《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 16
Advertisement
Unicode
*ဒုတ်...! ဒုတ်..! ဒုတ်.! ဒုတ်..! ဒုတ်...!*
"ဟင် ဘာသံ ခင်ဗျား....." *အွင့်..!*
ရုတ်တရက် ပူနွေးသွားသော နှုတ်ခမ်းသား...။
နူးညံ့စွာ ထိကပ်လာသည့် လူကြီး၏ နှုတ်ခမ်းလွှာ...။
လောကကြီးတစ်ခုလုံး ရပ်တန့်သွားသလို ခံစားလိုက်ရ၏။
ဒီလူကြီး ကျွန်တော့်ကို နမ်းလိုက်တာလား...?
ဒါဆို ခုန *ဒုတ်.! ဒုတ်...! ဒုတ်..!* ဆိုတဲ့ အသံဟာ YB နားကြား မမှားလိုက်ဘူး ဆိုရင်တော့...။
"Wow...! wah...!"
*ဖြောင်း...ဖြောင်း...ဖြောင်း...* (လက်ခုပ်သံ)
Plaza (ပလာဇာ) ထဲမှာရှိသော ဝန်ထမ်းမလေးများ အပါအဝင် စျေးဝယ်တွေကလည်း အစုအဝေးရောက်လာကြကာ "တဝိုးဝိုး တဝါးဝါး" နှင့် သူတို့နှစ်ယောက်ကို လက်ခုပ်တီးကာ အားပေးနေကြ၏။
YB ခေတ္တခနကြောင်အ,သွားပြီး လူသံများကြောင့် အသိပြန်ဝင်လာကာ လူကြီးရဲ့ ရင်ဘက်ကို တွန်းလိုက်တော့မှ ပူးကပ်နေတဲ့ နှုတ်ခမ်းသားနှစ်လွှာက ခွာသွားလေသည်။
Camera မီးတစ်ဖျက်ဖျက်နှင့် ဓာတ်ပုံတွေအမိအရယူကြသော သတင်းထောက်များနှင့်အတူ Ph များဖြင့် ဓာတ်ပုံရိုက်နေကြသော လူများကလည်း သူတို့နှစ်ဦး၏ ဘေးပတ်ပတ်လည်တွင် အပြည့်...။
အခုချိန်ထိ "Wow... wah..." အော်သံတွေနှင့်အတူ လက်ခုပ်တီးကာ အားပေးသူများလည်း ရှိနေကြသေး၏။
YB ရှက်တဲ့စိတ်ကြောင့် ဘာမှမစဥ်းစားနိုင်တော့ပဲ ထိုနေရာမှ အပြေးတစ်ပိုင်း ထွက်လာခဲ့တော့သည်။
လူကြီးရဲ့မျက်နှာကိုလည်း မကြည့်ချင်တော့တာကြောင့် ဘာမှမပြောပဲ ဒီတိုင်းသာထွက်လာခဲ့တော့သည်။
သူ မကြည့်ရဲတာဆို ပိုမှန်ပါလိမ့်မည်။
ထိုလူကြီး ဘယ်လိုကျန်ခဲ့လဲ သူ စိတ်မဝင်စား...။
ဘေးပတ်ပတ်လည်က လူတွေဆိုရင် ပိုပြီးတော့တောင် သူ ဂရုမစိုက်အားပါ...။
အခုချိန် YB စိတ်ထဲ ရှက်တာနှင့်ဒေါသထွက်တာသာရှိသည်။
.........................
အရှေ့မှ မျက်နှာကြီးတစ်ခုလုံးနီရဲကာ အပြေးတပိုင်း ထွက်သွားသော Baby လေးကို ကြည့်ကာ XZ ကြည်ကြည်နူးနူး ပြုံးလိုက်မိပါ၏။
ရုတ်တရက် ခနတာနမ်းလိုက်မိသော်လည်း မမေ့နိုင်စရာ အခြေတစ်ခုပါလေ...။
စတော်ဘယ်ရီအရသာ နှုတ်ခမ်းသားလေးကို စားသုံးခဲ့ရသော ကိုယ့်နှုတ်ခမ်းလေးသားလေးကို XZ လက်မလေးနှင့် ပွတ်ဆွဲလိုက်မိသည်။
ချိုတယ် Baby ရာ...။
XZ အပြုံးမပျက် ကြည်နူးမိပါသည်။
ကျွန်တော့်ရဲ့ မရေရာခဲ့တဲ့ ခံစားချက်တွေကို Babyရဲ့နှုတ်ခမ်းလွှာလေးနဲ့ ဖွင့်ဟပေးခဲ့ပြီ...။
ဘေးကလူတွေမျက်နှာမှာလည်း ပြုံးစိစိနှင့် ရှက်သွားတဲ့ Baby လေးအနောက် သူ့ကိုလိုက်ခိုင်းနေကြသည်။
XZ လည်း Baby လေး ဝယ်သမျှပစ္စည်းတွေကို ဘဏ်ကဒ်လေးတစ်ခုနဲ့ ငွေရှင်းပြီး Plaza ထဲမှ ခပ်သွက်သွက် ထွက်လာခဲ့၏။
Baby ဝယ်ထားသမျှ အဝတ်ထုပ်တွေကို ဝန်ထမ်းမလေးတွေဆွဲပြီး လိုက်ပို့ပေးသောကြောင့်သာ တော်ကာကျတော့သည်။
Baby ကို ဆိုင်အပြင်အနှံ့လိုက်ရှာပေမယ့် မတွေ့တော့...။
Ph ဆက်တော့လည်း စက်ပိတ်ထား၏။
XZ "ကျစ်!" တစ်ချက်စုတ်သပ်လိုက်ပြီး အနီးအနားပတ်ဝန်းကျင်တွေကို မျက်လုံးကစားကြည့်ပေမယ့် Baby နဲ့တူတဲ့ အရိပ်အယောင်တစ်ခုမှ မတွေ့....။
XZ စိတ်တွေပူလောင်လာရသည်။
သူ့လုပ်ရပ်က မှားသွားပြီလား...?
လက်တစ်ဖက်က Ph ကို နားမှာ ကပ်ထားပြီး Baby Ph ကို တောက်ရှောက်ခေါ်နေကာ လက်တစ်ဖက်ကတော့ ခါးမှာ ထောက်လျက် ဘေးပတ်ပတ်လည်နေရာအနှံ့ရှာနေမိ၏။
ခေါင်းလည်း ချာချာလည်ကာ အရူးတစ်ယောက်လို ဖြစ်နေခဲ့ပြီ...။
Ph ကလည်း စက်ပိတ်ထားကြောင်း အော်နေဆဲ...။
နောက်ဆုံး ကားပါကင်ဘက်ရောက်လာတော့မှ XZ ကားကို လက်ပိုက်လျက် မှီထားသော Baby လေး ကိုတွေ့လိုက်ရသည်။
ထိုအခါမှသာ XZ ရင်ထဲက အလုံးကြီး ကျသွားတော့၏။
ဟုတ်တာပေါ့... Baby မှာ ဆိုင်ကယ်မှ ပါမလာပဲ...။
XZ ဘာမှ မစဥ်းစားနိုင်တော့ပဲ Baby လေးအနားသို့ ပြေးသွားလိုက်သည်။
Baby ကိုတွေ့လိုက်ရတော့ ရင်ခွင်ထဲဆွဲသွင်းပစ်ချင်တဲ့ စိတ်တွေကိုလည်း XZ မနဲ ချိုးနှိမ်ထားရသည်။
"Baby ရာ... ကိုယ် အရမ်းစိတ်ပူသွားတာ..."
XZ ရဲ့ မျက်နှာငယ်လေးနဲ့ ပြောလာတဲ့စကားကို YB မသိကျိုးကျွံပြုနေလိုက်သည်။
"ကိုယ် တကယ် မရည်ပါဘူးကွာ..."
XZ ရဲ့ နောက်ထပ်စကားတစ်ခွန်းကိုလည်း YB မတုံ့ပြန်ချေ...။
"Baby မင်းလေး ဘယ်သွားချင်သေးလဲဟင်...? ကိုယ်လိုက်ပို့ပေးမယ်လေ... ဘာစားချင်သေးလဲ...? ဘာလုပ်ချင်သေးလဲ ကလေးရဲ့ ဟင်?"
တကယ်ကို ပြာယာခတ်နေပြီး Baby လေး စိတ်ဆိုးသွားမှာ ကြောက်နေသော XZ ရယ်ပါ...။
"တော်ပြီ စိတ်မပါတော့ဘူး.. အိမ်ပဲပြန်ပို့တော့..."
Baby သူ့ကို စကားပြန်ပြောတော့မှ XZ လည နဲနဲစိတ်သက်သာသွားသလိုရှိ၏။
"Ok Baby..."
Lover seat က ကားတံခါးလေးကို ဖွင့်ပေးတော့ Baby က ခပ်တည်တည်နှင့်ပင် ဝင်ထိုင်လိုက်၏။
ဝန်ထမ်းမလေးတွေကလည်း ကားအနောက်ဖုံးထဲမှာ အထုတ်တွေ သေချာ ထည့်ပေးကြ၏။
ထို့နောက် XZ လည်း Driver seat မှာ ထိုင်လိုက်ပြီး Baby အိမ်သို့သာ မောင်းလာခဲ့ရတော့သည်။
ကားထဲက လေထုအပူအချိန်မှာ သိသိသာသာ ကျဆင်းနေ၏။
"တိတ်ဆိတ်ခြင်း" ဆိုတဲ့ အရာက ကားထဲက လေထုကိုပင် အေးခဲသွားစေနိုင်သည်။
နှစ်ဦးစလုံးကြားမှာ ပြောစရာ စကားများ ပျောက်ရှနေလျက်...။
.............💚.............
ခင်ဗျားရဲ့အနမ်းကို ကျွန်တော် လုံးဝ ရင်မခုန်ဘူး Xiao Zhan...။
ကျွန်တော် ခင်ဗျားကို လုံးဝ မချစ်ဘူးနော်...။
ဟုတ်တယ်... ခင်ဗျားကြီးကို မချစ်ဘူးလို့...!
Yibo ရာ မပျော့ညံ့ချင်စမ်းနဲ့...!!
ဒီလူကြီးက ဘာမို့လို့လဲ...?
ခင်ဗျားရဲ့ စကားတွေ ၊ အပြုအမူတွေနဲ့ ကျွန်တော့်ကို ချုပ်လို့ရမယ် ထင်နေတာလား Xiao Zhan...?
ခင်ဗျား တစ်ယောက်တည်းဘက်ကပဲ ကျွန်တော့်ကို ချစ်လာစေရမယ်...။
ကျွန်တော့်ဘက်ကတော့ ခင်ဗျားကို လုံးဝ မချစ်စေရဘူး...။
ဟက်..! ဒါမှ ကျွန်တော် လက်စားချေတဲ့အခါ ခင်ဗျားတစ်ယောက်တည်းပဲ ခံစားရမှာပေါ့...။
ပြီးရင် ခင်ဗျား ခံစားနေရတာကို ကျွန်တော်က ပျော်ပျော်ကြီး ကြည့်နေနိုင်မှာလေ...။
ခင်ဗျားနဲ့ ခင်ဗျားရဲ့ဦးလေးကို ကျွန်တော် မုန်းတယ်...။
Advertisement
ကျွန်တော် နာကျင်ရတိုင်း ခင်ဗျားတို့ကို သေလောက်အောင် မုန်းတယ်ဗျာ...။
သိလား...? အဲ့တာတွေ ခင်ဗျားကြီး သိရဲ့လား...?
ခင်ဗျားတို့ကို ကျွန်တော်က သေလောက်အောင်ကို မုန်းပစ်ချင်တာ.....။
ကျွန်တော် ခံစားခဲ့ရတာတွေအတွက် ခင်ဗျားတို့ကို လက်စားချေဦးမှာ...။
ကျွန်တော်က အတ္တကြီးတယ်...။
ကျွန်တော် ဖြစ်ချင်တာပဲ ကျွန်တော် သိတယ်...။
ဟက်..! ဒီလိုတွေ လုပ်နေလို့လည်း ကျွန်တော့်မှာ ဆုံးမပေးမယ့် သူ မရှိဘူးလေ...။
ခင်ဗျားတို့ နာကျင်နေတာကို ပြန်မြင်ရရင် ကျွန်တော် ပျော်လာနိုင်တယ်မလား...?
ကျွန်တော်က ခင်ဗျားတို့ ပြန်ခံစားရမှာတွေကို ပျော်ပျော်ကြီး ထိုင်ကြည့်နေချင်သေးတာ...။
ဒါပေမယ့် ဘယ်လိုလုပ်မလဲ...?
အဲ့ဒီအချိန်ရောက်ရင် ကျွန်တော် အဝေးတစ်နေရာကို ထွက်ပြေးမိ နေမလား...?
အဲ့ဒီအခြေအနေထိ ရောက်ဖို့အတွက်ဆိုရင် ကျွန်တော့်မှာ ပြင်ဆင်စရာတွေ အများကြီး ရှိသေးတယ်...။
ကျွန်တော် ခံနိုင်ရည်တွေ မွေးရဦးမယ်...။
ပြီးတော့ ကျွန်တော့်မှာ မေ့ပစ်စရာတွေလည်း အများကြီး ရှိသေးတယ်...။
ခင်ဗျားကြီး သိရဲ့လား...?
ခင်ဗျားရဲ့အပြုအမူတွေ ၊ အပြောအဆိုတွေ ၊ အပြုံးတွေအစကျွန်တော်မေ့နိုင်အောင် ကြိုးစားရဦးမယ် ဆိုတာတွေ...။
ခင်ဗျားကြီး သိရဲ့လား...?
ခင်ဗျားရဲ့ ရယ်သံတွေကို မေ့ပစ်နိုင်အောင် ကြိုးစားရဦးမယ် ဆိုတာတွေ...။
မေ့နိုင်အောင် ကျွန်တော် ကြိုးစားနေတယ်...။
ဟက်..! အခုတော့ ခင်ဗျားက ကျွန်တော့်ကျော့ကွင်းထဲက သားကောင်ဖြစ်နေပါပြီ Xiao Zhan...။
ခင်ဗျား ကျွန်တော့်အပေါ် စိတ်ယိုင်နေပြီ မလား...?
ခင်ဗျားက သိပ်လွယ်တာပဲဗျာ...။
အင်းလေ... လွယ်မှာပေါ့...။
ခင်ဗျားကလည်း ဒီပုပ်ထဲက ဒီ "ပဲ" ပဲလေ...။
ဘာမှ မှမထူးပဲ...။
ဟုတ်တယ်မလား Xiao Zhan...!!
ရှောင်းကျန့်... ခင်ဗျားက ခင်ဗျားရဲ့ ဦးလေးကို သိပ်ချစ်တာပဲလား...?
ခင်ဗျားရဲ့ဦးလေးကလည်း ခင်ဗျားကို သိပ်ချစ်တယ်ပေါ့လေ...။
အင်းးး တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ဗျာ...။
ခင်ဗျားတို့ ပြန်ခံစားရမယ့်အချိန်လေးက သိပ်မဝေးတော့ပါဘူး။
ဒီလိုတွေ တွေးလိုက်တိုင်း ဒီ$ရင်ဘက်ကြီးက သေမလို့အောင့်တက် လာတာလား...?
နေမကောင်းလို့ ဖြစ်တာနေမှာပါ...။
ခနနေ ပျောက်သွားမှာပေါ့... ဟက်!
ကားတံခါးရဲ့ အပြင်ဘက်က မြင်ကွင်းတွေကိုပဲ အကြောင်းမဲ့ ငေးကြည့်နေမိ၏။
ထိုမြင်ကွင်းတွေက ဘယ်လောက်ပဲ လှနေပါစေ အတွေးတွေနဲ့ တစ်ကမ္ဘာတည်နေတဲ့ YB ကတော့ ဘာမှ မမြင်နိုင်ချေ...။
ဝဲတက်လာတက် မျက်ရည်တွေနဲ့ အောင့်တက်လာတဲ့ နှလုံးသား တစ်နေရာကို လျစ်လျူရှုကာ မဲ့ပြုံးတစ်ခုကိုသာ မျက်နှာထက်တွင် ချိတ်ဆွဲထားမြဲ...။
ဒီလို ခံစားချက်ကြီးကိုလည်း ကျွန်တော် $ရမ်း မုန်းတယ် Xiao Zhan... 💔
.............❤............
Baby...
ကိုယ် နမ်းမိတာ လွန်သွားလားဟင်...?
ကိုယ်တကယ် မရည်ရွယ်ပါဘူးကွာ...။
မင်းလေး အခု ကိုယ့်ကို စိတ်ဆိုးနေလား...?
စိတ်ချ Baby...
နောက်ဆို မင်းလေးဆီက ခွင့်ပြုခွက်မရပဲ မင်းလေးရဲ့အသားကို ကိုယ် လုံးဝ မထိတော့ဘူး...။
လူတွေ အများကြီးဆိုတော့ မင်းလေး ရှက်သွားမှာပေါ့...။
ကိုယ်နားလည်ပါတယ်...။
ဒါပေမယ့် ကိုယ့်ကိုတော့ အကြာကြီး စိတ်မဆိုးနဲ့ပါကွာ နော်...။
စကားမပြောပဲလည်း မနေပါနဲ့ Baby ရယ်...။
Baby နဲ့ ကိုယ်နဲ့က သူစိမ်းတွေမှ မဟုတ်ပဲ...။
Baby ကို ကိုယ့်ခံစားချက်တွေ ဝန်ခံချင်တယ်...။
ဒါပေမယ့် ပုံမှန်မဟုတ်တဲ့ အခြေအနေကနေ ရင်းနှီးလာခဲ့တော့ မင်းလေး ငြင်းမှာလည်း ကိုယ် ကြောက်တယ်...။
ဘာလို့ဆို မင်းလေးရဲ့ချဥ်းကပ်လာပုံအကြောင်းတွေကို ကိုယ် သိနေခဲ့လို့လေ...။
မင်းလေးက မင်း ပါးပါး နဲ့ တူလား Baby...?
အသဲခွဲတဲ့နေရာမှာ မင်းလေးကလည်း မင်းရဲ့ ပါးပါး လို ကျွမ်းကျင်သူလား...?
ဘာပဲဖြစ်ဖြစ် ကိုယ် Baby ကို ယုံတယ်...။
ကိုယ် မင်းလေးကို ကြည့်လိုက်တဲ့ အခါတိုင်း မင်းလေးရဲ့ မျက်ဝန်းတွေက ပြောပြနေသလိုမျိုး မင်းလေးက ဖြူစင်တဲ့ကောင်လေးဆိုတာကို ကိုယ် ယုံတယ်...။
ကိုယ် အဲ့လိုလေးပဲ ယုံကြည်နေပါရစေ...။
Baby ကို ကိုယ် အရမ်းချစ်တဲ့အကြောင်းတွေ ဘာလို့ ဖွင့်မပြောသေးလဲဆိုတာ Baby သိလား...?
မင်းလေးရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်နေမယ့် အရာတွေ ၊ မင်းလေးရဲ့ အကြောင်းတွေ ကိုယ် သိနေခဲ့လို့...။
ကိုယ်လည်း မင်းလေးကို ရင်ခွင်ထဲမှာထားပြီး ချစ်တဲ့စကားတွေ အများကြီး ပြောပြချင်တာပေါ့...။
ဒါပေမယ့် တခြားသူတွေနဲ့ Babyနဲ့ကိုယ့်ရဲ့ အခြေအနေတွေက တူမှမတူပဲလေ...။
တကယ်လို့ ကိုယ် Baby ကို ဖွင့်ပြောလိုက်တယ်ပဲထား...
Baby ကိုယ့်ကို ဘယ်လို တုံ့ပြန်လာမယ်လို့ ထင်လို့လဲ...?
Baby ရဲ့ စိတ်ထဲမှာ Xiao Zhan ဆိုတဲ့ ဒီကောင်ကြီးက Baby ကို လုံးဝ ဆုံးရှုံးမခံနိုင်အောင် ချစ်နေပြီဆိုတာ သိသွားရင်ရော...
Baby ဘာဆက်လုပ်မယ် ထင်လဲ...?
Baby အခု ကြိုးစားနေတယ်မလား...?
ကိုယ် Baby ကို ဖွင့်ပြောလာအောင်...
ကိုယ် Baby ကို လုံးဝ အဆုံးရှုံးမခံနိုင်တော့တဲ့အထိ ချစ်လာအောင်...
ကိုယ် သိပ်သိတာပေါ့ Baby ရယ်...။
တကယ်တော့လေ.....
Baby ဘာမှ အပင်ပန်းခံပြီး ကြိုးစားနေစရာမလိုပါဘူး...။
မင်းလေး သိရဲ့လား...?
Xiao Zhan ဆိုတဲ့ ဒီကောင်ကြီးရဲ့ရင်ဘက်ထဲမှာ ကိုယ် မသိလိုက်ခင်အချိန်ကတည်းကမင်းလေးက နေရာယူထားတာတွေ...
Baby နဲ့ ပတ်သတ်လာရင် Xiao Zhan ဆိုတာ ဂုဏ်တွေ မာန်မာနတွေကို အကုန် ခဝါချနိုင်တယ် ဆိုတာတွေ...။
မင်းလေး မသိသေးဘူးမလား...?
Xiao Zhan ဆိုတဲ့ လူက မင်းလေးကို ဘယ်တော့မှ , ဘာအကြောင်းနဲ့မှ လက်မလွှတ်တော့ဘူး ဆိုတာကို...။
ကိုယ့်ကို ဒါလေး တစ်ခုတော့ အတ္တကြီးခွင့်ပြုမယ် မလား...?
ကိုယ့်ရဲ့ ခံစားချက်တွေကို ထုတ်ပြတာထက် စာရင်...
မင်းလေးနဲ့အတူ ဒီအတိုင်းလေးပဲ ရှိနေရတာက ပိုအဆင်ပြေမှာပါ Baby ရယ်...။
Advertisement
ကိုယ့်ခံစားချက်တွေကို သိလိုက်ရတဲ့ အချိန်မှာ ကိုယ် Baby ကို လုံးဝ အဆုံးရှုံးမခံနိုင်တော့လောက်အောင်ကို ချစ်နေမိပြီ...။
ကိုယ် Baby ကို ချစ်မိနေပြီ လို့ သိလိုက်ရတဲ့ အချိန်မှာ ဘယ်အရာမှ နောက်ဆုတ်လို့ မရတော့ဘူး...။
ဟက်..! ကိုယ်က သိပ်ရူးတယ်မလား.....?
ဒါကြောင့် Baby အပေါ်ထားတဲ့ ကိုယ့်ရဲ့ ခံစားချက်တွေကို ဖွင့်မပြောပါရစေနဲ့...။
ကိုယ် အခုမှ ရေရေရာရာသိလာရတဲ့ ခံစားချက် ပူပူနွေးနွေးလေးကို "နာကျင်မှု" အသွင် မပြောင်းပါရစေနဲ့ကွာ...။
ကိုယ် တကယ် တောင်းပန်ပါတယ် Baby...။
မင်းလေးကို ကိုယ် ဖွင့်ပြောလိုက်ရင်...
"မင်းလေး ကိုယ့်အနားကနေ ထွက်သွားမလား" ဆိုတဲ့ ခံစားချက်ကြီးက ကိုယ့်ရင်ကို အစိတ်စိတ်အမြွှာမြွှာဖြစ်စေတယ်...။
သိပ်ရယ်ရတယ်မလား...?
Xiao Zhan ဆိုတဲ့ ကိုယ့်မှာ Psycho နောက်ထပ်တစ်ခု ထပ်တိုးလာလို့လေ...။
ပထမတစ်ခုကတော့ ငယ်ငယ်ကရခဲ့တဲ့ သင်ခန်းစာအတိုင်း...
B to B Love မှာ တကယ်ချစ်ရတဲ့ သူက ရူးလောက်အောင် ခံစားရပြီး ကျန်ခဲ့ရတယ် ဆိုတာပေါ့...။
(ဒါဆို မင်းလေးကရော Baby...?
ကိုယ့်ခံယူချက်ယူကြီးကို သက်သေပြမလို့လား..?)
ဒုတိယတစ်ခုကတော့ သေချာပေါက် မင်းလေးနဲ့ ပတ်သတ်ပြီးရတဲ့ Psycho ပေါ့...။
ကိုယ် Baby ကို ဖွင့်ပြောလိုက်ရင် သေချာပေါက် Baby ကိုယ့်ကို "ထားခဲ့တော့မှာပဲ" ဆိုပြီး...။
ကိုယ်ကလေ...
အခုမှ "အချစ်" ဆိုတဲ့ အရာကို သိမြင်လာပြီး အရူးတစ်ယောက်လို ဖြစ်နေရတဲ့ "အချစ်ရူး" တစ်ယောက်ပါ Baby...။
Psycho ဆိုတာ လုပ်ယူလို့မရဘူး။
"လူတိုင်းက "အချစ်" နဲ့ ပတ်သတ်လာရင် တစ်ကြိမ်တစ်ခါတော့ ရူးကြတာပဲလေ..."
ဟက်..! ကိုယ်ကတော့ မင်းလေးနဲ့ ပတ်သတ်ပြီး Psycho တွေ အများကြီး ရလာတော့မှာပဲ Baby ရာ...။
သူတို့ပြောသလို ပြောရမယ်ဆိုရင်...
"Xiao Zhan ဆိုတဲ့ ကိုယ်က Baby နဲ့ပတ်သတ်လာရင် အကြိမ်ကြိမ်ရူးရတယ်..."
ဆိုပြီးတော့လား...?
ကိုယ် မင်းလေးကို လုံးဝ အပြစ်မမြင်ပါဘူး Baby...။
အတိအကျပြောရရင် မမြင်ရက်တာပေါ့...။
Baby...
မင်းလေးကို ကိုယ့်အနားက ထွက်သွားလို့ မရအောင် ကိုယ် ချုပ်နှောင်ထားချင်တယ်...။
ကြိုးတော့ ကြိုးလေးတစ်ချောင်းနဲ့ပါပဲ...။
ဒါပေမယ့် မမြင်ရတဲ့ ကြိုးလေးနဲ့ပေါ့...။
"အချစ်ကြိုး" လေးနဲ့ လို့ပြောလိုက်ရင်ရော
မင်းလေး ကိုယ့်ကို လှောင်နေမလား...?
ကိုယ့်မှာ မင်းလေး ထွက်မသွားအောင် ချည်နှောင်ထားနိုင်တာဆိုလို့ ဒါလေးပဲ ရှိတာပါ ကလေးရယ်...။
ကိုယ် ယုံတယ် Baby...။
တစ်နေ့မှာ Baby ကိုယ့်အပေါ်ကို ဘာအရောင် အစွန်းအထင်းမှ မရှိတဲ့ အချစ်စစ်နဲ့ ချစ်လာမယ် ဆိုတာကို ကိုယ်ယုံတယ်...။
ကိုယ် Baby ရဲ့ အချစ်ကို သံသယမဝင်ရက်ပါဘူး...။
ဒါပေမယ့် အခုချိန် Baby ဘက်က ကိုယ့်အပေါ်ကို ခံစားချက်မျှင်မျှင်လေးရှိနေမယ် ဆိုရင်တောင်...
အဲ့ဒီခံစားချက်ထဲမှာ တစ်ခြားအရောင်တွေ နဲနဲတော့ ပါနိုင်တယ်မလား Baby ရဲ့... ဟင်?
ကိုယ်ကတော့ Baby အပေါ်ကို အဆုံးမဲ့ ဖြူစင်တဲ့ အချစ်မျိုးနဲ့ ချစ်တာပါ...။
အရင်က ကိုယ့်ခံစားချက်တွေ မသေချာခဲ့ရတဲ့ အချိန်တွေကို ကိုယ် သိပ်နှမြောမိတယ် သိလား...?
အရင်ကတည်းကမင်းလေးကို ချစ်နေပြီ ဆိုတာ သေချာခဲ့ရင်...
ကိုယ် ဒီအချိန်ထက်ပိုပြီး ချစ်ခွင့်ရှိလာနိုင်မယ်မလား...?
ဒါပေမယ့် အခုမှ သိလည်း အရေးမကြီးပါဘူး...။
ကိုယ် Baby ကို အများကြီး ချစ်ပေးမယ်...။
အများကြီး ပိုပြီး ဂရုစိုက်ပေးမယ်...။
Baby စိတ်ကြိုက် အလိုလိုက်ပေးမယ်...။
Baby အနားမှာ ကိုယ် အချိန်တိုင်း ရှိမယ်...။
Baby အတွက် ပျော်စရာအချိန်တွေပဲ ဖြစ်စေရမယ်...။
စကားတွေထက် အပြုအမူတွေနဲ့ပဲ ကိုယ် သက်သေပြမယ် Baby...။
တစ်ခုပါပဲ.....။
ကိုယ် မှန်းထားတဲ့ အချိန်တစ်ခု မရောက်ခင်အထိ ကိုယ် Baby ကို ချစ်တဲ့အကြောင်း ဝန်မခံနိုင်သေးဘူး ဆိုတာလေးပဲ...။
ကိုယ် တွေးထားတယ်...။
ကိုယ် အရမ်းချစ်တဲ့အကြောင်းကို Baby လုံးဝ သေချာသိနေပြီး ရိပ်မိနေရင်တောင် ကိုယ် ဘာမှ ဖွင့်မပြောသေးရင် တစ်နှစ်နဲ့ဝေးမယ့်ခရီးက တစ်နှစ်ခွဲလောက်တော့ ကြာနိုင်တယ်မလား...?
ကိုယ် သိပါတယ်...။
မင်းလေးနဲ့ ကိုယ်နဲ့ တစ်နေ့ ဝေးရဦးမယ် ဆိုတာကို...။
ဒါပေမယ့် နှစ်ယောက်လုံး အချစ်စစ်နဲ့ ချစ်ခဲ့ကြရင် တစ်နေ့တော့ ပြန်လည် ပေါင်းဖက်ခွင့်ရှိနိုင်မယ် မလား...?
အဲ့ဒါကြောင့် Baby ကို "အချစ်" ဆိုတဲ့ ကြိုးလေးနဲ့ ချည်နှောင်ထားပါရစေ...။
Baby ဘက်က ဒီအတိုင်းလေးပဲ ရပ်နေပေးပါ...။
ကိုယ့်ဘက်ကနေပဲ ချစ်ပေးနေမှာမို့ မင်းလေးက ကိုယ့်အချစ်တွေကို လက်ခံပေးရုံသက်သက်လေးပဲနေပေးပါ...။
ကိုယ့်အချစ်တွေကို ပြန်တုံ့ပြန်ပေးနိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ Baby ရယ်...။
ဒါပေမယ့် တကယ့်တကယ် ဝေးရမယ့် အချိန်တွေ ရောက်လာခဲ့ရင် ကိုယ် ခံနိုင်ရည်ရှိပါ့မလား...?
ကိုယ် Baby ကို ဒီနေ့ ဒီချိန်က စပြီး...
ပိုပြီးတော့ ဂရုစိုက်ပေးမယ်...။
မင်းလေးကို ပျော်ရွှင်စေနိုင်တယ်ဆိုရင်...
ကိုယ် အရာအားလုံးကို လုပ်ပေးနိုင်တယ်...။
မင်းလေး စိတ်ကြိုက် အားလုံးဖြစ်စေရမယ်...။ မင်းလေး ဖြစ်ချင်တာအားလုံးဖြစ်စေရမယ်...။
ဒါကေမယ့် ကိုယ့ Baby ကို တစ်ခုတည်းပဲ တောင်းဆိုပါရစေ...။
"ကိုယ့်အနားကနေ ထွက်သွားမယ်" ဆိုတဲ့ စကားက လွဲရင် အရာအားလုံး လိုက်လျောပေးနိုင်တယ် ဆိုတာလေး တစ်ခုပါပဲ...။
Baby သာ မရှိတော့ရင် ကိုယ် ရူးပြီးကျန်ခဲ့ရလိမ့်မယ်...။
ချစ်တယ်... Baby...။
ပြောမပြတတ်အောင်ကို ချစ်တယ်...။
ဒီရင်ဘက်ကြီးနဲ့ မဆံ့အောင်ကို ချစ်တယ်...။
$ရမ်းချစ်တယ် Baby ရာ...❤
နောက်ဆုံး Baby အိမ်ရောက်တော့မှ အတွေးစ,တို့ပြတ်သွားခဲ့သည်။
ထုံးစံအတိုင်း Baby ထိုင်နေတဲ့ Lover seat ကားတံခါးလေးကို သွားဖွင့်ပေးရင်းပေါ့...။
အိမ်ထဲကို လှည့်မကြည့်စမ်းဝင်သွားတဲ့ ကောင်လေးတစ်ယောက်လည်းရှိသလို ထိုကောင်လေးကို တွေတွေလေးငေးကြည့်ပြီးမှ ပြန်ထွက်သွားတဲ့ ကောင်လေးတစ်ယောက်လည်း ရှိ၏။
ဒါပေမယ့် ဘယ်သူမှ မသိလိုက်တာတစ်ခုက ထိုမောင်းထွက်သွားတဲ့ ကားလေးကို အိမ်အပေါ်ထပ်တစ်နေရာကနေ မတ်တပ်ရပ်ကြည့်နေခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့အရိပ်လေးတစ်ခုကိုပေါ့...။
ထိုနေ့က မိုးတွေအုံ့မှိုင်းနေ၏။
ကောင်လေးနှစ်ယောက်လုံးရဲ့မျက်ဝန်းထဲမှာလည်း ထိုမိုးတွေလို မှုန်ဝါးဝါးရယ်...။
💓💓💓💓💓💓💓💓💓💓💓💓💓💓
"ဒေါက်တာ! ဒေါက်တာ ကျွန်တော့်ကောင်လေး အခြေအနေ..."
"ဟင်.. အကိုရှီးချန်.."
သူ့ကောင်လေးရဲ့ အခြေအနေကို မေးနေတဲ့ သူက လူနာရှင် "လန်ရှီးချန်" ဖြစ်ပြီး...
နာမည်ခေါ်လိုက်တာကတော့ ဒေါက်တာ့ရဲ့အဆိုးလေး "ရွှယ်ရန်" ပါ...။
သူတို့နှစ်ယောက်ရှေ့မှာတော့ "ဒေါက်တာရှင်းချန်" ရှိနေပြီး လူနာကုတင်ပေါ်လှဲနေတဲ့ ကောင်လေးကတော့ "မုန့်ယောင်" ပါလေ...။
"ဟင်? ရွှယ်ရန်"
"ဟုတ် အကိုရှီးချန် ဘယ်လိုလုပ်...?"
"အကို့ကောင်လေး Car accident ဖြစ်လို့ရောက်နေတာ အခြေအနေကတော့ ဒေါက်တာပြောပြမှပဲ သိရမှာ..."
"လူနာက သတိတော့ မရသေးဘူးဗျ... ဒါပေမယ့် စိုးရိမ်စရာလည်း မရှိတော့ပါဘူး..."
"အဆိုးလေး" နဲ့ လူနာရှင် စကားပြောနေတာကို "ရှင်းချန်" နားထောင်ရင်း သူ့မေးတော့မှ ဝင်ဖြေပေးလိုက်၏။
"တော်ပါသေးရဲ့ဗျာ... ဟူးးး"
"ရှီးချန်" သက်ပြင်း တစ်ချက်ချရင်း "မုန့်ယောင်" အနားသွားထိုင်ကာ လက်ကလေးတစ်ဖက်ကို ကိုင်ထားရင်း ကြည့်နေလိုက်သည်။
"အဆိုးလေး ကိုယ် မင်းနဲ့ စကား ခနပြောချင်တယ်..."
"ဒေါက်တာရှင်းချန်" စကားကြောင့် "ရွှယ်ရန်" တစ်ယောက် မျက်နှာသေလေးနဲ့ ပြန်ကြည့်လာသည်။
"ကျွန်တော်လည်း "ကို" နဲ့ စကားပြောချင်နေတာ..."
"ကိုယ့်ရုံးခန်းမှာ ပြောရအောင် နော်"
"အင်း"
ထို့နောက် နှစ်ယောက်သား စကားတစ်ခွန်းမှမပြောကြတော့ပဲ တိတ်ဆိတ်စွာပင် "ဒေါက်တာရှင်းချန်" ရဲ့ ရုံးခန်းထဲသို့ ရောက်လာကြသည်။
"အဆိုးလေး ကိုယ်....."
"တော်တော့! ကို.. ကျွန်တော် မေးတာအရင်ဖြေပေး... ကျွန်တော်က ဒေါက်တာ့အတွက် ဘယ်လောက်ထိ အရေးပါလဲ...?"
"အဆိုးလေး မင်းလေးက ကိုယ့်ဘဝပါကွာ... မင်းလေးက ကိုယ့်အိမ်မက်ပါ..."
ရှင်းချန် စိတ်ထဲမှာရှိတဲ့အတိုင်း ဖြေပေးမိပါ၏။
ဒီအဆိုးလေးက သူ့အတွက်ဘယ်လောက်အရေးပါလဲ ဆိုတာ သူသာ အသိဆုံး...။
"ကောင်းပြီလေ... ဒါဆို ဒီအလုပ်ကို အခု ထွက်လိုက်တော့..."
မမျှော်လင့်ထားသော အဆိုးလေးရဲ့စကားကြောင့် "ရှင်းချန်" မျက်လုံးများပင် ပြူးသွားလေသည်။
"ဘယ်လို??? အဆိုးလေး ဘယ်လိုပြောလိုက်တာ...?"
"ဘာလဲ? ဒီအလုပ်က ကျွန်တော့်ထက် အရေးပါနေတယ်ပေါ့... ဟက်..! ကျွန်တော် မသိဘူးထင်လား...? ခင်ဗျား နောက်တစ်ပတ်ဆို နယ်ဘက်သွားရတော့မယ်ဆိုတာ... ကျွန်တော့်ကို ဘာလို့ဘာမှ မပြောရတာလဲ ဟမ်..! ဖြေလေ...! ဘာလို့ ဘာတစ်ခုမှ ကျွန်တော်မသိရတာလဲ...? ကျွန်တော်က သူများပြောမှ သိရမယ့်လူလား...? ဟမ်!
ခင်ဗျား တစ်ယောက်စာအတွက်တော့ ကျွန်တော် တင့်တင့်တယ်တယ်ထားနိုင်တယ်... ဖြေလေ ကို! အလုပ်နဲ့ ကျွန်တော့်ကို ဘယ်ဟာရွေးမလဲ...?"
ရှင်းချန် သိပါသည်။
ဒီအတောအတွင်း ဒေါက်တာအင်အား မလောက်တာတွေကြောင့် အဆိုးလေးကို အချိန်မပေးဖြစ်ခဲ့တာတွေ...။
နယ်ဘက်ကို ခရီးထွက်ရမှာကိုလည်း သူလေး စိတ်ပူနေမှာစိုးလို့ ၊ ပြီးတော့ အကြောင်းမတိုက်ဆိုင်လို့ မပြောဖြစ်ခဲ့တာတွေ...။
အဆိုးလေး အရမ်းခံစားခဲ့ရမှာ...။
သူ မှားခဲ့တာ...။
ဒါပေမယ့် ဒီအလုပ်ကလည်း "ရှင်းချန်" ရဲ့ အမြတ်နိုးရဆုံး အလုပ်...။
လူ့အသက်တွေကယ်တင်ရလို့ သူ ဂုဏ်ယူနေရတဲ့ အလုပ်...။
ရှင်းချန် အဖြေမရှိ တိတ်ဆိတ်နေမိပါ၏။
"ဟက်...! ခင်ဗျား မဖြေနိုင်တော့ဘူးမလား...? ကောင်းပြီလေ ကျွန်တော် ထွက်သွားမယ်..."
လှည့်ထွက်ဖို့ပြင်နေတဲ့ ကောင်လေးရဲ့လက်ကလေးကို ရှင်းချန် နောက်ဆုံးမျှော်လင့်ချက်လေးနဲ့ အမိအရဖမ်းဆုပ်ထားလိုက်မိသည်။
"..............."
သို့သော် သူ့မှာ ပြောစကားလည်း အဆင်သင့်ရှိမနေခဲ့...။
"ရွှယ်ရန်" တစ်ယောက် ဆွဲလာသော လက်ကြောင့် မျှော်လင့်တကြီး လှည့်ကြည့်ခဲ့သော်လည်း ဒေါက်တာဘက်မှ ဘာစကားမှ ထွက်မလာပါလေ...။
နောက်ဆုံး လက်ကို အားပြင်းပြင်းနှင့် ခါချကာ ကျောခိုင်းခဲ့၏။
ကျဆင်းလာတဲ့ မျက်ရည်တွေက ဘယ်လောက်နာကျင်နေရကြောင်း ဖော်ပြနေသလို...။
မျက်ရည်ဘယ်တော့ကမှ မကျဘူးပဲ တခြားသူတွေကိုပဲ အနိုင်ယူလာတတ်တဲ့ "ရွှယ်ရန်" ဆိုတဲ့ ကျွန်တော်က ဒေါက်တာနဲ့မှ မျက်ရည်မိုးတွေ အဆက်မပြတ်ရွာသွန်းရသည်။
ကိုယ်တောင်းပန်ပါတယ် ပါပီလေးရေ...။
ကိုယ် အဆိုးလေးကို အရမ်းချစ်တယ်...။
ကိုယ့်ကို ဒီတစ်ချက်လေးပဲ ယုံကြည်ပေးပါ...။ 🧡
_______________
(Royal - ဒီအတွဲလေးကို role ပြောင်းပါရစေ...။ ဒေါက်တာရှင်းချန်ကို Seme type ပြောင်းလိုက်ပါတယ်ခင်ဗျ...။ Wp မှာ တောင်းဆိုတဲ့ သဲငယ်လေးရဲ့ဆန္ဒအတိုင်း ဒေါက်တာကို Seme type ပေးလိုက်တာပါ...။ Side couple လေးဆိုတော့ Royal လည်း အပြောင်းအလဲလေးဖြစ်အောင်ပါနော်...။ ဒီအတွဲလေးက တစ်ခြား mature ပိုင်းတွေ ဘာတွေလည်း မဖော်ပြသေးခင် Role ပြောင်းလိုက်တာပါဗျ...)
(Royal - "ရွှယ်ရန်" က တဇွတ်ထိုး Uke လေးပါနော်... "ဒေါက်တာရှင်းချန်" က တည်ငြိမ်ပြီးရင့်ကျက်တဲ့ Seme ကြီးပါဗျ...။ Royal က သဲငယ်လေးတို့ရဲ့ မန့်တစ်ခုချင်းစီတိုင်းကို တန်ဖိုးထားပါတယ်...။ Wp မှာ တောင်းဆိုထားတဲ့ သဲငယ်လေးကိုလည်း ကျေးဇူးပါဗျ...။ ဝေဖန်ချက်လေးတွေကိုလည်း အလေးထားပါတယ်...။)
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 4257 words 💞
Silent Readers လေးတွေ အပါအဝင် feedback ပေးကြတဲ့ သဲငယ်လေးတွေ တစ်ယောက်ချင်းစီတိုင်းကို Royal စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်ဗျ.....😍
အစစအရာရာဂရုစိုက်ကြပါနော်...❤
💞 အားလုံးကို ချစ်ခင်လေးစားလျှက် 💞
K.Royalwhite💌💞🤍
Jan 5,2021 (Updated Day) 🖤✨
Zawgyi
"ဟင် ဘာသံ ခင်ဗျား....." *အွင့်..!*
Advertisement
- In Serial60 Chapters
Tortus Bay
Henry Cauville never meant to get caught up in a murder investigation. He came to the sleepy seaside village of Tortus Bay to forget his past, and to start a new life. Little could he have known that his arrival would coincide with the death of a beloved community leader, or that said community would be holding a strange festival at the end of the month—about which none of them will speak. Now, Henry must deal with the repercussions of an unfortunate public misunderstanding while coming to terms with a startling, mystical discovery and what it means for both himself and the world at large. Welcome to Tortus Bay, where there are no tortoises.
8 161 - In Serial26 Chapters
The Prince of Hell
Asmodeus is the king of Edom. Magnus rules as prince at his side. He is an alpha and the most powerful warlock in the world. Alec is the first omega to be born in over 5 centuries. He's his family's & the clave's most precious treasure. What happens when the time comes for him to choose a mate. Malec Mpreg.'As Magnus opened his eyes again, his glamour fell.If Alec was breathing before, he definately wasn't breathing now. He couldn't explain it, but as he looked into those cat like eyes, darkened and burning with desire, he felt his whole body grew weak.'This story will have smut and is suitable for mature readers only.I do not own the rights to the characters they belong to Cassandra Clare. But the story is all mine baby.
8 122 - In Serial6 Chapters
My Rose (Goku Black x Reader lemon)
"Why do I love after all he's done... even if he did do all of those things. He's shown me so many different sides of him that no one can even imagine, But I how will things end up if don't finish the Job."(This is the actual full book of my practice book everything is spelled correctly ahem hopefully and my character development and storyline go some what different from my other book)
8 76 - In Serial197 Chapters
translated novels and stories part 2
i would like to recommend translated novels and stories that i like
8 197 - In Serial38 Chapters
Best Friend Mean What?? (Completed)
သူငယ်ချင်းကို ချစ်ကြောင်းဘယ်လိုပြရမလဲ??သူငယ်ချင်းကို ချစ်ကြောင်းဘယ်လိုပြရမလဲ??~SamYu Fanfic~
8 217 - In Serial48 Chapters
Complications Of A Marriage ( COMPLETED)
Arranged Marriages in India are common.Arranged Marriage between two powerpack business houses is common, as well.But what are the complications one faces in each phase of a marriage?Juhi Mishra, the heiress of Mishra Empire meets Vikram Raheja, the suave workaholic CEO of Raheja Industries through their families.They " get to know" each other and learn things that change the very fundamentals of their lives.Join them in this journey to learn how they deal with the very first complication of the beginning of a married life! { Rankings- #1 General Fiction - 8,9,10,25,28,29,30,31 October 2020 # 1 General Fiction - 17, 18 November 2020 # 3 Indian- 17,18 November}
8 128

