Advertisement
မနက် 7 နာရီ။
ဒီနေ့တော့ ကလေးတေပြန်ခိုင်းလို့မဖြစ်တော့။မနေ့ကအကြွေးလည်းရှိသေးတယ်။ခြောက်နာရီခွဲလောက်ကတည်းက ဝီရိယကောင်းကောဂ်းနဲ့ ရောက်လာတတ်ကြတဲ့ ကလေးတွေကို မနေ့ကတော့ နေမကောင်းလို့ဆိုပြီး ပြန်ခိုင်းလိုက်ရတာ။စိတ်အခြေအနေမဟန်တော့ သင်နိုင်မှာလည်းမဟုတ်လို့။ဒီတစ်ပတ် တနင်္ဂနွေတော့ မနားရတော့ဘူး။အစားထိုးပေးရတော့မယ်။
"လူစုံပြီမလား...တစ်..နှစ်.......တစ်ယောက်လိုသေးတယ်...အဲ့ဒါ စားနောက်သွားနောက် ရန်ရန်မလား"
တစ်ယောက်လိုနေတာဆို ပြေးမကြည့်နဲ့ သူဆိုတာ သေချာတယ်။
"လာပြီ ကိုကြီး...ဟိုမွာ"
အမေလး ဖုတ်ဖုတ်ဖုတ်ဖုတ်နဲ့ ပြေးလာရတာ။သူ့မှာအမော။ဘယ်တော့မှ စောရောက်နှင့်တယ်ဆိုတာကို မရှိ။
"ထုတ် ထုတ်စာအုပ်...အရင်တစ်ပတ်က ဘာပြီးသွားလဲ"
"Essay ရေးနည်းသင်ပေးတာလေ...တစ်ယောက်တစ်ပုဒ်ပြီးအောင်ရေးခဲ့ဆိုပြီး...အိမ်စာတောင်ပေးလိုက်သေးတယ်"
"ဟုတ္လား...အာ့ဆိုစစ်ပေးမယ်...စာအုပ်လာထပ်လိုက်ကြနော်"
သြော်။လူလည်း မေ့တတ်နေပါပြီကော။အိမ်စာပေးထားတာတောင်မေ့ရတယ်လို့။
စာအုပ်လာထပ်ကြတာ အစီအရီ။ခုံပေါ်ကခွက်ထဲက ဘောပင် မှင်နီတစ်ချောင်းကိုယူလိုက်ပြီး စစ်ပေးရတယ်။မှင်တောင်ကုန်တော့မှာပဲ။ညနေကျ ထွက်ဝယ်ရဦးမယ်။
စစချင်းစစစ်လိုက်တဲ့ စာအုပ်မှာတင်ပဲ...
"အမေလး မောင်ညို...ထပါဦး"
"ဗ်ာ..ဟုတ်ကဲ့ ကိုကြီး"
"ကဲ...မင်းရေးထားတဲ့ essay က ဘာအကြောင်းလဲ"
"ဗ်ာ...ကျနော့်အကြောင်းလေ"
"မင်းအကြောင်းရေးတာက ဟုတ်ပါပြီ...ကြီးလာရင် ဘာဖြစ်ချင်တယ်လို့ ရေးထားတာလဲ"
"ယောက်ျားယူချင်တယ်လို့ရေးထားတာဗျ"
ဟား..ဟား ဟား ခြီ
အဟားဟား အခြောက်ကြီး.ဟေ့..အခြောက်ကြီး
ဖြန်းဖြန်း
"တိတ်မယ်...မင်းတို့ကိုဘာပြောထားလဲ...သူများကိုမလှောင်နဲ့လို့ ပြောမထားဘူးလား"
"ဟုတ်ကဲ့...ပြောထားပါတယ်"
ဆရာတပည့်ဆိုတာထက် ရောရောနှောနှောဆက်ဆံတာကြောင့် တစ္ခုခုဆို မပြောရဲတာမျိုးမရှိကြ။အခုလို မျက်နှာတည်နဲ့ ခပ္မာမာ မာန်လိုက်ပြီဆိုလည်း အကုန်လုံး ကုပ်သွားတတ်ကြတယ်။အခုလည်း မောင်ညိုရေးထားတာကို ရယ်နေကြပြီ။မောင်ညိုဆိုတာ မိန်းကလေးကြားထဲမှာပဲနေတဲ့ မိန်းကလေးလို ခပ်ပျော့ပျော့ ခပ်နွဲ့နွဲ့ ကောင်လေး။ပိန်ပိန်သွယ်သွယ် အသားညိုညိုနှင့်မို့ သူ့ကိုဆို နဂိုထဲက ဝိုင်းစချင်ကြတာ။
"ကဲ...ပြောပါဦး...ဘာဖြစ်လို့ ဒီလိုဖြစ်ချင်ရတယ်ဆိုတာကို"
"ကိုကြီးတို့ နှစ်ယောက်ကို ကြည့်ပြီး...ကိုကြီးတို့လို ချစ်ချင်လို့"
"ဟမ်"
"ဟုတ်တယ်လေဗျာ...အခုသာ ဟိုကိုကြီးဖြိုး မရှိလို့ကို...အရင်ကဆို ကိုကြီးတို့နှစ်ယောက်ကိုတွေ့ရင် အမေတို့ကတောင်ပြောတယ်...အဲ့နှစ်ယောက်က တအားချစ်ကြတာတဲ့...သူတို့ကိုကြည့်ရင် ပျော်စရာလေးတဲ့"
ငေးမိသွားတယ်။ပျော်စရာလေးတဲ့။ပျော်စရာကောင်းခဲ့တာပေါ့။အဲ့အချိန်တုန်းက မောင်က တအားချစ်ပေးခဲ့တာကို။မပြောဘူးလား။သူများတေ အားကျရလောက်အောင် ချစ်ပေးခဲ့တာလို့။အခုမှ မောင်က မလိမ္မာတော့တာ။
"အာ့ကြောင့်မို့...သားက ကိုကြီးလို ယောက်ကျားယူမှာ...အိမ္နားက လင်မယားတေဆို ရန်ဖြစ်လို့ချည်း...သားအဖေနဲ့ အေမေရာပဲ"
"ဟုတ်တယ်နော်...ငါတို့အိမ်နားဆိုလည်း..ခဏခဏရန်ဖြစ်သံတေ ကြားရတယ်"
"ကိုကြီးတို့က တစ်ခါမှ ရန်မဖြစ်ဖူးဘူးလားဟင်"
"ဟမ်...အော်...အေ...ဟုတ္တယ္ကြ...မင်းတို့ကိုကြီးဖြိုးနဲ့ ကိုကြီးနဲ့က တစ်ခါမှ ရန္မျဖစ္ဘူး"
"ဟုတ္လား...ပျော်စရာကြီးလားဟင်..ကိုကြီး"
"အင်း...ပျော်စရာကောင်းတာပေါ့...သိပ်ပျော်စရာကောင်းတယ်...ကိုကြီးယောက်ျားက ကိုကြီးကို တအားချစ်တာလေ...မင်းတို့တေပြောသလိုပဲ"
"ဟင်...ကိုကြီးကလည်း...ပျော်စရာကြီးဆိုပြီး ဘာလို့ပြောရင်းနဲ့ မျက်ရည်တေကျနေတာလဲ"
"ဟမ်"
ဟုတ်တာပေါ့။မျက်ရည်တေ ကျနေမိတာ။မောင်က တအားကို ချစ်တဲ့ အကြောင်းပြောနေတာကို ဘယ္ကေန ဒီမျက်ရည်တေက ထွက်လာရသလဲ။အားတဲ့အချိန် ဖုန်းတေကြည့်တာနှင့် အိပ်ရေးမဝတာတေ များလာလို့ထင်တယ်။ငိုလည်း မငိုပါပဲ မျက်ရည်တေကျနေတာ။
စူးစမ်းသလိုကြည့်နေကြတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေ။သူတို့ကို ပျော်စရာကောင်းတဲ့ အကြောင်းပြောနေတဲ့သူက ရုတ်တရက်ကြီး မျက်ရည်တွေကျနေတော့ သူတို့လည်း ထူးဆန်းနေမှာပေါ့။ပျော်နေတဲ့သူ ဘယ္သူက ငိုမှာမို့လို့လဲ။
"အာ...ကိုကြီးက မျက်စိတေ စပ်နေတာ...ဖုန်းကြည့်တာများလို့လေ..သိတယ္မလား...အာ့ကြောင့် မင်းတို့လည်း ဖုန်းတေယူယူမကြည့်ကြနဲ့...ကိုကြီးလို မျက်စိတေ စပ်နေလိမ့်မယ်..ကြားလား"
"ဟုတ်...ကိုကြီးလည်း..ဖုန်းမကြည့်နဲ့တော့လေ ဘြားဘြားလို မျက်မှန်တပ်နေရလိမ့်မယ်...သမီးအဘွားလည်း မျက်မှန်ကြီးနဲ့ မျက်မှန်မပါရင် မမြင်ရဘူးတဲ့"
"ဟုတ်ပါပြီဗျာ...ကိုကြီးရဲ့ ဒီညီမလေးပြောတာကို..နားထောင်ပါ့မယ်ဗျာ"
"အဟိ..."
ခေါင်းလေးပုတ်ပြီး ပြောလိုက်တော့ ပျော်သွားရှာတဲ့ ကလေး။ဖြူစင်လိုက်ကြတာ။သူတို့လေးတွေနှင့်နေရတာ စိတ်ညစ်စရာတေတော့ မေ့သား။ခုနကလို တိုက်ဆိုင်မှုတေကလွဲလို့ပေါ့။ခုနက မောင်ညိုကလည်း တမင်ရည်ရွယ်ပြီးပြောတာမဟုတ်။မောင်ညိုမှမဟုတ် ဒီမှာရှိတဲ့ ကလေးတေအပါအဝင် တစ်ရပ်ကွက်လုံးကလည်း မောင်ညိုပြောသလိုပဲ မြင်နေကြမှာပဲ။တစ်ယောက်က သူ့ယောက်ျားဖြစ်တဲ့သူကို ပင်ပင်ပန်းပန်းမလုပ်စေချင်လို့ သူပဲ ဈေးရောင်းပြီး ယောက်ျားကိုတော့ စာပဲသင်နေစေတယ်လို့ မြင်မှာပဲ။သူတို့အမြင်မှာတော့ မောင်က အရမ်းလိမ္မာတယ်။ကြုံရင်တော့ ပြောလိုက်ချင်သေးတယ်။မောင်က အရင်ကလို မလိမ္မာတော့လို့ မောင့်ကို ကူပြီး ဆုံးမပေးကြပါဦးလို့။
♥♥♥
"ကိုကိုနော်...မနေ့ညက မီနိုင်းစာတေ တစ်ညလုံးပို့နေတာ..ပြန်လည်းမပို့ဘူး...မီနိုင်းဘယ်လောက်စိတ်ပူနေတယ်ထင်လဲ"
"ကိုကို အိပ်ပျော်နေလို့ပါကွာ...ပြောပါဦး ဘယ်လောက်တောင်စိတ်ပူသွားတာလဲလို့"
"ကိုကိုကလည်း...တော်ပြီ...မီနိုင်း စိတ်ဆိုးသွားပြီ..အကောင်းပြောနေတာကို"
"ဟာ..ဟေ့...အကောက်မလေး...အဲ့လိုမလုပ်ရဘူးနော်"
"လုပ်မှာပဲ...လုပ်မှာပဲ...ဟွန့်"
"ဟာ...လုပ်ပြီ..ကောင်မလေးကနော်"
လိုက်ချော့စမ်းပါကိုကိုရယ်။မီနိုင်းဆိုးသမျှ ကိုကို သည်းခံပြီး နေပါ။ပိုင်ရှင်ရှိတဲ့ ယောက်ျားမကလို့ ဘယ်သူပဲဖြစ်နေနေ ကိုကို့လို လူမျိုးကို မြင်မြင်ချင်းကတည်းက ရင်ခုန်ခဲ့ရတာ။ကိုကိုက အိမ်ထောင်ရှိတယ်၊ပြီးတော့ ကိုကို ယူထားတာက မိန်းမမဟုတ်ဘဲ ယောက်ျားတစ်ယောက်ဆိုတာ သိလိုက်ရတော့ အံ့သြသွားသေးတယ်။ကိုကိုက ယောက်ျားယူထားတယ်ဆိုလို့ အံသြသွားတာ။
ယောက်ျားပဲရှင် ဘယ္က်ားကမ်ား ဥပုဒ်စောင့်လို့လဲ။ဘယ်ယောက်ျားကများ မိန်းမမာယာကြားက လွတ်နိုင်မှာမို့လို့လဲ ကိုကိုရဲ့။ဒါတေက မီနိုင်းအတွက်တော့ ပါးပါးလေးပါ။
သိပ်တောင်မကြိုးစားလိုက်ရဘူး ကိုကိုရယ်။ညွတ်ကျလာတော့တာပဲ။ကိုကိုတို့လို ပိုက်ဆံရှာနိုင်နေတဲ့ လူမျိုးကို လက္လြတ္ခံတဲ့သူဟာ ရူးနေလို့ပေါ့။အခုလိုမျိုး သေးသေးမွှားမွှား လေးကစလို့ ကိုကိုဖြည့်ဆည်းပေးနေရမှာ။ရွာမှာဆို တစ်ရက်အပြင်မနေချင်တဲ့ ကိုကိုရယ်လေ။သူ့ယောက်ျားဆီကို သိပ်ပြန်ချင်တာ။ဘယ်ဖြစ်မလဲ။သူ့သဘောအတိုင်းသာ ပြန်နေမယ်ဆိုရင် က်မဆီ ဘယ်လိုစိတ်လည်လာတော့မလဲ။အဲ့တော့လည်း သူလိုချင်တာနဲ့ ချော့ရတာပေါ့ရှင်။ကန်စွန်းရွက်စားတဲ့ ကျားရယ်လို့မှ မရှိတာ။ကိုကိုလည်း ကြာကြာ မလွန်ဆန်နိုင်ပါဘူး။အခုဆို တမ်းတမ်းစွဲဖြစ်နေပြီ။ယောက်ျားတစ်ယောက်စွဲလမ်းလာဖို့ ဘယ်လောက်ခက်တာမှတ်လို့လေ။
♥♥♥
တိုသွားတာသိပါတယ်ရှင့်။
Advertisement
- In Serial53 Chapters
Anyhorr
Anyhorr. The game is based on the horrors and nightmares of thousands of players. Players enter the game suddenly, not of their own free will. They can't leave the game. They have no choice. Play or die. Who will be the winner of this game? What's the price of winning? To defeat a monster, you must become a monster. Dear Readers. English is not my native language. I live in Siberia. This is a novel I am writing for practice. I know it will probably be a bit rough, but I thank you in advance for giving it a chance.
8 166 - In Serial13 Chapters
Am I The Only One Who Is Not Forced to Migrate Across Worlds....?
A random isekai adventure might not be random. Underlying conspiracies, not-so-kind world and most importantly two-faced characters. Only time can reveal the flaws of the so-called Migrators! *** I am rewriting the novel. All this time, I have honing my skills as a writer. As my first novel, this novel served as a self-reflection of how much I improved later on. This doesn't have the most unique of plots but as a first novel, I still have some aspirations and memories.
8 116 - In Serial16 Chapters
Cymech: A Sci-fi LitRPG
Still reeling from his previous mission, Gnath Fist must quickly get to know his new Mech Suit while managing how much Cyborg he becomes. His Mech engineers race to build him and upgrade a custom Mech while they set out on a new mission: To investigate a stalled space battleship of saber-toothed Solodons. The investigation is supposed to be diplomatic. It's supposed to be a mission of peace talks and security transitions. Book 1 is on Kindle Unlimited. Due to Kindle Unlimited requirements, only book 2 will be hosted here. Thanks so much for reading!
8 160 - In Serial11 Chapters
Dreadnought - A Superhero Novel
Damsels in distress in need of saving from villains that only the hero can fight off. A single protagonist that will save the universe from its fated doom. Despite the odds all of the heroes survive a battle they shouldn’t. They win a war that can’t be won. Those are fairy tales. And fairy tales are no good entertainment. The world as we knew ended not with an explosion or the apocalypse, but a cry of an infant. That was the birth of Dawn, the world’s first gifted with the ability to warp reality itself. 153 years have passed and all manners of conventional weaponry have disappeared from the face of the planet and textbooks. Only a vague idea of what it did remains. In such a world, gifted roam with little to no competitions aside from other gifted. Thankfully, however, the decently strong ones live on the front lines fighting the other factions all thorough the year in a not-so-cold war for another continent. In such a world where two factions battle for supremacy on the mainland, Damian Edison plans to make a living as a soldier of the Empire before he discovers a much better path to wealth and fame all the while helping the world. Things seem too good to be true, but maybe the old man is telling the truth. What other choice did he have? After all, he’d be living out his life in a dungeon if he didn’t accept the offer. Our newest hero tries to make a living as a public figure in search of fame and glory, yet the stakes rise to the skies in a manner of months and he finds himself fighting for the fate of the entire world against a terrorist organization that seems to have brought back conventional weaponry into the fray. Can the gifted around the world hope to defend their nations from weapons of mass destruction, or will they bend the knee? ------------------------------------- This is the first book, already finished and undergoing editing before it hits the markets. And what better way to advertise myself as well as have free beta readers than RoyalRoadl!!!
8 207 - In Serial23 Chapters
A Liliful World
Think about it, what were to happen if you were reincarnated to the virtual world you wanted to create; what a dream right, being able to live peacefully with no limitations... That was what I thought; the experiment failed...?! And to make it worse, I met a Yuri-fanatic Goddess who wishes to reincarnate me to the world I attempted to create but in exchange... I had to entertain her with yuri?! "What is going to happen to me?!!!!" Awards: ScribbleHub Anniversary 2 (3rd Place)Warning: This story is not meant to be taken seriously as it is a seriously not serious story, absolute fluff as always, additionally, this story is Girls' Love.
8 296 - In Serial27 Chapters
The Secret Garden -By Frances Hodgson Burnett
When orphaned Mary Lennox comes to live at her uncle's great house on the Yorkshire Moors, she finds it full of mysterious secrets. There are nearly one hundred rooms, most of which are locked, and the house is filled with creepy old portraits and suits or armor. Mary rarely sees her uncle, and perhaps most unsettling of all is that at night she hears the sound of someone crying down one of the long corridors. The gardens surrounding the odd property are Mary's escape and she explores ever inch of them-all except for the mysterious walled-in, locked garden. Then one day, Mary discovers a key. Could it open the door to the garden?
8 125