《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 17
Advertisement
Unicode
"ဒီနေ့ကတော့ ကျွန်တော့်အတွက် ခံစားချက်မျိုးစုံဖြစ်စေပြီး ဘယ်တော့မှ မေ့မရနိုင်တဲ့ နေ့တစ်နေ့ပါပဲဗျာ..." ✍🏻
ရေးလက်စ,စာလေးကို လက်စ,သတ်ကာ အနက်ရောင်စာအုပ်လေးကို အသာပိတ်ရင်း XZ သက်ပြင်းချမိ၏။
ဒီစာအုပ်လေးက XZ ငယ်ငယ်လေးကတည်းကရင်ဖွင့်နေကြ နေရာလေး တစ်ခု...။ "ဒိုင်ယာရီ စာအုပ်" ဟု အမည်တွင်သော အနက်ရောင်စာအုပ်လေးထဲမှာ XZ ရဲ့ငယ်ဘဝကနေ ယခုအချိန်ထိ ခံစားခဲ့ရသမျှခံစားချက်လေးတွေအားလုံး ပုန်းအောင်းနေလေသည်။
တည်ငြိမ်သူပီပီ ၊ ဖုံးကွယ်တတ်သူပီပီ XZ ဆိုတာ လူတစ်ယောက်ကို ကိုယ့်ခံစားချက်တွေ တော်ရုံနဲ့ ထုတ်မပြတတ်သည့် လူတစ်ယောက်...။ ရင့်ကျက်လာတာလား ဆိုတော့လည်း မဟုတ်ပြန်...။
တစ်ယောက်တည်း ခံစားလာရတာတွေများလာတော့ နေသားကျသွားတာဖြစ်ဟန်တူသည်။ ခြွင်းချက်ကတော့ ဒီဒိုင်ယာရီစာအုပ်လေးပေါ့...။ ဒီစာအုပ်လေးက XZ ရဲ့ တစ်ခုတည်းသော ရဲရဲတင်းတင်း ရင်ဖွင့်ရာနေရာလေးတစ်ခုပါလေ...။
Date လေးကို လှလှပပတပ်လိုက်ပြီး သူ ရေးထားတဲ့ ဒီနေ့လေးဟာ အမှတ်တရတွေနဲ့ လှပခဲ့သလို အတွေးတွေကြောင့်လည်း မွန်းကြပ်ခဲ့ရသည်။
(**Baby မင်းလေးရဲ့ စိတ်ထဲမှာရော ကိုယ်က ဘယ်နေရာမှာရှိနေမလဲ...**)
Ring Ring Ring 📱
Ph မြည်သံလေးကြောင့် အတွေးစတို့ကို ရုတ်သိမ်းကာ XZ Ph ကိုင်လိုက်သည်။
"Hello Michel..."
"Hey! Xiao Zhan ငါ China ကို လာမလို့ကွ! အဲ့တာ လှမ်းပြောတာ..."
"အလုပ်ကိစ္စနဲ့လား...?"
"Omm အလုပ်ကိစ္စကတော့ 43% လောက်ပေါ့ကွာ... 57% ကတော့ အပန်းဖြေရင်း အလည်လာရင်းပေါ့..."
"ငါလာကြိုမယ်လေ... မင်း ဘယ်နေ့လာမှာလဲ...?"
"Ok Bro မင်း လာကြိုမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ကွာ နောက်တစ်ပတ်လောက် လာဖြစ်မယ်ကွ... အဲ့နားနီးမှ Ph တစ်ခါ ဆက်လိုက်မယ်..."
"Aa မင်းတစ်ယောက်တည်းလား...?"
"ဟဲဟဲ..... ငါ့ကလေးရောပါတယ်ကွ အဓိကကတော့သူလေးနဲ့ အပန်းဖြေရင်း ကျောင်းလည်း တစ်ခေါက် ပြန်ကြည့်ရင်းပေါ့ကွာ..."
"Aww... A par ငါ့ Hotel မှာပဲ တည်းကြနော်... ငါ အားလုံး ပြင်ဆင်ထားပေးမယ်... ပြီးတော့ ငါ လာလည်း ကြိုမယ်..."
"A par ဒါနဲ့ မင်း အကြောင်းတွေ ကြားတယ်နော် XZ... အခု မပြောပြချင်သေးရင်လည်း China ရောက်ရင်တော့ ပြောပြရမယ်နော်..."
"A par"
(**ပြောပြသင့်သလောက်တော့ ပြောပြမှာပေါ့**)
"Aa ဒါပဲကွာ... Bae လေးက နေ့လည်စာ စားဖို့ ခေါ်နေပြီ..."
"Ok ok bye..."
Michel တို့က real တွေဆိုတော့ အတူတူနေကြတာ အဆန်းမဟုတ်...။
ကိုယ်တွေကသာ ဟိုမရောက် ဒီမရောက် အခြေအနေနှင့်...။
"ဟူးးးး"
XZ သက်ပြင်းတွေသာ ချနေမိ၏။
နာရီကြည့်လိုက်တော့ ည 1 နာရီ...။
Baby မင်းလေးရော အိပ်နေပြီလား...?
အိမ်မက်လှလှ မက်ပါစေ ကလေးရေ...။
မင်းလေးရဲ့ အိမ်မက်ထဲမှာ ကိုယ့်ကို ပါဝင်ခွင့်ပြုမယ်ဆိုရင် ကိုယ် သိပ်ပျော်မိမှာပဲ Baby ရာ...။
စာရေးတဲ့ ထိုင်ခုံလေးကနေ ရုတ်တရက် မတ်တပ်ထရပ်လိုက်တော့ ခေါင်းက 'မိုက်ကနဲ' ဖြစ်သွားတာကြောင့် လူပါ နဲနဲ ယိုင်သွားလေသည်။ မူးနေတဲ့ ခေါင်းကို လက်ညှိုးနဲ့လက်မသုံးကာ ဖိလိုက်ပြီး လက်တစ်ဖက်ကတော့ ထိုင်ခုံနောက်မှီလေးကို ကျစ်နေအောင် ဆုပ်ကိုင်ထားလိုက်၏။
ဒီတလော အိပ်ရေးပျက်ရတဲ့ ညတွေများလာတာ XZ သူကိုယ်တိုင်တောင် သတိမထားမိ...။
အကြောင်းအရင်းကတော့ နှစ်ခုမရှိတဲ့ အဖြေလေးကြောင့်ပဲပေါ့...။
မင်းလေးကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါစေ Baby...။
ကိုယ်တို့ အိမ်မက်ထဲမှာ တွေ့ကြမယ်နော်...။
ခေါင်းလေး နဲနဲပြန်ကြည်လာတော့ XZ ကုတင်ပေါ်မှာ အသာလေးလှဲလိုက်သည်။
ထို့နောက် XZ ရဲ့ ညစဥ်ညတိုင်း ပြောနေကြ စကားလေးတစ်ခွန်းကိုလည်း မမေ့မလျော့ ဆိုလိုက်ရင်း အိမ်မက်ကမ္ဘာလေးဆီသို့ အလည်သွားလိုက်တော့သည်။
"Good night Baby..."
....................
ဒီနေ့ကတော့ XZ ရဲ့ Baby လေး ကျောင်းပြန်တက်မယ့်နေ့...။
စာမေးပွဲလည်း နီးနေပြီဆိုတော့ Baby ကို ကျောင်းပျက်ရက် မများစေချင်တော့တာကြောင့်လည်းပါ၏။
Baby စာတော်တာ ဉာဏ်ကောင်းတာတွေ XZ သိပေမယ့် စာမေးပွဲမတိုင်ခင်ရက်လေးတွေမှာတော့ Baby ကို ကျောင်းတက်ရက်မှန်စေချင်ပါသည်။
တိတိကျကျ ပြောရမယ်ဆိုရင်တော့ဖြင့် XZ ကိုယ်တိုင် အကြိုအပို့ လုပ်ပေးခွင့်ရနေတဲ့ Baby ရဲ့ ကျောင်းတက်ချိန်လေးတွေပေါ့...။
XZ ပျော်ပါသည်။
ဒီလို အချိန်လေးတွေကို Baby နဲ့ အတူတူဖြတ်သန်းချင်နေတဲ့ XZ ရဲ့ ဆန္ဒလေးတစ်ခု ပြည့်ဝသွားခဲ့ပြီ...။
ညရောက်ရင်တော့ XZ ရဲ့ "Diary book" လေးမှာ မှတ်မှတ်ရရDateလှလှလေးတွေ ချရေးနိုင်ပြီး XZ ရဲ့ အိမ်မက်တွေ လှပနေပေဦးမည်။
Baby ရဲ့ကျောင်းဆင်းချိန်ရောက်တော့ Baby လေးရဲ့ကျောင်းရှေ့မှာ အချိန်အတိအကျပဲ XZ ရဲ့ အနက်ရောင်ကားလေးက နေရာယူနေပေပြီ...။
ကျောင်းထဲက လူတစ်ချို့ကတော့ အားကျတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေဆဲ...။
ကျောင်းထဲမှ ထွက်လာတဲ့ Baby လေးကို XZ မြင်လိုက်ရတဲ့အချိန် အသက်ရူဖို့ပင်မေ့သွားရ၏။
အင်္ကျီအဖြူရောင်လေးရဲ့အပေါ်မှာ လက်ရှည်အဖြူရောင်လေးကို ထပ်ဝတ်ထားလျက် ဘောင်းဘီ အနက်ရောင်လေးနှင့် ကျောပိုးအိတ် အစိမ်းကြားလေးကို ဘေးတစောင်းလေးလွယ်ထားသည့် Baby လေးက ချောချင်တိုင်းချောနေလေ၏။
သူလေးရဲ့မျက်နှာထက်တွင်တော့ အရယ်အပြုံးမရှိ တည်တည်ငြိမ်ငြိမ်နှင့်ပင်...။
ဒီိလို ပုံစံလေးနဲ့ လူတကာရဲ့ရင်ကိုခြွေနေတာလား Baby ရယ်...။
Baby က ကျောင်းမှာ The whole King ဖြစ်တာ အထူးအဆန်းတော့မဟုတ်...။
XZ ရဲ့ Baby လေးက The whole King ဆိုတဲ့ နေရာတစ်ခုထက်ပိုပြီး ထိုက်တန်တဲ့ ရုပ်ရည်ပိုင်ရှင်လေးဆိုတာ ငြင်းနေရာပင်မလိုပါလေ...။
Baby ကို ကြိုက်တဲ့ လူတွေလည်း ကျောင်းမှာ အများကြီးပဲတဲ့...။ ကောင်လေးတွေရော ကောင်မလေးတွေရော ဆိုပဲ...။
ဒါကလည်း Baby လို ရုပ်ချောတဲ့ King တစ်ယောက်အတွက် အထူးအဆန်းတော့ မဟုတ်ပေမယ့် XZ အနေနဲ့ကတော့ ဘဝင်မကျချင်...။ အမှန်အတိုင်းပြောရရင် Baby လေး သွားလေရာ နေရာတိုင်းမှာ XZ ဆိုတာ ရှိနေချင်ပါ၏။
Advertisement
Baby လေးကို XZ လုံးဝ စိတ်မချပါလေ...။
ဒါပေမယ့် Baby စိတ်အနှောက်အယှက်ဖြစ်မှာကိုလည်း XZ တို့ စိုးရိမ်ရပါသေးသည် မဟုတ်ပါလား။
Baby ကတော့ XZ ကားဆီသို့ ဘေးတစ်ဖက်တစ်ချက်မှ ကြည့်ခြင်းမရှိပဲ တည့်တည့်လျှောက်လာနေ၏။ XZ လည်း ကားပေါ်က ဆင်းကာ ထုံးစံအတိုင်း lover seat ကားတံခါးလေး ဖွင့်ပေးလိုက်သည်။
Baby ကတော့ ပုံမှန်အတိုင်း ခပ်တည်တည်နှင့်သာ ဝင်ထိုင်၏။
XZ ကို လုံးဝ လှည့်မကြည့်...။
ကားမောင်းလာတဲ့ တစ်လျှောက်လုံးမှာ သူတို့နှစ်ယောက်စလုံး စကားတစ်ခွန်းမှ မပြောကြတာကြောင့် ကားထဲတွင်လည်း ဖြစ်နေကျထုံးစံအတိုင်း တိတ်ဆိတ်နေ၏။
XZ ကတော့ ပြောစရာ စကား စဥ်းစားနေတာဖြစ်ပြီး Baby ကတော့ သူ့မူလေးအတိုင်း ကားအပြင်ဘက်ကိုသာ ငေးလျက်လိုက်ပါလာ၏။
Baby အိမ်ထဲဝင်လာတော့ ကားဂိုဒေါင်ထဲမှာ Baby ကားမဟုတ်တဲ့ တန်ဖိုးကြီး ကားတစ်စီးက အဆင်သင့်စောင့်ကြိုနေသည်။
(**Baby က အိမ်မှာ တစ်ယောက်တည်း နေတာပါ...။
ဒီကားက ဘယ်သူ့ကားပါလိမ့်...?**)
XZ လည်း Baby အိမ်အောက်မှာ ကားရပ်လိုက်ပြီး မမေ့မလျော့ Baby လေးကို ကားတံခါးသွားဖွင့်ပေး၏။
Baby ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ...။
ဂိုဒေါင်ထဲက ကားကို သူလေး မမြင်သေးလို့များလား...?
"Yibo သား..."
XZ အသံလာရာကို ကြည့်လိုက်တော့ အိမ်ထဲမှ ထွက်လာသည့် ဝမ်သူဌေး (ခေါ်) ဝမ်ကျောက်...။
XZ ဝမ်သူဌေးကိုမြင်ပြီး သူ့ကိုယ်သူ မျက်နှာမပျက်အောင် ထိန်းလိုက်ရသည်။
Baby ကတော့ အရယ်အပြုံးမရှိသည့် မျက်နှာသေလေးနှင့်သာ ဝမ်သူဌေးကို ကျော်ကာ အိမ်ထဲဝင်ဖို့ပြင်နေလေသည်။
ဘေးလူဖြစ်နေသည့် XZ ကတော့ အခြေအနေကြည့်နေရလေ၏။
XZ ဝမ်သူဌေးကို စမြင်မြင်ချင်းတုန်းကတော့ မျက်နှာနဲနဲပျက်သွားသော်လည်း ချက်ချင်း ပြန်တည်နေလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူက Baby ရဲ့ ပါးပါးပဲလေ...။
ထိုစဥ် အိမ်ထဲဝင်လာသော နောက်ထပ်ကားတစ်စီးရဲ့ အသံကြောင့် သုံးယောက်သား တပြိုင်ထဲ လှည့်ကြည့်လိုက်ကြသည်။
"လေးလေး..."
ဒါလေးလေးရဲ့ ကားပဲ...။
လေးလေးကရော ဒီကို ဘာလာလုပ်တာလဲ...?
လူကြီးရဲ့ "လေးလေး" ဆိုတဲ့ အသံကြောင့် YB မျက်ခုံးတို့ တွန့်ချိုးသွားလေ၏။
ဒီလူက အိမ်ထဲ ဘာလာလုပ်တာလဲ...?
YB ပါးပါးကို တစ်ချက်လှမ်းလိုက်ကြည့်တော့ ထိုဝင်လာတဲ့ ကားဆီမှာပဲ အကြည့်တို့ရောက်နေလေ၏။
YB စိတ်ရှုပ်လာတာနဲ့ ဘယ်သူ့မျက်နှာမှ မကြည့်ချင်တော့တာကြောင့် အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။
လေးလေး ကားပေါ်က ဆင်းလာတော့ XZ လေးလေးအနားကို သွားကာ...
"လေးလေးက ဒီကို...?"
"ကျန်းချန်" XZ ရဲ့ မေးခွန်းကို သိနေတာကြောင့် ဘာမှမပြောသေးပဲ လက်အသာကာပြလိုက်တာကြောင့် အလိုက်သိတဲ့ တူတော်မောင်ကလည်း ဆက်မမေးတော့...။
ဒီကိုလာတာ ဆွေးနွေးဖို့ တစ်ခုတည်း...။
မြန်မြန်ပြောပြီး မြန်မြန်ပြန်မည်ဟု "ကျန်းချန်" ဆုံးဖြတ်ထားသည်။
"ကျန်း... အဲ... ရှောင်သူဌေးနဲ့ ရှောင်သခင်လေး အိမ်ထဲကို ကြွပါဗျ..."
ဝမ်သူဌေးစကားအပြီး လေးလေးက အရှေ့ကနေ အိမ်ထဲကို ဝင်ဖို့ပြင်တော့ XZ ပါလိုက်ဝင်ရလေသည်။
အိမ်ထဲကို ဝင်လာကြသည်မှာ ပါးပါး ပြီးတော့ လူကြီး နှင့်အတူ YB မမြင်ချင်သော မျက်နှာတစ်ခု...။ သူတို့ ပြန်သွားပြီလားဆိုပြီး ခနဆင်းလာပြီး လာကြည့်တာကို သူတို့က အိမ်ထဲတောင် ဝင်လာကြတာပါလား...?
YB လည်း ခပ်တည်တည်နှင့်ပင် ဧည့်ခန်းကိုလျှောက်လာကာ ဆိုဖာတစ်ခုပေါ်သို့ ဝင်ထိုင်နေလိုက်သည်။
ခနနေတော့ ထိုသုံးယောက်လည်း ဧည့်ခန်းက ဆိုဖာတွေမှာ ဝင်ထိုင်လာကြသည်။
လူကြီးကတော့ YB ဘေးက ခုံမှာထိုင်ပြီး ပါးပါးနဲ့ YB မမြင်ချင်တဲ့ လူကတော့ မျက်နှာချင်းဆိုင် အနေအထားမှာ ထိုင်နေကြ၏။
ကိစ္စမရှိပဲနဲ့တော့ လူစုံမည်မဟုတ်...။
"မြန်မြန်ပြန်သွားကြ အေးရော" ဆိုတဲ့ စတိုင်နှင့် YB ဧည့်ခန်းမှာ ဝင်ထိုင်နေခြင်းပါ...။
"အဟမ်း..! သား Yibo နဲ့ သား Xiao Zhan တို့ မင်္ဂလာကိစ္စဆွေးနွေးဖို့....."
"ဘာ!!!"
ပါးပါး ရဲ့ လည်ချောင်းတစ်ချက်ရှင်းကာ ပြောလိုက်သော စကားကြောင့် စကားပင်မဆုံးသေးပဲ YB အလန့်တကြား အော်လိုက်မိသည်။
တစ်ချိန်မှာ ဒီလို စကားကြားရမယ် ဆိုတာ YB သိပါတယ်...။
ဒါပေမယ့် သူ ဘာမှ မပြင်ဆင်ရသေးတဲ့အပြင် အခုလို ရုတ်တရက်ကြီး ဆိုတော့.....
ပြီးတော့ သူတို့က...???
XZ ဝမ်သူဌေးရဲ့ စကားကိုကြားတော့ နဲနဲ အံ့သြပြီး စိတ်လှုပ်ရှားသွားပေမယ့် Baby ရဲ့ ရုတ်တရက်ထ,အော်လိုက်တဲ့အသံကြောင့် XZ အပါအဝင် ကျန်လူနှစ်ယောက်ပါ လန့်သွားရလေသည်။
Baby ငြင်းလိုက်တော့မှာလား...?
XZ အတွေးနဲ့တင် ရင်ဘက်ထဲက အောင့်တက်လာသည်။
"ကျွန်တော် ခင်ဗျားနဲ့ စကားပြောချင်တယ် Xiao Zhan..."
Baby ရဲ့ တိုက်ရိုက်ဆန်သော စကားကြောင့် XZ အမြန်ပဲ ခေါင်းငြိမ့်ပြလိုက်သည်။
သူတို့နှစ်ယောက်ရဲ့ အခြေအနေကို နားလည်တဲ့ ဝမ်ကျောက်နဲ့ ကျန်းချန်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အိမ်ထဲမှ ထွက်သွားလေသည်။
လူကြီးတွေ ထွက်သွားတော့မှ YB က XZ ကို စိမ်းစိမ်းကားကားကြည့်လိုက်ပြီး.....
"ခင်ဗျား အကြံမလား...?"
"မ မဟုတ်ဘူးနော် Baby ကိုယ်..."
"တော်တော့! ခင်ဗျားနဲ့ ဘယ်တော့မှ လက်ထပ်မှာမဟုတ်လို့ ခင်ဗျားလည်း အခုချက်ချင်း ပြန်လိုက်တော့ Xiao Zhan!!"
Baby ရဲ့စိမ်းကားတဲ့ စကားတွေ နဲ့ အကြည့်တွေကြောင့် XZ ရင်ဘက်ကလည်း အလိုက်မသိစွာ ထိုးအောင့်နေလေသည်။
"Baby..."
"မခေါ်နဲ့! ခင်ဗျားက ကျွန်တော့်ကို စာချုပ်တစ်ခုနဲ့ ချုပ်နှောင်ထားချင်တာလား...? ဟက်..! ခင်ဗျားနဲ့ ကျွန်တော်က ဘာတွေမို့လို့ လက်ထပ်ရမှာလဲ...?"
Baby စကားက XZ ရဲ့ရင်ဘက်ထဲကို တိုက်ရိုက်ကြီး ထိ၏။
Baby နဲ့ ကိုယ်နဲ့က ချစ်သူတွေပါ လို့ ပြောလို့လည်း မရ...။
ကိုယ် ဘယ်လိုပြောရပါ့မလဲ Baby ရယ်...?
"ဘာလဲ? Xiao Zhan ခင်ဗျားက တစ်ခါ စားဖူးရုံနဲ့ လက်မလွှတ်နိုင် ဖြစ်သွားတာလား...? ဟက်! ခင်ဗျားက သိပ်ရယ်ရတာပဲ..."
Baby ရဲ့ စကားက XZ ရဲ့ မာနကိုထိခိုက်လာသော်လည်း XZ ဘာမှ ပြန်မပြောမိ...။
ကိုယ့်ရဲ့ စကားတစ်ခွန်းကြောင့် Baby ပိုပြီး စိတ်တိုသွားနိုင်တယ်လေ...။
Advertisement
ထင်ချင်သလို ထင်နိုင်ပါတယ် Baby...။
ကိုယ် သိတာတစ်ခုကတော့ ကိုယ် Baby ကို လုံးဝ လက်လွှတ်ခံမှာ မဟုတ်ဘူး ဆိုတာပါပဲ...။
တိတ်ဆိတ်သွားတဲ့ လူကြီးကြောင့် YB အားမလိုအားမရဖြစ်လာကာ "ကျစ်" တစ်ချက် စုတ်သပ်လိုက်ရင်း.....
"ကျစ်..! ခင်ဗျားသိလား...? "ပေးဆပ်မှုတိုင်းမှာ တန်ပြန်ရယူခြင်း ရှိတယ်" ဆိုတာ..."
Baby ရဲ့စကားကြောင့် XZ အပြုံးမမည်သော အပြုံးလေးတစ်ခုကို ပြုံးလိုက်ရင်း စိတ်ထဲမှလည်း...
(**ကိုယ်သိတာပေါ့ Baby ရာ...
"ပေးဆပ်မှုတိုင်းမှာ တန်ပြန်ရယူခြင်း ရှိတယ်" တဲ့လား...?
ဒါဆိုရင် မင်းလေးရော သိလား Baby...?
"မင်းလေးသာ ရယူချင်တယ်ဆိုရင် ကိုယ် ဆိုတဲ့ Xiao Zhan က ဘာမဆို အကုန်ပေးဆပ်ရဲတယ်..." ဆိုတာ...**)
XZ ကျလုဆဲ မျက်ရည်တွေကို ထိန်းလိုက်ရင်း နာကျင်နေတဲ့ နှလုံးသားတစ်ဖက်ကို လျစ်လျူရှုကာ တတ်နိုင်သလောက် အသံကို ထိန်းလိုက်ပြီး.....
"Baby... မင်းလေး ကျောင်းပြီးမှ ကိုယ်တို့လက်ထပ်ကြမယ်လေကွာ နော်... အခုချက်ချင်းကြီး မဟုတ်ပါဘူး Baby ရယ်... ပြီးတော့ ကိုယ် Baby ချုပ်နှောင်ထားမှာမဟုတ်လို့ Baby လွတ်လွတ်လပ်လပ် နေလို့ရပါတယ်..."
Fighting! Xiao Zhan မင်း လုပ်နိုင်ပါတယ်...။
မထူးတော့တဲ့ အခြေအနေတစ်ခုမှာ XZ လည်း Baby ကို လက်ထပ်ကြဖို့သာ ပြောထွက်လာသည်။
ဒီလို အခြေအနေမှာတော့ "Baby စိတ်ကြိုက်" ဆိုပြီး လူကြီးတွေ ကိုယ်တိုင်ပြောလာသည့် လက်ထပ်ပွဲကို ဖျက်ပစ်ရအောင်ထိ XZ တို့ အရူးမဟုတ်...။
Baby ကို အတတ်နိုင်ဆုံး ကိုယ့်အနီးအနားလေးမှာပဲ ထားချင်သည်။
Baby က ကိုယ့်အပိုင်ဆိုတာ လူတွေအကုန် သိစေချင်သည်။
Baby ရဲ့ စိတ်ဆန္ဒအရအခုမချစ်သေးရင်တောင် လက်ထပ်ထားတော့ သူတို့ မဝေးတော့ဘူး ဟု XZ ကို အတွေးရောက်စေ၏။
Baby ကိုယ့်ကို ချစ်လာမယ့်တစ်နေ့အထိ စောင့်ဆိုင်းရင်း Baby ကို ကိုယ့် အနားမှာပဲထားကာ စောင့်ရှောက်ပေးချင်သည်။
ဂရုစိုက်ပေးချင်သည်။
အများကြီး ပိုပြီး ချစ်ပေးချင်သည်။
သူလေး စိတ်ကြိုက်အလိုလိုက်ပေးချင်သည်။
Baby ကိုယ့်ကို ချစ်လာအောင် ဘေးနားကနေ ကြိုးစားတော့ ပိုပြီးတော့ အရာထင်မလားလို့ပါ ကလေးရယ်...။
Baby နဲ့သာ လက်ထပ်ခွင့်ရမယ်ဆိုရင် Baby တောင်းဆိုသမျှ XZ လိုက်လျောပေးဖို့ ဆုံးဖြတ်ပြီးသား...။
Baby ဘက်က တစ်ခွန်းလေးပဲပြောပေးပါ...။
"လက်ထပ်မယ်" လို့...။
ကျန်တာအားလုံး ကိုယ့်တာဝန်သာ ထားလိုက်ပါ Baby...။
Baby စိတ်မပျက်စေရပါဘူး။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 2673 Words 💞
အစစအရာရာဂရုစိုက်ကြပါရှင့် ❤
Thanks you all...💌💞
💞 အားလုံးကို ချစ်ခင်လေးစားလျှက် 💞
K.Royalwhite💌💞🤍
Jan 8,2021 (Updated Day) 🖤✨
Zawgyi
Ring Ring Ring 📱
"Hello Michel..."
"အလုပ်ကိစ္စနဲ့လား...?"
"A par"
"Ok ok bye..."
"ဟူးးးး"
"Good night Baby..."
....................
XZ ပျော်ပါသည်။
"Yibo သား..."
"လေးလေး..."
ဒါလေးလေးရဲ့ ကားပဲ...။
"လေးလေးက ဒီကို...?"
Advertisement
- In Serial55 Chapters
Intentions
Incestuous; involving or suggestive of incest. Cleo gets fucked by a step brother. She questions her actions. It is far-fetched from the idea, right? or is it? Buckle up for a wild ride, we are getting down and dirty.
8 173 - In Serial43 Chapters
Please Love Me (Shy! Yandere! Male x Reader)
You thought he was cute. At first. But he soon became more clingy towards you, more obsessive. A phone call a day turned into multiple and he has to know where you are at all times. He was afraid. Afraid you'll leave him."Y/N... you love me and only me right?""I love you more than anything...""Please don't leave me... Or I'll have to force you to stay."(Original Story on Quotev)
8 101 - In Serial71 Chapters
Control (Book 1 of Control Series)
"-Do you understand?" She nods. "Words." "Yes." "Yes, what?" She doesn't want to say it. She doesn't want to give him the satisfaction. She looks up into his dark eyes and shivers. In this moment he looks like the predator she knew he really was. She has to say it. "Yes Sir." And right now she's his prey. *you don't have to read any of the other books in the series to read this book*Under Major EditingCOPYRIGHT © ALL RIGHTS RESERVED
8 120 - In Serial32 Chapters
Lovely {Suicide squad}
Joker x OC x Harley QuinnThey were his queens and he their king and god help anyone who disrespects the queens.Credit for the cover goes to @dreamer2529
8 146 - In Serial4 Chapters
Every boy I've wanted to fuck before
smut and spicy 🌶 stories! the best pace for all you smut and sexy story needs.lmk if there's anything you want specifically! currently 4 chapters tysmsm for 1k reads! warning not suitable for persons under the age of 12 thank you xoxo
8 213 - In Serial40 Chapters
HIS | Arthur Morgan X Reader
The gang has just escaped Blackwater and you're finally reunited with Arthur. But happiness is short lived.Taken from him again, can he get you back?What else does the world have in store for you bothCan Arthur protect you from what comes next? Smut/Violence/Threats of rape are in this story I'll try to mark which chapters they're in as best I can, but please note that themes in this story may be triggering. Please note that this story does have adult themes throughout, you are responsible for your own media consumption. Please do not read or interact unless you're 18+. By interacting with this story you are consenting that you are 18+.I've never written anything before so be kind and leave constructive criticism! Your feedback will help me improve and is important to me.** HIS Part II Out Now **Cover credit : @gizmogurlie41786Disclaimer: non of the images or characters are mine. All images used within the story are not mine and credit will be given where possible, please let me know if credit is required. All user names given are for Instagram.
8 277

