Advertisement
"အိုကေ အိုကေ...ဒီနေ့တော့မလာနိုင်သေးဘူးနော်...မနက်ဖြန်မှထွက်ခဲ့တော့မယ်ကွာ..နော်"
". ............"
"စိတ်ချကွာ...နော်..."
". ..........."
ညကအရှိန်ကြောင့် မနက်စောစော မထနိုင်တဲ့မောင်။ဖုန်းသံကြားမှ နိုးလာပေမယ့် ကြည်ကြည်လင်လင်ရှိနေလိုက်တာ။အခန်းထဲက အိပ်ယာထဲကဘမထွက်ရသေးဘူး သူ့ရဲ့နောက်တစ်ယောက်က ဖုန်းဆက်နေပြီ။
မီးဖိုချောင်ထဲကနေဆိုတော့ အတိုင်းသားကြားနေရတယ်။
ဂလွမ် လွမ်
မကြားချင်ဘူးမောင်ရယ်။အဲ့အသံတေကြားရတာထက် အိုးခွက်ကျသံတေကြားရတာကပဲ တော်သေးတယ်။ခူးလက်စ ထမင်းအိုးဖုံးကို လွှတ်ချလိုက်တာက ခနတော့ ဆူညံသွားစေတယ်မလား။
"ဘာတေလွတ်ကျနေရတာလဲကိုကို...ဟင်"
"ဖယ်ပါမောင်ရယ်...မျက်နှာသွားသစ်ချေတော့...ထမင်းခူးထားတယ်...ငါကစားနှင့်တော့မယ်"
နောက်ကနေ ခါးဆီလက်လျှိုသွင်းပြီး ပုခုံးပေါ်မေးတင်လာတဲ့မောင်။လည်ပင်းနားမှာ တရှုံ့ရှုံ့နှင့်။
"မစောင့်တော့ဘူးလား..."
"အင်း...ငါဗိုက်ဆာနေပြီမလို့...သွားပါ...ခေါင်းကိုက်နေတယ်မလား..မျက်နှာသစ်တော့"
"အင်း....."
ဘယ်လိုလုပ်မလဲ။ဘယ်လိုလုပ်ရမလဲ။မောင်က ဒီလောက်ချစ်စရာကောင်းနေတာကို။မလုပ်သင့်တဲ့ကိစ္စကိုမှ လုပ်ရတယ်လို့။မောင်က ဆိုးပြီးရင်းကို ဆိုးနေတော့တာပဲ။
"မြန်မြန်မျက်နှာသစ်ပြီးထမင်းစားတော့..."
ထမင်းစားပွဲကို ဝင်ထိုင်လိုက်တော့မှ ဆင်းသွားတယ်။ငါ့ကို ပြောစရာဘာမှမရှိဘူးလား မောင်။ဖြေရှင်းစရာတေ ပြောစရာတေ မောင့်မှာ ဆိတ်သုဉ်းနေသလား။ဒါမှမဟုတ်...မလိုဘူးလို့များ မှတ်ထားသလား။
"ဘာဟင်းတေ ချက်ထားသလဲဗျာ"
"ထိုင်"
မျက်နှာသစ်ပြီး ပုဆိုးစနှင့်ပဲ မျက်နှာသုတ်ပြီး ဝင်ထိုင်လာတယ်။ဟင်းက ဘာမှမှ ချက်ချင်စိတ်မရှိတာ။
"အစုံသုပ်တစ်မယ်ပဲရှိတယ်"
"တစ်မယ်တည်းဆိုလဲ...စားကောင်းမှာသေချာတယ်...ကိုကို့လက်ရာကိုယုံပြီးသား"
အပြောကောင်းလိုက်တာ။
"အင်း...ငါဝပြီ...မကုန်သေးရင် နေ့လည်စာချန်ခဲ့လိုက်"
"ဟောဗျာ...မစောင့်ပေးတော့ဘူးလား"
ငါလည်း ဘယ်လိုတေဖြစ်နေသလဲ မသိပါဘူးမောင်ရာ။ အရင်တုန်းကလိုလည်း မောင်ထမင်းစားနေတဲ့ဘေးမှာ မစောင့်ချင်တော့ဘူး။အခုလည်း အစုံသုပ်ထဲ ထည့်ထားတဲ့ ငရုပ်သီးနင်သွားလို့ထင်တယ်။ရင်ဘတ်ထဲမှာပူနေလို့ ရေအမြန်သောက်မှဖြစ်မှာ။
"အင်း....ငါမနေချင်တော့ဘူး"
"ဘာ.."
ဟုတ်တယ်မောင်။ငါမင်းအနားမှာ မနေချင်တော့ဘူး။မနေချင်ပေမယ့်လည်း မခွဲနိုင်ပြန်ဘူး။မင်းမရှိဘဲလည်း ငါမနေနိုင်ဘူး။မင်းနဲ့လည်း ငါမနေချင်တော့ဘူး။ဘယ်လိုတေ လုပ်ရတော့မလဲမောင်။ဟင်။
"အာ...ငါစပ်သီးစားမိလိုက်လို့ရေသောက်မလို့"
လှေကားကနေ အပေါ်ကို တက်တက်ချင်း အဝင်ဝမှာ ရေအိုးစဉ်လေး တင်ထားလို့ မောင့် ရှေ့ကနေ ထွက်ခဲ့ဖို့ အခွင့်အရေးရတယ်။ရေအိုးကပါ မီးဖိုထဲမှာမဟုတ်လို့တော်သေးတယ်။
♥♥♥
"ငါရူးတော့မယ်ထင်တယ်...ဘယ်လိုလုပ်ရမှန်းမသိလို့ရူးသွားတော့မလားမသိဘူး"
တစ်ခါမှမလာစဖူး အိမ်ကို ရောက်လာလို့ ထူးထူးဆန်းဆန်းအလည်လာသလားအောက်မေ့နေတာ။အလည်သက်သက်ချည်း မဟုတ်ခဲ့ဘူး။တရားခံကဘယ်သူရှိရမလဲ။
"အစ်ကို အိပ်ရောအိပ်ရဲ့လား..."
ညိုချင်နေတဲ့ မျက်ကွင်းတွေက အိပ်လားမအိပ်လား အသိသာကြီး။ဒီလိုတေ မအိပ်ဘဲနေလို့ ဘယ်ဖြစ်ပါ့မလဲဗျာ။
"ဘယ်လိုများအိပ်ပျော်ပါ့မလဲ...ညက..ညကလေ"
"ဘာဖြစ်တာလဲ...ဟိုကောင်ဘာလုပ်တာလဲ"
မတွေးအပ်တဲ့ အရာပေမယ့် ဘယ်အရာမဆို ဖြစ်နိုင်ချေရှိတယ်မလား။သူတို့နှစ်ယောက်ဆိုတာ တရားဝင်လက်ထပ်ထားတဲ့သူတေပဲ။
"သူ့ဖုန်းထဲကို စာတေအများကြီးဝင်လာတယ်"
"ဘာလဲ...ဟိုတစ်ယောက်ဆီကလား"
"အင်းပေါ့...သူ့ရဲ့ နောက်တစ်ယောက်ဆီက"
တောက်ခ်...ငါကွာ။
နားလည်တယ်။အိမ်ထောင်ရေးဖောက်ပြန်တယ်ဆိုရင် သက်ဆိုင်သူဘယ်လိုတေခံစားရမလဲဆိုတာ။ချစ်လှပါချည်ရဲ့ ဆိုတဲ့ ယောက်ျားဖြစ်သူက ကိုယ့်နောက်ကွယ်မှာ တခြားတစ်ယောက်ရှိတယ်ဆိုတဲ့ ခံစားချက်။အကုန်လုံးကို သိနေပါရက်နဲ့ မသိချင် မမြင်ချင်ယောင်ဆောင်နေရတဲ့ ခံစားချက်။အစ်ကိုမို့လို့သာ မြိုသိပ်နေနိုင်တာ။အဲ့နေရာမှာ ကိုယ်သာဆို ဝုန်းဒိုင်းကြဲပြီး ပေါက်ကွဲနေမိမှာ။
တစ်ခုခုဆို ဝုန်းဒိုင်းပေါက်ကွဲပစ်လိုက်တာထက် မြိုသိပ်ခံစားနေတတ်တဲ့သူတေက ပိုခံစားရခက်မှာ။
"အစ်ကို သူ့ကို ဘာမှမမေးတော့ဘူးလား...မငိုနဲ့ အစ်ကို...အစ်ကိုက ငိုနေရမယ့်သူမဟုတ်ဘူး"
"ငါမငိုပါဘူး...သူ့အလိုလို ကျလာတာ...အင့်"
ငဖြိုးရာ...။မင်းကို အဲ့လောက်ထိ ခွေးစိတ်ပေါက်လိမ့်မယ်လို့ကို ငါမထင်မိတာ။သွေးမတော်သားမစပ်တဲ့ ငါက သူငယ်ချင်းဆိုတဲ့ပတ်သက်မှုတေကြောင့် မင်းလမ်းမမှားအောင် ငါတားခဲ့သေးသားပဲ။လူချင်းတွေ့ပြီးလဲပြောတယ်။ဖုန်းနဲ့လည်းပြောတယ်။ပြောတော့ မင်းကငါ့ကိုပါ ရှောင်လာတယ်။မင်း ဘာတေလုပ်နေတာလဲကွာ...။
"အစ်ကို...အစ်ကို အဲ့လိုကြီး မြိုသိပ်မနေပါနဲ့ဗျာ...အဲ့ကောင်ကို တစ်ခုခုတော့ ပြတ်ပြတ်သားသား လုပ်ပစ်စမ်းပါ"
အစ်ကိုက တအားမြိုသိပ်လွန်းတယ်။သည်းခံလွန်းတယ်။အဲ့ကိစ္စနဲ့ ပတ်သက်ပြီး တစ်ခွန်းမှကို ဟပုံမကျဘူး။တစ်ယောက်တည်း ကြိတ်ခံစားနေတော့ ပိုခံစားရခက်တယ်လေ။ဘေးကသိနေတဲ့ ကိုယ်က အားမလိုအားမရ။အခုလည်း တွေတွေကြီးမျက်ရည်တေသာ ကျနေတယ်။ကိုယ့်ရှေ့မှာမလို့ဒါတောင်။ဟိုကောင်ရှေ့ဆို ဘယ်လောက်ထိတောင်များ ဟန်ဆောင်နေဦးမလဲ။
"မဖြစ်ချင်ဘူး...ကိုယ့်အိမ်ထောင်ဘက်ကို ကိုယ့်ဆီမှာမနေချင်တော့လို့ ဆွဲထားရတယ်ဆိုတာမျိုး မဖြစ်ချင်လို့"
"အစ်ကိုရာ...ဒီလိုဆိုတိုင်းလည်း ဒီတိုင်းပဲ နေတော့မှာလား...တစ်ခုခုတော့လုပ်ပါဗျ...ဟမ်...ဘေးကမြင်နေရတာကို စိတ်မသက်သာလို့ပါ"
"ကိုယ်က အဓိကသက်ဆိုင်တဲ့သူပါ...ကိုယ်ကပိုပြီးတောင်ခံစားရတယ်...မောင့်ကိုလိမ္မာစေချင်တယ်...ဒါမယ့်...ကိုယ်အဲ့လိုတေလုပ်လိုက်ရင်...မောင်က..မောင်က စိတ်လိုက်မာန်ပါတေလုပ်သွားလိမ့်မယ်..အင့်"
စီးကျလာတဲ့ မျက်ရည်စီးကြောင်းတေကို လက်နဲ့ပွတ်သုတ်တယ်။ပြန်ကျလာတယ်။တစ်ပေါက်ပြီးတစ်ပေါက်။ဘေးနားကနေတောင် ခံစားနေရလို့ ဘယ်လိုလုပ်ပေးရမလဲ။
သူအဲ့လိုမျိုး လုပ်ပစ်လိုက်ရင် ဟိုကောင်က သူ့ကိုစိတ်ပျက်သွားပြီးဟိုတစ်ယောက်ဆီ ပါသွားမယ်လို့ တွေးနေတာနေမယ်။ကိုယ်ချစ်လို့ယူထားတဲ့ ယောက်ျားကို ဘယ်သူ့လက်ထဲ အပါခံနိုင်ပါ့မလဲ။
မျက်ရည်တေသုတ်နေတဲ့ အစ်ကို့လက်ကို ဆွဲကိုင်ထားလိုက်တယ်။ပြီးမှ သူ့ကိုယ်စား မျက်ရည်သုတ်ပေးလိုက်တော့ ပိုလို့တောင်ဆိုးလာသလို။ချော့ခံရတဲ့ကလေး ပိုငိုတယ်တဲ့။စိတ်ချပါ။စိတ်ချလိုက်ပါ။ဒီနေ့ကစပြီး အစ်ကိုခံစားနေရတာတေ ကို သက်သာအောင်လုပ်ပေးမယ်။
♥♥♥
'သူမြင်သွားတာလား'
သေချာတယ်။သူမြင်တယ်။messages ထဲဝင်ကြည့်လိုက်တော့ ဖွင့်ကြည့်ထားပြီးသားစာတေ။ပို့ထားတာတေကညက။ညက မူးနေလို့ စာဝင်လို့ဝင်မှန်းတောင်မသိဘူး။ဖွင့်ကြည့်ထားတာ သူ့အပြင် ဘယ်သူရှိမလဲ။ဒီအိမ်မှာ သူရယ် ကိုယ်ရယ်ပဲရှိတာကို။ဖုံးကွယ်ထားတာ မဟုတ်ဘူးဆိုပေမယ့် ဒီလိုစာတေ သူမြင်ရင်တော့ တစ်ခုခုပြောလာမယ်ထင်ထားတာ။ကိုကိုက သည်းခံတတ်တဲ့သူပဲ။ပြီးတော့ သူ့ယောက်ျားပဲ။သူ့ကိုပစ်ပြီး နောက်တစ်ယောက်ကို မယူဘူးဆိုတာ သူသိမှာပဲ။သူလည်း ယောက်ျားတစ်ယောက်ပဲ။မိန်းမတွေလိုတော့ လိုက်ပြီးခံစားနေမှာ မဟုတ်ပါဘူး။ကိုကို ခွင့်လွှတ်မှာပါ။ကိုကိုက ငါ့ကိုချစ်တာပဲ။ချစ်လို့ပဲ ဒီအချိန်ထိ ဘာမှမပြောတာပေါ့။
ဒီအချိန်ဆို ညကစာမပြန်လို့ စိတ်ကောက်နေမယ့် ပါးဖောင်းဖောင်းနဲ့ ကောင်မလေးတစ်ယောက်အကြောင်းတွေးမိပြန်တော့ အပြေးပဲသွားတွေ့လိုက်ချင်သလို။စိတ်ကောက်တတ်တဲ့ သူ့အမူအရာလေးကို ဒီလူက အသည်းယားလို့မဆုံးဘူး။တစ်ခုမဟုတ် တစ်ခု ပူဆာတတ်တဲ့ အကျင့်လေးကိုလည်း ချစ်စရာလို့မြင်မိပြန်ရော။
ဖုန်းထဲမှာ သူ့ဘာသာယူရိုက်ထားတတ်တဲ့ပုံလေးတေ ရှိတော့ အလွမ်းတော့ပြေပါတယ်လေ။ဖုန်းစခရင်ထဲကနေ ပြုံးပြနေတဲ့ ကောင်မလေးက ဖောင်းဖောင်းတုတ်တုတ်လေးနဲ့ ချစ်စရာအတိ။
♥♥♥
30.10.21
Advertisement
- In Serial15 Chapters
Love and Robots
Not wanting to be destroyed, the droids took the long road to escape the humans, eventually escaping to the tomb of the Dead Sea Emperor, known as forbidden land, on a barren planet where they would soon be destroyed, they met a little human boy. It’s a story of a human and a robot developing a bond of mutual help, a bond between them that hopefully touches you.
8 144 - In Serial6 Chapters
Flesh Forger
Born a bit too late to explore the world, yet far too early to explore space, Graham Lattem is your average 61 year old man - if a little wanderlust filled. That being said, he has a happy home, loving wife, children who check up on him, and a decent retirement fund to live out his golden years modestly. Then it happens. [System Initialization Commencing…] A trick of the light, surely. [Planetary Merger Protocol 331 Enabled] Rumbling can be heard in the distance. Shouts. Cries of anguish. A horrible, ear numbing crashing sound. An earthquake. A hole opens in the middle of his home, and our protagonist falls in as a swirling vortex consumes him. Mountains as far as the eye can see greet Graham as he opens his eyes. Well, and more glowing words: [Welcome To The Macrocosm] [Good Luck] Far away from his family in a world hell-bent on his demise, how will this old, arthritis ridden man survive? Did I mention he has cancer? ===================================================================== Aiming for at least 1 chapter every other day, though there is a very big chance it will more oftentimes than not be more than that! This is my first ever story. One that I’ve been wanting to write for awhile. The system is most definitely inspired by Randidly Ghosthound and The New World, but I promise the story is different! Please point out any mistakes, as I’d love to improve! Also the warnings are just to let me experiment.
8 205 - In Serial7 Chapters
Aura Lord
I was an ordinary office worker, but I soon found myself transmigrated into the body of a man who was about to rape an elven princess. now, I have to serve a life sentence on the most dangerous island, overrun by monsters as cannon fodder.
8 221 - In Serial13 Chapters
the dreamer and the barista
[astropoetry story]of beige and brown woods and artless cups singing their unheard cafe chemistry@_marrnight ©2022
8 212 - In Serial566 Chapters
Marauding Gods (First Draft)
The world is a dangerous place teeming with powerful creatures known as monsters. The first Dragons, the first Gods, at the top of the food chain, brought these lands the everlasting that eventually led the world to its current state. The only way humanity has found to survive is to construct a massive magical barrier that spans an entire continent: the human continent. The story follows Ronandt, a young nobleman who, despite his noble origins, has never met his parents. Except for maybe at the time of his birth. He thus finds himself without parents at the Manor Rosetta, under the close supervision of Mathilda, his nanny, and Syrus, his Butler. Follow the adventures of Ronandt, a young nobleman unlike any other, born from a very unordinary pairing and bestowed with an unique advantage over his fellow humans. Disclaimer: This novel is clearly tagged gore, and this within reason, so please keep that in mind while reading. Though the early chapter suggest that this novel is slice of life one, especially in the first 40 chapters, it must be clarified that this novel is first and foremost a progression fantasy tagged gore and grimdark.
8 1019 - In Serial9 Chapters
Avni + Niel = Avniel
Peep in to know
8 201