《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 28
Advertisement
Unicode
တစ်လ...,
တစ်လဆိုတဲ့အချိန်.....။
YB ရယ် ကိုကိုရယ် လက်ထပ်ပြီးခဲ့တာ ဒီနေ့ဆို တစ်လတိတိပြည့်သွားခဲ့ပြီ...။
ကိုကိုကပဲ သည်းခံလွန်းတာလား YB ကပဲ အရင်ကတည်းကအေးအေးဆေးဆေးနေတတ်လို့လားတော့မသိ
သူတို့ရဲ့ဆက်ဆံရေးကတော့ အရင်အတိုင်းပဲ ကိုကို့ဘက်က သဲသဲလှုပ်ဖြစ်ပြီး YB ဘက်ကတော့ ထူးထူးခြားခြားပြောင်းလဲသွားခြင်းမျိုးမရှိ...။
သူ့အပေါ် အမြဲတမ်း အေးစက်စက်သာ ဆက်ဆံခဲ့တဲ့ ကျွန်တော့်ကို ကိုကိုက တစ်ချက်မငြိုငြင်ခဲ့ဖူးဘူး...။
ကျွန်တော် သူ့အပေါ် ဘယ်လောက်ပဲဆိုးနေပါစေ ကိုကိုက အပြုံးနုနုလေးနဲ့ပဲ တုံ့ပြန်ခဲ့တာ...။
ကျွန်တော့်အပြုအမူတွေကို ကျင့်သားရနေသလို ဘာအပြစ်မှလည်း ပြောဆိုခြင်းအလျဥ်းမရှိခဲ့...။
ယောကျာ်းလေးနှစ်ယောက် လက်ထပ်တယ် ဆိုတာနဲ့ sex ကိစ္စသာပြေးမြင်တဲ့လူတွေလို ကိုကိုက YB ကို အသားမယူခဲ့ပါဘူး...။
ဒီလိုပြောလို့ ကိုကိုက ဥပုသ်စောင့်နေတဲ့ကျားကြီးတော့ မဟုတ်ဘူးရယ်.....။
ဒါပေမယ့် သူ့ရဲ့ဆန္ဒတစ်ခုတည်းကြောင့် ကျွန်တော် သူ့ဘေးကနေထွက်သွားမှာ ကိုကိုက သိပ်ကြောက်နေခဲ့တာ...။
အိမ်ထောင်ရေးတစ်ခုမှာ 'Sex and Love' balance ညီနေရင်တောင် ကိုကို့ရဲ့အချစ်ကတော့ 'မြတ်နိုးခြင်း' ဆိုတဲ့ ခေါင်းစဥ်တပ်ပြီး ကျွန်တော်ဘက်ကသာ ခွင့်မပြုရင် မယူဘူးဆိုတဲ့ လူမျိုး.....။
ကိုကိုက သူ့လို ဘာမက်မောစရာမှမရှိတဲ့ ဂျစ်ကန်ကန်အေးစက်စက်ကောင်လေးတစ်ယောက်ကို လက်မလွှတ်ခဲ့ဘူး...။
ကျွန်တော့်အပေါ်ထားတဲ့ ကိုကို့ရဲ့မေတ္တာတွေ ၊ အချစ်တွေ ၊ ဂရုစိုက်မှုတွေဟာလည်း လျော့ပါးသွားခြင်းမရှိခဲ့ပါဘူး...။
'ကိုကိုက YB ကိုချစ်တယ်' ဆိုတဲ့ ခံစားချက်က ကြည်နူးမှုလှိုင်းလေးတွေကို ဖြစ်ပေါ်စေတယ်ဆိုရင် အဲ့ဒီလှိုင်းလေးတွေရဲ့အခြေခံရာ ပင်လယ်ပြင်ကြီးကတော့ 'ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်' လို့ ခံစားရစေတဲ့ ခံစားချက်တွေအပြည့်ပါပဲ.....။
ကိုကို့ရဲ့နှလုံးသားက ဘာတွေနဲ့ထုဆစ်ထားလည်းတော့ YB မသိဘူး...။
ဒါပေမယ့် ဒီဖြတ်သန်းခဲ့တဲ့ နေ့ရက်တွေအတွင်း YB ကြောင့် ကိုကို့ရဲ့နှလုံးသားလေး ပင်ပန်းနေမှာတော့ YB လည်းသိနေပါတယ်...။
အခုဆို...
အခုဆိုရင် အရာအားလုံးက YB စီစဥ်ထားတဲ့အတိုင်းဖြစ်လာခဲ့ပြီ...။
ကိုကိုက YB ကို တကယ်ချစ်လာပြီ...။
YB ထားသွားမှာကိုလည်း ကိုကိုက သိပ်ကြောက်နေပြီ...။
သူဖြစ်စေချင်သလိုတွေ အားလုံး ဖြစ်လာခဲ့ပြီလေ...။
YB ပျော်နေရမှာ မဟုတ်ဘူးလား...???
နှုတ်ခမ်းထက်မှာ မဲ့ပြုံးတစ်ပွင့်ကို လှလှပပချိတ်ဆွဲထားတာကလွဲရင် နှလုံးသားကြီးတစ်ခုလုံးကတော့ ကိုင်ပေါက်ရိုက်ချိုးထားသလို နာကျင်နေတယ်...။
မလိုအပ်ပါပဲ ပျော့ညံ့လာတဲ့ မျက်ခမ်းစပ်တွေကိုလည်း သူ မုန်းလိုက်တာ...။
အရင်အချိန်တွေတုန်းကဆိုရင်တော့ YB ပျော်ကောင်း ပျော်နေနိုင်ပေမယ့်
အခုတော့...
ဘာလို့လဲ...??
YB ဆိုတာ ဒီပွဲမှာ အရင်ကတည်းကရှုံးနိမ့်နေခဲ့ပြီးသားပါပဲ...။
ဒါကို YB ကိုယ်တိုင်က လက်မခံနိုင်ခဲ့တာ...။
ငယ်ငယ်က လှောင်ပြောင်သံတွေနဲ့ ပါးပါးရဲ့အရင်ဇာတ်လမ်းတွေကြောင့် သူ ကိုကို့ကိုလက်ထပ်ခဲ့တာတောင် အချစ်ဆိုတာကြီးကို ဘေးဖယ်ထားခဲ့တယ်...။
သူ ကိုကို့ကို မချစ်ရဘူးလေ...။
သူ.. သူသာ ကိုကို့ကို တကယ်ချစ်မိသွားရင် ငယ်ငယ်က လှောင်ပြောင်ခံရသလိုတွေ တကယ်ဖြစ်သွားမှာပေါ့...။
G*y ဆိုတဲ့ အခေါ်အဝေါ်ကြီးကို YB သိပ်မုန်းတာ...။
ကြောက်လန့်တကြားနိုးထ,လာရတဲ့အိမ်မက်ဆိုးတွေ နဲ့ ငယ်ငယ်ကရခဲ့တဲ့ Psycho တွေကြောင့် အဲ့ဒီအသုံးအနှုံးကြီးက သူ့အတွက်တော့ လက်မခံနိုင်စရာတစ်ခုပဲ...။
သိပါတယ်...။
ကျွန်တော် ကိုကို့အပေါ် သံယောဇဥ်ရှိနေတယ်ဆိုတာ ကိုယ့်ကိုယ်ကို သိတယ်...။
ကိုကိုလည်း သိမှာပါပဲ...။
ဒါပေမယ့် ဘယ်လိုလုပ်မလဲ...??
ကျွန်တော်က ကိုကို့အပေါ် နာကျင်မှုတွေကိုပဲ ဆက်တိုက်ပေးမိနေမှာ ကျွန်တော် ကြောက်နေမိတယ် ကိုကို...။
ကိုကိုကတော့ ဘာမှပြောမှာမဟုတ်ပေမယ့် ကျွန်တော်လိုကောင်က ကိုကို့ဘဝအတွက်အဆိပ်အတောက်ဖြစ်စေရင် ဘယ်လိုလုပ်မလဲ...?
အတ္တကြီးတဲ့ကျွန်တော်က ကိုကို့ကို စိတ်မချမ်းသာစရာတွေပဲ ကြုံတွေ့စေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ...?
ကျွန်တော် မပြတ်သားနိုင်သေးပါလား ကိုကိုရယ်.....။
ကိုကို့လိုမျိုး တစ်ခါလောက် နှလုံးသားရဲ့နောက်ကို လိုက်ကြည့်ချင်လိုက်တာ...။
ဒါပေမယ့် ကျွန်တော်က 'ခဲမှန်ဖူးတဲ့ စာသူငယ်' လိုပဲ ကိုကို...။
ကျွန်တော်ကိုယ်တိုင်အတွက်ရော ကိုကို့အတွက်ရောပါ ကျွန်တော် တွန့်ဆုတ်နေမိတယ်...။
ညဝတ်အင်္ကျီလေးနဲ့ YB တစ်ယောက် အခန်းအပြင်ဘက်ကဝရံတာမှာ ချထားတဲ့ ခုံလေးပေါ်ကို ထိုင်ရင်း အတွေးများနေမိသည်။
မနက်အစောကြီးနိုးနေတာလား...?
မဟုတ်သေးဘူး... သူ ညကတည်းကအိပ်မရတာဖြစ်မယ်...။
အရင်ညတွေကရော...
အင်းးးဒီပုံစံအတိုင်းပါပဲ.....။
YB ကိုယ်တိုင်လည်း အိပ်မရတဲ့ညတွေများလွန်းလို့ ဂရုပင်မပြုမိတော့...။
_______________
တကယ်ဆို Baby လေးနဲ့အတူရှိနေရတဲ့ နေ့ရက်တွေ တစ်ရက်ချင်းစီတိုင်းဟာ XZ အတွက်တော့ Anniversary နေ့ရက်လေးတွေပါပဲ...။
Baby စိတ်ရှုပ်မှာမို့သာ ထုတ်မပြောတာ...။
အတူရှိနေတဲ့နေ့ရက်လေးတွေ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားတိုင်း 'ကျေးဇူးတင်ပါတယ်' လို့ သူ ပြောချင်ခဲ့တာ...။
ကိုယ် Baby ကို ကျေးဇူးတင်ပါတယ်...။
ကိုယ်နဲ့အတူရှိနေပေးတဲ့ နေ့ရက်တိုင်း နာရီတိုင်းအတွက် ကိုယ် တကယ်ကို ကျေးဇူးတင်ပါတယ် ကလေးရေ...။
ဒီ့ထက်မကပိုပြီးတော့ သက်ဆုံးတိုင်ထိ ကိုယ်နဲ့အတူ နေပေးနိုင်မလား...?
မင်းလေးဖြစ်ချင်တဲ့ဆန္ဒတွေကိုလည်းဖြည့်ဆည်းပေးမယ့်အပြင် ဒီလူကြီးကိုပါ မင်းလေးရဲ့ အပိုင်ဖြစ်စေပြီး ကျေးဇူးတင်ကြောင်းလည်း အချိန်တိုင်း နေ့တိုင်းပြောပေးမှာပေါ့.....။
ပြီးတော့ ကိုယ် Baby ကို အရမ်းချစ်ရတဲ့အကြောင်းလေးတွေရော.....။
ဒီနေ့ One month Anni မှာတော့ Xiao Zhan Baby လေးကို Suprise တိုက်ဖို့ပြင်ဆင်ထားပါတယ်...။
Advertisement
သူတို့ဆက်ဆံရေးက နည်းနည်းတော့ ကိုးယို့ကားယားနိုင်ပေမယ့် 'Baby ကြိုက်လောက်မှာပါ' လို့သာ ရည်ရွယ်ရင်း.....။
_______________
"ကို့!!"
အဆိုးလေးရဲ့အော်သံကြောင့် ဆေးသေတ္တာကို အခန်းထဲ သယ်လာနေတဲ့ ရှင်းချန် တစ်ယောက် ပြာပြာသလဲ ထူးတော်မူရ၏။
"ဗျာ ဗျ"
"ကျစ်! ဘောကို ဗျာ ဗျ တာလား...?
မသိရင်ဖြူစင်သလိုနဲ့...!
နာတယ်ဗျ ဒီမှာ ထိုင်လို့တောင်မရတော့ဘူး... ခင်ဗျားကတော့...!"
ရှင်းချန် အခန်းထဲကို ဝင်လာလာချင်း ကုတင်ပေါ်မှာ ရှုံ့မဲ့နေတဲ့ အဆိုးလေးဆီကနေ နှုတ်ခွန်းဆက်စကားတစ်သီကြီးကို ကြားလိုက်ရသည်။
အဆိုးလေး ဆဲလည်း ခံရတော့မှာပါပဲ...။
သူကိုက.....!
ဆေးသေတ္တာလေးကို ကုတင်ဘေးက စားပွဲပေါ်တင်ရင်း ညက အကြောင်းကိုပြန်တွေးမိတော့ ရှင်းချန် မျက်နှာ ပြုံးစိစိဖြစ်လာသည်။
ဒါကို မြင်တဲ့ အဆိုးလေးက ကုတင်ပေါ်ကနေ သူ့ကို ခေါင်းအုံးနဲ့ လှမ်းပစ်၏။
ရှင်းချန် မနေနိုင်တော့ပဲ အဆိုးလေးပစ်လိုက်တဲ့ ခေါင်းအုံးလေးကို လှမ်းဖမ်းလိုက်ကာ 'တဟားဟား' အော်ရယ်မိတော့သည်။
"Sh*t, shut up!!"
သူ ပြောလေ ရှင်းချန်မှာ ပိုအော်ရယ်လေဖြစ်တာကြောင့် ရွှယ်ယန် ဒေါသထွက်လာလေတော့သည်။
"ခင်ဗျား နှာဗူးကျလို့ ဒီမှာ နာနေတာကို ဘောမို့ ရယ်နေတာလား...? ခင်ဗျား!!"
ကုတင်ပေါ်က ကောင်လေးက မျက်နှာကြီးနီရဲနေကာ ဒေါသသံတွေပါ,ပါလာပြီမို့ ရှင်းချန်ထပ်မစရဲတော့.....။
"အဟမ်း..! မရယ်တော့ပါဘူးကွာ...
အဆိုးလေး ရှက်နေတာလေးက အရမ်းချစ်ဖို့ကောင်းတာပဲ... ဟဲဟဲ..."
စပ်ဖြဲဖြဲနဲ့ ပြောလာသည့် ဒေါက်တာလေးက ဆွဲထိုးချင်စရာ...။
လှုပ်မရအောင် နာနေလို့သာ.....။
"ဟ! ဘယ်သူက ရှက်နေလို့လဲ...?"
"ကိုယ့်ရဲ့အဆိုးလေးလေ..."
"ကျစ်! နောက်တစ်ခါ ဘယ်တော့မှ မပေးဘူး ခင်ဗျား မှတ်ထား!!"
နိုင်ငံရေးတွေပါ,ပါလာပြီမို့ ရှင်းချန် အချိုသာဆုံးပြုံးကာ မျက်နှာချိုသွေးရတော့သည်။
"ကိုယ့်ရဲ့ပါပီလေး..."
"............"
"ကိုယ့်ရဲ့အဆိုးလေး နာနေမှာပေါ့ ကိုယ် ဆေးလူးပေးမယ်လေ..."
"အဲ့တာ ခင်ဗျား နှာဗူးကျလို့လေ...
သောင်းကျန်းချက်က ဒီမှာ သေတော့မလိုပဲ... အာ့ ကျွတ်! ကျွတ်!"
ရှင်းချန်ကို အားရပါးရပြန်ပြောနေတုန်း အားပါသွားတာကြောင့် အနာကို ထိမိသွားဟန် "ကျွတ်" စုတ်သတ်ရင်း နဂါးမျက်စောင်းကလည်း ရှင်းချန်ဆီကို 'ဒိုင်းခနဲ'...။
တကယ်နာနေဟန် မျက်နှာလေးရှုံ့မဲ့နေတာမို့
ရှင်းချန် စိတ်မကောင်းဖြစ်သွားရသည်။
"အဆိုးလေးရယ် ကိုယ်တောင်းပန်ပါတယ်ကွာ... ဆေးလူးရအောင်နော် အရမ်းနာနေလား...?"
"နာတာပေါ့ မေးရက်ပါ့..!"
"Omm တောင်းပန်ပါတယ်ကွာ ကိုယ် ဆေးလူးပေးမယ်လေ ဟိုဖက်လှည့်ပေး...
ခနနေရင် မနက်စာနဲ့ဆေးသောက်ရဦးမယ်..."
ကုတင်ပေါ်ကကောင်လေးက မျက်နှာလေးရှုံ့မဲ့ပြီး သူ့ကို ပြန်ပက်လေသည်။
"ဆေးလူးနေတုန်း ခင်ဗျားပြန်စိတ်ပါလာရင်ဘယ်လိုလုပ်မလဲ...? No နော်...
ဒါနောက်ဆုံးပဲ..."
လက်ညိုးလေးတစ်ခါခါနဲ့ပြောနေပုံက ချစ်စရာကောင်းလွန်းတာမို့ ရှင်းချန်က အူယားလာရသည်။
"Aww ပါပီလေးရယ်...
ကိုယ် ဘာမှမလုပ်ပါဘူးကွာ နော်"
ရှင်းချန် ကတိပေးမှ ရှုံ့မဲ့နေတဲ့မျက်နှာလေးနဲ့ ဆေးလူးခံရှာ၏။
ဒေါက်တာရှင်းချန်က ဆေးရုံက နားရက်ရထားတာကြောင့် အိမ်မှာသောင်းကျန်းနေခြင်းဖြစ်သည်။
အဆိုးလေးကလည်း အရင်လို ရန်မဖြစ်တော့တာကလွဲရင် သူ့အပေါ်ကို တစ်နေ့တစ်ခြားဆိုးတတ်လာသည်။
သူတို့နှစ်ယောက်အကြောင်းကို အဆိုးလေးရဲ့မိဘတွေဆီဖွင့်ပြောလိုက်တော့ သူလေးရဲ့ပါးပါးက ရဲမှူးပီပီလက်မခံပေမယ့် သူ့မားကတော့ သိပ်မကန့်ကွက်ပဲ သူ့ယောကျာ်းကို ဖြောင်းဖြပေးမယ် ဟုပင်ပြောလာသေး၏။
အဆိုးလေးကတော့ သူ့ဗီဇအတိုင်းသိပ်ဂရုမစိုက်သည့်အပြင် 'ဘယ်သူမှသဘောမတူလည်း နေပါစေ ကျွန်တော့်အနားမှာ 'ကို' ရှိရင်ရပြီ' ဟုပင် ချစ်စဖွယ်ပြောသေးသည်။
သူတို့ အခြေအနေကမဆိုးဘူးလို့တော့ ပြောရမည်။
ရှင်းချန်မိဘတွေကတော့ သူ့စကားတစ်ခွန်းဆို တစ်ခွန်းမို့ စိတ်မကောင်းဖြစ်ပေမယ့် နားလည်ပေးကြပါသည်။
ဒါကြောင့် သူတို့နှစ်ယောက်က အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီးသည်နှင့် သာယာစရာကြည်နူးဖွယ်ကောင်းတဲ့ဘဝလေးတွေကိုပိုင်ဆိုင်လာသည်။
အမြဲတမ်းဒီလိုလေးနေသွားရဖို့လည်း ဆုတောင်းပါ၏။
______________
အခန်းတစ်ခန်းထဲတွင် ဓာတ်ပုံလေးတွေကို ထုတ်ကြည့်နေသော လူငယ်တစ်ယောက်...။
ဓာတ်ပုံထဲတွင် ဘွဲ့ဝတ်စုံဝတ်ထားသောကောင်လေးနှင့် ယုန်သွားလေးတွေပေါ်သည်အထိ ပြုံးနေသော လူတစ်ယောက်...။
ဘွဲ့ဝတ်စုံနှင့်ကောင်လေးရဲ့ပုခုံးပေါ်သို့ ကျူးကျော်နေသော ထိုလူသား၏လက်တစ်ဖက်...။
တစ်ခါတစ်လေဆိုရင်လည်း ထိုလူကြီးက YB ကို မသိလိုက် မသိဘာသာနဲ့
အတိတ်မေ့တာလိုလို ရွှေပျောက်တာလိုလိုနဲ့
ဒီလိုပဲ အဖက်ခံရ လက်ကိုင်ခံရတာတွေလည်းရှိပါသည်။
ဘွဲ့နှင်းသဘင်ရှိသည်မို့သာ ဘာမှမပြောတာ လူကြီးကတော့ တော်တော်လေးပျော်နေပုံရပါ၏။
အလကားလူကြီး...
မချစ်သင့်တဲ့လူတစ်ယောက်ကို ချစ်မိနေတာ သိသိရဲ့ရက်နဲ့ လက်လွှတ်ဖို့မကြိုးစားဘူး...။
'ပင်ပန်းနေပြီ' လို့ တစ်ခွန်းပဲ ပြောလိုက်ပါ ကိုကို...။
ကျွန်တော် ကိုကိုနဲ့အဝေးဆုံးကို ထွက်သွားမှာပါ.....။
ကျွန်တော်က ကိုကိုနဲ့မထိုက်တန်တဲ့ကောင်ပါ ကိုကိုရာ.....။
မနက်စာအတူတူထိုင်စားပြီးကတည်းကပျောက်သွားသော ကိုကိုသည် အခုချိန်ထိ ပေါ်မလာသေးပေ...။
YB လည်း ဓာတ်ပုံလေးတွေ ကြည့်နေရင်းပင် အတွေးများလိုက်ရ ၊ နာကျင်လိုက်ရ နှင့် အခန်းထဲမှာ တစ်ယောက်တည်း အလုပ်ရှုပ်နေတော့သည်။
_____________
"ဟာ! ဒေါက်တာ! လာပါဦး! ဒီအခန်းကလူနာမရှိတော့ဘူး!! လာကြပါဦး!!"
ဆေးလှည့်ဝင်သော neurs မလေးရဲ့ အော်သံအဆုံး ဒေါက်တာတွေ အပြေးအလွှားရောက်လာကြသည်။
"ဘယ်လိုဖြစ်တာလဲ...?!! မနက်က ကျွန်တော် ဖြတ်သွားတုန်းကတောင် သူ့ကို မြင်လိုက်သေးတယ်...!"
တာဝန်ကျဆရာဝန်တစ်ယောက်၏အသံသည် ထွက်ပေါ်လာပြီး မနက်က သူ မြင်ခဲ့ကြောင်း ထုတ်ဖော်ပြော၏။
ဆေးရုံတွင်းရှိ ဒေါက်တာတွေလည်း ထိုသတင်းကြောင့် ပြာယာခတ်ကုန်ကြလေသည်။
CCTV သွားစစ်သူကစစ် လိုက်ရှာသူကရှာရင်း တစ်ခနအတွင်း ဆေးရုံထဲမှာ အုံးအော်သောင်းနင်းဖြစ်ကုန်ကြလေသည်။
တစ်ဖက်တွင်တော့......,
အင်္ကျီဂျာကင်အနက်ရောင်နှင့် ဂျင်းဘောင်းဘီရှည်ခဲရောင်ကို တွဲဖက်ဝတ်ဆင်ထားပြီး ဦးထုပ်နက်ပြာရောင်ကို ခပ်ငိုက်ငိုက်ဆောင်းကာ ဆေးရုံဝန်းထဲကနေ ခပ်သွက်သွက်ထွက်လာနေသော အမျိုးသမီးတစ်ဦး.....။
Advertisement
သူမသည်မျက်နှာကို မဖော်လိုစွာ ဦးထုပ်လျှာကို လက်ဖြင့်အသာဆွဲချရင်း ခြေလှမ်းကိုမြန်သထက်မြန်ကာ လမ်တစ်ဖက်သို့ အသာအယာပင်ကူးသွားလေ၏။
သူမရဲ့နှုတ်ခမ်းထက်တွင်လည်း မဲ့ပြုံးတစ်ခုကိုဆင်မြန်းလိုက်ရင်း ပါးစပ်မှလည်း ခပ်တိုးတိုးရေရွတ်၏။
"ကျန့်ကို ငါ့ဆီက ခိုးယူသွားတဲ့လူ...
ဟက်! ပြေးလို့မလွတ်ပါဘူး..."
မိနစ်အနည်းငယ်ကြာပြီးနောက် သူမသည်လည်း တစ်ခြားသွားလာနေသော လူတွေနှင့်ရောကာ မြို့တွင်းလမ်းတွေထဲမှာ တရိပ်ရိပ်ပျောက်ကွယ်သွားတော့သည်။
ဆေးရုံကလူတွေကတော့ သူတို့ရဲ့ပေါ့ဆမှုကြောင့် ဗြောင်းဆန်နေခဲ့ကြလေသည်။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 2365 💞
Ep - 30 ထက်နည်းနည်းလေးစွန်းပြီးရင် ဒီ fic လေး complete ဖြစ်ပါပြီဗျ...။
Royal ရဲ့ ပထမဦးဆုံး fic လေးမို့ လိုအပ်ချက်တွေ / ဟာကွက်တွေ...,စတဲ့ မပြည့်စုံသေးတဲ့ အချက်တွေ အများကြီးရှိပါတယ် ဆိုတာကို Royal ကိုယ်တိုင်လည်း ဝန်ခံပါတယ်...။
ဒီလို မကောင်းမကမ်း ဝါသနာအရရေးတဲ့ fanfic လေးကို ဖတ်ရှုပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို Royal စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်...။
အဆုံးထိ အတူတူလိုက်ပါစီးမြောပေးကြဖို့လည်း မျှော်လင့်မိပါတယ်ဗျ...။
အစစအရာရာဂရုစိုက်ကြပါနော် ❤
Thanks you all...✨
💞 အားလုံးကို ချစ်ခင်လေးစားလျှက် 💞
K.Royalwhite💌💞🤍
Jun 8,2021 TUE (Updated Day) 🖤✨
Zawgyi
တစ္လ...,
တစ်လဆိုတဲ့အချိန်.....။
အခုဆို...
အခုတော့...
ဘာလို့လဲ...??
သိပါတယ်...။
ကိုကိုလည်း သိမှာပါပဲ...။
အရင်ညတွေကရော...
_______________
_______________
"ကို့!!"
"ဗျာ ဗျ"
မသိရင်ဖြူစင်သလိုနဲ့...!
သူကိုက.....!
"Sh*t, shut up!!"
"ဟ! ဘယ်သူက ရှက်နေလို့လဲ...?"
"ကိုယ့်ရဲ့အဆိုးလေးလေ..."
"ကိုယ့်ရဲ့ပါပီလေး..."
"............"
"နာတာပေါ့ မေးရက်ပါ့..!"
ဒါနောက်ဆုံးပဲ..."
"Aww ပါပီလေးရယ်...
______________
Advertisement
- In Serial28 Chapters
The Wrong April Fools text
"Bro, she cheated on me""Who dis?""Yea, I saw her kissing all over the guy""Is this an April fools joke?""I should've confronted her ""Haha this is a horrible joke, you know that?" ---------------------------------------------------------------------------------------------------------------------------------------What would you do if you got a text on April fools? Any sane person would block the number but Morgan Mae Hearst is just stubborn. Being the nerd in school doesn't bring that much excitement into Morgan's life especially when you're invisible until a certain text comes to her life in April Fools. Instead of blocking the number, Morgan texted him back.Nicolas Klyne found out his girlfriend cheated on him during April Fools. Knowing this, he did the first thing he thought of, tell his friends. Realizing that he informed the wrong number and the wrong person he apologizes but never in a million years would he think that it would be a 'thing'. *WARNING*1) CURSE WORDS AHEAD!!!2) 3-4 non- dialogue storyig: @syneshouseA/N: This is supposed to be a quick read. This isn't supposed to have any complicated plots or anything, just the development of two strangers that happens to stumble on each other.
8 148 - In Serial76 Chapters
My Arranged Billionaire Husband
Aria Brown is a 25 years old introvert. She works as an architect in Moretti constructions. Lives alone in Newyork. Neelam and Anna are her best friends. Her mom is adamant to get her married as soon as she turns 25.she has a small crush on her boss Allesandro Moretti.Allesandro Moretti, 27 years old. CEO of Moretti constructions. He is known as cold, and ruthless in the buisness world. Loves his family dearly even though they are pushing him to get him married.What will happen when their parents decide make them meet??Follow their journey will they found love? Or will it end right before even starts?
8 928 - In Serial11 Chapters
Anaya
Only regret in Anaya Brooks short yet fulfilling life was leaving her loyal yet extremely stubborn husband alone to himself after her death.Even though she got to know that her life was about to end at the young age of twenty-eight, Anaya Brooks was not sad. But the only concern which made her reluctant to leave was her husband who foolishly loved her to no end. Wondering how the man would cope up after she was gone.Some might say, it is so romantic that her husband refused to love anyone else after she was gone, being so loyal to her even after her death. Yet for Anaya Brooks, her husband was her best friend, her life partner, the one she wholeheartedly loved, so she did not want him to be alone for the rest of his life all by himself. It was unethical and foolish, not to mention utterly lonely.So for an unknown reason when Anaya Brooks got a second chance at life, what could she do?What could an infant do to make a thirty-year-old man find his next love?
8 190 - In Serial26 Chapters
The Improper Companion
It was the time of Prince Regent's rule on England when in the relatively small village of Bedfordshire, an impoverished companion-the daughter of an inconsequential vicar fell in love. But here was the catch. Who she fell in love with was no ordinary lad. He happened to be a grand Duke. This Duke was not only above her station and her employer but was also betrothed. She can neither act on her attraction towards him nor can she put the man out of her mind. So what will happen to this improper companion? Will she have her very own fairytale or will reality crush her dreams and hopes?
8 246 - In Serial22 Chapters
Just One Night (MC Romance)
Cover made by wecouldbefreeHighest Ranking #13 in General Fiction 9/14COMPLETEDUNEDITEDWhen Nineteen year old Madelyn Jones goes to a club for her birthday with her best friend Katie, she doesn't expect to meet anyone. She is just there because her friend forced her to go. She planned on going to the club for a couple hours, having a few drinks and maybe dancing a little, and then heading home to finish off her night by watching 'The Vampire Diaries' on Netflix, that was her idea of a perfect night.That isn't how her night ended though. She actually ended up going home with Jude, a hot, bad boy biker, not just any biker, the president of Mesa Highway MC, one of the biggest, most feared motorcycle clubs in Southern California.What happens when Maddie finds out that she is pregnant?Read to find out.
8 82 - In Serial54 Chapters
He calls me Angel
"You like tasting yourself, baby?"She didn't have time to answer, as she moaned against my lips, when a second finger entered her wet core. "Vaffanculo!" She cursed, writhing with each new thrust."Yeah, I'd like that," I said against her lips.~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•Erika Ricci, 24, never expected a patient like him to knock her off her high horse.Brandon A. King, 26, was immediately attracted to the young physician. His charming ways lure her in, but will his past and all the secrets he keeps to himself drive them apart?Scalpel meets fists and guns.Once they collide like wild fire, there's no turning back. ~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•#1 IN FIGHTCLUB (June 3rd 2021)#1 IN FEMALEDOCTOR (Nov 22nd 2021)#2 IN FIGHTFORLOVE (Nov 22nd 2021)#74 IN LAWYER (July 31st 2021) Copyright © 2020 by Dear_joanna. All rights reserved. !!Contains mature themes & language!! Pictures used in chapters belong to a their rightful owners.
8 149

