Advertisement
"ဘယ်လိုပြောလိုက်တာလဲ ကိုကို"
"ဟုတ်တယ်...ငါပြောတဲ့အတိုင်းပဲ မင်းစဉ်းစားပါ"
"ကိုကို..."
"ဘာလဲ...မင်းမလုပ်နိုင်ဘူးလား"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကိုကိုရာ...သေချာလည်းစဉ်းစားပါဦး"
"ဒါဆိုရင် မင်းသူ့ရှိတဲ့အရပ်ကိုလည်း မသွားနဲ့တော့...သူနဲ့လည်း ထပ်မပတ်သက်နဲ့တော့လေ"
ဖြေလေ မောင်ရဲ့။ဖြေပါ။မောင်နောက်ကို ဘယ်တော့မှ သူ့ဆီမသွားတော့ဘူးလို့ဖြေစမ်းပါ။ဘာလို့ တွေဝေနေရတာလဲ။တွေဝေနေတာက မောင့်ပုံစံမှမဟုတ်တာ။
"ကျ...ကျနော်"
"ဘာတေအဲ့လောက်ခက်နေရတာလဲ မောင်ရယ်...ဟင်..သူနဲ့ငါနဲ့ နှစ်ယောက်ထဲက တစ်ယောက်ကို မောင်ပြတ်သားရမှာလေ...မလုပ်နိုင်ဘူးလား"
အိမ်အောက်က တန်းလျားခုံမှာ မျက်နှာချင်းဆိုင်ထိုင်ရင်းနဲ့။ပြောစရာရှိတာတော့ ပြောရမယ်မလား။မပြောလို့မှမဖြစ်တာကို။
"အဲ့..အဲ့လိုမဟုတ်ဘဲ တခြားနည်းမရှိဘူးလား..ဟင်...ကိုကိုမနက်တုန်းကလို လုပ်တာပဲဖြစ်ဖြစ်လေ"
"ဘာလဲ မောင်သူ့ဆီတစ်ခါသွားပြီးတိုင်း ငါကတစ်ခါ မောင့်ကို ရိုက်နှက်နေရမှာလား...စဉ်းစဉ်းစားစားလည်းပြောပါဦးမောင်ရယ်"
ကိုယ့်လည်း မကွဲနိုင် မကွာနိုင်။ဟိုဘက်ကိုလည်း မပြတ်နိုင်ဖြစ်နေတာ။အဲ့ကောင်မလေးကို မပြတ်နိုင်လို့ ကိုယ့်ကို ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးဆိုတော့လည်း မဟုတ်ဘူး။အဲ့လိုဆိုလို့လည်း ဟိုဘက်ကို ဖြတ်လိုက်ပါဆိုတော့လည်း မောင်က မဖြတ်နိုင်ပြန်ဘူး။ဘယ်လိုအချိုးတေချိုးနေရပြန်တာလဲ မောင်ရဲ့။မောင်က ငါ့ကို အဆုံးစွန်ထိ ရက်စက်ဖို့များ တွေးထားသလား။ဒါမှမဟုတ် ငါ့ကို စိတ်ကြောင့် သေသွားစေဖို့များ ရည်ရွယ်သလား။
"ဘာလဲမောင်...တရားဝင်ကတစ်ယောက် တရားမဝင်တာတေရော မောင်က မောင့်ဘေးမှာ အများကြီးထားချင်တာလား...ဟုတ်လား"
"မဟုတ်...မဟုတ်ရပါဘူးဗျာ"
"မောင်အဲ့လိုပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ ငါ မောင့်ဘေးကနေ ထွက်သွားမှာနော်...ဘယ်တော့မှ ပြန်လာမှာမဟုတ်ဘူး"
အမှတ်မရှိ ကျလာပြန်တဲ့ မျက်ရည်စက်တေနဲ့ တုန်ယင်တိမ်ဝင်လာတဲ့ အသံတွေ။တကယ်တော့ မျက်ရည်မကျဘဲပြောနိုင်ဖို့မျှော်လင့်ထားတာ။
"ကိုကို...ကိုကိုနောက်ဆို ထွက်သွားမယ်လို့ မပြောပါနဲ့ ကိုကိုရယ်...နော်..."
ရှေ့နားက မြေပြင်ပေါ်မှာ ဒူးထောက်ချပြီး လက်နှစ်ဖက်ကို ဆွဲယူလို့ အုပ်ကိုင်ပြီး နဖူးနဲ့ ထိထားတဲ့မောင်။မောင့်ကိုယ်လုံးကလည်း တုန်လို့။ငိုများငိုနေတာလား။ငါက မောင့်ကို ငိုအောင်များလုပ်မိလိုက်သလား။
"ထွက်တော့မသွားပါနဲ့ကိုကိုရယ်...နော်...နော်လို့"
မော့ကြည့်ပြီးပြောလာတဲ့ မောင့်မျက်ဝန်းတေက သနားကမား။ဒါပေမယ့် ငါ့ကိုယ်ငါ ပိုသနားရမှာပေါ့။အခုအချိန် မောင့်ကို သနားလို့ဆိုပြီး နေလိုက်ရင် ငါတစ်သက်လုံး ခံစားနေရတော့မှာ။မောင်က အခုမှ မျက်ရည်ကျရတာပါ မောင်ရယ်။
"ငါ့ဆုံးဖြတ်ချက်က မင်းဆုံးဖြတ်ချက်ပေါ်မူတည်တယ်မောင်...မောင် ပြတ်သားဖို့လိုတယ်လေ...မဟုတ်ဘူးလား"
"ကျနော် ကျနော်လေ...သူ့ကိုလည်း"
"တော်တော့မောင်...မပြောနဲ့တော့ အခုကြီးချက်ချင်းရွေးဖို့မလိုသေးပါဘူး...ညကျရင် အေးအေးဆေးဆေးစဉ်းစား...ပြီးမှ မနက်ဖြန်မှ မင်းဆုံးဖြတ်ချက်ကိုပြောပေါ့...နော်"
သူ့ကိုလည်း မပြတ်နိုင်ပါဘူးဆိုပြီးမောင်ပြောလာမှာကို ငါမခံစားနိုင်လို့ ဖြတ်ပြောမိလိုက်တာပါ။
"ကိုကိုရာ...တကယ်ပဲ အဲ့လိုလုပ်မှကျေနပ်မှာလား"
"ငိုမနေနဲ့မောင်...ငါကျေနပ်ဖို့လုပ်နေတာမဟုတ်ဘူး...အဖြစ်သင့်ဆုံး အမှန်တရားကို ငါလုပ်နေတာမောင်ရဲ့"
"ဒါပေမယ့်ကိုကိုရယ်..."
"တော်ပြီ...မပြောနဲ့တော့...မောင်များများစားစားစဉ်းစားစရာမလိုပါဘူး..သူ့ကိုရွေးမှာလား ငါ့ကိုရွေးမှာလားပဲစဉ်းစား...အိမ်ထောင်ရှိတဲ့ ယောက်ျားကိုမှ လာပတ်သက်ချင်တဲ့ မင်းကောင်မလေးနဲ့ ငါက ယှဉ်ရွေးခံရမယ့်အဆင့်တော့မဟုတ်ဘူး...ဒါပေမယ့်မောင့်ကို ရွေးချယ်ခွင့်ပေးထားတာမို့လို့ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ပါ"
"အခုတော့ ညစာစားဖို့ ထမင်းလည်း အဆင်သင့်ဖြစ်နေပြီ...သွားစားရအောင်..ထ"
မောင့်ကိုလည်း ပြောရင်း ကိုယ်လည်း မျက်ရည်တေသုတ်ရင်းပေါ့။နောက်နေ့ကျ မောင်က ဘယ်လိုတေ ရွေးချယ်ဆုံးဖြတ်ဦးမလဲမသိဘူးလေ။ရသေးတဲ့ ဒီနေ့ညအချိန်ကိုတော့ အဆင်ပြေပြေနေရမှာပေါ့။မတွေးကောင်း တွေးကောင်း မောင်များသူ့ကိုရွေးချယ်ခဲ့ရင် နောက်ဆို မောင်နဲ့နေရတော့မှာမှမဟုတ်တာ။
♥♥♥
"မောင်"
"ဟင်"
"ငါတို့လက်ထပ်ထားတာ နောက်တစ်ပတ်ထဲဆို ရှစ်လပြည့်တော့မှာနော်...မောင်သိလား"
"သိတာပေါ့...နောက်တစ်ပါတ် 29 ရက်နေ့ဆို ရှစ်လပြည့်တာလေ"
"တစ်နှစ်တောင် မပြည့်လိုက်ဘူးနော်....ခနလေးပဲရှိသေးတာကို..အင့်"
"ကိုကို ဘာတေပြောနေတာလဲ...မဟုတ်တာတေလုပ်ဖို့ တွေးမနေနဲ့နော်"
မဟုတ်တာတေ လုပ်ဖို့တွေးနေတာမှမဟုတ်တာမောင်ရယ်။အလုပ်သင့်ဆုံး တစ်ခုကို ငါရွေးလိုက်တာပါ။ဒီလိုမှမလုပ်ရင် မောင်ရော ငါရော နှစ်ယောက်စလုံးခံစားနေကြရမှာလေ။မနက်ဖြန်မှ ဖြေမယ့်မောင့်အဖြေကို မစောင့်တာမဟုတ်ရပါဘူး မောင်ရယ်။မောင်ကိုယ်တိုင်ပြောလာမှာကို ငါဘယ်လိုမှခံစားနိုင်မှာမဟုတ်ဘူး။ငါ့ကို ပဲ ရွေးမယ့်သူက တစ်ဖက်ကို စိတ်ရှည်လက်ရှည်ချော့နေမှာတဲ့လား။ရုတ်တရက်ပြန်လာလို့ထင်ပါရဲ့။တစ်ဖက်က စိတ်ဆိုးနေတယ်ထင်တယ်။မောင့်မှာ ထမင်းစားပြီးကတည်းက ဖြေရှင်းနေရတာ အကြာကြီး။နေရခက်အောင်လုပ်မိနေတာပါလားလို့ တွေးမိသေးတယ်။
ဒီလိုဆုံးဖြတ်ရတာ ငါ့အတွက်လည်း လွယ်တာမဟုတ်ဘူး။ဒီနေ့ညပြီးရင် မောင်နဲ့ ဝေးနေရတော့မှာပါလားလို့ တွေးမိတိုင်း နာနေပြီးသားရင်က တင်းတင်းကျပ်ကျပ်။ဒီညတစ်ညဘဲ မောင့်နားမှာနေရတော့မယ့်ငါပါ။
"ဘာမဟုတ်ပါဘူး...လက်ညောင်းနေပြီလား"
"မညောင်းပါဘူး...တစ်ညလုံးအိပ်လည်းရတယ်"
မောင့်လက်မောင်းပေါ်ခေါင်းအုံးထားပြီး မောင့်ကို တင်းနေအောင်ဖက်ထားတာလေ။စအိပ်ကတည်းက မဖယ်ပေးသေးတာ နှစ်နာရီလောက်ရှိနေပြီ။ဘာရယ်လည်းမဟုတ်ပါဘူး။ဒီလိုပဲ အရင်တုန်းက အကြောင်းတေ ပြန်ပြောနေတာ။
"မောင့်ရင်ဘတ်ကြီးက နွေးလိုက်တာ...ပြီးတော့ မောင့်ရဲ့ ကိုယ်သင်းနံ့လေးကလည်းမွှေးတယ်...ငါ့မှာချစ်လို့ကိုမဝနိုင်ဘူး"
"အင်း"
ပြွတ်စ်
"အိပ်ချင်နေပြီမလား...မနက်အစောကြီးထလာခဲ့တာကိုး..အိပ်တော့"
"အင်း"
အိပ်ပျော်သွားပြီထင်တယ်။ပင်ပန်းနေမှာပေါ့။မနက်ကလည်း အစောကြီးထခဲ့ရသေးတာ။အိမ်ရောက်တော့လည်း ထိုးတာ ထုတာရိုက်တာ ခံရသေးတော့ ဒဏ်တွေကလည်းနာနေမှာ။
အင့်
မောင့်ရင်ခွင်ထဲပိုတိုးဝင်လို့ ငိုနေမိပြန်တယ်။မခွဲချင်ဘူး။ဒီလူသားနဲ့ မခွဲချင်ဘူး။ငါ့ရင်ဘတ်ကြီးနဲ့ မဆံ့အောင် အများကြီးချစ်ရတဲ့ ဒီမောင်ကို ငါမခွဲချင်ဘူး။မောင်နဲ့ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့နေရမယ်ထင်ထားတာ။
ငိုရလွန်းလို့လဲ ရင်ဘတ်တေနာနေပါပြီ။မျက်ရည်တေ သုတ်ရလွန်းလို့လဲ မျက်ခမ်းတေ စပ်နေပြီ။
မောင့်ရင်ခွင်ထဲက အသာအယာတိုးထွက်လိုက်တော့ မောင်ကမနိုးဘူး။အိပ်ပျော်နေတာ သိပ်အေးချမ်းတာပဲ။
နဖူးပေါ်က ဆံပင်တေကို သပ်တင်ပေးလိုက်တော့ ပေါ်လာတဲ့ လေးထောင့်ဆန်ဆန်နဖူး ၊ချစ်လိုက်ရတာ။ဒီနှာတံမြင့်မြင့်လေးရော ၊ဒီပါးပြင်တွေရော ၊ဒီနှုတ်ခမ်းတေကိုရော ငါချစ်လိုက်ရတာ။
"ဒါနောက်ဆုံးပါပဲ...ကျေးဇူးပြုပြီး မောင်မနိုးသွားပါနဲ့...အင့်"
ငါမြတ်နိုးခဲ့ရတဲ့ ဒီနှုတ်ခမ်းတွေက ဖြစ်ပေါ်လာတဲ့ ဒီအနမ်းတွေ။ဒီတစ်ခါနောက်ဆုံးပါပဲ။
ခပ်ကြာကြာ ထိကပ်ထားတဲ့ မောင့်နှုတ်ခမ်းညိုညိုတေက မခွဲချင်အောင် ဆွဲဆောင်နေတုန်းပဲ။
စီးကျလာတဲ့ မျက်ရည်တစ်စက်က မောင့်ပါးပြင်ပေါ်မှာ အဆုံးသတ်တယ်။ငါ့မျက်ရည်စက်က မောင့်ပါးပြင်ပေါ်မှာ။ဒီမြင်ကွင်း သိပ်ကိုလှတယ်။
"မောင်...."
နောက်တစ်ခါတိုးဖက်လို့ ငိုမိပြန်တယ်။ဒီလိုနဲ့တော့ မောင်နိုးသွားတော့မှာပဲ။
ပြွတ် ရွှတ်
ဒီပါးပြင်တေ ဒီနှုတ်ခမ်းတေကို တစ်သက်လုံး အမှတ်ရနေတော့မှာ။
သွားပြီနော်...မောင်။ငါနှုတ်ဆက်ခဲ့တယ်။ငါမရှိတော့ရင် မောင်တစ်ယောက်တည်း အဆင်မှပြေပါ့မလားတော့ စိတ်ပူမိတယ်။သွားပြီ။လိုက်ရှာဦးနော် မောင်။ဒီတိုင်းကြီးတော့ ပစ်မထားလိုက်နဲ့။
အမှောင်ထုထဲကနေ အိမ်အပြင်ကို လှမ်းထွက်သွားခဲ့တဲ့ လူငယ်လေးဟာ မျက်ရည်တေစီးကျနေခဲ့တဲ့ မျက်ဝန်းပိုင်ရှင်ကိုတော့ မမြင်နိုင်ခဲ့တော့ဘူး။
♥♥♥
31.10.21
ကိုကိုက တအားချစ်တတ်တာပဲ။
Advertisement
- In Serial104 Chapters
Re: Rabbit Eyes [Draft]
White is an 18-year old sophomore who suffers from severe anemia and schizophrenia after his parents' death. One day, his life came to an end, but he was unexpectedly brought to life in a different world... in the company of a split personality hiding within him. Torn between two personalities, White struggles to survive in this strange, grimdark world with unfavourable, relapsing memories. If you enjoy the general premise of the novel, this is the refined (more reliable plot progression, character development, better pacing/writing) version: Rewrite> https://www.royalroad.com/fiction/20887/re-rabbit-eyes
8 160 - In Serial16 Chapters
Brothers in Arms
Danny is the son of a barkeep and drunk who just tried to stay out of the limelight. Alric the son of a knight, proud scion of a rising noble house. Alric wanted nothing more than to please his family and be an honest man. Danny wasn't quite sure what he wanted, but he knew it wasn't this. So when things go poorly for Alric, Danny senses an opportunity; together the sworn brothers embark on the path towards adventure. Hopefully the tumultuous Cyruth empire is prepared for their antics. --- This is a story about two friends (Buff Boys) and their dynamic as well as exploring a magic system that decided doing magic was for nerds and instead focused on purely the physical.
8 157 - In Serial8 Chapters
Fate/Defiance
Reincarnated into the Nasuverse as Icarus during the Age of the Gods. Will this new Icarus carve his own legend into the Throne of Heroes or end up like he was destined, reaching for the sun…..only to fall short of his ambition? This is a fanfiction that takes place in the Nasuverse, a franchise that relates to works by the company TYPE-MOON, such as Fate/Stay Night, Fate/Grand Order, and Tsukihime. Update Schedule is once every Sunday.
8 141 - In Serial200 Chapters
Random Book 5
What the tiles said
8 229 - In Serial7 Chapters
Fallen angel
This is my first one so expect it to be crap. Basically Izuku depressed and abused then gets saved by aizawa so dadzawa storyAlso I'm on phone so expect spelling mistakes
8 158 - In Serial9 Chapters
Newt Scamander Imagines.
Hellooo I've seen Fantastic Beasts and Where to Find Them in theaters four times someone please buy the DVD for me when it comes out
8 133