《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 26
Advertisement
Unicode
မြင့်မားလှသည့် အဆောက်အဦးကြီးတစ်ခုရှေ့တွင် ပြောင်လက်နေသော အဖြူရောင်ကားရှည်ကြီးတစ်စီး ရပ်တန့်လာသည်နှင့် Plaza ထဲရှိ ဝန်ထမ်းများအားလုံး တန်းစီနေကြပြီး ခေါင်းငုံ့အရိုအသေပေးကြရန် အဆင်သင့်အနေအထားရှိနေလေပြီ...။
ကားတံခါးကို တာဝန်ကျဝန်ထမ်းတစ်ယောက် အလျင်အမြန်လာဖွင့်ပေးလိုက်တယ်ဆိုလျှင်ပဲ ထိုတန်ဖိုးကြီး အဖြူရောင်ကားရှည်ကြီးပေါ်မှ ဆင်းသက်လာသည့် အနီရောင်ဒေါက်ဖိနပ်တစ်စုံ.....။
Plaza ထဲရှိဝန်ထမ်းများအားလုံး တန်းစီကာ ခေါင်းငုံ့အရိုအသေပေးကြရသည်အထိ ထိုအမျိုးသမီးသည် အရှိန်အဝါကြီးမားလွန်းခဲ့သည်။
အရှိန်အဝါနှင့်အတူ လှပမှုများပေါင်းစုံနေသည့် မျက်နှာလေးသည် မာနကြီးသည့်အရိပ်အယောင်များကိုလည်း ပေါ်လွင်စေ၏။
ထိုအမျိုးသမီးနှင့်အတူ ကားပေါ်မှ ရှေ့ဆင့်နောက်ဆင့် ဆင်းလာသည်ကတော့ ကြည့်လိုက်တာနှင့် 'ဘယ်သူ့သားလဲ' ဆိုတာ ပြောစရာကိုမလိုအောင် အရှိန်အဝါတစ်ခုဖြင့် တောက်ပနေသော 9 နှစ်အရွယ် ကောင်လေးတစ်ယောက်.....။
ထို Boss နှစ်ယောက် Plaza ထဲကို ဝင်လာသည်နှင့် ဘေးတစ်ဖက်တစ်ချက်စီမှာ တန်းစီမတ်တပ်ရပ်နေကြသော ဝန်ထမ်းတွေအားလုံး ခေါင်းငုံ့အရိုအသေပေးနေလျှက်သား.....။
Boss အမျိုးသမီးသည် ထိုဝန်ထမ်းတွေအား တစ်ချက်မျှ စောင်းငဲ့ကြည့်ခြင်း အလျဥ်းမရှိပါလေ...။
သို့သော် သူမရဲ့သား Boss ကောင်လေးကတော့ ဘေးနှစ်ဖက်က ဝန်ထမ်းတွေကို တစ်ချက်ငဲ့ကြည့်ကာ ခေါင်းတစ်ချက်ငြိမ့်ပြပြီး အသိအမှတ်ပြုပေးလေ၏။
ထိုခနတာအတွင်း ဝန်ထမ်းတွေရဲ့မျက်နှာမှာ Boss ကောင်လေးရဲ့အပြုအမူလေးကြောင့် အပြုံးရိပ်လေးတွေ ဖြတ်ပြေးကုန်ကြလေသည်။
ဓာတ်လှေကားတွေနှင့် အထပ်ပေါင်းများစွာ တက်လာကြပြီးနောက် မှန်ချက်တွေဖြင့်သာ အပြည့်ကာရံထားသည့် ရုံးခန်းထဲကို ရောက်သည်ဆိုလျှင်ပဲ ထို 9 သားအရွယ် ကောင်လေးသည် အောက်တည့်တည့်တွင်မြင်နေရသော ကစားကွင်းလေးဆီသို့ လှမ်းကြည့်တတ်၏။
မားသည် သစ္စာဖောက်တတ်သော သူမရဲ့ယောကျာ်းနှင့် ကွာရှင်းထားတာဖြစ်ပြီး တစ်ဦးတည်းသော သွေးသားဖြစ်သည့် သူ့အပေါ်ကိုလည်း မျှော်မှန်းချက် အရမ်းကြီးလွန်းသည်။
အရွယ်နှင့်မလိုက်အောင် Train ပေးပြီး သူ မသိတာ မလုပ်တတ်တာ မရှိရလေအောင်ကို သင်ကြားတတ်မြောက်စေခဲ့သည်။
ထို့ကြောင့် သူ့မှာ အချိန်လည်း မရှိသလို ကလေးပီပီ တစ်ခြားကလေးတွေလိုမျိုး ကစားချင်မိသည့် 'ကစားကွင်း' ဆိုသောအရာဟာလည်း သူ့အတွက် ကြားဖူးရုံ ၊ မြင်ဖူးရုံသာ ရှိခဲ့သည်။
ကစားကွင်း၌ ကစားရခြင်းဟူ၍ သူ့အတွက် ဘယ်တုန်းကမှမရှိခဲ့ဖူးပါလေ...။
မြင်နေရပေမယ့် မကြင်ရလေသော ကစားကွင်းလေးကို သူ ငေးကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
'တစ်နေ့တော့ ဒီကစားကွင်းကို အပိုင်ဝယ်ပစ်ပြီး အဝဆော့ပစ်မယ်' ဆိုတဲ့ ကလေးအတွေးလေးကလည်း သူ့ခေါင်းထဲမှာ နေရာယူထားခဲ့တာ ဒီ Plaza ကို ရောက်လာတဲ့ အချိန်တိုင်းပါပဲ...။
ကစားကွင်းလေးဆီသို့ ထို Boss ကောင်လေး ငေးကြည့်နေချိန် သူ့မျက်ဝန်းထဲသို့ ဝင်လာသည်က ဖြူဖြူသေးသေး အရိပ်ကလေးတစ်ခု...။
ထိုကလေးလေးသည် ကစားကွင်းကို ပတ်ပြေးနေပြီး သူ့အနောက်မှ အကိုဖြစ်ဟန်တူသည့် 12 နှစ် အရွယ်ကောင်လေးတစ်ယောက်က လိုက်ဖမ်းနေကာ ပျော်ရွှင်စွာ ဆော့ကစားနေကြလေသည်။
6 နှစ်အရွယ်လောက်သာရှိမည့် ဖြူဖြူသေးသေး ပါးဖောင်းဖောင်းလေးနှင့် ပေါက်စလေးသည် သွားကျိုးလေးတွေပေါ်သည်အထိ အစွမ်းကုန်ရယ်မောကာ ပျော်ရွှင်နေလေသည်။
သိပ်ကိုလှပသည့် ထိုမြင်ကွင်းလေးကို ကြည့်နေလေသော Boss ကောင်လေးရဲ့မျက်နှာထက်မှာလည်း အပျော်တွေ ကူးစက်လာသလို အပြုံးလေးတစ်ပွင့်ကို ဖြစ်ထွန်းစေခဲ့သည်။
ပြေးလို့မောသွားဟန်တူသော ပေါက်စလေးက လူလည်ကျစွာ 'တခစ်ခစ်' ရယ်လျက် သူ့ကိုကြီးဆီသို့ ပြန်ပြေးလာကာ အမောဖြေနေ၏။
"တိုတိုကြီး... တား ဒန်းစီးချက်ဒယ်..."
"ဟုတ်ပါပြီဗျာ ညီလေးသဘော..."
အပေါ်စီးကနေ ကြည့်နေရသည့်အတွက် သူတို့ပြောလိုက်သည့် စကားလေးတွေကို မကြားရသော်လည်း အမူအရာလေးတွေနှင့် ပြောနေသော ပေါက်စလေးကြောင့် ဘာပြောတယ်ဆိုတာကို သူ နားလည်လိုက်ပါသည်။
ထို့နောက် ပေါက်စလေးရဲ့အကိုက ပေါက်စလေးကို လက်လွှဲဒန်းလေးပေါ် တင်ပေးကာ အရှေ့အနောက်လွှဲပေးနေလေ၏။
ချစ်စဖွယ်အပြုံးလေးနဲ့အတူ ချစ်စရာကောင်းတဲ့ ထိုမြင်ကွင်းလေးဟာ ထို Boss ကောင်လေးအတွက်တော့ မမေ့နိုင်စရာ မြင်ကွင်းလေးတစ်ခုဖြစ်ခဲ့သည်။
ချုပ်နှောင်ခြင်းမရှိ လွတ်လပ်ပျော်မြူးစွာ 'တခစ်ခစ်' ရယ်နေလေသော ပေါက်စလေးကို ကြည့်ပြီး အချုပ်အနှောင်ဘဝနှင့်သာ ရှင်သန်လာခဲ့ရသည့် 9 နှစ်အရွယ် Boss ကောင်လေး 'ဝမ်ကျောက်' အတွက်တော့ ထိုပေါက်စလေးဟာ အားကျစရာကောင်းလွန်းခဲ့ပါသည်။
ထိုအချိန်က ပေါက်စလေးကို ဖြူဖြူစင်စင်ငေးကြည့်နေခဲ့ရင်း အပြုံးလေးတွေလည်း ကူးစက်စေခဲ့သလို
'အားကျခြင်း' ဟုသာ အမည်တပ်ဖြစ်ခဲ့သည့် ပေါက်စလေးရဲ့အပြုံးလေးတွေကိုလည်း သူ အမြဲတမ်း မြင်ချင်ခဲ့သည်။
ဘယ်သူထင်မှာလဲ...?
Happy man လို့ကို အမည်တွင်နေတဲ့ Wang Group ရဲ့ Boss တစ်ယောက်ဆီမှာ အချစ်နဲ့ပတ်သတ်ပြီး နာကျင်စရာအတိတ်တွေရှိခဲ့မယ်လို့လေ.....။
မှန်တွေအပြည့်ကာရံထားသော တံခါးကနေတစ်ဆင့် မြင်နေရတဲ့ ကစားကွင်းလေးကို သူ မျက်တောင်မခတ်ငေးကြည့်နေမိပါ၏။
အခုချိန် သူ့လက်အောက်ကိုရောက်နေပြီဖြစ်တဲ့ ထိုကစားကွင်းလေးဟာ အရင်အချိန်တွေတုန်းကလိုပဲ ကလေး အသံလေးတွေနှင့် ဆူညံစွာ အသက်ဝင်နေဆဲ...။
ကလေးလေးတွေရဲ့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ဖမ်းယူထားနိုင်ဆဲပါပဲ...။
ကစားကွင်းလေးကို နေရာတွေ တိုးချဲ့ပြီး ခေတ်နဲ့အညီ လှလှပပလေးဖြစ်အောင် ပြန်လည်ပြင်ဆင်ထားခဲ့ပေမယ့်လည်း ထိုကစားကွင်းလေးနဲ့ပတ်သတ်ပြီး လူတွေရဲ့ပါးစပ်ဖျားမှာ ပြောစရာလေးတစ်ခုတော့ ကျန်ရှိနေပါသေးသည်။
မင်း အခုချိန် တိုက်တွေအထပ်ပေါင်းများစွာနဲ့ အရှိန်အဝါကြီးလွန်းတဲ့ Wang Group ရဲ့ ဘေးက ကစားကွင်းလေးကို သွားကြည့်ဖြစ်ခဲ့မယ်ဆိုရင်.....
သစ်လွင်ပြီး ခေတ်နှင့်အညီ ကလေးတွေ အကြိုက် ပြန်လည်ပြင်ဆင်ထားတဲ့ ထိုကစားကွင်းလေးထဲမှာ.....
Advertisement
ဟောင်းနွမ်းနေတဲ့ လက်လွှဲဒန်းလေး တစ်ခုကိုတော့ မင်း အခုချိန်ထိ တွေ့မြင်နေရဦးမှာပါ...။
ဟိုးးး အရင်တစ်ချိန်တုန်းကလည်း တည်ရှိခဲ့တယ်...။
အခုလည်း တည်ရှိနေဆဲပဲ...။
ထိုကစားကွင်းလေးကို Wang Group ပိုင်ဆိုင်နေသရွေ့ နောင်တစ်ချိန်အထိလည်း ဟောင်းနွမ်းနေတဲ့ ထိုလက်လွှဲဒန်းလေးက အရာမယွင်းပဲ ဆက်လက်ပြီးတော့ တည်ရှိနေဦးမှာပဲ...။
အတော်လေး ဟောင်းနွမ်းနေပေမယ့်လည်း မပျက်စီးသေးတဲ့ လက်လွှဲဒန်းလေးဟာ အခုချိန်ထိလည်း ကလေးတွေရဲ့အာရုံကို ဖမ်းယူထားနိုင်ဆဲပါပဲ...။
ဘယ်သူမှ မသိတဲ့ အမှန်တရားတစ်ခုကတော့...
ထိုလက်လွှဲဒန်းလေးတစ်ခုလို ဟောင်းနွမ်းနေပေမယ့် ပြန်တွေးကြည့်လိုက်တိုင်း လတ်ဆက်နေဆဲ နှလုံးသားတစ်စုံကိုပါပဲ...။
"ကျန်းလေး... အရင်အချိန်တွေကို နောက်ပြန်ဆုတ်လို့ရခဲ့ရင် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ် မင်းလေးကိုပဲ ရွေးချယ်ခဲ့မှာ...
ဒါဆို မင်းလေးလည်း မနာကျင်ရတော့ဘူးလေ..."
ကစားကွင်းလေးဆီကနေ
အကြည့်တစ်ချက်မှ မရွေ့ပဲ
တစ်ယောက်တည်း စကားတွေပြောနေသည့်
ထိုလူသားရဲ့မျက်ဝန်းထဲမှာ
အရည်ကြည်တွေ ရစ်သိုင်းနေမယ် ဆိုတာကလည်း
သူ တစ်ယောက်တည်းသာ သိသည့်
သူရဲ့ side တစ်ဖက် ဆိုလည်း မှားမည်မထင်...။
နာကျင်နေဆဲ နှလုံးသားတစ်စုံကတော့ အပြစ်တွေအားလုံးကို ကျေကျေနပ်နပ် ခံယူထားသလို အသားကျနေပြီထင်ပါရဲ့.....။
နာကျင်နေရပေမယ့်လည်း
ဟောင်းနွမ်းနေပေမယ့်လည်းပေါ့...
ဒီဇာတ်လမ်းလေးနဲ့ ဒီနှလုံးသားလေးကတော့
အချိန်တိုင်း လတ်ဆတ်နေဆဲပါပဲ...။
_______________
"အဆိုးလေးကို ကိုယ် တာဝန်ယူထားရတာမို့ မင်းလေးက ကိုယ့်ကို ဘာပြန်ပေးမလဲ ပြော"
အဆိုးလေးရဲ့ဆေးရုံကိစ္စတွေအားလုံးကို ဒေါက်တာရှင်းချန် ကိုယ်တိုင် တာဝန်ယူပေးထားတာမို့ ပြဿနာကြီးကြီးမားမားတော့ ဖြစ်မသွားပေ...။
ဆေးရုံရဲ့အရေးကြီးအခန်းတွေထဲ ခိုးဝင်လာခြင်းကိစ္စကိုလည်း 'ရောဂါသာပါလာခဲ့ရင်' ဆိုတဲ့ အကြောင်းပြချက်နှင့်အတူ အရာအားလုံးပျောက်ကွယ်သွားခဲ့၏။
အခုလည်း ကိုယ့်အခန်းကိုယ်မနေပါပဲနဲ့ သူ့အခန်းကိုသာ လာကပ်နေသော အဆိုးလေးကို စ,ချင်စိတ်ဖြင့် မေးလိုက်လေသည်။
"Aww ကို ရယ်...
ကျွန်တော်က ခင်ဗျားကြီးအပိုင်ပါဆိုနေမှပဲ...
ဘာတွေ ထပ်လိုနေသေးတာလဲ...?"
အဆိုးလေး စကားကြောင့် ရှင်းချန် သဘောတကျရယ်လိုက်မိသည်။
စကားသိပ်တတ်တဲ့ ကောင်လေး.....။
"ဟုတ်ပါ့ဗျာ...
ကိုယ့်ရဲ့ပါပီလေးက ကိုယ့်ရဲ့အပိုင်ပဲပေါ့...
ဘယ်သူ့အပိုင်ဖြစ်ရဦးမှာလဲ...?
ဒါပေမယ့်........."
"ဘာလဲ?"
ရှင်းချန်ရဲ့ 'ဒါပေမယ့်.........' ဆွဲပြောနေသံကြီးကြောင့် ရွှယ်ရန် မျက်လုံးလှန်ကြည့်ကာ မေးလိုက်သည်။
"အဟဲ... မင်းလေးနဲ့ကိုယ်နဲ့က ရည်စားအရာမှာ တရားမဝင်သေးဘူးလားလို့...?"
"ဟမ်"
ရှင်းချန်ရဲ့ရယ်သံတစ်ဝက်ရောကာ ပြောလိုက်သောစကားကို ရွှယ်ရန် တစ်ယောက် ဘာကိုဆိုလိုမှန်း နားမလည်သေးပေ.....။
"ဟက်!
မင်းလေးပဲ ကိုယ့်ကို စာပေးတုန်းက ညစာအဝကျွေးမယ် ဆို...
မင်းလေးပဲ ရေးထားပြီးတော့...
ကိုယ် မှတ်မိတယ်နော် ကောင်လေး... လူလည်မကျနဲ့..."
ဒေါက်တာ့စကားကြောင့် ရွှယ်ရန် အသံထွက်အောင်ပင် ရယ်လိုက်မိသည်။
ဘယ်လိုလူမှန်းကို မသိပါဘူးဗျာ...။
ဒီလူက သူ့ဆီသို့ ဘာမှ မကြောက်ရွံ့ရပါပဲ ခက်ခက်ခဲခဲလာခဲ့ကတည်းကကျွန်တော့်ရဲ့အရာအားလုံးက ဒေါက်တာ ဆိုတာ ပေါ်လွင်နေပြီးသားပဲလေ.....။
"ဟားးး ဘာများလဲလို့ဗျာ...
စာရွက် တစ်ရွက်လုံးမှာ ခင်ဗျားက အဲ့ဒီစာတစ်ကြောင်းတည်းပဲ မြင်တာလား...?"
အဆိုးလေး ပြောလိုက်သော စကားကြောင့် ရှင်းချန် တစ်ယောက် ရှက်သွားကာ သူ့လည်ပင်းကို လက်ဖြင့် အသာပွတ်ရင်း ပြန်ဖြေလေ၏။
"မဟုတ်ပါဘူးကွာ... စတာ စတာ...
ဆေးရုံဆင်းမှ..."
အံမယ်... သူကပဲ စကားလာစ,ပြီးတော့
သူကပဲ ပြန်ရှက်ရတယ်ရှိသေး...။
ဒီဒေါက်တာလေးနဲ့တော့.....။
"ဟက်! ကိုရာ..."
ရှင်းချန်ကတော့ အဆိုးလေးရဲ့ပြုံးနေတဲ့ပုံစံလေးကို ငေးကြည့်နေပြီး သူပါ ရှက်ပြုံးလေး လိုက်ပြုံးမိသည်။
ကျွန်တော့်ရဲ့အဆိုးလေးက ပြုံးလိုက်ရင် သိပ်ကို ချောတာ...။
_______________
"Baby ဘယ်ဝင်ချင်သေးလဲ...?
ကစားကွင်း ၊ ပန်းခြံ ၊ Plaza ၊ စားသောက်ဆိုင် ဒါမှမဟုတ်
ဘယ်တွေ သွားချင်သေးလဲ...?
Baby သွားချင်တဲ့နေရာကိုပြော
ကိုယ်လိုက်ပို့မယ်လေ..."
"အိမ်ကိုပဲ မောင်းတော့...
ကျွန်တော် ပင်ပန်းနေပြီ"
ကားရဲ့ပြတင်းပေါက်မှန်ကနေတစ်ဆင့် ထုံးစံမပျက် အပြင်ကို ငေးကာ လိုက်လာတဲ့ Baby လေးက အချစ်ငှက်လေးတွေရဲ့ Wedding ကို သွားထားရတာကြောင့် ပင်ပန်းသွားဟန်တူ၏။
ထို့ကြောင့် XZ လည်း ထွေထွေထူးထူးပြောမနေတော့ပဲ အိမ်ကိုပဲ မောင်းလာခဲ့လိုက်တော့သည်။
အချစ်ငှက်လေးတွေကပြောတယ်...။
"အကိုတို့အတွဲ သိပ်အားကျတာပဲ" တဲ့...။
ကျွန်တော် ပြုံးပြီးတော့ပဲ နားထောင်လာခဲ့လိုက်တယ်...။
ကျွန်တော်တို့အတွဲမှာ ဘယ်အရာကများ အားကျစရာဖြစ်ခဲ့လေသလဲ...?
နာမည်ကြီး အိမ်တော်နှစ်ခု ပေါင်းစည်းခြင်းကြောင့် ပိုချမ်းသာသွားလို့ အားကျကြတာလား...?
မင်္ဂလာဆောင်တုန်းက နှင်းဆီပန်းမိုးတွေ ရွာသွန်းပေးခဲ့တဲ့ လူကြီးရဲ့အပြင်အဆင်ကြောင့်လား...?
ကျွန်တော့်ဘေးက လူကြီးကို ရထားလို့ ကံကောင်းတယ် ဆိုပြီး အားကျကြတာလား...?
ကျွန်တော် ပန်းခြံမှာတုန်းက အားကျတယ် လို့ ပြောခဲ့ဖူးတဲ့ အတွဲက ကျွန်တော်တို့ကို ပြန်ပြီး အားကျတယ်တဲ့...။
မသိတော့ဘူး...။
Advertisement
ကျွန်တော့်ဘဝကြီးက အရင်ကတည်းက, ကမောက်ကမဖြစ်နေခဲ့ပြီးသားပဲလေ...။
အိမ်ရောက်တော့ လူကြီး လာဖွင့်ပေးသော ကားတံခါးကနေ ဆင်းလာကာ အခန်းထဲကိုပဲ တန်းဝင်လာလိုက်သည်။
ကျွန်တော် နားချင်နေတာပဲသည်။
ကစားပွဲတစ်ခုမှာ နိုင်တယ် ဆိုတာ...
ကစားပွဲပြီးသွားတဲ့အခါ ဘာနာကျင်မှုမှ မရှိပဲ လွတ်လွတ်လပ်လပ် ရယ်မောပြီး အောင်ပွဲခံနိုင်တာကို ဆိုလိုတာလား...?
ဒါဆို ကျွန်တော် ဖန်တီးခဲ့တဲ့ကစားပွဲမှာ အရင်ကတည်းကရှုံးနိမ့်နေခဲ့ပြီးသားလား...?
ကျွန်တော့်ရဲ့အတွေးတွေ ကျွန်တော့်ရဲ့လုပ်ရပ်တွေ.....
'ကစားပွဲပြီးတာနဲ့ ခင်ဗျားနဲ့ဝေးရာကို ပြေးထွက်သွားမယ်' လို့ တွေးခဲ့ဖူးတာတွေ...။
ဘာလို့လဲ...???
ကျွန်တော် ခင်ဗျားကို တကယ်ရော နာကျင်စေချင်ရဲ့လား Xiao Zhan...?
မွန်းကြပ်လွန်းတဲ့ စိတ်တွေကို
အားလုံးရဲ့အစလို့သတ်မှတ်ခဲ့တဲ့
ခင်ဗျားနဲ့ တွေ့လိုက်ရချိန်မှာ
ကျွန်တော့်ရဲ့စိတ်ထွက်ပေါက်တစ်ခုကို
တွေ့လိုက်ရသလိုမျိုး အပြစ်တွေအားလုံးကို
ခင်ဗျားအပေါ်မှာပဲ ပုံချမိခဲ့တာတွေ...။
ညဘက်ဆို အိမ်မက်ဆိုးတွေ မက်ခဲ့ရတာတွေ...
စိတ်တွေ အရမ်းမွန်းကြပ်ခဲ့ရတာတွေ...
စ,နောက်သံတွေ...
လှောင်ပြောင်သံတွေ...
ကျွန်တော် မကြိုက်တဲ့ စကားသံတွေ...
ကျွန်တော့်ရဲ့မကောင်းတဲ့ အတိတ်တွေ
အချက်တွေ အားလုံးက...
"ခင်ဗျားကြောင့်!!" ဆိုပြီး
မွန်းကြပ်လွန်းခဲ့တဲ့ စိတ်တွေကို
စိတ်ထွက်ပေါက်တစ်ခုအတွက်
ဒေါသအဖြစ်ပြောင်းစေပြီး
ခင်ဗျား တစ်ယောက်တည်းအပေါ်မှာပဲ
ဒေါသတွေထွက် လက်ညိုးထိုးပြီး
အပြစ်ပုံချမိခဲ့ခြင်းတွေဟာ
ကျွန်တော် သိပ်ကလေးဆန်သွားသလား...?
ကျွန်တော့်ရဲ့စိတ်ထွက်ပေါက်အတွက်
ကျွန်တော့်ရဲ့အတိတ်က အမုန်းတရားတွေအတွက်
အားလုံးစုပြုံပြီး အပြစ်ပုံချနိုင်ဖို့အတွက်
ကျွန်တော့်ရဲ့မာနတွေအတွက်
ကျွန်တော့်ရဲ့အတ္တတွေ
မခံချင်စိတ်တွေ
ရှက်စိတ်တွေ
ဒေါသတွေအားလုံးအတွက်...
ခင်ဗျားက ဓားစာခံဖြစ်နေခဲ့သလား.....?
ကျွန်တော့်ရဲ့အတိတ်ဆိုးတွေက
လူတစ်ယောက်ကြောင့်ဆိုပြီး
အဲ့ဒီလူကိုပဲ အပြစ်တွေတင်ပြီး
ဖြေဖျောက်နေခဲ့ရတာ
ဘယ်လောက် ပင်ပန်းတယ်ထင်လဲ...?
ကျွန်တော့်ရဲ့ကလေးဆန်ဆန် အပြုအမူတွေက ခင်ဗျားအတွက်လည်း ပင်ပန်းစေတယ်မလား Xiao Zhan...?
ခင်ဗျား ဘာလို့ ကျွန်တော့်ကို ဆက်ပြီး ဂရုစိုက်နေသေးလဲ...?
ကျွန်တော့်လို ကောင်ကို ဘာဖြစ်ဖြစ် ခင်ဗျား လွှတ်ထားလိုက်ရမှာ...။
ဆေးမိနေတဲ့ ခင်ဗျားကို စ,ခဲ့တဲ့ ကျွန်တော့်လို ကောင်ကို...
ကိုယ့်အတ္တတွေအတွက်ပဲ ကြည့်ပြီး ခင်ဗျားကို အသုံးချနေတဲ့ ကျွန်တော့်ကို...
ခင်ဗျားအပေါ် မျက်နှာသာမပေးခဲ့တဲ့ ကျွန်တော့်ကို...
မခံချင်စိတ်တွေနဲ့မို့ မကောင်းတဲ့အတိတ်ခံတွေနဲ့မို့ ခင်ဗျားအပေါ်ကိုပဲ အရာအားလုံးအပြစ်ပုံချတဲ့ ကျွန်တော့်လိုကောင်ကို...
ခင်ဗျား မုန်းသင့်တာ.....။
ခင်ဗျား မုန်းသင့်တာ Xiao Zhan ရဲ့...။
ကျွန်တော် ပင်ပန်းနေပြီ...။
ခင်ဗျားကို နာကျင်စေချင်တာ မှန်ပေမယ့် တကယ်တမ်းကျတော့လည်း မဟုတ်ပြန်ဘူး...။
ကျွန်တော်ရော ကိုကိုရော နာကျင်စေမယ့်အတူတူ အချိန်မနှောင်းခင် ရှေ့မဆက်ကြရအောင်လား...?
ကျွန်တော် အတ္တမကြီးသင့်တော့ဘူးလေ...။
ကျွန်တော့်စိတ်တွေ ပေါ့ပါးစေမယ့်ထင်လို့ ရွေးချယ်ခဲ့လမ်းက အရမ်းပင်ပန်းစေတယ်...။
ကိုကိုရော ကျွန်တော့်ကို ချစ်ရလို့ ပင်ပန်းနေပြီမလား...?
လက်လွှတ်လိုက်ပါတော့ ကိုကို...။
တစ်နေ့ပေါ့...
တစ်နေ့ဆိုတဲ့ အချိန်ရောက်ရင် ကျွန်တော်ရော ကိုကိုရော နေသားကျသွားကြမှာပါ.....။
ကျွန်တော်လိုကောင်က ကိုကို့ရဲ့အချစ်နဲ့ မထိုက်တန်ပါဘူး...။ 💔
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 2732 words 💞
Royal အားလုံးကို ပြောစရာတစ်ခုရှိပါတယ်...>Royal ရဲ့ Fb acc name လေး change ထားပါတယ်လို့...။
Fb မှာ Fri ဖြစ်တဲ့လူတွေလည်း မမှတ်မိမှာစိုးလို့ပါ...။
Řòýâl Wĥițé ဆိုတဲ့ Name လေးကနေ
K Royal White ဆိုတဲ့ Wp acc name နဲ့တူတဲ့ ရိုးရိုးရှင်းရှင်း name လေးကို ပြောင်းလိုက်တာပါ...။
Search # မှာလည်း #Řòýâlwĥițé အစား
#Kroyalwhite ဆိုတဲ့ search # လေးကို အားလုံးပြောင်းလိုက်ပါတယ်ရှင့်...။
မမှတ်မိကြမှာစိုးလို့ Profile Picture တော့ မပြောင်းထားပါဘူးနော်။
ပုံလေးတွေ တစ်ချက်ကြည့်သွားပေးဦး...😁
ဒ
ဒါလေးက အရင်သုံးတဲ့ Acc လေးပေါ့နော်...။
ဒါလေးကတော့ Change ထားတဲ့ အခုလက်ရှိသုံးနေတဲ့ Acc name လေးပါ...။
ဖတ်ရှုပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်...။😍
အစစအရာရာဂရုစိုက်ကြပါနော် ❤
Thanks you all...💌💞
💞 အားလုံးကို ချစ်ခင်လေးစားလျှက် 💞
K.Royalwhite💌💞🤍
Jun 4,2021 FRI (Updated Day) 🖤✨
Zawgyi
ျမင့္မားလွသည့္ အေဆာက္အဦးႀကီးတစ္ခုေရွ႕တြင္ ေျပာင္လက္ေနေသာ အျဖဴေရာင္ကားရွည္ႀကီးတစ္စီး ရပ္တန့္လာသည္ႏွင့္ Plaza ထဲရွိ ဝန္ထမ္းမ်ားအားလုံး တန္းစီေနၾကၿပီး ေခါင္းငုံ႕အရိုအေသေပးၾကရန္ အဆင္သင့္အေနအထားရွိေနေလၿပီ...။
ကားတံခါးကို တာဝန္က်ဝန္ထမ္းတစ္ေယာက္ အလ်င္အျမန္လာဖြင့္ေပးလိုက္တယ္ဆိုလွ်င္ပဲ ထိုတန္ဖိုးႀကီး အျဖဴေရာင္ကားရွည္ႀကီးေပၚမွ ဆင္းသက္လာသည့္ အနီေရာင္ေဒါက္ဖိနပ္တစ္စုံ.....။
Plaza ထဲရွိဝန္ထမ္းမ်ားအားလုံး တန္းစီကာ ေခါင္းငုံ႕အရိုအေသေပးၾကရသည္အထိ ထိုအမ်ိဳးသမီးသည္ အရွိန္အဝါႀကီးမားလြန္းခဲ့သည္။
အရွိန္အဝါႏွင့္အတူ လွပမႈမ်ားေပါင္းစုံေနသည့္ မ်က္ႏွာေလးသည္ မာနႀကီးသည့္အရိပ္အေယာင္မ်ားကိုလည္း ေပၚလြင္ေစ၏။
ထိုအမ်ိဳးသမီးႏွင့္အတူ ကားေပၚမွ ေရွ႕ဆင့္ေနာက္ဆင့္ ဆင္းလာသည္ကေတာ့ ၾကည့္လိုက္တာႏွင့္ 'ဘယ္သူ႕သားလဲ' ဆိုတာ ေျပာစရာကိုမလိုေအာင္ အရွိန္အဝါတစ္ခုျဖင့္ ေတာက္ပေနေသာ 9 ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ေယာက္.....။
ထို Boss ႏွစ္ေယာက္ Plaza ထဲကို ဝင္လာသည္ႏွင့္ ေဘးတစ္ဖက္တစ္ခ်က္စီမွာ တန္းစီမတ္တပ္ရပ္ေနၾကေသာ ဝန္ထမ္းေတြအားလုံး ေခါင္းငုံ႕အရိုအေသေပးေနလွ်က္သား.....။
Boss အမ်ိဳးသမီးသည္ ထိုဝန္ထမ္းေတြအား တစ္ခ်က္မွ် ေစာင္းငဲ့ၾကည့္ျခင္း အလ်ဥ္းမရွိပါေလ...။
သို႔ေသာ္ သူမရဲ႕သား Boss ေကာင္ေလးကေတာ့ ေဘးႏွစ္ဖက္က ဝန္ထမ္းေတြကို တစ္ခ်က္ငဲ့ၾကည့္ကာ ေခါင္းတစ္ခ်က္ၿငိမ့္ျပၿပီး အသိအမွတ္ျပဳေပးေလ၏။
ထိုခနတာအတြင္း ဝန္ထမ္းေတြရဲ႕မ်က္ႏွာမွာ Boss ေကာင္ေလးရဲ႕အျပဳအမူေလးေၾကာင့္ အၿပဳံးရိပ္ေလးေတြ ျဖတ္ေျပးကုန္ၾကေလသည္။
ဓာတ္ေလွကားေတြႏွင့္ အထပ္ေပါင္းမ်ားစြာ တက္လာၾကၿပီးေနာက္ မွန္ခ်က္ေတြျဖင့္သာ အျပည့္ကာရံထားသည့္ ႐ုံးခန္းထဲကို ေရာက္သည္ဆိုလွ်င္ပဲ ထို 9 သားအ႐ြယ္ ေကာင္ေလးသည္ ေအာက္တည့္တည့္တြင္ျမင္ေနရေသာ ကစားကြင္းေလးဆီသို႔ လွမ္းၾကည့္တတ္၏။
မားသည္ သစၥာေဖာက္တတ္ေသာ သူမရဲ႕ေယာက်ာ္းႏွင့္ ကြာရွင္းထားတာျဖစ္ၿပီး တစ္ဦးတည္းေသာ ေသြးသားျဖစ္သည့္ သူ႕အေပၚကိုလည္း ေမွ်ာ္မွန္းခ်က္ အရမ္းႀကီးလြန္းသည္။
အ႐ြယ္ႏွင့္မလိုက္ေအာင္ Train ေပးၿပီး သူ မသိတာ မလုပ္တတ္တာ မရွိရေလေအာင္ကို သင္ၾကားတတ္ေျမာက္ေစခဲ့သည္။
ထို႔ေၾကာင့္ သူ႕မွာ အခ်ိန္လည္း မရွိသလို ကေလးပီပီ တစ္ျခားကေလးေတြလိုမ်ိဳး ကစားခ်င္မိသည့္ 'ကစားကြင္း' ဆိုေသာအရာဟာလည္း သူ႕အတြက္ ၾကားဖူး႐ုံ ၊ ျမင္ဖူး႐ုံသာ ရွိခဲ့သည္။
ကစားကြင္း၌ ကစားရျခင္းဟူ၍ သူ႕အတြက္ ဘယ္တုန္းကမွမရွိခဲ့ဖူးပါေလ...။
ျမင္ေနရေပမယ့္ မၾကင္ရေလေသာ ကစားကြင္းေလးကို သူ ေငးၾကည့္႐ုံသာ တတ္နိုင္ခဲ့သည္။
'တစ္ေန႕ေတာ့ ဒီကစားကြင္းကို အပိုင္ဝယ္ပစ္ၿပီး အဝေဆာ့ပစ္မယ္' ဆိုတဲ့ ကေလးအေတြးေလးကလည္း သူ႕ေခါင္းထဲမွာ ေနရာယူထားခဲ့တာ ဒီ Plaza ကို ေရာက္လာတဲ့ အခ်ိန္တိုင္းပါပဲ...။
ကစားကြင္းေလးဆီသို႔ ထို Boss ေကာင္ေလး ေငးၾကည့္ေနခ်ိန္ သူ႕မ်က္ဝန္းထဲသို႔ ဝင္လာသည္က ျဖဴျဖဴေသးေသး အရိပ္ကေလးတစ္ခု...။
ထိုကေလးေလးသည္ ကစားကြင္းကို ပတ္ေျပးေနၿပီး သူ႕အေနာက္မွ အကိုျဖစ္ဟန္တူသည့္ 12 ႏွစ္ အ႐ြယ္ေကာင္ေလးတစ္ေယာက္က လိုက္ဖမ္းေနကာ ေပ်ာ္႐ႊင္စြာ ေဆာ့ကစားေနၾကေလသည္။
6 ႏွစ္အ႐ြယ္ေလာက္သာရွိမည့္ ျဖဴျဖဴေသးေသး ပါးေဖာင္းေဖာင္းေလးႏွင့္ ေပါက္စေလးသည္ သြားက်ိဳးေလးေတြေပၚသည္အထိ အစြမ္းကုန္ရယ္ေမာကာ ေပ်ာ္႐ႊင္ေနေလသည္။
သိပ္ကိုလွပသည့္ ထိုျမင္ကြင္းေလးကို ၾကည့္ေနေလေသာ Boss ေကာင္ေလးရဲ႕မ်က္ႏွာထက္မွာလည္း အေပ်ာ္ေတြ ကူးစက္လာသလို အၿပဳံးေလးတစ္ပြင့္ကို ျဖစ္ထြန္းေစခဲ့သည္။
ေျပးလို႔ေမာသြားဟန္တူေသာ ေပါက္စေလးက လူလည္က်စြာ 'တခစ္ခစ္' ရယ္လ်က္ သူ႕ကိုႀကီးဆီသို႔ ျပန္ေျပးလာကာ အေမာေျဖေန၏။
"တိုတိုႀကီး... တား ဒန္းစီးခ်က္ဒယ္..."
"ဟုတ္ပါၿပီဗ်ာ ညီေလးသေဘာ..."
အေပၚစီးကေန ၾကည့္ေနရသည့္အတြက္ သူတို႔ေျပာလိုက္သည့္ စကားေလးေတြကို မၾကားရေသာ္လည္း အမူအရာေလးေတြႏွင့္ ေျပာေနေသာ ေပါက္စေလးေၾကာင့္ ဘာေျပာတယ္ဆိုတာကို သူ နားလည္လိုက္ပါသည္။
ထို႔ေနာက္ ေပါက္စေလးရဲ႕အကိုက ေပါက္စေလးကို လက္လႊဲဒန္းေလးေပၚ တင္ေပးကာ အေရွ႕အေနာက္လႊဲေပးေနေလ၏။
ခ်စ္စဖြယ္အၿပဳံးေလးနဲ႕အတူ ခ်စ္စရာေကာင္းတဲ့ ထိုျမင္ကြင္းေလးဟာ ထို Boss ေကာင္ေလးအတြက္ေတာ့ မေမ့နိုင္စရာ ျမင္ကြင္းေလးတစ္ခုျဖစ္ခဲ့သည္။
ခ်ဳပ္ႏွောင္ျခင္းမရွိ လြတ္လပ္ေပ်ာ္ျမဴးစြာ 'တခစ္ခစ္' ရယ္ေနေလေသာ ေပါက္စေလးကို ၾကည့္ၿပီး အခ်ဳပ္အႏွောင္ဘဝႏွင့္သာ ရွင္သန္လာခဲ့ရသည့္ 9 ႏွစ္အ႐ြယ္ Boss ေကာင္ေလး 'ဝမ္ေက်ာက္' အတြက္ေတာ့ ထိုေပါက္စေလးဟာ အားက်စရာေကာင္းလြန္းခဲ့ပါသည္။
ထိုအခ်ိန္က ေပါက္စေလးကို ျဖဴျဖဴစင္စင္ေငးၾကည့္ေနခဲ့ရင္း အၿပဳံးေလးေတြလည္း ကူးစက္ေစခဲ့သလို
'အားက်ျခင္း' ဟုသာ အမည္တပ္ျဖစ္ခဲ့သည့္ ေပါက္စေလးရဲ႕အၿပဳံးေလးေတြကိုလည္း သူ အၿမဲတမ္း ျမင္ခ်င္ခဲ့သည္။
ဘယ္သူထင္မွာလဲ...?
Happy man လို႔ကို အမည္တြင္ေနတဲ့ Wang Group ရဲ႕ Boss တစ္ေယာက္ဆီမွာ အခ်စ္နဲ႕ပတ္သတ္ၿပီး နာက်င္စရာအတိတ္ေတြရွိခဲ့မယ္လို႔ေလ.....။
မွန္ေတြအျပည့္ကာရံထားေသာ တံခါးကေနတစ္ဆင့္ ျမင္ေနရတဲ့ ကစားကြင္းေလးကို သူ မ်က္ေတာင္မခတ္ေငးၾကည့္ေနမိပါ၏။
အခုခ်ိန္ သူ႕လက္ေအာက္ကိုေရာက္ေနၿပီျဖစ္တဲ့ ထိုကစားကြင္းေလးဟာ အရင္အခ်ိန္ေတြတုန္းကလိုပဲ ကေလး အသံေလးေတြႏွင့္ ဆူညံစြာ အသက္ဝင္ေနဆဲ...။
ကေလးေလးေတြရဲ႕ ခ်စ္စရာေကာင္းတဲ့ အၿပဳံးေလးေတြကို ဖမ္းယူထားနိုင္ဆဲပါပဲ...။
ကစားကြင္းေလးကို ေနရာေတြ တိုးခ်ဲ့ၿပီး ေခတ္နဲ႕အညီ လွလွပပေလးျဖစ္ေအာင္ ျပန္လည္ျပင္ဆင္ထားခဲ့ေပမယ့္လည္း ထိုကစားကြင္းေလးနဲ႕ပတ္သတ္ၿပီး လူေတြရဲ႕ပါးစပ္ဖ်ားမွာ ေျပာစရာေလးတစ္ခုေတာ့ က်န္ရွိေနပါေသးသည္။
မင္း အခုခ်ိန္ တိုက္ေတြအထပ္ေပါင္းမ်ားစြာနဲ႕ အရွိန္အဝါႀကီးလြန္းတဲ့ Wang Group ရဲ႕ ေဘးက ကစားကြင္းေလးကို သြားၾကည့္ျဖစ္ခဲ့မယ္ဆိုရင္.....
သစ္လြင္ၿပီး ေခတ္ႏွင့္အညီ ကေလးေတြ အႀကိဳက္ ျပန္လည္ျပင္ဆင္ထားတဲ့ ထိုကစားကြင္းေလးထဲမွာ.....
ေဟာင္းႏြမ္းေနတဲ့ လက္လႊဲဒန္းေလး တစ္ခုကိုေတာ့ မင္း အခုခ်ိန္ထိ ေတြ႕ျမင္ေနရဦးမွာပါ...။
ဟိုးးး အရင္တစ္ခ်ိန္တုန္းကလည္း တည္ရွိခဲ့တယ္...။
အခုလည္း တည္ရွိေနဆဲပဲ...။
ထိုကစားကြင္းေလးကို Wang Group ပိုင္ဆိုင္ေနသေ႐ြ႕ ေနာင္တစ္ခ်ိန္အထိလည္း ေဟာင္းႏြမ္းေနတဲ့ ထိုလက္လႊဲဒန္းေလးက အရာမယြင္းပဲ ဆက္လက္ၿပီးေတာ့ တည္ရွိေနဦးမွာပဲ...။
အေတာ္ေလး ေဟာင္းႏြမ္းေနေပမယ့္လည္း မပ်က္စီးေသးတဲ့ လက္လႊဲဒန္းေလးဟာ အခုခ်ိန္ထိလည္း ကေလးေတြရဲ႕အာ႐ုံကို ဖမ္းယူထားနိုင္ဆဲပါပဲ...။
ဘယ္သူမွ မသိတဲ့ အမွန္တရားတစ္ခုကေတာ့...
ထိုလက္လႊဲဒန္းေလးတစ္ခုလို ေဟာင္းႏြမ္းေနေပမယ့္ ျပန္ေတြးၾကည့္လိုက္တိုင္း လတ္ဆက္ေနဆဲ ႏွလုံးသားတစ္စုံကိုပါပဲ...။
Advertisement
- In Serial81 Chapters
Villainous Husband
[Not MY Story] OFFLINE Purpose. I possessed the wife of the Emperor, the mad villain of a tragic novel.After a while, when the evil Emperor looks to be obsessed with the saint who appears, I will vanish as if I was never here at all. Because the moment the blind villain meets the Saint...He won't even remember that I exist!I really did nothing.I just stayed very quietly in order to not incur his wrath...***"I'll give you a choice."The corner of his lips raised crookedly. Though that smile did not reach his eyes at all."One, return to the palace with me..."His gaze was enough to unnerve me."Two, let me kill all these men who have hidden the Empress of the Empire for treason... then, return to the palace with me."No, hasn't the saint already appeared?...Why are you doing this to me?- Author: Menanic- Translator: Nabi
8 444 - In Serial16 Chapters
Alpha Rogue
"I don't believe it." a low inhumane voice whispered. I have to look up to meet his gaze. Is he a new bully? Haven't seen him before."What is your name?" He's against the light but his eyes were like sapphires glowing in the night. Curious."Your name." I felt some weird tone emanating from his voice. Too demanding... too powerful."Uh..." my name? No one's interested with my name, except for the cafe's barista. "Don't make me repeat. State your name!""Nathalia Nicolai." I spilled flabbergasted by his yelling. For once, i saw... amusement then it quickly changed back to disgust."I, Alpha Chase Ashton Michael, rejects you Nathalia Nicolai as my mate and Luna of Bloodridge pack.""Huh?" Should i say 'nice to meet you'?"Now, repeat after me. I, Nathalia Nicolai, accepts your rejection, as your mate and luna of Bloodridge pack." He nod at me. Ok? i repeat the whole verse."Good." He remarked letting go of me and exiting."Wow." My only comment. That's really a new way to introduce yourself and rejecting people. I took a sip of my drink."But that's really uselss." I smiled leaving the room.If you are born missing something, will you ever stop looking for that something? Try to fill what is gone? Won't you continue on living?
8 253 - In Serial26 Chapters
My Mother's Sire | Complete | Book 3
"Fate has a way of bringing you back to me over and over again." The Fall of Blue Ash becomes a catalyst for a change in Karou's life greater than she could have ever anticipated.When her daughter makes a surprising discovery in one of the towers of Davikov Castle, the Enochian Court, along with Cambria Morningstar, begin their campaign to eliminate Karou's ultimate distraction from the Celestial City's Throne. In the face of adversity, sisters Alessandra and Cassandra make moves that favour their mother's happiness.The hand of fate hasn't done tampering with Karou's future yet. Enter Warren Howard. READING ORDER OF MY WORKS Book One ~ Meeting Her Fate (Novel)Book Two ~ His Fledgeling (Novel) Short Story I ~ Business or Pleasure Short Story II ~ Florence Book Three ~ My Mother's Sire (Novel)Book Four ~ Duty of the First Born (Novel) ** WARNING - Content may offend some readers and includes - questionable morality, profanity, sexual references and otherwise mature content. Content is entirely fictional, including character names and locations ** | All rights reserved | DO NOT USE THIS WORK AS YOUR OWN | | Email me - [email protected] | Follow me on Tumblr - https://www.tumblr.com/blog/verba-writing |
8 243 - In Serial10 Chapters
Sessions
A coming-of-rage urban fantasy novella centering on the mental health journey of Arthur Silva. It follows his struggles with self-worth, and his interpersonal relationships between his family, friends, coworkers and partners. This novella is in it's first draft so if it's a bit rough around the edges that's why. I just want to get some feedback on it as well as what's working.Each chapter can be very stylistically different from each other as a means of separating the different months that each chapter takes place to better put the reader into the headspace of Arthur.
8 129 - In Serial132 Chapters
Joji X Reader-- Boy Next Door
You are a normal girl, with a good and amazing past, Well that's what everyone thinks... You live in a small apartment but with big dreams. The only thing stopping you is the boy next door. He makes too much noise and sometimes it affects you more than it should. But who is this... The boy next door?You went to Harvard and thought "I will be big!" In the end. You work in a store and your only friend... Is Paper Towns, the book.(Look, dude, I wrote this back in middle school. Stop catching my mistakes and just read it for fun or get out. Also please don't show this to Joji, I lost all my dignity writing this story anyway)
8 121 - In Serial31 Chapters
The Hands At My Throat - kiribakukami soulmate AU
DISCLAIMER IS INCOMPLETE AND WILL NEVER BE FINISHEDWhat happens when you have a soulmate? well, you love them with everything you've got, of course.But it can be a lot more complicated then that.Soulmarks usually cause a variety of things. Elation. Fear. Excitement. Wariness. Peace. Confusion.Somewhere in this tangle of a mess, Kirishima, Kaminari and Bakugo are somehow connected to each other. They don't know it yet, but they are.For such a simple act, a brush of skin against skin, it should be easy to work things out right? But things are more complicated then they seem.And all because of the handprints at their throats.||-||in case you can't tell, this IS a polyamorous relationship, but it's also a slow burn. I've just had some people ask because it does take a while and the way I write is not very *straight to the point* you know? If you're just after the shippy things and the making out then um... you can check out my New Years special and then leave lol, you won't like anything else here.
8 151

