျခား account ကေန ကိုကိုျမင္ပါေစ။သနားေသာအားျဖင့္ ေနာက္ဆံုးအေနနဲ႔ အခြင့္အေရး ေပးလွည့္ပါဦး ကိုကို။
♥♥♥
3.11.21
ေရးရတာ ေပၚလြင္ေအာင္မေရးႏိုင္ဘူးလို႔ ခံစားေနရတယ္။ေထာက္ေနရင္ ေျပာေပးၾကေနာ္။
♥♥♥♥♥♥♥♥♥♥♥♥♥♥
Unicode
"အခုမွ လူရုပ်သူရုပ်ထွက်နေတယ်...ဘာကြံနေတာလား"
"သြော်...မကြံရပါဘူး မောင်မင်းကြီးသားရယ်...ရေချိုးတာကို မချိုးရတော့ဘူးလား"
အခုမွ ရေမိုးချိုးလို့ပြီးတာကို လာပြောနေပြန်ပြီ။အခုထိကို အကန်တေချည်း ပြောတာက မရပ်သေးဘူး။တွေ့တိုင်းပြောနေတုန်း။
ရေချိုးပြီးတော့ အားသွင်းထားတဲ့ ဖုန်းကိုဖြုတ်ယူပြီး စစ်ရတယ်။ကိုကို့ကိုရှာတွေ့ပြီဆိုတဲ့ ဆက်သွယ်မှုလေးများ တွေ့မလားလို့။ဒီနေ့လည်း မတွေ့ပြန်ပါဘူး။
ဟူး.....။ဘယ်လောက်တောင်များ စိတ်နာသွားလို့လဲ။
"စားပွဲပေါ်မှာ ကြက်သားစပ်သီးကြော် တင်ထားခဲ့တယ်...အမေပေးခိုင်းလိုက်တာ...ငါသွားပြီ"
"ခဏ..ခဏ..ခဏေနဦး"
ပြန်တော့မယ့်သူကို ကပ်ာကယာ တားမိတော့ လှည့်ကြည့်လာတယ်။မေးစရာ ရှိသေးတယ်။
"မင်း....ဘာမှမဟုတ်တော့ပါဘူး...ရပြီ"
"ကျစ်စ် သောက်ရူးကောင်က"
ဝူးခနဲ မောင်းထွက်သွားတဲ့ ဆိုင်ကယ်နောက်မှာ ဖုန်တေအကြောင်းလိုက်ထလို့။ခဏခဏ မေးနေတဲ့ မေးခွန်းကို ဒီနေ့တော့ မမေးဖြစ်လိုက်ဘူး။မေးတိုင်းလည်း အဖြေက တစ်မျိုးတည်း ထွက်နေတော့ ထပ်မေးလည်း အဲ့အဖြေပဲနေမှာ။
သူမသိတာရော ဖြစ်နိုင်ပါ့မလား။တကယ်လို့ သူရော အဆက်အသွယ်မရဘူးဆိုရင် ကိုယ့်ကို လာလာသောင်းကျန်းပြီး သူကပါ ထွက်ရှာနေမှာ။အခု သူ့ပုံစံက အေးဆေးကြီး။လူကိုသာဆဲနေတာ ။
သုံးလကျော်သွားပြီ ကိုကို။မနက်ဖြန်ဆို ကိုကိုထြက္သြားတာ ရက်တစ်ရာပြည့်ပြီ။အခုထိ သတင်းအစအနတောင်မရဘူး။ဒီလောက်ထိ ဖြတ်ထားခဲ့နိုင်မယ်လို့လည်း မထင်ခဲ့မိဘူး။
လမ်းမှာများ အသားဖွေးဖွေးနဲ့ အရပ်ရှည်ရှည်ယောက်ကျားလေး မြင်ရင် ကိုကိုများလားဆိုပြီး သေချာလိုက်ကြည့်မိတယ်။ကိုကိုမဟုတ်ပါဘူး။ကိုကိုက ကျနော့်ကို မုန်းလို့ပုန်းနေတဲ့သူပဲ ဘယ္ထြက္လာပါ့မလဲ။
တွေးနေငေးနေရင်းနဲ့ မှောင်စပြုလာပြီ။
တစ်နေ့တစ်နေ့ ညရောက်ပြီဆို ခြံအဝင်ဝကို လှမ်းလှမ်းကြည့်ရတာအမော။ကိုကိုများ ပြန်လာမလားလို့။မဖြစ်နိုင်မှန်းသိတယ်။မျှော်လင့်တယ်။
ဟင်.....။ကိုကို
ကိုကိုပါ။သေချာတယ်။ဒီအရပ် ဒီကျောပြင်က ကိုကိုမွ ကိုကို။
ဒုန်း ဒုန်း ဒုန်း
လှေကားထစ်တေကိုတောင် အဆင့်တေကျော်ပြီး တဒုန်းဒုန်းပြေးဆင်းမိသွားတယ်။
ဟင်။မရှိတော့ပြန်ဘူး။
အား....။ဖြစ်ပြန်ပြီ။
ခေါင်းကို ခပ်ကြမ်းကြမ်းခါပစ်လိုက်ရတယ်။
ငါဆိုသည်မှာ မြင်ချင်ရာတေ လျှောက်မြင်နေပါရောလား။တွေ့ချင်လွန်းအားကြီးလို့ထင်ပါရဲ့။မျက်စိက လျှောက်မြင်နေမိပြီ။ကြည့်လေ အခု ကိုကို့ကို မမြင်ရတော့ဘူး။တကယ်လို့ ကိုကိုသာဆိုရင် ပျောက်သွားမှာမဟုတ်ဘူး။
♥♥♥
Ring~~Ring~~Ring
"Hello....."
". .........."
"ဟုတ်ပါတယ်...."
"............."
"အာ...ဘာတေပြောနေတာလဲဗျာ လူအိပ်ချိန်ကြီးကို..."
ဘာတေလဲ။ဘာ အမျိုးသမီးလည်း။ဘာမိန်းမတေလဲ။ရှိမှမရှိတဲ့ဟာကို။လူအိပ်ချိန်ကြီး အိပ်ကောင်းနေတုန်း ဖုန်းခေါ်ပြီး ပြောစရာရှားလို့။
"အဲ့ဘက္က ဘယ်သူလဲတော့မသိဘူး...ဒါလူအိပ်ချိန်ဗျ...နောက်စရာ အချိန်မဟုတ်ဘူး..."
ဒီလောက်လူခြေတိတ် အိပ်ကောင်းနေတဲ့ အချိန်ကို။
".........."
"အား...ဘာတေလဲဗျာ...ကျနော့မှာ မိန်းမမရှိဘူးဗျ"
အိပ်ချင်စိတ်တေလည်း ဒေါသထွက်ရတာနဲ့ ဘယ်ရောက်ကုန်ပြီလဲ မသိ။နောက်စရာရှားလို့။အိပ်နေတဲ့ အချိန် သူများကြောင့် နိုးရတာလောက် ဒေါသထွက်တာမရှိဘူး။
Advertisement
". ........"
"ဟမ်...."
တစ်ဖက်ကပြောလာတာက ဆေးရုံက ဆရာမတဲ့။ရှင့်အမျိုးသမီး အရေးပေါ်အခြအနေမို့လို့ ဆေးရုံကို လာပေးပါတဲ့။ပြောနေတာကလည်း နောက်နေတဲ့ အသံနဲ့ကမတူဘူး။
"တစ်ဆိတ်လောက်ခင်ဗျ...အဲ့ အရေးပေါ်ဖြစ်နေတဲ့ တစ်ယောက်ရဲ့ နာမည်သိလား...ပြောစမ်းပါ"
". ........"
"ဟမ်း....ဘာ...ဘာရယ်"
တောက်ခ်။
"ဒီမွာ...အဲ့ အမျိုးသမီးက ကျနော်နဲ့ ဘာမွမပတ္သက္ဘူး...ဘယ္ကေန ဘယ္လို ပတ်သက်တယ်လို့ ထင်နေလဲတော့ မသိပေမယ့် ကျနော်နဲ့ ပတ်သက်နေတဲ့ အမျိုးသမီးမဟုတ်ပါဘူး"
". ......"
"အဲ့ဒါ ခင်ဗျားတို့အပိုင်းဗျာ...နေစမ်းပါဦး...သူက ဘာဖြစ်တာလဲ အရေးပေါ်ရအောင်"
"..........."
"ဗ်ာ....ဘယ္လို"
သွေး...သွေးလွန်နေတာမို့လို့ လူက နောက်ဆုံး အချိန်ဖြစ်နေပြီတဲ့။သွေးလွန်ရတဲ့ အကြောင်းက ကိုယ့်သဘောနဲ့ကိုယ် ကိုယ်ဝန်ဖျက်ချလို့ လို့ ယူဆရတယ်တဲ့။လုပ်ချင်တာလုပ်ပြီး မနိုင်တော့မှ ဆေးရုံလာပို့လို့ မမှီနိုင်တော့ဖို့ကများတယ်တဲ့။
ဘယ်သူရှိရမလဲ။မီနိုင်း။
"သူ့ဦးလေးတေ အဒေါ်တေရှိတယ်လေဗျာ"
"........."
"ကျစ်...မတတ်နိုင်ဘူးဗျာ...ကျုပ်မိန်းမလည်း မဟုတ္ဘူး ဒါပဲ"
ဖုန်းချပြီး စက်ပါပိတ်ပစ်လိုက်တယ်။အေးရော။
ဘယ္ကေန ဘယ္လို ဒီမြို့က ဆေးရုံထိ ရောက်ချလာသလဲ မသိ။ဒီရောက်နေကြောင်းတောင် သူ့အိမ်က သိမှာမဟုတ်။သူ့ဘာသူ တစ်ယောက်တည်း လုပ်ချင်ရာလုပ်နေပုံ။
ဆေးရုံက ဆရာမေတ ဆရာဝန်တေကတော့ ကိုယ်ဝန်ဖျက်တာကနေ သွေးလွန်လို့ ဆေးရုံရောက်လာတယ်လို့ ပြောတယ်။ဆရာဝန်တေပဲလေ လူနာကြည့်ရုံနဲ့ သိမွာပဲ။
ကိုယ်ဝန်ဖျက်တယ်ဆိုတာ အခန့်မသင့်ရင် လူကြီးအသက်ပါပါနိုင်တယ်ဆိုတာ မသိလေရော့သလား။ကိုယ်ဝန်ကရော ဘယ်သူနဲ့လဲ။ကိုယ်နဲ့ တော့ မဟုတ္တာက သေချာတယ်။အခုလည်း တိုးတိုးတိတ်တိတ် လုပ်ရာကနေ အခုလို အခြေအနေထိ ဖြစ်သွားပုံရတယ်။လွန်ခဲ့တဲ့ နှစ်လလောက် က တွေ့ကတည်းက ဖြစ်နေပြီနေမယ်။
အဟက်...။ထွဋ်ခေါင်ပြောတုန်းက မွှန်နေလို့ ဘာမှမသိဘူး။အခုတော့ သူပြောတဲ့ အတိုင်းပါပဲလား။တော်သေးတာပေါ့ ခွေးမက နွားပါ ဖြစ်တော့မလို့။
လူလေးနဲ့မှမလိုက်။ဘာတေများလုပ်နေရလဲ ။အခုတော့ အသက်မသေရင်တောင် အရှက်တကွဲ အကျိုးနည်းက ဖြစ်ရပြီ။သူ့ဦးလေး လင်မယားက သနားစရာ။
ဒီလို အခြေအနေမှာတောင် လူကိုလာနွှယ်နေသေးတာ။တစ်ဖက်သားကို မစာနာတာတော့မဟုတ်။သနားမိလို့ ကူညီပေးလိုက်မိ၊လိုက်လျောပေးလိုက်မိရင် နောက်ထပ်ကိုကို့အပေါ် အမှားတေ ကျူးလွန်မိလိမ့်မယ်။
ဟင်း...။မျက်လုံးက ကျယ်သွားပြန်ပြီ။အိပ်လို့က ရမှာမဟုတ်တော့ဘူး။
လွမ်းလိုက်တာ ကိုကိုရယ်။လွမ်းလိုက်တာဗျ။
♥♥♥
"ဗျို့ အရီးညွန့်...အရီးညွန့်"
"လာပြီ လာပြီ"
"ဟိုကောင်မရှိဘူးလား အရီး...ဘယ္သြားတာလဲ"
"ဟဲ့ငါဘယ်သိမှာတုန်း...သူက ငါ့လည်းပြောသွားတာမှမဟုတ်တာ"
နေပါဦး။အရီးညွန့် ဘာဖြစ်နေတာလဲ။တစ်ခုခုကို မလုံမလဲဖစ်နေသလိုမျိုး။
"အရီးညွန့်...ဘာဖြစ်နေတာလဲ"
"ငါ ဘာဖြစ်လို့တုန်း"
"မသိပါဘူး...တစ်ခုခုတော့ တစ်ခုခုပဲနော် အရီး"
"ဘာတစ္ခုခုလဲ...နင်နဲ့လည်း တကတည်းမှာ"
"ဟုတ်ပါပြီ....ထွဋ်ခေါင်ပြန်လာအောင်စောင့်နေလိုက်မယ်"
"ဟဲ့ ဟဲ့ ဘယ်တုန်း....ဘယ်တုန်း"
"အိမ်ပေါ်တက်မလို့လေဗျာ"
အိမ်ပေါ်တောင်ရောက်တော့မယ်။လှေကားတောင် တက်ပြီးနေပြီကို ရှေ့တည့်တည့်က လာပိတ်ရပ်နေတဲ့ အရီးညွန့်။မဟုတ်သေးပါဘူး။ဒီသားအမိတေ ဟုတ်ကိုမဟုတ်ဘူး။အရင်ကလည်း အိမ်ပေါ် ဝင်ထွက်နေတာကို ။
"အောက်မှာပဲ စောင့်လေ...နင့်သူငယ်ချင်းက ပြန်ခဲ့တော့မှာကို အပေါ်မှာ ပူကပူနဲ့"
"အရီး...."
"ကဲ..သြားပါ...ငါလည်း အိမ်ပေါ်မှာ မနေနိုင်ဘူး..ပူလို့"
"အရီးနော်..."
"သွားပါဆိုဟယ်...နင်ကလည်းပြောရခက်တာ"
မေက်နပ္ဘူး။ မကျေနပ်နိုင်ဘူး။လူကို အိမ်ပေါ်တောင် အတက်မခံနိုင်ရအောင် ဘာတေများဖြစ်နေလို့လဲ။
"မှတ်ထားနော် အရီး...ကျနော့ ယောက်ျားကို အိမ်ပြန်ခေါ်လာနိုင်တဲ့ အခါကျရင် အရီးတို့ကို အိမ္ကို အလာမခံဘူး"
"အမယ်လေး...နင့်ယောက်ျားကို တွေ့အောင် အရင်ရှာစမ်းပါ..."
"ကိုကိုက အပုန်းကောင်းတယ်ဗျ...အခုထိကို သတင်း အစအနတောင်မရဘူး"
အရီးညွန့်ကို ပြောရင်းနဲ့ ကိုကို့ကို လွမ်းတဲ့ စိတ္က ပေါ်လာရပြန်တယ်။ဒီနေ့အတွက်လည်း ပြောမပြတတ်အောင် လွမ်းတယ်ဗျာ။
♥♥♥
'ကိုကိုရေ ပုန်းမနေပါနဲ့တော့ဗျာ ၊ ဖုန်းနံပါတ်ကဆက်သွယ်လို့မရတော့ပေမယ့် တစ်နေရာရာကနေ ဒီစာကိုတော့ မြင်မယ်ထင်တယ် ၊ ကျနော်လေ ကိုကို့ကို ကျေနပ်အောင်ထိ တောင်းပန်မှာမို့ ကိုကို နောက်ဆုံးတစ်ခေါက်လောက်ပဲဖြစ်ဖြစ် အခွင့်အရေးပေးပါဦး ၊ လုပ်ခဲ့မိသမျှ အပြစ်တေအတွက် ကျနော့ကို ဒဏ်ခတ်ဖို့ ပြန်လာခဲ့ပါဦး။'
Yan Phyo Maung
ကိုကိုနဲ့ နှစ်ယောက်အတူ ရိုက်ထားတဲ့ ပုံလေးကို ပါထည့်ပြီး post ဆိုတာလေးကို နှိပ်လိုက်တယ်။ကိုကို မြင်ပါစေ။ဆိုရှယ်မီဒီယာ မွာ active မဖြစ်တော့တဲ့ account လေးကနေမဟုတ်ဘဲ တျခား account ကေန ကိုကိုမြင်ပါစေ။သနားသောအားဖြင့် နောက်ဆုံးအနေနဲ့ အခွင့်အရေး ပေးလှည့်ပါဦး ကိုကို။
♥♥♥
3.11.21
ရေးရတာ ပေါ်လွင်အောင်မရေးနိုင်ဘူးလို့ ခံစားနေရတယ်။ထောက်နေရင် ပြောပေးကြနော်။
Advertisement
- In Serial114 Chapters
Sir Crabby (Progression Litrpg)
It was just another day at the coast when a life was changed forever. What started as a prank for a young girl resulted in the elevation of a crabs existence. Now, wrenched from it's happy life at the beach, the crab..... HAS AWAKENED. Sir Crabby, a mundane Ghost Crab, finds himself thrust into sapience. Into a world filled with creatures both mundane and magical, a world where Evil lurks beneath the waves. Join Sir Crabby as he travels beneath the ocean; discovering power, adventuring forth and searching for his young friend as he's thrust into the Eternal Conflict of Arthos. Reviewer's rave: "It's like Thundercats, but with crabs." Release Schedule: Currently MWF, with a return to M-F within the coming weeks. This is my first novel, and I'd love any feedback.
8 161 - In Serial11 Chapters
The Exiles return
Humans in the Holy realm are a fallen race, they are discriminated against, enslaved and are over all, looked down upon. And some of their race, mostly the royalty and nobility, are exiled long ago, to the great void, never to be seen again. But when a transmission from across the great void reaches the ears of the Elven queen, because of her curiosity, she decides to respond to it and invites the ones that are transmitting the signals, to the Elven realm. The transmitters are enthusiastic as they’ve been searching for life outside their galaxy, and with the technology capable of travelling between galaxies recently became possible, they accepted the invitation. A first contact made outside the Milkdromeda galaxy, by the Terran republic, and the Elven realm.
8 146 - In Serial6 Chapters
The Single Lightning Elemental Magus
Lear-bane H. Selverbern is born in a world of magic, but there is a twist in such a fantasy world. In his world, every 5 years people as young as 14 years old must fight (And most died due to severe injuries) with other countries' magicians with their magic. Lear-Bane volunteers to participate in such a violent and death-taking game. Read as he utilizes his power to dominate everything we know.Read as Lear-Bane will challenge even the whole world to protect those he cares about, all in the hope of accomplishing his dreams, creating a better place, even if he have to make the world suffer and hates him first....---------------------------------------------------------------------------------------------------------------------------------------------------If there is anything that need clarification, just write it in the comments and i'll explain. Thank You. (Art work not done by me, i do not own copyrights of art-work)
8 104 - In Serial14 Chapters
The ascendance of the "Emperor of Darkness"
A high school student who suddenly transported into another world after answering the mysterious survey questions in all [Yes].
8 238 - In Serial26 Chapters
Behind Each Smile
We follow a group of mercenaries in a Europe ravaged by the Last Great War. These heroes are Unknowns, people who were born or have lost their identity during this conflict.They work mostly as mercenaries with nothing else to lose for the various factions that have risen from the world's ashes. We follow the Grinning Devil and Khutulun, two Unknowns, in their journey to bring a child, Evelyne, from Europe all the way to Japan. We shall explore a new world where Nations are replaced by Poleis, and Humans by Machine, though some of them have taken a different approach. A world where evil and good is just a question of prospective and where being alive makes right. I welcome you to the World of 2062, may it be kind to you, for it has not been on others.
8 102 - In Serial27 Chapters
Cocaine Rose (Urban)
When Heaven's dad is brutally murdered and the only man she's ever loved falls into the arms of another woman her world seems to be crashing down. A move to Atlanta seems to be a new start but Heaven soon finds herself in a love affair that she is unable to shake and she soon finds herself figuring out that Love is like a drug, it can bring you high and it can have you low. But once love has set out to get you there's nothing you can say... Or do
8 106

