《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 32
Advertisement
Unicode
"Yibo ရာ မင်းဒီလိုပဲ အိပ်နေတော့မှာလား...? မင်း လူကြီးကိုလည်း ထ,ကြည့်ဦးကွ!
ဘာတွေဖြစ်နေပြီလဲလို့!"
အခန်းထဲပြန်ဝင်လာတဲ့ လန်ကျင်းရီရဲ့ဟောင်ဖွာဟောင်ဖွာစကားကြောင့် စစ်ကျွေး လက်မောင်းကို 'ဖြန်းကနဲ' လှမ်းရိုက်လိုက်ရင်း ဂျိုကြည့်ကြည့်ပေးလိုက်သည်။
'တိုးတိုးနေပါ' ဆိုတာကို ဒီကောင်က အော်ကြီးဟစ်ကျယ်ဝင်လာသေးသည်။
"ဟျောင့်! ဘာတွေလျှောက်အော်နေတာတုန်း... တိုးတိုးပြော...
Yibo လူကြီး အခြေအနေက ဘာတဲ့လဲ...?"
ကျင်းရီကလည်း မှုန်ကုပ်ကုပ်နဲ့ မျက်နှာမကောင်းသလိုမို့ စစ်ကျွေးလည်း နည်းနည်းတော့ ရိပ်မိပါ၏။
သူလည်း မေးသာမေးနေရတယ် ကျင်းရီ ပြောလာတဲ့ပုံစံအရ အခြေအနေကောင်းဟန်မတူ.......။
"ငါတို့အဲ့ဘက်သွားတော့ နှလုံးပြန်ခုန်လာအောင် Defibrillator နဲ့ Shock ရိုက်နေကြတယ်..."
"ဟူးးး"
ကျင်းရီက စကားပြောရင်း လေပူတစ်ချက်ကိုမှုတ်ထုတ်၏။
စစ်ကျွေးကလည်း ကုတင်ပေါ်မှာလှဲနေတဲ့ Yibo ကို ကြည့်ပြီး သက်ပြင်းရှည်ကြီးတစ်ချက်ချ၏။
"ငါလည်း ဆက်မကြည့်နိုင်တော့တာနဲ့ ပြန်လာတာ...
သူ့ဦးလေးဆို မူးလဲသွားတယ်..."
"Inn"
ထို့နောက် အခန်းထဲမှာ အကြောင်းအရင်းမရှိတိတ်ဆိတ်သွားကြပြန်သည်။
ဘာမှပြောစရာစကားဆက်မရှိကြတော့သည့်အလား....!
ကုတင်ပေါ်မှာ မလှုပ်မယှက်လဲလျောင်းနေဆဲ လူသားကတော့ ယခုထိတိုင် ပကတိတည်ငြိမ်နေဆဲ.....။
"Shock!"
ဒေါက်တာရှင်းချန်ရဲ့အမိန့်ပေးသံအဆုံး Neurs မလေးက Defibrillation (နှလုံး shock ရိုက်ခြင်း) အတွက် အမြန်ပြင်ဆင်နေလေသည်။
CPR နဲ့ မရတော့တာကြောင့် နှလုံး Shock ရိုက်ဖို့ ပြင်ဆင်နေကြခြင်းဖြစ်သည်။
"ရပြီလား...?
လူတွေဘေးဖယ်!"
Neurs လေးနဲ့အကူတစ်ယောက်ကို
ရှင်းချန် ဘေးဖယ်နေဖို့ သတိပေးလိုက်သည်။
"Now!"
ဒေါက်တာရှင်းချန်က ပြောလည်းပြော Defibrillator ကို လက်နှစ်ဖက်နဲ့ တစ်ခုစီကိုင်ကာ လူနာရဲ့နှလုံးနေရာနဲ့ နံတစ်ဖက်ပေါ်ကိုတင်လိုက်ရင်း
စက်ခလုတ်ကို နှိပ်လိုက်သည့်အခါ လူနာက အပေါ်သို့ တစ်ချက်မြောက်တက်လာပြီး 'ဘုန်းကနဲ' ပြန်ကျသွားလေ၏။
"150!"
"Now!"
နောက်တစ်ချက်မြောက်တက်သွားသည်အထိ လူနာရဲ့နှလုံးခုန်နှုံးဟာ ပုံမှန်ဖြစ်မလာသေး.....။
ဘေးကအကူနှစ်ယောက်ကလည်း ချွေးတွေပြန်လာသလို ဒေါက်တာရှင်းချန်ကလည်း အားပြင်းပြင်းနဲ့ တစ်ချက်ချင်း Shock ရိုက်နေဆဲ.....။
"အင်းးး"
လူနာကုတင်ပေါ်ကနေ ညင်းသံသဲ့သဲ့တစ်ချက်ကြားလိုက်ရတာကြောင့် လန်စစ်ကျွေးနဲ့လန်ကျင်းရီတို့နှစ်ယောက် ကုတင်ပေါ်ကို ပြိုင်တူကြည့်မိလိုက်ကြသည်။
ကုတင်ပေါ်က ကောင်လေးက မျက်လုံးလေးတွေဖွင့်နေပြီး သူတို့ဘက်ကို ခေါင်းလေးစောင်းကာ တဖြည်းဖြည်းချင်း လှည့်ကြည့်လာ၏။
"ဟမ်! Yi Yibo! သတိရလာပြီ!"
ကြောင်အ,နေကြပြီး အခုမှ သတိပြန်ဝင်လာသော သူတို့နှစ်ယောက် Yibo ကို ဝမ်းသာအားရခေါ်ကာ မျက်ရည်တွေပါဝဲလာကြ၏။
"ဟျောင့် ဆရာဝန်ခေါ် Yibo! Yibo! ငါခေါ်တာ ကြားလား...?"
"ကို~~"
"ဟမ်!"
တစ်ခုခုပြောချင်နေပုံရတဲ့ Yibo ကြောင့် စစ်ကျွေးအနားကပ်ကာ နားထောင်ပေးလိုက်သည်။
"ကို~ ကို~~~"
အသံလေးကတိုးညင်းပေမယ့် ထိုအသံလေးရဲ့နောက်ကွယ်တွင် ဘယ်လောက်တွေ့ချင်နေကြောင်း ဘယ်လောက်စိုးရိမ်နေကြောင်းတို့ ပေါ်လွင်နေ၏။
"အင်း ရှိတယ်...
မင်းကိုကို ဟိုဘက်အခန်းမှာရှိတယ်..."
Yibo ရဲ့လက်ကလေးတစ်ဖက်ကို စစ်ကျွေး လက်နှစ်ဖက်နဲ့ထပ်ကာ ဆုပ်ကိုင်ထားရင်း ပြန်ပြောလိုက်သည်။
Yiboရဲ့မျက်ဝန်းအိမ်ထဲမှာ နဂိုထဲကဝဲနေတဲ့ အရည်ကြည်လေးတွေက စစ်ကျွေးရဲ့စကားအဆုံး အရည်ကြည်တစ်ပေါက်အဖြစ် လိမ့်ဆင်းကျ၏။
"တွေ့ ချင် တယ်"
တရှပ်ရှပ် ပြေးလာသံနဲ့အတူ ဒေါက်တာတွေ ရောက်လာတာကြောင့် Yiboရဲ့စကားကို စစ်ကျွေး ကြားပေမယ့် ပြန်မဖြေလိုက်...!
တောင်းပန်ပါတယ် Yibo...!
အခု ရုတ်တရက် တွေ့ဖို့မဖြစ်သေးဘူးထင်လို့ပါ.....။
ဒေါက်တာက Yibo ရဲ့မျက်လုံးတွေကို စိုက်ကြည့်ကာ သူ့ရဲ့လက်ချောင်းလေးတွေကို ဘယ်ညာလွှဲကာ ရွေ့ပြ၏။
လက်ကလေးတွေရဲ့ရွေ့လျားရာကို လိုက်ကြည့်နေတဲ့ Yibo ရဲ့မျက်လုံးတွေကို ထိုဒေါက်တာက ထပ်ကြပ်မကွာ လိုက်ကြည့်နေသည်။
ဘေးက Neurs လေးက လူနာကုတင်ဘေးမှာတင်ထားတဲ့ စက်ကိုကြည့်ပြီး လူနာမှတ်တမ်းတွေကို ချရေးနေလျက်ရှိ၏။
"စိတ်ချရပါပြီ"
ဒေါက်တာရဲ့စကားအဆုံး စစ်ကျွေးနဲ့ကျင်းရီ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးမိလိုက်ကြသည်။
ခွဲစိတ်ပြီး တစ်ပတ်ကြာတဲ့နောက်မှာတော့ သူတို့ သူငယ်ချင်းပြန်နိုးထ,လာခဲ့လေပြီ.....။
လူနာကုတင်ပေါ်က ကောင်လေးကတော့ တစ်နေရာကို သွားဖို့ရန်အတွက် နည်းလမ်းရှာနေဆဲ.....။
ဒေါက်တာတွေထွက်သွားတော့ Yibo ဆီက အသံထပ်ကြားရလိုက်၏။
"ကို ကို... ကို ကို နဲ့ တွေ့ ချင် တယ်..."
"အင်း လိုက်ပို့ပေးမယ်...
ကျင်းရီ wheelchair လေး ယူပေးပါဦး"
"ဟမ်! အင်း အင်း"
ကျင်းရီယူလာတဲ့ wheelchair လေးပေါ် Yibo ကို နှစ်ယောက်သား ပွေ့တင်လိုက်ကြသည်။
ထိုစဥ် ကျင်းရီရဲ့တံတောင်နဲ့တွက်ကာ သတိပေးခြင်းကို စစ်ကျွေး သိရှိလိုက်တာကြောင့် ခေါင်းအသာ ငြိမ့်ပြလိုက်သည်။
Yibo စ,နိုးလာကတည်းကသူ့ကိုကိုပဲ ခေါ်နေတာ.....။
သူ့ကိုကိုကို စိတ်ပူနေရှာတာ.....။
ခနလောက်ဖြစ်ဖြစ်လိုက်ပို့ပေးလိုက်ရင် 'နှစ်ဦးနှစ်ဖက် အခြေအနေပိုကောင်းလာနိုင်တယ်' ဟု စစ်ကျွေး စိတ်ထဲ ယုံကြည်လာသည်။
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတယ်ဆိုတာ စစ်ကျွေး သိနေသည်လေ.....။
"150!"
"Now!"
*ဘုန်း!*
လေးကြိမ်မြောက် Defibrillation ကလည်း အခြေအနေမကောင်းသေးတာကြောင့် Neurs လေးနှစ်ယောက်လည်း မျက်နှာမကောင်းကြတော့.....။
"ထပ်တင်"
"ဒေါက်တာ"
"ဘာလဲ! မင်းကို စက်အားထပ်တင်ခိုင်းနေတာ..! ငါ့ကို ခေါ်ခိုင်းတာမဟုတ်ဘူး!"
Advertisement
အထွန့်တက်ချင်နေတဲ့ Neurs မလေးကို ရှင်းချန် ငေါက်လိုက်တော့ မျက်နှာငယ်လေးနဲ့ စက်ခလုတ်လေးကို လှည့်ပြီး ထပ်တင်ပေး၏။
"170!"
"ဘေးဖယ်ထား...
Now!"
*ဘုန်း!*
Yibo ကိုကို့အခန်းရှေ့ရောက်နေပြီး သူ့မျက်စိတွေ မယုံနိုင်အောင်ဖြစ်ရသည်။
ကို ကိုကိုက ဘယ်လိုဖြစ်ပြီး...??
မဟုတ်ဘူး! ကားနဲ့တိုက်ခံရတာ ငါ ငါတစ်ယောက်တည်းမဟုတ်ဘူးလား...?
ကိုကိုက ဘယ်လိုဖြစ်ရတာလဲ...??
တစ်ချက် တစ်ချက်မြောက်တက်သွားတဲ့ ကိုကို့ရဲ့ခန္ဓာကိုယ်ကိုကြည့်ပြီး Yibo ရဲ့နှလုံးသားတွေလည်း တစ်စီပဲ့ကာကြွေကျ၏။
Yibo နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာက ဆိုးဆိုးဝါးဝါး နာကျင်နေသည်။
ကိုကိုက ငါ့အစား... ငါ့အစားများ ကားနဲ့ ဝင်အတိုက်ခံပေးခဲ့တာလား...?
"အား! ဘာလို့လဲ ကိုကိုရာ... ဘာလို့လဲ...?!"
ရင်ဘက်ကို လက်တစ်ဖက်နဲ့ခပ်ကြမ်းကြမ်းဆုပ်ကိုင်ကာ ပြောရင်းငိုနေသော Yibo ကိုကြည့်ပြီး စစ်ကျွေးနဲ့ကျင်းရီလည်း မျက်ရည်တွေကျလာလေ၏။
ကံကြမ္မာသည် ကြည်စားလွန်းပါ၏။
"ဒေါက်တာ..."
"ပါးစပ်ပိတ် 200 ထိတင်"
"Now!"
*ဘုန်း!*
လေထဲကိုမြောက်တက်သွားတဲ့ ကိုကို့ခန္ဓာကိုယ်ကိုကြည့်ရင်း Yibo မျက်လုံးတွေပြာဝေလာ၏။
တစ်ချက်မြောက်တက်သွားတဲ့ ကိုကို့ခန္ဓာကိုယ်မှာ...
သူ စိတ်ထင်တာမမှားဘူးဆိုရင် ကိုကိုရဲ့ဘယ်ဘက်လက်က လက်ထပ်လက်စွပ်လေးက အရောင်လေးတောက်သွားသလားလို့.....။
Yibo ရဲ့မျက်လုံးလေးကလည်း မျက်ရည်တွေနှင့်ဝေဝါးနေသည့်ကြားမှ ထိုလက်စွပ်လေးနည်းတူ အရောင်ပြန်တောက်လာသည်။
ဘုရားသခင်.....
ကိုကို့အပေါ်မှာထားတဲ့ ကျွန်တော့်ရဲ့အချစ်တွေ စစ်မှန်ပါက ကိုကို အကောင်းပကတိအတိုင်း ပြန်ပြီးနိုးထ,လာပါစေ.......။
*တီ! တီ! တီ! တီ!*
"လူ လူနာ အသက်ရှင်ပြီ!"
Neurs မလေးရဲ့ဝမ်းပမ်းတသာ အော်သံတစ်ဆုံး Defibrillator ကိုင်ထားတဲ့ ဒေါက်တာရှင်းချန်ကလည်း ခပ်ရေးရေးပြုံး၏။
"Yi Yibo မင်းလူကြီး အသက်ရှင်ပြီ!"
စစ်ကျွေးရဲ့စကားသံအဆုံး ဝမ်းသာမျက်ရည်တွေပါ ထပ်ပေါင်းကျ၏။
ခံစားချက်တွေမျိုးစုံပေးတဲ့ ကိုကိုပါလေ.....။
"အင်း သူက ဘယ်သူမို့လဲ...?
Yiboရဲ့ကိုကိုပဲလေ..."
"ဟားးးဟားးး"
Yibo ရဲ့မတိုးမကျယ်စကားသံလေးအဆုံး ဘေးကနှစ်ကောင်ကလည်း မျက်ရည်တွေကြားမှ 'တဟားဟား' အော်ရယ်ကြလေသည်။
အခုမှ သူတို့အားလုံးရဲ့စိတ်ထဲမှာ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
ကျေးဇူးတင်ပါတယ် ကိုကို...။
ကျွန်တော့်အနားမှာပဲရှိနေဖို့ ရွေးချယ်ပေးတဲ့အတွက်.......။
________________
"Boss! သခင်လေးအတွက် စိတ်ချရပါပြီ
အသက်အန္တာယ်မရှိတော့ပါဘူး..."
နိုးလာလာချင်း ဆေးပိုက်တွေကို ဆွဲဖြုတ်ကာ သူ့တူဆီကို သွားဖို့
ထ,ထိုင်နေပြီဖြစ်တဲ့ ကျန်းချန် တစ်ယောက် ဝမ်နင် စကားကြားမှ မျက်နှာလေး ပြန်လန်းလာလေသည်။
"ငါ ကျန့်ကျန့်ဆီ သွားမယ်"
"ကိုယ် လိုက်ပို့မယ်..."
"မလိုဘူး"
ဝမ်ကျောက်လည်း လက်လေး လှမ်းလိုက်ပြီးမှ ပြန်ရုတ်လိုက်ရသည်။
ဒီကလေး ဘယ်လောက်ခေါင်းမာကြောင်း သူအသိဆုံးမို့.....။
အသက်တွေ နှစ်တွေ ဘယ်လိုပဲပြောင်းပြောင်း သူလေးကို မြင်လိုက်မိတိုင်း အပြုအမူသေးသေးလေးတွေကအစ ကလေးလေးလို့ မြင်နေမိတုန်း....!
"ဝမ်သခင်လေးလည်း သတိရလာပါပြီ"
"ဟမ် အော် အင်း"
နောက်လှည့်ကာ ပြောသွားတဲ့ ဝမ်နင်နဲ့ တွဲကာထွက်သွားတဲ့ ကျန်းလေးက
သူသတိပြန်ဝင်လာတော့ တံခါးအပြင်ဘက်ပင် ရောက်သွားလေပြီ...။
ထိုအခါမှ ဝမ်ကျောက်လည်း အနောက်ကနေ ခပ်မြန်မြန်ပြေးလိုက်ရပြန်၏။
.........................
"Xiao သခင်လေးက အသက်အန္တရာယ်တော့ မရှိတော့ပါဘူး...
သတိပြန်ရလာဖို့ကတော့ စိတ်ရှည်ရှည်ထားပြီး စောင့်ရပါဦးမယ်..."
ဆေးရုံအုပ်ရဲ့စကားအဆုံး အခန်းထဲက လူတွေထဲက ဘယ်သူ့ဆီကမှန်းမသိသော သက်ပြင်းချသံသဲ့သဲ့ကို ကြားလိုက်ရသည်။
ကိုကို သတိပြန်ရလာမှာပါ.....။
ကျွန်တော် ယုံကြည်နေတယ်.....။
ကိုကိုက အသန်မာဆုံးလူသားတစ်ယောက်ဆိုတာ Yibo သိတာပေါ့.....။
________________
"အကို ယောင်လေးကို စိတ်မကွက်ဘူးလားဟင်...?"
"ဘာကိုလဲ ယောင်လေးရဲ့...
အကိုချစ်တဲ့ယောင်လေးကို ဘာတွေများ စိတ်ကွက်ရမှာလဲ...?"
စစ,နောက်နောက်နဲ့ပြောလာတဲ့ အကိုရှီးချန်ရဲ့မျက်လုံးထဲမှာ စိတ်ကွက်မှုတစ်စုံတစ်ရာမှ မတွေ့ရခြင်းကြောင့်
မုန့်ယောင် အပြုံးလှလှလေးနဲ့ အချစ်တွေပြည့်နေသော မျက်ဝန်းတွေနဲ့ ပြန်ကြည့်ပေးလိုက်သည်။
"အကို...
ယောင်လေးက တစ်သက်လုံး အကို့အနားမှာပဲနေပြီး သစ္စာရှိရှိချစ်သွားမယ်နော်...
တစ်ခြားလူတွေနဲ့ ဘယ်တော့မှ ကိုယ့်ကိုယ်ကို မယှဥ်ပါနဲ့နော်... အကို့ကို ယောင်လေး ချစ်တဲ့အချစ်က ဘယ်သူနဲ့မှမတူလို့... အကိုက ကျွန်တော့်ယောကျာ်း ကျွန်တော့်ရဲ့အသက်... ကျွန်တော် အကို့ကို အရမ်းချစ်တယ်... အကို မှတ်ထားပေးပါနော်..."
ရှီးချန် သိပါသည်။
ယောင်လေး ဘယ်လိုတွေ ခံစားနေရတယ်ဆိုတာကို ရှီးချန် နားလည်သည်။
ယောင်လေးရဲ့စကားတတ်မှုလေးတွေကြောင့် ချစ်လွန်းလို့ ကိုယ်လုံးလေးကို ဆွဲဖက်ကာ ဖျစ်ညှစ်ထားလိုက်သည်။
"အင်း ကိုယ် တစ်သက်လုံး မှတ်ထားပေးမယ်... ကိုယ် ယောင်လေးကို ယုံကြည်တယ်... ပြီးတော့ ကိုယ်လည်း ယောင်လေးကို အရမ်းချစ်တယ်..."
"ဟုတ် ကျွန်တော်လည်း အကိုကို့ ယုံတယ်"
ကျွန်တော် ပြောပါတယ်.....။
Idol နဲ့ ချစ်သူ၊ယောကျာ်းကို ချစ်ပုံချစ်နည်းခြင်း မတူပါဘူးလို့.....။
ကျွန်တော်ကိုယ်တိုင်ကမှ ဒီကောင်လေးကို မယုံကြည်ရင် ဘယ်သူက လာယုံကြည်ပေးမှာလဲ...?
ကျွန်တော် သိပ်ချစ်တဲ့ယောင်လေးမှာ Idol နှစ်ယောက်ရှိပေမယ့် သူတို့ကလည်း သူတို့ဘဝနဲ့သူတို့ ၊ ကိုယ်တွေကလည်း ကိုယ့်ဘဝနဲ့ကိုယ်ပါပဲ.....။
သူတို့က အသက်စွန့်ပြီး ချစ်ရဲသလို ကျွန်တော်ကလည်း ယောင်လေးအတွက်ဆိုရင် အရာအားလုံးပုံအပ်ပြီး ချစ်ရဲပါတယ်.....။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 2050 words 💞
Advertisement
စာက နည်းနည်းတိုသွားတယ်ဗျ 💘
မျက်ရိုးတွေကိုက်နေလို့ Update မှီအောင် မနည်းရေးလိုက်ရတယ်.....။
ခင်ဗျားလေးတို့ကို ဖတ်စေချင်လို့ဗျ...။
မျှော်နေကြတဲ့သူလေးလည်း အားနာလို့ရယ်......။ 🖤
အားဆေးလေးအဖြစ် နောက်အပိုင်းတွေဆက်ရေးဖို့ feedback လေးတွေတော့ ပြန်ပေးခဲ့မယ်မလား...? 🥺
ပြောနေကြဆိုပေမယ့် ထပ်ပြောပါဦးမယ်
အစစအရာရာဂရုစိုက်ကြပါနော် ❤
💞 အားလုံးကို ချစ်ခင်လေးစားလျှက် 💞
K.Royalwhite💌💞🤍
Jun 20,2021 SUN (Updated Day) 🖤✨
Zawgyi
"Yibo ရာ မင္းဒီလိုပဲ အိပ္ေနေတာ့မွာလား...? မင္း လူႀကီးကိုလည္း ထ,ၾကည့္ဦးကြ!
ဘာေတြျဖစ္ေနၿပီလဲလို႔!"
အခန္းထဲျပန္ဝင္လာတဲ့ လန္က်င္းရီရဲ႕ေဟာင္ဖြာေဟာင္ဖြာစကားေၾကာင့္ စစ္ေကြၽး လက္ေမာင္းကို 'ျဖန္းကနဲ' လွမ္းရိုက္လိုက္ရင္း ဂ်ိဳၾကည့္ၾကည့္ေပးလိုက္သည္။
'တိုးတိုးေနပါ' ဆိုတာကို ဒီေကာင္က ေအာ္ႀကီးဟစ္က်ယ္ဝင္လာေသးသည္။
"ေဟ်ာင့္! ဘာေတြေလွ်ာက္ေအာ္ေနတာတုန္း... တိုးတိုးေျပာ...
Yibo လူႀကီး အေျခအေနက ဘာတဲ့လဲ...?"
က်င္းရီကလည္း မႈန္ကုပ္ကုပ္နဲ႕ မ်က္ႏွာမေကာင္းသလိုမို႔ စစ္ေကြၽးလည္း နည္းနည္းေတာ့ ရိပ္မိပါ၏။
သူလည္း ေမးသာေမးေနရတယ္ က်င္းရီ ေျပာလာတဲ့ပုံစံအရ အေျခအေနေကာင္းဟန္မတူ.......။
"ငါတို႔အဲ့ဘက္သြားေတာ့ ႏွလုံးျပန္ခုန္လာေအာင္ Defibrillator နဲ႕ Shock ရိုက္ေနၾကတယ္..."
"ဟူးးး"
က်င္းရီက စကားေျပာရင္း ေလပူတစ္ခ်က္ကိုမႈတ္ထုတ္၏။
စစ္ေကြၽးကလည္း ကုတင္ေပၚမွာလွဲေနတဲ့ Yibo ကို ၾကည့္ၿပီး သက္ျပင္းရွည္ႀကီးတစ္ခ်က္ခ်၏။
"ငါလည္း ဆက္မၾကည့္နိုင္ေတာ့တာနဲ႕ ျပန္လာတာ...
သူ႕ဦးေလးဆို မူးလဲသြားတယ္..."
"Inn"
ထို႔ေနာက္ အခန္းထဲမွာ အေၾကာင္းအရင္းမရွိတိတ္ဆိတ္သြားၾကျပန္သည္။
ဘာမွေျပာစရာစကားဆက္မရွိၾကေတာ့သည့္အလား....!
ကုတင္ေပၚမွာ မလႈပ္မယွက္လဲေလ်ာင္းေနဆဲ လူသားကေတာ့ ယခုထိတိုင္ ပကတိတည္ၿငိမ္ေနဆဲ.....။
"Shock!"
ေဒါက္တာရွင္းခ်န္ရဲ႕အမိန့္ေပးသံအဆုံး Neurs မေလးက Defibrillation (ႏွလုံး shock ရိုက္ျခင္း) အတြက္ အျမန္ျပင္ဆင္ေနေလသည္။
CPR နဲ႕ မရေတာ့တာေၾကာင့္ ႏွလုံး Shock ရိုက္ဖို႔ ျပင္ဆင္ေနၾကျခင္းျဖစ္သည္။
"ရၿပီလား...?
လူေတြေဘးဖယ္!"
Neurs ေလးနဲ႕အကူတစ္ေယာက္ကို
ရွင္းခ်န္ ေဘးဖယ္ေနဖို႔ သတိေပးလိုက္သည္။
"Now!"
ေဒါက္တာရွင္းခ်န္က ေျပာလည္းေျပာ Defibrillator ကို လက္ႏွစ္ဖက္နဲ႕ တစ္ခုစီကိုင္ကာ လူနာရဲ႕ႏွလုံးေနရာနဲ႕ နံတစ္ဖက္ေပၚကိုတင္လိုက္ရင္း
စက္ခလုတ္ကို ႏွိပ္လိုက္သည့္အခါ လူနာက အေပၚသို႔ တစ္ခ်က္ေျမာက္တက္လာၿပီး 'ဘုန္းကနဲ' ျပန္က်သြားေလ၏။
"150!"
"Now!"
ေနာက္တစ္ခ်က္ေျမာက္တက္သြားသည္အထိ လူနာရဲ႕ႏွလုံးခုန္ႏႈံးဟာ ပုံမွန္ျဖစ္မလာေသး.....။
ေဘးကအကူႏွစ္ေယာက္ကလည္း ေခြၽးေတြျပန္လာသလို ေဒါက္တာရွင္းခ်န္ကလည္း အားျပင္းျပင္းနဲ႕ တစ္ခ်က္ခ်င္း Shock ရိုက္ေနဆဲ.....။
"အင္းးး"
လူနာကုတင္ေပၚကေန ညင္းသံသဲ့သဲ့တစ္ခ်က္ၾကားလိုက္ရတာေၾကာင့္ လန္စစ္ေကြၽးနဲ႕လန္က်င္းရီတို႔ႏွစ္ေယာက္ ကုတင္ေပၚကို ၿပိဳင္တူၾကည့္မိလိုက္ၾကသည္။
ကုတင္ေပၚက ေကာင္ေလးက မ်က္လုံးေလးေတြဖြင့္ေနၿပီး သူတို႔ဘက္ကို ေခါင္းေလးေစာင္းကာ တျဖည္းျဖည္းခ်င္း လွည့္ၾကည့္လာ၏။
"ဟမ္! Yi Yibo! သတိရလာၿပီ!"
ေၾကာင္အ,ေနၾကၿပီး အခုမွ သတိျပန္ဝင္လာေသာ သူတို႔ႏွစ္ေယာက္ Yibo ကို ဝမ္းသာအားရေခၚကာ မ်က္ရည္ေတြပါဝဲလာၾက၏။
"ေဟ်ာင့္ ဆရာဝန္ေခၚ Yibo! Yibo! ငါေခၚတာ ၾကားလား...?"
"ကို~~"
"ဟမ္!"
တစ္ခုခုေျပာခ်င္ေနပုံရတဲ့ Yibo ေၾကာင့္ စစ္ေကြၽးအနားကပ္ကာ နားေထာင္ေပးလိုက္သည္။
"ကို~ ကို~~~"
အသံေလးကတိုးညင္းေပမယ့္ ထိုအသံေလးရဲ႕ေနာက္ကြယ္တြင္ ဘယ္ေလာက္ေတြ႕ခ်င္ေနေၾကာင္း ဘယ္ေလာက္စိုးရိမ္ေနေၾကာင္းတို႔ ေပၚလြင္ေန၏။
"အင္း ရွိတယ္...
မင္းကိုကို ဟိုဘက္အခန္းမွာရွိတယ္..."
Yibo ရဲ႕လက္ကေလးတစ္ဖက္ကို စစ္ေကြၽး လက္ႏွစ္ဖက္နဲ႕ထပ္ကာ ဆုပ္ကိုင္ထားရင္း ျပန္ေျပာလိုက္သည္။
Yiboရဲ႕မ်က္ဝန္းအိမ္ထဲမွာ နဂိုထဲကဝဲေနတဲ့ အရည္ၾကည္ေလးေတြက စစ္ေကြၽးရဲ႕စကားအဆုံး အရည္ၾကည္တစ္ေပါက္အျဖစ္ လိမ့္ဆင္းက်၏။
"ေတြ႕ ခ်င္ တယ္"
တရွပ္ရွပ္ ေျပးလာသံနဲ႕အတူ ေဒါက္တာေတြ ေရာက္လာတာေၾကာင့္ Yiboရဲ႕စကားကို စစ္ေကြၽး ၾကားေပမယ့္ ျပန္မေျဖလိုက္...!
ေတာင္းပန္ပါတယ္ Yibo...!
အခု ႐ုတ္တရက္ ေတြ႕ဖို႔မျဖစ္ေသးဘူးထင္လို႔ပါ.....။
ေဒါက္တာက Yibo ရဲ႕မ်က္လုံးေတြကို စိုက္ၾကည့္ကာ သူ႕ရဲ႕လက္ေခ်ာင္းေလးေတြကို ဘယ္ညာလႊဲကာ ေ႐ြ႕ျပ၏။
လက္ကေလးေတြရဲ႕ေ႐ြ႕လ်ားရာကို လိုက္ၾကည့္ေနတဲ့ Yibo ရဲ႕မ်က္လုံးေတြကို ထိုေဒါက္တာက ထပ္ၾကပ္မကြာ လိုက္ၾကည့္ေနသည္။
ေဘးက Neurs ေလးက လူနာကုတင္ေဘးမွာတင္ထားတဲ့ စက္ကိုၾကည့္ၿပီး လူနာမွတ္တမ္းေတြကို ခ်ေရးေနလ်က္ရွိ၏။
"စိတ္ခ်ရပါၿပီ"
ေဒါက္တာရဲ႕စကားအဆုံး စစ္ေကြၽးနဲ႕က်င္းရီ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ ၿပဳံးမိလိုက္ၾကသည္။
ခြဲစိတ္ၿပီး တစ္ပတ္ၾကာတဲ့ေနာက္မွာေတာ့ သူတို႔ သူငယ္ခ်င္းျပန္နိုးထ,လာခဲ့ေလၿပီ.....။
လူနာကုတင္ေပၚက ေကာင္ေလးကေတာ့ တစ္ေနရာကို သြားဖို႔ရန္အတြက္ နည္းလမ္းရွာေနဆဲ.....။
ေဒါက္တာေတြထြက္သြားေတာ့ Yibo ဆီက အသံထပ္ၾကားရလိုက္၏။
"ကို ကို... ကို ကို နဲ႕ ေတြ႕ ခ်င္ တယ္..."
"အင္း လိုက္ပို႔ေပးမယ္...
က်င္းရီ wheelchair ေလး ယူေပးပါဦး"
"ဟမ္! အင္း အင္း"
က်င္းရီယူလာတဲ့ wheelchair ေလးေပၚ Yibo ကို ႏွစ္ေယာက္သား ေပြ႕တင္လိုက္ၾကသည္။
ထိုစဥ္ က်င္းရီရဲ႕တံေတာင္နဲ႕တြက္ကာ သတိေပးျခင္းကို စစ္ေကြၽး သိရွိလိုက္တာေၾကာင့္ ေခါင္းအသာ ၿငိမ့္ျပလိုက္သည္။
Yibo စ,နိုးလာကတည္းကသူ႕ကိုကိုပဲ ေခၚေနတာ.....။
သူ႕ကိုကိုကို စိတ္ပူေနရွာတာ.....။
ခနေလာက္ျဖစ္ျဖစ္လိုက္ပို႔ေပးလိုက္ရင္ 'ႏွစ္ဦးႏွစ္ဖက္ အေျခအေနပိုေကာင္းလာနိုင္တယ္' ဟု စစ္ေကြၽး စိတ္ထဲ ယုံၾကည္လာသည္။
သူတို႔ႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ သိပ္ခ်စ္ၾကတယ္ဆိုတာ စစ္ေကြၽး သိေနသည္ေလ.....။
"150!"
"Now!"
*ဘုန္း!*
ေလးႀကိမ္ေျမာက္ Defibrillation ကလည္း အေျခအေနမေကာင္းေသးတာေၾကာင့္ Neurs ေလးႏွစ္ေယာက္လည္း မ်က္ႏွာမေကာင္းၾကေတာ့.....။
"ထပ္တင္"
"ေဒါက္တာ"
"ဘာလဲ! မင္းကို စက္အားထပ္တင္ခိုင္းေနတာ..! ငါ့ကို ေခၚခိုင္းတာမဟုတ္ဘူး!"
အထြန့္တက္ခ်င္ေနတဲ့ Neurs မေလးကို ရွင္းခ်န္ ေငါက္လိုက္ေတာ့ မ်က္ႏွာငယ္ေလးနဲ႕ စက္ခလုတ္ေလးကို လွည့္ၿပီး ထပ္တင္ေပး၏။
"170!"
"ေဘးဖယ္ထား...
Now!"
*ဘုန္း!*
Yibo ကိုကို႔အခန္းေရွ႕ေရာက္ေနၿပီး သူ႕မ်က္စိေတြ မယုံနိုင္ေအာင္ျဖစ္ရသည္။
ကို ကိုကိုက ဘယ္လိုျဖစ္ၿပီး...??
မဟုတ္ဘူး! ကားနဲ႕တိုက္ခံရတာ ငါ ငါတစ္ေယာက္တည္းမဟုတ္ဘူးလား...?
ကိုကိုက ဘယ္လိုျဖစ္ရတာလဲ...??
တစ္ခ်က္ တစ္ခ်က္ေျမာက္တက္သြားတဲ့ ကိုကို႔ရဲ႕ခႏၶာကိုယ္ကိုၾကည့္ၿပီး Yibo ရဲ႕ႏွလုံးသားေတြလည္း တစ္စီပဲ့ကာေႂကြက်၏။
Yibo ႏွလုံးသားရဲ႕အနက္ရွိုင္းဆုံးတစ္ေနရာက ဆိုးဆိုးဝါးဝါး နာက်င္ေနသည္။
ကိုကိုက ငါ့အစား... ငါ့အစားမ်ား ကားနဲ႕ ဝင္အတိုက္ခံေပးခဲ့တာလား...?
"အား! ဘာလို႔လဲ ကိုကိုရာ... ဘာလို႔လဲ...?!"
ရင္ဘက္ကို လက္တစ္ဖက္နဲ႕ခပ္ၾကမ္းၾကမ္းဆုပ္ကိုင္ကာ ေျပာရင္းငိုေနေသာ Yibo ကိုၾကည့္ၿပီး စစ္ေကြၽးနဲ႕က်င္းရီလည္း မ်က္ရည္ေတြက်လာေလ၏။
ကံၾကမၼာသည္ ၾကည္စားလြန္းပါ၏။
"ေဒါက္တာ..."
"ပါးစပ္ပိတ္ 200 ထိတင္"
"Now!"
*ဘုန္း!*
ေလထဲကိုေျမာက္တက္သြားတဲ့ ကိုကို႔ခႏၶာကိုယ္ကိုၾကည့္ရင္း Yibo မ်က္လုံးေတြျပာေဝလာ၏။
တစ္ခ်က္ေျမာက္တက္သြားတဲ့ ကိုကို႔ခႏၶာကိုယ္မွာ...
သူ စိတ္ထင္တာမမွားဘူးဆိုရင္ ကိုကိုရဲ႕ဘယ္ဘက္လက္က လက္ထပ္လက္စြပ္ေလးက အေရာင္ေလးေတာက္သြားသလားလို႔.....။
Yibo ရဲ႕မ်က္လုံးေလးကလည္း မ်က္ရည္ေတြႏွင့္ေဝဝါးေနသည့္ၾကားမွ ထိုလက္စြပ္ေလးနည္းတူ အေရာင္ျပန္ေတာက္လာသည္။
ဘုရားသခင္.....
ကိုကို႔အေပၚမွာထားတဲ့ ကြၽန္ေတာ့္ရဲ႕အခ်စ္ေတြ စစ္မွန္ပါက ကိုကို အေကာင္းပကတိအတိုင္း ျပန္ၿပီးနိုးထ,လာပါေစ.......။
*တီ! တီ! တီ! တီ!*
"လူ လူနာ အသက္ရွင္ၿပီ!"
Neurs မေလးရဲ႕ဝမ္းပမ္းတသာ ေအာ္သံတစ္ဆုံး Defibrillator ကိုင္ထားတဲ့ ေဒါက္တာရွင္းခ်န္ကလည္း ခပ္ေရးေရးၿပဳံး၏။
"Yi Yibo မင္းလူႀကီး အသက္ရွင္ၿပီ!"
စစ္ေကြၽးရဲ႕စကားသံအဆုံး ဝမ္းသာမ်က္ရည္ေတြပါ ထပ္ေပါင္းက်၏။
ခံစားခ်က္ေတြမ်ိဳးစုံေပးတဲ့ ကိုကိုပါေလ.....။
"အင္း သူက ဘယ္သူမို႔လဲ...?
Yiboရဲ႕ကိုကိုပဲေလ..."
"ဟားးးဟားးး"
Yibo ရဲ႕မတိုးမက်ယ္စကားသံေလးအဆုံး ေဘးကႏွစ္ေကာင္ကလည္း မ်က္ရည္ေတြၾကားမွ 'တဟားဟား' ေအာ္ရယ္ၾကေလသည္။
အခုမွ သူတို႔အားလုံးရဲ႕စိတ္ထဲမွာ ေပါ့ပါးသြားသလို ခံစားလိုက္ရသည္။
ေက်းဇူးတင္ပါတယ္ ကိုကို...။
ကြၽန္ေတာ့္အနားမွာပဲရွိေနဖို႔ ေ႐ြးခ်ယ္ေပးတဲ့အတြက္.......။
________________
"Boss! သခင္ေလးအတြက္ စိတ္ခ်ရပါၿပီ
အသက္အႏၱာယ္မရွိေတာ့ပါဘူး..."
နိုးလာလာခ်င္း ေဆးပိုက္ေတြကို ဆြဲျဖဳတ္ကာ သူ႕တူဆီကို သြားဖို႔
ထ,ထိုင္ေနၿပီျဖစ္တဲ့ က်န္းခ်န္ တစ္ေယာက္ ဝမ္နင္ စကားၾကားမွ မ်က္ႏွာေလး ျပန္လန္းလာေလသည္။
"ငါ က်န့္က်န့္ဆီ သြားမယ္"
"ကိုယ္ လိုက္ပို႔မယ္..."
"မလိုဘူး"
ဝမ္ေက်ာက္လည္း လက္ေလး လွမ္းလိုက္ၿပီးမွ ျပန္႐ုတ္လိုက္ရသည္။
ဒီကေလး ဘယ္ေလာက္ေခါင္းမာေၾကာင္း သူအသိဆုံးမို႔.....။
အသက္ေတြ ႏွစ္ေတြ ဘယ္လိုပဲေျပာင္းေျပာင္း သူေလးကို ျမင္လိုက္မိတိုင္း အျပဳအမူေသးေသးေလးေတြကအစ ကေလးေလးလို႔ ျမင္ေနမိတုန္း....!
"ဝမ္သခင္ေလးလည္း သတိရလာပါၿပီ"
"ဟမ္ ေအာ္ အင္း"
ေနာက္လွည့္ကာ ေျပာသြားတဲ့ ဝမ္နင္နဲ႕ တြဲကာထြက္သြားတဲ့ က်န္းေလးက
သူသတိျပန္ဝင္လာေတာ့ တံခါးအျပင္ဘက္ပင္ ေရာက္သြားေလၿပီ...။
ထိုအခါမွ ဝမ္ေက်ာက္လည္း အေနာက္ကေန ခပ္ျမန္ျမန္ေျပးလိုက္ရျပန္၏။
.........................
"Xiao သခင္ေလးက အသက္အႏၱရာယ္ေတာ့ မရွိေတာ့ပါဘူး...
သတိျပန္ရလာဖို႔ကေတာ့ စိတ္ရွည္ရွည္ထားၿပီး ေစာင့္ရပါဦးမယ္..."
ေဆး႐ုံအုပ္ရဲ႕စကားအဆုံး အခန္းထဲက လူေတြထဲက ဘယ္သူ႕ဆီကမွန္းမသိေသာ သက္ျပင္းခ်သံသဲ့သဲ့ကို ၾကားလိုက္ရသည္။
ကိုကို သတိျပန္ရလာမွာပါ.....။
ကြၽန္ေတာ္ ယုံၾကည္ေနတယ္.....။
ကိုကိုက အသန္မာဆုံးလူသားတစ္ေယာက္ဆိုတာ Yibo သိတာေပါ့.....။
________________
"အကို ေယာင္ေလးကို စိတ္မကြက္ဘူးလားဟင္...?"
"ဘာကိုလဲ ေယာင္ေလးရဲ႕...
အကိုခ်စ္တဲ့ေယာင္ေလးကို ဘာေတြမ်ား စိတ္ကြက္ရမွာလဲ...?"
စစ,ေနာက္ေနာက္နဲ႕ေျပာလာတဲ့ အကိုရွီးခ်န္ရဲ႕မ်က္လုံးထဲမွာ စိတ္ကြက္မႈတစ္စုံတစ္ရာမွ မေတြ႕ရျခင္းေၾကာင့္
မုန့္ေယာင္ အၿပဳံးလွလွေလးနဲ႕ အခ်စ္ေတြျပည့္ေနေသာ မ်က္ဝန္းေတြနဲ႕ ျပန္ၾကည့္ေပးလိုက္သည္။
"အကို...
ေယာင္ေလးက တစ္သက္လုံး အကို႔အနားမွာပဲေနၿပီး သစၥာရွိရွိခ်စ္သြားမယ္ေနာ္...
တစ္ျခားလူေတြနဲ႕ ဘယ္ေတာ့မွ ကိုယ့္ကိုယ္ကို မယွဥ္ပါနဲ႕ေနာ္... အကို႔ကို ေယာင္ေလး ခ်စ္တဲ့အခ်စ္က ဘယ္သူနဲ႕မွမတူလို႔... အကိုက ကြၽန္ေတာ့္ေယာက်ာ္း ကြၽန္ေတာ့္ရဲ႕အသက္... ကြၽန္ေတာ္ အကို႔ကို အရမ္းခ်စ္တယ္... အကို မွတ္ထားေပးပါေနာ္..."
ရွီးခ်န္ သိပါသည္။
ေယာင္ေလး ဘယ္လိုေတြ ခံစားေနရတယ္ဆိုတာကို ရွီးခ်န္ နားလည္သည္။
ေယာင္ေလးရဲ႕စကားတတ္မႈေလးေတြေၾကာင့္ ခ်စ္လြန္းလို႔ ကိုယ္လုံးေလးကို ဆြဲဖက္ကာ ဖ်စ္ညွစ္ထားလိုက္သည္။
"အင္း ကိုယ္ တစ္သက္လုံး မွတ္ထားေပးမယ္... ကိုယ္ ေယာင္ေလးကို ယုံၾကည္တယ္... ၿပီးေတာ့ ကိုယ္လည္း ေယာင္ေလးကို အရမ္းခ်စ္တယ္..."
"ဟုတ္ ကြၽန္ေတာ္လည္း အကိုကို႔ ယုံတယ္"
ကြၽန္ေတာ္ ေျပာပါတယ္.....။
Idol နဲ႕ ခ်စ္သူ၊ေယာက်ာ္းကို ခ်စ္ပုံခ်စ္နည္းျခင္း မတူပါဘူးလို႔.....။
ကြၽန္ေတာ္ကိုယ္တိုင္ကမွ ဒီေကာင္ေလးကို မယုံၾကည္ရင္ ဘယ္သူက လာယုံၾကည္ေပးမွာလဲ...?
ကြၽန္ေတာ္ သိပ္ခ်စ္တဲ့ေယာင္ေလးမွာ Idol ႏွစ္ေယာက္ရွိေပမယ့္ သူတို႔ကလည္း သူတို႔ဘဝနဲ႕သူတို႔ ၊ ကိုယ္ေတြကလည္း ကိုယ့္ဘဝနဲ႕ကိုယ္ပါပဲ.....။
Advertisement
- In Serial61 Chapters
Kidnapped by the Mafia on Purpose
I was kidnapped by the mafia I know that sounds like a bad thing but for me it couldn't come at a better time. So I let them take me I will act like a victim so they think they won but will I be able to keep acting like I'm some naive girl or will they find out that I'm not the person they thought I was.My name is Samatha Robert if you took one look at me you would think there's nothing too special about me. I live with the mayor and his family they took me in when I had nowhere to go. But when I'm at the wrong place at the wrong time I end up getting kidnapped by the mafia they assumed I was the mayors kid who happens to be my best friend but It actually couldn't have come at a better time because what I thought that I left in the past is resurfacing. so I'll go with them on my own free will but how long can I keep up this act until they find out the truth
8 185 - In Serial8 Chapters
MUFFINS & THE JAILBIRD [BWWM](COMPLETED)#thewattys2018
"So... you just got out of jail?" I didnt want to point out the fact he was going right back. Clearly, he wasnt the brightest bulb in the box. I put the money in the bag while he pointed the gun at me with a flirtacious smile playing on his sexy full lips. It was pretty weird to bond with a bakery robber in the middle of a robbery with a gun pointed in your face...
8 134 - In Serial33 Chapters
Obsession
She was pretty and quiet until she got alone with her friends then she was wild and ratchet or as she would say "doing hood rat shit with her friends". Besides her looks her taste in music made him even more curious about her."I've been watching you since preview. I've wanted you since preview. I told you after preview when you decided to let me hang with you and your friend that I would make you mine and you laughed saying you have a boyfriend. Now look at you. Mine and carrying my baby."
8 295 - In Serial59 Chapters
SLOW BURN
"I don't know why but every time I'm around you, all I want to do is grab you and kiss you."When Josh Andrews finds himself falling for his brother's girlfriend he puts time and distance in between to shut off whatever the hell he is feeling for her. There's nothing time can't make people forget and nothing distance can't disappear. Eight years later, he sees her again and it's as if he's back to square one. It's as if time and distance are laughing at him. He loves her skin, her smile, her hair, and most of all, her lips. They say the best things are forbidden and there's nothing more that Josh wants than to have a taste of that forbidden fruit...Natalie Garcia has been with Brad Andrews since Junior year in high school. Eight years later, she finds herself single for the first time since then. It's not easy to just forget about everything she went through with Brad...just like it hasn't been easy to forget about the time Josh kissed her the last time she saw him. Imagine thinking about a single kiss for eight years and then seeing the person that kissed you again. Natalie doesn't understand what it is about Josh that makes her skin burn with desire. Her body yearns for his touch whenever he's near. She knows it's wrong. Hooking up with your ex-boyfriend's brother has to be breaking some kind of rule but it's beginning to get harder and harder for her to fight against the fire...Josh and Natalie find themselves in a SLOW BURN romance that is wrong but feels so right at the same time...
8 233 - In Serial19 Chapters
Abstract Theories
Highest rank #10 in spiritual"Take me home, please-" She requested him in a broken voice. Haani paused to look in her direction for a moment but she refused to meet his gaze. Nodding more to himself, he understood at once what she meant by home. Walking towards her side of the car he opened the door for her. Without a word she got out and started walking towards the house before Haani could clasp his large hand around her arm to stop her. She abrupty stopped and turned around to face him. Her face as blank as a stone sculpture yet to carve. "It's not safe here." He informed her with genuine concern. "Then where is it safe? With you?"......Famous artist Haani Fateen knows that nothing comes for free, you always have to set a bait to catch your fish. So, when he finds the source of inspiration to his art, he sets his game. Sanari Abdul knows one thing, men are enslaved to their desires. So, when she finds herself trapped in his games, she can't escape anymore.
8 86 - In Serial57 Chapters
Um...I ruined a Mafia fanfiction? KTH
"You literally kidnapped the ugliest girl I've ever seen." When avid fanfiction reader Briar becomes the kidnapped Y/N character in a BTS mafia fanfiction starring Kim Taehyung, she refuses to be a typical cringe Y/N character, and so begins her journey of ruining a mafia fanfiction. 🥇KTH CATEGORY SMOOCH AWARDSThis is my first fanficThis FF is on crack:) And I suck at editing covers, I'm sorry.Rated mature for Violence, Sexual references, and Coarse Language
8 114

