《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 36
Advertisement
Unicode
"Congratulations ပါ ဒေါက်တာ..."
အခန်းထဲဝင်လာသော ဒေါက်တာရှင်းချန်ကို Yibo ဂုဏ်ပြုစကားလှမ်းပြောတော့ ဒေါက်တာက ရှက်ရယ်တစ်ချက်ရယ်၏။
"ကျေးဇူးပါဗျာ...
မင်းတို့မှာရော အစီအစဥ်ရှိသေးတယ် ဟုတ်?"
ရင်းနှီးနေပြီဖြစ်သည့် ဒေါက်တာ့စကားကြောင့် Yibo ကိုကို့ဘက်ကိုလှည့်ကြည့်မိတော့
ကိုကို့ရဲ့ပြုံးစိစိမျက်နှာဘေးနဲ့ ပတ်ပင်းတိုး၏။
မျက်ခုံးတစ်ချက်ပါ ပင့်ပြလိုက်သေးသည်။
ကိုယ် ဖြေလိုက်ပါပေါ့.....။
"နေ့ရက်တစ်ရက်ချင်းစီတိုင်းက ကျွန်တော်တို့နှစ်ယောက်ရဲ့ Anni Day တွေပါပဲ...
ကိုကိုနဲ့ အတူရှိနေဖို့ပဲလိုတာ..."
Yibo ရဲ့စကားအဆုံး ကိုကိုက နှစ်နှစ်ခြိုက်ခြိုက်ပြုံး၏။
Yibo ကတော့ ကိုကို့ရဲ့အပြုံးလေးတွေကို မလွတ်တမ်းငေးကြည့်ရသည်ပေါ့...။
ဒေါက်တာကတော့ ဘေးနားကနေ ချောင်းဆိုးနေသလို အသံတွေပါ ထွက်ပြလေသည်။
"အဟမ်း! အဟမ်း! ဟုတ်ပါပြီ...
ဆေးရုံထဲက အခန်းကလည်း အရင်က အဖြူရောင်ပါ... အခုတော့ ပန်းရောင်တွေပါ ပြောင်းသွားသလားလို့ နော့?"
အခန်းရဲ့ဘေးဘီဝဲယာကို မျက်လုံးတွေပါ ဝေ့ဝဲကြည့်ပြီး ယင်ရမ်းသလို လက်တစ်ဖက်ကပါ ဝေ့ယမ်းပြတာကြောင့် Yibo ရော ကိုကိုရော အသံထွက်သည်အထိ ရယ်မိလိုက်ကြသည်။
အထွေထွေအထူးကုခွဲစိတ်ရေးဌာနက Yibo ရဲ့ ဆရာလည်းဖြစ် ရင်းလည်းရင်းနှီးနေပြီဖြစ်သောကြောင့် ပွင့်ပွင်းလင်းလင်းရှိကြပြီး စကားပြောရသည်မှာ ပေါ့ပေါ့ပါးပါးရှိလှသည်။
အရင်တစ်နေ့ကအလုပ်သင်ဝင်တော့ ဒေါက်တာရှင်းချန် ဦးဆောင်တာ မဟုတ်ခြင်းကြောင့် အခုမှတွေ့ပြီး ဂုဏ်ပြုစကားပြောရခြင်းဖြစ်သည်။
အကြောင်းကတော့ သူ့ကောင်လေးကို လက်ထပ်ခွင့်တောင်းပြီးသည်နှင့် ဆေးရုံက ထိုနေ့တစ်ရက် ခွင့်ပေးလိုက်ခြင်းကြောင့်သာ...။
အလွန်ကောင်းသည့် ဆေးရုံနှင့်ပတ်ဝန်းကျင်ပါလေ.....။
ဒီလိုပတ်ဝန်းကျင်မျိုးမှာ Yibo နေသားကျလာတာကြောင့် အရင်အတိတ်တွေတုန်းကလိုပတ်ဝန်းကျင်မျိုး သူ ပြန်မသွားချင်ပေ...။
ဒီနေ့မှာတော့ Yibo စိတ်တွေတော်တော်တက်ကြွနေသည်။
ဟုတ်ပါသည်... ဒီနေ့ညနေဆို ကိုကို ဆေးရုံက ဆင်းခွင့်ရပြီလေ.....။
နှစ်ယောက်စလုံး ဦးခေါင်းဒဏ်ရာကြောင့် ဆံပင်တွေကို ရိတ်ခဲ့ကြရသော်လည်း အခုဆို ကြည့်ကောင်းလောက်သည်အထိ အတော်အသင့်ပြန်ရှည်နေလေပြီ...။
Aww မေ့လို့... ကိုကိုက အမြဲတမ်း ကြည့်ကောင်းနေတာပဲလေ.....။
"ဆေးရုံကဆင်းဖို့ အဆင်သင့်ပဲလားဗျ"
"Ready ပဲ..."
ကိုကို့ရဲ့အားကြိုးမာန်တက်စကားကြောင့် Yibo ရော ဒေါက်တာရော သဘောတကျရယ်မိကြသည်။
ကိုကို ကျွန်တော့်ကြောင့် ဒဏ်ရာရတာ ဒါ နောက်ဆုံးပါပဲ...။
ရှေ့ဆက်မယ့်ခရီးလမ်းမှာ ကျွန်တော် ကိုကို့ကို အမြဲတမ်း ကာကွယ်စောင့်ရှောက်ပေးပါ့မယ်...။
"ဟုတ်ပြီ... ဒါဆို ကျွန်တော် ဆေးလှည့်သွားဦးမယ်..."
"ဟုတ်ကဲ့"
Yibo ရဲ့ စကားအဆုံး ခေါင်းတစ်ချက်ငြိမ့်ပြကာ လှည့်ထွက်သွားတဲ့ ဒေါက်တာလေးက Duty cote ထဲမှ message ringtone သံလေးကြောင့် Ph တစ်ချက်ထုတ်ကြည့်ကာ အနူးညံ့ဆုံးပြုံး၏။
ဘယ်သူဆီကပို့လိုက်တဲ့ စာလဲဆိုတာကတော့ ခန့်မှန်းနေစရာပင် မလိုပါလေ...။
"Baby ဒီကိုလာ"
ကိုကို့ရဲ့ခေါ်သံကြောင့် Yibo အနားကို သွားတော့ သူ ကျောမှီပြီး ထိုင်နေတဲ့ လူနာကုတင်ရဲ့လွတ်နေတဲ့ ဘေးနေရာလေးကို လက်ဖြင့် ပုတ်ပြလာသည်။
'လာထိုင်' ဆိုသည့်သဘောဖြင့် မျက်စ,တစ်ချက်ပါ ပစ်ပြသေးသည်။
Yibo လည်း 'မနိုင်ဘူး' ဆိုသည့် သဘောဖြင့် ခေါင်းအသာရမ်းရင်းသာ ပြုံးနေမိသည်။
"လာ ဒီနားမှာ လာထိုင်"
ကိုကို့ဆီက အသံထပ်ထွက်လာတော့ Yibo မနေသာတော့...။
ကုတင်အနားကိုသွားကာ ကိုကို့အလိုကျ တင်စောင်းလွှဲကာ ထိုင်ပေးလိုက်သည်။
ထိုစဥ် ထင်မထားတဲ့ အပြုအမူတစ်ခုကြောင့် Yibo မျက်လုံးပြူးလေးနဲ့သာ မော့ကြည့်နေမိသည်။
ကိုကိုက သူ့ရဲ့လက်မောင်းအားနဲ့ Yibo ကို အနောက်ကနေ ဆွဲဖက်ကာ ကုတင်ပေါ်ကို လှဲစေလိုက်တာကြောင့် Yibo မှာတော့ 'အင့်!ကနဲ' သာ အသံထွက်လိုက်နိုင်ရှာ၏။
အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှတာကြောင့် ကြောင်တောင်တောင်မျက်နှာလေးနှင့်သာ ပြန်မော့ကြည့်လိုက်နိုင်ရှာသည်။
ကိုကို့ရဲ့မျက်နှာချောချောက အပေါ်စီးကနေ Yiboရဲ့မျက်နှာကို နေရာမလပ် စူးစိုက်ကြည့်နေတာကြောင့် အခြေအနေကို သတိထားမိသွားတဲ့ Yibo မျက်နှာမှာ တဖြေးဖြေးရဲတက်လာတော့သည်။
"Bae..."
နားအနားကို ကပ်ကာခေါ်လိုက်တဲ့ ကိုကို့ရဲ့ယောက်ကျာ်းပီသလှတဲ့ ခပ်ရှရှအသံကြောင့် Yibo တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းတွေပါထ,သွားစေသည်။
ဒီအသံ...။
Yibo နဲ့ မှားခဲ့တဲ့ညက ရမ္မက်အပြည့်နဲ့ အဖျားစွတ်ခေါ်ခဲ့တဲ့ နာမ်စားလေး.....။
သွေးကြောတွေထဲထိ စိမ့်ဝင်သွားပြီး Yibo တစ်ကိုယ်လုံး အားမရှိတော့သလို ကိုကို့ဆီမှာ ပြိုလဲချင်လာသည်။
ကိုကို ဘာဖြစ်နေတယ်ဆိုတာကိုလည်း Yibo နားလည်လာသည်။
"ကိုကို..."
Yibo ရဲ့တိုးဖျဖျခေါ်သံကြောင့် ကိုကိုက ရမ္မက်ခိုးဝေနေတဲ့ မျက်လုံးတွေနဲ့ တန်ပြန်စိုက်ကြည့်လာသည်။
Yibo ခန္ဓာကိုယ်တစ်ခုလုံး ဓာတ်လိုက်သွားသလို 'ကျဥ်ကနဲ' ဖြစ်သွားရသည်။
"ကိုကို ဟိုလေ..."
"Omm"
စကားထောက်ပေးသော်လည်း ထိုခပ်ရှရှအသံလေးကပင် နားထဲကနေတစ်ဆင့် တိုးဝင်လာကာ ပြောမယ့်စကားတွေကိုပင် လည်ချောင်းထဲ ပြန်ဆွဲချသွားလေသည်။
အကြည့်တွေက စူးရှနေပြီး အသက်ရှူသံတွေ မြန်လာတဲ့ ကိုကို့ကြောင့် Yibo တံတွေးတစ်ချက်မြိုချမိလိုက်သည်။
ထို့နောက်............,
*ကျွီ.....*
*ဒုန်း!*
"အဟွတ်! အဟမ်း!"
"အဟွတ်! အဟွတ်!"
အခန်းထဲဝင်လာတဲ့ ရှောင်ကျန်းချန်မှာ ချောင်းတွေ စွတ်ဆိုးနေကြတဲ့ တူလင်လင်နှစ်ယောက်ကြောင့် တစ်ခုခု မူမမှန်မှန်း သတိထားမိလာသည်။
ဖြစ်ပုံမှာ.....
တူတော်မောင် ကျန့်ကျန့်မှာ လူနာစောင့်တဲ့ဘေးက ခုံမှာ ထိုင်လျက်ရှိနေပြီး Yibo ကတော့ လူနာကုတင်ပေါ်မှာ မှီလျက်ထိုင်နေကာ ကပြေင်းကပြန်နဲ့ ထိုနှစ်ယောက်စလုံးက ဘယ့်သူ့ကိုမှ တည့်တည့်မကြည့်ပါပဲ ချောင်းတွေ 'တဟွတ်ဟွတ်' ဆိုးနေကြခြင်း။
ကျန်းချန် မျက်မှောင်ကြုတ်လိုက်မိသည်။
Advertisement
သူကလည်း ဒီလိုအချိန်တွေကျမှ လာလာတိုးနေရလေသည်။
ညနေဆို ဆေးရုံကဆင်းရတော့မှာလေးတောင် မစောင့်နိုင်ကြခြင်းလား...?!
ကြားထဲက လူပျိုကြီး သူကပဲ မျက်နှာတွေ ပူလာရသည်မို့....!
ထုံးစံအတိုင်း အနောက်ကနေ လိုက်လာတတ်တဲ့ ဝမ်ကျောက်က အခန်းထဲမှာ ကျောက်ရုပ်ကြီးတွေအလား ငြိမ်သက်နေကြသော သူတို့သုံးယောက်ရဲ့မျက်နှာတွေကို တစ်ယောက်ချင်းစီလိုက်ကြည့်ရင်း သူ့မျက်နှာမှာလည်း အပြုံးရိပ်စစထင်လာလေသည်။
အေးစက်နေတဲ့ အခန်းတွင်းလေထုက သူတို့သုံးယောက်ရဲ့မလှုပ်မယှက် အခြေအနေကြောင့် ပို၍ပင် အေးစက်လာသလိုရှိသည်။
"ကျန့်ကျန့် သားရဲ့ပစ္စည်းတွေလေ
ဘာတွေကျန်သေးလဲလို့...? အဲ့တာ..."
"ဟုတ်"
"ဟုတ်"
ကျန်းချန်ရဲ့တဝက်တပြတ်စကားကို သေချာရော ကြားကြရဲ့လား နားလည်ကြရဲ့လားမသိ... ဇွတ်ကို လိုက် 'ဟုတ်' နေကြသော လူနာနဲ့လူနာစောင့် အတုကိုကြည့်ပြီး ဝမ်ကျောက် စိတ်ထဲ ရယ်ချင်လာရသည်။
တကယ်ဆို ဒီလိုအခြေအနေမျိုးမှာ
ပေါ့ပေါ့ပါးပါးပဲ တွေးပေး စကားပြောပေးလိုက်ရင် အခြေအနေက ပုံမှန်ပြန်ဖြစ်လာမည်ဖြစ်သော်လည်း
အရင်ဝင်သွားတဲ့ ရှက်တတ်တဲ့ ကျန်းလေးကြောင့် ကျောက်ရုပ်လူသားတွေလိုဖြစ်သွားကြပြီး ဒီအခန်းထဲမှာပဲ ရေတွေ ကွက်ခဲနေကြခြင်းဖြစ်သည်။
"ကျန့်ကျန့် သား ဆေးရုံက ဆင်းရတာ Congratulations ပါကွာ..."
"အာ... ဟုတ်"
စကားသံကြောင့် လှည့်ကြည့်လာတဲ့ ကျန်းလေးရဲ့မျက်နှာလေးကြောင့် 'ဘာလဲ?' ဆိုသည့်သဘောဖြင့် ဝမ်ကျောက် မျက်ခုံးတစ်ချက် ပင့်ပြလိုက်သည်။
ကျန်းလေးက မျက်နှာကို အရှေ့သို့ ချက်ချင်းပြန်လှည့်သွားလေသည်။
(*ဘာတဲ့ ကျန့်ကျန့်ကိုများ 'ကျန့်ကျန့် သား' တဲ့..! ကိုယ်ခေါ်သလို လိုက်ခေါ်နေတာ..!*)
Yibo ကတော့ ပါးပါးရဲ့ 'ကျန့်ကျန့် သား' ဆိုတဲ့ ခေါ်လိုက်သံကြောင့် ခေတ္တမျှတွေးမိသွားသေးသည်။
ကိုကိုက ပါးပါးကို အရင်ကလောက်မဟုတ်ရင်တောင် စိတ်ထဲမှာရှိနေနိုင်မယ့် အစိုင်အခဲလေးကြောင့် 'နည်းနည်းနေရခက်သွားမလား...?' ဟူ၍။
သို့ပေမယ့် ရင့်ကျက်လွန်းတဲ့ ကိုကိုက အေးအေးဆေးဆေးသာ ပြန်ဖြေလိုက်သောကြောင့် Yibo သက်ပြင်းငွေ့ငွေ့လေး ခိုးချမိလိုက်သည်။
သူနဲ့ကိုကိုကတော့ အခုချိန်ထိ ထိုအနေအထားအတိုင်းသာရှိနေကြပြီး ပြန်ရွှေ့လိုက်မှ အခြေအနေပိုဆိုးသွားမည်ကို စိုးမိတာကြောင့် ဆယ့်ငါးမိနစ်လောက်ထိ Yibo ကပဲ အနစ်နာခံကာ လူနာကုတင်ပေါ်မှာထိုင်ကာ လူနာလုပ်နေရတော့သည်။
_______________
"ကို ခင်ဗျ..."
နားနေခန်းထဲမှာ File တွဲတစ်ချို့ကို ကြည့်နေတဲ့ ဒေါက်တာရှင်းချန်က အဆိုးလေးအသံကြောင့် အရောင်တွေတောက်နေတဲ့ မျက်ဝန်းတွေနဲ့ ချက်ချင်း မော့ကြည့်လိုက်သည်။
ခဲရောင် Suit အပြည့်နဲ့ ဝင်လာတဲ့ အဆိုးလေးကြောင့် ရှင်းချန် အသက်တောင်ရှုမိရဲ့လားမသိ။
ခြေတစ်လှမ်း လှမ်းလာတိုင်းမှာ ရှင်းချန် ရင်တွေလည်း တဒိတ်ဒိတ်ခုန်လာလေသည်။
ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပနေသလို ချောမောခန့်ညားမှုတွေနဲ့ ပြည့်စုံလွန်းတဲ့
ချစ်ရသူအဆိုးလေးကြောင့် ရှင်းချန် တစ်ယောက် မျက်တောင်တစ်ချက် ခတ်ပစ်လိုက်ရမှာကိုပင် လွန်စွာနှမြောနေမိသည်။
"ကို့ ခင်ဗျားကြီး ကျွန်တော့်ကို အဲ့လိုမျိုးကြီး မကြည့်နဲ့ဗျ ကျွန်တော်လည်း ရှက်တတ်တယ်..."
"ဟင်?"
ဘာတဲ့...??
အဆိုးလေးက ရှက်နေတာလား...?
ပြုံးစစနဲ့ နားထင်ကို လက်ကလေးနဲ့ ကုတ်နေတဲ့ ပုံစံလေးက ရှက်နေတဲ့ အမူအရာလေးတဲ့လား...?
ချစ်စရာကောင်းလိုက်တာကွာ.......။
ရှင်းချန် နှလုံးသားထဲ ပုရွတ်ဆိတ်တွေ ဝင်ကိုက်နေသလို ယားကျိကျိဖြစ်လာရသည်။
ဘယ်လိုဟာလေးမှန်းကို မသိ...။
တကယ်ကို ခံစားချက်အသစ်တွေ အမြဲတမ်းပေးတတ်တဲ့ ဒီချစ်ရတဲ့ အဆိုးလေးကြောင့် သူလည်း တစ်နေ့ထက်တစ်နေ့ အချစ်တွေ ပိုတိုးလာရသည်။
"ချောလိုက်တာကွာ...
ကို့ရဲ့ အဆိုးလေးက ဒီကမ္ဘာပေါ်မှာ အချောဆုံးပဲ..."
ရှင်းချန် ငေးကြည့်နေရင်းနှင့်ပင် ပါးစပ်ကနေလည်း ချီးကျူးစကားဆိုတော့ အဆိုးလေးက ရယ်၏။
"ဟားးး
ကို့ရဲ့အဆိုးလေးပဲလေ...
ဒီလောက်ကတော့ ရှိရမှာပေါ့...
ဟုတ်တယ်မလား...?"
"ဟားးး ဟုတ်ပဗျာ ဟုတ်ပ..."
ရောင်းသူ ဝယ်သူ အသံတူစွာ ထွက်တော့ စိတ်ချမ်းသာရပါသည်ပေါ့.....။
_______________
"အကို ဒီနေ့ Xiao Zhan Ge ဆေးရုံက ဆင်းမှာတဲ့..."
"ဟုတ်လား...?
သူလည်း ဘေးမှာ ကောင်လေးရှိနေလို့ မြန်မြန်ဆန်ဆန်ပဲ သက်သာလာတာထင်တယ်..."
"ဟုတ်မယ်နော် အကို...
ဒါနဲ့ Fan page တွေက အခုမှ သတင်းတွေတက်လာတာ... သိလား...? ကျွန်တော်တို့က သူတို့ထက် အရင်သိတာ ဟက်!"
သတင်းကိစ္စအရင်သိရခြင်း ၊ အရင်ဆုံး Post တင်ရခြင်းကို ကျေနပ်အားရနေသော ကောင်လေးအား ရှီးချန် ကြည့်ပြီး ခေါင်းအသာရမ်းကာ ပြုံးမိသည်။
အမြဲတမ်း ဒီလိုလေးပဲ ပြုံးနေစေချင်တယ်...
အမြဲတမ်း ဒီလိုလေးပဲ ရယ်နေစေချင်တယ်...
အမြဲတမ်း ဒီလိုလေးပဲ ပျော်နေစေချင်ပါတယ် ကလေးငယ်.....။
ဒီလိုလေးပဲ အမြဲတမ်း ပြုံးနေပေးပါ...။
မျက်ရည်ဆိုတာ ပါးချိုင့်လေးနဲ့ အပြုံးလှလှလေး ပြုံးတတ်တဲ့ ယောင်လေးအတွက် ဘယ်လိုမှ မအပ်စပ်ဘူး။
_______________
"ကိုကို"
"ရှူး"
အနောက်နေ ခါးကို ဖတ်တွယ်လာတဲ့ ကိုကို့ရဲ့လက်တွေကြောင့် မြတ်နိုးရတဲ့နာမ်စားလေးကိုခေါ်ကာ လှည့်ကြည့်ဖို့ပြင်လိုက်သော်လည်း ကိုကိုက အလှည့်မခံပဲ Yibo ရဲ့ နှုတ်ခမ်းရှေ့မှာ လက်ညိုးလေးကို ကန့်လန့်ဖြတ်တင်ကာ 'ရှူး' ဟု လုပ်ပြရင်း 'တိတ်တိတ်နေရန်' သတိပေးသည်။
"Baby က ကိုယ့်စကားတွေကို ယူသုံးတယ်"
"ဟင်?"
"ဟော... မမှတ်မိတော့ဘူးလား...?
Baby နဲ့ အတူတူရှိနေတဲ့ နေ့ရက်တွေတိုင်းက Anni Day တွေပါပဲ...
Baby နဲ့ အတူတူရှိနေဖို့ပဲလိုတာတို့ ဘာတို့က... အဲ့ဒါ ကိုယ့်ရဲ့စကားတွေလေ... ဟုတ်တယ်ဟုတ်?"
"အာ... ကိုကိုကလည်း..."
Yibo ကိုကို့ရဲ့သန်မာလှတဲ့ လက်မောင်းတစ်ဖက်မှာ မျက်နှာလေးကို ဝှက်ရင်း ဆိုတော့ ကိုကို့ရဲ့ရယ်သံသဲ့သဲ့လေးက နှလုံးသားထဲထိ တသိမ့်သိမ့်စီးဝင်၏။
Advertisement
"ကိုယ့်ရဲ့စကားတွေကို ယူသုံးတဲ့ကောင်လေးကို အပြစ်ပေးရမယ်..."
"ကိုကိုကလည်း...
ဘာမှလည်း မဆိုင်ဘူး"
ကိုကို့ရဲ့ဝင်သက်ထွက်သက်က Yibo ရဲ့ လည်ဂုတ်အနားတဝိုက်မှာ ကလူကျီစယ်နေ၏။ z
"ဒါဆို ကိုကို့ရဲ့ Dairy စာအုပ် ကျွန်တော့်ထဲမှာရှိနေတာ သိတယ်ပေါ့..."
"Omm"
"ကိုကို ဘယ်လိုသိသွားတာလဲ...?"
အနောက်ကနေ သိုင်းဖတ်ထားရင်းပင် လည်တိုင်တစ်ဝိုက်ကို ဖိကပ်နမ်းရှိုက်နေရင်းပင် ပြန်ဖြေလာ၏။
"ဒီလိုပါပဲ..." တဲ့.....။
ကိုကို့ရဲ့အကြောင်းကို နောက်တစ်ချက်ထပ်တိုးရလျှင်ဖြင့် 'ဒီလို အချိန်တွေမှာဆို ကိုကိုက စကားနည်းလာတတ်သည်' ဟူသည့်အချက်ပင်...။
အခုလည်း သူ့ရဲ့မြန်ဆန်တဲ့ လက်တွေကြောင့် Yibo မှာ ညည်းသံလေးတွေပင် ထွက်နေရလေပြီ။
အင်္ကျီအောက်ကနေ လျှိုဝင်လာတဲ့ လက်တစ်စုံဟာ ပွင့်ဖတ်လေးတွေကို ဖိချေပေးနေ၏။
"အင်းးး ကိုကို..."
ဖျက်လတ်တဲ့ လက်တစ်စုံရဲ့ပယောဂကြောင့် Yibo မှာ အပေါ်ပိုင်း ဗလာဖြစ်နေလေပြီ။
"Bae..."
အသက်ရှုသံပြင်းပြင်းကြားက ရမ္မက်အပြည့်နဲ့ ခပ်ရှရှခေါ်သံကို Yibo တကယ်ကြိုက်သည်။
"အိပ် အိပ်ယာပေါ် သွားရအောင်လေ..."
Yibo ရဲ့ စကားအဆုံး အပြင်ဘက် ဝရံတာကနေ မျက်နှာချင်းဆိုင် ခွထိုင်လျက် ပွေ့ချီလာကာ အနမ်းတွေကိုလည်း မပျက်စေပဲ ကုတင်အနားသို့ရောက်အောင်သွား၏။
အတူတူမနေရတာ လက်ထပ်ပြီးကတည်းကဖြစ်တာကြောင့် ကိုကို့ရဲ့ဆန္ဒတွေဘယ်လောက်ထိ ပြင်းပြနေကြောင်း Yibo နားလည်သည်။
ကိုကို့ကို အကောင်းဆုံးတွေပဲပေးနိုင်ဖို့ Yibo တွေးထားလိုက်သည်။
"Bae... ကိုယ် မင်းကို လိုချင်တယ်..."
အသက်ရှူသံတွေပြင်းထန်နေတဲ့ ကိုကိုက အိပ်ယာပေါ်ရောက်သည်အထိ ခွင့်တောင်းသလိုလေး တစ်ခွန်းသာ ပြောလာသည်။
ကိုကို့ရဲ့မျက်လုံး အကြည့်တွေကြားမှာ ရမ္မက်ခိုးတွေနဲ့ပြည့်နှက်နေပြီး မျက်လုံးတွေလည်း မှေးကျင်းနေလေသည်။
ထိုအပြာရောင် အကြည့်တွေကြားမှာ Yibo ပြိုလဲဖို့ရန်အတွက် လုံလောက်လွန်းသည်။
"ကျွန်တော်က ကိုကို့အပိုင်ပဲမို့...
ကိုကို့စိတ်ကြိုက်ပါပဲ..."
ထို့နောက်တွင်တော့ ကိုကို့ဘက်က ပြင်းရှရှအနမ်းတွေနဲ့စ,တင်လာကာ အပေါ်ယံအလွှာတွေကို ခပ်မြန်မြန်ပဲချွတ်စေ၏။
မိမွေးတိုင်ဖမွေးတိုင်းသာရှိတော့သော လူနှစ်ယောက် အနီရောင်မွေ့ယာကြီးပေါ်မှာ အပြင်းအထန်နမ်းရှိုက်နေကြသည်။
နမ်းနေရင်းနှင့်ပင် လည်တိုင်ဆီသို့ တစ်ဆင့်တက်ကာ သွားနဲ့တစ်ချက် ကိုက်ချလိုက်တာကြောင့် Yibo ညည်းသံတွေ အခန်းတွင်း ဝေ့ပျံနေတော့သည်။
နူးညံ့တယ်လို့လည်း ပြောလို့မရသော စတင်ခြင်းမျိုးဖြင့် ကိုကိုက တစ်ချက်ညည်းလျက် ဝင်ရောက်လာသည်။
'Bae...' ဟူသော ခေါ်သံတွေကြားမှာ Yibo ရဲ့ ညည်းသံတွေကလည်း အက်ကြောင်းထပ်နေခဲ့သည်။
ကိုကိုနဲ့သာဆိုရင် ကိုယ့်ရဲ့ခန္ဓာနဲ့သာမက ကိုကိုအလိုရှိသမျှ အရာအားလုံးနဲ့ ပေးဆက်ပြီး ချစ်ရပါသည်။
Yibo ရဲ့ ညည်းသံ အော်သံတွေက ကိုကို့ကို ပိုင်ဆိုင်ချင်စိတ် ပိုပြင်းပြစေသလား မသိ...
ပိုတိုးဝင်လာသော နာကျင်မှုတွေကြားမှာ ထူးဆန်းသော ခံစားချက်တွေပါ ခံစားလာရသည်။
တစတစနှီးနှောလာတဲ့ သွေးသားပေါင်းစည်းမှုကြားမှာ Yibo မျက်လုံးလေး ဖွင့်ကြည့်မိတော့ ကိုကို့ရဲ့ခပ်စူးစူးမျက်ဝန်းတစ်စုံနှင့်ဆုံ၏။
'ကိုကို ကျွန်တော့်ကို မက်မောနေတဲ့ ပုံစံမျိုးက ဒီလိုပါလား...?' ဟု တွေးမိရင်း နာကျင်မှုတွေကြားမှ Yibo ပြုံးမိသေးသည်။
ကိုကို့ကို ကျွန်တော် သိပ်ချစ်ရပါသည်။
ကိုကို ကျွန်တော့်ကို ချစ်တာကိုလည်း ခြွင်းချက်မရှိယုံကြည်သည်။
Yibo လို ယောကျာ်းတစ်ယောက်ကို ကိုကို လက်ထပ်ယူထားရခြင်းအတွက် ကိုကို့ရဲ့ဘဝမှာ မပြည့်စုံမှုဆိုတာတွေကိုလည်း မရှိစေချင်ပါ...။
ကိုကို့ရဲ့ဘဝက အကောင်းဆုံးဆိုတာတွေနဲ့ပဲ ထိုက်တန်ပါသည်။
ထို့ကြောင့် Yibo ဆုံးဖြတ်ထားပြီးသား ကိစ္စတစ်ခုကလည်း ခေါင်းထဲမှာနေရာယူနေ၏။
ကိုကို့ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးရခြင်းအတွက် Yibo စိတ်ထဲမှာလည်း ကြည်နူးဝမ်းသာနေမိသည်။
ကျွန်တော်က ကိုကို့အပိုင်.....။
ဆန္ဒတွေပြီးမြောက်သွားချိန်မှာတော့ အချိန် ဘယ်လောက်ထိ ကြာသွားသလဲ မသိ...
Yibo ပျော့ခွေကျသွားသည်။
ကိုကို ကိုယ်တိုင်ပဲ သန့်ရှင်းရေးလုပ်ပေးပြီး နဖူးလေးကို တစ်ချက်နမ်းကာ
"Good night,my baby" ဆိုတဲ့ အသံလေးကိုလည်း မကြားတစ်ချက် ကြားတစ်ချက်...!
ဒါပေမယ့် Yibo ပြန်ဖြေလိုက်ပါသေးသည်။
"Good night, my Ko Ko" ဟူ၍။
ကျွန်တော် ကိုယ့်ကိုယ်ကို
'ပြုံးနေမိသလား...?' 'အိပ်သွားပြီလား...?'
ဆိုတာတောင် မသဲကွဲတော့....!
ကျွန်တော် တကယ် ပင်ပင်ပန်းနေပြီလေ...။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 3058 words 💞
ရေးပြီးတာကတော့ ပြီးနေပြီရယ်...
Adult scenes ပါသွားလို့ Update ကြာသွားတာဗျ...။
အရမ်းကြီးလည်း မကြမ်းချင်ဘူး...။
Ep - 9 တုန်းကတောင် လုံးဝကို Plot အရမို့လို့ တစ်ပိုင်းဆိုလည်း တစ်ပိုင်း မှောင်ပါစေတော့ဆိုပြီး ရေးချလိုက်ရတာ...။ 🖤
အဲ... ပြောနေကျဆိုလည်း ထပ်ပြောဦးမယ်
အစစအရာဂရုစိုက်ကြပါနော်
ကျန်းမာရေး အသွားအလာ
ပြီးတော့ ခင်ဗျားလေးတို့ရဲ့မျက်လုံး
ဂရုစိုက်ကြပါဗျ ❤
💞 အားလုံးကို ချစ်ခင်လေးစားလျှက် 💞
Kroyalwhite💌💞🤍
Jul 10,2021 SAT (Updated Day) 🖤✨
(Mature scenes)
Zawgyi
"ကျေးဇူးပါဗျာ...
ကိုယ် ဖြေလိုက်ပါပေါ့.....။
"အဟမ်း! အဟမ်း! ဟုတ်ပါပြီ...
"Ready ပဲ..."
"ဟုတ်ကဲ့"
"Baby ဒီကိုလာ"
"လာ ဒီနားမှာ လာထိုင်"
"Bae..."
ဒီအသံ...။
"ကိုကို..."
"ကိုကို ဟိုလေ..."
"Omm"
ထို့နောက်............,
*ကျွီ.....*
*ဒုန်း!*
"အဟွတ်! အဟမ်း!"
"အဟွတ်! အဟွတ်!"
ဖြစ်ပုံမှာ.....
"ဟုတ်"
"ဟုတ်"
Advertisement
- In Serial37 Chapters
The Billionaire's Wedding Planner ✔
Wedding Planner's Golden Rule: Don't fall in love with the groom.Handsome, charming, billionaire playboy, Aiden Carlisle's wedding to beautiful, but demanding Caroline Baxter is set to be the event of the century.Sweet, smart and talented, Rosalie Darling is the best in the business; wedding planner to the stars!Planning a wedding brings people together, but what if it brings the wrong people close?*"Aiden. Aiden," she said, softly, hurriedly, breathlessly, clutching my shirt in her delicate hands. Her body was pulling me closer and her mind was pushing me away. I couldn't tear my eyes off her face, her lips.She was breathing heavily. "I'm planning your wedding," she said, her eyes focused on my lips, so close to hers, as she bit down on her lower lip.I smirked, chuckling darkly. "What wedding?" I asked.I tightened the grip that I had on her.And I pressed my lips to hers.*#1 in Love#2 in Romance#20 in Bad Boy
8 199 - In Serial8 Chapters
Shining Arc( Betrayed Arc x Sage)
This was a request from @FanDenon120Information about Jaune's fake transcripts were leaked across Beacon. Now most of Beacon hates him, even his own team. Now broken, Jaune decides to transfer to Haven Academy. Will there be someone there who can fix this broken Arc.
8 119 - In Serial58 Chapters
SHE GOT AWAY
❝ you carried me into that house,you can carry me out as well ❞ loving him wasn't her mistake, it was his to let her slip away. jeon jungkook ff ©️GEEGUK | cc. fruitpies
8 189 - In Serial39 Chapters
Accidentally in Love [BxB] |COMPLETED|
Vikram considers himself as an oddball. He doesn't have people to truly call friends or family he can depend on. Vikram likes to hide behind the comfortable walls he has built around himself because he dislikes most things and most people, especially Aditya, his arch-rival at school.Things take a turn when Aditya starts dating Vikram's only remaining friend but an attempt to get rid of Aditya, might result in something he never expected.Read Vikram's journey through his final year at High School as Aditya breaks down all his walls, one brick at a time as his new found attachment sends him on a journey of self discovery, strengthening his bonds with his friends and family more than ever.Words- [100,000-117,000]Edited Chapters are marked with ✓[Completed]Editing ongoing
8.18 124 - In Serial79 Chapters
The Alpha's Little Runner
Madelyn Rivera was kidnapped by rogues when she was only 15 years old. Her pack was attacked and everyone was killed. After having been tortured for almost 2 years, she was able to make her escape and run. Now she has been on the run for 3 years as a rogue. Nicknamed the rogue runner because no one has been able to catch her. Madelyn enjoys the game of chase with the boarder guards she comes across from different packs. But what happens when she decides to play chase with the wrong pack.Marcus Blackwell was the Alpha of the Blue Moon pack. After taking the Alpha role at just 18 years old, Marcus was feared by many. Marcus has been trying to find his mate in order to help make his pack stronger. He knows the longer he goes without his Luna the weaker he and his pack could get. What happens when the Alpha finds his mate to be the rogue runner herself? The alpha likes a good chase and it's a chase he will get. Highest rank in Matebond #1Highest rank in Rogue #1Highest rank in Protect #3Highest rank in Pack #4***Contains mature content. Warnings will be given at the start of chapter for scenes that may make some uncomfortable.***
8 124 - In Serial13 Chapters
The Thalapathy Game
We are back with a Thalapathy Flick but this time it is going to be all dashing!Honest.Uncorrupted.DaringHow else should a good cop be?!Extremely wicked, surprisingly evil and vileThat's the type of villain we fall in love with!And when these polars cross paths in the quest of fate, What do you think will be the result!?Check it for yourself and stay tuned for updates!!!
8 152

