Advertisement
"အစ်ကိုရေ...ကျနော်ရောက်ပြီ"
"သြော်...ထွဋ်ခေါင်..လာလေ ထိုင်ဦး...ခနေန ဆင်းတော့မှာ"
"ရတယ်အစ်ကို...ဖြေးဖြေးလုပ်"
"ပြီးပြီလား ရန်ရန်...မင်းပဲစောင့်ရတာနော်"
"ပြီးတော့မှာပါဗျ"
ခေါင်းတောင်မထောင်လာ။ကုန်းရေးနေရင်းကို ပြောနေရရှာတာ။အကုန်လုံးကပြီးနေပြီ။သူပဲကျန်လို့ စောင့်ခိုင်းထားတာ။
"ဒီမေးခွန်းလေးလွယ်လွယ်လေးကိုနော်...စဉ်းစားနေရသေးတယ် မင်းမလည်း"
အိမ်အောက်မှာက ကလေးတေနဲ့ ပြည့်နေလို့ ထွဋ်ခေါင်က အိမ်ရှေ့က အပင်အောက်က ရပ်နေတယ်။အိမ်အောက် တန်းလျားမှာ လာထိုင်နေလို့ ရရဲ့သားနဲ့။
"လာပါ ထွဋ်ခေါင်ရဲ့...ဒီမှာလာထိုင်လာ..ရေနွေးကြမ်းသောက်ရင်းစောင့်"
"ရပါတယ္ဗ်...အစ်ကိုကလည်း"
"လာပါဗ်ာ...မနက်တုန်းက လက်ဖက်သုပ်ထားတာရှိတယ်...ခနနေမှယူပေးမယ်"
"မလိုပါဘူးအစ်ကိုကလည်း....သူစိမ်းတေလည်း မဟုတ်ဘဲနဲ့"
ထွဋ်ခေါင်က အိမ်မှာ အဖော်လာလာလုပ်ပေးနေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ။နေ့ခင်းပိုင်းဆို လာပြီး သုံးနာရီလောက် ခြောက်တန်းကလေးတေလာမှ ပြန်ပြန်သွားတတ်တယ်။ဒီနေ့တော့ ရန်ရန့်ကောင်းမှုကြောင့် ကျန်တဲ့ကလေးတေလည်း မပြန်ရသေးလို့ ပုံမှန်ပြန်ချိန်ထက် ငါးမိနစ်လောက်စွန်းနေပြီ။
"ပြီးပြီ ကိုကြီး"
"လာပြ"
ဖြေလာခဲ့ရင်တော့ မှန်တယ်။မှန်အောင်ကို စဉ်းစားနေရတာက ကြာတာ။
"အင်း...သွက်သွက်ဖြေတတ် အောင်..ကြိုးစားဦးဗျ..ဆရာကြီး..ရော့ မှန်တယ်..သိမ်းတော့"
ကျန်တဲ့ကလေးတွေက မပြန်ချင်ကြရှာဘူး။သိမ်းမယ်ပြောပြီးချက်ချင်း ကောက်ခနဲ ထပြန်သွားကြတာ။အမောင် ရန်ရန်တို့ကတော့ ဘိတ်ချီးကျန်ခဲ့ပြန်ပြီ။
"ဟျောင့်...မင်းအဲ့လိုနှေးပုံနဲ့တော့ ဘယ်ကောင်မလေးမှ ကြိုက်မှာမဟုတ်ဘူးကွ"
ထွဋ်ခေါင်က လှမ်းနောက်တယ်။ဟိုကလေးကဖြင့် သူ့ပြန်နှပ်သွားရင် ခံရဦးမယ်။
"ဟာဂ်ာ"
"အမေလးဗ်ာ...ချက်ချင်းလက်ငင်းစကားတောင်မပီတော့ဘူး...ကြည့်ရတာ ကာလသား လုပ်ချင်နေပြီထင်တယ်"
ဟား...ဟား...
"မင်း ရွှေပုံလေးကို ကြိုက်တာဆိုကွ...ငါကြားတယ်နော်ဟျောင့်"
"ဟာ...လုပ်ပြန်ပြီ ကိုကြီးထွဋ်ခေါင်သာ ယူမယ့်မိန်းမမရှိတာ"
"ဟ"
နောက်တဲ့သူကလည်း ရုပ်တည်နဲ့ နောက်တယ်။ပြောတဲ့သူကလည်း ပြန်ပြောတာပဲ။
"တော်ပါတော့ ထွဋ်ခေါင်ရယ်...တော်ကြာအရင်တစ်ခါလို ငိုပြန်နေမှ...ကောင်းကောင်းလည်း စီးဦး စက္ဘီးကို"
"ဟုတ္တယ္ဗ်...ကိုကြီးသုတမသိလို့...အရီးလှရဲ့ သမီး ခင်သန္တာဆိုတဲ့တစ်ယောက်ကို ကိုကြီးထွဋ်ခေါင်ကြိုက်တုန်းကလေ..."
"ဟိတ်ကောင်...သွားတော့..သြား"
ချက်ချင်း မျက်လုံးတေပြူးပြပြီး ပြန်ခိုင်းနေပြန်ပါပြီ။သူ့ရဲ့ ဗရုတ်ကျတာတေ ပေါ်ဦးမှာစိုးလို့နေမယ်။ဘာမှတော့မသိရသေးဘူး ဒီကေတာ့ ရယ်ချင်နေပြီ။သူပြောပြတဲ့ သူ့အလွဲတေက ရယ်စရာကောင်းလွန်းလို့။
"ကဲပါသွားပါတော့ ရန်ရန်ရယ်...နောက်ကျနေပြီ"
"ဟွန့်"
"ဘာမဟုတ္ဘူး...ဘာမဟုတ္ဘူး...ဒီကောင်လျှောက်ပြောနေတာအစ်ကို"
"ငါက ဘာပြောနေလို့လဲကွ"
"အစ္ကို ရယ်ချင်နေတာ..ကျနော်သိတယ်"
"ဟဟ..ဒါကေတာ့ မင်းဖြစ်လိုက်ရင်..ရယ်ချင်စရာကြီးပဲကိုး"
"ဟုတ်ပါပြီ..ဟုတ်ပါပြီ..ရယ်ပါ"
"မဟုတ်ပါဘူးကွာ.."
အားမနာပါးမနာ ရယ်တာတော့မဟုတ်ဘူး။အားနာပါးနာနဲ့ သူလြဲတာကို ရယ်ရတာ။
"ရော့ အစ်ကိုမနေ့ကမှာတဲ့ဟာ"
"သြော် အေ မီးဖုတ်ထားရဦးမယ်...မီးဖုတ်ပြီးထောင်းထားရင် မင်းသူငယ်ချင်းကကြိုက်တယ်"
အစ်ကိုရယ်။ချစ်တတ်လိုက်တာ။သူစားဖို့တောင် စောင်းလျားသီးမှာပြီး ကြိုလုပ်ပေးထားဦးမတဲ့။ဟက်....။သူလည်း သူ့ယောက်ျားပဲလေ။ချစ်မှာပေါ့။ကိုယ်ကသာ မဆိုင်တဲ့သူမဟုတ်လား။
မေးလိုက်ချင်တယ်။အစ်ကို စိတ်မဆိုးဘူးလားလို့။စိတ်မနာဘူးလားလို့။ကာယကံရှင်က သည်းခံနေတဲ့အခါ ဘေးကလူက အံတကြိတ်ကြိတ်။
"အစ္ကို သူ့ကို တအားခ်စ္တာပဲလား"
"ချစ်တာပေါ့ကွာ...သူ့နောက်ဘာမှမစဉ်းစားပဲ လိုက်လာခဲ့တာကိုပဲကြည့်ပေါ့..."
အစ်ကို့မျက်ဝန်းတွေက ဆွေးဆွေးမြေ့မြေ့။
"အခုလိုတေ သူလုပ်နေတာလဲ အစ်ကိုစိတ်မနာဘူးလား"
"အခုထိတော့ ဘယ္နာပါ့မလဲ...စိတ်တော့မကောင်းဘူး"
ကျပြန်ပြီ။မျက်ရည်တေက အစ်ကိုနဲ့မှ မလိုက်ဖက်ပဲ။ပြောမိတဲ့ ကိုယ့်ပါးစပ်ကိုပဲ အပြစ်တင်မိပြန်တယ်။
"မျက်ရည်မကျပါနဲ့ အစ်ကိုရယ်...အစ္ကို မျက်ရည်ကျတာမြင်ရင်...ကျနော်လည်း စိတ်မကောင်းဘူးဗျ"
ပါးပြင်ပေါ်က မျက်ရည်တေကို သုတ်ဖယ်ပေးမလို့လက်လှမ်းတော့ အစ်ကိုကရှောင်တယ်။လှမ်းမိတဲ့ ကိုယ့်လက်က လေပေါ်မှာပဲ ရပ်သွားရတယ်။ရည်ရွယ်သူကမှ မခံချင်ဘဲလေ။
"အဟီး...အကျင့်ပါနေတာ ထင်တယ်"
ဘယ္ကသာ အကျင့်ပါတာလဲ အစ်ကိုရယ်။မျက်ရည်ကျတာမှာ အကျင့်ပါတယ်ဆိုတာ ရှိလို့လား။မခံစားရဘဲ မျက်ရည်က အကျင့်ပါလို့ကျရအောင် အဓိပ္ပါယ်မရှိ။ပြောတိုင်း ခံစားရလို့ မျက်ရည်တွေက ကျနေရတာပေါ့။ပြုံးပြနေတဲ့ အစ်ကို့မျက်နှာမှာ မျက်ရည်တေနှင့်။
ရုန်းထွက်ပြီး ပြတ်သားခဲ့ပါ့လား လို့မပြောရက်ဘူး။သူ့အပေါ် အစ်ကို့အချစ်တွေကို မြင်နေရလို့။ချစ်တတ်လွန်းတဲ့ အစ်ကိုရယ်လေ။
♥♥♥
'ဆယ့်ခြောက်...ဆယ့်ရှစ်...နှစ်သိန်းပျောက်နေတယ်...ဘယ်ရောက်သွားတာလဲ'
ဒီတစ်ပတ် မောင်ပြန်လာတာ ပိုက်ဆံမပေးလို့ သိမ်းထားတဲ့ ပိုက္ဆံကို သွားရေကြည့်တော့ သူက မထားခဲ့တဲ့အပြင် နှစ်သိန်းတောင်လျော့သွားသေးတယ်။ကားပျက်တယ်ဘာညာလည်း မကြားမိဘူး။ကားတေဘာတေပျက်ရင်လည်း မသိစရာအကြောင်းမရှိဘူး။ပြင်ရမှာဆိုတော့ ကိုယ်လည်း သိမှာပဲ။ကားပြင်တာလည်း မဖြစ်နိုင်ဘူး။မဟုတ်မှ.....
ဟုတ်တယ်။မောင်အဲ့နေ့က သေတ္တာသော့ဖွင့်သွားတယ်ထင်တယ်။သော့ထားတာလဲ နေရာလွဲနေတယ်။ဟုတ်တယ် အဲ့နေ့က မောင်ယူတာပဲနေမှာ။အသိမပေးဘဲ ယူသုံးစရာဘာများရှိတာလဲ။မောင်ရှာထားတဲ့ ငွေပါ။မောင်ကြိုက်သလိုသုံးလို့ရတယ်။အခုက ပုံမှန်မှမဟုတ်တာ။
ချက်ချင်းပဲ ဖုန်းနံပါတ်တစ်ခုကို ကောက်နှိပ်ပြီးသား။
Ti~~Ti
"Hello"
"မောင့်..မနက်ဖြန်ပြန်ခဲ့..ဘယ်အချိန်ထွက်ခဲ့ထွက်ခဲ့..မနက်ုဖြန် မင်းရောက်အောင်ပြန်ခဲ့တာမြင်ချင်တယ် ဘာလည်းမမေးပါနဲ့... မနက်ဖြန်သာရောက်အောင်ပြန်ခဲ့ပေး"
တစ္ဖက္က ဘာမှပြန်မပြောနိုင်ခင် ချပစ်လိုက်တယ်။ကျန်တာတေ သည်းခံပြီး ကြိတ်မှိတ် နေနိုင်ပေမယ့် စီးပွားရေးထိခိုက်လာမယ့် အကွက်တေမြင်ရင်တော့ ငါသတိပေးရတော့မယ်မောင်။ငါ့အတွက်မဟုတ်ဘူး မောင်။အခုလိုက စပြီးသုံးနေဖြုန်းနေရင် မောင်ပင်ပန်းရကျိုးမနပ်မှာစိုးလို့။မောင်ရှာတဲ့ ငွေတေသူက အလိမ္မာနည်းနှင့် သုံးသွားမှာစိုးလို့။
♥♥♥
တစ်ဖက်မှာလည်း
"ကိုကို အခုချက်ချင်းပြန်မှဖြစ်မယ်ထင်တယ်...ဘာဖြစ်တာလဲမသိဘူး တစ်ခုခုဖြစ်နေလို့လားမသိဘူး"
"အို ကိိုကိုကလည်း မနက်မှ ပြန်ပါ...ညကြီးကို ကားမမောင်းပါနဲ့ မီနိုင်းစိတ်မချဘူး"
ဟုတ်တယ်လေ။သူများတကာတေ ကြည်နူးနေတာကို ကိုကို့ယောက်ျားက တစ်ခါမှ မဆက္စဖူး ညကြီးဖုန်းဆက်ပြီး သူ့ယောက်ျားကို ပြန်ခေါ်နေတယ်။ဒီက ကိုကိုကလည်း ဖုန်းပြန်ဆက်တာ မရလို့ ပြာယာကိုခတ်နေတာပဲ။
အခန်းထဲကပါ ထထွက်သွားဖို့ ကြံနေသူကြောင့်
"ကိုကို"
"ပြန်မှဖြစ်မယ်လေကွာ..နော်..စိတ်မဆိုးနဲ့ သူတစ်ခုခုဖြစ်လို့လားမသိဘူး မီနိုင်းရဲ့"
ဟင့်အင်း။လုံးဝလွှတ်မပေးနိုင်ဘူး။မနက်ဖြန်လည်း ပြန်မလွှတ်ဘူး။ရအောင်ကို ဆြဲထားဦးမွာ။
"မသွားရဘူးနော်ကိုကို...ညကြီးကို..ပြီးတော့ ဒုက္ခရောက်နေတဲ့အသံလည်း မဟုတ်ပါဘူးကိုကိုရဲ့...နော်...နော်လို့...မီနိုင်းကိုစိတ်ပူအောင်မလုပ်ပါနဲ့"
ရင်ခွင်ထဲပါ တိုးဝင်ပြီး ချွဲချွဲနွဲ့နွဲ့လေး ပြောလိုက်တော့ နည်းနည်းတော့ စဉ်းစားသွားသလို။
"ဒါပေမယ့်.."
"ဘာဒါပေမယ့်လည်းကိိုကိုရယ်...ကိုကိုတစ်ခုခုဖြစ်သွားရင် ရင်ကျိုးရမှာ ကိုကိုရဲ့"
"စိတ်ချပါကိုကိုရယ်...ကိုကို့လူ ဘာမှမဖြစ်ပါဘူး...နော်...နော်လို့ ခ်စ္ဘူးလား"
"သူတစ္ခု.."
"ဘာမှမဖြစ်ပါဘူးဆို ကိုကိုကလည်း..."
ရင်ဘတ်တစ်လျှောက် လက်ညိုးလေးနဲ့ပွတ်လို့ ပြောနေလိုပ်တယ်။အဟင်း။
"အာ့ဆိုလည်း အိပ်တော့... ကိုကိုမနက်စောစော ထသွားမှာမို့ စောစောအိပ်တော့မယ်"
ကျစ်စ်။ကြည့်ထားလိုက်။ကိုကို့ကို ရှင့်လက်ထဲကနေ မရရအောင်ဆွဲထုတ်ပြမယ်။
♥♥♥
30.10.21
ညဆို ရေးဖြစ်ဖို့က မသေချာဘူးရယ်။အာ့ကြောင့်မို့ နေ့ခင်းအားနေလို့ များကြီးရေးပြီး up လိုက္တာ။
Advertisement
- In Serial14 Chapters
My War: The Warpath Of My Own Life
A Platoon of Unified Republic States from the URS Ground Force somehow has been sent to an otherworld by an supernatural phenomena, the soldiers find themselves in the middle of the jungle. The main character, Lieutenant John Brody and his men encounter a group with a young girl as their leader, she says she is a princess of a kingdom named Starvina, she asks them to help her country fighting against an invasion... This novel is based on the movie named GI Samurai (1979), name of the real life countries will be changed to avoid politics problems I have already upload this story on Wattpad and here's the link of my website: https://www.wattpad.com/user/WriteandRead2022
8 142 - In Serial20 Chapters
The Pokemon Emissary Among Worlds
Author's disclaimer: I'm not that good in written grammar and I want to improve it by writing stories. Constructive criticisms are always welcome. Read at your own risk. After dying, Okami Okaya was transmigrated into a new World, realizing that he had been chosen to become the emissary of Arceus to spread Pokemon among different worlds. Naruto summoning Ninetales? Ace flying on Charizard's back? Spiderman fighting alongside Ariados? Okami will teach them how to become a great Pokemon trainer. All rights belong to Pokemon and Naruto
8 157 - In Serial6 Chapters
Super Sock Knitter
Knitting Fan Mei transmigrated into a world almost exactly like her own, except for one small detail. This new world had Superpowered Socks. Join Mei as she makes her way toward ultimate sock destruction. Inspired by Card Apprentice and Master of the Trading Star Card Game Instead of a world of cards, I just used socks, to me seems more interesting
8 188 - In Serial28 Chapters
Thellarion Conquest
Twenty years ago, after the slaughter of countless innocence, the Demon King was finally defeated. The warriors who bravely fought and slew the Demon King were hailed as heroes.Koren, the son of 2 of those heroes, was not as gifted as his parents. Born without talent and overshadowed by his two prodigious brothers, he was condemned to mediocrity.However, his fate was about to change. A forsaken bow, once wielded by a renowned hero, falls into his hands. Inside, the spirit of that famous hero will herald a new chapter in Koren’s life. Together, they’ll usher in a new era of long-range superiority.
8 89 - In Serial38 Chapters
Raising Rio
Rio Francie Esposito was the innocent, little girl who managed to capture the hearts of the people she met. The little girl was brought into the world filled with nightmares, blood and violence. Her too kind soul somehow overlooked the negatives that the world had to offer and only looked at the positives. With her mother and father being the world renown, relentless assassin and Italian Mafia Leader that has been ever known to man and her brothers being the overprotective 'buttheads' they are-they try to ensure that no harm would ever come to their Rio. However, there is only so much protection they can give to Rio until it is overruled by many Mafia's who have combined together in hopes of getting one thing and one That being Rio.-Inspired by 'poppy0402's Catching Charlie'.Achievements:#1 In Growing Up
8 228 - In Serial4 Chapters
Ulterior Motive- Thorki Fanfiction
Loki has destroyed so much, ravaging the Nine Realms with his mischief. But all he's ever wanted is a throne. Right? What if...that's not right? What if Loki has an ulterior motive? And...what if...it isn't evil?
8 88