《မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။》🌈အချပ်ပို(၂)🌈

Advertisement

ကိုဗစ်ကာလအတွင်း အစားအသောက်ဆိုင်များ၌

ဆိုင်ထိုင်အစား ပါဆယ်ပဲရောင်းလာကြ၍ ကိဝီ

နှင့် မင်းရဝိန်တို့သည်လည်းဘီယာတစ်ဆွဲနှင့်

လရောင်အောက် ညနေ့ညချမ်းအနားယူနေဖြစ်ကြသည်။ စိုက်ပျိုးခြံအလယ်ရှိ အသီးစားအပင်များလွတ်ရာတွင် ကွပ်ပျစ်ငယ်အားရွှေ့၍ လရောင်အောက်ဝယ် ဘီယာသောက်နေကြ၏။

" မေ "

" လီးကို မေ၊ ငါကို​ အဲ​လို့မခေါ်နဲ့ပြောထားတယ်လေ ရဝိန်၊ အတိတ်ကို အတိတ်မှာထားလိုက်တော့ "

" OK OK ဒါမယ့် "

"ဘာမှ မမယ့်ဘူး။ နဂိုထဲ ပတ်ဝန်းကျင်က အပြစ် ရှာချင်နေတာ၊ ခုစိုက်ခြံမှာနေလို့ မသိသာတာ၊ မေတွေ မောင်တွေ ကိုကိုတွေက မရှိမဖြစ်မလိုပါဘူးကွာ၊ ငါတို့ချင်းချစ်နေရင်ပြီးရောပေါ့ ဟုတ်တယ်မလား "

" အင်း ကိဝီ "

" ပြော "

" မာမီကပြောတယ်၊ အိမ်မှာပြန်လာနေအုန်းတဲ့၊ အဲဒါ "

" အင်း၊ ဘယ်တော့ပြန်မလို့လဲ "

" မသိသေးဘူး၊ မင်းပါလိုက်ခဲ့ပါလား၊ အသီးလည်းမထွက်သေးတာ လိုက်ခဲ့နော် "

မင်းရဝိန်လက်တစ်ဖက်၌ ဘီယာခွက်ကို ကိုင်ထား၍ ကျန်လက်တစ်ဖက်ဖြင့် ကိဝီ၏ပခုံးကို

ဖက်ထားလေသည်။ မင်းရဝိန် ဘာမှပြန်မပြောလာသေးသောကိဝီကြောင့် စွပ်ကျယ်ဖြူဖြူလေးအောက်သို့ လက်ဖဝါးကို လျိုဝင်စေလိုက်သည်။

ဗိုက်သားချပ်ချပ်လေးကိုထိတွေ့ပြီး အအေးမလျှော့သေးသောခွက်ထဲမှဘီယာကို နောက်ဆုံးတစ်ငုံ့မော့လိုက်သည်။

" ဒီတစ်ခါတော့ လိုက်ခဲ့မယ်မလား၊ မာမီကမင်းကို​ တွေ့ချင်နေတယ် "

".........."

" ဟင် နော် "

" လိုက်ခဲ့မယ်လေ၊ ငါလည်းအားနေတာပဲ "

" ငါကို နမ်း "

" ပြွတ် "

နှုတ်ခမ်းကိုစူ​ပြီးဆိုလာသော ရဝိန်ကြောင့် ကိဝီခေါင်းကိုစောင်း၍ အနမ်းတစ်ပွင့်ပေးလိုက်သည်။

" အေးလာပြီး၊ အိမ်ထဲဝင်ရအောင် "

" ငါချီရမလား "

" နိုင်လို့လား "

" ကျောပိုးသွားမယ်လေ "

" တော်ပြီး ရဝိန်။ ငါဘာသာငါပဲ လျှောက်သွားလိုက်မယ်၊ ခွက်တွေသာ သိမ်းလိုက်တော့ "

အိမ်ဘက်ကို အရင်ထွက်သွားသော ကိဝီအလို

အတိုင်း ခွက်နှစ်လုံးနှင့် ဘီယာအိတ်ကို သိမ်းလိုက်သည်။ ပြီးလျှင် ခြေလက်ဆေးပြီး အိပ်ခန်းထဲသို့ ဝင်လာလိုက်သည်။ ရေဆေးထား၍ ခြေလက်များသည်အေးစက်နေ၍ ရေစက်အချို့ပါ တင်ကျန်နေဆဲရှိလေသည်။ ထို့ကြောင့် ရဝိန်အပြုံးညစ်ကိုဆင်မြန်း၍ မွေ့ယာထက်ဖုန်းသုံးနေသည့် ကိဝီ၏ဘောင်းဘီအတွင်းသို့ အေးစက်နေသော လက်အစုံကိုထိုးထည့်လိုက်သည်။

" အား... အေးတယ်၊ ရေမသုတ်ဘဲ လာကိုင်နေတယ်၊ သွား ရေသွားသုတ်ခဲ့၊ ခြေထောက်ပါသုတ်ခဲ့အုန်း "

" အေးသွားလား "

" အေးတာပေါ့၊ မင်းခံကြည်ပါလား "

" ငါတို့နွေးအောင်လုပ်ရအောင် "

ထိုအပြောကြောင့် ကိဝီ မင်းရဝိန်အား ပြုံးလျက်ကြည်လိုက်သည်။ မင်းရဝိန်သည်လည်း ကိဝီအပြုံးအတိုင်းလိုက်ပြုံးပြီး ကိဝီခြုံ့ထားသောစောင်ထဲသို့ တိုးဝင်လိုက်သည်။ ပြီးလျှင် ကိဝီ၏ နဖူးကို အသာနမ်းလိုက်သည်။ ကိဝီသည် မျက်နှာကို ဘယ်ညာစောင်း၍ ရဝိန်၏အနမ်းများကို ခံယူနေသည်။ မျက်နှာထက်ကျရောက်လာသော

အနမ်းတို့ကိုခံယူပြီးနောက် ရဝိန်၏ပါးနှစ်ဖက်ကို လက်ဖြင့်အုပ်ကိုင်၍ နှုတ်ခမ်းချင်းအပ်လိုက်သည်။

" ပြွတ်ပြွတ် ပြွတ် ပကျွတ် ပြွတ် ပကျွတ် "

ခေါင်းတို့အား ဘယ်ညာအခါခါစောင်း၍ နှုတ်ခမ်းသားတို့ကို ဆွဲယူစုပ်ငုံ့လိုက်သည်။ စုပ်ယူမှုသည် အရှိန်မြင့်လာသည်ဖြစ်၍ လျှာ​လေးများပါ လုံးထွေးလာခဲ့သည်။ ကိဝီသည် ရဝိန်၏လျှာ ဖျားလေးအား အရှိန်ပြင်းပြင်းဖြင့် စုပ်ယူနေ သည်။ ရဝိန်သည်လည်း အားကျမခံစုပ်ယူနမ်းရှိုက်နေ၍ လျင်​သောအရှိန်ဖြင့် သူတစ်ပြန်၊ ကိုယ့်တစ်ပြန် မွေ့ယာထက်၌ အပြိုင်အဆိုင် သက်လုံ ကောင်းမှုပြိုင်ဖြစ်ကြသည်။

" ပြွတ် အွန်း...ပြွတ်ပြွတ် ပြွတ် အင်း ပြွတ် "

ကိဝီ၏မျက်နှာသည် ရဝိန်၏ကျစ်လျစ်တောင့်တင်းနေသော ရင်ဘတ်သားများကြား ရှိနေ သည်။ ရဝိန်၏လက်တို့သည်လည်း ကိဝီကျောထက်၌ လူးလာခေါက်တုံ့ပြေးလွှားပွတ်သပ်နေ သည်။

" အင်း.... ပြွတ်ပြွတ် ပြွတ် "

" ကိဝီမျက်နှာလေးပြအုန်း၊ ငါကိုနမ်း "

ရဝိန်အပြောကြောင့် ကိဝီမျက်နှာအပ်ထားသော ရဝိန်ခါးအစပ်နားမှ ခေါင်းထောင်ကြည်ဖြစ်သည် ။ အနမ်းတို့အား စောင့်မျှော်နေသည် ရဝိန်ကြောင့်အထက်သို့ပြန်ဆန်တတ်လာပြီး နှုတ်ခမ်းများအားထပ်တူကျ​စေလျက် ပြန်ပူးကပ်လိုက်သည်။

" ပြွတ် ပြွတ် ပကျွတ် အွပ် ပြွတ် ပြွတ် "

" လုပ်ငန်းလေးစလိုက်ရအောင် "

ရဝိန်၏စကားဆုံးသည်နှင့် ခေါင်းရင်းရှိ ကြွက် လျှောက်တန်းပေါ် ၌ နေရာယူလျက်ရှိနေသော condom ဘူးဆီသို့ လက်လှမ်းလိုက်ကြလေသည်။ ထို condom ဘူးသည် မင်းရဝိန်လက်ထဲ ၌ အပြည့်အဝရှိမနေသော်လည်း ကိဝီလက်ထဲ၌ လည်း ထိုနည်းအတိုင်းပင်။ အပြာရောင်

condom ဘူးအား တစ်ယောက်တစ်ဝက်ကိုင်ထားလျက် တစ်ဦးကိုတစ်ဦး စူးရှသောအကြည်တို့ဖြင့် ကြည်နေကြလေသည်။ စက္ကန့်အတန်ကြာအကြည်ချင်းအားပြိုင်မှု​ပြုပြီးနောက် ရဝိန်ထံမှ စကားသံထွက်လာခဲ့သည်။

" ငါအလှည့်လေ "

" ဘယ်လို့ပြောနေတာလဲ၊ ငါကို အရင်ပေးလိုက် လက် လွတ် ရဝိန် "

" မလွတ်ဘူး။ ငါအရင်ပဲ မင်းလက်လွတ်လိုက် "

" ငါအရင်ပဲ၊ မင်းကမယုံရဘူး။ အိပ်ချင်​ပြီးလေဘာလေနဲ့အိပ်သွားအုန်းမှာ၊ ဒီတစ်ခါတော့ မရဘူး ရဝိန် "

" ကိဝီ... ငါကိုမချစ်ဘူးလား "

" လာချွဲမနေနဲ့ ရဝိန်၊ ငါအလှည့်ပဲ "

"..........."

" တော်ပြီး၊ ငါအိပ်ချင်နေပြီး။ အိပ်ကြရအောင် "

"........."

"မအေးဘူးလား၊ ရဝိန်ဒီဘက်လှည့် ငါဖက်ထားပေးမယ်"

"............"

စကားပြန်မပြောသော်လည်း ကျောခိုင်းအိပ်နေ ရာမှ မျက်နှာချင်းဆိုင်လှည့်လာ၍ အသာဖက်လာသော ရဝိန်ကြောင့် ကိဝီပြုံးမိသည်။ တစ်ခါ တလေဆိုလျှင် မင်းရဝိန်သည် ကလေးဆန် သည်။ ခုလည်း နေရာ(top & bottom)လုကြ ရင်း စိတ်ကောက်သွားလေသည်။ သိပ်တော့ စိတ်ပူစရာမရှိပါ။ မနက်ဆို ပုံမှန်အတိုင်းပြန်ဖြစ်သွားမည်ပင်။ ကိဝီ ရဝိန်ခေါင်းထက်မှ ဆံသားများကြားနှာခေါင်းနှစ်လိုက်ပြီး စကားဆိုလိုက်သည်။

" Goodnight ရဝိန်"

" Goodnight "

တိုးတိုးလေးထွက်လာသောအသံကြောင့် ကိဝီပြုံးမိသည်။ ထိုနည်းတူစွာ မင်းရဝိန်သည်လည်းပြုံးနေမည်မှာ မလွဲနိုင်သော အမှန်တရားတစ်ခုပင်ဖြစ်ပေသည်။

    people are reading<မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click