Advertisement
"အစ်ကိုရေ...ကျနော်ရောက်ပြီ"
"သြော်...ထွဋ်ခေါင်..လာလေ ထိုင်ဦး...ခနနေ ဆင်းတော့မှာ"
"ရတယ်အစ်ကို...ဖြေးဖြေးလုပ်"
"ပြီးပြီလား ရန်ရန်...မင်းပဲစောင့်ရတာနော်"
"ပြီးတော့မှာပါဗျ"
ခေါင်းတောင်မထောင်လာ။ကုန်းရေးနေရင်းကို ပြောနေရရှာတာ။အကုန်လုံးကပြီးနေပြီ။သူပဲကျန်လို့ စောင့်ခိုင်းထားတာ။
"ဒီမေးခွန်းလေးလွယ်လွယ်လေးကိုနော်...စဉ်းစားနေရသေးတယ် မင်းမလည်း"
အိမ်အောက်မှာက ကလေးတေနဲ့ ပြည့်နေလို့ ထွဋ်ခေါင်က အိမ်ရှေ့က အပင်အောက်က ရပ်နေတယ်။အိမ်အောက် တန်းလျားမှာ လာထိုင်နေလို့ ရရဲ့သားနဲ့။
"လာပါ ထွဋ်ခေါင်ရဲ့...ဒီမှာလာထိုင်လာ..ရေနွေးကြမ်းသောက်ရင်းစောင့်"
"ရပါတယ်ဗျ...အစ်ကိုကလည်း"
"လာပါဗျာ...မနက်တုန်းက လက်ဖက်သုပ်ထားတာရှိတယ်...ခနနေမှယူပေးမယ်"
"မလိုပါဘူးအစ်ကိုကလည်း....သူစိမ်းတေလည်း မဟုတ်ဘဲနဲ့"
ထွဋ်ခေါင်က အိမ်မှာ အဖော်လာလာလုပ်ပေးနေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ။နေ့ခင်းပိုင်းဆို လာပြီး သုံးနာရီလောက် ခြောက်တန်းကလေးတေလာမှ ပြန်ပြန်သွားတတ်တယ်။ဒီနေ့တော့ ရန်ရန့်ကောင်းမှုကြောင့် ကျန်တဲ့ကလေးတေလည်း မပြန်ရသေးလို့ ပုံမှန်ပြန်ချိန်ထက် ငါးမိနစ်လောက်စွန်းနေပြီ။
"ပြီးပြီ ကိုကြီး"
"လာပြ"
ဖြေလာခဲ့ရင်တော့ မှန်တယ်။မှန်အောင်ကို စဉ်းစားနေရတာက ကြာတာ။
"အင်း...သွက်သွက်ဖြေတတ် အောင်..ကြိုးစားဦးဗျ..ဆရာကြီး..ရော့ မှန်တယ်..သိမ်းတော့"
ကျန်တဲ့ကလေးတွေက မပြန်ချင်ကြရှာဘူး။သိမ်းမယ်ပြောပြီးချက်ချင်း ကောက်ခနဲ ထပြန်သွားကြတာ။အမောင် ရန်ရန်တို့ကတော့ ဘိတ်ချီးကျန်ခဲ့ပြန်ပြီ။
"ဟျောင့်...မင်းအဲ့လိုနှေးပုံနဲ့တော့ ဘယ်ကောင်မလေးမှ ကြိုက်မှာမဟုတ်ဘူးကွ"
ထွဋ်ခေါင်က လှမ်းနောက်တယ်။ဟိုကလေးကဖြင့် သူ့ပြန်နှပ်သွားရင် ခံရဦးမယ်။
"ဟာဂျာ"
"အမလေးဗျာ...ချက်ချင်းလက်ငင်းစကားတောင်မပီတော့ဘူး...ကြည့်ရတာ ကာလသား လုပ်ချင်နေပြီထင်တယ်"
ဟား...ဟား...
"မင်း ရွှေပုံလေးကို ကြိုက်တာဆိုကွ...ငါကြားတယ်နော်ဟျောင့်"
"ဟာ...လုပ်ပြန်ပြီ ကိုကြီးထွဋ်ခေါင်သာ ယူမယ့်မိန်းမမရှိတာ"
"ဟ"
နောက်တဲ့သူကလည်း ရုပ်တည်နဲ့ နောက်တယ်။ပြောတဲ့သူကလည်း ပြန်ပြောတာပဲ။
"တော်ပါတော့ ထွဋ်ခေါင်ရယ်...တော်ကြာအရင်တစ်ခါလို ငိုပြန်နေမှ...ကောင်းကောင်းလည်း စီးဦး စက်ဘီးကို"
"ဟုတ်တယ်ဗျ...ကိုကြီးသုတမသိလို့...အရီးလှရဲ့ သမီး ခင်သန္တာဆိုတဲ့တစ်ယောက်ကို ကိုကြီးထွဋ်ခေါင်ကြိုက်တုန်းကလေ..."
"ဟိတ်ကောင်...သွားတော့..သွား"
ချက်ချင်း မျက်လုံးတေပြူးပြပြီး ပြန်ခိုင်းနေပြန်ပါပြီ။သူ့ရဲ့ ဗရုတ်ကျတာတေ ပေါ်ဦးမှာစိုးလို့နေမယ်။ဘာမှတော့မသိရသေးဘူး ဒီကတော့ ရယ်ချင်နေပြီ။သူပြောပြတဲ့ သူ့အလွဲတေက ရယ်စရာကောင်းလွန်းလို့။
"ကဲပါသွားပါတော့ ရန်ရန်ရယ်...နောက်ကျနေပြီ"
"ဟွန့်"
"ဘာမဟုတ်ဘူး...ဘာမဟုတ်ဘူး...ဒီကောင်လျှောက်ပြောနေတာအစ်ကို"
"ငါက ဘာပြောနေလို့လဲကွ"
"အစ်ကို ရယ်ချင်နေတာ..ကျနော်သိတယ်"
"ဟဟ..ဒါကတော့ မင်းဖြစ်လိုက်ရင်..ရယ်ချင်စရာကြီးပဲကိုး"
"ဟုတ်ပါပြီ..ဟုတ်ပါပြီ..ရယ်ပါ"
"မဟုတ်ပါဘူးကွာ.."
အားမနာပါးမနာ ရယ်တာတော့မဟုတ်ဘူး။အားနာပါးနာနဲ့ သူလွဲတာကို ရယ်ရတာ။
"ရော့ အစ်ကိုမနေ့ကမှာတဲ့ဟာ"
"သြော် အေ မီးဖုတ်ထားရဦးမယ်...မီးဖုတ်ပြီးထောင်းထားရင် မင်းသူငယ်ချင်းကကြိုက်တယ်"
အစ်ကိုရယ်။ချစ်တတ်လိုက်တာ။သူစားဖို့တောင် စောင်းလျားသီးမှာပြီး ကြိုလုပ်ပေးထားဦးမတဲ့။ဟက်....။သူလည်း သူ့ယောက်ျားပဲလေ။ချစ်မှာပေါ့။ကိုယ်ကသာ မဆိုင်တဲ့သူမဟုတ်လား။
မေးလိုက်ချင်တယ်။အစ်ကို စိတ်မဆိုးဘူးလားလို့။စိတ်မနာဘူးလားလို့။ကာယကံရှင်က သည်းခံနေတဲ့အခါ ဘေးကလူက အံတကြိတ်ကြိတ်။
"အစ်ကို သူ့ကို တအားချစ်တာပဲလား"
"ချစ်တာပေါ့ကွာ...သူ့နောက်ဘာမှမစဉ်းစားပဲ လိုက်လာခဲ့တာကိုပဲကြည့်ပေါ့..."
အစ်ကို့မျက်ဝန်းတွေက ဆွေးဆွေးမြေ့မြေ့။
"အခုလိုတေ သူလုပ်နေတာလဲ အစ်ကိုစိတ်မနာဘူးလား"
"အခုထိတော့ ဘယ်နာပါ့မလဲ...စိတ်တော့မကောင်းဘူး"
ကျပြန်ပြီ။မျက်ရည်တေက အစ်ကိုနဲ့မှ မလိုက်ဖက်ပဲ။ပြောမိတဲ့ ကိုယ့်ပါးစပ်ကိုပဲ အပြစ်တင်မိပြန်တယ်။
"မျက်ရည်မကျပါနဲ့ အစ်ကိုရယ်...အစ်ကို မျက်ရည်ကျတာမြင်ရင်...ကျနော်လည်း စိတ်မကောင်းဘူးဗျ"
ပါးပြင်ပေါ်က မျက်ရည်တေကို သုတ်ဖယ်ပေးမလို့လက်လှမ်းတော့ အစ်ကိုကရှောင်တယ်။လှမ်းမိတဲ့ ကိုယ့်လက်က လေပေါ်မှာပဲ ရပ်သွားရတယ်။ရည်ရွယ်သူကမှ မခံချင်ဘဲလေ။
"အဟီး...အကျင့်ပါနေတာ ထင်တယ်"
ဘယ်ကသာ အကျင့်ပါတာလဲ အစ်ကိုရယ်။မျက်ရည်ကျတာမှာ အကျင့်ပါတယ်ဆိုတာ ရှိလို့လား။မခံစားရဘဲ မျက်ရည်က အကျင့်ပါလို့ကျရအောင် အဓိပ္ပါယ်မရှိ။ပြောတိုင်း ခံစားရလို့ မျက်ရည်တွေက ကျနေရတာပေါ့။ပြုံးပြနေတဲ့ အစ်ကို့မျက်နှာမှာ မျက်ရည်တေနှင့်။
ရုန်းထွက်ပြီး ပြတ်သားခဲ့ပါ့လား လို့မပြောရက်ဘူး။သူ့အပေါ် အစ်ကို့အချစ်တွေကို မြင်နေရလို့။ချစ်တတ်လွန်းတဲ့ အစ်ကိုရယ်လေ။
♥♥♥
'ဆယ့်ခြောက်...ဆယ့်ရှစ်...နှစ်သိန်းပျောက်နေတယ်...ဘယ်ရောက်သွားတာလဲ'
ဒီတစ်ပတ် မောင်ပြန်လာတာ ပိုက်ဆံမပေးလို့ သိမ်းထားတဲ့ ပိုက်ဆံကို သွားရေကြည့်တော့ သူက မထားခဲ့တဲ့အပြင် နှစ်သိန်းတောင်လျော့သွားသေးတယ်။ကားပျက်တယ်ဘာညာလည်း မကြားမိဘူး။ကားတေဘာတေပျက်ရင်လည်း မသိစရာအကြောင်းမရှိဘူး။ပြင်ရမှာဆိုတော့ ကိုယ်လည်း သိမှာပဲ။ကားပြင်တာလည်း မဖြစ်နိုင်ဘူး။မဟုတ်မှ.....
ဟုတ်တယ်။မောင်အဲ့နေ့က သေတ္တာသော့ဖွင့်သွားတယ်ထင်တယ်။သော့ထားတာလဲ နေရာလွဲနေတယ်။ဟုတ်တယ် အဲ့နေ့က မောင်ယူတာပဲနေမှာ။အသိမပေးဘဲ ယူသုံးစရာဘာများရှိတာလဲ။မောင်ရှာထားတဲ့ ငွေပါ။မောင်ကြိုက်သလိုသုံးလို့ရတယ်။အခုက ပုံမှန်မှမဟုတ်တာ။
ချက်ချင်းပဲ ဖုန်းနံပါတ်တစ်ခုကို ကောက်နှိပ်ပြီးသား။
Ti~~Ti
"Hello"
"မောင့်..မနက်ဖြန်ပြန်ခဲ့..ဘယ်အချိန်ထွက်ခဲ့ထွက်ခဲ့..မနက်ုဖြန် မင်းရောက်အောင်ပြန်ခဲ့တာမြင်ချင်တယ် ဘာလည်းမမေးပါနဲ့... မနက်ဖြန်သာရောက်အောင်ပြန်ခဲ့ပေး"
တစ်ဖက်က ဘာမှပြန်မပြောနိုင်ခင် ချပစ်လိုက်တယ်။ကျန်တာတေ သည်းခံပြီး ကြိတ်မှိတ် နေနိုင်ပေမယ့် စီးပွားရေးထိခိုက်လာမယ့် အကွက်တေမြင်ရင်တော့ ငါသတိပေးရတော့မယ်မောင်။ငါ့အတွက်မဟုတ်ဘူး မောင်။အခုလိုက စပြီးသုံးနေဖြုန်းနေရင် မောင်ပင်ပန်းရကျိုးမနပ်မှာစိုးလို့။မောင်ရှာတဲ့ ငွေတေသူက အလိမ္မာနည်းနှင့် သုံးသွားမှာစိုးလို့။
♥♥♥
တစ်ဖက်မှာလည်း
"ကိုကို အခုချက်ချင်းပြန်မှဖြစ်မယ်ထင်တယ်...ဘာဖြစ်တာလဲမသိဘူး တစ်ခုခုဖြစ်နေလို့လားမသိဘူး"
"အို ကိုကိုကလည်း မနက်မှ ပြန်ပါ...ညကြီးကို ကားမမောင်းပါနဲ့ မီနိုင်းစိတ်မချဘူး"
ဟုတ်တယ်လေ။သူများတကာတေ ကြည်နူးနေတာကို ကိုကို့ယောက်ျားက တစ်ခါမှ မဆက်စဖူး ညကြီးဖုန်းဆက်ပြီး သူ့ယောက်ျားကို ပြန်ခေါ်နေတယ်။ဒီက ကိုကိုကလည်း ဖုန်းပြန်ဆက်တာ မရလို့ ပြာယာကိုခတ်နေတာပဲ။
အခန်းထဲကပါ ထထွက်သွားဖို့ ကြံနေသူကြောင့်
"ကိုကို"
"ပြန်မှဖြစ်မယ်လေကွာ..နော်..စိတ်မဆိုးနဲ့ သူတစ်ခုခုဖြစ်လို့လားမသိဘူး မီနိုင်းရဲ့"
ဟင့်အင်း။လုံးဝလွှတ်မပေးနိုင်ဘူး။မနက်ဖြန်လည်း ပြန်မလွှတ်ဘူး။ရအောင်ကို ဆွဲထားဦးမှာ။
"မသွားရဘူးနော်ကိုကို...ညကြီးကို..ပြီးတော့ ဒုက္ခရောက်နေတဲ့အသံလည်း မဟုတ်ပါဘူးကိုကိုရဲ့...နော်...နော်လို့...မီနိုင်းကိုစိတ်ပူအောင်မလုပ်ပါနဲ့"
ရင်ခွင်ထဲပါ တိုးဝင်ပြီး ချွဲချွဲနွဲ့နွဲ့လေး ပြောလိုက်တော့ နည်းနည်းတော့ စဉ်းစားသွားသလို။
"ဒါပေမယ့်.."
"ဘာဒါပေမယ့်လည်းကိုကိုရယ်...ကိုကိုတစ်ခုခုဖြစ်သွားရင် ရင်ကျိုးရမှာ ကိုကိုရဲ့"
"စိတ်ချပါကိုကိုရယ်...ကိုကို့လူ ဘာမှမဖြစ်ပါဘူး...နော်...နော်လို့ ချစ်ဘူးလား"
"သူတစ်ခု.."
"ဘာမှမဖြစ်ပါဘူးဆို ကိုကိုကလည်း..."
ရင်ဘတ်တစ်လျှောက် လက်ညိုးလေးနဲ့ပွတ်လို့ ပြောနေလိုပ်တယ်။အဟင်း။
"အာ့ဆိုလည်း အိပ်တော့... ကိုကိုမနက်စောစော ထသွားမှာမို့ စောစောအိပ်တော့မယ်"
ကျစ်စ်။ကြည့်ထားလိုက်။ကိုကို့ကို ရှင့်လက်ထဲကနေ မရရအောင်ဆွဲထုတ်ပြမယ်။
♥♥♥
30.10.21
ညဆို ရေးဖြစ်ဖို့က မသေချာဘူးရယ်။အာ့ကြောင့်မို့ နေ့ခင်းအားနေလို့ များကြီးရေးပြီး up လိုက်တာ။
Advertisement
I Slipped into Another World and Became this Demonic Guy's Pet
Nastasia Mischaevna Vasiliev, an Irish-Russian American, a jack of all trades, and now a world slipper...Attacked by the people and chased by soldiers for being a Red Demon she happens upon a demonically bewitching man. If it weren't for the fact she couldn't understand a lick of what was being said, she never would have become his pet.Follow along as Nastasia overcomes languages barriers, wretched schemes, and a supernatural demon that can't keep his hands to himself.
8 263Industrialising Dungeon: The Crimson Forges
Germany; Dusseldorf, XX - XX - 20XX. Allen Black was a happy man, although his life wasnt perfect in the form of his Father dying of cancer when he was just 7 and his mother remarrying and then leaving him plus his newly aquired step-sister alone to take care of themself. Even with that however, he still had his joys in life. After finally being employed in a good paying job at a Car factory, he thought his and Alice's lives would turn a bit more rose-colored... Instead of a rose however, the lottery of fate gave him a Thornbush, as his life is claimed in a situation most would never wish to come across.
8 171Humans: A Mythical Manual
You see… humans exist. Ah, you’ve heard the stories! “Be touched by one and be healed. Hold a lock of hair and have boundless luck. Drink a human’s blood and become immortal.” Being a human isn't going to be easy. A bureacratic error in the Registry of Mortals sends an unwitting mortal spinning through reality. He ends up in the world of myths, a place where humans don't exist. In fact, humans are the myth. Also, shenanigans ensue.
8 98Master of divine blood
The hero finds himself in an empty white space. He does not remember himself and does not understand what is happening. The sweet voice of a girl with maternal care tells him about rebirth. Everyone who fulfilled their Great Dream on Earth gets here to choose abilities and become stronger.Superior beings act in a special space, but can also return to Earth. They are waiting for the conquest of 9 worlds of the dragon necklace.The hero receives only 12 points for choosing the ability, but the weakest costs 15. A sweet voice helps him cope with this problem. Having no memory of himself, the MC retained the principles of personality, so he joyfully plunges into a new world for him. But a series of strange coincidences shows that he fell into a certain conspiracy ...---------------If you are a lover of novels and have been reborn in such a magical way, is it not natural to think of the world as a fairy tale? Yes? Then you do not know how terrible the tales are in the original version. Embark on a journey with the hero to find out the hidden "Truth about the world"PS: The world of history is strictly thought out and obeys its laws. It has a history and development. Some readers may find it difficult at the beginning due to many terms. I know that many are tired of super-lucky heroes. As soon as they need something, they immediately receive it. This story is different. Everything has a reason.
8 111Modern Monsters
This is all a dream. This is what Dacker says to himself every day. That's the only way he could cope with this bizarre world he found himself in. currently no cover
8 217Hidden love
TanJiro and kanao are in a relationship and no one knows
8 159