《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 23
Advertisement
Unicode
"Wow... ကိုယ့်ရဲ့ Baby လေးက တော်လိုက်တာကွာ..."
စားပွဲပေါ်မှာ အစီအရီ ချထားသော ဟင်းပွဲတွေကို XZ ကျေကျေနပ်နပ် ကြည့်လိုက်ပြီး Baby ဘက်ကို လှည့်ကာ လက်မလေးထောင်ပြရင်း ချီးကျူးစကားဆိုလိုက်၏။
Baby ကတော့ လက်ဆေးနေရင်း ကျွန်တော့်ကို တစ်ချက်မျှသာ လှည့်ကြည့်ကာ မျက်နှာလေးကလည်း နဂိုပုံစံအတိုင်း ခပ်တည်တည် အေးစက်စက်...။
Xiao Zhan ကတော့ အပြုံးမပျက် သူ့ရဲ့ Baby လေးကို ဂုဏ်ယူနေလေ၏။
မျက်နှာတည်ထားပေမယ့် လူကြီးရဲ့စကားကြောင့် YB စိတ်ထဲကြည်နူးသလိုလေး ဖြစ်သွားတာကိုတော့ ဝန်ခံပါသည်။
Yibo ဒီအိမ်မှာ နေလာတဲ့ တစ်လျှောက်လုံး ကိုယ့်ကို အသေးအမွှားလေးကအစဂရုစိုက်ပြီး ချီးကျူးပေမယ့် လူမှ မရှိခဲ့ပဲလေ...။
တစ်ယောက်တည်း အထီးကျန်နေခဲ့တာလည်းပါမှာပေါ့ဗျာ...။
ဒါပေမယ့် ဒီအိမ်ကြီးထဲမှာ ကိုယ် တစ်ယောက်တည်း နေရလို့ "အထီးကျန်လား...? တွေ ဘာတွေ?" လာမေးရင်တော့ ကျွန်တော် ညာမိလိမ့်မယ် ထင်တယ်...။
အိမ်မက်ဆိုးတွေကြား အိပ်ရေးပျက်ခဲ့ရတဲ့ ညတွေ နဲ့ အမှောင်ကို ကြောက်တတ်တဲ့ ကျွန်တော့်အတွက် ဒီအိမ်ကြီးက အရမ်းကို တိတ်ဆိတ်လွန်းခဲ့တယ်လေ...။
အခုဆိုရင် ကျွန်တော် တစ်ယောက်တည်း မဟုတ်တော့တဲ့ ဒီအိမ်ကြီးက အရင်လို ခြောက်ကပ်မနေတော့ဘူး...။
အရမ်းကြီး သာယာနေတာ မဟုတ်ပေမယ့် လူကြီး ရှိနေတော့ 'လုံခြုံတယ်' ဆိုတဲ့ ခံစားချက်လေးက ကျွန်တော့်ကို နွေးထွေးစေတယ်...။
မညာတမ်းပြောရရင် အဲ့ဒီ ခံစားချက်လေးကို ကျွန်တော် သဘောကျမိတာတော့ အမှန်ပဲ...။
Baby ရယ် ကျွန်တော်ရယ် နှစ်ယောက် အတူတူ ချက်ပြုတ်ထားတဲ့ ဒီဟင်းလျာတွေက XZ အတွက်တော့ ဘာနဲ့မှ မလဲနိုင်တဲ့ တန်ဖိုးကြီး အစားအစာတွေပါပဲ...။
(**Baby ကိုယ့်အပေါ် နည်းနည်းတော့ အမြင်ကြည်လာပြီ ထင်ပါရဲ့...**)
XZ ကိုယ့်ဘာသာတွေးရင်း ပြုံးလိုက်မိ၏။
Baby လက်ဆေးပြီး စားပွဲနားကို လျှောက်လာတော့လည်း
Baby ထိုင်မယ့် ထိုင်ခုံလေးကို အသာဆွဲပေးရင်း ထိုင်ရလွယ်အောင် ပြင်ဆင်ပေးဖို့လည်း XZ တို့ မမေ့ပါလေ...။
လူကြီး ဆွဲပေးသော ထိုင်ခုံလေးမှာ YB အသာတကြည် ဝင်ထိုင်လိုက်တော့ စားပွဲပေါ်မှာ တင်ထားတဲ့ ပဝါလေးက လူကြီးရဲ့လက်ချက်ကြောင့် YB ကိုယ်ပေါ်မှာ နေရာယူနေလေပြီ...။
ဒီလိုအသေးစိတ်လေးတွေကအစ ဂရုစိုက်ပေးတတ်တဲ့ လူကြီးကို 'သံယောဇဥ်မတွယ်မိဘူး' လို့ ပြောရင် Yibo လိမ်ရာကျမှာပေါ့...။
ဒါပေမယ့် ကိုယ့်စိတ်ကိုယ် အတတ်နိုင်ဆုံး ထိန်းတယ်...။
လူကြီးကို သံယောဇဥ်မတွယ်သင့်ဘူးလေ...။
XZ Baby နဲ့ မျက်နှာချင်းဆိုင်ထိုင်ခုံမှာ ဝင်ထိုင်လိုက်ရင်း စိတ်ထဲရှိနေသော အမေးစကားလေးကို ထုတ်မေးဖြစ်သည်။
"Baby ဒီနေ့ အပြင်သွားစရာရှိလားဟင်...?"
ပိုပြီးတော့ တိကျအောင် XZ ထုတ်မေးလိုက်တာဖြစ်သည်။
"မသေချာဘူး"
Baby ဆီက မတင်မကျ အဖြေစကားကို ကြားရပေမယ့် XZ ကျေနပ်ပါ၏။
ဒီနေ့အတွက် လုံလောက်ပါတယ်...။
လောဘမရှိဘူးပဲ ဆိုဆို...
Baby ကျွန်တော့်ကို ဒီလိုလေး လိုက်လျောညီထွေ ဆက်ဆံပေးနေရင်ကို ကျွန်တော်ဆိုတဲ့ Xiao Zhan က ကျေနပ်နေတာလေ...။
"လူကြီး"
Baby ခေါ်လိုက်တဲ့ "လူကြီး" ဆိုတဲ့ အသုံးအနှုံးကြောင့် XZ မျက်ခုံးတစ်ချက်ပင့်တက်သွားပြီးမှ သဘောတကျ ပြုံးလိုက်မိသည်။
"အင်း ပြောလေ ကလေးရဲ့..."
"ဒီနေ့ အလုပ်မသွားဘူးလား...?"
Baby ဒီလို မေးတော့မယ်ဆိုတာ XZ ကြိုတွေးပြီးသားပါ...။
"Omm ကိုယ် ဒီနေ့ အလုပ်မသွားဘူး..."
(**Baby နဲ့အတူတူရှိရမယ့် ဒီလို နေ့လေးမှာ ကိုယ်က အလုပ်ကို ဘာသွားလုပ်ရမှာလဲ ကလေးရဲ့...**)
"အလုပ်ကို မလေးစားဘူး"
Baby ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် XZ မချင့်မရဲဖြစ်မိပေမယ့် အပြုံးလေးနဲ့သာ တုံ့ပြန်ရင်း ငြိမ်နေမိသည်။
".........."
(**"အလုပ်ကို မလေးစားဘူး" တဲ့လား...? Baby ရယ်...။
Baby လောက် ဘယ်အရာကများ ကိုယ့်အတွက် အရေးပါလို့လဲ...?**)
အရှေ့မှ ငြိမ်သွားသော လူကြီးကြောင့် YB မနေတတ်စွာ တွေ့ရာစကားတစ်ခွန်းဖြင့်သာ စကားဆက်မိ၏။
"လူကြီး... ခင်ဗျားက အသားမစားဘူးလား...?"
"ဟင်??"
Baby ရဲ့ စကားကြောင့် XZ အတွေးပျက်သွားသော်လည်း ဘာပြောလိုက်မှန်း ချက်ချင်း နားမလည်လိုက်...။
"ခင်ဗျားရဲ့ပန်းကန်ထဲမှာ အရွက်တွေချည်းပဲလေ...။
အဲ့တာကြောင့် အသားမစားဘူးလား လို့မေးတာ..."
"Aww... စားပါတယ် Baby ရဲ့..."
(**Baby ကိုယ်တိုင် ပင်ပင်ပန်းပန်း ချက်ထားတာတဲ့ ဟင်းပွဲတွေပဲ...။
Baby ချက်ထားသမျှ ကိုယ် အကုန်စားတယ်...**)
XZ တစ်ယောက် Baby ရဲ့အမေးကို ပြန်ဖြေပြီး ဟင်းပန်းကန်ထဲက အသားတွေကို ဇွန်းနဲ့ လှမ်းခပ်လိုက်တဲ့အချိန် အနံ့တစ်ခုက ထောင်းခနဲပဲ...။
(**ဆိတ်သားတွေလား...?**)
Baby ကို မော့ကြည့်လိုက်တော့ Baby ကလည်း သူ့ကို ကြည့်နေတာနဲ့ ကြုံ၏။
XZ လည်း ဆိတ်သားဟင်းကို ဟန်မပျက် ပန်းကန်ထဲ ခပ်ထည့်လိုက်ရင်း...
"Baby က ဆိတ်သား ကြိုက်တယ်လား...?"
"Omm ကျွန်တော် ငယ်ငယ်က မား ချက်ကျွေးတဲ့ ဆိတ်သားစွပ်ပြုတ်တွေ ဆိတ်သားချက်တွေဆို အရမ်းကြိုက်တာ...။
မား ရှိတုန်းကဆို အမြဲတမ်း ချက်ကျွေးတယ်...။
မား မရှိတော့တဲ့နောက်တော့ မား သင်ပေးထားတဲ့ ချက်ပြုတ်နည်းတွေအတိုင်း ကိုယ်တိုင် ချက်စားရတာပေါ့..."
ဝမ်းနည်းမှုတွေကို အပြုံးလေးနဲ့ ဖုံးကွယ်ရင်း အသံကိုလည်း ထိန်းပြောနေတဲ့ Baby လေး...။
ဒီအပြုံးရဲ့နောက်ကွယ်မှာ Baby ဘယ်လောက်တောင်များ ဝမ်းနည်းနေလိုက်မလဲ...? ဘယ်လောက်တောင်များ စိတ်မကောင်းဖြစ်နေရှာမလဲ...?
XZ မေးမိတဲ့ ကိုယ့်ကိုယ့်ကိုသာ စိတ်ထဲကနေ အကြိမ်ကြိမ် အပြစ်တင်မိသည်။
Baby ကို သူ စိတ်မကောင်းဖြစ်အောင် လုပ်မိပြီလား...?
ဒါကို သတိထားမိတဲ့ Baby က "ဟက်!" ကနဲ တစ်ချက်ရယ်လိုက်လျက်...
"ဟက်..! ဘာမှမဖြစ်ပါဘူး...။
ခင်ဗျား စားစရာရှိတာ စားပါ...။
Advertisement
ကျွန်တော် နေသားကျနေပါပြီ..."
(**"နေသားကျနေပါပြီ" တဲ့လား Baby ရာ...
တစ်ယောက်တည်း ဖြတ်သန်းခဲ့တဲ့ နေ့ရက်တွေအတွင်း Baby ဘယ်လောက်တောင်များ ခက်ခဲခဲ့မလဲ...?
ကိုယ် ကတိပေးပါတယ်...။
ရှေ့ဆက်မယ့် မိနစ်တိုင်း စက္ကန့်တိုင်းမှာ ကိုယ် Baby ကို အများကြီး ပိုပြီး ဂရုစိုက်ပေးမယ်...။
ကိုယ့်ကို ယုံတယ်မလား...?
ဒါပေမယ့် Baby ဘက်က ကိုယ့်ကို တစ်ခုတော့ လိုက်လျောပေးပါ...။
Baby ရဲ့အနားမှာ ကိုယ့်ကို အမြဲတမ်းရှိနေခွင့်လေး တစ်ခုပဲ တောင်းဆိုတာပါ...**)
XZ ထိုစကားတွေကို စိတ်ထဲကနေသာ ပြောဖြစ်သည်။
Baby ကို ဖွင့်ပြောဖို့ အချိန်မတန်သေးဘူး ထင်ပါရဲ့...။
"လူကြီး ထည့်စားလေဗျာ...။
ဟင်းတွေအများကြီးပဲ...။
နွှင့်ပစ်ရမယ့်အတူတူ ခင်ဗျား စားလိုက်တော့ မကောင်းဘူးလား...?"
Baby ရဲ့ စကားကို XZ ပြုံးလျက်သာ နားထောင်ဖြစ်သည်။
ကိုယ် ကုန်အောင် စားပေးမှာပေါ့ Baby ရယ်...။
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ...
ဒါတွေ အားလုံးက Baby ကိုယ်တိုင် ပင်ပင်ပန်းပန်း ချက်ထားတဲ့ အစားအစာတွေ ဆိုတာနဲ့တင် ကိုယ် ကျေကျေနပ်နပ် စားပေးဖို့ လုံလောက်ပါတယ်.....။
ပထမဆုံးပန်းကန်ထဲထည့်ထားတဲ့ ဆိတ်သားကို ပါးစပ်ထဲ ထည့်လိုက်တဲ့အချိန် စူးနေတဲ့ ဆိတ်သား အနံ့ကြီးကြောင့် XZ မအန်မိအောင် ထိန်းနေရသည်။
ဆိတ်သားဆိုရင် XZ စားဖို့နေနေသာသာ အနံ့ပင်မခံနိုင်ပေ...။
တစ်ခါတစ်လေ စားမိရင်လည်း အမြဲတမ်း ပြန်အန်တာချည်း...။
ပန်းကန်ထဲက နောက်ထပ် ဆိတ်သားကို မျိုချဖို့ ကြိုးစားတဲ့အချိန် ပျို့တက်လာတဲ့ ခံစားချက်ကြီးကြောင့် XZ မျက်ရည်တွေပင် ဝဲသွား၏။
ကံကောင်းတာက Baby အရှေ့မှာ ပြန်မအန်ဘူးဗျ...။
Baby လေး ကျွန်တော့်ကြောင့် နောက်ထပ် စိတ်မကောင်းဖြစ်မှာကိုတော့ သူ သေလောက်အောင် ကြောက်တယ်လေ...။
Xiao Zhan တတ်နိုင်သလောက် အစားတွေ အများကြီး စားခဲ့သည်။
Baby အရမ်းကြိုက်တယ်ဆိုတဲ့ ဆိတ်သားဟင်းကို Baby ရဲ့ အကြည့်တွေကြောင့် XZ အများကြီး စားပြခဲ့၏။
Baby ကျွန်တော့်အပေါ် အမြင်ကြည်လာဖို့ဆိုရင် ဒီလောက်လေးကတော့ မပြောပလောက်ပါဘူး...။
______________
"ဒေါက်တာရှင်းချန်တို့များ အိမ်ပြန်ရတော့မယ်ဆိုတော့ တက်ကြွနေပါ့လား...?"
"ဟားးး ဒါပေါ့ဗျာ..."
ရင်းနှီးနေပြီဖြစ်တဲ့ Neurs လေးရဲ့ စကားကြောင့် ရှင်းချန် အရယ်တစ်ဝက်နှင့် ပြန်ဖြေလိုက်သည်။
ဒီနေ့ဆို ရောဂါတွေ ငြိမ်သွားတဲ့အတွက် ဒေါက်တာတွေကို အိမ်ပြန်ဖို့ စီစဥ်ပေး၏။
ဒီရောဂါက အရှင်းပျောက်တဲ့လူဆိုတာ တော်တော်လေးကို ရှားပါသည်။
ဒါပေမယ့် ဒီနယ်မှာ ရောဂါအခြေအနေ တော်တော်လေး တည်ငြိမ်သွားပါပြီ...။
ကျွန်တော်တို့ ဒေါက်တာတွေ ကြိုးစားရကျိုးနပ်ပါတယ်ဗျာ...။
ကယ်တင်လိုက်နိုင်တဲ့ အသက်တွေလည်း များတာကိုး.....။
ရှင်းချန်တို့က ဒီနေ့ ပြန်ကြမှာဖြစ်ပြီး မနက်ဖြန်တော့ စစ်ဒေါက်တာတွေ ပြန်မှာဖြစ်သည်။
ဒီနယ်ဘက်က လူတွေကတော့ နှစ်စဥ်နှစ်တိုင်း ကာကွယ်ဆေးထိုးရလိမ့်မည်။
ပြန်ရတဲ့ ရှင်းချန်တို့ ဒေါက်တာအဖွဲ့ကလည်း ပေကျင်းပြန်ရောက်ရင် ကာကွယ်ဆေးထိုးပြီး သေချာစောင့်ကြည့်ခံရမှာဖြစ်ပြီး
ဘာမှမဖြစ်ဘူးဆိုတော့မှ မိသားစုတွေနဲ့ တွေ့ခွင့်ရမှာဖြစ်သည်။
နားလည်ပါတယ်...။
တကယ်လို့ ကိုယ်သာ ရောဂါပါလာခဲ့ရင် မိသားစုတွေကို မကူးစက်စေချင်ဘူးလေ...။
ပြီးတော့ တစ်ယောက်စ နှစ်ယောက်စနဲ့ ပြည်သူတွေ ကူးကုန်မှ ဒုက္ခရောက်ကြမှာ...။
ဘာပဲဖြစ်ဖြစ် ဒီနယ်မှာ လုပ်အားလာပေးကြတဲ့ ဒေါက်တာတွေက ကိုယ့်မြို့ကိုယ့်နယ်ကို ပြန်ရတာပဲ ကျေးဇူးတင်နေကြတာဗျ...။
မတော်လို့ ရောဂါပါ သွားတယ်ထားဦး...
ကိုယ့်မြို့ကိုယ့်နယ်မှာပဲ ခေါင်းချမယ်တဲ့လေ...။
ကူးစက်စေချင်တဲ့ စိတ်တွေတော့ မရှိကြပါဘူး...။ ဟိုရောက်ရင် တစ်ခါပြန်စစ်ရမှာပဲလေ...။
အဓိကကတော့ လူတစ်ယောက်ရဲ့မသေခင်အတ္တလေးပေါ့ဗျာ...။
ပေကျင်းရောက်ရင် အရင်ဆုံးပြေးတွေ့ချင်တာကတော့ ကျွန်တော်ရဲ့အဆိုးလေးကိုပါပဲ...။
အဆိုးလေးရေ...
ကိုယ် ပြန်လာပြီ...။
မင်းလေးအပေါ်မှာ ပျက်ကွက်ခဲ့တဲ့ အချိန်တွေအတွက် အများကြီး ပိုပြီး အချိန်တွေပေးမယ်...။
လျှောက်လည်ကြမယ်...။
ရုပ်ရှင်တွေအတူတူကြည့်ကြမယ်...။
မင်းလေးနဲ့အတူ စကားတွေ အများကြီးပြောချင်တယ်...။
မနက်ခင်းတိုင်းကို မင်းရဲ့အပြုံးလေးနဲ့ စတင်ချင်တယ်...။
ကိုယ့်ရဲ့ပါပီလေးကို အရမ်းလွမ်းတယ်...။
ပြီးတော့ အရမ်းချစ်တယ်...။
ကိုယ့်ကို စစ်ဆေးပြီးလို့ ဘာရောဂါမှ မတွေ့ရင်တော့ မင်းလေးကို မြင်ရဦးမှာပါ...။
ကံမကောင်းခဲ့ရင်တော့ မင်းလေးကို 'တောင်းပန်ပါတယ်' ဆိုတဲ့ စကားကလွဲပြီး ကိုယ် ဘာမှပြောနိုင်မှာမဟုတ်ဘူး...။
ပါပီလေးရေ...
ကိုယ် သေရမယ်ဆိုရင်တောင် မင်းလေးရဲ့မျက်နှာလေးကိုတော့ မြင်ချင်သေးတယ်...။
_______________
"ဝေါ့..! ဝေါ့...!"
သန့်စင်ခန်းတစ်ခန်းမှာ အသည်းအသန် အန်နေတဲ့ ကောင်လေးတစ်ယောက်...။
အန်နေတာ ကြာတော့ မျက်နှာတစ်ခုလုံးလည်း ရဲတွတ်နေပြီး မျက်ခမ်းတွေပါ ရဲတက်လာ၏။
"ဝေါ့..!"
"ဟူးးးး"
အန်ပြီးတာနဲ့ သက်ပြင်းတွေလည်း ချနေသလို ရင်ဘက်ကလည်း မောနေတာကြောင့် နိမ့်ချည်မြင့်ချည်ဖြစ်နေလေသည်။
ကိုယ်တောင်းပန်ပါတယ် Baby...
ပြန်မအန်မိအောင် ထိန်းထားခဲ့ပေမယ့် ထိန်းလို့မရခဲ့ဘူး...။
"လူကြီး!"
အောက်ထပ်က Baby အသံကြောင့် XZ မျက်နှာသစ်လိုက်ပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ကာ ဆင်းလာခဲ့လိုက်သည်။
"လူကြီး ဒီမှာ ခင်ဗျား နဲ့တွေ့ချင်လို့တဲ့ ဧည့်သည်ရောက်နေတယ်..."
Baby ရဲ့ 'ဧည့်သည်' ဆိုတဲ့ စကားကြောင့် ဘယ်သူလဲ မှတ်ပါရဲ့... ဧည့်ခန်းမှာ ထိုင်နေတာ လေးလေး ဖြစ်နေခဲ့တာကိုး...။
"ဟင်? လေးလေး"
ဧည့်ခန်းမှာ ထိုင်နေတဲ့ လေးလေးက XZ ဆင်းလာတာတွေ့တော့ ပြုံးပြနှုတ်ဆက်ရှာ၏။
"ကျန့်ကျန့် သား အဆင်ပြေရဲ့လားလို့ လာကြည့်တာပါ...။
Ph ကြိုမဆက်ပဲ လာမိလို့ စိတ်မရှိပါနဲ့ကွာ.."
Baby ရဲ့ 'ဧည့်သည်' ဆိုတဲ့ အသုံးအနှုန်းက လေးလေးကို အားနာစိတ်ဖြစ်စေသည်ထင်၏။
Baby က လေးလေးကို အမြင်မကြည်ဘူးလား...?
"ဟာ မဟုတ်တာ လေးလေးရာ... ကျွန်တော် အဆင်ပြေပါတယ်..."
XZ လေးလေးရဲ့ဘေးက ဆိုဖာခုံမှာ ဝင်ထိုင်လိုက်တော့ သူ့ပုံစံကို သတိထားမိတဲ့ လေးလေးက စိုးရိမ်စိတ်ဖြင့်ပြောလေသည်။
"ကျန့်ကျန့် သား နေမကောင်းဘူးလား...?
အသားတွေ နီနေသလိုပဲ...။
နေမကောင်းရင် ဆေးခန်းလေး ဘာလေး သွားနော် သား ပေါ့တိပေါ့ဆမနေနဲ့..."
Advertisement
"ဘာမှမဖြစ်ပါဘူး လေးလေးရာ စိတ်မပူပါနဲ့...
ဒါနဲ့ လေးလေးက အလုပ်က ပြန်လာတာလား..?"
XZ စကားလွှဲလိုက်တော့ လေးလေးကလည်း စကားလမ်းကြောင်း လွဲသွားလေ၏။
"ဟုတ်တယ် Bar ကို မှာစရာရှိတာတွေ သွားမှာ,တာပါ...။
Bar ကအပြန် သားတို့ဆီ ဝင်လာတာ...။
သားတို့ အဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲ...။ တစ်ခုခု အကူအညီလိုရင် လေးလေးကို Ph လှမ်းဆက်လိုက်နော်..."
"ဟုတ်ကဲ့ လေးလေး"
"အေး အဲ့ဒါဆို လေးလေး ပြန်လိုက်ဦးမယ်...။
နေ့ပိုင်းလောက်ကျရင်တော့ လေးလေး Gym ဆိုင်တွေ သွားစစ်ပေးထားမယ်...။
သား နေမကောင်းရင် အေးအေးဆေးဆေး အနားယူနော်..."
"ဟုတ်ကဲ့ လေးလေး ကျွန်တော် ဘာမှမဖြစ်ပါဘူး...။ စိတ်မပူပါနဲ့..."
"အေးအေး... လေးလေး ပြန်တော့မယ်နော်"
"ဟုတ် လေးလေး"
လေးလေးကို ကားနားအထိ လိုက်ပို့ပေးပြီး လေးလေးရဲ့ကားလေး မြင်ကွင်းထဲက ပျောက်သွားတော့မှ XZ အိမ်ထဲ ပြန်ဝင်လာခဲ့သည်။
လေးလေးကလည်း အခု တစ်ယောက်တည်းနေရတော့ နေသားကျပါ့မလား...?
XZ တွေးရုံသာ တတ်နိုင်ပါသည်။
လက်တွေ့မှာတော့ လေးလေးနဲ့မှ အတူ နေမပေးနိုင်ပဲလေ...။
အိမ်အပေါ်ထပ် ပြန်တက်လာချိန် 'မိုက်ကနဲ"' ဖြစ်သွားသော ခေါင်းကြောင့် လူကပါ အနည်းငယ် ယိုင်သွားလေသည်။
လက်တစ်ဖက်က လှေကားလက်ရမ်းကို ကိုင်ကာ ကျန်တစ်ဖက်က နားထင်ကို နှိပ်ရင်း ခနရပ်နေမိ၏။
ဖျားနေပြီထင်ပါတယ်...။
စိတ်အလို မလိုက်နိုင်တဲ့ ဒီခန္ဓာကိုယ်ကြီးက အခုတော့ မီးကြီးခဲကြီးအလား ပူကျစ်နေလေ၏။
အိမ်ပေါ်ထပ်သို့ အားယူကာတက်ရင်း အခန်းထဲဝင်ကာ နားနေလိုက်သည်။
ခနပဲ နားမှာပါ...။
ဒီနေ့လေးမှာ Baby နဲ့ အတူတူ ကုန်ဆုံးဖို့ တွေးထားတာလေ...။
ခန နေရင်တော့ နေမကောင်းတာ ပျောက်လောက်ပါရဲ့...။
...........................
*တီ တီ တီ တီ*
အိပ်ရာခေါင်းရင်းက Alarm သံကြောင့် XZ နိုးလာလေသည်။
ညနေ 3 နာရီ...
အင်းးး နောက်မကျသေးဘူးလို့ပဲ ပြောရလား...?
Baby ရော အိမ်ထဲမှာရှိရဲ့လား...?
နေမကောင်းလို့ ဆေးသောက်ပြီး အိပ်တာတောင် XZ ကောင်းကောင်း မအိပ်နိုင်ပေ...။
အိပ်ရာကနေ ထ,ထိုင်ပြီး နည်းနည်းတော့ ခေါင်းကြည်သွားသလို ရှိတာကြောင့် XZ စိတ်သက်သာရာရသွားလေသည်။
အိမ်အောက်ကို ဆင်းလာတော့ ချစ်မဝတဲ့ အူကြူးလေးက ဧည့်ခန်းမှာ Ph ထိုင်ကြည့်နေလေ၏။
Baby လေး အပြင်ထွက်မသွားလို့ စိတ်ချသွားတာ တစ်ကြောင်း...
ကိုယ်ဝယ်ပေးထားတဲ့ Ph လေးကို သုံးနေတာကြောင့် စိတ်ချမ်းသာသွားတာတစ်ကြောင်း...
သူ နေမကောင်းတာတောင် ပျောက်ကင်းသွားသလို ခံစားမိ၏။
Baby က ကိုယ့်အတွက် အဲ့ဒီလောက်တောင် အစွမ်းထက်တာလား...?
XZ တစ်ချက်ပြုံးလိုက်ရင်း Baby လေးအနားကို သွားထိုင်နေလိုက်၏။
Baby က ကျွန်တော့်ကို တစ်ချက်သာ မော့ကြည့်ပြီး Ph ဆက်ကြည့်နေလေသည်။
"Baby"
"Omm"
အယ်... Baby က ကျွန်တော် ခေါ်တာကို အသာတကြည် ထူးသားပဲ...။
ဒါပေမယ့် သူ Ph ကြည့်နေတာတော့ မပျက်...။
"Ph လေးကို သဘောကျရဲ့လား...?"
"မဆိုးပါဘူး...
ဒါပေမယ့် ကျွန်တော့်အရင် Ph ပြန်တွေ့ရင် လူကြီး ရဲ့ Ph ကို ပြန်ပေးမှာ..."
Baby စကားကြောင့် XZ မှာ ရယ်ရခက်ငိုရခက်...။
(**ရှာမနေပါနဲ့ Baby ရယ်...
Baby ရဲ့ အရင် Ph ကို ပြန်တွေ့မှာ မဟုတ်တော့ဘူး...။
ကိုယ် ဒီ Ph လေးကို Baby အခန်းထဲ လာထားတုန်းက.....
Baby အင်္ကျီ ဗီရိုထဲက Baby ရဲ့အရင် Ph လေးကို တွေ့လို ကိုယ် ယူထားလိုက်တယ်...**)
"လူကြီး"
"ဗျာ..."
"ဒီဓာတ်ပုံတွေကို ဘာလို့ ကျွန်တော့် Ph ထဲထည့်ပေးထားတာလဲ...?"
Baby ရဲ့မေးခွန်းကို XZ သဘောတကျပြုံးလိုက်သည်။
"အဲ့ဒီ ဓာတ်ပုံတွေက ဘယ်လိုဖျက်ဖျက် ဖျက်လို့ရမှာမဟုတ်ဘူး...။
Baby သိလား...?
ကိုယ် ဒီ Ph လေး ဝယ်လာကတည်းကသေချာကူးထည့်ပေးထားတာ..."
Yibo ဒီ Ph ထဲက ဓာတ်ပုံတွေကို ဖျက်ပစ်ဖို့ထိ မရည်ရွယ်ပေမယ့် လူကြီးရဲ့ "ဘယ်လိုမှဖျက်လို့မရဘူး" ဆိုတဲ့ စကားက ဘာအဓိပ္ပါယ်လဲ...?
"Baby ရဲ့ Ph ထဲမှာ ကိုယ် ဓာတ်ပုံလေး 3 ပုံ ကူးထည့်ပေးထားတယ်...။
အဲ့ဒီ ဓာတ်ပုံ တစ်ပုံချင်းစီတိုင်းမှာ အဓိပ္ပါယ်ရှိတယ်...။
Baby သိချင်လား...?"
လူကြီးရဲ့ "သိချင်လား...?" ဆိုတဲ့ မေးခွန်းအဆုံးမှာ Yibo ရဲ့မရှိသင့်တဲ့ မာနလေးခံသွားလေ၏။
ဘယ့်နှယ် ပြောချင်ရင်လည်း ပြောလိုက် ၊ မပြောချင်ရင်လည်း မပြောနဲ့ပေါ့...။
'သိချင်လား' ဆိုတော့.....??? :(
"မသိချင်ပါဘူး...
ဖျက်မရတော့လည်း ထားလိုက်မှာပေါ့...။
ဘာခက်တာ မှတ်လို့..."
နှုတ်ခမ်းလေးဆူကာ ပြန်ပြောနေတဲ့ Baby လေးက တကယ့်ကို ကလေးလေးအတိုင်းပါပဲဗျာ...။
XZ အသဲယားလာတာနှင့် အသံထွက်အောင်ပင် ရယ်လိုက်မိသည်။
"ဟားးး ဟုတ်ပါပြီဗျာ...
Baby မသိချင်သေးရင် ကိုယ် မပြောတော့ဘူး... နော်..."
XZ Baby လေးရဲ့ အမူအရာလေးတွေကြောင့် ရယ်မိပြန်ပြီ...။
လှောင်ပြီး ရယ်ခြင်းမျိုးမဟုတ်...။
သဘောကျလွန်းလို့ ချစ်စရာကောင်းလွန်းလို့သာ ကိုယ့်ကို ရယ်မိတဲ့အထိ ဖြစ်စေတာပါ...။
"ခင်ဗျား နော် ရယ်ပြန်ပြီ...
ဘယ်နားက ရယ်စရာပါလဲ...?"
"Baby မကြိုက်ရင် ကိုယ် မရယ်တော့ပါဘူးကွာ... နော်...
Baby ကလည်း စိတ်ကြီးပဲ..."
XZ စ,သလိုလေးပြောလိုက်မိတော့...
သူ တစ်ခါမှ မမြင်ဖူးတဲ့ Baby ရဲ့ မျက်စောင်းလှလှလေးက XZ ထံသို့ ကျရောက်လာလေ၏။
ထိုအချိန်ခန ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသလို ခံစားလိုက်ရပြီး
XZ အသက်ပင်ရှုမိရဲ့လား မသိတော့...။
ဘယ်လိုတွေတောင် ချစ်ဖို့ကောင်းနေရတာလဲ Baby ရာ...?
ဒီလို လေးတွေ ချစ်စရာကောင်းလာလေလေ ကိုယ် Baby ကို ဆုံးရှုံးရမှာ ကြောက်လာလေလေပဲ...။
Baby ကိုယ့်ကို ထားတော့မသွားဘူးမလားဟင်...?
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 3233 words 💞
အားလုံး ကျန်းမာရေးဂရုစိုက်ကြပါနော် ❤
Thanks you all...💌💞
💞 ချစ်ခင်လေးစားလျှက် 💞
K.Royalwhite💌💞🤍
Jan 29,2021 (Updated Day) 🖤✨
Zawgyi
"မသေချာဘူး"
လောဘမရှိဘူးပဲ ဆိုဆို...
"လူကြီး"
"အင်း ပြောလေ ကလေးရဲ့..."
"အလုပ်ကို မလေးစားဘူး"
".........."
"ဟင်??"
"Aww... စားပါတယ် Baby ရဲ့..."
(**ဆိတ်သားတွေလား...?**)
Advertisement
- In Serial54 Chapters
The Princess of Potential
Not quite yet twenty, Princess Alina of Daxaria has finally agreed to meet with suitors for her hand in marriage. For the first time since infancy, she will be returning to the military city of her kingdom Daxaria, Austice. However, her decision and family troubles are about to be impacted with the arrival of the infamous House Witch family that she has not seen since her childhood. How will their presence affect her decision? Do they know everything that has happened with her brother, the Crown Prince?Only time will tell in this semi-sequel to The House Witch!
8 114 - In Serial62 Chapters
Being a Villainess is No Joke
Adailia de Perinius, the prettiest and bitchiest person of the novel, 'A Lovely Girl' and the main villainess. Being madly in love with the male protagonist, the Crown Prince, she becomes super possessive and did not let any woman come near him. But as in any novel, the male protagonist, Raashid, falls in love with Seanna, the female protagonist and Adailia's 'minion' who was bullied everyday. But Adailia being Adailia, tries to kill her and take Prince all for herself. Finally being tired of this daily torture, the Crown prince, when was announced the Emperor on his 19 th birthday, altered some laws that enabled him to executed Adailia. A befitting end for the villainess.But there's a slight ... wait.... a whole lotta big problem. Cause somehow, I, Choi Haeun, has become Adailia de Perinius.But well, I know how it ends so there's no way I'm gonna die.I just need to get in the Prince's good books and move out of their way.That's gonna be easy. But the luck wasn't with me and the story took some awkward turns.But well, if luck was with me I wouldn't have become Adailia in the first place, would I?*Cover photo not mine*A/N: This is my original work and not a translation of any novel
8 312 - In Serial72 Chapters
The Wanted Wife: Daddy, Mommy Escapes Again!
The whole life of Li Jingzhi could be concluded with one sentence: His ups and downs in life is all due to Si Luoming. When he was young, he dreamed to be a person like him…Till the end she finds that he hated her, especially when she "murdered" the one in his heart indirectly. Since then, he has never hidden his hatred for her. And then she knows her life has already been messed up all these years… Read all of the latest chapters The Wanted Wife: Daddy, Mommy Escapes Again! on Flying Lines.
8 229 - In Serial14 Chapters
Qinghuan
All the girls in NO.1Middle School know that Chen rang the first to fight violently and arrogantly has no good impression of Qi huan from Minxue Private High School next door. it's just that they didn't know at that time,and Chen didn't let himself know--
8 205 - In Serial33 Chapters
Forevermore | Hailee Steinfeld
Jayden Carter, a 25 year old pro athlete for the WNBA, is a shy and reserved woman due to her upbringing. Raised as a boy until her teenage years when she began to develop upper female anatomy, she was outcasted by many her age. Jayden used basketball as her escape from the reality of her broken family and life, working day and night until she was drafted by the Los Angeles Sparks at 21 years old. Although not fond of parties, Jayden gets invited to her best friends birthday, a party she can't miss. But when she takes a step outside to get some fresh air on the balcony, she finds a certain girl with long brown hair and green brown eyes doing just the same. #1 in haileesteinfeld #1 in steinfeld#2 in gxg#1 in gp#1 in lizzieolsen#1 in wnba#1 in lgbtfictionHailee Steinfeld x Original Character(G!P OC)
8 212 - In Serial13 Chapters
A Weird night
Harley Hart soon to be Nova Bennett, was the best assassin there was, she apparently had no flaws but she did and it was her greatest weakness. There was one person she would die for and she did, kind of. She didn't see it coming, she didn't think that something like this would happen. Her world was about to be flipped upside-down in the spand of a day. For better or for worst who can tell.Started: 12-08-22Finished:??
8 80

