《မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။》🌈၆🌈
Advertisement
" ကိဝီ လာ၊ ဒီမှာခုံရှိတယ် "
" ကျေးဇူးပါ မသူဇာဝေ "
" အမလေး ကိဝီရယ်... ရှင်အစား မောလိုက်တာ၊ မဝေလို့ပဲခေါ် ၊ သူငယ်ချင်းတွေလည်း အဲလိုပဲခေါ်ကြတာ "
" ဟုတ်ကဲ့ မဝေ "
သူဇာဝေ အေးချမ်းသောအပြုံးနှင့်ကောင်လေးကို သူငယ်ချင်းတော်ချင်မိသည်။ ညီမသာရှိလျှင် မောင်လေးတော်လိုက်မှာဖြစ်သည်။ လွယ်အိတ်ထဲမှ စာအုပ်အား ထုတ်နေသော ကဝီ၏လက် ချောင်းလေးများအား တွေ့လိုက်ချိန်မှာတော့ စကားတစ်ခွန်းသာ ပြောနိုင်တော့သည်။
" လှလိုက်တာ၊ ခဏကြည်လို့ရမလား "
" ဗျာ "
" မရဘူးလား၊ ခဏပဲ "
" အာ ရပါတယ် "
လက်ဖြန့်၍ရှေ့ထိုးပြလာသော လက်ချောင်းများ ကို သူဇာဝေသေချာကြည်လျှင် တော်တော်လှပေသည်။ အဖုအထစ်၊ အပြစ်နာဆာကင်းမဲ့လျက် ဖြူဝင်းနေပြီး ရှည်ရှည်ကြီးလည်းဖြစ်မနေဘဲ အနေတော်လေးရှိနေပေသည်။ အရစ်အရာများလည်းမရှိဘဲ မထိရက်စရာကောင်းအောင် ကိဝီလက်တို့သည် အရမ်းလှနေပြန်သည်။ သူဇာဝေအတွက် အားကျရုံမျှသာ တတ်နိုင်သည်။
" အမလေး လေး ရုပ်လှတာအားမရလို့ လက် ချောင်းကပါ ထိရက်စရာမရှိလှလိုက်တာ၊ ဆု တောင်းကောင်းလိုက်ပုံများကွယ် "
မျက်နှာကိုစေ့စေ့ကြည်၍ပြောလာသော မဝေကြောင့် ကိဝီရှက်ကိုးရှက်ကန်းဖြစ်ရသည်။ လက်ဖြင့်လည်တိုင်ကို အသာပွတ်လျက်ရှက်နေသည့် ကိဝီကိုကြည်၍ သူဇာဝေပြုံးမိသည်။ ကိဝီ၏ အလှကို နှိုင်းယှဥ်ပြရလျှင် "အရောင်အဝါလင်းသော ပပဝတီလို့အလှနှင့် လူတကာမြင်လျှင် မူးမေ့ရူးသွပ်သွားလောက်သော ဥမ္မာဒန္တီအဆင်းတို့စုစည်းထားသော ရာစုသစ်၏ အလှလေး" ဟုပင်ဆိုနိုင်လေ၏။
" ဇော် ငါ့မုန့်ဖိုးဖြတ်ခံရပြန်ပြီး။ နင်ဆီက နည်းနည်းဆွဲသုံးထားမယ်၊ OK လား "
" OK "
" ဒီနှစ်တော့ နင်အောင်အောင်ဖြေလိုက်တော့
၊ ငါတို့ကျောင်းအတူတူတတ်ကြရအောင်လေ
ရဝိန် "
" ဒီနှစ်တော့ ငါအောင်စေရမယ် "
ရဝိန်၏မိမိစကားအပေါ် အလေးထားမှုကို မြင်ရ၍ ဘရဏီကိုယ်၌ ယုံကြည်ချက်တို့ တိုးလာရပြန်သည်။
ရဝိန်တစ်ယောက် ပိစိမျက်နှာလေးအတွေးထဲရောက်လာခဲ့လျှင် အလိုအလျောက် ပြုံးမိသွားသည်။
လူနှစ်ယောက်တို့သည် တစ်ချိန်တည်း တစ်နေရာတည်း၌ အတူပြုံးနေကြခဲ့လျှင်ပင် အတွေးသည်တော့ တူညီမည် မဟုတ်ပေ။
" အား... နာသွားပြီး "
ရှေတွင် ဖင်ထိုင်ရက်လေးကျသွားသော လုံးလုံးလေးကိုကြည်ပြီး ပြန့်ကျဲသွားသော စာအုပ်တို့ကို ဝိုင်းကူကောက်ပေးလိုက်သည်။ တော်သေး၏။ လှေကားသည် နှစ်ဆင့်ပဲရှိ၍ပင်။ မဟုတ်လျှင် လုံးလုံးကနေ ပါးပါးဖြစ်သွားနိုင်သည်။
" ဘာဖြစ်သွားသေးလဲ၊ အရမ်းနာသွားလား "
" ပွန်းသွားပြီး "
တံတောင်စေ့ကိုပြလျက် လဲကျနေရာမှ မထသေးသော လုံးလုံးကြောင့် ကိဝီထပ်မေးလိုက်သည်။
" ဘယ်လို့လုပ်ပေးရမလဲ "
" မုန့်ဝယ်ကျွေး "
လုံးလုံးထံမှ မထင်မှတ်ထားသောစကားကို ကိဝီကြားလိုက်ရ၍ အနည်းငယ်အံ့သြရလေသည်။
" ဘာစားချင်လဲ၊ လမ်းက ထလိုက်အုန်း၊ လက်သတိထား အနင်းခံရမယ် "
ကိဝီ ပြောပြောဆိုဆိုဖြင့် ရှေ့မှဆံပင်လုံးလုံးနှင့် ပါးဖောင်းလေးကို တွဲထူပေးလိုက်သည်။
" library နားက cafe မှာ ချောကလက်ကိတ် ဝယ်ကျွေး "
သူစိမ်းတစ်ယောက်ကို သွားအဖြဲသားနှင့် ပြောနေသော လုံးလုံးကောင်ကြောင့် ကိဝီ ခဏတာ မှင်သက်သွားရသည်။
" မဟုတ်လည်း ပိုက်ဆံလေးချေးပေးပါလား၊ ဒီနေ့ ချောကလက်ကိတ်အရမ်းစားချင်နေတာ၊ ပိုက်ဆံမပါခဲ့လို့။ အိမ်မှာလည်း အချိုမစားဖို့ ပိတ်ပင်ထားတယ်၊ ဟွန့်... နည်းနည်းလေးတောင်
မကျွေးဘူး "
" လာ၊ သွားရအောင် "
လက်ဆွဲခေါ်လာသူကြောင့် သက်ပိုင်ရုန်းလိုက်မိသည်။ သူစိမ်းတွေကို အလွယ်တကူမယုံရန် စိုးနောင်မှာထားလေ၏။
" ဘာလဲ "
" cafe လေ၊ ကိတ်သွားစားမလို့ "
" သွားမယ် သွားမယ် "
ပြန်ကမ်းသောလက်ကို ကိဝီအသာဆွဲယူလိုက်ပြီး
လုံးလုံးကို cafe ဆီ ခေါ်သွားလိုက်သည်။
ကိဝီ ချောကလက်နှင့် စတော်ဘယ်ရီကိတ် နှစ်ပိုင်းမှာယူလိုက်၍ ဆိုင်အပေါ် အထပ်ဆီ တတ်လာလိုက်သည်။ စတော်ဘယ်ရီကိတ်လေးစားလျက် မျက်နှာချင်းဆိုင်၌ထိုင်နေသော လုံးလုံးကောင်ဆီ စကားစလိုက်သည်။
" ဘယ်နှစ်လဲ "
" ဒုတိယနှစ်၊ သက်ပိုင်ပါ "
" ငါက ကိဝီ "
"ဘယ်နှစ်လဲ"ဟုမေးလိုက်သည်ကို နာမည်ပါမိတ်ဆက်ပြောလာ၍ ကိဝီလည်းပြန်မိတ်ဆက်လိုက် ဖြစ်သည်။
Advertisement
- In Serial11 Chapters
So I Married An Abandoned Crown Prince
I was betrayed by my lover and even lost my child, so I was given a second chance.
8 283 - In Serial37 Chapters
You Are My Sunshine
Satyadev, our male protagonist, is one of the leading businessmen in Chennai city in the southern part of India. He owns a renowned chain of star hotels, which spread across all over the world. Dev is a cold-hearted, arrogant, self-centred man and also a Casanova type. There is no such word called sympathy or empathy in his dictionary. Anuradha, our female protagonist, is the eldest daughter in her family working as a clerical staff in Dev's office. Though she came from a struggling family background, she is not a naive girl, but a polished person with confidence and knows how to articulate her emotions.But in desperate straits, she became indebted towards Dev's family. When she was determined to repay her debt, will Dev accept her kindness or just ignore her like a piece of trash. Peep into the book to join the journey of Dev and Anu.If you're looking for a different reading experience, which can transport you through south-Indian culture and customs, you can try this book.
8 188 - In Serial36 Chapters
The Undisclosed Union
Katelyn Victoria Darcy, daughter of the late Viscount of Montgomery, whose privilege life has a drastic, changed when her father died. His death revealed the secret of their financial ruination. He had sold their properties to pay the debts, and what were left are an empty title and the house.A lot of problems came into her family life, and it all needed money to solve it. So Katelyn decided to accept the marriage laid down by her grandmother's best friend to her grandson and leave the country where she was born to start a new life with him in New York.But the arrogant grandson, Jared Frederick Steele, who, despite being young, is already a CEO of a multi-billion conglomerate doesn't like the idea of marrying a noble lady, especially the daughter of Lady Montgomery. He thought that she would be like her haughty mother, but as it is his grandmother who asked him and she is the only person in the world whom he can't refuse, he accepted the arrange marriage but only if it is an undisclosed Union and on his terms.What will be those terms? Will it affect Katelyn's newfound job and friends, especially that the company's Big Boss is her secret husband, or it will be the reason for finding lasting love?
8 144 - In Serial64 Chapters
Forgotten | TechnoXOC
Technoblade is the king of a fairly notorious kingdom, known for his blood-thirst, he had earned the very fitting name of "Blood king" or, as some would call him, "Blood God". Despite that he's a very good and fair king, always busy taking care of his kingdom, as well as his subjects. The council was been pressing him on finding a bride, seeing that he was the last one of his dynasty, for all his family members and relatives had died during a very well orchestrated attack. He managed to survive thanks to his amazing fighting skills but now he needed to continue his bloodline, weather he liked it or not. Needless to say things would soon start to change, as a very peculiar group of individual made their entrance inside his kingdom.WARNING: THIS STORY WILL CONTAIN, BLOOD, DEATH, AND OTHER TRIGGERS FOR WHICH I'LL PUT WARNING ON THE CHAPTERS AS THEY GO BY.EXTRA WARNING: IMMA TRY TO ADD SOME SMUT SCENES, FOR I WANNA TRY THAT FIELD TOO AND SEE IF I'M GOOD AT IT OR NOT, SO DON'T CUSS ME OUT IF IT SUCK, AND IF YOU DON'T LIKE IT, JUST SKIP THE CHAPTER.=^_^=3° on #technoblade 5/04/20212° on #technoblade 6/04/2021 pog :)
8 234 - In Serial35 Chapters
Flawless |bxb|
FLAWLESS this is the word that could express him the best...whether I talk about his Flawless skin, his flawless grades, his flawless walk, his flawless nature ..... everything about him screams flawless.The only flaw in this situation is in me because I fell for him but that's not the problem the problem is I am also a GUY.Ryan is your average college student who is trying to balance the unlimited load of assignments as well as his social life .... life was good for him until certain junior enters the college and turns his world upside down , the only problem is ...the said junior is a guy.*DisclamerI do not own any of the pictures used in the chapters as well as the cover *Story - complete
8 94 - In Serial64 Chapters
Her Darkness, His Light (Book 1)
"Come here" he said motioning for me to step closer.I knew that I had to obey his every word. It was just that my body decided not to move. "I will not repeat this again. Come. Here. Now!" he commanded me this time. That's when my legs decided to wobble themselves towards my biggest nightmare. I stopped when I was about a feet away from where he was sitting. I had to keep my hands together to prevent them from shaking too much. To make things worse, there was only this dead silence that surrounded us. Then, before I could even prosses what was happening, he grabbed my hand and brought my wrist up to his lips.I whimpered, waiting for the pain to come."You have every right to fear me. This is going to be painful."Without warning, I felt an excruciating pain all over my body. A sharp cry escaped my mouth as his fangs ripped through my tender skin. ~~~~~~~~~~~~~~~~~~~~~~~~ She A simple girl forcefully taken from her home and separated from her small family to serve the Royal Pure Bloods. Him The Dark Prince, the most powerful hybrid on earth. Known to the world as a monster, an abomination. A creature unable to control his powers and is trapped within his own darkness.
8 98

