《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 31
Advertisement
Unicode
ကိုကိုက ကျွန်တော့်ကို ချစ်တယ်တဲ့.....။
ကိုကိုက ကျွန်တော့်ကို အရမ်းချစ်တာတဲ့လေ.....။
တစ်ခဏတာအတွင်းမှာ ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသလိုပဲ.....။
'အချစ်' ဆိုတဲ့ အဓိပ္ပါယ်ကို ကျွန်တော် သေချာ မဖွင့်ဆိုတတ်ပေမယ့် 'ဒီလို ခံစားချက်မျိုးပါလား' လို့တော့ နှလုံးခုန်သံကနေတစ်ဆင့် ခံစားစေမိခဲ့တယ်.....။
ကျွန်တော်လည်း ကိုကို့ကို အရမ်းချစ်တဲ့အကြောင်း ပြောပြချင်ပါသေးတယ်.....။
ဒါပေမယ့် ကိုကို သိလား...?
Yibo ဆိုတဲ့ ကျွန်တော်က ကိုကို့ကိုတော့ အတ္တမကြီးရက်ခဲ့ဘူး...။
အတ္တကြီးခြင်းရဲ့အကျိုးဆက်တွေ နဲ့ အမှားတွေကို ကျွန်တော် ခံစားခဲ့ရပြီးပါပြီ...။
ကိုကို ကျွန်တော့်ကို ပြန်ချစ်ပေးတာလေးကိုပဲ ကျေနပ်ရမှာမလား...?
ကိုကို့ကို 'ချစ်တယ်' လို့ မပြောရက်လောက်အောင်ထိ ကျွန်တော် မြတ်နိုးရပါတယ် ကိုကို.....။
ဖြစ်ခဲ့သမျှ အရာအားလုံးအတွက် ကျွန်တော်ကပဲ မှားခဲ့သူမို့ အပြစ်တွေအားလုံးကို ခံယူပါရစေ.....။
ဒီဘဝတော့ ဒီမျှနဲ့ပဲ ကျေနပ်ကြရအောင်.....။
နောင်ဘဝဆိုတာသာ တကယ်ရှိခဲ့ရင်.....
ကျွန်တော် ကိုကို့အပေါ် ဒီ့ထက် အများကြီး ပိုပြီး ချစ်ပေးပါ့မယ်...
မြတ်နိုးတန်ဖိုးထားပေးပါ့မယ်...။
ကျွန်တော်ကလည်း ဘာနာကျင်စရာအတိတ်တွေမှ မရှိတဲ့ သာမန်လူသားတစ်ယောက်အဖြစ်...
ကိုကိုကလည်း ဘာအနှောင်အဖွဲ့မှမရှိဘဲ လွတ်လပ်ပျော်ရွှင်တဲ့ လူသားတစ်ယောက်အဖြစ် ဆုံတွေ့ကြရအောင်.....။
ကိုကိုနဲ့ဖူးစာစုံဖို့ထိတော့ ကျွန်တော် ဆုမတောင်းပါဘူး...။
ကိုကို့ရဲ့နှလုံးသားလေးကတော့ လွတ်လွတ်လပ်လပ်တည်ရှိပါစေလေ.....။
အဲ့ဒီအချိန်ရောက်ရင် ကျွန်တော့်ဘက်ကနေပဲ ကိုကို့ကို စ,ပြီးချစ်ပေးပါ့မယ်...။
ကျွန်တော့်ဘက်ကစပြီး ကိုကို့ကို ချစ်ကြောင်း ဝန်ခံပါ့မယ်...။
ကိုကို့အနောက်ကနေ တကောက်ကောက်လိုက်ပြီး Car driver လည်းဖြစ်ပေးမယ် Body guard လည်း ဖြစ်ပေးပါ့မယ်.....။
ကိုကိုရှိတဲ့နေရာတိုင်းမှာ ကျွန်တော်လည်း အတူတူရှိနေမယ်...။
ကျွန်တော့်နှလုံးသားတစ်ခုလုံးရဲ့ပိုင်ရှင်ကလည်း ကိုကိုတစ်ယောက်တည်းအတွက်ပဲ ဖြစ်စေရပါမယ်...။
ကိုကို့အတွက် ပျော်ရွှင်စရာအမှတ်တရတွေကိုပဲ ဖန်တီးပေးမယ်...။
ကိုကို့ရဲ့အပြုံးတွေကို အတောက်ပဆုံးဖြစ်နေရစေမယ်...။
ကိုကို့ဘေးနားကနေ မားမားမတ်မတ်ရပ်တည်ပေးပြီး ကြုံလာရမယ့်အန္တရာယ်တွေအားလုံးအတွက် အဆင်သင့်ရှိနေပေးမယ်...။
ကိုကိုနဲ့အတူ လှပတဲ့အနာဂတ်တွေကို ဖန်တီးပုံဖော်ကြမယ်...။
ကျွန်တော့်ရဲ့ဘဝ ၊ ကျွန်တော့်ရဲ့အသက်နဲ့ခန္ဓာ အရာအားလုံးက ကိုကို့အပိုင်ပါပဲ.....။
အဲ့ဒီအချိန်မှာ ကျွန်တော်က ကိုကို့အတွက် ဘယ်လိုဖြစ်တည်မှုမျိုးမှာပဲရှိနေပါစေ ကျွန်တော် အဆုံးထိ ကိုကို့တစ်ယောက်တည်းကိုပဲ သစ္စာရှိရှိချစ်သွားပါ့မယ်.....။
အရေးကြီးဆုံးကတော့ ကျွန်တော့်အတွက်နဲ့ ကိုကို့ရဲ့အဖိုးတန်လွန်းတဲ့ မျက်ရည်တစ်စက် မြေမခစေရဘူး ကိုကို.....။
ကျွန်တော် ကတိပေးပါတယ်...။
နောင်ဘဝမှာ ကိုကိုနဲ့ကျွန်တော် ပြန်ဆုံတွေ့ရင် ကျွန်တော့်ဘက်ကပဲ အရင်ဆုံးစ,ပြီး နှုတ်ဆက်မယ်နော်...။
ဆိုပြီး.........။
_______________
*တီ..! တီ...! တီ..! တီ...!*
"သွေးပေါင်ချိန်တွေကျနေတယ် Doctor!"
ခွဲစိတ်နေဆဲ ဒေါက်တာရှင်းချန်က သွေးပေါင်ချိန်တိုင်း ကိရိယာကို တစ်ချက်မော့ကြည့်ပြီး အေးအေးဆေးဆေးပဲ Neurs မလေးကို ညွှန်ကြား၏။
"သွေးအိတ်ညှစ်ချပေး"
Neurs မလေးက ဒေါက်တာရှင်းချန် စကားကို ခေါင်းတစ်ချက် ခပ်မြန်မြန်ငြိမ့်ပြပြီး အဆင့်သင့်ရှိနေတဲ့ သွေးအိတ်ကို တစ်ချက်ချင်း အားပြင်းပြင်းနဲ့ညှစ်ချနေလေသည်။
"ထိန်းထားနိုင်လိုက်ပြီ Doctor"
"အင်း"
ထိုအခါမှ ဒေါက်တာရှင်းချန်လည်း ခွဲစိတ်မှုကိုလက်စသတ်လိုက်လေတော့သည်။
တစ်ဖက်ခန်းတွင်တော့ ဆေးရုံအုပ်ကိုယ်တိုင် ဝင်ရောက်ခွဲစိတ်ပေးနေတဲ့ ခွဲခန်းဖြစ်သောကြောင့် ဆေးရုံအုပ်ရဲ့သင်ကြားညွှန်ပြနေသံတို့မှလွဲ၍ အရာအားလုံးက တိတ်ဆိတ်နေလေသည်။
"မင်း လက်စသတ်လိုက်တော့ ဒီလောက်တော့ ရတယ်မလား..."
ဆေးရုံအုပ်က သူ့အကူလက်ထောက်လေးဘက်ကိုလှည့်ကာ ဦးခေါင်းခွံပြန်ပိတ်ဖို့ပြောပြီး သူကတော့ အညောင်းကျောဆန့်ကာ ခွဲခန်းအပြင်ထွက်ဖို့ ခြေလှမ်းပြင်နေလေပြီ...။
"ဟုတ်ကဲ့"
ခွဲစိတ်ခန်းအတွင်း အသက်လုနေရတဲ့ လူနာနဲ့အတူ အခက်အခဲတွေကို ရင်ဆိုင်ပြီးကြချိန်မှာတော့ အားလုံးရဲ့စိုးရိမ်မှုတွေတစ်ဝက်လျော့ကျသွားသလို ခံစားလိုက်ရသည်။
အကူဒေါက်တာလေးက အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ခွဲစိတ်မှုကို လက်စသတ်ဖို့အတွက် စတင်လေတော့သည်။
Xiao Zhan ကို ခွဲစိတ်နေတဲ့ ခွဲစိတ်ခန်းဘက်က ဆေးရုံအုပ် ထွက်လာတာကြောင့် အပြင်က လူနာစောင့်တွေ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြလေသည်။
"Doctor"
ကျန်းချန် ဆေးရုံအုပ်ကို အားကိုးတကြီးမော့ကြည့်ပြီး တစ်ခွန်းသာ ခေါ်လိုက်သည်။
အခြေအနေကို ဘယ်လောက်စိုးစိမ်နေကြောင်း သူ့မျက်လုံးတွေကနေတစ်ဆင့် ဒီဆေးရုံအုပ်သိပါစေလေ...။
"Xiao သခင်လေးကို ခွဲစိတ်တာတော့ အောင်မြင်ပါတယ်...
ဒါပေမယ့် ကျွန်တော်တို့ အခြေအနေတော့စောင့်ကြည့်ရပါဦးမယ်..."
ဆေးရုံအုပ်ရဲ့ခပ်ရှရှလေသံအဆုံး ကျန်းချန် သက်ပြင်းရှိုက်လိုက်မိသည်။
"ဟုတ်ကဲ့"
"ဒါဆို ကျွန်တော် သွားပါဦးမယ်..."
2 နာရီခန့် ခွဲခန်းထဲမှာ တိုက်ပွဲဝင်လာခဲ့ရတာမို့ ဆေးရုံအုပ်ရဲ့မျက်နှာမှာ ပင်ပန်းနေပုံပေါ်နေပေမယ့် ခပ်ပြုံးပြုံးပဲ နှုတ်ဆက်သွားလေသည်။
ကျန်းချန် မတ်တပ်နေရင်းကနေ အားလျော့လိုက်ဟန်ကြောင့် ခြေထောက်တွေက ယိုင်နဲ့လာသည်။
လဲပြိုတော့မလို ခန္ဓာလေးကို 'ဝမ်ကျောက်' အသာလှမ်းထိန်းပေးထားလိုက်သည်။
သူ့သား ဝမ်လေးရဲ့အခန်းတံခါးကတော့ တိတ်ဆိတ်နေဆဲ.....။
စစ်ကျွေးနဲ့ကျင်းရီလည်းရောက်လာကြတာကြောင့် ရှီးချန်နဲ့မုန့်ယောင်ကို ခနနားရန် ပြန်လွှတ်လိုက်သည်။
ခနနေတော့ ဝမ်လေးအခန်းထဲကနေ ဒေါက်တာ တစ်ယောက် ထွက်လာတာကြောင့် စစ်ကျွေးက အပြေးသွားမေးလေသည်။
"ဒေါက်တာ ကျွန်တော့်သူငယ်ချင်း အခြေအနေ..."
Advertisement
ဘေးနားကနေ ဒေါက်တာ ပြောလာမယ့် စကားကို မျှော်လင့်နေတဲ့ ဝမ်ကျောက်ကတော့ လက်ထဲက ကောင်လေးကိုလည်း လွှတ်မပေးသေးပါလေ.....။
"ခွဲစိတ်တာတော့ အောင်မြင်သွားပါပြီ...
ညဥ့်နက်နေပြီပဲ မနားရသေးရင် ခနလောက်ဖြစ်ဖြစ်နားလိုက်ကြပါ...
ကျွန်တော့်ကို သွားခွင့်ပြုပါဦး..."
"ဟုတ်ကဲ့"
သူတို့နဲ့စကားပြောပြီး ခွဲစိတ်ခန်းအနီးရှိ ပိုးသတ်ထားတဲ့ အမှိုက်ပုံးထဲမှာ လက်အိတ်တွေကို ထိုဒေါက်တာလေးက ချွတ်ပြီး ပစ်ထည့်လိုက်သည်။
ထို့နောက် mask ကိုပါ ချွတ်ကာ ထိုအမှိုက်ပုံးထဲ တစ်ခါတည်းထည့်ရင်း ထွက်သွားလေတော့သည်။
ရှင်းချန်လည်း ခွဲခန်းထဲမှာ အချိန်အတော်ကြာခဲ့တာကြောင့် ညောင်းကိုက်နေသော ဂုတ်ပိုးတွေကို လက်နဲ့ ဖိနှိပ်ရင်း ဇတ်တွေကို ဘယ်ညာချိုးကာ အဝတ်လဲခန်းထဲသို့ ဝင်လာခဲ့တော့သည်။
ထိုနောက် အဝတ်တွေထည့်ထားတဲ့ ဗီရိုတံခါးကို ဖွင့်လိုက်တာ Phone လေးကို အရင်ဆုံးထုတ်ယူလိုက်သည်။
Message ဆိုတဲ့ App လေးထဲဝင်လိုက်ကာ အဆိုးလေးဆီသို့ စာတစ်စောင်ရိုက်ပြီးပို့လိုက်သည်။
("ပါပီလေး ကိုယ် condo ကို ပြန်လာနေပြီ...")
တစ်ဖက်က ကောင်လေးက ညနက်နေပြီမို့ အိပ်နေပြီထင်၏။
ဒီလိုပါပဲ... message တစ်စောင်က အရေးပါကြောင်း သူ သိနေပြီးသားမို့ seen ဖြစ်လာတဲ့ conversation လေးကိုကြည့်ပြီး ရှင်းချန် ပြုံးလိုက်မိသည်။
အဆိုးလေးက သူ ညနက်တဲ့အထိ Operation ဝင်ရရင် ညတိုင် စောင့်နေတတ်နေတာလေးကိုလည်း
ကောင်လေး အိပ်ရေးပျက်မှာစိုးလို့ သိပ်သဘောမကျချင်ပေမယ့် ဒီအပြုအမူလေးကို သူ နေသားကျနေလေပြီ...။
("အင်း ဘာမှမစားရသေးဘူးမလား...?
ညစာပြင်ပေးထားတယ် ညနက်နေပြီ ကျွန်တော် လာကြိုမယ်ပေးမယ်လေ...")
("ရတယ် အဆိုးလေး ကိုယ့်ဘာသာပဲလာခဲ့တော့မယ်...
ညစာကိုတော့ ကိုက အဆိုးလေးကို စားချင်နေတာ...")
စာရိုက်နေရင်း ရှင်းချန် မျက်နှာမှာ မှိုရထားသလို ပြုံးပြီးနေတော့သည်။
ဒါပါပဲ...
ရှင်းချန် ဘယ်လောက်ပဲပင်ပန်းနေပါစေ ဒီကောင်လေးရဲ့ message တစ်စောင်က အားလုံးကို ယူပစ်သလို ပျောက်စေနိုင်သည့် ဆေးတစ်ခွက်.....။
ရှင်းချန်ကို အမြဲတက်ကြွလန်းဆန်းနေစေမည့် အားဆေးလေး.....။
အချိန်အတော်ကြာမှ ပြန်လာတဲ့ စာလေးကို ကြည့်ပြီး ရှင်းချန် အသည်းထဲမှာ ပုရွက်စိတ်တွေတက်နေသည့်အလား ယားကျိကျိဖြစ်လာတော့သည်။
("ကို အခု ပင်ပန်းနေတယ်လေ...
ဒါပေမယ့် ကို တကယ်လိုအပ်နေရင် ကျွန်တော်က အဆင်သင့်ပါပဲ...")
မရတော့... သူလည်း ဒီကောင်လေးကို ချစ်လွန်းလို့ ရူးတော့မည်ထင်၏။
အင်္ကျီလဲပြီး ဗီရိုထဲမှာရှိတဲ့ပစ္စည်းတွေထဲက ယူစရာရှိတာတွေကို အမြန်ယူကာ ဆေးရုံအနီးက ဆိုင်တစ်ခုမှာလည်း lubricant တစ်ဗူးနဲ့ အဆောင်တွေပါဝင်ဝယ်ရင်း ရှင်းချန် အိမ်ပြန်လမ်းတွေ တက်ကြွနေတော့သည်။
_______________
"ဝမ်လေး သား..."
လက်ကလေးကို ပုတ်ကာ လှုပ်နှိုးလာသူသည် သူ့ကိုကြည့်လျက် အနူးညံ့ဆုံးပြုံးပြလာ၏။
"မား"
Yibo ထိုင်နေရာကနေ ထကာ မားကို လှမ်းဖက်ဖို့ လက်ပြင်လိုက်ပေမယ့် လေငွေ့တွေကိုသာ ရိုက်မိပါ၏။
"မား~~"
မားက ဘာမှမပြောပဲ သူ့ခေါင်းလေးကို လက်ကလေးတစ်ဖက်နဲ့ ခပ်ဖွဖွ ပွတ်ပေးနေရင်း ပြုံးနေလေ၏။
မားကျတော့ သူ့ကို ထိုလို့ရပြီး
သူက ဘာလို့ မားကို ထိလို့မရတာလဲ...?
"မား သားသေပြီးသွားပြီလားဟင်?"
"ဒီကိစ္စအတွက်သားမှာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်...
သားရဲ့စိတ်ဆန္ဒအရသားရဲ့ဆုံးဖြတ်ချက်ပဲလိုတာ..."
မြူခိုးတွေလို အခိုးအငွေ့တွေပြည့်နေပြီး ဘယ်ဘက်ကိုပဲကြည့်ကြည့် တိမ်ခိုးတွေနဲ့ အဖြူရောင်တွေကိုသာ Yibo မြင်နေရသည်။
သူ ဘယ်ကိုရောက်နေတာလဲ...?
သူ့ခေါင်းထဲမှာ ပထမဆုံးတွေးမိသည်က ကိုကို့ကို.....။
ကိုကိုရော သူ့ကို စောင့်နေလေမလား...?
ဒါမှမဟုတ် တစ်ယောက်တည်း ဒီလောကကြီးက ထွက်သွားခြင်းအတွက် သူ့ကို အပြစ်တင်နေလေမလား...?
ဒီတစ်ခါရော Yibo အတ္တကြီးခဲ့မိပြန်ပြီလား...?
"မား သား ကိုကိုရောဟင်?"
မားက Yibo အမေးကို နူးနူးညံ့ညံ့လေးပြန်ပြုံးပြပြီး သူ့ဘက်ကပဲသွားထိလို့မရတဲ့ မားရဲ့လက်ကလေးတစ်ဖက်နဲ့ Yibo ရဲ့လက်ကလေးတစ်ဖက်ကို အသာအယာ ဆုပ်ကိုင်ထားပေးသည်။
တဆိတ်... ဒါနှစ်သိမ့်နေတဲ့ အမူအရာမျိုး ၊ နှစ်သိမ့်တဲ့ အကြည့်မျိုးလား...?
သူ ဘာလို့ ဒီလို ခံစားနေရပါလိမ့်...!?
"သားရဲ့ကိုကိုက အခုဆို ငြိမ်းချမ်းနေပါပြီကွယ်..."
"ဟင်?"
ကို.. ကိုကိုက ငြိမ်းချမ်းနေပါပြီ...?
ဒီ... ဒီစကားက ဘာ ဘာအဓိပ္ပါယ်လဲ...?
"မား... မား ဘာကိုဆိုလိုတာလဲ...?
သား ကိုကို... သားကိုကိုက အိမ်မှာလေ..."
Yibo ကြောင်အ,စွာ ပြန်ဖြေမိသော စကား၏ နောက်ကွယ်တွင် ထိန့်လန့်မှုနဲ့အတူ စိုးရိမ်မှုတို့လည်း ကပ်ငြိနေပေလိမ့်မည်။
"အို... စိတ်အေးအေးထားပါ ဝမ်လေးရယ်...
အခုဖြစ်နေတဲ့ အရာအားလုံးက သားအပေါ်မှာပဲ မူတည်နေတာ..."
ကျွန်တော့်အပေါ်မှာ...??
ဘာတွေဖြစ်နေတာပါလိမ့်...!?
"ကိုကို ကိုကို အခု ဘယ်မလဲဟင် မား?"
"သား သူ့ကို တွေ့ချင်လား...?"
အဖြူရောင်ဝတ်အမျိုးသမီးကြီး၏စကားက တည်ကြည်နေသလို အပြုံးတို့ကိုကလည်း နူးညံ့နေ၏။
"တွေ့ချင်တယ် သား ကိုကို့ကို စိတ်ပူတယ်...
သား သား မှားသွားပြန်ပြီလား...?"
"သား သူ့ကို တွေ့ချင်ရင် သူ ရှိတဲ့နေရာသွားရမှာပေါ့..."
Advertisement
"ဟုတ်
ဘယ်နေရာပဲဖြစ်ဖြစ် သား သွားနိုင်ပါတယ်...
အဲ့ဒီနေရာက ကိုကိုရှိနေဖို့ပဲ လိုတာ..."
Yibo ရဲ့စကားအဆုံး မားရဲ့တိုးဖွဖွရယ်သံလေးကို ကြားလိုက်ရ၏။
"သား အချစ်ကို တကယ်တွေ့သွားပြီပဲ..."
Yibo ဘာမှ ပြန်မပြောမိ...။
ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းတစ်မျိုးဆိုတာ မား သိမှာပါ.....။
ကဗျာတွေ စာတွေဖွဲ့ပြီး ချစ်တဲ့ကြောင်းတွေ အမြဲတမ်းပြောနေဖို့ မလိုဘူးထင်ပါရဲ့.....။
အလုပ်နဲ့သာ သက်သေပြသင့်ကြောင်း သူ သိတာ အချိန်နှောင်းသွားခဲ့လေပြီလား...?
ကိုကို အခု ဘယ်တွေရောက်နေလဲ...?
ကျွန်တော် သေချာပေါက် လာမှာမို့ စောင့်နေပေးပါနော် ကိုကို.....။
ကျွန်တော် တောင်းဆိုပါတယ်...။
"သွားတော့ သားလေး သွား"
မားရဲ့တွန်းပို့နေတဲ့လက်တစ်စုံက သူ့ကျောပြင်နဲ့မထိတော့ပေမယ့် သူ အရှေ့ကို တော်တော်လေး ရောက်သွားသည်။
အရင်က အဖြူတွေချည်းရှိနေတဲ့ပတ်ဝန်းကျင်မှာ အခုတော့ အလင်တန်းလေးတစ်ခုထွက်ပေါ်နေ၏။
Yibo မသွားခင် မားကို ပြန်လှည့်ကြည့်တော့ သူ့ကို ပကတိအေးချမ်းစွာ ပြုံးပြနှုတ်ဆက်နေ၏။
"မားကို သား ဖက်ထားလို့ရမလား...?"
"ကလေးလည် မဟုတ်တော့ပဲ ဝမ်လေးရယ်
မားတို့ သံသရာတစ်ကွေ့မှာ ထပ်ဆုံကြဦးမှာပါ... မားကို ယုံတယ် ဟုတ်"
"ယုံပါတယ်... ယုံပါတယ် မားရယ်...
ဒါဆို ပြန်တွေ့ကြမယ်နော် မား...
သား သွားတော့မယ်..."
မားက သူ့ကို ခေါင်းလေးငြိမ့်ပြပြီး အဖြူရောင်ဝတ်စုံနှင့်လိုက်ဖက်စွာ အကြည်လင်ဆုံးပြန်ပြုံးပြ၏။
သူကလည်း လက်ပြကာ မနှုတ်ဆက်သလို...
မားကလည်း လက်ပြမနှုတ်ဆက်ခဲ့.....။
သူတို့ တစ်နေ့ ပြန်တွေ့ကြမှာလေ.....။
*တီ..! တီ! တီ..! တီ!"
"ဝမ်နင် ဝမ်နင် ဆရာဝန် သွားခေါ်ပါဦး"
တူလေးကို အခန်းထဲမှာ စောင့်နေပေးရင်း ရုတ်တရက် အရေးပေါ်အသံပေးစက်က ထမြည်တာကြောင့် ကျန်းချန် ပြာယာခတ်သွားကာ ဆရာဝန် အမြန်သွားခေါ်ခိုင်းရသည်။
'သူ့ဘဝမှာဒီတူလေးတစ်ယောက်လုံးရှိနေသေးတယ်' ဆိုတဲ့ အားတင်းစိတ်လေးနဲ့အသက်ဆက်လာရတာ...။
ကျန့်ကျန့် ဘာမှဖြစ်လို့မရဘူး!
သား ကျန့်ကျန့် မင်း ဘာမှမဖြစ်ရဘူး!!
ဟာ... ငါ ဘာတွေတွေးနေတာလဲ...?
ကျန့်ကျန့်က သန်မာပြီးသားပါ သူ့ဦးလေးကို တစ်ယောက်တည်း မထားခဲ့လောက်ပါဘူး...။
ကျန်းချန် တစ်ယောက်တည်း ပြာယာခတ်နေချိန် ဆရာဝန်လေးတစ်ယောက် အပြေးရောက်လာပြီး ကျန့်ကျန့်ကို စမ်းသပ်ပေးနေ၏။
"လူနာက နှလုံးခုန်နှုံးတွေ ကျနေတယ်"
"လူနာရှင်တွေ အပြင်ခနထွက်ပေးပါနော်"
အသင့်ပါလာတဲ့ Neurs မလေးက သူတို့ကို အပြင်ထွက်ခိုင်းနေ၏။
ကျန်းချန် မလှုပ်မယှက် ထိုနေရာမှာပဲ မတ်တပ်ရပ်နေမိတုန်း.....။
"လူနာရှင် အပြင်ထွက်ပေးပါနော်"
ကျန်းချန် ကြောင်,အနေမိစဥ်မှာပဲ ဝမ်နင်ရဲ့တောင့်တင်းသန်မာတဲ့ခန္ဓာကိုယ်နဲ့ အခန်းအပြင်ဘက်ကို ဆွဲခေါ်သွားခြင်း ခံလိုက်ရလေသည်။
ကျန်းချန် မျက်နှာလည်း မျက်ရည်စတွေအပြည့်နေရာယူနေ၏။
ဒါတွေအားလုံးက အမှန်မဟုတ်ဘူးမလား...?
ဒီအိမ်မက်ဆိုးကြီးကနေ နိုးထခွင့်ပေးကြပါ...။
ဒီအိမ်မက်ကြီးကို ဆက်မမက်ချင်တော့ဘူး..!!
"ဟာ Boss! Boss!"
"ကျန်းလေး!"
ခေါ်သံတွေက နားထဲ မကြားတစ်ချက် ကြားတစ်ချက်...!
သူ့ဘဝမှာ ကျန့်ကျန့်ပဲရှိတာ.....။
တစ်ယောက်တည်းရှိတဲ့ ဒီတူလေးကိုမှ သူ မကာကွယ်နိုင်ခဲ့ရင်...
သူကရော အသက်ဆက်ရှင်ဖို့ ထိုက်တန်ရဲ့လား...?
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 2658 💞
ဖတ်စေချင်လို့ Updated ပေးလိုက်ပါတယ်ဗျာ...။ 💛
အစစအရာရာဂရုစိုက်ကြပါနော် ❤
💞 အားလုံးကို ချစ်ခင်လေးစားလျှက် 💞
K.Royalwhite💌💞🤍
Jun 18,2021 FRI (Updated Day) 🖤✨
Zawgyi
'အချစ်' ဆိုတဲ့ အဓိပ်ပါယျကို ကျွန်တော် သေချာ မဖွင့်ဆိုတတ်ပေမယ့် 'ဒီလို ခံစားချက်မျိုးပါလား' လို့တော့ နှလုံးခုန်သံကနေတစ်ဆင့် ခံစားစေမိခဲ့တယ်.....။
ဒါပေမယ့် ကိုကို သိလား...?
"မင်္ဂလာပါ ကျွန်တော် တန်ဖိုးထားမြတ်နိုးရဆုံး ကိုကို..."
ဆိုပြီး.........။
_______________
*တီ..! တီ...! တီ..! တီ...!*
"သွေးအိတ်ညှစ်ချပေး"
"အင်း"
"ဟုတ်ကဲ့"
"Doctor"
"ဟုတ်ကဲ့"
"ဟုတ်ကဲ့"
ဒါပါပဲ...
Advertisement
- In Serial336 Chapters
Hello, Mr Li
You're crazy. But I love you He said to her.
8 1825 - In Serial59 Chapters
Midnight CEO
What is on the top floor? That's what everyone is asking. People seem to get promoted to the top floor but you never seem to see them around anymore? And has anyone ever seen the CEO anyway? No? Me neither. There were rumours about him being some kind of playboy billionaire but ...... no one seems to know what he looks like? He is on the top floor ..... What is on the top floor? I don't even want to know to be honest. "CONGRATULATIONS YOU HAVE JUST BEEN PROMOTED TO THE TOP FLOOR........ "Damn it!
8 276 - In Serial28 Chapters
Wealthy Family’s Sweet Beloved Reborn
In her last life, Song Qinghuan's sister disfigured her and poisoned her throat, all her successes were heisted by her sister and she was burned to death by her sister. With a blink, she is reborn in the times before all the misfortune takes place, strong and fierce, she guards what belongs to her. And a handsome boy who possesses all the fortune in the world, he is willing to step back and protects her wholeheartedly. "I think the misunderstanding between us is pretty deep, mind getting to know me?" "Don't bother, I only like boy toys." "I can be one for you." "The nerves you've got!"
8 163 - In Serial25 Chapters
Girls Can Have Boy Bestfriends .
- Its About A Girl Name Kylee & She Has A BestFriennd ... A BOY BestFriennd At At That & Everybody Always Expected Them Tuh Be More Then That Do You Think The Girls Can Have Boy Besfriends ? Do You Think They Are More Then Best friends ?
8 119 - In Serial27 Chapters
Unexpected
previously named "undeniable attraction" -"You deserve better, but I'm too selfish to let you go. I'll be good for you Willow. I promise." -*slow updates!*
8 242 - In Serial18 Chapters
old coffee and cigarettes
Eddie Munson is struggling after the Upside Down. But his friends are there to help him, including Steve Harrington.Warnings: Implied self-harm and drug abuse.Thank you so much for 3k reads! 💕
8 60

