《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 30
Advertisement
Unicode
"အကို ကျွန်တော့်စိတ်ထဲ တစ်ခုခုကို ထင့်နေသလိုပဲ..."
ဧည့်ခန်းထဲကို coffee ခွက်လေးကိုင်ကာ ဝင်လာတဲ့ အကိုရှီးချန်က မုန့်ယောင် စကားကြောင့် လွတ်နေတဲ့လက်တစ်ဖက်နဲ့ နဖူးလေးကို အသာလာစမ်းရင်း.....
"မှန်းးး အကို့ယောင်လေး နေမကောင်းဘူးလား...? ကိုယ်တော့ မပူပါဘူး...
မနက်ကတည်းကယောင်လေး မျက်နှာမကောင်းတာ အကို သတိထားမိတယ်...
ဘာဖြစ်ချင်လဲ ဘာလုပ်ချင်လဲ အကို့ကို ပြောပြလေ ယောင်လေးရဲ့... ဒါမှ အကို သိမှာပေါ့..."
စကားပြောနေရင်း coffee ခွက်ကို စားပွဲပေါ်တင်ကာ ယောင်လေး ဘေးနားက ဆိုဖာပေါ်သို့ ဝင်ထိုင်လိုက်သည်။
ရှီးချန်ရဲ့စကားကို ယောင်လေးက ဝေခွဲမရသော မျက်လုံးလေးများနှင့်ကြည့်ရင်း အလိုမကျဟန် စူပုပ်ပုပ်မျက်နှာထားလေးဖြင့်သာ တုံ့ပြန်၏။
"မသိဘူး ဒီတိုင်း စိတ်ထဲ တစ်မျိုးကြီးပဲ..."
ယောင်လေး မနက်ကတည်းကမျက်နှာမကောင်းတာကို ရှီးချန် သတိထားမိပါသည်။
ခါတိုင်းဆို အပြုံးချိုချိုလေးတွေနှင့် စကားများတတ်တဲ့ သာလိကာလေးက ဒီနေ့မှ မှိုင်တွေတွေလေးဖြစ်နေလို့ ရှီးချန် ကိုယ်တိုင်လည်း စိတ်ပူနေရသည်။
"ယောင်လေး အတွေးများနေလို့ဖြစ်မှာပါ..."
"ဟုတ်မှာပါလေ...
ဒါနဲ့ အကို သိလား...?
ဒီနေ့လေ ဟိုအတွဲရဲ့ 1 month anni တဲ့..."
ယောင်လေးရဲဲ့ 'ဟိုအတွဲ' ဆိုတာနဲ့ ဘယ်သူတွေကို ရည်ညွှန်းမှန်း ရှီးချန် တန်းသဘောပေါက်လိုက်သည်။
"အင်း... အကို ယောင်လေးရဲ့ဆုတောင်းပေးထားတဲ့ ment တွေကို မြင်ပြီးပြီ..."
"ယောင်လေး စိတ်ထင်လို့ပဲလားမသိဘူး သူတို့က တစ်ခုခု ထူးဆန်းနေသလိုပဲ..."
"ဘယ်လိုထူးဆန်းတာပါလိမ့်...?"
မှိုင်တွေတွေနဲ့ သူ့ကိုယ်သူ ဘာကိုအလိုမကျဖြစ်နေမှန်း မသိတာထက်စာရင် စကားပြန်ပြောလာဖို့အတွက် ဟိုအတွဲအကြောင်းကို ရှီးချန် စကားထောက်ပေးလိုက်သည်။
"သူတို့ လက်ထပ်ထားတာ လွန်ခဲ့တဲ့ တစ်လကတည်းကလေ... ဒါပေမယ့် ဟို Bar ပိုင်ရှင်က ဒီနေ့မှ သူ့ကလေးနဲ့ Relationship ချိတ်ပြီး 1 month anni ဆိုပြီး Post တင်လာတာ..."
"Aww ယောင်လေးရယ် ပိုပြီးတော့ Suprise ဖြစ်အောင်လို့နေမှာပေါ့..."
"မဟုတ်ဘူး အကို...
နောက်တစ်ခု ပိုထူးဆန်းတာကလေ
သူ့ကလေးလေးက Relationship ပြန်ချိတ်ဖို့နေနေသာသာ Bar ပိုင်ရှင်လူကြီးရဲ့ Post ကို အဖတ်ရော အရည်ရော ဘာတစ်ခုမှ လုပ်မထားဘူး သိလား...?"
မြင်လား မြင်လား...?
ဒီကလေး အဲ့ဒီအတွဲနဲ့ပတ်သတ်လာရင် Big fan အကြီးစားဖြစ်မှန်းမသိကို ဖြစ်နေပြီ...။
အခုလည်းကြည့် အဲ့အတွဲနဲ့ပတ်သတ်ပြီး စကားတွေ တန်းစီနေအောင် ပြောနေရော.....။
ရှီးချန် သူ့မူပိုင်အပြုံးလေးနဲ့ ယောင်လေးရဲ့စကားကို တုံ့ပြန်လိုက်ရင်း စားပွဲပေါ်တင်ထားတဲ့ coffee ခွက်ကိုလှမ်းယူကာ တစ်ငုံ ယူသောက်လိုက်သည်။
"သူ့ကောင်လေးက line သိပ်မသုံးလို့ဖြစ်မှာပါ ယောင်လေးရယ်..."
"ဟွန့် မသိဘူး တစ်ခုခုတော့ တစ်ခုခုပဲ...
.
Aww ဒါနဲ့ အဲ့ဒီအတွဲ ဘာညာဘာညာ သတင်းတွေ မထွက်ခင်တုန်းကလေ Bar ပိုင်ရှင်မှာ ကောင်မလေးရှိခဲ့ဖူးတယ်တဲ့..."
ဘေးလူလည်း မရှိပါပဲနဲ့ 'ကောင်မလေးရှိခဲ့ဖူးတယ်တဲ့' ဆိုတဲ့ စကားကို ရှီးချန် အနားကပ်လာပြီး လေသံတိုးတိုးလေးနဲ့ ကပ်ပြောလာ၏။
"အဲ့ဒီတော့...?"
"သတင်း အတိအကျလို့တော့ ပြောတာပဲ...
Bar ပိုင်ရှင်နဲ့ သူ့အရင်ကောင်မလေး 1 year anni တုန်းက ဆိုင်ထဲမှာ BJYX fan ဖြစ်လာမယ့် ကောင်မလေးတွေရှိတယ်တဲ့...
သူတို့ကလည်း Bar ပိုင်ရှင်က ချောတော့ လိုက်ငမ်းရင်းနဲ့ မှတ်မိနေတာတဲ့...
အဲ့ဒီတုန်းက သူတို့ Anni ပွဲပြီးသွားတော့ Bar ပိုင်ရှင်က ဆိုင်ထဲကနေ ယိုင်တိုင်တိုင်နဲ့ တစ်ယောက်တည်း ဒီတိုင်းထွက်သွားတာတဲ့... ပြီးမှ သူ့တပည့်တစ်ယောက်က သူ့Bossရဲ့ကောင်မလေးကို လာကြိုသွားတာတဲ့လေ... အဲ့နောက်နေ့မှာပဲ ဟိုပုံတွေနဲ့ ဘာညာဘာညာ သတင်းတွေ တက်လာတော့တာပဲ... Bar ပိုင်ရှင်နဲ့သူ့အရင်ကောင်မလေးသတင်းက သိပ်ထွက်လာခြင်းမရှိဘူးနော်...
1 နှစ်ကြီး တွဲလာကြတာတောင် ဘယ်သူမှ သိပ်သတိမထားမိကြဘူး... သူ့ Baby လေးနဲ့ကျမှ သူ့ရဲ့ဂရုစိုက်မှုတွေ ၊ Wedding တွေနဲ့ လုံးဝကို Hot ဖြစ်သွားတာ...
ကဲ... အကို ပြောကြည့်...
သူတို့အတွဲက တစ်ခုခု ထူးဆန်းမနေဘူးလား...?"
စကားတွေ တသီကြီးကို တစ်ခါတည်း ပြောချသွားပြီးမှ မောသွားဟန်ပြကာ ရှီးချန် သောက်ထားတဲ့ coffee ခွက်ကို ယူသောက်ရင်း မေးခွန်းပါ တစ်ခါတည်းထည့်မေး၏။
"ယောင်လေး ပြောချင်တာက...??"
ရှီးချန် စကားထောက်ပေးလိုက်တော့ ယောင်လေးက အကြံရသွားဟန် လက်ဖျောက်တစ်ချက်တီးလိုက်လျက်.....
"အကို! အဲ့ဒီနေ့ညက သူ့ကောင်မလေးက Bar ပိုင်ရှင်ကို ဆေးခပ်လိုက်တာပဲ ဖြစ်ရမယ်..."
"ဟောဗျာ ပြောပါဦး..."
ရှီးချန် မျက်ခုံးတစ်ဖက်မြင့်တက်သွားပြီး ပြုံးစစနဲ့ ပြောတော့ သာလိကာလေးက သူ ထင်တာလေးတွေကို ပြန်ပြီး ဖောက်သည်ချလေတော့သည်။
"အဲ့မှာဗျာ...
Bar ပိုင်ရှင်က ဆေးခပ်ခံရမှန်းသိတော့ သူ့တပည့်တစ်ယောက်ကိုပဲ သူ့အရင်ကောင်မလေးကို ပြန်ပို့ခိုင်းပြီး သူကတော့ သူ ပိုင်တဲ့ အနီးဆုံး Bar ထဲကို ဝင်ပြီးဖြေဖို့ လုပ်မှာပေါ့...
ဒါပေမယ့် သူ့အခုကောင်လေးနဲ့တွေ့သွားပုံရတယ်...
အဲ့မှာ မှားကြရော...!!
အဲ့ဒါနဲ့ သူ့ကောင်လေးကလည်း စိတ်တိုပြီး သတင်းလွှင့်...!
ဟုတ်ပြီ..! ဒါ့ကြောင့်မို့ သူ့ကောင်လေးကို ကြည့်ရတာ အေးစက်စက်ဖြစ်နေတာကိုး...
ဒါပေမယ့် Bar ပိုင်ရှင်ကတော့ သူ့ကောင်လေးကို တကယ်ကြီး ကြွေနေပုံရတယ်..."
သူ့ဘာသာစကားတွေပြောလိုက် လေသံလေး တိုးသွားလိုက် ၊ ကျယ်လာလိုက် ၊ ပြုံးလိုက် ၊ မျက်နှာလေးမဲ့လိုက် လုပ်နေတဲ့ ယောင်လေးကို ရှီးချန် ခေါင်းအသာခါရင်းသာ ပြုံးပြီးကြည့်နေလိုက်သည်။
Advertisement
ယောင်လေး သဘောကျတဲ့ ၊ အားကျတဲ့ အဲ့ဒီအတွဲနဲ့ ချစ်သူဖြစ်တဲ့ ကိုယ်နဲ့ တစ်ခါမှယှဥ်ပြီး ရှီးချန် မရွေးခိုင်းခဲ့ဖူးဘူး။
ဘာလို့ဆို အဲ့ဒီအတွဲက ယောင်လေးအတွက် Idol အဖြစ်သာတည်ရှိတယ်လေ...။
ကိုယ်က ယောင်လေးသိပ်ချစ်တဲ့ ချစ်သူတစ်ယောက် အခုဆို ခင်ပွန်းတစ်ယောက်.....။
ထပ်ပြောရရင် အဲ့ဒီအတွဲကို Support နေတာက သူတို့နှစ်ယောက်ကိုပဲ သဘောတူပြီး ယောင်လေးက အားကျနေတာလေ...။
သူတို့ရဲ့ movement လေးတွေကိုကြည့်ပြီး နှစ်သက်နေတာမျိုးပဲ...။
တစ်ခြား ဘာစိတ်မှမရှိပဲ ဒီအတိုင်းလေးပဲ သူတို့အကြောင်းပြောနေရရင် သူတို့ရဲ့ movement လေးတွေကြည့်နေရရင်ကို ကျေနပ်နေတာမျိုးလေ...။
Idol နဲ့ ချစ်သူ၊ခင်ပွန်းဆိုတာ တူမှ,မတူပဲ.....။
ယောင်လေးရဲ့ဖြစ်တည်မှုတိုင်းကို ရှီးချန် ချစ်တာမို့ ယောင်လေး သဘောကျတဲ့ လူတွေကိုလည်း ရှီးချန် လိုက်သဘောကျပေးဖြစ်သည်။
Support ပေးဖြစ်ပါသည်။
*ခွမ်း!!*
ရှီးချန် အတွေးများနေရာကနေ ဖန်ခွက်ကျကွဲသံကြောင့် လန့်သွားပြီး ယောင်လေးကို လှည့်ကြည့်မိတော့
သူလေးကလည်း မျက်လုံးအဝိုင်းသားနဲ့ ကျကွဲသွားတဲ့ ဖန်ကွဲစ,တွေကို စိုက်ကြည့်ပြီး တော်တော်အံ့ဩသွားပုံရသည်။
ထို့နောက် အလန့်တကြားမျက်နှာလေးနဲ့ ရှီးချန် ဘက်ကိုကြည့်လာကာ.....
"မတွေးကောင်းပေမယ့် သူတို့ တစ်ခုခုဖြစ်တော့မယ်ထင်တယ် အကို...!
ကျွန်တော့်စိတ်ထဲ အဲ့လိုကြီးပဲ ထင်နေတယ်... သူတို့ ဘာမှမဖြစ်လောက်ဘူးမလားဟင် အကို??"
"Cool down... Cool down My Boy...
စိတ်ကို အေးအေးထား သူတို့ဘာမှ မဖြစ်နိုင်လောက်ပါဘူး..."
ရှီးချန်လည်း ယောင်လေးကို 'စိတ်အေးအေးထားဖို့' ပြောရင်း သူရောပါ ရောယောင်ပြီး စိတ်ပူလာရသည်။
"မသိတော့ဘူး... အကို သူတို့အိမ်ကို သိတယ်မလား ကျွန်တော့်ကို ခနလောက် လိုက်ပို့ပေးမယ်မလားဟင်...? အကို... ခနပါပဲ..!"
"Ok ok စိတ်အေးအေးထား...
အကို လိုက်ပို့ပေးမယ် ဘာမှမဖြစ်ဘူး..."
'Fan တစ်ယောက်ရဲ့ဖြစ်တည်မှုက ဒီလိုအချက်လေးတွေလည်းရှိတတ်တာပဲလား...?' ဟု ရှီးချန် ယောင်တောင်တောင်တွေးမိလိုက်သေးသည်။
မဖြစ်... ယောင်လေး အကြောင်းကိုလည်း သူ သိတာမို့ ကားသာ အမြန်ပြေးထုတ်ရသည်။
ယောင်လေးကို လိုက်ပို့ပေးမယ်...
ဟိုရောက်ရင် သူရဲ့ Idol တွေ ဘာမှမဖြစ်ပဲ အဆင်ပြေနေကြကြောင်းပြပြီး ပြန်လာမယ်ပေါ့.....။
ဒါပေမယ့်...
အင်းးးဒါပေမယ့်လည်းပေါ့.......။
အဆုံးထိ အတူတူ လိုက်သွားမိတဲ့ ခရီးစဥ်တစ်ခုဟာ ပျော်ပွဲစားခရီးတွေလိုမျိုး ပျော်စရာကောင်းမနေခဲ့တာကိုတော့ သူရော ယောင်လေးရော ထိုနေ့ညက သိရှိခဲ့ရပါ၏။
ထိတ်လန့်စရာ ၊ ကြေကွဲစရာ ၊ ဝမ်းနည်းစရာကောင်းလွန်းသည့် ညတစ်ညအဖြစ် သူတို့နှစ်ယောက်လုံးရဲ့ခေါင်းထဲမှာ ထိုအဖြစ်အပျက်တွေ တစ်ခုချင်းစီတိုင်းက နေရာယူခဲ့လေပြီ.....။
_______________
"ဒေါက်တာ..!"
အခန်းထဲမှာ အကြည်စိုက်နေကြသော ရှင်းချန်တို့နှစ်ယောက် neurs တစ်ယောက်ရဲ့အလောတကြီး အော်ခေါ်သံကြောင့် ကိုယ်ဟန်ဖို့ကာ 'ချောင်းတဟန့်ဟန့်' ဖြစ်နေကြလေသည်။
Neurs မလေးက အခြေအနေကို သဘောပေါက်သွားပေမယ့် အရေးကြီးလူနာတွေရောက်လာတာကြောင့် မပြောလို့လည်း မဖြစ်ပြန်တာမို့.....။
"Doctor! VVIP patients!!"
"Ok ok"
ရှင်းချန်လည်း အဆိုးလေးဘက်ကို တစ်ချက်လှည့်ကြည့်တော့ လိမ္မာလှတဲ့ကောင်လေးက ပြုံးလျက် ခေါင်းငြိမ့်ပြလေသည်။
Duty cote ကြီး 'တလွှားလွှား' နဲ့ လာခေါ်တဲ့ neurs နောက်ကို အပြေးလိုက်သွားတဲ့ ချစ်ရသူကိုကြည့်ပြီး ရွှယ်ရန် မျက်နှာမှာ ဂုဏ်ယူနေတဲ့ အပြုံးတစ်ချို့လည်း ဖြတ်ပြေးသွားလေ၏။
"ဟယ် အသက်ငယ်ငယ်လေးတွေပဲ..."
"ဘာဖြစ်ကြတာလဲ မသိဘူး??"
"Car accident ထင်တယ်"
"မြင်ဖူးသလိုလိုပဲ..."
ဆေးရုံထဲကို လူနာတွန်းလှည်းတွေ အပြေးတွန်းလာကြတော့ ဆေးရုံထဲက လူတွေနဲ့ ဂရုဏာသံတွေနဲ့ 'ကျွတ်' စုတ်သံတွေ ညံသွားတော့သည်။
ဘေးချင်းယှဥ်လျက် တွန်းလာကြသော လူနာတွန်းလှည်းနှစ်ခုပေါ်တွင်
ခေါင်းမှာ သွေးတွေနှင့် အင်္ကျီအပေါ်ပိုင်းတစ်ခုလုံး နီရဲနေပြီး သတိမေ့မြောနေကြသော ကောင်လေး နှစ်ယောက် လဲလျောင်းတည်ရှိနေလေ၏။
Oxygen ပိုက်တွေနဲ့ အသက်လုနေရတဲ့ ကောင်လေးနှစ်ယောက်ဆီမှာ...
အနက်ရောင်တစ်ဖြစ်လဲ သွေးစွန်းနေတဲ့ နီညိုရောင်ပုဝါစလေးတစ်ခုကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားတဲ့ လက်ကလေးတစ်ဖက်ရယ်.....
မပေးလိုက်ရဟန်တူတဲ့ Hand chain လေးနှစ်ခုကိုတင်းကြပ်နေအောင် ဆုပ်ကိုင်ထားတဲ့ လက်တစ်ဖက်ရယ်ရှိသတဲ့.....။
ထို Hand chain လေးရဲ့ဘေးက ခပ်ချွန်ချွန်တန်ဆာဆင်ထားမှုလေးတွေကြောင့် ပေါက်သွားတဲ့ လက်ဖဝါးတစ်နေရာကိုရော မည်သူသိပါလေစ.....။
"Doctor လူနာက VVIP မို့ တစ်ယောက်ကို ဆေးရုံအုပ် ကိုယ်တိုင် ခွဲစိတ်ပေးမယ်ပြောတယ်... အဆင်သင့်ပြင်ပေးထားပါ...
နှစ်ယောက်လုံး သွေးတွေအရမ်းထွက်နေတယ်... သူတို့ကို တစ်ချိန်ထဲ ခွဲစိတ်ရမယ်"
"အင်း သိပြီ..."
အဝတ်လဲနေတဲ့ ရှင်းချန် အနားကို neurs တစ်ယောက် အမောတကောလာပြောရှာသည်။
'အမှားအယွင်းမခံဘူး' ဟု သတိပေးသွားတာနှင့် မထူးမခြားနားပင်.....။
"အကို သူတို့ဘာမှမဖြစ်ဘူးမလားဟင်...?"
ခွဲခန်းရှေ့တွင် ပြိုလဲတော့မလိုဖြစ်နေသော ယောင်လေးကို ရှီးချန် အသာထိန်းပေးရင်း နှစ်သိမ့်နေရသည်။
"ဘာမှမဖြစ်ပါဘူး ယောင်လေးရယ်...
သူတို့က ကြံ့ခိုင်ပြီးသားပါ...
သူတို့ကို ယုံကြည်ပေးရမယ်လေ..."
"အင်း ဟုတ်တယ်...
သူတို့ နှစ်ယောက်လုံး ပြန်လာမှာပါ..."
ခနနေတော့ လူနာနှစ်ယောက်ရဲ့အုပ်ထိန်းသူတွေ ရောက်လာကြလေသည်။
ကျန်းချန်တစ်ယောက် မျက်နှာမှာ မျက်ရည်တွေကျနေပါသော်လည်း ရှိုက်သံ ၊ ငိုသံတွေကတော့ ထွက်မလာပါချေ...။
ခွဲခန်းဆီသို့သာ ငေးကြည့်နေရင်း မျက်ရည်တွေ တသွင်သွင်စီးကျနေလေ၏။
ဝမ်ကျောက်ကတော့ တတ်သလောက် မှတ်သလောက်နဲ့ ရှိရှိသမျှသော နတ်ဘုရားတွေဆီမှာ တိုင်တည်လျက်...
ခွဲခန်းထဲက ကလေးနှစ်ယောက်အတွက်လည်း စိုးရိမ်ပူပန်နေရသလို သူ့အရှေ့မှာ မြင်နေရတဲ့ ချစ်ရသူရဲ့မျက်ရည်တွေကြောင့်
'သူကပါ ပြိုလဲလို့မဖြစ်သေး' ဟု နှလုံးသွင်းရင်း သူ့ကိုယ်သူ အနိုင်နိုင်ထိန်းနေရလေသည်။
Advertisement
ခွဲစိတ်ခန်းနှစ်ခုက VVIP အခန်းလည်းဖြစ်သလို ဘေးချင်းယှဥ်လျက်ဖြစ်တာကြောင့် လူနာစောင့်တွေက သူတို့အပြင် တစ်ခြားလူတွေကို မတွေ့ရပါလေ...။
ထိုခွဲခန်းနှစ်ခုရှေ့မှာပဲ အကုန်လုံးရှိနေကြကာ ထိုင်ခုံတွေချထားပါလျက် မထိုင်နိုင်ကြပဲ ဟိုလျှောက် ဒီလျှောက်နှင့် ဗျာများနေကြလေသည်။
Ring Ring Ring 📱
ခွဲစိတ်ခန်းတာဝန်ကျဆရာဝန်နှစ်ယောက်ရောက်လာချိန် ရှီးချန် အိပ်ကပ်ထဲက Phone ringtone သံကြောင့် ယောင်လေးကို ခုံပေါ်သေချာထိုင်စေခဲ့ပြီး Ph သွားပြောရလေသည်။
"တိုက်သွားတဲ့ကားကိုရော လူကိုရော ဖမ်းလို့မိပါပြီ သခင်လေး..."
"ဟုတ်ပြီ အဲ့ဒီလူကို သေချာစောင့်ကြည့်ထား... ထောင်ထဲ တစ်ခါတည်းထည့်ပစ်မယ်..!"
အမြဲတမ်းပြုံးရယ်နေတတ်တဲ့ ယောင်လေးရဲ့မျက်ရည်တွေကို သူ မြင်နေရကြောင့် ဒေါသထွက်ကာ ခပ်ဆက်ဆက်အော်လိုက်မိသည်။
"ဟုတ်ကဲ့ လိုက်ဖမ်းကတည်းကရဲတွေရောပါတာမို့ အားလုံး အဆင်သင့်ပါပဲ...
ရှေ့နေလည်း ရောက်နေပါတယ်ဗျ"
"အင်း!"
"ဟို ဒါပေမယ့်လေ..."
"ဘာဖြစ်လဲ...?!!"
"သူ သူက ဦးနှောက်မကောင်းဘူးတဲ့..."
"ဘာ!!"
"ဟုတ်တယ် သခင်လေး...
ဒါပေမယ့် ကျွန်တော်တို့မှာ CCTV မှတ်တမ်းတွေရော သက်သေတွေရောရှိပါတယ်...
လုံးဝ မလွတ်စေရပါဘူး"
ဦးနှောက်မကောင်းဘူး စိတ်မနှံ့ဘူးဆိုတာနဲ့ လူတွေက အပြစ်ကို လျော့ချင်ကြတာလား...?
တစ်ခြားကိစ္စဆိုနည်းနည်းတော်ရင်တော်လိမ့်ဦးမယ်...။
အခုဟာက သူ ကားနဲ့တိုက်သွားတာက တိုက်သွားတာပဲလေ...။
အခုဆို လူနာတွေက ခွဲစိတ်ခန်းထဲမှာ ကိုယ်စီအသက်လုနေရတဲ့ အခြေအနေ...။
တောက်!!
"ပြီးတော့ ကားခိုးမှုတစ်ခုပါထပ်စွဲထားပါတယ်... ဒါ့ကြောင့် စိတ်ချလို့ရပါတယ် သခင်လေး..."
ဆေးရုံက ထွက်ပြေးတယ်..!
ကားခိုးတယ်..!
ကားနဲ့တိုက်တယ်..!
ရှီးချန် ဘာမှအပိုအလိုပြောမနေတော့ပဲ "အင်း!" ဟုသာ ပြန်ဖြေလိုက်ပါ၏။
"ပြီးတော့ သူ ပြောနေတာက အဲ့ဒီ Xiao အခင်လေးရဲ့ရည်းစားဟောင်းတဲ့..."
"ဘယ်လို?!!"
ရှီးချန် စိတ်တော်တော်လေသွားသည်။
နောက်ဆုံးတော့ 'တရားဥပဒေအရသာဖြေရှင်းပါစေတော့' ဟု သူ့စိတ်သူ ဖြည့်တွေးလိုက်ရတော့သည်။
"အင်း ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို လုံးဝ မလွတ်စေနဲ့..! ပေါ့ပေါ့ဆဆကိုင်တွယ်ဖို့ စဥ်းစားနေကြရင် သူတို့လည်း သိမှာပါ... အတိုက်ခံရတဲ့ သခင်လေးတွေရဲ့အရှိန်အဝါနည်းနည်းပြထားလိုက်..! သူတို့ အုပ်ထိန်းသူတွေကို ငါ အကျိုးအကြောင်း အကုန်ပြောထားလိုက်မယ်..!"
"ဟုတ်ကဲ့ သခင်လေး"
ရှီးချန် Ph ချပြီးသည်နှင့်အုပ်ထိန်းသူနှစ်ယောက်ကို အခု ပြောသင့် မပြောသင့် စဥ်းစားနေရသေးသည်။
Ph ပြောပြီး ခွဲစိတ်ခန်းရှေ့ပြန်လာတော့ အုပ်ထိန်းသူနှစ်ယောက်ထဲက Wang Group ရဲ့ Boss တစ်ယောက်သာ ရှိနေတော့သည်မို့ ကျန်တစ်ယောက်ကို မျက်လုံးဝေ့ကာ ရှာကြည့်မိသည်။
သူ့မျက်လုံးတွေကို ဖတ်တတ်တဲ့ ယောင်လေးက Xiao Boss က သူ့တူအတွက် သွေးလှူနေတာဖြစ်ကြောင်း ရှင်းပြလာ၏။
ထိုအခါမှ ရှီးချန်လည်း ခေါင်းငြိမ့်ပြကာ ယောင်လေးအနားကပ်ထိုင်ကာ ခပ်တိုးတိုးမေးရသေးသည်။
"ယောင်လေး ဘာစားမလဲ ကလေး...?
မနက်စာတစ်ခုပဲ စားရသေးတယ်မလား...? ဟင်?"
ဒီအချိန်မှာ မေးသင့်သလား မသိပေမယ့် မနက်စာပဲ စားထားတဲ့ ယောင်လေးက သူတို့ Car accident ဖြစ်ပြီး ဆေးရုံရောက်လာချိန် ည 8:45 အထိ ဘာမှ မစားရသေးတာကြောင့် ရှီးချန် မေးလိုက်ခြင်းဖြစ်သည်။
"ဟင့်အင်း အကို... ဆာရင်သွားစားထားနှင့် ကျွန်တော် ခနထပ်စောင့်ချင်သေးတယ်..."
ရှီးချန် သက်ပြင်းကို ခပ်လေးလေးချရင်း ခေါင်းငြိမ့်ပြမိသည်။
သံယောဇဥ်ကြီးလှသည့် ကောင်လေးက
ရှီးချန်နဲ့မုန့်ယောင် ဆိုတဲ့ သူတို့နှစ်ယောက်ကို နှစ်ခါသာ မြင်ဖူးပြီး တစ်ခြားအချိန်တွေမှာဆို ကိုယ်တွေရဲ့ဖြစ်တည်မှု တည်ရှိနေမှုကိုတောင် မသိတဲ့ Idol နှစ်ယောက်အပေါ် အတော်လေးတွယ်တာရှာသည်။
အခုလည်း ခွဲခန်းထဲက သူ့ Idol နှစ်ယောက်ကို အတော်လေး စိတ်ပူနေ၏။
ဒါတွေအားလုံးပြီးသွားရင် မုန့်ယောင်ဆိုတဲ့ကောင်လေးက 'ခင်ဗျားတို့ကို ဘယ်လောက်တွယ်တာတယ်' ဆိုတဲ့အကြောင်း ထိုလူသားနှစ်ယောက်ကို ပြန်ပြောပြချင်ပါသည်။
ဒါ့ကြောင့် နှစ်ယောက်စလုံး ကျန်းကျန်းမာမာပဲ ပြန်နိုးထ,လာခဲ့ပေးပါ...။
အကုန်လုံးက ခင်ဗျားတို့နှစ်ယောက်ကို စိတ်ပူနေကြတာ.....။
သူတို့နှစ်ယောက်ရဲ့ဘေးက Wang Group ရဲ့ Boss ကတော့ လက်နှစ်ဖက်ကို ယှက်ထားကာ ပါးစပ်မှလည်း တတွတ်တွတ်ရေရွတ်နေဆဲ.....။
_______________
"ဟားးး ကျန့်က အဲ့ဒီသူခိုးကောင်ကို တွန်းဖယ်ပြီး သူ ဝင်တိုက်ခံလိုက်တယ်တဲ့ ဟားးးဟားးး"
"ငါ တိုက်လိုက်တာက ကျန့်ကိုငါ့ဆီကနေ ခိုးသွားတဲ့ အဲ့ဒီအကောင်ကို အသေတိုက်သတ်တာ...!!"
သက်သေတွေရှိနေသော်လည်း နောက်ထပ် ဘာမှထပ်ပြီး စစ်မေးနေစရာမလိုတော့အောင် ရယ်လိုက် အော်လိုက်နဲ့ အကုန်လုံးကို ဝန်ခံနေတဲ့ လီရှန်းကြောင့် လီသခင်ကြီးနဲ့သခင်မကြီးကလည်း ခေါင်းတခါခါနှင့် မျက်ရည်တွေကျနေကြလေသည်။
သူတို့သမီးကို သေချာမစောင့်ရှောက်နိုင်လိုက်တာ...။
"ဟားးး ကျန့်က ငါနဲ့ တစ်နှစ်ကြီးများတောင်တွဲပြီး သူငယ်ချင်းအဖြစ်နှစ်တွေအများကြီး ခင်ခဲ့ကြပါရက်နဲ့...!
ငါ့ကို မချစ်ဘူးဆိုတာ မယုံဘူး!!
အားးး!!! ဘာလို့ အဲ့ဒီအကောင်လဲ...?!!!"
ပစ္စည်းတွေ ဆွဲယူလွှင့်ပစ်နေတာကြောင့် ရဲစခန်းက လူတွေပါ ဝိုင်းချုပ်ပေးရလေသည်။
လီသခင်ကြီးနဲ့သခင်မကြီးကတော့ ဘယ်လိုမှ ဆက်မကြည့်နိုင်တော့တဲ့အဆုံး နှစ်ယောက်စလုံး ရဲစခန်းထဲကနေ ထွက်လာကြကာ တစ်ယောက်ကိုတစ်ယောက် ဖေးမရင်းငိုနေကြလေသည်။
သူတို့ ငယ်ငယ်ကတည်းကအလိုလိုက်ထားပြီး သမီးလေး လိုချင်တာတွေကို အကုန် ဖြည့်ဆည်းပေးထားတာက ချစ်လွန်းခဲ့လို့သာ...။
အခုလို 'သူ လိုချင်တာကို ရကိုရစေရမယ်' ဆိုပြီး အတ္တကြီးစေလိမ့်မယ်လို့ သူတို့ မတွေးမိခဲ့.....။
သမီးဖြစ်သူ ဖြစ်စေချင်တာတွေ လုပ်ချင်တာတွေကို မြေတောင်မြှောက်ပေးထားခဲ့ကြပြီး အကုန်လုံးကို လိုက်လျောပေးခဲ့မိတာ သူတို့ ချစ်ပုံချစ်နည်း မှားခဲ့ကြလေသလား...??
နှစ်ယောက်စလုံး ရင်နာနာနှင့်သာ ရဲစခန်းကို ကျောခိုင်းထားခဲ့ကြသည်။
သူတို့သမီး ပြစ်မှုကျူးလွန်ခဲ့တာ 'ဘယ်အိမ်တော်တွေကလဲ?' ဆိုတာ သိနေတော့လည်း
သူတို့မှာ ရှိသမျှငွေတွေ အကုန်ပုံချပေးလိုက်ရင်တောင်
ပြစ်မှုက လုံးဝ ပြောင်းလဲသွားခြင်းရှိမှာမဟုတ်တာကြောင့်
အပြစ်ကို ခံစားစေပြီး
အလိုမလိုက်သင့်တာကို နောက်တစ်ခါ အလိုမလိုက်မိအောင်သာ နှစ်ယောက်စလုံး ထိန်းချုပ်ထားကြရလေသည်။
တကယ်လို့များ ဒီလိုပုံစံမျိုးနဲ့ သူတို့သမီးကို ထပ်ပြီးအလိုလိုက်မိရင် 'အလောင်းပါ ရှာမရတော့မယ်ကိန်း' ကိုလည်း သူတို့နှစ်ယောက်လုံး ကြိုမြင်နေရလေ၏။
နောက်ဆုံးတော့ အဖြစ်ဆိုးလှသည့် သမီးလေးကို ထပ်မကြည့်ရက်တော့ပဲ ဆန့်ကျင်ဘက်အရပ်ဆီသို့သာ ကားလေးက 'တရွေ့ရွေ့' မောင်းနှင်သွားလေတော့သည်။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 3460 words 💞
အစစအရာရာဂရုစိုက်ကြပါဗျ ❤
💞 အားလုံးကို ချစ်ခင်လေးစားလျှက် 💞
K.Royalwhite💌💞🤍
Jun 15,2021 TUE (Updated Day) 🖤✨
Zawgyi
"အကို ကြၽန္ေတာ့္စိတ္ထဲ တစ္ခုခုကို ထင့္ေနသလိုပဲ..."
ဧည့္ခန္းထဲကို coffee ခြက္ေလးကိုင္ကာ ဝင္လာတဲ့ အကိုရွီးခ်န္က မုန့္ေယာင္ စကားေၾကာင့္ လြတ္ေနတဲ့လက္တစ္ဖက္နဲ႕ နဖူးေလးကို အသာလာစမ္းရင္း.....
"မွန္းးး အကို႔ေယာင္ေလး ေနမေကာင္းဘူးလား...? ကိုယ္ေတာ့ မပူပါဘူး...
မနက္ကတည္းကေယာင္ေလး မ်က္ႏွာမေကာင္းတာ အကို သတိထားမိတယ္...
ဘာျဖစ္ခ်င္လဲ ဘာလုပ္ခ်င္လဲ အကို႔ကို ေျပာျပေလ ေယာင္ေလးရဲ႕... ဒါမွ အကို သိမွာေပါ့..."
စကားေျပာေနရင္း coffee ခြက္ကို စားပြဲေပၚတင္ကာ ေယာင္ေလး ေဘးနားက ဆိုဖာေပၚသို႔ ဝင္ထိုင္လိုက္သည္။
ရွီးခ်န္ရဲ႕စကားကို ေယာင္ေလးက ေဝခြဲမရေသာ မ်က္လုံးေလးမ်ားႏွင့္ၾကည့္ရင္း အလိုမက်ဟန္ စူပုပ္ပုပ္မ်က္ႏွာထားေလးျဖင့္သာ တုံ႕ျပန္၏။
"မသိဘူး ဒီတိုင္း စိတ္ထဲ တစ္မ်ိဳးႀကီးပဲ..."
ေယာင္ေလး မနက္ကတည္းကမ်က္ႏွာမေကာင္းတာကို ရွီးခ်န္ သတိထားမိပါသည္။
ခါတိုင္းဆို အၿပဳံးခ်ိဳခ်ိဳေလးေတြႏွင့္ စကားမ်ားတတ္တဲ့ သာလိကာေလးက ဒီေန႕မွ မွိုင္ေတြေတြေလးျဖစ္ေနလို႔ ရွီးခ်န္ ကိုယ္တိုင္လည္း စိတ္ပူေနရသည္။
"ေယာင္ေလး အေတြးမ်ားေနလို႔ျဖစ္မွာပါ..."
"ဟုတ္မွာပါေလ...
ဒါနဲ႕ အကို သိလား...?
ဒီေန႕ေလ ဟိုအတြဲရဲ႕ 1 month anni တဲ့..."
ေယာင္ေလးရဲဲ့ 'ဟိုအတြဲ' ဆိုတာနဲ႕ ဘယ္သူေတြကို ရည္ၫႊန္းမွန္း ရွီးခ်န္ တန္းသေဘာေပါက္လိုက္သည္။
"အင္း... အကို ေယာင္ေလးရဲ႕ဆုေတာင္းေပးထားတဲ့ ment ေတြကို ျမင္ၿပီးၿပီ..."
"ေယာင္ေလး စိတ္ထင္လို႔ပဲလားမသိဘူး သူတို႔က တစ္ခုခု ထူးဆန္းေနသလိုပဲ..."
"ဘယ္လိုထူးဆန္းတာပါလိမ့္...?"
မွိုင္ေတြေတြနဲ႕ သူ႕ကိုယ္သူ ဘာကိုအလိုမက်ျဖစ္ေနမွန္း မသိတာထက္စာရင္ စကားျပန္ေျပာလာဖို႔အတြက္ ဟိုအတြဲအေၾကာင္းကို ရွီးခ်န္ စကားေထာက္ေပးလိုက္သည္။
"သူတို႔ လက္ထပ္ထားတာ လြန္ခဲ့တဲ့ တစ္လကတည္းကေလ... ဒါေပမယ့္ ဟို Bar ပိုင္ရွင္က ဒီေန႕မွ သူ႕ကေလးနဲ႕ Relationship ခ်ိတ္ၿပီး 1 month anni ဆိုၿပီး Post တင္လာတာ..."
"Aww ေယာင္ေလးရယ္ ပိုၿပီးေတာ့ Suprise ျဖစ္ေအာင္လို႔ေနမွာေပါ့..."
"မဟုတ္ဘူး အကို...
ေနာက္တစ္ခု ပိုထူးဆန္းတာကေလ
သူ႕ကေလးေလးက Relationship ျပန္ခ်ိတ္ဖို႔ေနေနသာသာ Bar ပိုင္ရွင္လူႀကီးရဲ႕ Post ကို အဖတ္ေရာ အရည္ေရာ ဘာတစ္ခုမွ လုပ္မထားဘူး သိလား...?"
ျမင္လား ျမင္လား...?
ဒီကေလး အဲ့ဒီအတြဲနဲ႕ပတ္သတ္လာရင္ Big fan အႀကီးစားျဖစ္မွန္းမသိကို ျဖစ္ေနၿပီ...။
အခုလည္းၾကည့္ အဲ့အတြဲနဲ႕ပတ္သတ္ၿပီး စကားေတြ တန္းစီေနေအာင္ ေျပာေနေရာ.....။
ရွီးခ်န္ သူ႕မူပိုင္အၿပဳံးေလးနဲ႕ ေယာင္ေလးရဲ႕စကားကို တုံ႕ျပန္လိုက္ရင္း စားပြဲေပၚတင္ထားတဲ့ coffee ခြက္ကိုလွမ္းယူကာ တစ္ငုံ ယူေသာက္လိုက္သည္။
"သူ႕ေကာင္ေလးက line သိပ္မသုံးလို႔ျဖစ္မွာပါ ေယာင္ေလးရယ္..."
"ဟြန့္ မသိဘူး တစ္ခုခုေတာ့ တစ္ခုခုပဲ...
.
Aww ဒါနဲ႕ အဲ့ဒီအတြဲ ဘာညာဘာညာ သတင္းေတြ မထြက္ခင္တုန္းကေလ Bar ပိုင္ရွင္မွာ ေကာင္မေလးရွိခဲ့ဖူးတယ္တဲ့..."
ေဘးလူလည္း မရွိပါပဲနဲ႕ 'ေကာင္မေလးရွိခဲ့ဖူးတယ္တဲ့' ဆိုတဲ့ စကားကို ရွီးခ်န္ အနားကပ္လာၿပီး ေလသံတိုးတိုးေလးနဲ႕ ကပ္ေျပာလာ၏။
"အဲ့ဒီေတာ့...?"
"သတင္း အတိအက်လိဳ႕ေတာ့ ေျပာတာပဲ...
Bar ပိုင္ရွင္နဲ႕ သူ႕အရင္ေကာင္မေလး 1 year anni တုန္းက ဆိုင္ထဲမွာ BJYX fan ျဖစ္လာမယ့္ ေကာင္မေလးေတြရွိတယ္တဲ့...
သူတို႔ကလည္း Bar ပိုင္ရွင္က ေခ်ာေတာ့ လိုက္ငမ္းရင္းနဲ႕ မွတ္မိေနတာတဲ့...
အဲ့ဒီတုန္းက သူတို႔ Anni ပြဲၿပီးသြားေတာ့ Bar ပိုင္ရွင္က ဆိုင္ထဲကေန ယိုင္တိုင္တိုင္နဲ႕ တစ္ေယာက္တည္း ဒီတိုင္းထြက္သြားတာတဲ့... ၿပီးမွ သူ႕တပည့္တစ္ေယာက္က သူ႕Bossရဲ႕ေကာင္မေလးကို လာႀကိဳသြားတာတဲ့ေလ... အဲ့ေနာက္ေန႕မွာပဲ ဟိုပုံေတြနဲ႕ ဘာညာဘာညာ သတင္းေတြ တက္လာေတာ့တာပဲ... Bar ပိုင္ရွင္နဲ႕သူ႕အရင္ေကာင္မေလးသတင္းက သိပ္ထြက္လာျခင္းမရွိဘူးေနာ္...
1 ႏွစ္ႀကီး တြဲလာၾကတာေတာင္ ဘယ္သူမွ သိပ္သတိမထားမိၾကဘူး... သူ႕ Baby ေလးနဲ႕က်မွ သူ႕ရဲ႕ဂ႐ုစိုက္မႈေတြ ၊ Wedding ေတြနဲ႕ လုံးဝကို Hot ျဖစ္သြားတာ...
ကဲ... အကို ေျပာၾကည့္...
သူတို႔အတြဲက တစ္ခုခု ထူးဆန္းမေနဘူးလား...?"
စကားေတြ တသီႀကီးကို တစ္ခါတည္း ေျပာခ်သြားၿပီးမွ ေမာသြားဟန္ျပကာ ရွီးခ်န္ ေသာက္ထားတဲ့ coffee ခြက္ကို ယူေသာက္ရင္း ေမးခြန္းပါ တစ္ခါတည္းထည့္ေမး၏။
"ေယာင္ေလး ေျပာခ်င္တာက...??"
ရွီးခ်န္ စကားေထာက္ေပးလိုက္ေတာ့ ေယာင္ေလးက အႀကံရသြားဟန္ လက္ေဖ်ာက္တစ္ခ်က္တီးလိုက္လ်က္.....
"အကို! အဲ့ဒီေန႕ညက သူ႕ေကာင္မေလးက Bar ပိုင္ရွင္ကို ေဆးခပ္လိုက္တာပဲ ျဖစ္ရမယ္..."
"ေဟာဗ်ာ ေျပာပါဦး..."
ရွီးခ်န္ မ်က္ခုံးတစ္ဖက္ျမင့္တက္သြားၿပီး ၿပဳံးစစနဲ႕ ေျပာေတာ့ သာလိကာေလးက သူ ထင္တာေလးေတြကို ျပန္ၿပီး ေဖာက္သည္ခ်ေလေတာ့သည္။
"အဲ့မွာဗ်ာ...
Bar ပိုင္ရွင္က ေဆးခပ္ခံရမွန္းသိေတာ့ သူ႕တပည့္တစ္ေယာက္ကိုပဲ သူ႕အရင္ေကာင္မေလးကို ျပန္ပို႔ခိုင္းၿပီး သူကေတာ့ သူ ပိုင္တဲ့ အနီးဆုံး Bar ထဲကို ဝင္ၿပီးေျဖဖို႔ လုပ္မွာေပါ့...
ဒါေပမယ့္ သူ႕အခုေကာင္ေလးနဲ႕ေတြ႕သြားပုံရတယ္...
အဲ့မွာ မွားၾကေရာ...!!
အဲ့ဒါနဲ႕ သူ႕ေကာင္ေလးကလည္း စိတ္တိုၿပီး သတင္းလႊင့္...!
ဟုတ္ၿပီ..! ဒါ့ေၾကာင့္မို႔ သူ႕ေကာင္ေလးကို ၾကည့္ရတာ ေအးစက္စက္ျဖစ္ေနတာကိုး...
ဒါေပမယ့္ Bar ပိုင္ရွင္ကေတာ့ သူ႕ေကာင္ေလးကို တကယ္ႀကီး ေႂကြေနပုံရတယ္..."
Advertisement
- In Serial7 Chapters
Serene Winter
An anthology consisting of artwork, short stories, and poems based off of winter from Serene Angel's Cafe.
8 76 - In Serial131 Chapters
Twice Shy
When your blood calls to eternity, what do you do once bitten?Jack's life was never perfect, but a run-in with the criminal underbelly of Portswain has left him scarred. His memories are a patchwork he'll happily ignore, and his small handful of friends is good enough. He longs for companionship, but people always want what he's unwilling to give. When he meets antiques dealer Kieran, will he be able to ignore his instincts and give him a chance? Or will Jack's need to remain hidden ruin everything? Extra tags: Asexual lead, gay relationship, anxiety, past trauma, partially illustrated April 2022: Some minor edits to all chapters: spelling, dropped words, formatting, etc. A few sentences changed or added here and there for clarity. For the most part, nothing major that changes anything. Except the chapter that apparently had been repeated? Not sure how long it's been like that. 'Knife' now has the correct chapter. Book/part 2 will be uploaded later in 2022.
8 229 - In Serial49 Chapters
The Demon King
*word of advice, if poorly written books annoy you don't read. If you do you better not complain in my comments lol* Never steal from kings. Especially the king of demons.She hadn't expected her young brothers to steal, she hadn't thought of that scenario or what she would do. So she does what she does best, put those who she loves the most above herself. "I'm sick of this. I'm sick of you!" He bellowed in my face. I took the mask off, "I just need you out of my fucking system." He says as he stalks closer to me. Our chests press together, I look at him coldly. Tears stingy my eyes and my throat tight. "Do what you have to do, my king." He rips the necklace right off my neck.
8 99 - In Serial36 Chapters
Towards You✔️
Not edited(first draft)Nayab Hasan 22 year old beautiful girl is a journalist.She is bubbly,kind hearted,adventurous andfirm in her decisions.Haroon Samad khan 29 year old handsome is business tycoon.He isarrogant,Cold hearted,ruthless but caring, sweet and possessive for his family. _*_*_*_*_*_*_*_*_*_*_What happens when they were forced for NIKAH? Inspite of accepting each other as husband and wife they were unknown to each other.What happens when after NIKAH they unknowingly cross each hi other path in adverse conditions? And on their way of revenge, hate and ego they discover their relation and love.Join Nayab Hasan and Haroon Samad khan on their way of finding love..............
8 160 - In Serial5 Chapters
Philline's Writer Room
A book where I share writing tips (including templates you can use to craft your own stories), give sneak peeks and post background info about my novels! It's a fun time!
8 172 - In Serial7 Chapters
My Boyfriend's Billionaire Daddy
"You have no idea how many times I've imagined this." She whispered as her lips crashed down on his. Hearing her say those words nearly made him cum in his boxer briefs. He'd had so many beautiful, sexy women, but Cyra turned him on more than any of them. There were a hundred reasons why he shouldn't be doing exactly what he was doing and yet it felt so perfectly right. Logan tried to let Cyra control the speed that they were going as he continued to kiss her passionately. He didn't want to take things too fast. But she was rubbing her tight little pussy back and forth across his cock, and although there were three layers of fabric between them, she was doing it in such a way that made it impossible for him to think of anything else. His hands gripped her waist, as he took a slow, deep breath. Fuck if she didn't stop he was going to bend her over the table and fuck her right there and he was trying to take things slow with her. Or relatively slow. If she'd been his new personal assistant she already would have been on her knees sucking him off. ------When Cyra goes to work for the business that her father owns with his business partner, who happens to be her boyfriend's father, she thinks she's in for the most boring summer before college ever. But then the one man she shouldn't look twice at catches her eye and she realizes that she's caught his as well, and the summer gets hotter than she ever expected it to be.⚠️THIS STORY HAS EXPLICIT SCENES AND MATURE CONTENT. IT IS NOT ADVISED FOR THOSE YOUNGER THAN 18⚠️
8 137

