《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 35
Advertisement
Unicode
ကိုကို နဲ့ ကျွန်တော် ဆေးရုံရောက်လာကြတာ
ဒီနေ့ဆို 3 ပတ်တင်းတင်းပြည့်လေပြီ။
ကိုကို နိုးလာခဲ့တဲ့ ရက်နဲ့တွက်ရင်တော့ ဒီနေ့ဟာ 4 ရက်မြောက်နေ့ပေါ့...။
ကျွန်တော့်ရဲ့ အသေးစိတ်ကအစဂရုစိုက်မှုလေးတွေကြောင့် အခုဆို ကိုကိုလည်း 'အများကြီး သက်သာနေတယ်' ဆိုတာထက်ကိုပိုပြီး ကျန်းမာလာသည်။
တစ်ခါတစ်လေဆို မထင်ရင်မထင်သလို ချွဲတတ်တဲ့ လူနာကိုကိုကြောင့် Yibo မှာ ချစ်မဝဖြစ်ရပါသေးသည်။
နေမကောင်းဖြစ်မှ ပိုချွဲတတ်လာတဲ့ ကိုကိုရဲ့မျက်နှာတစ်ဖက်ခြမ်းလေးက 'အရင်အချိန်တွေတုန်းကလည်း သူ့ဆီမှာ ဒီလိုလေး နေချင်ခဲ့တာလား...?' လို့ တွေးမိတိုင်း Yibo ကိုယ့်ကိုယ်ကို မချင့်မရဲဖြစ်မိပါ၏။
ဆေးရုံအုပ်ကဆိုလျှင် နောက်တစ်ရက် နှစ်ရက်လောက်နေရင် 'ဆေးရုံက ဆင်းလို့ရပြီ' တို့ ၊ 'မြန်မြန်နေပြန်ကောင်းလာတာ တကယ်အံ့ဩဝမ်းသာစရာပဲ' တို့ပင် ပြောနေလေပြီ။
ထိုကဲ့သို့သော စကားတွေကြားတိုင်း ကိုကိုက ခပ်ပြုံးပြုံးလေးပဲ ပြန်ဖြေတတ်၏။
'အနားမှာ စိတ်ချမ်းသာစရာလေးရှိနေလို့ မြန်မြန်နေပြန်ကောင်းလာတာ' ဟူ၍...။
'ကျွန်တော်က ကိုကို့ရဲ့စိတ်ချမ်းသာစရာလေးပါ' တဲ့လေ.....။
ဆေးအရှိန်နဲ့ မှိန်းနေတဲ့ ကိုကို့ရဲ့မျက်နှာချောချောကို Yibo တစိမ့်စိမ့်ငေးရင်း စက္ကန့်နဲ့အမျှ အချစ်ပိုရသည်။
Yibo ရဲ့လက်တစ်ဖက်ကို အမြဲတမ်း ခပ်တင်းတင်း ဆုပ်ကိုင်ပြီးမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တတ်တဲ့ ကိုကို့ကြောင့်
'သူ့အနားက ကိုယ် ထွက်သွားမှာ ကြောက်နေသေးတာလား...?' ဟု အတွေးဝင်လာမိတိုင်း ထွက်ပြေးခဲ့မိတာတွေအတွက် Yibo စိတ်ထဲမှာလည်း အမြဲတမ်းနောင်တရနေမြဲ...။
အခုလည်း သူ့ရဲ့လက်တစ်ဖက်ကို ဆုပ်ကိုင်ကာ အိပ်ပျော်နေပြီဖြစ်သော ကိုကို့ရဲ့မျက်ခွံလေးတွေကို Yibo ခပ်ဖွဖွနမ်းရှိုက်လိုက်မိသည်။
ခနကြာတော့ အခန်းတံခါးဖွင့်သံနဲ့အတူ ဝင်လာကြသည့် လန်ညီအကိုနှစ်ယောက်ကြောင့် Yibo မျက်နှာရိပ်မျက်နှာကဲနဲ့ 'တိုးတိုးနေရန်' လှမ်းသတိပေးထားလိုက်သည်။
သူတို့ကလည်း ဒီဆေးရုံကြီးမှာ Duty cote လေးတွေနဲ့ အလုပ်သင်ဆင်းနေကြလေပြီ။
ကိုယ်ကသာ ကိုကို့အနားက မခွာချင်သူမို့ အလုပ်သင်ကို 1 လလောက် နားထားဖို့ပင် တွေးမိသေးသည်။
ကိုကို ဆိုသည်မှာလည်း ကိုယ့်အကြောင်းကို မသိတာ မရှိသည်မို့ Yibo ကို သူ့အနားကနေလည်း မခွာစေပဲ အလုပ်သင်ဆင်းနိုင်ရန် ကူညီပေးခဲ့သည်။
လူနာကို လက်တွေ့ကျကျပြုစုရသော အလုပ်သင်ပေါက်စလေးအဖြစ် ကိုကို့အနားမှာနေပြီး တစ်ချို့သော အချိန်တွေမှာမှ ဒေါက်တာရှင်းချန်တို့ အနောက်ကို လန်ညီအကိုနှစ်ယောက်နှင့်အတူလိုက်ရင်း လေ့လာမှတ်သားရသည်။
'တစ်ချက်ခုတ် နှစ်ချက်ပြတ်' ဆိုပေမယ့် ကိုကို ဆေးရုံကဆင်းပြီး စိတ်ချရသည့်အခါမှာလည်း 'အလုပ်သင် အချိန်ပို 1 လ ပိုဆင်းရမည်' ဟူသော ကိုကို့ရဲ့တောင်းဆိုချက်ကိုလည်း Yibo မငြင်းခဲ့.....။
ထိုအချိန်တွေမှာတော့ 'သူကိုယ်တိုင် ကားအကြိုအပို့လုပ်ပေးမယ်...' ဟုလည်း ကိုကို့ဘက်က ကတိပြန်ပေးခဲ့သည်။
'တကယ်တော်ပြီး လူတိုင်း အားကိုးအားထားပြုရတဲ့ Duty cote ဝတ် ဒေါက်တာလေးကို ကိုကိုက ဂုဏ်ယူဝံ့ကြွားစွာ မြင်ချင်ပါသည်' တဲ့လေ.....။
ကိုကို့ရဲ့ဆန္ဒဟာ Yibo ရဲ့ဆန္ဒဖြစ်တာကြောင့် ကိုကို ဖြစ်စေချင်သမျှကို တစ်ချက် မညည်းပဲ စိတ်ဝင်တစား ကြိုးစားပမ်းစား သူ လုပ်ကိုင်ပေးသည်။
အလုပ်ပြီးချိန် ကိုကို့ရဲ့လူနာကုတင်အနားကို Yibo ပြန်ရောက်လာချိန်တိုင်း
ကိုကို့ဆီကနေ လက်မလေးထောင်ပြကာ
'ကိုကို့ရဲ့ကလေးလေးက အတော်ဆုံးပဲ' လို့ အပြုံးနုနုလေးနဲ့ နူးညံ့စွာ ချီးကျူးစကားဆိုလိုက်တိုင်း Yibo ရင်ထဲမှာ ကြည်နူးဝမ်းသာစိတ်တွေနဲ့ ပင်ပမ်းထားသမျှတွေလည်း ယူပစ်သလို ပျောက်ကင်းသွားရစမြဲ.....။
အတွေးနယ်လွန်နေပြီး သူ့လူကြီးမျက်နှာကိုပဲ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကာ တစ်ယောက်တည်း ပြုံးနေလေသည့် Yibo ကြောင့် အခန်းထဲကို အခြေအနေလာမေးကြသော ကျင်းရီနဲ့စစ်ကျွေးက လူပိုကြီးတွေလို ခံစားလာရပြီးနောက် Yibo ကိုကြည့်ကာ စိတ်ထဲ ချဥ်လာကြလေသည်။
"အဟမ်း!"
"ဟာ! ကျွတ်.. ကျွတ်.. ကျွတ်... ကိုကို အိပ်နေတာ မမြင်ဘူးလား...? တိတ်တိတ်နေ..."
ကျင်းရီ ချောင်းဟန့်လိုက်တာကို အတွေးနယ်လွန်နေတဲ့ Yibo က လန့်ဖို့နေနေသာသာ သူ့ကိုကိုရဲ့လက်ကလေးကို ချက်ချင်း 'ကျွတ် ကျွတ် ကျွတ်' ဟူ၍ ကလေးချော့သိပ်သလို လုပ်ပြီး အားနာခြင်းအလျဥ်းမရှိ မျက်မှောင်ကြုတ်ကာ လေသံခပ်ကြိတ်ကြတ်ဖြင့် သူတို့နှစ်ယောက်ဘက်ကို လှည့်ငေါက်ပါသေးသည်။
"Aww..."
"Aww..."
နှစ်ယောက်ပြိုင်တူ 'Aww...' ဟုသာ ရေရွတ်မိလိုက်ကြပါ၏။
တော်တော် အဖြစ်သည်းလွန်းသည့် ဒီအတွဲနဲ့မှ လာတွေ့သည်ကိုးးး။
သူတို့ကို မလိုတာ သိသည်နှင့် မျက်နှာတွေကို မဲ့ရွဲ့ပစ်လိုက်ကြကာ အခန်းထဲကနေ ထွက်လာလိုက်ကြသည်။
အခန်းအပြင်ရောက်မှ ကျင်းရီ နဲ့ စစ်ကျွေးလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အမျှင်မပြတ်စွာ အမြင်ကပ်လှစွာဖြင့် အခန်းထဲကို မျက်စောင်းလှည့်ချီလိုက်ကြသေးသည်။
လန်စစ်ကျွေး _ *အခြေအနေလာကြည့်တာမှ မထောက်ကွာ... Wang Yibo သူ့လူကြီးကို ချစ်ပြနေလိုက်တာ....!*
လန်ကျင်းရီ _ *အဖြစ်သည်းနေလိုက်ကြတာ! ငါ လင်ရမှ ဒင်းတို့ရှေ့မှာ ဒင်းတို့ထက်ကို ပို Ro ပြ ၊ ပိုအဖြစ်သည်းပြဦးမယ်...! ဟွန့်!*
ထို့နောက်တွင်တော့ အခန်းရှေ့မှ နှစ်ယောက်သား လှည့်မကြည့်စတမ်း လှည့်ထွက်သွားကြလေတော့သည်။
_______________
"ပါပီ ကိုယ်တို့လက်ထပ်ကြရအောင်..."
"ဟင်?"
ရုတ်တရက်ဆန်လွန်းတဲ့ ကို့ရဲ့စကားကြောင့် ရွှယ်ရန် မုန့်စားနေရင်း ပါးစပ်ထဲက အစားတွေပင် မျိုမချနိုင်တော့ပဲ ကြောင်အ,သွားရသည်။
အရှေ့ကို ကြည့်လိုက်တော့ ကိုက သူ့အရှေ့တည့်တည့်မှာ လက်စွပ်ဗူးလေးကိုကိုင်ကာ ဒူးထောက်နေလျက်သား.....။
"Wow....."
အသံတွေကြားမှ အသိပြန်ဝင်လာတဲ့ ရွှယ်ရန် တစ်ယောက် ဘေးဘက်ဝဲယာဆီက အသံတွေကြောင့် 'သူတို့ဆေးရုံထဲမှာပဲရှိနေသေးတယ်' ဆိုတာ သတိထားမိသွားသည်။
ကိုက လူတကာလေးစားရတဲ့ ဆရာဝန်တစ်ယောက်.....။
Advertisement
အခုလိုမျိုး သူ့လိုယောကျာ်းတစ်ယောက် အရှေ့မှာ ဒူးထောက်ပြီး လက်ထပ်ခွင့်နေတောင်းတာကို ကို့ရဲ့လူနာတွေ ၊ ဆေးရုံဝန်ထမ်းတွေ ၊ တစ်ခြားဒေါက်တာတွေ မြင်ရင် ဘာပြောကြမလဲလေ.....?
ပတ်ဝန်းကျင်မပြောနဲ့ မိဘတွေကိုတောင် ဘယ်တော့ကမှ လှည့်မကြည့်တတ်တဲ့ တဇွတ်ထိုးကောင်လေးက အခုတော့ ကို့အတွက် ပတ်ဝန်းကျင်ကို ထည့်တွေးစဥ်းစားနေလေပြီ။
"ကို ထ, ဆေးရုံထဲမှာ ဘာလို့ ဒီလိုမျိုးကြီး ရုတ်တရက်လုပ်ရတာလဲ...? ထ,ထ"
ရွှယ်ရန် ဆွဲထူတော့ ကိုက အလိုက်သင့်လေး ထ,လာလေသည်။
"ကိုယ့်ကို ချစ်လား...?"
"မေးနေစရာလိုသေးလို့လားဗျာ...
ချစ်တာပေါ့..."
"ကိုလည်း ပါပီလေးကို အရမ်းချစ်တယ်...
ဒါကြောင့် ကျန်ရှိနေတဲ့ တစ်ဘဝလုံးစာအချိန်တွေကို ကိုနဲ့အတူ ဖြတ်သန်းပေးနိုင်မလား...?"
"Wow....!"
ဘေးနားမှာ လူတွေဝိုင်းလာပြီး အော်သံတွေကလည်း ဆူလာတာကြောင့် ရွှယ်ရန် စိတ်ထဲမှာ ရှက်သလိုလို ကြည်နူးသလိုလိုနဲ့ ကို့အတွက်လည်း စိတ်ပူနေရပါသေးသည်။
"ကို့! ဆေးရုံကြီးထဲမှာလေ...
ကိုယ့်လူနာတွေမြင်ရင် မကောင်းဘူး"
ရွှယ်ရန် ခပ်တိုးတိုးပြောတော့ ကိုက နူးညံ့တဲ့အပြုံး ၊ အချစ်တွေပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ တန်ပြန်စိုက်ကြည့်လာကာ.....
"ဘာဖြစ်လဲ အဆိုးလေးရဲ့...? မြင်ပါစေပေါ့... ကိုက ကို ကျင်လည်ရတဲ့ ဒီရပ်ဝန်းမှာ အခုလို အသိသက်သေတွေ အများကြီးရှေ့ လက်ထပ်ခွင့်တောင်းတာက အဆိုးလေးကို ကို တန်ဖိုးထားမြတ်နိုးလွန်းလို့... ဖြစ်နိုင်ရင် ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအကုန်လုံး မြင်ရတဲ့နေရာမှာတောင် အဆိုးလေးကို လက်ထပ်ခွင့်တောင်းချင်တာ... လက်ထပ်ပွဲကြီးကျင်းပချင်တာ... အဆိုးလေးက ကို့အပိုင်ဆိုတာကို တစ်လောကလုံးကို သိစေချင်တာ..."
"..............."
စကားတတ်လွန်းတဲ့ ကို့ကြောင့် နောက်ဆုံးတော့ ပြောစရာစကားပျောက်ရှရသူက ရွှယ်ရန် ကိုယ်တိုင်ပါပဲ.....။
ဘေးနားကလူတွေကတော့ ကြည်နူးပျော်မြူးနေကြတဲ့ မျက်နှာတွေနဲ့ သူတို့အတွဲကို အားပေးနေကြလေရဲ့.....။
'ဒီလို နားလည်ပေးတတ်တဲ့ လူတွေအနားမှာ နေရတာလည်း တစ်မျိုးတော့ ကံကောင်းတယ်' ဟု ရွှယ်ရန် တွေးမိလိုက်ပါသေးသည်။
"Will you marry me, my bad boy? "
"Yes, my Doctor"
"Wow....!"
"Arrrrr....!"
"Eeeee.....!"
သံစုံအော်ဟစ်သံတွေကြားမှာ နှလုံးသားနှစ်စုံကလည်း ထပ်တူညီစွာ ခုန်ပေါက်မြည်ဟီးနေလေ၏။
ဗူးထဲက လက်စွပ်နှစ်ကွင်းကို တစ်ဦးကိုတစ်ဦး လဲလှယ်ဝတ်ပေးပြီးကြချိန်မှာတော့ နှစ်ဦးသား တင်းနေအောင် ဖတ်ထားမိလိုက်သည်။
နှစ်ဦးစလုံးရဲ့မျက်ဝန်းတွေထဲမှာ ဝမ်းသာမျက်ရည်တွေပါ လည်နေကြလေသည်။
ထို့နောက်တွင်တော့ ဖတ်ထားရာမှ အသာခွာကာ အရပ်မတိမ်းမယိမ်းရှိနေသော အဆိုးလေးရဲ့နဖူးပေါ်သို့ ရှင်းချန် အနမ်းတစ်ပွင့်စွန့်ကြဲမိသည်။
ဘေးနားက Neurs တွေအပါအဝင် fujoshi တစ်သိုက်မှာတော့ နှာခေါင်းသွေးတွေပင် လျှံနေကြလေပြီ။
နဖူးကို ညင်ညင်သာသာလေး တစ်ချက်နမ်းပြီးတာနဲ့ မျက်နှာအနားကို အသာကပ်လာတဲ့ ကို့ရဲ့မျက်နှာချောချောကြောင့် ရွှယ်ရန် ရင်ထဲမှာ မီးရထားဆယ်စင်းဖြတ်ပြီး မြင်းအကောင်တစ်ရာလောက် ကဆုန်ပေါက်ပြေးနေသလို အတိုင်းမဆမရှိ မြည်ဟီးနေလေသည်။
နူးညံ့လွန်းသည်။
သိမ်မွေ့လွန်းသည်။
ပြီးနောက် အရမ်းချိုမြိန်လွန်းသည်။
ဘယ်လောက်ပဲ နမ်းရ နမ်းရ ဒီနှုတ်ခမ်းလေးက သောက်လေသောက်လေ ဘယ်တော့မှ မငတ်မပြေနိုင်သည့် တွင်းရေကြည်လေး.....။
သောက်နေကြဖြစ်ပါသော်လည်း စွဲနေနိုင်သည့် မူးယစ်ဆေးလိုမျိုး သောက်လိုက်တိုင်း ရင်ထဲငြိမ်းအေးသွားရသည့် ရေကြည်အေးလေးတစ်ခွက်ပါလေ.....။
နမ်းရှိုက်ရာမှ ခွာတော့ အဆိုးလေးမျက်နှာနဲ့အပြိုင် ဒေါက်တာ့မျက်နှာမှာပါ ခရမ်းချဥ်သီးဖြစ်လို့နေလေပြီ။
" တို့
တို့လို Fan page တွေမှာ Post တွေ Photo တွေနဲ့ ပလူပျံခဲ့သော နေ့တစ်နေ့ဆိုလည်း မှားမည်မထင်ပါလေ.....။
_______________
"အကို...
အကိုရှင်းချန်နဲ့ အကိုရဲ့ဂျူနီယာလေးတို့ လက်ထပ်တော့မယ်တဲ့...
သိပြီးပြီလား...?"
"အင်း... ယောင်လေး share ထားတဲ့ post ကို ကိုယ်မြင်ပြီးသွားပြီ..."
"အာ....."
ပြောပြီးမှ ရှီးချန် စကားကြောင့် ရှက်သွားကာ ခေါင်းလေးငုံ့သွားတဲ့ ကောင်လေးကိုကြည့်ရင်း ရှီးချန် ပြုံးနေမိသည်။
သူတို့အတွဲကတော့ ထိုကဲ့သို့ပင်...။
တစ်ယောက်ရဲ့ချစ်ခင်မှု ၊ Support မှုတွေကို တစ်ယောက်က နားလည်ပေးရင်း ယုံကြည်မှုတွေဖြင့် တွဲလက်တို့ခိုင်မြဲကြပါ၏။
_______________
"ကိုကို ဒီတစ်ဇွန်း..."
"အာ....."
Yibo ရဲ့ချော့မော့ကာ ကျွေးသည့် ထမင်းတစ်ပန်းကန်ကို ထိုနည်းအားဖြင့် ပြောင်စင်အောင်ထိ Xiao Zhan စားနိုင်လေသည်။
"Baby အလုပ်သင်သွားရဦးမှာမလား...?"
"ဟုတ်တယ် ကိုကို...
အချိန်နည်းနည်းတော့ရပါသေးတယ်...
ဆေးလေးရော သောက်လိုက်နော်..."
ဆေးလုံးတွေကို ဆေးဘူးအဖုံးလေးထဲ လုပ်နေကြ လူတစ်ယောက်လို ခပ်မြန်မြန် ထည့်ကာ ရေလေးတစ်ခွက်ပါ ငှဲ့ပေးပြီး ကိုကို့လက်ထဲကို ထည့်ပေးလိုက်သည်။
ကိုကိုကလည်း လိမ်လိမ်မာမာဆေးသောက်ပြီးနှင့် ထုံးစံအတိုင်း ပါးလေးဖောင်းပေးလာသည်။
Yibo က ထိုပါးလေးထဲကို နစ်ဝင်နေအောင်ထိ နမ်းရသည်ပေါ့...။
ထို့နောက်
ပါးနောက်တစ်ဖက်...
နဖူး...
နှုတ်ခမ်း... စသည်...
တစ်ခုပြီးတစ်ခု မြတ်မြတ်နိုးနိုး နမ်းရှိုက်ပြီးသည်နှင့် ကိုကိုက ယုန်သွားလေးတွေပေါ်အောင်ထိ ပြန်ပြုံးပြတတ်သည်။
ထိုသို့ပြုံးလိုက်တိုင်း ပေါ်လာတတ်သည့် ပါးချိုင့်သေးသေးလေးကို ပိုခွက်ဝင်သွားအောင် နစ်နစ်ဝင်ဝင် ထပ်မံနမ်းရှိုက်မိတာကတော့ အပိုထပ်ဆောင်း အနမ်းလေးပေါ့လေ.....။
ကိုကိုက သဘောတကျရယ်ပြီး Yibo ရဲ့မျက်နှာအနှံ့ကို ဆွဲယူ နမ်းရှိုက်လာကာ နှာခေါင်းလုံးလုံးလေးကိုလည်း အူယားတိုင်း တစ်ချက် တစ်ချက် ကိုက်တတ်သေးသည်။
ထို့ကဲ့သို့ဖြင့် အလုပ်သင်အချိန်ကို ငါးမိနစ်လောက်နောက်ကျပြီးမှရောက်သွားရချေ၏။
ခနလောက်ဝေးရရင်တောင် လွမ်းလွန်းတာမို့ မသွားခင် အပြန်အလှန်နမ်းရှိုက်မိကြတာဟာ သူတို့အတွက်တော့ လွန်မယ်မထင်ပါလေ.....။
အချိန်ငါးမိနစ်လောက် နောက်ကျရင်လည်း နောက်ဆို ကိုကို ကိုယ်တိုင်အကြိုအပို့လုပ်ပေးမယ့် အလုပ်သင် အချိန်ပို 1 လကလည်း ဆင်းရဦးမည်ဖြစ်တာကြောင့် ဉာဏ်ကောင်းလွန်းတဲ့ Yibo က မမှီမှာကို လုံးဝမကြောက်ခြင်းဖြစ်သည်။
Advertisement
ဒါပေမယ့် ကိုကို့ရဲ့စကားတစ်ခွန်းကြောင့် အလုပ်လုပ်ရာမှ လက်လွတ်စပယ် ဘယ်တော့မှ မလုပ်ပဲ တိကျသေချာလွန်းတာကြောင့် ဆေးရုံတွင်း အလုပ်သင်နေရာမှာ Yibo တို့က နာမည်ကြီးတစ်ယောက်ဖြစ်နေလေတော့သည်။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 2320 words 💞
Royal မျက်လုံးတွေနာနေလို့ပါဗျာ
Phone ကြည့်ချိန်တွေလည်း လျော့နေတယ်
ကြားထဲနားတဲ့ရက်တွေမှာ Ph မကြည့်မိအောင်နေပါတယ်
မျက်စဥ်းတော့ခတ်ရတာပေါ့ နော့ 🖤
မျက်လုံးတွေ ဂရုစိုက်ကြပါနော်
မျက်လုံးက လူတစ်ယောက်မှာ အရမ်းအရေးကြီးပါတယ် 💗
Covid တွေလည်း အခြေအနေဆိုးနေတာမို့ ကျန်းမာရေး အသွားအလာ အစစအရာရာဂရုစိုက်ကြပါဗျ ❤
💞 အားလုံးကို ချစ်ခင်လေးစားလျှက် 💞
Kroyalwhite💌💞🤍
Jul 7,2021 WED (Updated Day) 🖤✨
Zawgyi
"အဟမ်း!"
"Aww..."
"Aww..."
_______________
"ဟင်?"
"Wow....."
"ကိုယ့်ကို ချစ်လား...?"
ချစ်တာပေါ့..."
"Wow....!"
"..............."
"Yes, my Doctor"
"Wow....!"
"Arrrrr....!"
"Eeeee.....!"
နူးညံ့လွန်းသည်။
သိမ်မွေ့လွန်းသည်။
"Doctor & His Puppy" တို့
"Bad Boy and Handsome Doctor" တို့လို Fan page တွေမှာ Post တွေ Photo တွေနဲ့ ပလူပျံခဲ့သော နေ့တစ်နေ့ဆိုလည်း မှားမည်မထင်ပါလေ.....။
_______________
"အကို...
သိပြီးပြီလား...?"
"အာ....."
_______________
"ကိုကို ဒီတစ်ဇွန်း..."
"အာ....."
"ဟုတ်တယ် ကိုကို...
Advertisement
- In Serial59 Chapters
Greatest Pleasure
Call it obsession, call it possessive. She was mine first so that gives me all rights to her no matter what anyone says..Kaden Hernandez, sexy, tattoo billionaire. Head of the Mafia. Stormi Madden, innocent, great student, absolutely a nobody. Completed 07/26/2021. ****All copyrights © belong to the author of this book belong @ bre_anna02. 12/2020 . All rights reserved. Any illegal reproduction of this content in any form will result in immediate action against the person concerned. Absolutely no rewrites, no short storys, no use of any content involving my characters, my setting, and my story line. You must have written permission by me to do anything involving my book. All characters, setting, story line are all fictional
8 408 - In Serial41 Chapters
A Sudden Cute Baby: My Awesome President Dad
Five years ago, she got set up by her most trusted person, and her best friend died for her. Five years later, she came back with her son and met a man who extremely resembled her son… It was said that Mr. Huo, the richest man in the world, was gay… A marriage bonded her with him. "Mr. Huo, people say your wife is a loose woman." "Well, tear the mouth of the one who said that. My wife is not loose at all. Even if she is loose down there, I did it."
8 290 - In Serial32 Chapters
Cinderella
This story is a Cinderella remake and it follows the basic plot of any Cinderella story. Annabella (sorry I'm bad with names) called Cinderella by her stepfamily is overworked and treated like dirt by most of her stepfamily. However, one day the prince happens to visit her stepfamily's home. This is where her story begins. Hey everyone. This is my first book, so to all those who read it, I hope you like it. Also thanks so much @retro_wonderwoman for well...there's too much to mention. Anyways, I hope you have fun reading this story!
8 215 - In Serial45 Chapters
The Matrimony
Diana Prichard learned early on about how much of a bitch life could be. Forced to abandon the one she loves and marry a monster to save her father from his debt and keep his business afloat, She believes her life to be a hell hole. Her only consolation being her 5 year old boy Benjy. She believes her luck is finally starting to change when her abusive husband gets jailed for fraud, but only finds herself being sold to appease her father's debts, again! So she finds herself walking down the aisle towards a total stranger, or so she thought. ................. Alejandro Delmanti has been hurt before. Left by the love of his life for a seemingly better and richer man, he knows nothing but anger and bitterness. He worked his ass off to be the billion dollar success he is now. He left America to rid himself of the heartache and now he is back to take revenge on her, to make her suffer as she did to him ............Diana isn't sure how this is going to turn out and neither is Alejandro. Both try their best to ignore each other, but what happens when the old sparks start igniting, and old feelings start coming back?. ................. "You still love me Diana, you know you do", he breathed down her neckShe shivered, " I... ""You still love me and you still want me. And I'm gonna prove it to you", with that, he claimed her lips.
8 140 - In Serial32 Chapters
The Forest for the Trees
Quinn spun around the balls of her feet, trying to figure out where that wonderful smell was coming from. The scent of rich coffee and vanilla radiated from a single figure, overwhelming her senses and making the she-wolf dizzy. They locked eyes as they both whispered "mate" under their breath. Quinn then bolted in the opposite direction, so afraid of what would happen next. Being the only fat werewolf in the pack, she wanted to relish in the moment. She had a mate and wanted to prolong the inevitable rejection even for just a little while. But would he reject her?
8 150 - In Serial25 Chapters
Crying Season
Nancy has only ever had a foggy understanding of what it means to be a lesbian, but when her soulmate walks into her life, everything is turned upside down.
8 106

