《မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။》🌈၄🌈
Advertisement
သူဇာဝေနှင့် ဘရဏီဇော်တို့နှစ်ယောက်တည်း တွေ့ဆုံရန် အကြောင်းဖန်လာသည်။ တွေ့ဆုံမှုအစသည် သူဇာဝေထံ ဘရဏီဇော်ဖုန်းဆက်ခေါ်ခြင်းမှစ၏။
" မသူဇာဝေရောက်တာ ကြာပြီးလား၊ နည်းနည်း နောက်ကျသွားတယ်၊ အားနာလိုက်တာ "
" ရပါတယ် "
သူဇာဝေအအေးဆိုင်၌ ထိုင်နေသည်မှာ စရောက်ချိန်မှဆိုလျှင် ၁ နာရီခွဲကျော်ပြီး ဖြစ်သည်။ စခေါ် သော ဘရဏီဇော်သည် နောက်ကျမှရောက်လာသည်။
" ရှင်းရှင်းပဲပြောပါမယ် မသူဇာဝေ၊ ရဝိန်နဲ့ အ ဆက်ပြတ်လိုက်ပါ "
" အဆက်ပြတ်ရမယ် ဟုတ်လား၊ ဘာလို့လဲ... မင်းနဲ့ရော ဘာဆိုင်လို့လဲ၊ ဒီစကားက မင်းလာပြောစရာလည်းမလိုဘူး ထင်တယ် "
" ဆိုင်တာပေါ့။ သူငယ်ချင်းအဆင့်ကနေ ချစ်သူရည်းစားဆိုတဲ့အဆင့်ကို မကြာခင်တတ်တော့မှာလေ၊ အဆုံးမှာလည်း ရဝိန်ရဲ့သတိုးသမီးနာမည်က ဘရဏီဇော်ပဲဖြစ်လာမှာ "
ရှေ့တစ်မျိုး၊ နောက်တစ်မျိုးဖြင့် မျက်နှာနှစ်ခွ ပိုင်ရှင်မြွေဟောက်မ ကဲ့သို့သော ဘရဏီဇော်အပြောကြောင့် သူဇာဝေလက်သီးတင်းတင်း
ဆုပ်ထားလိုက်ရသည်။
၂ နှစ်ကြာပြီးသောအခါ...
" ရဝိန် မင်းဒီနှစ်အအောင်ဖြေတော့ "
" ဟုတ် "
" ပြောလိုက်ရင် ဟုတ် ဟုတ်နဲ့ ၂ နှစ်ရှိပြီးနေပြီး။
အခုထိမအောင်သေးဘူး "
" ဆယ်တန်းက နတ််ကြီးတယ်၊ တချို့ဆို "
" တိတ်လိုက်တော့ ရဝိန်၊ စာစစ်ဖို့ ဆရာသီးသန့် တစ်ယောက်ထပ်ခေါ် ထားပေးတယ်၊ ဒီနှစ်တော့
အောင်အောင်ဖြေ "
"မောင်လေး ဒီမှာထိုင်လို့ရမလား၊ အခြားခုံတွေ လူပြည့်နေပြီး၊ အစ်မစာတမ်းအမှီထပ်ဖို့ ရှိလို့ပါ "
" ဟုတ်ကဲ့ အစ်မ၊ ရပါတယ် ထိုင်ပါ "
ကိဝီအိတ်တင်ထားသော ဘေးခုံ၌ အသားဖြူဖြူချောချောနှင့် မိန်းကလေးတစ်ယောက်ထိုင်ခွင့် တောင်းလာသည်။ ထိုမိန်ကလေးသည် ဆံပင်ခါး အောက် မရောက်တရောက်လေးနှင့် မဟာဆန်ဆန်လှပေသည်။ ကိဝီလည်း အကြည်တို့ကို ရပ်လိုက်ပြီး စာဆက်လုပ်နေလိုက်သည့်မှာ အချိန်ဘယ်လောက်ရှိသွားသည်ကိုပင် သတိမရအောင် အာရုံဝင်သွားရ၏။
" မောင်လေးက ဘယ်မေဂျာကလဲ "
" မြန်မာစာဒုတိယနှစ်ပါ အစ်မ "
" တိုက်ဆိုင်လိုက်တာ အစ်မလည်း မြန်မာစာပဲ၊ မောင်လေးစာကြည်တိုက်ကို မကြာခဏလာဖြစ် လား၊ အမတို့သူငယ်ချင်းလုပ်ရအောင်လေ၊
ခုံ့အတွက်လည်း အဆင်ပြေတာပေါ့ "
" ဟုတ်ကဲ့၊ ကျွန်တော်နာမည် ကိဝီ၊ အစ်မရော "
" သူဇာဝေ၊ အာ... မေ့တော့မလို့၊ အစ်မစာတမ်းအမှီအပ်ရအုန်းမယ်၊ နောက်မှ ပြန်တွေ့မယ် မောင်လေး၊ သွားပြီး "
ကိဝိီ အခုဆို တက္ကသိုလ်ဒုတိယနှစ် second
semester ရောက်နေပြီးဖြစ်သည်။ ဦးလေးမျိုးမင်း၏ပညာရေးထောက်ပံ့မှုကို ယူထားဆဲပေမယ့်လည်း အလုပ်များလည်းဆက်လုပ်ဖြစ်သည်။ အိမ်နောက်၌လည်း အသီးရွက်အစား နှင်းဆီပန်းများ၊ သစ္စာပန်းနီနီများကို အစားထိုးစိုက်ထားဖြစ် သည်။ ညနေဘက်ဆို ပန်းသည်တို့ ဖောက်သည်လာယူကြ၍ မနက်စျေးသို့ သွားရောင်းစရာမလိုတော့။ မနက်ဖြန်ဆိုလျှင် အလုပ်တစ်ခုထပ်ပိုပြီး ဖြစ်သည်။ ဦးလေးဦးမျိုးမင်းသည် သူ၏သား မင်းရဝိန်ကို စာကူစစ်ပေးရန်ပြောလာ၍ ကိဝီနိုင်သောအားဖြင့်ကူရန် အခွင့်ရေးပြန်ရလာပေ၏။
" လက်ထဲစာအိတ်က ဘယ်သူဟာလဲ "
စိုးသက်နောင်သည် သက်ပိုင်အားမေးလိုက်သည်။
" မသိဘူး။ ဒီစာအုပ်ထဲက ထွက်လာတာ "
" ပေး ငါကို "
သက်ပိုင်ကမ်းပေးလာသော စာအိတ်အပြာနု ရောင်ကို စိုးသက်နောင်သိမ်းလိုက်သည်။ တစ် နေ့ပြီးတစ်နေ့ ချစ်စရာပိုကောင်းလာသော
သက်ပိုင်အား စိတ်မချခြင်းများစွာဖြင့် စိုးသက်နောင်သောကဝေရသည်။ သက်ပိုင်သည်
စိုးသက်နောင်အဖေ၏သူငယ်ချင်းသား
ဖြစ်သည်။ အမေတစ်ခု၊ သားတစ်ခုဘဝဖြစ်၍ သားဖြစ်သူကို အချိန်ပြည့်မပေးနိုင်။ တစ်ယောက်တည်းလည်း မထားခဲ့ချင်၍ သူငယ်ချင်းအသိဖြစ်သော စိုးသက်နောင်တို့အိမ်မှာ လာအပ်ထားခြင်းဖြစ်သည်။ စိုးသက်နောင်အဖေဖြစ်သူသည်လည်း အလုပ်သာဦးစားပေးလုပ်ကိုင်၍ သက်ပိုင်သည် စိုးသက်နောင်နှင့်သာ
အတူသွား၊ အတူလာ၊ အတူစား၊ အတူအိပ်ပင်ဖြစ်လာသည်။ အခုဆို သက်ပိုင်သည် စိုးသက်နောင်တို့အိမ်ရောက်သည်မှာ ၅ နှစ်နီးပါးရှိပြီး။ ငွေကိုသာပုံမှန်ပို့ပေးတတ်သော သက်ပိုင်အမေ
နှင့် အလုပ်ကိုဘဝမှတ်ထားသော စိုးသက်နောင်အဖေတို့သည် အတိတ်ဇာတ်လမ်းရှိပုံရသည်။ ဘာလို့ဖြစ်ဖြစ်ပါလေ။ သက်ပိုင်ကို လာအပ်ခဲ့သော အန်တီနှင့် အဖေဖြစ်သူကို စိုးသက်နောင်ကျေးဇူးတင်မိသည်။
စိုးသက်နောင် အတွေးတချို့နှင့်အတူ ကုတင်ထက်ကိုကြည်လိုက်လျှင် ဝက်ကလေးသည် အိပ်ပျော်သွားပြီးဖြစ်သည်။ စိုးသက်နောင်
စာရင်းတွက်ခြင်းလည်းပြီးပြီးဖြစ်၍ လက်တော့(ပ်)ကိုပိတ်လိုက်ပြီး အိပ်စက်ရန်အတွက် သက်ပိုင်ဘေးဝင်လှဲ့လိုက်သည်။ လက်တို့သည်လည်း ပုံမှန်လုပ်နေကြအတိုင်း စောင်ထုပ်လေးကို ပွေ့ဖက်ထားလိုက်သည်။
" သိပ်ချစ်ဖို့ ကောင်းမပြနဲ့ ဝက်ကလေး၊ အိမ်
မက်လှပါစေ "
➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡
" ရဝိန် စာစစ်မယ် ဆရာ ညနေ့ ၄ နာရီရောက်မယ်၊ အိမ်မှာအသင့်ရှိပါစေ၊ မဟုတ်ရင် မုန့်ဖိုးဖြတ်မယ် "
" အင်း "
ကိဝီ မှန်ကိုကြည်ပြီးပြီးသော်လည်း ထပ်ကြည်ဖြစ်သည်။ စာစစ်ပေးရန်သွားရမည်ဖြစ်၍ လူကြီးဆန်ဆန်လေး ဝတ်သင့်တယ်မလား။ ဦးလေး၏သားသည် ကိဝီနှင့် ရွယ်တူလောက်ပင်ဖြစ်၍ ပိုရင့်ကျက်သည်ပုံစံဖြစ်အောင် အဝါနုဖောက်အကွက်ရှပ်အင်္ကျီနှင့် ပုဆိုးတို့ကို တွဲဝတ်လိုက်သည် ။
" အွန်း...ဒီလောက်ဆို ငါလေးတော်တော်ကို ရင့်ကျက်သွားပြီး "
Advertisement
ကိဝီ မှန်ကိုနောက်တစ်ခါ ပြန်ကြည်လိုက်ပြီး ခေါင်းဖြီးလိုက်သည်။ ထို့နောက် ကိဝီသွားရမည်
အိမ်လိပ်စာကိုမှတ်လိုက်ပြီး ကျောပိုးအိတ်လေးယူ၍ အိပ်ခန်းအတွင်းမှ ထွက်ခဲ့လိုက်သည်။
" ဘယ်သွားမို့လဲ ကိဝီ "
" စာသွားသင်မို့ ဒေါ်လေး "
" သိပ်မမှောင်စေနဲ့။ ကောင်းကောင်းလည်း သွား အုန်း "
" ဟုတ်ကဲ့ "
လှေကားဘေးနား၌ ရပ်ထားသော စက်ဘီးလေး ကိုယူ၍ လိပ်စာအတိုင်းထွက်လာလိုက်သည်။
လေလေးတဖြူးဖြူးနှင့် အတွဲများထံငေး၍ မုန့်စားနေကြပြီး သူငယ်ချင်း ၄ ယောက်တို့သည်စုဝေး၍ ထိုင်နေကြသည်။
" စိုးနောင်ဘာယူမယ့်လို့ စဥ်းစားထားလဲ "
" ဘာမှ မယူဘူး "
" စိုးနောင် မဖြေဘူးလား "
" မသိဘူး။ အဝေးသင်ပဲတတ်ဖြစ်မယ် ထင်တယ် "
" ဘာလို့လဲ၊ ငါ့က ဒီနှစ်ကျောင်းအတူတူ တတ်ရပြီးဆိုလို ပျော်ယုံရှိသေး။ ပြန်ပေး ... ငါမုန့်တွေ၊ မကျွေးတော့ဘူး"
ကလေးဆန်သော သက်ပိုင်အပြောကြောင့် အားလုံးပြုံးမိကြသည်။ သူကိုပြုံးနေမှန်းမသိစွာ သက်ပိုင်သည်လည်း မုန့်လေးစားလျက် လိုက်ပြုံးနေသည်။ မင်းရဝိန်၊ စိုးသက်နောင်နှင့်
ဘရဏီဇော်တို့သည် ငယ်သူငယ်ချင်းများဖြစ်သော်လည်း သက်ပိုင်နှင့်မူ စိုးသက်နောင်မှ
အစပြု၍ ပေါင်းမိသွားခြင်းဖြစ်သည်။
မင်းရဝိန်နှင့် စိုးသက်နောင်တို့၏အရပ်အမြင့်သည် ၆ ပေ လောက်နီးနီးရှိကြသည်။ ထို့ကြောင့် သက်ပိုင်၏ ၅ပေ ၅ လက်မအရပ်သည် ရဝိန်တို့
နှင့်ရော၍ ပိုပိုပုသွားရသည်။ ဘရဏီဇော်ကလည်း ၅ ပေ ၄ လက်မအရပ်ကို ဒေါက်ခုထားတော့ အဖွဲ့ထဲ၌ သက်ပိုင်သည်သာ လုံးလုံးသေးသေးဖြစ်နေသည်။ စိုးသက်နောင်၏အလိုလိုက်ဝယ်ကျွေးမှုကလည်း သက်ပိုင်၏ပါးများကို လုံးလုံးလေးဖြစ်စေသော အကြောင်းရင်းတစ်ခုလည်းဖြစ်လေသည်။
" ရဝိန် မင်းရော ပြန်ဖြေမှာမလား။ ဒီနှစ်တော့ အောင်အောင်ဖြေလိုက်တော့၊ ဘရဏီ နင်ရော ဘာတတ်ဖို့ စဥ်စားထားလဲ "
" မသိသေးဘူး၊ အမှတ်မှီရာပဲပေါ့။ ဘာနဲ့ဘွဲရ ဘွဲ့ရပါစေ၊ ငါအတွက်အရေးမကြီးဘူးလေ "
" ဟေ့ရဝိန်... ၃ နာရီခွဲကျော်ပြီး။ စာစစ်သူ လာတော့မယ်လေ "
"ဟုတ်သား၊ ငါ့ပြန်တော့မယ်၊ ကျေးဇူး သက်ပိုင် "
သက်ပိုင်ခေါင်းလုံးလေးကို ထိလိုက်မိပြီးခါမှ စိုးသက်နောင်ဘက် လှည့်ကြည်လိုက်လျှင် ပြုံးနေသော သက်ပိုင်အားကြည်နေသည့်ကို တွေ့လိုက်ရသည်။
" မပြုံးနဲ့ "
အမြဲပြုံးနေသော သက်ပိုင်ကို စိုးသက်နောင်မှ
မပြုံးရန်ပြောလိုက်သည်။
" ငါ့လည်း ပြန်ပြီး "
" ဘရဏီ see you "
" see you "
" ဘာကြည်တာလဲ စိုးနောင်၊ ငါတို့လည်းပြန်မယ်လေ "
Advertisement
- In Serial8 Chapters
5 Lessons from Lost Love
Reflection from a few years ago on lost love
8 173 - In Serial33 Chapters
One Big Happy Vampire Family
One day Riley is walking home from school when she's attacked by a vampire who later on brings her home. Whether she likes it or not, she soon becomes part of the family.Started Writing 2-7-18Finished 3-13-18
8 180 - In Serial22 Chapters
The Ugly Duck-Kim || MyungJin || Astro
"Beautiful. He was right about that. Kim Myungjun is very beautiful.." Jinwoo said in a whisper, both boys gazing intently at each other as they held their breathe in.»»»»Kim Myungjun tries to live a normal life but everything changes when Park Jinwoo enters the picture. Everything Kim Myungjun thinks he knows begins to distort as he slowly starts to find out that he had been the only one in the Dark all along. ••••Myungjin || Astro
8 120 - In Serial17 Chapters
Gotham, I'm Back
Okay, fuck the description. I don't have an idea on how to write it soo... yeah. Anyways, I might write it later on. The only thing that I know is that Mari is Ivy's daughter.
8 141 - In Serial39 Chapters
Mia Regina | ongoing
Isabella Fernández also known as the Enchantress is one of the most powerful assassins poised to be the next Mafia leader until she crosses paths with the man himself Lorenzo D'Angelo the first best assassin,Isabella isn't the type of women to sleep with the enemy and Lorenzo doesn't do love,but what happens when they feel something for each other..is it still hatred or love...Read to find out!!
8 173 - In Serial33 Chapters
Those Cold Eyes ✓
Leaving a troubled past behind, Dylan starts his first day at a new high school. He's soon wrapped up in his new life, meeting new friends and especially someone to take his mind off the things that happened. However, the past has a way of catching up, and how does he think he can get someone else out of their misery if he can't even help himself? Dylan knows he should know better than to fall for someone new, but Zach isn't just anyone. He's the guy with a face of stone and eyes as cold as a winter's night - a guy without a heart - or so it would seem... They won't like each other at all, they will hate - hate each other senseless. But perhaps that senselessness is what will get them out of their troubles once and for all.
8 249

