《ကြၽန္ေတာ့ေယာက္်ား ေရႊညာသား (Completed) ကျွန်တော့ယောက်ျား ရွှေညာသား (Completed)》22 (Z + U)
Advertisement
Zawgyi
"ေျသာ...ေမာင္ရင္ လာထိုင္...ေမ့ေတာင္ေမ့ၿပီကြယ္"
"အာ ဟုတ္ကဲ့"
"ထိုင္ဦးကြြဲ႔...မိန္းမေရ ေရေႏြးၾကမ္းေလး လာခ်ေပးပါဦးဟ"
"႐ုတ္တရက္ႀကီး ေပ်ာက္ခ်သြားတာ...ဆိုစမ္းပါဦး ဘာေတလုပ္ေနလို႔ ေပ်ာက္ေနရတာလဲလို႔"
"အာ...က်ေနာ့္ကိုယ္ေရးကိုယ္တာ ကိစၥပါ"
ထိုစဥ္ လင္ဗန္းတစ္ခုထဲကို ေရေႏြးၾကမ္းေသာက္တဲ့ ခြက္ေသးေသးေလးေတရယ္ ေရေႏြး ကရားအိုးေလးရယ္ထည့္လို႔ ယူလာတဲ့ ဦးမုန္ ဇနီး။ေနာက္ပါးကို ေဝ့ဝဲ႐ွာမိတယ္။ခုနက အိမ္ထဲဝင္လာေတာ့လည္း မေတြ႔မိဘူး။
"ေစ်းက ဆက္မေရာင္းေတာ့ဘူးလား ငါ့တူ...အခုလည္း ဘာမွမပါဘူး"
"ဟုတ္ကဲ့ ေစ်းက ဆက္မေရာင္းေတာ့ပါဘူး...အခုက ရစရာရိွတာေလးေတေတာင္းရင္းနဲ႔... "
"ေအး...ေစ်းသည္အသစ္ေတာ့ဝင္တယ္ကြဲ႔...အဆင္ေျပပါတယ္"
"ဟုတ္ကဲ့...ဒါနဲ႔ေလ...မီႏိုင္းေရာ ဘယ္သြားလဲမသိဘူး"
"ဟဲ့...႐ွင္းထန္...မင္းတူမဘယ္သြားေနတုန္း...ဒီေကာင္မေလး အခုတေလာ လမ္းမ်ားေနတယ္ေနာ္ ေပ်ာက္ေပ်ာက္သြားတယ္"
"မသိဘူးေနာ္...ငါ့ကိုလည္း မေျပာသြားဘူး နင့္တူမက"
"အဲ့လိုပဲကြ မင္းညီမက ဘာမွမေျပာဘဲ ေပ်ာက္ေပ်ာက္သြားတာ ၾကာၿပီ"
"ေျသာ္...သူလည္း သူ႔သြားစရာရိွလို႔ေနမွာေပါ့"
"ေအးကြယ္..ေခတ္လူငယ္ေတမ်ား သြားစရာတယ္မ်ားတာ"
သူတို႔လင္မယားကေတာ့ သူတို႔တူမနဲ႔ ကိုယ္နဲ႔ ပတ္သက္ရာ ပတ္သက္ေၾကာင္းကို မသိဘဲကိုး။အေဖအေမအရင္းလည္း မရိွ႐ွာေတာ့ အလိုလိုက္ထားတာေနမွာေပါ့။႐ွက္လည္း ႐ွက္ပါရဲ႕။ညညဆို သူ႔တူမနဲ႔ ကိုယ္နဲ႔ ကလူးေနၾကတာကို ႐ိုး႐ိုးသားသား သူတို႔လင္မယားကေတာ့ သတိမထားမိ႐ွာဘူး။တစ္ေနကုန္ အလုပ္လုပ္လို႔ ပင္ပန္းထားေတာ့ ေစာေစာအနားယူၾကေတာ့ ကိုယ့္အတြက္က အဆင္သင့္ေနတယ္ေျပာရမလား။႐ွက္စရာေကာင္းလိုက္တဲ့ အေၾကာင္းတရားေတပဲ။
"ဟုတ္ကဲ့ ဒါဆို က်ေနာ္ရြာထဲလွည့္လိုက္ဦးမယ္..ရစရာေလးေတရိွေသးလို႔"
"ေအးေအး...မိန္းမ မင္းတူမကို ဖုန္းဆက္စမ္း"
က်ေနာ္ထြက္လာလိုက္ေတာ့ ေနာက္ကေန ဖုန္းဆက္ခိုင္းသံၾကားရတယ္။႐ုတ္တရက္ႀကီး အဆက္အသြယ္ျဖတ္ခ်ထားတဲ့အေပၚ သူ႔ဘက္ကလည္း ဆက္သြယ္လာတာ မရိွခဲ့ဘူး။ဆက္သြယ္ေနေစခ်င္လို႔ ေျပာတာမဟုတ္ဘူး။သူနဲ႔ ကိုယ္နဲ႔ ပတ္သက္မႈက ႐ိုး႐ိုးသားသားမွ မဟုတ္ခဲ့ဘဲ။
ကိုကို႔ကို ထြက္သြားေစခဲ့တဲ့ အဓိကအေၾကာင္းအရင္း ျဖစ္လာေစတဲ့ ဒီေျမေပၚကိုိ က်ေနာ္ေရာက္လာခဲ့ရျပန္ၿပီ ကိုကို။ဒီတစ္ခါေတာ့ အရင္တုန္းေတကလို အေၾကာင္းတရားေတနဲ႔ မဟုတ္ဘူး။ဒီတစ္ခါေရာက္ခဲ့တာက ျပတ္သားဖို႔။ဒီကျပန္ရင္ တျခားအလုပ္ ႐ွာလုပ္ရင္း ကိုကို႔ကို လာ႐ွာမယ္။မေမ်ွာ္လင့္ရဲေပမယ့္ အျပစ္ေတကို အခ်စ္ေတနဲ႔ ေက်ေအာင္ဆပ္ခ်င္ေသးတယ္။ကိုကို အားရေအာင္ ပုန္းထားပါ။ က်ေနာ္ လာ႐ွာမွာမို႔။
♥♥♥
"ကိုကို ေရာက္ေနတယ္ဆိုလို႔...ကိုကိုေနာ္..ေပ်ာက္ေနတာၾကာလွၿပီ"
"အင္း..ဒီလိုပဲ ကိစၥေလးေတရိွလို႔"
"လြမ္းေနတာ..ကိုိကုို႔ကို...ဟင္"
"ေနဦး...အစ္ကိုေျပာစရာရိွတယ္...အဲ့ဒါေျပာခ်င္လို႔ လာခဲ့တာ"
"ဘာေျပာဖို႔လဲ ကိုကိုရဲ႕..."
"ကိုယ္တို႔ေတ ဒီဆက္ဆံေရးႀကီးကို အဆံုးသတ္ၾကရေအာင္"
"ဘယ္လို"
"ဟုတ္တယ္ မီႏိုင္း...အစ္ကိုတို႔ ဆက္မပတ္သက္ဘဲ ေနၾကရေအာင္"
"ဘာေတေျပာေနတာလဲ ကိုကို...မီႏိုင္းလက္မခံဘူးေနာ္"
ခက္တယ္။ေျပာရခက္တယ္။ဒီေကာင္မေလး တအားရဲတင္းလြန္းလို႔လဲ ဒီအဆင့္ထိ ေရာက္ခဲ့တာ။လက္ခုပ္ဆိုတာ ႏွစ္ဖက္တီးမွျမည္တာ။ကိုယ့္ဘက္က ႏြယ္ခ်င္ေနရင္ေတာင္ သူ႔ဘက္က တားဆီးခဲ့ရဦးမွာမလား။အခုေတာ့ ရမၼက္ ကြၽန္ႀကီး ကိုယ့္ကို သူကလည္း လိုလိုလားလား ဖိတ္ေခၚခဲ့တာ။
"ဒီမွာ..အစ္ကိုေျပာျပမယ္...အစ္ကိုက အိမ္ေထာင္ရိွတယ္ဆိုတာ မီႏိုင္း သိတယ္မလား"
"သိသားပဲ"
"အစ္ကို႔အမ်ိဳးသားကို အစ္ကိုက တအားခ်စ္တာ...အကုန္လံုးထက္ပိုခ်စ္တာ...အစ္ကို႔အမ်ိဳးသားနဲ႔ ဘယ္အရာမွ မလဲႏိုင္ဘူး...အစ္ကို႔ဘဝမွာ အစ္ကို႔အမ်ိဳးသားက နံပါတ္တစ္ပဲ"
"ဘာလဲ ကိုကို...ကိုကို႔ေယာက္်ားသိသြားလို႔ လား...ဟုတ္လား"
"သိသြားရံုတင္မဟုတ္ဘူး...သူ အစ္ကို႔ဘဝထဲကပါ ထြက္သြားခဲ့တာ...အစ္ကို႔အျပစ္ေတေၾကာင့္ သူထြက္သြားခဲ့တာ"
"အိုး...ကိုကိုကမွ လံုေအာင္မဖံုးႏိုင္ခဲ့ဘဲ"
"ဟုတ္တယ္...လံုေအာင္မဖံုးႏိုင္ခဲ့ဘူး...မဟုတ္ဘူး...လုပ္ကိုမလုပ္သင့္ခဲ့တာကို လုပ္ခဲ့မိတာ"
"အဲ့ေတာ့..."
"အဲ့ေတာ့ မီႏိုင္းနဲ႔ အစ္ကိုနဲ႔ ဆက္ဆံေရးက္ို အဆံုးသတ္မလို႔ လာခဲ့တာ...နားလည္မယ္ထင္တယ္"
"နားမလည္ဘူးကိုိကုိ...ကိုကို မီႏိုင္းကို သေဘာမက်ဘူးလား"
"မဟုတ္ဘူး...မဟုတ္ဘူးမီႏိုင္း...မင္းေရာ ငါေရာ လူမဆန္တဲ့ အလုပ္ကို လုပ္ခဲ့တာ အဲ့ဒါမင္းသိလား"
"အို..ဘာမွမသိဘူး...ကိုကိုနဲ႔ မျပတ္ခ်င္တာပဲသိတယ္"
ဘယ္ျပတ္လို႔ျဖစ္မွာလဲ ကိုကိုရယ္။ဒီလိုအခ်ိန္မွာမွ ကိုကိုက ေရာက္လာခဲ့တာပဲ။လက္မလႊတ္ႏိုင္ဘူး ကိုကို။
"အစ္ကို႔ဘက္ကေတာ့ ျပတ္ၿပီ မီႏိုင္း...မီႏိုင္းလည္း ျပတ္ႏိုင္ေအာင္ႀကိဳးစား...တကယ္ဆိုရင္ ဒီလိုလာေျပာစရာေတာင္မလိုဘူး...လာေျပာတယ္ဆိုကတည္းက မင္းကို ေလးစားေပးတာမို႔လို႔"
"ကိုကို..."
"နားေတာ့...ေနမေကာင္းဘူးထင္တယ္...ျဖဴဖတ္ျဖဴေရာ္နဲ႔..အားမရိွသလိုပဲ...ၿပီးေတာ့ ဝလာတာလား...အနားယူေတာ့ေနာ္"
"ကိုကို..."
"အစ္ကို တစ္ခါတည္း ေျပာထားခဲ့ပါရေစ...ကိုကိုလို႔လည္း မေခၚပါနဲ႔ေတာ့...ၿပီးေတာ့ ေဆးခန္းျပဦး ေက်ာက္ကပ္ေတဘာေတေရာင္တာျဖစ္ေနဦးမယ္...နည္းနည္း တစ္မ်ိဳးျဖစ္ေနသလားလို႔"
"ဘာမျဖစ္ဘူး.. မီႏိုင္းေနေကာင္းတယ္"
ေနေကာင္းတယ္သာေျပာေနတာ။တစ္ခုခုျဖစ္ေနတာေတာ့ေသခ်ာတယ္။ေက်ာက္ကပ္ေတ ဘာေတေရာင္ရင္ ခနၶာကိုယ္ေတဘာေတနည္းနည္းေတာ့ ေယာင္လာတယ္မလား။အခုလည္း တစ္ခုခုျဖစ္ေနလို႔ အားနည္းေနတာလိုနဲ႔ အရင္ကထက္ဝလာသလို။
"အင္းပါ ေကာင္းရင္လည္း ၿပီးတာပဲ....သြားၿပီ"
ကိုယ္ေပၚပိေနတဲ့ အေလးႀကီး ေပါ့သြားသလို။အကုန္လံုးႀကီးေတာ့မဟုတ္ ေတာ္ေတာ္ေတာ့ေပါ့သြားတယ္။အ႐ႈပ္ေတ ႐ွင္းခဲ့လို႔ထင္ပါရဲ႕။လွမ္းရတဲ့ ေျခလွမ္းေတေတာင္ တက္ႂကြေနသလို။
ကိုကိုေရ...က်ေနာ္လာ႐ွာေတာ့မွာဗ်။ပုန္းထား အားရေအာင္။
♥♥♥
အဟက္ ဒီလိုလြယ္လြယ္နဲ႔ လႊတ္ေပးလိုက္ရေအာင္ ႐ူးေနတာမွမဟုတ္တာ။လြတ္တဲ့ငါး ႀကီးတယ္ဆိုၿပီး ေနာင္တရေနမယ့္သူမ်ိဳးမွမဟုတ္တာ။ၾကည့္ထားလိုက္စမ္းပါ။
Advertisement
အခုေတာ့ အေရးႀကီးကိစၥ တစ္ခု အရင္႐ွင္းရဦးမယ္။ေစာင့္ေန ကိုကို။ကိုကိုက ပစ္ခ်သြားတိုင္း ေက်ေက်နပ္နပ္နဲ႔ ေနခဲ့မယ့္သူမဟုတ္ဘူး။က်မကို ပစ္ခ်သြားခ်င္တိုင္း ပစ္ခ်သြားလို႔ မရဘူး။အဲ့ဒါျမဲျမဲမွတ္ထားလိုက္။လာႏႊယ္ခ်င္တုန္းက လာႏႊယ္ၿပီး ပစ္ထားခဲ့လို႔ရမလား။အဟက္.....က်မအေၾကာင္း မသိေသးဘူးထင္တယ္။ေစာင့္ၾကည့္စမ္းပါ။
♥♥♥
"ဟုတ္ကဲ့ ပါဗ်...႐ွာေတြ႔ရင္သာ အေၾကာင္းျပန္ေပးပါေနာ္"
". ............"
"ဟုတ္ကဲ့....သူ႔ကိုေတြ႔ရင္သာ ေတြ႔တဲ့ေနရာမွာ အေၾကာင္းၾကားေပးပါဦးေနာ္"
". ............"
"အိုေက"
ဟူး.....။အပုန္းေကာင္းလိုက္တဲ့ ကိုကို။နတ္မ်ားဖြတ္ထားသလား ထင္ရတယ္။ကိုယ့္နယ္ထဲေတာ့ ကိုယ္႐ွာလို႔ရႏိုင္ေပမယ့္ တျခားသြားတာဆိုရင္ေတာ့ ကိုယ္လည္း အကုန္မသိႏိုင္လို႔ အနီးအနားကၿမိဳ႕ေတက ရဲစခန္းေတဆီကို အေၾကာင္းၾကားထားလိုက္တယ္။ဒီလူကို ေတြ႔ရင္ အေၾကာင္းၾကားေပးပါလို႔ ဆို႐ွယ္မီဒီယာေတမွာလည္း ေၾကာ္ျငာထားလိုက္တယ္။ဒ၊ေပမယ့္လည္း အခုထိကို မေတြ႔ေသးဘူး။ကိုယ္လည္း အရင္ကလို ဆိုင္ကယ္ပြဲစား ကားပြဲစားေလးလုပ္ရင္း သြားသမ်ွေနရာတိုင္းမွာ ႐ွာေနတာပဲ။ကိုကို႔ပံုတူေလးေတာင္ မေတြ႔ဘူး။
ပင္ပန္းေနၿပီ ကိုကိုရယ္။႐ွာရတာထက္ တစ္ေန႔တစ္ေန႔ မေတြ႔ပါလားဆိုတဲ့ အသိက ပိုပင္ပန္းရတယ္။ကိုယ္ေရာင္ေတမ်ား ေဖ်ာက္တတ္လို႔ ေဖ်ာက္ထားတာလားလို႔ေတာင္ ထင္မိၿပီ ကိုကိုရယ္။
အိမ္မွားသလို ဝင္ဝင္ေမးၿပီး႐ွာရတာလည္း ဘယ္ေန႔ ဆြဲစိခံရေတာ့မလဲ မသိဘူး။ၾကာရင္ လူကို သူခိုးထင္မလား ဘယ္လိုထင္ေတာ့မလဲ မသိဘူး။႐ိုက္ထုတ္မခံရေသးတာ ကံေကာင္းေသးလို႔ ကိုကိုရဲ႕။
♥♥♥
2.11.21
♥♥♥♥♥♥♥♥♥♥♥♥♥♥
Unicode
"သြော...မောင်ရင် လာထိုင်...မေ့တောင်မေ့ပြီကွယ်"
"အာ ဟုတ်ကဲ့"
"ထိုင်ဦးကွွဲ့...မိန်းမရေ ရေနွေးကြမ်းလေး လာချပေးပါဦးဟ"
"ရုတ်တရက်ကြီး ပျောက်ချသွားတာ...ဆိုစမ်းပါဦး ဘာတေလုပ်နေလို့ ပျောက်နေရတာလဲလို့"
"အာ...ကျနော့်ကိုယ်ရေးကိုယ်တာ ကိစ္စပါ"
ထိုစဉ် လင်ဗန်းတစ်ခုထဲကို ရေနွေးကြမ်းသောက်တဲ့ ခွက်သေးသေးလေးတေရယ် ရေနွေး ကရားအိုးလေးရယ်ထည့်လို့ ယူလာတဲ့ ဦးမုန် ဇနီး။နောက်ပါးကို ဝေ့ဝဲရှာမိတယ်။ခုနက အိမ်ထဲဝင်လာတော့လည်း မတွေ့မိဘူး။
"ဈေးက ဆက်မရောင်းတော့ဘူးလား ငါ့တူ...အခုလည်း ဘာမွမပါဘူး"
"ဟုတ်ကဲ့ ဈေးက ဆက်မရောင်းတော့ပါဘူး...အခုက ရစရာရှိတာလေးတေတောင်းရင်းနဲ့... "
"အေး...ဈေးသည်အသစ်တော့ဝင်တယ်ကွဲ့...အဆင်ပြေပါတယ်"
"ဟုတ်ကဲ့...ဒါနဲ့လေ...မီနိုင်းရော ဘယ္သြားလဲမသိဘူး"
"ဟဲ့...ရှင်းထန်...မင်းတူမဘယ်သွားနေတုန်း...ဒီကောင်မလေး အခုတေလာ လမ်းများနေတယ်နော် ပျောက်ပျောက်သွားတယ်"
"မသိဘူးနော်...ငါ့ကိုလည်း မပြောသွားဘူး နင့်တူမက"
"အဲ့လိုပဲကြ မင်းညီမက ဘာမှမပြောဘဲ ပျောက်ပျောက်သွားတာ ကြာပြီ"
"သြော်...သူလည်း သူ့သွားစရာရှိလို့နေမှာပေါ့"
"အေးကွယ်..ခေတ်လူငယ်တေများ သြားစရာတယ္မ်ားတာ"
သူတို့လင်မယားကတော့ သူတို့တူမနဲ့ ကိုယ်နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းကို မသိဘဲကိုး။အဖေအမေအရင်းလည်း မရှိရှာတော့ အလိုလိုက်ထားတာနေမှာပေါ့။ရှက်လည်း ရှက်ပါရဲ့။ညညဆို သူ့တူမနဲ့ ကိုယ်နဲ့ ကလူးနေကြတာကို ရိုးရိုးသားသား သူတို့လင်မယားကတော့ သတိမထားမိရှာဘူး။တစ်နေကုန် အလုပ်လုပ်လို့ ပင်ပန်းထားတော့ စောစောအနားယူကြတော့ ကိုယ့်အတွက်က အဆင်သင့်နေတယ်ပြောရမလား။ရှက်စရာကောင်းလိုက်တဲ့ အကြောင်းတရားတေပဲ။
"ဟုတ်ကဲ့ ဒါဆို ကျနော်ရွာထဲလှည့်လိုက်ဦးမယ်..ရစရာလေးတေရှိသေးလို့"
"အေးအေး...မိန်းမ မင်းတူမကို ဖုန်းဆက်စမ်း"
ကျနော်ထွက်လာလိုက်တော့ နောက်ကနေ ဖုန်းဆက်ခိုင်းသံကြားရတယ်။ရုတ်တရက်ကြီး အဆက်အသွယ်ဖြတ်ချထားတဲ့အပေါ် သူ့ဘက်ကလည်း ဆက္သြယ္လာတာ မရှိခဲ့ဘူး။ဆက်သွယ်နေစေချင်လို့ ပြောတာမဟုတ်ဘူး။သူနဲ့ ကိုယ်နဲ့ ပတ်သက်မှုက ရိုးရိုးသားသားမှ မဟုတ်ခဲ့ဘဲ။
ကိုကို့ကို ထွက်သွားစေခဲ့တဲ့ အဓိကအကြောင်းအရင်း ဖြစ်လာစေတဲ့ ဒီမြေပေါ်ကိို ကျနော်ရောက်လာခဲ့ရပြန်ပြီ ကိုကို။ဒီတစ်ခါတော့ အရင်တုန်းတေကလို အကြောင်းတရားတေနဲ့ မဟုတ်ဘူး။ဒီတစ်ခါရောက်ခဲ့တာက ပြတ်သားဖို့။ဒီကပြန်ရင် တခြားအလုပ် ရှာလုပ်ရင်း ကိုကို့ကို လာရှာမယ်။မမျှော်လင့်ရဲပေမယ့် အပြစ်တေကို အချစ်တေနဲ့ ကျေအောင်ဆပ်ချင်သေးတယ်။ကိုကို အားရအောင် ပုန်းထားပါ။ ကျနော် လာရှာမှာမို့။
♥♥♥
"ကိုကို ရောက်နေတယ်ဆိုလို့...ကိုကိုနော်..ပျောက်နေတာကြာလှပြီ"
"အင်း..ဒီလိုပဲ ကိစ္စလေးတေရှိလို့"
"လွမ်းနေတာ..ကိိုကို့ကို...ဟင်"
"နေဦး...အစ်ကိုပြောစရာရှိတယ်...အဲ့ဒါပြောချင်လို့ လာခဲ့တာ"
"ဘာပြောဖို့လဲ ကိုကိုရဲ့..."
"ကိုယ်တို့တေ ဒီဆက်ဆံရေးကြီးကို အဆုံးသတ်ကြရအောင်"
"ဘယ္လို"
"ဟုတ်တယ် မီနိုင်း...အစ်ကိုတို့ ဆက်မပတ်သက်ဘဲ နေကြရအောင်"
"ဘာတေပြောနေတာလဲ ကိုကို...မီနိုင်းလက်မခံဘူးနော်"
ခက်တယ်။ပြောရခက်တယ်။ဒီကောင်မလေး တအားရဲတင်းလွန်းလို့လဲ ဒီအဆင့်ထိ ရောက်ခဲ့တာ။လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာ။ကိုယ့်ဘက်က နွယ်ချင်နေရင်တောင် သူ့ဘက်က တားဆီးခဲ့ရဦးမှာမလား။အခုတော့ ရမ္မက် ကျွန်ကြီး ကိုယ့်ကို သူကလည်း လိုလိုလားလား ဖိတ်ခေါ်ခဲ့တာ။
"ဒီမွာ..အစ်ကိုပြောပြမယ်...အစ္ကိုက အိမ်ထောင်ရှိတယ်ဆိုတာ မီနိုင်း သိတယ္မလား"
"သိသားပဲ"
"အစ်ကို့အမျိုးသားကို အစ္ကိုက တအားခ်စ္တာ...အကုန်လုံးထက်ပိုချစ်တာ...အစ်ကို့အမျိုးသားနဲ့ ဘယ်အရာမှ မလဲနိုင်ဘူး...အစ်ကို့ဘဝမှာ အစ်ကို့အမျိုးသားက နံပါတ်တစ်ပဲ"
"ဘာလဲ ကိုကို...ကိုကို့ယောက်ျားသိသွားလို့ လား...ဟုတ္လား"
"သိသွားရုံတင်မဟုတ်ဘူး...သူ အစ်ကို့ဘဝထဲကပါ ထြက္သြားခဲ့တာ...အစ်ကို့အပြစ်တေကြောင့် သူထြက္သြားခဲ့တာ"
"အိုး...ကိုကိုကမွ လုံအောင်မဖုံးနိုင်ခဲ့ဘဲ"
"ဟုတ်တယ်...လုံအောင်မဖုံးနိုင်ခဲ့ဘူး...မဟုတ္ဘူး...လုပ်ကိုမလုပ်သင့်ခဲ့တာကို လုပ်ခဲ့မိတာ"
"အဲ့တော့..."
"အဲ့တော့ မီနိုင်းနဲ့ အစ်ကိုနဲ့ ဆက်ဆံရေးက်ို အဆုံးသတ်မလို့ လာခဲ့တာ...နားလည်မယ်ထင်တယ်"
"နားမလည်ဘူးကိိုကို...ကိုကို မီနိုင်းကို သေဘာမက်ဘူးလား"
"မဟုတ္ဘူး...မဟုတ်ဘူးမီနိုင်း...မင်းရော ငါရော လူမဆန်တဲ့ အလုပ္ကို လုပ်ခဲ့တာ အဲ့ဒါမင်းသိလား"
"အို..ဘာမွမသိဘူး...ကိုကိုနဲ့ မပြတ်ချင်တာပဲသိတယ်"
ဘယ်ပြတ်လို့ဖြစ်မှာလဲ ကိုကိုရယ်။ဒီလိုအချိန်မှာမှ ကိုကိုက ရောက်လာခဲ့တာပဲ။လက်မလွှတ်နိုင်ဘူး ကိုကို။
"အစ်ကို့ဘက်ကတော့ ပြတ်ပြီ မီနိုင်း...မီနိုင်းလည်း ပြတ်နိုင်အောင်ကြိုးစား...တကယ်ဆိုရင် ဒီလိုလာပြောစရာတောင်မလိုဘူး...လာပြောတယ်ဆိုကတည်းက မင်းကို လေးစားပေးတာမို့လို့"
"ကိုကို..."
"နားတော့...နေမကောင်းဘူးထင်တယ်...ဖြူဖတ်ဖြူရော်နဲ့..အားမရှိသလိုပဲ...ပြီးတော့ ဝလာတာလား...အနားယူတော့နော်"
"ကိုကို..."
"အစ္ကို တစ်ခါတည်း ပြောထားခဲ့ပါရစေ...ကိုကိုလို့လည်း မခေါ်ပါနဲ့တော့...ပြီးတော့ ဆေးခန်းပြဦး ကျောက်ကပ်တေဘာတေရောင်တာဖြစ်နေဦးမယ်...နည်းနည်း တစ်မျိုးဖြစ်နေသလားလို့"
"ဘာမျဖစ္ဘူး.. မီနိုင်းနေကောင်းတယ်"
"အင်းပါ ကောင်းရင်လည်း ပြီးတာပဲ....သွားပြီ"
ကိုယ်ပေါ်ပိနေတဲ့ အလေးကြီး ပေါ့သွားသလို။အကုန်လုံးကြီးတော့မဟုတ် တော်တော်တော့ပေါ့သွားတယ်။အရှုပ်တေ ရှင်းခဲ့လို့ထင်ပါရဲ့။လှမ်းရတဲ့ ခြေလှမ်းတေတောင် တက်ကြွနေသလို။
ကိုကိုရေ...ကျနော်လာရှာတော့မှာဗျ။ပုန်းထား အားရအောင်။
အဟက် ဒီလိုလွယ်လွယ်နဲ့ လွှတ်ပေးလိုက်ရအောင် ရူးနေတာမှမဟုတ်တာ။လွတ်တဲ့ငါး ကြီးတယ်ဆိုပြီး နောင်တရနေမယ့်သူမျိုးမှမဟုတ်တာ။ကြည့်ထားလိုက်စမ်းပါ။
အခုတော့ အရေးကြီးကိစ္စ တစ္ခု အရင်ရှင်းရဦးမယ်။စောင့်နေ ကိုကို။ကိုကိုက ပစ်ချသွားတိုင်း ကျေကျေနပ်နပ်နဲ့ နေခဲ့မယ့်သူမဟုတ်ဘူး။ကျမကို ပစ်ချသွားချင်တိုင်း ပစ်ချသွားလို့ မရဘူး။အဲ့ဒါမြဲမြဲမှတ်ထားလိုက်။လာနွှယ်ချင်တုန်းက လာနွှယ်ပြီး ပစ်ထားခဲ့လို့ရမလား။အဟက်.....ကျမအကြောင်း မသိသေးဘူးထင်တယ်။စောင့်ကြည့်စမ်းပါ။
♥♥♥
"ဟုတ်ကဲ့ ပါဗ်...ရှာတွေ့ရင်သာ အကြောင်းပြန်ပေးပါနော်"
". ............"
"ဟုတ်ကဲ့....သူ့ကိုတွေ့ရင်သာ တွေ့တဲ့နေရာမှာ အကြောင်းကြားပေးပါဦးနော်"
". ............"
"အိုကေ"
ဟူး.....။အပုန်းကောင်းလိုက်တဲ့ ကိုကို။နတ်များဖွတ်ထားသလား ထင်ရတယ်။ကိုယ့်နယ်ထဲတော့ ကိုယ်ရှာလို့ရနိုင်ပေမယ့် တခြားသွားတာဆိုရင်တော့ ကိုယ်လည်း အကုန်မသိနိုင်လို့ အနီးအနားကမြို့တေက ရဲစခန်းတေဆီကို အကြောင်းကြားထားလိုက်တယ်။ဒီလူကို တွေ့ရင် အကြောင်းကြားပေးပါလို့ ဆိုရှယ်မီဒီယာတေမှာလည်း ကြော်ငြာထားလိုက်တယ်။ဒ၊ပေမယ့်လည်း အခုထိကို မတွေ့သေးဘူး။ကိုယ်လည်း အရင်ကလို ဆိုင်ကယ်ပွဲစား ကားပွဲစားလေးလုပ်ရင်း သွားသမျှနေရာတိုင်းမှာ ရှာနေတာပဲ။ကိုကို့ပုံတူလေးတောင် မတွေ့ဘူး။
ပင်ပန်းနေပြီ ကိုကိုရယ်။ရှာရတာထက် တစ်နေ့တစ်နေ့ မတွေ့ပါလားဆိုတဲ့ အသိက ပိုပင်ပန်းရတယ်။ကိုယ်ရောင်တေများ ဖျောက်တတ်လို့ ဖျောက်ထားတာလားလို့တောင် ထင်မိပြီ ကိုကိုရယ်။
အိမ်မှားသလို ဝင်ဝင်မေးပြီးရှာရတာလည်း ဘယ်နေ့ ဆြဲစိခံရေတာ့မလဲ မသိဘူး။ကြာရင် လူကို သူခိုးထင်မလား ဘယ်လိုထင်တော့မလဲ မသိဘူး။ရိုက်ထုတ်မခံရသေးတာ ကံကောင်းသေးလို့ ကိုကိုရဲ့။
♥♥♥
2.11.21
Advertisement
- In Serial14 Chapters
Midas Touch
There is no such thing as time travel, i know that, you know that, we all know that. However if you were to find yourself at the exact point that caused you to lose your everything you owned and everything you aspired to achieve, what would you do. Foloow us as we follow the journey of Simon Emerson who finds himself in the past but is certain it is merely in his head as he attempts to undo his failures in life and achieve his lifelong dream.
8 190 - In Serial12 Chapters
My Titan Girl (Levi x Annie's sister reader)
I'm Abby Leonhart. The sister of Annie Leonhart. As a child our father said I was weak and left me in an underground city. It was their that I met Levi Ackerman and his mother Kuchel. Over time I missed Annie and said my farwells to Levi who now hadtwo friends: Isabel and Farlan. I returned home to find Annie,Reiner,and Bertohlt gone back to Wall Sina and are traitors. This is the story of when I returned home to find Levi as a survey corps captian, Annie,Reiner and Bertohlt are traitors,and murdering backstabers,and now I am all alone....well thats what I thought. Until Levi showed me the beauty of being me....and how he's felt about me since we met.Enjoy. PLZ VOTE!
8 176 - In Serial25 Chapters
Piece By Piece
Y/n Maximoff- One of the triplets. Experimented on by Hydra along with her brother and sister, she gained incredible and dangerous powers. Pietro's death in the battle against Ultron crushed Y/n and her sister, but while everyone comforted Wanda, Y/n was blamed for his death. She had watched, as a her big brother by 31 minutes ran to save Clint and a child, knowing he would be filled with bullets. As her brother was being a hero and sacrificing himself, Y/n watched, frozen in fear, as he died. It didn't even cross her mind to use her powers to protect him. Now, six months later, Bucky joins the group, and to Y/n's surprise, actually speaks to her. Against the Avenger's advice and warnings of Y/n being a traitor and coward, Bucky grows close to her. They grow to comfort each other and slowly, heal each other. However, as Y/n's mental state slowly unravels itself, it begins to look like not even Bucky can save her from herself.
8 158 - In Serial13 Chapters
Dear Asshole || ✓
letters of a girl with unfinished business.
8 82 - In Serial85 Chapters
The Best Kept Secret
Can you keep a secret?Dong Hua Dijun the former ruler of the universe still adheres with his firm beliefs that his life is destined to be without love. Bai Feng Jiu will go on living her life destined without being with her beloved. Not giving up on her love for Dong Hua Dijun she embarks a journey full of discoveries that will lead up to uncover the best kept secret of all times. What will it be? Who will uncover it and what will the outcome be? The answers are waiting for you to read...
8 115 - In Serial20 Chapters
butterflies
All different types of original poetry.
8 105

