《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 25
Advertisement
Unicode
မနက်ခင်းနေရောင်ခြည်သည် ပြတင်းပေါက်မှတစ်ဆင့် ကျူးကျော်ဝင်ရောက်လာရင်း အိပ်မောကျနေသူ၏မျက်နှာချောချောပေါ်သို့ကျရောက်ကျီစယ်၏။
မျက်လုံးတို့ လှုပ်လီလှုပ်လဲ့ဖြင့် နှိုးထလာရင်း အကြောတစ်ချက်ဆန့်လိုက်ကာ စားပွဲပေါ်တင်ထားတဲ့ နာရီကို တစ်ချက်လှမ်းကြည့်လိုက်တော့ မနက် 8 နာရီတိတိ...။
စိတ်အာရုံတို့ပေါ့ပါးစွာ ကြည်ကြည်လင်လင်နိုးထလာရသော မနက်ခင်းတစ်ခုသည် မှည့်နက်ပိုင်ရှင် နှုတ်ခမ်းသားလေးထက်ဝယ် အပြုံးတစ်ပွင့်ကိုဖြစ်ထွန်းစေခဲ့၏။
မျက်နှာသစ်ရန် ရေချိုးခန်းထဲဝင်ပြီး မှန်ထဲမှာပေါ်နေသည့် သူ့မျက်နှာကိုကြည့်ကာ XZ ယုန်သွားလေးတွေပေါ်သည်အထိ ပြုံးမိလိုက်သည်။
ညာဘက်ပါးလေးကို လက်ဖဝါးတစ်ဖက်ဖြင့် ခပ်ဖွဖွအုပ်ကိုင်မိတော့ ရင်ခုန်သံတွေဟာ သံစဥ်မညီစွာ ခုန်ပေါက်မြည်ဟီးလာပြန်၏။
ညက.....
သူ့ပါးပြင် အနီးအနားတစ်ဝိုက်မှာ တိုက်ခတ်လာသည့် ဝင်သက်ထွက်သက်မျှင်းမျှင်းလေးရယ်...
ပြီးတော့... ဖွဖွဆိုမှ တကယ့်ဖွဖွလေးသာ ထိကပ်လာသည့် နူးညံ့တဲ့ နှုတ်ခမ်းလေးတစ်စုံရယ်..!
"Good night My Ko Ko, Sweet Dream"
ဆိုတဲ့ လေသံတိုးညင်းညင်းလေးရယ်...။
ချစ်ရတဲ့ Baby လေးပါဝင်တဲ့
သိပ်ကိုလှပတဲ့အိမ်မက်လေးတစ်ခုလို့
ကိုယ် ထင်ခဲ့မိပေမယ့် မင်းလေးရဲ့ရှိုက်သံသဲ့သဲ့က ကိုယ့်နှလုံးသားကို အပ်နဲ့ခပ်ဆက်ဆက် ထိုးစွပြီး နှိုးခဲ့တယ်လေ...။
မင်းလေး သိပ်ဆိုးတယ် Baby ရယ်...။
ကိုယ့်ကို ရူးသွားစေဖို့များ ကြံရွယ်ခဲ့လေသလား...?
မင်းလေးလည်း ကိုယ့်ကို ချစ်နေပါရက်နဲ့ကွာ...!
ဘယ်လို နာကျင်စရာအတိတ်တွေရှိခဲ့လို့များ ကိုယ့်တို့ရဲ့အချစ်တွေကို စည်းအထပ်ထပ်ခြားထားရက်သလဲ...?
Baby ခွင့်မလွှတ်နိုင်ရလောက်အထိ ကိုယ် Baby အပေါ် ဘာအမှားတွေများ လုပ်ထားမိခဲ့သလဲလေ...။
ကိုယ့်ဘဝတစ်ခုလုံးကို မင်းလေးက အပိုင်ရထားပြီးသားမို့ မင်းလေးသာ စိတ်ကျေနပ်စေမယ်ဆိုရင် လိုအပ်သလို ခြယ်လှယ်နိုင်ပါတယ် ကလေးငယ်...။
'Baby လည်း ကိုယ်အပေါ် သံယောဇဥ်ရှိနေပါတယ်' ဆိုတာ ကိုယ် သိရတာနဲ့တင် ဒီလူကြီးရဲ့နှလုံးသားက Baby လေးဆီမှာ အကြိမ်ကြိမ်ကျရှုံးနေပြီးသားမို့ မင်းလေး စိတ်ကြိုက် ခြယ်လှယ်နိုင်ပါတယ်ကွာ.....။
နှုတ်ခမ်းထက်က အပြုံးသဲ့သဲ့လေး မကွယ်ပျောက်သေးခင်မှာပဲ အရည်ကြည်တွေ ရစ်သိုင်းလာသော မျက်ဝန်းရယ်ပါလေ...။
ကိုယ်က မင်းလေးနဲ့ပတ်သတ်လာရင် သိပ်ပျော့ညံ့တာ Baby ရဲ့...။
XZ သူ့အဖြစ်သူ ခပ်ဟဟရယ်မောလိုက်မိပါ၏။
ဘယ်လို အခြေအနေတွေကိုများ ဖန်တီးနေသလဲ ကံကြမ္မာဇာတ်ဆရာရယ်...???
_______________
"ကို..."
နားထဲကြားလိုက်ရသည့်အသံတိုးတိုးလေး...။
မျက်လုံးအစုံက ပိုင်ရှင်ကို သိနေသည့်အလား 'ဖျက်ကနဲ' ပွင့်လာတော့ အခန်းထဲမှာ ဘယ်သူမှရှိမနေ။
ရှင်းချန် သက်ပြင်းတစ်ချက်ချလိုက်ရင်း နှုတ်မှလည်း ခပ်တွေတွေလေးရေရွတ်၏။
"အဆိုးလေး...
ကိုယ် မင်းလေးကို သိပ်လွမ်းတိုင်း
မင်းလေးရဲ့ပုံရိပ်တွေ အသံလေးတွေကို
ထင်ယောင်ထင်မှား မြင်နေ ကြားနေမိဆဲပဲ...
အခုချိန်ဆို ဘာတွေများ လုပ်နေသလဲ ကိုယ့်ရဲ့ပါပီလေးရယ်...?"
"ခင်ဗျားကြီးအခန်းထဲ ခိုးဝင်နေတာလေ..."
"ဟမ်!"
ရှင်းချန် ဒီတစ်ခါတော့ တကယ့် အပြင်က ပြောလိုက်သလို အသံကြားလိုက်ရတာကြောင့် ကုတင်ပေါ်က အမြန်ဆင်းလိုက်ပြီး အသံကြားရာသို့ ထ,လာလိုက်သည်။
ရှင်းချန်တို့ နယ်ပြန်ဒေါက်တာတွေရဲ့ အခန်းတွေကို မှန်တံခါးတွေအပြင် လိုက်ကာတွေပါ အတွင်းရောအပြင်ရောကာထားသေးသည်။
ရှင်းချန် မှန်တံခါးအနီးက လိုက်ကာအနားရောက်အသွား သူ့ကို ဆွဲယူသွားသော တစ်စုံတစ်ရာ...။
ရှင်းချန် လန့်သွားသဖြင့် အယောင်ယောင်အမှားမှား အော်မည်ပြုတော့ ပါးစပ်ကို လက်တစ်ဖက်ဖြင့် ပိတ်ခြင်းခံလိုက်ရသည်။
ထိုစဥ်.....
"ကို့ကို အရမ်းလွမ်းနေတာ..."
ပါးစပ်ကို လက်တစ်ဖက်ဖြင့် အုပ်ထားရင်း ကျန်လက်တစ်ဖက်က ရှင်ချန် ခါးကို တင်းနေအောင်ဖက်ထားကာ ပုခုံးပေါ် မေးတင်ရင်း ဆိုလာသော စကားလေးက နှစ်ကိုယ်စာကြားရရုံမျှသာ...။
ရှင်းချန် နှုတ်ခမ်းထက်မှာ အပြုံးပန်းတို့ဝေဆာလာပြီး နှလုံးသားထဲမှာပါ လှိုင်းတွေအကြိမ်ကြိမ်ခတ်၏။
အချိန်ခနလေးမှာ သူဟာ စောင့်ကြည့်ခံလူနာတစ်ယောက်ဆိုတာ ရှင်းချန် လုံးဝ မေ့သွားခဲ့သည်။
ပါးစပ်ကို အုပ်ထားတဲ့ လက်ကလေးက ခပ်ဖြေးဖြေးဖယ်ခွာသွားတော့ ရှင်းချန် တစ်ဖက်ကို ခပ်မြန်မြန်လှည့်ကာ ထိုကောင်လေးကို တင်းနေအောင် ဖက်ထားလိုက်သည်။
"ကိုယ်လည်း အဆိုးလေးကို အရမ်းလွမ်းနေခဲ့တာ..."
ထိုကောင်လေးရဲ့ပုခုံးပေါ်ကို ခေါင်းမှောက်ချရင်း နင့်နင့်နဲနဲဆိုလိုက်သော စကားလေးတစ်ခွန်းဟာ သိပ်တော့ သံစဥ်မညီလှ...။
သူ ဒီကောင်လေးကို ဘယ်လောက်ထိ လွမ်းနေခဲ့ရလဲ...?
အဆိုးလေးရဲ့ကိုယ်သင်းနံလေး...
အဆိုးလေးရဲ့ဘောက်ဆက်ဆက်စကားပြောသံလေးတွေ...
အဆိုးလေးရဲ့အပြုံးလေးတွေ...
အဆိုးလေးရဲ့ရယ်သံလေးတွေ...။
သူ ဘယ်လောက်ထိ လွမ်းနေခဲ့ရလဲဆိုတာ သူပဲ သိသည်။
သူ ဒီကောင်လေးကို သိပ်လွမ်းနေခဲ့တာ...။
"သိတယ်
ကိုလည်း ကျွန်တော့်ကို အရမ်းလွမ်းနေမယ် ဆိုတာ... ကျွန်တော် သိတာပေါ့..."
ရင့်ကျက်တဲ့ အပြုံးလေးနဲ့ ထိုကောင်လေးဟာ လူကြီးလေးတစ်ယောက်လို စကားပြောနေရင်း ချစ်ရသူဒေါက်တာလေးရဲ့ကျောပြင်လေးကို ခပ်ဖွဖွပွတ်ပေးနေလေသည်။
"ကိုယ် တောင်းပန်ပါတယ်..."
"ကိုက ဘာအတွက် တောင်းပန်နေရတာလဲ...? ကို တောင်းပန်စရာမှ မလိုပဲ..."
တသိမ့်သိမ့်တုန်နေတဲ့ ကျောပြင်ပိုင်ရှင်လေးဟာ တစ်ချက် တစ်ချက်လည်း ထ,ထရှိုက်တတ်ပါသေးသည်။
ချစ်ရသူကျောပြင်လေးကို လက်ကလေးနဲ့ ခပ်ဖွဖွပွတ်ပေးရင်း ရွှယ်ရန် ပါ မျက်ရည်လည်လာသလိုလို...။
လူဆိုး ဒေါက်တာ...!!
ကျွန်တော်ကတော့ ခင်ဗျားကြီးကို တွေ့ချင်လွန်းလို့ အကြံအဖန်တွေ တစ်သီကြီးထုတ်ပြီး ပြေးလာခဲ့လိုက်ရတာ...!
ခင်ဗျားကတော့ ကျွန်တော့်ကို ငိုအောင်လုပ်တယ်...။
ခင်ဗျား မကောင်းဘူး...!
ခနနေမှ အခြေအနေကို သတိထားမိသွားဟန်တူတဲ့ ဒေါက်တာလေးက သူ့ဆီကနေ ခပ်မြန်မြန်ပဲ ပြန်ရုန်းထွက်၏။
ရမတဲ့လား ဒေါက်တာ...?
အခုမှ ကျွန်တော့်ကို အခန်းအပြင်ဘက် တွန်းလွှတ်တော့မလို့လား...?
Advertisement
ရှင်းချန် တစ်ယောက် ကြောင်အ,စွာ တောင့်တောင့်ကြီး ရပ်နေမိ၏။
သွားပြီ...
သူ့မှာ ရောဂါများ ပါလာခဲ့လျှင်...???
သူကြောင့်...
သူကြောင့်နဲ့ အဆိုးလေးကို...??
သူ တောင့်တောင့်ကြီးရပ်နေမိစဥ်မှာပဲ အဆိုးလေး ဘက်မှ တစ်ဖန်ထွေးပွေ့လာပြန်သည်။
"ဒီမှာ ဒေါက်တာ...
ကျွန်တော်က ဒေါက်တာနဲ့ တစ်ခန်းထဲ အတူတူနေမှာနော်..."
ရယ်သံနှောကာ ပြောလာသည့် အဆိုးလေးစကားက ကျလုဆဲဆဲ သူ့မျက်ရည်ကို ပိုးပိုးပေါက်ပေါက်ကျအောင် စွမ်းဆောင်နိုင်ပေသည်။
"မငိုရဘူးလေ တိတ် တိတ်"
သူ့ပါးပြင်ပေါ်က မျက်ရည်လေးတွေကို ကလေးချော့သလို ချော့မြူရင်း သုတ်ပေးနေပြန်သည်။
ထိုလက်ကလေးကို ယူကာ တယုတယနမ်းရှိုက်မိတော့ ကောင်လေးက ပြုံးနေလေရဲ့...။
ကောင်လေးကို သိပ်လွမ်းတဲ့စိတ်နဲ့ သူလည်း ရူးသွားပြီထင်၏။
နှုတ်ခမ်းတစ်စုံကို အမှတ်မရှိ နမ်းရှိုက်မိပြန်သည်။
အဆိုးလေး...
ကျွန်တော့်ရဲ့ပါပီလေး...
ထပ်မှ တွေ့ရပါ့မလားလို့ သူ ဘယ်လောက်ထိ စိုးရိမ်နေခဲ့ရလဲ...?
အချိန်တစ်ခုအထိ မေ့မေ့လျော့လျော့ နမ်းရှိုက်နေကြရင်းမှ နှုတ်ခမ်းနှစ်ခုကို ခနဖယ်ခွာမိသည့်အခါ အဆိုးလေးရဲ့သဘောတကျရယ်သံသဲ့သဲ့နှင့်အတူ ချိုသာသည့်အသံလေးကို ထပ်ကြားရပါ၏။
"ခင်ဗျား တာဝန်ယူရမှာနော်"
"ဒါပေါ့...
ကိုယ် တာဝန်ယူပေးမှာပေါ့ အဆိုးလေးရဲ့...
ကိုယ့်ရဲ့အဆိုးလေးကို ကိုယ်ပဲ တာဝန်ယူရမှာပေါ့..."
ထို့နောက် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ရယ်မောမိလိုက်ကြသည်။
တစ်နေ့ တစ်နေ့ မင်းလေးကို လွမ်းတဲ့စိတ်နဲ့ပဲရှင်သန်နေခဲ့ရတာ...။
မင်းလေးသိရဲ့လား...?
ဒီအခန်းထဲမှာပဲနေပြီး မင်းလေးကို ထပ်မတွေ့ရတော့မှာ ကိုယ် သိပ်ကြောက်နေခဲ့တာ...။
ဆေးစစ်ချက်အဖြေကို မျှော်လင့်တကြီးစောင့်ဆိုင်းနေရတဲ့ နေ့ရက်တွေက ကိုယ့်အတွက် ငရဲကျနေသလိုပဲ...။
ကိုယ် သိပ်စိုးရိမ်နေခဲ့ရတာ...
မင်းလေးရဲ့အပြုံးတွေကို ကိုယ် ထပ်မြင်ခွင့်မရတော့မှာကို...။
ကိုယ် သိပ်ကြောက်နေခဲ့တာ...
ကိုယ် မင်းလေးကို နှုတ်မဆက်ပဲ ထွက်သွားရမှာကို...။
ကိုယ့်မှာ ရောဂါပါလာခဲ့ရင် ဆိုတဲ့ စိတ်နဲ့...
ကိုယ့်ကိုယ်ကို စိတ်မပူရပါပဲ
မင်းလေးကို ထပ်တွေ့ခွင့်မရတော့ရင် စိတ်က
ကိုယ့်ကို ပိုပြီးတော့ လောင်မြိုက်စေတယ်...။
ဘယ်လိုလုပ်ရပါ့ အဆိုးလေးရယ်...??
ကိုယ့်ကြောင့်နဲ့ မင်းလေး တစ်ခုခုဖြစ်သွားလေမလား...?
အခုဆို မင်းလေးလည်း Quarantine ဝင်ရတော့မှာပါလား...?
ကျေးဇူပြုပြီး ဘာမှမဖြစ်လိုက်ပါနဲ့ အဆိုးလေး...
ကျေးဇူပြုပြီး.....
မင်းလေးသာ တစ်ခုခုဖြစ်သွားရင် ကိုယ့်ကြောင့်ဆိုတဲ့ စိတ်နဲ့ ကိုယ် ရူးသွားရလိမ့်မယ်...။
အကယ်၍များ...
အကယ်၍များပေါ့...
ကျွန်တော့်မှာ ရောဂါပါလာခဲ့ရင် အဆိုးလေးဆီကို ကူးစက်သွားမယ့်အစား ကျွန်တော်တစ်ယောက်တည်းပဲ ပိုပြီး ခံစားရပါစေ...။
_______________
"Baby ဒီမှာ ဖိတ်စာတစ်စောင်"
Baby က ဘာမှပြန်မပြောပဲ သူ့လက်ထဲမှ ဖိတ်စာကို တစ်ချက်သာ လှမ်းကြည့်၏။
"Baby သိလား...?
ဒီမင်္ဂလာဆောင်က ဘယ်သူတို့ မင်္ဂလာဆောင်လဲ ဆိုတာ...?"
ညနေစာစားနေသော Baby က ဇွန်းကို အသာချ၏။
ထို့နောက် ကျွန်တော့်လက်ထဲမှ ဖိတ်စာကို လှမ်းယူဖို့ ပြင်သည်။
XZ စိတ်ထင်လို့ပဲလားတော့ မသိ...။
သူ့အပေါ် ခပ်တန်းတန်းသာ ဆက်ဆံတတ်သော Baby သည် ဒီနေ့တွင် ပိုပြီးတော့ အေးစက်နေသယောင်...။
ကျွန်တော့်အပေါ် ခံစားချက်ရှိနေတာ သူ့ကိုသူ လက်မခံနိုင်သေးတာလား...?
ဒါမှမဟုတ် သူ ကျွန်တော့်ပါးကို နမ်းသွားပြီး ရှက်နေတာလား...?
ကျွန်တော် မသိဘူးလို့ သူ သိထားတာတောင်မှ သူလေးက ရှက်နေသေးတာလား...?
ဒါမှမဟုတ် ကျွန်တော့်အပေါ်ထားတဲ့ ခံစားချက်တွေကို အမြစ်ဖြတ်ချင်လို့များ အေးစက်စက်ဆက်ဆံနေသလား...?
Baby စိတ်ထဲ ဘာတွေတွေးနေလဲ ဝင်ကြည့်ချင်မိပါ၏။
Baby ရယ် မင်းလေးဘက်က ခြေတစ်လှမ်းတိုးခဲ့ပြီးပါပြီ...။
ကျန်တာ ကိုယ့်တာဝန်သာထားပါ ကလေးငယ်...။
ကိုယ် မင်းလေးကို ပျော်ရွှင်အောင် ထားပါ့မယ်...။
Baby လက်ထဲ ဖိတ်စာအပ်တော့ အသာဖွင့်ကြည့်ကာ နာမည်တွေဖတ်ကြည့်ပြီးသည်နှင့် သူ မသိလို့ထင်... အသာ ပြန်ပိတ်၏။
"အဲ့တာ ပန်းခြံမှာတုန်းက ကိုယ်တို့ကြည့်ခဲ့ကြတဲ့ အချစ်ငှက်လေးတွေလေ...
ကိုယ်တို့ကိုလည်း ဖိတ်စာသေချာဖိတ်ပေးတယ်...
ကိုယ်တို့ ပန်းခြံသွားတုန်းက ကိုယ်တို့ရှေ့မှာ လက်ထပ်ခွင့်တောင်းနေခဲ့တဲ့ အတွဲလေ...
Baby မှတ်မိသေးလား...?"
"အင်း"
သူ့ဘက်က စကားတွေ အများကြီးပြောလိုက်ပေမယ့် Baby က ခေါင်းတစ်ချက်ငြိမ့်ကာ "အင်း" တစ်လုံးသာ ဖြေ၏။
နေရခက်လိုက်လေခြင်း...။
_______________
"ဆေးရုံရဲ့အရေးကြီးအခန်းတွေထဲ လူတစ်ယောက်လုံးဝင်သွားတာတောင် မသိရလောက်အောင်ထိ မင်းတို့ ဘာလုပ်နေကြတာလဲ ဟမ်!"
ဆေးရုံအုပ်ရဲ့အော်ငေါက်သံအဆုံး တာဝန်ကျရာ အလုပ်သင်များနှင့် ဒေါက်တာများ ကြောက်လွန်းလို့ တုန်သွားကြလေသည်။
"ဘယ်လိုလုပ်ကြမလဲ ကျစ်!"
ဆေးရုံက ဒေါက်တာတွေတောင် စောင့်ကြည့်စာရင်းထဲပါရုံမကသူတို့ကိုကုပေးနေရတဲ့ ဒေါက်တာတွေ neurs တွေကိုပါ ဂရုစိုက်နေရကြရတာမို့...
စောင့်ကြည့်လူနာတစ်ယောက်ထပ်တိုးလာသည့်အခါ ခေါင်းကိုက်ကြရလေပြီ...။
ဒီကူးစက်ရောဂါသည် ပျောက်ကင်းသည့်ဆေးဟူ၍ မရှိသေးသည့်အတွက် သူတို့လညး ထိန်းထားနိုင်ရုံသာ တတ်နိုင်သေးတာမို့ နောက်ထပ် ဘယ်သူ့ကိုမှ မကူးစက်စေချင်ပါ...။
ဒေါက်တာအင်အားကလည်း နယ်ဘက်အကူပါသွားရာဒေါက်တာတွေထဲမှာ ကျွမ်းကျင်သူတွေ အများဆုံးပါသွားတာမို့...
အဲ့ဒီဒေါက်တာတွေ အခုလို စောင့်ကြည့်လူနာဖြစ်နေကြသည့်အခါ...
ဆေးရုံမှာ ဒေါက်တာအင်အားမလောက်၍ ပြေးရလွှားရ ရှုတ်ရှက်ခတ်နေကြရသည့်အထဲ...
ထိုကဲ့သို့ နောက်ထပ်လူနာတစ်ယောက်ပါထပ်တိုးလာပြန်ပြီ...။
ပြီးတော့ သူ့ကို တာဝန်ယူကုသပေးရမည့် neurs တစ်ယောက်...
အားလုံးက ဂရုပြုစရာ စောင့်ကြည့်လူနာတွေချည်း...။
ဆေးရုံအုပ် ဒေါသထွက်နေသည့်အခါ တစ်ယောက်မှ မလှုပ်ရဲကြပေ...။
Advertisement
ပုံမှန်အချိန်တွေဆို နွေးနွေးထွေးထွေးဆက်ဆံတတ်ပေမယ့် ဒေါသထွက်နေချိန်ဆို သူတို့ အလွန်ကြောက်ရပါသည်။
"ဆေးရုံအုပ် ဒေါက်တာရှင်းချန်က ခနစကားချင်လို့ပါတဲ့ အဲ့တာ..."
မရဲတရဲလာပြောသော အလုပ်သင်လေးကို 'စူးခနဲ' တစ်ချက် ကြည့်ရင်း ဘာမှမပြောပဲ ခြေလှမ်းကြဲကြီးတွေနှင့် လှည့်ထွက်သွားလေသည်။
အခုမှ ကျန်ခဲ့တဲ့လူတွေလည်း အသက်ရှူချောင်ကြတော့သည်။
_______________
မှောင်နေသော အခန်းတစ်ခန်းတစ်ခုထဲတွင် တစ်ယောက်တည်း စကားတွေပြောနေသည့် ကောင်မလေးတစ်ယောက်...။
"ကျန့်..."
"ကျန့်က လီရှန်း အပိုင်!!"
"လီရှန်းက ကျန့်ရဲ့သူငယ်ချင်းအရင်းကြီးလေ ပြီးတော့ ချစ်သူတွေ...
နှစ်ပေါင်းများစွာ ခင်မင်လာတဲ့ တိတ်တခိုးချစ်နေခဲ့ရတဲ့ သူငယ်ချင်းအရင်းကြီး...
ပြီတော့ သူတို့က သိပ်ချစ်ကြတဲ့ ချစ်သူတွေ...
ဟုတ်တယ် ကျန့်နဲ့လီရှန်းက သိပ်ချစ်ကြတာ ဟားးး"
တစ်ယောက်တည်း ရယ်မောရင်း တစ်ယောက်တည်း စကားတွေပြောနေသည့် ကောင်မလေးက လီအိမ်တော်ရဲ့သခင်မလေးမှ ဟုတ်ပါလေစ...။
သူငယ်ချင်းအရင်းကြီးတွေ နှစ်ပေါင်းများစွာဖြစ်ခဲ့ကြပြီး တစ်နှစ်ကြီးများတောင်တွဲလာခဲ့ပေမယ့် ကျန့်ဘက်က ဘာတုံ့ပြန်မှုမှရှိမလာခဲ့ဘူးတဲ့လေ...။
"လီရှန်း မယုံဘူး ကျန့်..."
"ကျန့် လီရှန်းကို ချစ်တယ်လေ...!"
"ကျန့်က လီရှန်းကို သိပ်ချစ်တယ် ဆိုတာ
လီရှန်း သိတယ်..."
"ဒါကြောင့် တစ်နှစ်ပြည့် Anni မှာပဲ မလှုပ်တလှုပ် ကျန့်ကို လီရှန်းက အခွင့်အရေးဖန်တီးပေးခဲ့တာပေါ့... ဟားးး"
"ဒါပေမယ့်...
ဒါပေမယ့် ဘာလို့ အား...!!!"
ခေါင်းကို လက်နှစ်ဖက်နဲ့အုပ်ကိုင်ရင်း စူးနေအောင် အော်မိသည်။
သူမ ဖြစ်စေချင်တာက တစ်ခြား...
ဖြစ်သွားတာက တစ်ခြားတွေချည်း...။
ဘာတွေဖြစ်ကုန်တာလဲ...?
ဘဝတစ်ခုလုံးပုံပေးဖို့ ရည်ရွယ်ထားခဲ့ပြီးမှ ချစ်ရသူက တစ်ခြားတစ်ယောက်အတွက် ဖြစ်သွားခဲ့တဲ့အခါ...။
သူမ ဆေးခပ်မိလိုက်ကတည်းက အရာအားလုံးက မှားယွင်းနေခဲ့တာလား...?
အဲ့ဒီအရာကသာ အမှားတွေအားလုံးရဲ့အစဆိုရင် အဲ့ဒီအချိန်တွေကို ပြန်ရစ်ပစ်လိုက်ချင်သည်။
"လီရှန်း သိတာပေါ့...
ကျန့်က အဲ့လို Rs တွေကို သိပ်မုန်းတာ...
မယုံကြည်ဘူးလို့လည်း ကျန့် ပြောခဲ့ဖူးတယ်လေ... ဟက်!"
"ကြားခဲ့ မြင်ခဲ့ရတာတွေက အမှန် မဟုတ်ဘူး...
ကျန့် ကျန့်က ယောကျာ်းလေးတစ်ယောက်ကို ဘယ်လိုလုပ်ချစ်နိုင်မှာတဲ့လဲ...?
ဟုတ်တယ် ကျန့်ချစ်တာ လီရှန်း တစ်ယောက်ထဲပဲ ဟားးး လီရှန်း တစ်ယောက်ထဲပဲ..."
မျက်ရည်စတွေနှင့် ရယ်မောနေသော ထိုကောင်မလေးကို ဒေါက်တာတွေ အပြေးလာပြီး စိတ်ငြိမ်ဆေးထိုးပေးရသည်။
ကျန့် မချစ်ရဘူး...!
ကျန့် ဘယ်သူ့ကိုမှ မချစ်ရဘူး...!
ကျန့် ချစ်ရမှာက လီရှန်း တစ်ယောက်ထဲပဲ...။
လီရှန်း ဆီကနေ ကျန့်ကို လုယူသွားတဲ့ တစ်ယောက်ကို မုန်းလိုက်တာ...!
အရာအားလုံးရဲ့အစကသူ့ကြောင့်...!
လီရှန်းဆီကနေ ကျန့်ကို သူ လုယူသွားခဲ့တာ...။
လီရှန်း သူ့ကို ခွင့်မလွှတ်ဘူး...!
လီရှန်း သူ့ကို မုန်းတယ်...!!!
ဘယ်သူထင်မှာလဲ...?
သိပ်လှတဲ့ ကောင်မလေးက
သိပ်ကို အစွဲအလမ်းကြီးပြီး
ကြောက်စရာကောင်းလောက်အောင် ရက်စက်တတ်တယ်ဆိုတာကို.....။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 2858 words 💞
နောက်ကျသွားတယ်...😁
Thanks you all...💌💞
💞 ချစ်ခင်လေးစားလျှက် 💞
K.Royalwhite💌💞🤍
Jun 2,2021 WED (Updated Day) 🖤✨
Zawgyi
မနက္ခင္းေနေရာင္ျခည္သည္ ျပတင္းေပါက္မွတစ္ဆင့္ က်ဴးေက်ာ္ဝင္ေရာက္လာရင္း အိပ္ေမာက်ေနသူ၏မ်က္ႏွာေခ်ာေခ်ာေပၚသို႔က်ေရာက္က်ီစယ္၏။
မ်က္လုံးတို႔ လႈပ္လီလႈပ္လဲ့ျဖင့္ ႏွိုးထလာရင္း အေၾကာတစ္ခ်က္ဆန႔္လိုက္ကာ စားပြဲေပၚတင္ထားတဲ့ နာရီကို တစ္ခ်က္လွမ္းၾကည့္လိုက္ေတာ့ မနက္ 8 နာရီတိတိ...။
စိတ္အာ႐ုံတို႔ေပါ့ပါးစြာ ၾကည္ၾကည္လင္လင္နိုးထလာရေသာ မနက္ခင္းတစ္ခုသည္ မွည့္နက္ပိုင္ရွင္ ႏႈတ္ခမ္းသားေလးထက္ဝယ္ အၿပဳံးတစ္ပြင့္ကိုျဖစ္ထြန္းေစခဲ့၏။
မ်က္ႏွာသစ္ရန္ ေရခ်ိဳးခန္းထဲဝင္ၿပီး မွန္ထဲမွာေပၚေနသည့္ သူ႕မ်က္ႏွာကိုၾကည့္ကာ XZ ယုန္သြားေလးေတြေပၚသည္အထိ ၿပဳံးမိလိုက္သည္။
ညာဘက္ပါးေလးကို လက္ဖဝါးတစ္ဖက္ျဖင့္ ခပ္ဖြဖြအုပ္ကိုင္မိေတာ့ ရင္ခုန္သံေတြဟာ သံစဥ္မညီစြာ ခုန္ေပါက္ျမည္ဟီးလာျပန္၏။
ညက.....
သူ႕ပါးျပင္ အနီးအနားတစ္ဝိုက္မွာ တိုက္ခတ္လာသည့္ ဝင္သက္ထြက္သက္မွ်င္းမွ်င္းေလးရယ္...
ၿပီးေတာ့... ဖြဖြဆိုမွ တကယ့္ဖြဖြေလးသာ ထိကပ္လာသည့္ ႏူးညံ့တဲ့ ႏႈတ္ခမ္းေလးတစ္စုံရယ္..!
"Good night My Ko Ko, Sweet Dream"
ဆိုတဲ့ ေလသံတိုးညင္းညင္းေလးရယ္...။
ခ်စ္ရတဲ့ Baby ေလးပါဝင္တဲ့
သိပ္ကိုလွပတဲ့အိမ္မက္ေလးတစ္ခုလို႔
ကိုယ္ ထင္ခဲ့မိေပမယ့္ မင္းေလးရဲ႕ရွိုက္သံသဲ့သဲ့က ကိုယ့္ႏွလုံးသားကို အပ္နဲ႕ခပ္ဆက္ဆက္ ထိုးစြၿပီး ႏွိုးခဲ့တယ္ေလ...။
မင္းေလး သိပ္ဆိုးတယ္ Baby ရယ္...။
ကိုယ့္ကို ႐ူးသြားေစဖို႔မ်ား ႀကံ႐ြယ္ခဲ့ေလသလား...?
မင္းေလးလည္း ကိုယ့္ကို ခ်စ္ေနပါရက္နဲ႕ကြာ...!
ဘယ္လို နာက်င္စရာအတိတ္ေတြရွိခဲ့လို႔မ်ား ကိုယ့္တို႔ရဲ႕အခ်စ္ေတြကို စည္းအထပ္ထပ္ျခားထားရက္သလဲ...?
Baby ခြင့္မလႊတ္နိုင္ရေလာက္အထိ ကိုယ္ Baby အေပၚ ဘာအမွားေတြမ်ား လုပ္ထားမိခဲ့သလဲေလ...။
ကိုယ့္ဘဝတစ္ခုလုံးကို မင္းေလးက အပိုင္ရထားၿပီးသားမို႔ မင္းေလးသာ စိတ္ေက်နပ္ေစမယ္ဆိုရင္ လိုအပ္သလို ျခယ္လွယ္နိုင္ပါတယ္ ကေလးငယ္...။
'Baby လည္း ကိုယ္အေပၚ သံေယာဇဥ္ရွိေနပါတယ္' ဆိုတာ ကိုယ္ သိရတာနဲ႕တင္ ဒီလူႀကီးရဲ႕ႏွလုံးသားက Baby ေလးဆီမွာ အႀကိမ္ႀကိမ္က်ရႈံးေနၿပီးသားမို႔ မင္းေလး စိတ္ႀကိဳက္ ျခယ္လွယ္နိုင္ပါတယ္ကြာ.....။
ႏႈတ္ခမ္းထက္က အၿပဳံးသဲ့သဲ့ေလး မကြယ္ေပ်ာက္ေသးခင္မွာပဲ အရည္ၾကည္ေတြ ရစ္သိုင္းလာေသာ မ်က္ဝန္းရယ္ပါေလ...။
ကိုယ္က မင္းေလးနဲ႕ပတ္သတ္လာရင္ သိပ္ေပ်ာ့ညံ့တာ Baby ရဲ႕...။
XZ သူ႕အျဖစ္သူ ခပ္ဟဟရယ္ေမာလိုက္မိပါ၏။
ဘယ္လို အေျခအေနေတြကိုမ်ား ဖန္တီးေနသလဲ ကံၾကမၼာဇာတ္ဆရာရယ္...???
_______________
"ကို..."
နားထဲၾကားလိုက္ရသည့္အသံတိုးတိုးေလး...။
မ်က္လုံးအစုံက ပိုင္ရွင္ကို သိေနသည့္အလား 'ဖ်က္ကနဲ' ပြင့္လာေတာ့ အခန္းထဲမွာ ဘယ္သူမွရွိမေန။
ရွင္းခ်န္ သက္ျပင္းတစ္ခ်က္ခ်လိဳက္ရင္း ႏႈတ္မွလည္း ခပ္ေတြေတြေလးေရ႐ြတ္၏။
"အဆိုးေလး...
ကိုယ္ မင္းေလးကို သိပ္လြမ္းတိုင္း
မင္းေလးရဲ႕ပုံရိပ္ေတြ အသံေလးေတြကို
ထင္ေယာင္ထင္မွား ျမင္ေန ၾကားေနမိဆဲပဲ...
အခုခ်ိန္ဆို ဘာေတြမ်ား လုပ္ေနသလဲ ကိုယ့္ရဲ႕ပါပီေလးရယ္...?"
"ခင္ဗ်ားႀကီးအခန္းထဲ ခိုးဝင္ေနတာေလ..."
"ဟမ္!"
ရွင္းခ်န္ ဒီတစ္ခါေတာ့ တကယ့္ အျပင္က ေျပာလိုက္သလို အသံၾကားလိုက္ရတာေၾကာင့္ ကုတင္ေပၚက အျမန္ဆင္းလိုက္ၿပီး အသံၾကားရာသို႔ ထ,လာလိုက္သည္။
ရွင္းခ်န္တို႔ နယ္ျပန္ေဒါက္တာေတြရဲ႕ အခန္းေတြကို မွန္တံခါးေတြအျပင္ လိုက္ကာေတြပါ အတြင္းေရာအျပင္ေရာကာထားေသးသည္။
ရွင္းခ်န္ မွန္တံခါးအနီးက လိုက္ကာအနားေရာက္အသြား သူ႕ကို ဆြဲယူသြားေသာ တစ္စုံတစ္ရာ...။
ရွင္းခ်န္ လန့္သြားသျဖင့္ အေယာင္ေယာင္အမွားမွား ေအာ္မည္ျပဳေတာ့ ပါးစပ္ကို လက္တစ္ဖက္ျဖင့္ ပိတ္ျခင္းခံလိုက္ရသည္။
ထိုစဥ္.....
"ကို႔ကို အရမ္းလြမ္းေနတာ..."
ပါးစပ္ကို လက္တစ္ဖက္ျဖင့္ အုပ္ထားရင္း က်န္လက္တစ္ဖက္က ရွင္ခ်န္ ခါးကို တင္းေနေအာင္ဖက္ထားကာ ပုခုံးေပၚ ေမးတင္ရင္း ဆိုလာေသာ စကားေလးက ႏွစ္ကိုယ္စာၾကားရ႐ုံမွ်သာ...။
ရွင္းခ်န္ ႏႈတ္ခမ္းထက္မွာ အၿပဳံးပန္းတို႔ေဝဆာလာၿပီး ႏွလုံးသားထဲမွာပါ လွိုင္းေတြအႀကိမ္ႀကိမ္ခတ္၏။
အခ်ိန္ခနေလးမွာ သူဟာ ေစာင့္ၾကည့္ခံလူနာတစ္ေယာက္ဆိုတာ ရွင္းခ်န္ လုံးဝ ေမ့သြားခဲ့သည္။
ပါးစပ္ကို အုပ္ထားတဲ့ လက္ကေလးက ခပ္ေျဖးေျဖးဖယ္ခြာသြားေတာ့ ရွင္းခ်န္ တစ္ဖက္ကို ခပ္ျမန္ျမန္လွည့္ကာ ထိုေကာင္ေလးကို တင္းေနေအာင္ ဖက္ထားလိုက္သည္။
"ကိုယ္လည္း အဆိုးေလးကို အရမ္းလြမ္းေနခဲ့တာ..."
ထိုေကာင္ေလးရဲ႕ပုခုံးေပၚကို ေခါင္းေမွာက္ခ်ရင္း နင့္နင့္နဲနဲဆိုလိုက္ေသာ စကားေလးတစ္ခြန္းဟာ သိပ္ေတာ့ သံစဥ္မညီလွ...။
သူ ဒီေကာင္ေလးကို ဘယ္ေလာက္ထိ လြမ္းေနခဲ့ရလဲ...?
အဆိုးေလးရဲ႕ကိုယ္သင္းနံေလး...
အဆိုးေလးရဲ႕ေဘာက္ဆက္ဆက္စကားေျပာသံေလးေတြ...
အဆိုးေလးရဲ႕အၿပဳံးေလးေတြ...
အဆိုးေလးရဲ႕ရယ္သံေလးေတြ...။
သူ ဘယ္ေလာက္ထိ လြမ္းေနခဲ့ရလဲဆိုတာ သူပဲ သိသည္။
သူ ဒီေကာင္ေလးကို သိပ္လြမ္းေနခဲ့တာ...။
"သိတယ္
ကိုလည္း ကြၽန္ေတာ့္ကို အရမ္းလြမ္းေနမယ္ ဆိုတာ... ကြၽန္ေတာ္ သိတာေပါ့..."
ရင့္က်က္တဲ့ အၿပဳံးေလးနဲ႕ ထိုေကာင္ေလးဟာ လူႀကီးေလးတစ္ေယာက္လို စကားေျပာေနရင္း ခ်စ္ရသူေဒါက္တာေလးရဲ႕ေက်ာျပင္ေလးကို ခပ္ဖြဖြပြတ္ေပးေနေလသည္။
"ကိုယ္ ေတာင္းပန္ပါတယ္..."
"ကိုက ဘာအတြက္ ေတာင္းပန္ေနရတာလဲ...? ကို ေတာင္းပန္စရာမွ မလိုပဲ..."
တသိမ့္သိမ့္တုန္ေနတဲ့ ေက်ာျပင္ပိုင္ရွင္ေလးဟာ တစ္ခ်က္ တစ္ခ်က္လည္း ထ,ထရွိုက္တတ္ပါေသးသည္။
ခ်စ္ရသူေက်ာျပင္ေလးကို လက္ကေလးနဲ႕ ခပ္ဖြဖြပြတ္ေပးရင္း ႐ႊယ္ရန္ ပါ မ်က္ရည္လည္လာသလိုလို...။
လူဆိုး ေဒါက္တာ...!!
ကြၽန္ေတာ္ကေတာ့ ခင္ဗ်ားႀကီးကို ေတြ႕ခ်င္လြန္းလို႔ အႀကံအဖန္ေတြ တစ္သီႀကီးထုတ္ၿပီး ေျပးလာခဲ့လိုက္ရတာ...!
ခင္ဗ်ားကေတာ့ ကြၽန္ေတာ့္ကို ငိုေအာင္လုပ္တယ္...။
ခင္ဗ်ား မေကာင္းဘူး...!
ခနေနမွ အေျခအေနကို သတိထားမိသြားဟန္တူတဲ့ ေဒါက္တာေလးက သူ႕ဆီကေန ခပ္ျမန္ျမန္ပဲ ျပန္႐ုန္းထြက္၏။
ရမတဲ့လား ေဒါက္တာ...?
အခုမွ ကြၽန္ေတာ့္ကို အခန္းအျပင္ဘက္ တြန္းလႊတ္ေတာ့မလို႔လား...?
ရွင္းခ်န္ တစ္ေယာက္ ေၾကာင္အ,စြာ ေတာင့္ေတာင့္ႀကီး ရပ္ေနမိ၏။
သြားၿပီ...
သူ႕မွာ ေရာဂါမ်ား ပါလာခဲ့လွ်င္...???
သူေၾကာင့္...
သူေၾကာင့္နဲ႕ အဆိုးေလးကို...??
သူ ေတာင့္ေတာင့္ႀကီးရပ္ေနမိစဥ္မွာပဲ အဆိုးေလး ဘက္မွ တစ္ဖန္ေထြးေပြ႕လာျပန္သည္။
"ဒီမွာ ေဒါက္တာ...
ကြၽန္ေတာ္က ေဒါက္တာနဲ႕ တစ္ခန္းထဲ အတူတူေနမွာေနာ္..."
ရယ္သံႏွောကာ ေျပာလာသည့္ အဆိုးေလးစကားက က်လဳဆဲဆဲ သူ႕မ်က္ရည္ကို ပိုးပိုးေပါက္ေပါက္က်ေအာင္ စြမ္းေဆာင္နိုင္ေပသည္။
"မငိုရဘူးေလ တိတ္ တိတ္"
သူ႕ပါးျပင္ေပၚက မ်က္ရည္ေလးေတြကို ကေလးေခ်ာ့သလို ေခ်ာ့ျမဴရင္း သုတ္ေပးေနျပန္သည္။
ထိုလက္ကေလးကို ယူကာ တယုတယနမ္းရွိုက္မိေတာ့ ေကာင္ေလးက ၿပဳံးေနေလရဲ႕...။
ေကာင္ေလးကို သိပ္လြမ္းတဲ့စိတ္နဲ႕ သူလည္း ႐ူးသြားၿပီထင္၏။
ႏႈတ္ခမ္းတစ္စုံကို အမွတ္မရွိ နမ္းရွိုက္မိျပန္သည္။
အဆိုးေလး...
ကြၽန္ေတာ့္ရဲ႕ပါပီေလး...
ထပ္မွ ေတြ႕ရပါ့မလားလို႔ သူ ဘယ္ေလာက္ထိ စိုးရိမ္ေနခဲ့ရလဲ...?
အခ်ိန္တစ္ခုအထိ ေမ့ေမ့ေလ်ာ့ေလ်ာ့ နမ္းရွိုက္ေနၾကရင္းမွ ႏႈတ္ခမ္းႏွစ္ခုကို ခနဖယ္ခြာမိသည့္အခါ အဆိုးေလးရဲ႕သေဘာတက်ရယ္သံသဲ့သဲ့ႏွင့္အတူ ခ်ိဳသာသည့္အသံေလးကို ထပ္ၾကားရပါ၏။
"ခင္ဗ်ား တာဝန္ယူရမွာေနာ္"
"ဒါေပါ့...
ကိုယ္ တာဝန္ယူေပးမွာေပါ့ အဆိုးေလးရဲ႕...
ကိုယ့္ရဲ႕အဆိုးေလးကို ကိုယ္ပဲ တာဝန္ယူရမွာေပါ့..."
ထို႔ေနာက္ ႏွစ္ေယာက္သား တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ရင္း ရယ္ေမာမိလိုက္ၾကသည္။
တစ္ေန႕ တစ္ေန႕ မင္းေလးကို လြမ္းတဲ့စိတ္နဲ႕ပဲရွင္သန္ေနခဲ့ရတာ...။
မင္းေလးသိရဲ႕လား...?
ဒီအခန္းထဲမွာပဲေနၿပီး မင္းေလးကို ထပ္မေတြ႕ရေတာ့မွာ ကိုယ္ သိပ္ေၾကာက္ေနခဲ့တာ...။
ေဆးစစ္ခ်က္အေျဖကို ေမွ်ာ္လင့္တႀကီးေစာင့္ဆိုင္းေနရတဲ့ ေန႕ရက္ေတြက ကိုယ့္အတြက္ ငရဲက်ေနသလိုပဲ...။
ကိုယ္ သိပ္စိုးရိမ္ေနခဲ့ရတာ...
မင္းေလးရဲ႕အၿပဳံးေတြကို ကိုယ္ ထပ္ျမင္ခြင့္မရေတာ့မွာကို...။
ကိုယ္ သိပ္ေၾကာက္ေနခဲ့တာ...
ကိုယ္ မင္းေလးကို ႏႈတ္မဆက္ပဲ ထြက္သြားရမွာကို...။
ကိုယ့္မွာ ေရာဂါပါလာခဲ့ရင္ ဆိုတဲ့ စိတ္နဲ႕...
ကိုယ့္ကိုယ္ကို စိတ္မပူရပါပဲ
မင္းေလးကို ထပ္ေတြ႕ခြင့္မရေတာ့ရင္ စိတ္က
ကိုယ့္ကို ပိုၿပီးေတာ့ ေလာင္ၿမိဳက္ေစတယ္...။
ဘယ္လိုလုပ္ရပါ့ အဆိုးေလးရယ္...??
Advertisement
- In Serial15 Chapters
I'm Not Going To Let You Capture Me!
A boy is seduced by the posters for a game and ends up buying it on impulse. Turns out the game was called 'Love Love Medieval Magic Fantasy', what's more, the cute heroine he saw was actually a guy! He ends up playing it, but the heroine is a whiny idiot, the main love interest has a terrible personality and the 'villain' character is unfairly persecuted. What the hell? He goes to sleep and wakes up as the main love interest, Jin. This is his journey.
8 597 - In Serial38 Chapters
A Second Chance ✔ (The Alpha's Mate)
Alpha Zach had long since forgotten about finding a mate. He was satisfied with how his life had turned out. Only things didn't go as planned when he suddenly found himself caught between a rock and a hard place. He now had to make a decision that will change his life for better or for worse. Katie's eighteenth birthday wasn't supposed to go the way it did. Out of all the scenarios she had thought of, what happened was the worst. Yet what she didn't know was that every love-story needed a memorable detail to make it special. And hers was full of them.--------** Copyright © 2021 by Farah Fekry. All rights reserved. No part of this document may be reproduced or transmitted in any form or by any means, electronic, mechanical, photocopying, recording, or otherwise, without prior written and signed permission by Farah Fekry (FanoshkaFlippo). **
8 544 - In Serial62 Chapters
OUR LOVE
It's Sierra's first day as a senior at Donvalley high. She wants her last year to be amazing and troublesome free. No fake friends. No trouble and certainly no boys. But what happens when the school player suddenly finds an interest in her?Read on to find out
8 107 - In Serial56 Chapters
I Dialed The Last Digit Wrong | ✔
Highest rank - #1 In humorI which a guy dials the last digit wrong and that leads to endless conversations, nonsense bickering and pranks! An honest mistake which finds him a friendship that is worth worshipping, teaches him a lesson worth learning and give him a precious gift too. It will all be revealed through this SHORT DIALOGUE STORY. So go read it and find out!
8 221 - In Serial20 Chapters
All in our heads
"When you figure out what you want, then come talk to me. Until then...get out of my face. I will speak to you in the morning." She said angrily and slammed her bedroom door in my face. I threw my body onto the hallway floor as tears streamed down my face. Screaming and crying as I pound on the door. "Johanna I'm sorry! Please I'm so sorry please don't go!" I slammed the door in Katie's face and sat on the floor as I listened to her scream and cry. Tears ran down my face and I banged my head against the door as I listened to my baby scream for me.
8 118 - In Serial30 Chapters
His Worth | MxM
In the world's most feared jail, Nate works as a correctional officer against the most feared inmates. He has no fear when it comes to talking down to inmates as he believes they all deserve to be there. That they all are low-lives and need to have authority over them. Nate believes he can fix the corruption. Until he meets the most feared, yet revered inmate dubbed as 'Worth'. He is known to be the leader of every part of the jail and has all the officers not only at his beck-and-call, but on their knees. He's in for a crimes no one is willing to discuss, and yet no one will charge him upon. Nate begins to realize that what is really at play is what they really want to get from Worth - the truth, to snitch. In the process of trying to get the truth and fix the corruption, Nate and Worth strike up a relationship that clashes and brews with tension. Until what really burns beneath begins to come through, and Nate falls into Worth's trap... Or is it the other way around?
8 232

