Advertisement
ဒီနေ့ စပါးခြွေရမယ့်နေ့။စပါးခြွေတာကတော့ မောင့်မိဘတေက သူတို့နဲ့အတူတူပေါင်းခြွေခိုင်းတယ်။စပါးရမှ ခွဲယူတဲ့။အခုတော့ မောင့်မိဘတေရော တောထဲရောက်နေကြတယ်။ကျနော်လည်း လိုက်တော့လိုက်ခဲ့ရတယ်။စငါးခြွေစက်က က်လာတဲ့ စပါးတောင်းအရေအတွက်ကို လိုက်မှတ်ပေးတဲ့ နေရာမှာနေရတယ်။အပင်ရိပ်အောက်မှာ စာအုပိနဲ့ ဘောပင်နဲ့။မောင့်သဘောအတိုင်း သနပ်ခါးအဖွေးသားနဲ့ သုံးထောင့်ချွန်းပုံစံ ပုံချွန်းခမောက်နဲ့။
မောင့်မိဘတေက လယ်တေယာတေ အပိုင်တော့မဟုတ်သေးဘူးတဲ့။မောင့်အမေဘက်က အဘွားပိုင်တဲ့ လယ္ကို လုပ်ကြတာလို့ပြောတယ်။မောင့်အဖေက ယောနယ်က အညာသားစစ်စစ်။မောင့်အမေတို့ကလည်း ယောနယ်ကတော့ ယောနယ်ကပဲ။တဖြည်းဖြည်းနဲ့ နေရာရွှေ့ပြောင်းလာကြရင်းမှ ဒီဘက်ပိုင်းကိုရောက်လာကြတာ။ပြီးတော့ ဒီရွာလေးကလည်း ယောသူယောသား အများကြီးနေကြတာလေ။လယ်တေယာတေပိုင်တဲ့သူတေလည်း အများကြီးရှိတယ်။ဒီရွာရဲ့ အဓိကလုပ်ငန်းကတော့ တောင်သူပဲ။
"ဘယ်လောက်ရှိသွားပြီလဲ သားကြီးရေ"
"357 တောင်းရှိသွားပြီ အေမ့"
"အေးအေး... တစ်ဧက တစ်ရာလောက်တော့ထွက်မယ်ထင်တယ် သားကြီးရေ...မင်းတို့လည်း တစ်ရာမပြည့်တောင် တစ်ရာနီးပါးတော့ရမှာ"
ခေါင်းပေါ်ပေါင်းထားတဲ့ တဘက်ကိုယူပြီး နဖူးပေါ်ကချွေးတေကိုသုတ်ရင်း မောင့်အမေ ဒေါ်နုနုငယ် ကပြောတယ်။ဒီလယ်တေ တစ်ဧကကို ဘယ်လောက်ထွက်တယ်ဆိုတာ ကျနော်မသိ။စပါးခြွေစက်တေနဲ့ ခြွေတာတောင် အခုမွ ပထမဆုံးမြင်ဖူးတာ။
မောင်ကတော့ အပုံကြီးကြီးပုံထားတဲ့ စပါးပင်တေ လူတစ်ပိုက်စာလောက် ထုံးထားတဲ့ အထုံးတေကို ယူယူပြီး စပါးခြွေစက်ထဲထည့်ပေးတဲ့သူကို ပေးတဲ့နေရာမှာ နေ နေတာ။ဖျင်ကြမ်းအကျႌဆိုလား အဲ့ အကျႌလက်ရှည် အကွက်စိပ်လေး ကို အောက်ကစွပ်ကျယ်အင်္ကီျနဲ့ ရင်ဘတ်ခွဲဝတ်ထားတယ်။ပုဆိုးက ခြေသလုံးလောက်ခပ်တိုတို ဝတ်ထားတော့ ခါးပုံစာက တစ်တောင်လောက်။ခေါင်းပေါ်မှာလည်း ပုံချွန်းခမောက်အကြီးကြီးနဲ့။တစ်ထုံးပြီးတစ်ထုံး ယူယူပြီး မြှောက်မြှောက်ပေးနေတာ။
"နားမယ် နားမယ်..ခနနားကြမယ်ဟေ့"
စက်ပိုင်ရှင်လို့ပြောတဲ့ ဦးလေးကြီးက အော်ပြောသည်။
"သားကြီးရေ....ထမင်းတေဟင်းတေပြင်ထားတော့"
"ဟုတ်...ဟုတ်ကဲ့ အေမ"
အိမ္ကေန ချက်ယူခဲ့ရတဲ့ ထမင်းအိုးတေ ဟင်းအိုးတေကနေ ထမင်းပန်းကန်ထဲ ထမင်းထည့်၊ဟင်း တေဘာတေခူးပေးနဲ့ လေုပ်ရှုပ်သွားရလေတော့တယ်။လူက ကျနော်တို့ရော အကုန်ပေါင်းရင် ဆယ့်ငါးယောက်လောက်ရှိတယ်။
"နုငယ်...ဒါညည်း သမက် လေးလား"
"ဟုတ်ပါ့ ဟုတ်ပါ့...အစ်ကို့တူရဲ့ ယောက်ျား"
"အေဟး မောင်ထွန်းတို့များ သားမွေးပြီး သမက်ရတာ..ဘယ်လောက်မိုက်သလဲကွ"
"သားနှစ်ယောက်ရတယ်လို့ပဲ သဘောထားပါတယ်ရှင်...ကဲကဲ ထမင်းစားကြတော့...လာ.လာထိုင်ကြ"
"မောင့်...လာလေ တစ်ခါတည်းဝင်စားလိုက်လေ"
"နောက်မှစားမယ်လေ...ပန်းကန်က မေလာက္ဘူးမလား"
"ဘယ္ကသာ...ပိုတောင်ပိုသေးတယ်..လာလာ..ပျော်စရာကြီး..ဟိဟိ"
"မောင်ဖြိုးတို့ကတော့ တကယ့်မြို့သားစစ်စစ်လေး ရထားတာပဲဟေ့"
"လာလို့..မောင်ရဲ့..တစ်ခါတည်းဝင်စားလိုက်ရအောင်"
မစားချင်စားချင်နဲ့ မောင့်ကို လက်ဆွဲခေါ်ရတယ်။တလင်းနယ်ထားတဲ့ ပြင်မှာ မိုးကာကြီးခင်းချပြီး လူဆယ့်လေးငါးယောက်လောက်ဝိုင်းဖွဲ့ပြီး စားကြတာ။မောမောပန်းပန်းနဲ့ မြိန်ရေယှက်ရေပဲ။
ကြက်ဆိတ်မုန်ညင်းရွက်ကို မန်ကျည်းသီးနဲ့ချက်ထားတဲ့ အချဉ်ဟင်းရယ် ဝက်သားချက်ရယ် စပ်သီးခြောက်ကိုမှ ထောင်းပြီး ကြက်သွန်နီလေးထည့်ပြီး ဆီလေးရွှဲရွှဲလောင်းထားတာရယ် မုန်ညင်းဖူးချက်ရယ်။ဆောင်းရာသီဆို မုန်ညင်းပေါ်ချိန်မို့လို့ အမျိုးမျိုး လုပ်စားလို့ရတယ်။အရင်ကတော့ ဟင်းပေါင်းတို့ မုန်ညင်းချဉ်တို့ ဆိုတာ ဈေးထဲကဝယ်စားမှပဲ စားရတာ။အခုတော့ မုန်ညင်းကို အဖူးလေးတေချည်းရွေးပြီး အိုးတစ်အိုးနဲ့ အချဉ်သိပ်တယ်ဆိုလားဘာဆိုလား လုပ်ပေးထားတယ်။အမေတို့အိမ်မှာလည်း အချိန်မရွေးသွားကောက်ပြီး ချက်စားလို့ရတယ်။
နယ်ဘက်မှာနေရတဲ့ အားသာချက်တေပဲ။
________
"မောင့်...အရမ်းညောင်းနေလားဟင်...ဘာလုပ်ပေးရမလဲ"
"ဘာမှလုပ်ပေးလို့မရဘူး...အနင်းလည်း မခံနိုင်ဘူး..အနှိပ်လည်း မခံနိုင်ဘူး"
"ရလို့လားမောင်ရဲ့..."
"ရတယ် ရတယ်...ဆေးသောက်ပြီးအိပ်လိုက်ရင် မနက်ဆိုပျောက်တယ်"
"ဒါဆိုလည်းပြီးတာပဲ...နှိပ်ပေးရမယ်ဆိုပြောနော် အိပ်ပျော်နေရင်လည်းနှိုး"
"ရပါတယ္ဗ်ာ...ကိုကိုသာ အိပ်ပျော်အောင်အိပ်"
စပါးတေအများကြီးရရင်သာ ဝမ်းသာရတယ်။ရတာနှင့်အမျှ ပင်ပန်းကြတာပဲ။မောင်နဲ့ လက်မထပ်ခင်က အဲ့လိုမျိုးတေ ပင်ပင်ပန်းပန်းလုပ်ကြရတယ်ဆိုတာ တကယ္မသိခဲ့တာ။အခုမွပဲ မြင်ဖူးတော့တာ။အာ မောင့်ကိုမေးစရာရှိသေးတာပဲ။
"မောင်...မောင့်အဖေရဲ့ မိဘတေကနွားတေရော လယ်တေရော အများကြီးရှိတာဆို"
"ဟုတ်တယ်လေ...ကျနော်လည်း တစ်ခါမှတော့မရောက်ဖူးဘူး"
အိပ်ခန်းကာထားတဲ့ အထပ်သားပြားကို ခေါင်းအုံးကြားခံပြီးမှီထားတဲ့ မောင့်ခြေထောက်တေကြားထဲကို ဝင်ထိုင်လို့ မောင့်လက်တေကိုဆွဲယူပြီး ရင်ဘတ်ကို ယှက်ထားလိုက်သည်။မောင်ရင်ဘတ်ကြီးကို မှီထားရတာ သိပ်သဘောကျတာပဲ။
"ကိုကို...ကိုကို့မိဘတေကရော... ပြန်လာခဲ့ဖို့မခေါ်ဘူးလား"
"ခေါ်ပါဘူး...မောင့်နောက်လိုက်ခဲ့ ကတည်းက...ဆွေတေမျိုးတေရော အကုန် block ထား အဆက်အသွယ်ဖြတ်ထားတာ"
"အဟား....ကိုကိုက လူဆိုးလေးပဲ"
"ငါဆိုးလို့ ငါ့ကို မင်းရတာပါနော်...ဟွန့်"
"မရ ရအောင် ကျနော်က ငတုံးလား...ကိုကိုက မလိုက်ဘူးဆိုရင်တောင် ရအောင်ယူမှာပါဗျာ...ရွှတ်..မွှေးနေတာပဲ..သနပ်ခါးနံ့လေး"
မောင့်ရင်ခွင်ကို ကျောပေးပြီးမှီထားတာကနေ စောင်းလိုက်တော့ ပါးနဲ့ မောင့်ရင်ဘတ်နဲ့ အပ်သွားတယ်။မောင့်လက်တေက ခါးကို ဖက်ထားတော့ မောင့်ရင်ဘတ်ပေါ်ကို လက္တစ္ဖက္က အလိုလိုရောက်သွားတယ်။
"အခုလက မြန်မာလို ဘာလလဲ"
"ပြာသိုလား...တပို့တွဲလရောက်ပြီလားမသိဘူး"
"ဘုရားပွဲတို့ ဘာတို့ဆိုရင်လေ...ဇာတ်ပွဲတေဘာတေ ငှါးကြလား ဒီက"
"ငှါးတာပေါ့...သုံးညအနည်းဆုံးပဲ...ရွာမှာမငှါးရင်တောင် မြို့ထဲမှာက တစ်နှစ်ကို နှစ်ပွဲလောက်တော့ ပုံမှန်ကြည့်လို့ရတယ်"
"သြော်"
ဇာတ်ပွဲတေကို တစ်ခါမှမကြည့်ဖူးဘူး။ရုပ်ရှင်တေထဲပဲ မြင်ဖူးတာ။မြင်ဘူးကတည်းက ဇာတ်ပွဲတေတအားကြည့်ချင်တာ။ဒီနှစ် ပွဲငှါးရင်တော့ ကြည့်ရချည်သေးရဲ့။
"မော့ပါဦး...မောင်နမ်းချင်လို့"
မောင်ကတော့။မျက်နှာကိုမော့ပေးလိုက်တော့ မေးဖျားကို အုပ်ကိုင်လာပြီး ညင်ညင်သာသာနမ်းရိုက်လာတယ်။
ပြွတ်စ်..... အွန့်
"တော်ပြီ...ဂုတ်ညောင်းလာပြီ"
"အင်း အိပ်ရအောင်...ဒီနေ့ပင်ပန်းလို့ စောစောအိပ်ချင်နေတယ်"
တသ်ယောက်နှင့်တစ်ယောက် တင်းတင်းကျပ်ကျပ်ဖက်လို့ အိပ်ယာဝင်ခဲ့ကြတာ အအေးဓာတ်တေတောင် အနွေးဓာတ်ပြောင်းလို့သွားရဲ့။
__________
"ငဖြိုးရေး...ဟေ့ ငဖြိုး...မောင်ထွန်းရေး"
အိမ်ရှေ့မှာ အော်နေသံကြားလို့ ကျက်နေပြီဖြစ်တဲ့ ဟင်းအိုးကို ချပြီး အိမ်ရှေ့ပြေးထွက်ရတယ်။
"မောင်က နောက်ဖေးမှာ...လာလေ ညီလေး...ထိုင်ဦး"
"သြော်..ဟုတ်"
"ကိုကို...ဘယ္သူလာတာလဲ"
"မင်းဖအေ ငါဟေး"
"အော....ဘာလဲ..ဘာကိစ္စလဲ.. သောင်း ဌေး"
သောင်းဌေးဆိုတဲ့ နေရာမှာ ဖြေးဖြေးချင်း တစ်လုံးချင်းစီပြောလိုက်တော့ မောင်သောင်းဌေးတို့ခမျာ မျက်နှာကို မဲ့ကနဲ။သောင်းဌေးဆိုတာ ဒီကောင့်နာမည်တော့မဟုတ်ဘူး။ဒီကောင့်အဖေနာမည်။ဆယ်တန်းလောက်ကတည်းက အချင်းချင်းနာမည်ကို မခေါ်ကြတော့ဘူး။ဖအေနာမည်တေချည်း ဆော်ကြလို့ ရိုက်ခံခဲ့ရပေါင်းလည်း မနည်း။မောင်ထွန်း မောင်ထွန်းခေါ်ရင် သောင်းဌေး သောင်းဌေး ပြန်ခေါ်ပေးလိုက်တယ် အေးရော။
"အိမ်မှာ ကြွက်ရထားတယ်...သွားရအောင်"
မျက်စတေပစ်ပြပြီး ပြောနေတယ်။ဒါ ကိုယ်တေပဲသိတဲ့ အထာတေ။
"ကိုကို့...သူငယ်ချင်းတေနဲ့ မတွေ့ရတာကြာလို့...လိုက်သွားလိုက်ဦးမယ်နော်"
"အွန်း သွားလေ"
ကိုကိုက ကြောင်တောင်တောင်လေးနှင့် ခွင့်ပြုကြောင်းပြောတယ်။ကြောင်မှာပေါ့လေ သူ့ကိုကြားထဲထားပြီး ဟိုဘက်သည်ဘက် မျက်စိမှိတ်လိုက် မျက်ခုံးပင့်လိုက်လုပ်ပြနေကြသည်ကိုး။ဒါတေ အဖြေရှာဖို့ ကိုကို လိုက်မမှီဘူးထင်ပါ့။အူလည်လည်လေး ကျနော့်ကို ကြည့်လိုက် ဟိုကောင် ထွဋ်ခေါင်ကိုကြည့်လိုက်နှင့်။
"အား...အသည်းယားစရာလေးကွာ...ပြွတ်စ်...ထမင်းစားဖို့ကို စောင့်မနေနဲ့နော် စားနှင့်"
ခေါင်းပေါ်ကဆံပင်တေကို ဆြဲဖြသလို လုပ်ပြီးမှ နဖူးပြေပြေကို တစ်ချက်နမ်းပြီး ထွက်လာခဲ့လိုက်သည်။
အခုသွားမယ့်နေရာက ရောက်ပြီးရင် တော်တော်နဲ့ပြန်လို့ရမယ့်နေရာမျိုးမဟုတ်။တစ်ယောက်တည်း ခွဲပြီး စောပြန်ခဲ့လို့လည်း ဖြစ်တာမျိုးမဟုတ်ဘူးလေ။ဒါမျိုးက လူစုံမှကောင်းတဲ့ ဟာမျိုး။
>>>>>>>>>>>>>>>>>>
17.10.21
Advertisement
- In Serial13 Chapters
The Devil's Chosen
Tobias lives the life everyone wants... though that's only on the outside. At home, he faces abuse and awful, unloving parents. That is, until the fateful day when he dies.
8 117 - In Serial20 Chapters
Finding Magic
[participant in the Royal Road Writathon challenge] An archeologist raids an ancient tomb, hired by an eccentric billionaire, who has been searching far and wide for the last spark of magic left in the world. When the archeologist makes it inside, he finds no spark. Instead, he discovers why there's no magic left in the world anymore.
8 216 - In Serial18 Chapters
Champion Of Goddess Of Light
(This summary was edited by 'ThePaper'. I thank him for his efforts)Claire redfield, a Special Operative Of ATF ( Anti-Terrorist Force) dies in a mission. But After dying she gets a mission and this mission is from the Goddess Of Light in a new world. Meet Claire and take part in her journey to complete the mission of the Goddess Of Light…( I am a newbie and this is my First Novel which I am writing for Fun. Regular Updates may not be possible but I promise that I will try my best to complete the novel. Furthermore English is not my First language).Contain mature scenes please read at your own risk...
8 220 - In Serial16 Chapters
Subterranean
After The Great Wars, an empire made up of beings called "consumers" rule the world and dominate an inferior race, the"subterraneans". There is a final resistance to consumer hegemony put forth by the Sitmians, a tribe of individuals with a unique culture whose origin is shrouded in secrecy. Read chapter one to meet the protagonist Roask and uncover his life as a consumer.
8 149 - In Serial329 Chapters
White Mage in Another World [Redux]
"You may think of healing as a blessing, but not all would agree. What would it take to make it a curse?" A fantasy adventure taking place in world where the power to heal is held only by those born with it, however all those who have this ability are cursed. Entering into this world is a visitor brought by forces she doesn't understand for reason she will never know. However, she learns that she also has the ability to heal. But is it the same as the rest? She is not afflicted by the curse, yet she seems afflicted by some other illness. Follow Andromeda as she discovers this new world and explores its dark secrets. Watch as she learns to master the forces some considered impossible, and witness as she becomes not a hero, but a healer. One might say, A White Mage in Another World.
8 374 - In Serial6 Chapters
Rise Of The Black Dragon The Rising Of The Shield Hero X Male Reader
Y/n L/n a boy who watches The Rising Of The Shield Hero he wants to go into that world to teach Motoyasu and the bitch Myne a lesson thankfully his wish has come true he suddenly gets transported to the world of Melremarc and he gets to follow out his dream but he gets to have any power he wants so let this adventure begin
8 129