《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 15
Advertisement
Unicode
"Baby... ကိုယ့်ကိုစောင့်ပါဦးကွာ..."
ဆိုင်ထဲတုန်းက ကျွန်တော့်လက်ကို ဆွဲကာ အောင်နိုင်သူအပြုံးကြီးနှင့် ထွက်လာခဲ့တဲ့ Baby က ဆိုင်နဲ့လည်း နဲနဲဝေးလာရော ဆွဲထားတဲ့လက်တွေကို ဖြုတ်ချပြီး အရှေ့ကနေမပြေးရုံတမယ်သွားနေတာကြောင့် Baby အနောက်မှ ခပ်သွက်သွက်လေးလိုက်ရင်း အော်နေရခြင်းဖြစ်သည်။
XZ ခြေလှမ်းကြဲကြီးတွေနှင့် Baby အနောက်ကို အမှီလိုက်ပြီး Baby လက်ကလေးကို လှမ်းဆွဲလိုက်သည်။
"Baby..."
Baby ကျွန်တော့်ဘက်ကို လှည့်လာတော့ မျက်နှာလေးနှင့်နားရွက်လေးတွေ နီနေတာကို သတိထားမိလိုက်၏။
"Baby ရာ.. နေလည်းမကောင်းပဲနဲ့ ဘာလို့ အပြင်ထွက်လာတာလဲ...? ခနနေ ကိုယ်ပြန်လာမှာပဲကို..."
XZ စိတ်ပူသလိုလေး ပြောတော့ YB ခနဲ့ပြုံး,ပြုံးလိုက်ကာ.....
"မလိုပါဘူး.. ဖယ်! ကျွန်တော့်လက်ကို လွှတ်"
XZ Babyရဲ့လက်ကလေးကို လွှတ်မပေးသေးပဲ ဆက်ကိုင်ထားလျက်ပင်.....
"Baby ကိုယ့်မှာ ကားပါတယ်... ကိုယ်နဲ့ပြန်လိုက်ခဲ့..!"
လက်ကလေးကို ဆွဲကာ ခေါ်မိတော့ ဂရုဏာဒေါသစွတ်နေတဲ့ လေသံကမာသွား၍လားမသိ... XZ လက်ထဲကနေ Baby က အတင်းရုန်း၏။
"ကျွန်တော့်မှာ ဆိုင်ကယ်ပါတယ်..!"
"ဟာ... Baby ကလည်းကွာ... နေမကောင်းသေးတာကို ဆိုင်ကယ်စီးလာရလား...? ဒီနားမှာ Baby ဆိုင်ကယ် ခနထားခဲ့ အခု ကိုယ့်ကားနဲ့ လိုက်ခဲ့ ဟုတ်လား...?"
XZ စိတ်ပူတာနဲ့ နဲနဲလေးဆူမိလိုက်ပြီးမှ ကားနဲ့လိုက်ဖို့ ဖြောင်းဖျရပြန်၏။
"ခင်ဗျား အပူတစ်စက်မှမပါဘူး Xiao Zhan! ခင်ဗျား လမ်း ခင်ဗျားသွား... ကျွန်တော့်ဘာသာ ဘာစီးစီး ခင်ဗျားနဲ့ မဆိုင်ဘူး..!"
အနားလူတွေရဲ့အကြည့်တွေက သူတို့နှစ်ယောက်ဆီသို့ကျရောက်လာလေ၏။
"Baby မရိုင်းနဲ့ကွာ... ကိုယ်မကြိုက်ဘူး..."
Baby ကို တစ်ခြားလူတွေ "ရိုင်းတယ်" လို့ ထင်သွားမှာကိုလည်း XZ မလိုလား။
XZ လေသံကိုဖိကာ နဲနဲဆူလိုက်မိပါ၏။
"ဟက်..! ကျွန်တော်က ခင်ဗျား အကြိုက်လိုက်ပြောနေရမှာလား...? ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ အဲ့တာ ခင်ဗျား ကိစ္စ..."
"ဝမ်ရိပေါ်" တဲ့ တစ်ပေါ်တည်းရှိတယ်...။
အခုမှ ဂရုစိုက်သလို လာလုပ်ပြမနေနဲ့ ဘဲကြီး... ဟက်..!
"ကျစ်... Baby ရာ..."
Baby ကို လုံးဝအရိုင်းစိုင်းလေး မဖြစ်စေချင်ပါ...။
လူတွေရဲ့အမြင် , လူတွေရဲ့ ပါးစပ်ဖျားမှာ Baby ကို "ရိုင်းလိုက်တာ" ဟု အပြောခံရမှာ XZ လုံးဝ မလိုလား...။
လိမ္မာပါရက်နဲ့ ဆိုးချင်နေသော ကလေးဆိုးလေးရယ်ပါဗျာ...။
ဘုကလန့်တွေပဲပြန်ပြောပြီး ဆိုင်ကယ်ပေါ် တက်ဖို့ပြင်နေသော Baby ကို ကြည့်ကာ XZ သက်ပြင်းအသာချလိုက်ရင်း...
မနက်ကမှ ချွေးတွေနဲ့မို့ သူကိုယ်တိုင် လဲပေးထားတဲ့ Shirt အင်္ကျီအဖြူရောင်လေးကို လှမ်းဆွဲထားလိုက်၏။
"Baby... ဒီနေ့ Baby ကြိုက်တာဝယ် ကြိုက်တာစားကွာ... ကိုယ်အကုန်ရှင်းပေးမယ် ပြီးတော့ ကြိုက်နဲ့နေရာပြောကွာ ကိုယ်လိုက်ပို့ပေးမယ်... ဒီဆိုင်ကယ်နဲ့တော့ မပြန်ပါနဲ့ကွာ ကိုယ်စိတ်မချဘူး..."
XZ စကားကြောင့် YB မသိမသာကြိတ်ပြုံးမိလိုက်ပြီးမှ မျက်နှာကိုချက်ချင်းပြန်တည်ကာ.....
"ဒါဆို ကျွန်တော့်ဆိုင်ကယ်ကရော...?"
ဆိုင်ကယ်ကို စိတ်ပူနေတဲ့ Baby လေးကြောင့် စိတ်ချရကြောင်း ပြောရသေး၏။
"စိတ်ချ Bae... မင်းလေးရဲ့ဆိုင်ကယ်ကို ဘာမှမထိခိုက်မပွန်းပဲ့စေပဲ အိမ်ပြန်ရောက်နေစေရမယ်... Ok?"
XZ လက်မနဲ့လက်ညှိုးလေးကို ဝိုင်းလိုက်ပြီး OK ဆိုတဲ့ ပုံစံလေးလုပ်ကာ မေးလိုက်တော့မှ ကလေးဆိုးလေးက လက်ခံတော့သည်။
ဒါတောင် ကိုယ်အကုန်ရှင်းပေးမယ် လို့ ပြောတာကို စိတ်မချသလို ပြန်မေးပါသေးသည်။
"Ok လေ... ခင်ဗျား အကုန်ရှင်းရမှာနော်..."
"ဟုတ်ပါပြီဗျာ...။ ကိုယ် Baby ကို ကတိပေးထားတယ်လေ...။ ကိုယ်က ကတိတည်ပါတယ် Baby ရဲ့...။ ဒီနေ့ အားလုံး Baby သဘောအတိုင်းပဲ..."
XZ ရဲ့ "ကတိ" ဆိုတဲ့ အသံကိုကြားမှ ဆိုင်ထဲတုန်းက သူကိုယ်တိုင် မုန့်လိုက်ဝယ်ကျွေးခိုင်းခဲ့တာကို YB သတိရလာလေ၏။
ဆိုင်ထဲတုန်းက သူ လူကြီးကို ဘယ်လိုတွေပြောခဲ့မိတာကို ပြန်တွေးမိရင်း YB မျက်နှာတွေပါပူချင်လာသလိုလို...။
"လာ Baby ကိုယ့်ကားဆီသွားရအောင်..."
အရှေ့ကလူကြီးရဲ့ စကားသံကြားမှ အတွေးတွေကို ရုတ်သိမ်းကာ ထိုလူကြီးနောက် အေးအေးဆေးဆေး လိုက်သွားလိုက်၏။
လူကြီးကို သူ့ကတိအရင်းပြုပြီး ပညာပေးရမည်။ အဟင်းးးဟင်းးး
တကယ်တော့ Baby အနောက်ကိုလိုက်လာရင်း XZ ကား ရပ်ထားတဲ့နေရာကို ကျော်လာခဲ့တာဖြစ်သည်။
ကားအနားကိုရောက်တော့ Baby ကို lover seat နေရာက ကားတံခါးလေးအား ထုံးစံမပျက် ကိုယ်တိုင်ဖွင့်ပေးနေသော XZ...။
YB ကတော့ ထိုလူကြီးကို တစ်ချက်မှမကြည့်ပဲ သူဖွင့်ပေးထားသော lover seat နေရာမှာ အခန့်သား ဝင်ထိုင်လိုက်၏။
ကားထဲ အခန့်သားဝင်ထိုင်လိုက်တဲ့ ကောင်လေးကို ကြည့်ကာ XZ ပြုံးလိုက်မိပေမယ့် ကားထဲရောက်သွားသော ကောင်လေးကတော့ မြင်မယ်မထင်...။
မျက်လုံးထောင့်စွန်းလေးကနေ ဓာတ်ပုံရိုက်နေတဲ့ သတင်းထောက်တွေ ၊ အားကျတဲ့မျက်ဝန်းတွေနဲ့ ကြည့်ပြီး Ph နဲ့ ဓာတ်ပုံတွေရိုက်နေတဲ့ ကောင်မလေးတွေကို YB မြင်ဖြစ်အောင်မြင်လိုက်မိသေး၏။
အများအမြင်မှာတော့ နာမည်ကြီးအိမ်တော်နှစ်ခုက သခင်လေးတွေရဲ့ချိုမြိန်ပြီး မြင်သူတိုင်း အားကျရတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့...။
အစပိုင်းမှာ သိပ်အဆင်မပြေသလိုဖြစ်ခဲ့ပေမယ့် အခုတော့ အရမ်းချစ်ကြတဲ့ ချစ်သူစုံတွဲလေးပေါ့လေ...။
ဟက်..! ခင်ဗျားတို့ မသိကြသေးတာက ကျွန်တော်နဲ့ Xiao Zhan ဆိုတဲ့ ဒီလူကြီးကြားမှာ "ချစ်တယ်" ဆိုတဲ့ စကားနဲ့ ပတ်သတ်ပြီးတော့ အခုချိန်ထိ တစ်ခွန်းမှ မပြောဖူးသေးတာကိုပဲ...။
တကယ်တော့ သိပ်ရီရတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်နေခဲ့တာမလား...?
ဘာပဲဖြစ်ဖြစ် ခင်ဗျား ကျွန်တော့်ကို ချစ်လာစေရမယ် Xiao Zhan...။
ဒါမှ ခင်ဗျားရော ခင်ဗျားကို ချစ်လှပါရဲ့ ဆိုတဲ့ ဦးလေးရော ခံစားရမှာပေါ့...။
ဟက်..! တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ...။
ခင်ဗျား စောင့်ကြည့်နေပါ...။
တစ်နေ့ ခင်ဗျားတို့ ခံစားရတာကိုမြင်ရင် ကျွန်တော် လက်ခုတ်တီးပြီး အော်ရယ်ပြမယ် Xiao Zhan...!!
Advertisement
ကျွန်တော်က ခေါင်းမာတယ်...။
အတ္တကြီးတယ်...။
ကျွန်တော့်ကို ကျွန်တော် သိပေမယ့် အဲ့ဒီစိတ်ကို ဖျောက်လို့မရဘူး...။
အတွေးပုံရိပ် နဲ့ အိမ်မက်တွေ ခြောက်လှန့်လာတိုင်း ခင်ဗျားတို့ကိုရော ကိုယ့်ကိုယ်ရော ဒေါသထွက်လွန်းလို့...။
ဒီရင်ဘက်ကြီးက နာကျင်လွန်းလို့...။
ခင်ဗျား အပေါ် ခံစားချက် သေးသေးလေးရှိနေရင်တောင် ခင်ဗျားပြန်ပြီး မခံစားရသေးခင် အဲ့ဒီစိတ်ကို ကျွန်တော် ရအောင်ဖျောက်ပြမယ်...။
ခင်ဗျား အပေါ် တစ်ခါတစ်လေ ဖြစ်ပေါ်တတ်တဲ့ ခံစားချက်လေးတွေက အပျော်ပါ...။
ဟုတ်တယ် အပျော်သက်သက်ပဲ...။
ကားပြတင်းပေါက်မှတစ်ဆင့် အပြင်သို့သာ ငေးကြည့်ရင်း အတွေးတွေကြားမှ နာနာကျင်ကျင်ပြုံးလိုက်မိသေး၏။
ကားမောင်းနေတဲ့ XZ အတွက်တော့ သူ့နံဘေးမှာ Baby လေး ပါလာရင် Baby ဘက်ကို လှည့်ကြည့်လိုက် , ကားမောင်းလိုက် လုပ်ရတာလည်း အကျင့်တစ်ခုလို ဖြစ်နေခဲ့ပြီ...။
Baby ကားပေါ် တက်မယ် ၊ ဆင်းမယ်ဆိုရင် ကားတံခါးဖွင့်ပေးတာကိုတော့ ထွေထွေထူးထူးပြောမနေတော့ပါဘူး။
မနက်တုန်းက Baby လေးကို စွပ်ပြုတ်တိုက် ဆေးတိုက်ပြီး အောက်ခနဆင်းလာတုန်း Ph လာတာကြောင့် No မကြည့်မိပဲ ခပ်မြန်မြန် ကိုင်လိုက်မိသည်။
"Hello ကျန့်... လီရှန်း တို့ စကားခနပြောရအောင်နော်..."
".............."
"Hello ကျန့် နားထောင်နေတယ်မလား...? လီရှန်း သိပါတယ် ကျန့် ရယ်...။ ဒါပေမယ့် ခနလောက်တော့ တွေ့ရအောင်နော်...။ လမ်းဘေးက ကော်ဖီဆိုင်လေးဆိုလည်း လီရှန်းက အဆင်ပြေပါတယ်..."
"စကားခနပဲပြောလို့ရမယ်နော်...။ ကိုယ်တကယ်မအားဘူး။ (***) ကော်ဖီဆိုင်လေးကို လာခဲ့လေ ခနပဲနော်..."
"Ok ကျန့် လီရှန်းလည်း အဲ့ဒီဆိုင်လေးကို သဘောကျတယ် လာခဲ့မယ်နော် ခနပဲ စိတ်ချ..."
Baby ကို ခနမှေးနေဖို့ ပြောထားခဲ့တာပဲ...။
ပြန်အိပ်နေလောက်ရောပေါ့...။
ဆိုင်ကလဲ ဒီနားတင်ပဲဆိုတော့ ခနသွားပြီး မြန်မြန်ပြန်လာဖို့သာ သူဆုံးဖြတ်လိုက်ရတော့သည်။
တကယ်က အဲ့ဒီကော်ဖီဆိုင်လေးကို XZ သိ၍မဟုတ်...။
Baby အိမ်လာရင်းနဲ့ လမ်းမှာ ဆိုင်းဘုတ်လေးတွေ့လို့ အမှတ်တမဲ့ လှမ်းကြည့်မိလိုက်တာ...။ ဆိုင်အပြင်အဆင်လေးကတော့ မဆိုးပါဘူး။
Baby မနိုးခင် ပြန်လာရမယ်...။
XZ သူ့ဘာသာ တွေးကာ စွပ်ပြုတ်ပန်းကန်လေးကို ဘေဇင်မှာဆေးရင်း ပန်းကန်တွေထားသည့် စင်ပေါ်သို့ လှမ်းတင်လိုက်၏။
အခုမှ ပထမဆုံးမီးဖိုချောင်ဝင်တာဖြစ်ပြီး ပထမဆုံးကိုယ်တိုင်လုပ်ထားတဲ့ စွပ်ပြုတ်လေးကို Baby က ကုန်အောင်သောက်ခဲ့တာကြောင့် XZ စိတ်ထဲကြည်နူးမိတာအမှန်...။
ထို့နောက် မနက်က အိမ်အောက်တွင်ချွတ်ထားခဲ့သော ကုဒ်အင်္ကျီလေးကို ယူကာ ကားသော့လေးကို ဆွဲရင်း အိမ်အပြင်ထွက်လာခဲ့သည်။
Baby လေးရဲ့ အိမ်ထဲက ထွက်လာတော့ သူလေး တစ်ယာက်တည်း တစ်ခုခုဖြစ်နေမှာ စိုးရိမ်မိပြန်သည်။
သို့သော် လီရှန်း ဆိုတာကလည်း XZ ရဲ့ အကောင်းဆုံး သူငယ်ချင်း, ရင်ဖွင့်နေကြ အမညီမတစ်ယောက်, 1 နှစ်တိတိတွဲခဲ့သော ချစ်သူတစ်ယောက် ဖြစ်ခဲ့တာကြောင့် ကားကို ဆက်မောင်းလာခဲ့၏။
အနောက်မှ ကိုယ့်ကားသံကြားသောကြောင့် တိတ်တိတ်လေးလိုက်လာသည့် ဆိုင်ကယ်နှင့်ကောင်လေးတစ်ယောက်ကိုတော့ XZ သတိမထားမိခဲ့ပါလေ...။
.....
တကယ်တော့ ဒီနေ့ XZ မအားပါ...။
Gym ဆိုင်တွေ သွားစစ်ဖို့ရှိ၏။
Baby ရဲ့ သူငယ်ချင်းဆိုပြီး Ph ဆက်လာတဲ့ "ကျင်းရီ" ဆိုတဲ့ ကောင်လေးကြောင့် Baby ဖျားနေကြောင်း သူသိခဲ့ရတာ...။
"ကျင်းရီ" ဆိုတော့ Happy new year night က Baby ကို လာတွဲတဲ့ ကောင်လေးဖြစ်ကြောင်းလည်း သူသိခဲ့ရ၏။
Baby အသည်းအသန်ဖျားနေတယ် ကြားတော့ XZ ခေါင်းတွေ ထူပူသွားခဲ့တာ...။
ပြီးတော့ Baby က သူ့အိမ်မှာ တစ်ယောက်တည်းနေတာတဲ့လေ...။
Hotel ကနေ အိမ်ပြန်မယ် လုပ်တော့ မတားမိခဲ့တဲ့ ကိုယ့်ကိုယ်သာ XZ အပြစ်တင်မိ၏။
ဒီနေ့တော့ Baby စိတ်ကြိုက် သူလေးအနားမှာနေပေးရမည်။
Baby ဖြစ်ချင်တာမှန်သမျှ သူ အကုန်ဖြစ်စေရမည်။
Baby လိုအပ်တာမှန်အမျှ အကုန်ဝယ်ပေးဖို့လည်း အစဥ်အစဥ်ရှိသည်။
Baby ဆိုးသမျှ သည်းခံပေးဖို့လည်း သူဆုံးဖြတ်ထားသည်။
ဒီနေ့ဟာဆိုရင်ဖြင့် နေသိပ်မကောင်းတဲ့ Baby လေးအတွက် ပျော်ရွှင်စရာ စိတ်ကျေနပ်စရာတွေကို ဖြည့်ဆည်းပေးချင်တာဟာ XZ ရဲ့ ဆန္ဒတစ်ခုဆိုလည်း မှားမည်မထင်...။
ကားတံခါးအပြင်ကို ငေးရင်း လိုက်လာတဲ့ Baby ရယ် အတွေးတွေနဲ့တင် ကြည်နူးနေတဲ့ ကျွန်တော်ရယ်ကြောင့် စကားတစ်ခွန်း တစ်ပါဒမျှပြောဆိုခြင်း မရှိတဲ့ ကားထဲမှာ လွန်စွာ တိတ်ဆိတ်နေ၏။
Baby လေးက ကျွန်တော်နဲ့အတူ ကားစီးတိုင်း အပြင်သို့သာ တွေတွေလေး ငေးနေတတ်သည်။
ကျွန်တော်ဘက်က စကားလေးနည်းနည်းမှ စ,မပြောရင် ကျွန်တော့်မျက်နှာကို လုံးဝ လှည့်မကြည့်တတ်သည့် ကလေးလေးလည်းဖြစ်ပါ၏။
ထို့ကြောင့် မနေနိုင်တဲ့ XZ ကပဲ စကား စ,ရသည်။
"Baby တို့ ကျောင်းမှာ စာမေးပွဲဖြေရတော့မယ်ဆို..."
XZ စကားကြောင့် YB အပြင်ငေးနေရာမှ အရှေ့တည့်တည့်သို့သာ ရူတည်တည် ပြောင်းကြည့်ရင်း...
"ဘာလဲ...? ခင်ဗျားက စာမေးပွဲအခန်းလာစောင့်ပေးမှာမို့လို့ မေးနေတာလား...?"
Baby စကားကြောင့် XZ ပြုံးလိုက်မိပါသည်။
"Baby စောင့်စေချင်ရင် ကိုယ်လာစောင့်ပေးမှာပေါ့..."
"အပိုတွေပြောမနေနဲ့... ဒီနေ့ ခင်ဗျား အကုန်ဝယ်ပေးမှာစိုးလို့ အားနာလို့ လိုက်လာတာနော်... အပိုတွေပြောနေရင် ဒီနားတင် ဆင်းနေခဲ့မှာ..."
Baby က ဒီလို ကလေးမျိုးပါဆို...။
"ကိုယ်က စ,တာပါ Baby ရယ်...။ ဆင်းတော့မနေခဲ့ပါနဲ့ကွာ နော်...။ ရောက်တော့မယ် ရောက်ပြီ... ဒီနားလေးမှာပဲ...။ Ok! ဒီမှာ ရောက်ပြီ။ Baby စိတ်ကြိုက်ဝယ်... ကိုယ်ဘာမှမပြောဘူး..."
XZ Baby နဲ့ စကားပြောနေရင်းပင် Plaza ထဲကို ချိုးဝင်လာပြီး ကားကို သေချာရပ်လိုက်သည်။
ထို့နောက် Baby လေး ဆင်းတော်မူရန် သူ ကားပေါ်က အမြန်ဆင်းလိုက်ကာ ခြေလှမ်းကြဲကြီးတွေနဲ့ lover seat နေရာသို့ ခပ်မြန်မြန်သွားလိုက်၏။
Advertisement
ဒီ Baby လေးကတော့ သူ့စိတ်ချည်းပဲကွာ...။
နေမကောင်းတဲ့ အရှိန်လေးနဲ့မို့ စိတ်အလိုမကျဖြစ်နေတာ နေမှာပါ ဆိုပြီး တွေးမိတော့လည်း XZ မှာ စိတ်မကောင်း...။
အိမ်အကြီးကြီးမှာ Baby တစ်ယောက်တည်း နေတာ ဘယ်လောက်အထီးကျန်လိမ့်မလဲ ဟုလည်း တွေးမိသေး၏။
Baby လေးကို အထီးကျန်မှုတွေ ပျောက်အောင် နွေးထွေးမှုတွေ သူ ပေးချင်မိပါ၏။
YB ဘာမှ မပြောတော့ပဲ လူကြီးလာဖွင့်ပေးသော ကားတံခါးမှတစ်ဆင့် အပြင်သို့ဆင်းလာလိုက်၏။
ပညာကောင်းကောင်းပေးရတာပေါ့ လူကြီးရာ...။
ပလာဇာထဲကို ဝင်လာတာနှင့် ဝန်ထမ်းတွေက ခေါင်းငုံ့ကာ အရိုအသေပေးပြီး ကြိုဆိုကြလေသည်။
ပထမဦးဆုံး Baby စိတ်ကြိုက် အင်္ကျီတွေ ရွေးလို့ရအောင် ဝန်ထမ်းကောင်မလေးတစ်ယောက်ကို XZ နေရာပြခိုင်းလိုက်သည်။
အင်္ကျီတွေအားလုံးက တကယ့်အထက်တန်းစားတွေမှ ဝယ်နိုင်သော Brand တံဆိတ်တွေချည်း...။
အေးလေ ပလာဇာကလည်း ပေါ့သေးသေးမှတ်လို့ ဒိတ်ဒိတ်ကြဲသူဌေးတွေ Shopping ထွက်တဲ့နေရာပဲလေ...။
YB အင်္ကျီတွေကို လှည့်ပတ်ကြည့်ပြီး စျေးအများဆုံးဆိုတာတွေကိုမှ ယူ၏။
အင်္ကျီဒီဇိုင်းတွေကို YB စိတ်မဝင်စား စျေးနှုန်း card ကသာအဓိကဖြစ်သည်။
အင်္ကျီတွေကို ဝန်ထမ်းမလေးတွေ ကိုင်ပေးမယ်ပြောသောလည်း အနောက်မှ ပါလာသော လူကြီးလက်ထဲသာ အကုန်ထိုးထည့်ပေးလေသည်။
XZ မှာလည်း Baby ထည့်ပေးသမျှ အင်္ကျီတွေရော အထုပ်တွေရော ကိုင်ပေးနေရ၏။
သူလည်း ကိုယ့်ဘဝကိုယ်တောင်မေ့ချင်နေလေပြီ...။ နာမည်ကြီးလှပါရဲ့ ဆိုတဲ့ *King* Bar နဲ့ Gym ဆိုင်တွေရဲ့ပိုင်ရှင်ဟာ ငါမှ ဟုတ်ရဲ့လား ဟူ၍...။
ခနနေတော့ XZ တောင် အထုပ်တွေ မနိုင်တော့၍ မနေနိုင်သည့်ဝန်ထမ်းမလေးတွေ လာယူပေးမှ Baby လည်း အင်္ကျီတွေ ရွေးနေတာ ရပ်သွား၏။
ဒါတောင် Baby မျက်နှာက ကျေနပ်သေးသည့်ပုံမပေါ်ပေ...။
တကယ့် ငဂျစ်လေး...။
Baby ရွေးထားတဲ့ အင်္ကျီတွေထဲကနေမှ သူ မျက်စိကျတဲ့ အင်္ကျီလေးကို ကိုင်ကာ တွဲဖို့ ဘောင်းဘီပါ ဝန်ထမ်းကောင်မလေးတွေကို တစ်ခါတည်း ရှာခိုင်းလိုက်သည်။
ထို့နောက် Baby အနားသွားကာ.....
"Baby ဒီဝတ်စုံလေး ဝတ်ကြည့်ပါလား...?
Baby နဲ့ဆို အရမ်းလိုက်မှာ..."
"Omm တစ်ထည်လောက်တော့ ဝတ်ကြည့်လိုက်ပါ့မယ်..."
ပြောပါတယ် Baby က လိမ္မာပါတယ်လို့...။
XZ တွေးကာ အပြုံးနုနုလေးတစ်ပွင့် မျက်နှာထက်တွင်ဖြစ်ထွန်းသွားလေသည်။
XZ ရဲ့ "Baby" ဟူသော အခေါ်အဝေါ်လေးကြောင့် ဝန်ထမ်းမလေးတွေရဲ့မျက်နှာမှာ ပြုံးစိစိ...။
Plaza ထဲ သူတို့နှစ်ယောက် စ,ဝင်လာကတည်းကဝန်ထမ်းမလေးတွေရဲ့ တိုးတိုးတစ်မျိုးကျယ်ကျယ်တစ်မျိုး ပြောသံတွေ ကြားရ၏။
"ဟဲ့ ဟိုမှာ နာမည်ကြီးနေတဲ့ အတွဲမလား...?"
"အေးဟယ် လိုက်ဖက်လိုက်ကြတာ... အဟိ.."
"ဟဲ့ အင်္ကျီတွေဘက်သွားတာဟ ငါသွားရောင်းလိုက်မယ်... အဲ့လိုမျိုးလေးတွေဆို ငါစိတ်ဝင်စားတယ်... ဟီးးး"
"အေး သွားသွား ပြီးရင် အခြေအနေလည်းပြောပြဦး... ငါလည်း စိတ်ဝင်စားတယ်... ဟိ"
"အေးပါ... နင်ကလည်း ချောလိုက်ကြတာဟယ် နော်..."
"ဟုတ်ပါ့..!"
တကယ်ပါ စုံလို့ စုံလို့... ပြောသံတွေ...
ကြားလိုက်ရတဲ့ အသံတွေရော , မကြားတကြားအသံတွေရော , တိုးတိုးလေးပြောနေကြတဲ့ လေသံတွေရော...။
XZ ထိုစကားသံတွေ စ,ကြားတော့ ပြုံးမိပါ၏။
အရင်လို Baby သိပ်တော့ စိတ်မရှုပ်ရတော့ဘူးမလား...?
မှိုချိုးမျှစ်ချိုး စကားတွေထက်စာရင် ဒီလို စကားလေးတွေက နားထောင်ရတာ သိပ်တော့ မဆိုးဘူးပေါ့လေ...။
XZ အရှေ့က လိုက်ကာလေးပွင့်လာတာမြင်လိုက်တော့မှ အတွေးတွေရပ်သွားပြီး မော့ကြည့်လိုက်၏။
လိုက်ကာ၏ အနောက်မှ ထွက်ပေါ်လာသော ကောင်လေးတစ်ယောက်က လူသားလား...? နတ်သားလား...? ဟူ၍ပင် မေးစရာဖြစ်လောက်အောင် ချောမောခန့်ညားနေ၏။
XZ ကိုယ်တိုင်ရွေးပေးထားသည့် ကြေးနီရောင် အင်္ကျီလေးနှင့် ကြေးနီရောင် ဘောင်းဘီလေးကို ဝတ်ကာ နက်ကတိုင် အစင်းကြားလေးနှင့် သိပ်ကို ချောမောခန့်ညားလွန်းသည့် ကောင်လေးတစ်ယောက်...။
ယောျုာ်းတစ်ယောက်၏ချောမောမှုနှင့် လှပခြင်းတို့ကိုလည်း အချိုးကျပေါင်းစပ်လိုက်တော့ ထိုကောင်လေးသည်တုနှိုင်းစရာပင်မရှိ။
ယောကျာ်လေးတစ်ယောက်ကို လှပတယ်လို့ မသုံးသင့်ဘူးမလား...?
ဒါပေမယ့် Baby ကို စ,တွေကတည်းကချောမောလှပတဲ့ကောင်လေး ဟု မှတ်ချက်ချမိတာဟာ XZ ရဲ့ဘဝမှာဒီကောင်လေးတစ်ယောက်တည်းအပေါ်မှာပဲ ဖြစ်ပါလိမ့်မည်။
XZ လုံးဝကို အကြည့်မလွှဲအောင် ဖြစ်နေရပြီး Baby ကတော့ ကျွန်တော့်ကို မျက်နှာသေဖြင့်သာ ပြန်ကြည့်၏။
"ဒီမှာ ဒီမှာ..!"
"ဟင်..."
Baby အသံကြားတော့မှ မျက်နှာကို လွှဲလိုက်ကာ ရှက်တဲ့စိတ်ကြောင့် XZ မျက်နှာတောင်ပူလာသလို ခံစားမိသည်။
"ကျွန်တော်နဲ့ လိုက်လားလို့ မေးနေတာ... ဘာတွေတွေးနေလဲ မသိဘူး.. ဘယ်လိုနေလဲ.. ဒီ အင်္ကျီနဲ့..."
Baby က သူ့ကိုယ်သူ တစ်ချက်ကြည့်ကာ ကျွန်တော့်ကို မေးနေလေ၏။
"Omm အရမ်းလိုက်တယ်..."
XZ လက်မထောင်ပြကာ စိတ်ရင်းလေးနဲ့ ချီးကျူးပေးလိုက်တော့ Baby စိတ်ကျေနပ်သွားပုံရသည်။
ပြီးတာနဲ့ Baby က အင်္ကျီပြန်လဲဖို့အတွက် အဝတ်လဲခန်းထဲကို ဝင်ဖို့ ပြင်နေ၏။
"Baby မလဲနဲ့တော့ ဒီအင်္ကျီလေးပဲ ဝတ်ထားလိုက်... Baby နဲ့ လိုက်တယ်..."
လူကြီး စကားကို YB ခေါင်းတစ်ချက်ငြိမ့်ပြကာ တုံ့ပြန်လိုက်တော့ လူကြီး က ပြုံးပြီး ကြည့်နေ၏။
ထို့နောက် ထိုလူကြီး ထိုင်နေတဲ့နေရာမှ ရုတ်တရက် ထ,သွားတာကြောင့် YB လိုက်ကြည့်နေလိုက်သည်။
လူကြီး အတော်နဲ့ ပြန်မလာသေးတာကြောင့် YB အနီးနားက အင်္ကျီတွေကို လျှောက်ကြည့်နေလိုက်သည်။
"Baby..."
အသံကြားရာ လှည့်ကြည့်လိုက်တော့ သူ့လိုပဲ ကြေးနီရောင် ဝတ်စုံနဲ့ ခန့်ညားနေသော ထိုလူကြီး...။
မျက်နှာတွင်လည်း အပြုံးနုနုလေးတစ်ပွင့် ဆင်မြန်းထားသေးသည်။
နှုတ်ခမ်းအောက်က မှည့်နက်လေးက ထိုအပြုံးကို ပိုပြီး ဆွဲဆောင်မှုရှိအောင် ပံ့ပိုးထား၏။
(**ချောရက်လိုက်တာ လူကြီးရာ...**)
YB စိတ်ထဲမှသာ ထိုစကားကို ဆိုလိုက်မိပြီး အပြင်ကတော့ မူမပျက် ခပ်တည်တည်ပဲနေသည်။
"ဘယ်လိုလဲ Baby ကိုယ်ကြည့်ကောင်းလား...?"
"မဆိုးပါဘူး..."
Baby ရဲ့အဖြေစကားကြောင့် XZ စ,ချင်လာတာနှင့်...
"ဟင် မဆိုးရုံပဲလား...? Baby ရဲ့... ကိုယ့်ကို သေချာကြည့်ပါဦး..."
Baby မျက်နှာလေး တဖြည်းဖြည်း ရဲတက်လာတာကို XZ ကျေကျေနပ်နပ်လေး ကြည့်နေလိုက်၏။
"မဆိုးဘူးလို့ပြောတာကို ကံကောင်းတယ်မှတ်..! ခင်ဗျားရုပ်နဲ့ မှန်ထဲလည်း ကိုယ့်ကိုယ်ကို သေချာ ပြန်ကြည့်ပါဦး..."
"ဟာ ထိတယ်ကွာ... ကိုယ့်မျက်နှာလေးကို Baby မို့ ပြောရက်တယ်..."
XZ ရင်ဘက်လေးကို လက်တစ်ဖက်နှင့်ဖိကာ "ထိတယ်" ဆိုတဲ့ အမူအရာလေး လုပ်ပြကာ ပြောလိုက်တော့ YB ရယ်ချင်တာကို ထိန်းနေရလေ၏။
ဒါတောင် သူ ပြုံးမိသွားသလားလို့...???
XZ ကတော့ Baby ခနတာ ပြုံးလိုက်မိတဲ့ မျက်နှာလေးအမူအရာလေးကို ကြည့်ပြီး ကျေကျေနပ်နပ်ကြီးကို ပြုံးနေလေသည်။
ကိုယ့်ကိုယ်ကို တစ်ချက်တော့ သိရတာပေါ့...။ Baby လေးကိုသာ စိတ်ပျော်ရွှင်စေမယ်ဆိုရင် Xiao Zhan ဆိုတာ ဂုဏ်တွေ၊ မာန်မာနတွေအားလုံးကိုလည်း ခဝါချနိုင်တယ်ဆိုတဲ့ အချက်လေး...။
"ဒါဆို ဖိနပ် သွားကြည့်တော့မလား Baby...?"
"Ok..."
XZ ရဲ့ အမေးကို YB မဆိုင်းမတွပင် ဖြေလိုက်သည်။
ဖိနပ်ဆိုင်ရောက်တော့ Baby က ဖိနပ်လေးတွေကို စင်နားကနေ ဒီတိုင်းသာ ကြည့်နေတာကြောင့် XZ ထိုင်ခုံလေးတစ်ခုမှာသာ ထိုင်ပြီး ကြည့်နေလိုက်၏။
Baby က ဖိနပ်လေးတစ်ရံ ရွေးလို့ပြီးသွားတော့ စီးဖို့ပြင်နေလေသည်။
ဝန်ထမ်းမလေး စီးပေးမယ် လုပ်တော့လည်း လက်ခါပြနေလေ၏။
Baby က သူ့ကို တခြားသူတွေထိတာ မကြိုက်တာလား...?
XZ တွေးနေရင်းမှ Baby ထိုင်နေတဲ့ အနားကိုသွားကာ သူလေးအရှေ့တည့်တည့်မှာ ဒူးတစ်ဖက်ထောက်ကာ မုဆိုးဒူးထောက် ထိုင်ချလိုက်၏။
ထို့နောက် Baby လေးရဲ့ခြေဖဝါးနုနုလေးကို ကိုင်ကာ ပြောင်လက်နေသော ရှူးဖိနပ်လေးကို ယူပြီး သေသေချာချာစီးပေးနေမိသည်။
ကြိုးလေးတွေကိုလည်း သေချာချည်ပေးကာ ကျကျနနစီးပေးနေလိုက်သည်။
နောက်တစ်ဖက်ကိုလည်း သေချာလေးစီးပေးကာ ကြိုးလေးတွေကိုလည်း သေချာ ဂရုတစိုက်ချည်ပေးလိုက်၏။
အခုဆို Baby လေးရဲ့ခြေထောက်မှာ Xiao Zhan ကိုယ်တိုင် စီးပေးထားတဲ့ တန်ဖိုးကြီး ဖိနပ်လေးတစ်ရံနေရာယူနေလေသည်။
XZ ဖိနပ်လေးကို သေချာစီးပေးပြီး ထိုင်နေရင်းမှ Baby လေးကို မော့ကြည့်လိုက်တော့ အောက်ငုံ့ကြည့်နေသော Baby လေးနှင့် အကြည့်ချင်းဆုံသွားလေသည်။
တစ်စက္ကန့်
နှစ်စက္ကန့်
သုံးစက္ကန့်
*ဒုတ်.! ဒုတ်..! ဒုတ်...!*
XZ ကိုယ့်နားကိုပင် ကိုယ်မယုံနိုင်...။
အခု ကိုယ့်နှလုံးခုန်သံကို ပြန်ကြားနေရတာလား...?
Baby ကို သူ ရင်ခုန်နေတာလား...?
Xiao Zhan ရာ... ဘယ်လိုဖြစ်နေတာလဲ...?
XZ အယောင်ယောင်အမှားမှားနှင့် အကြည့်တွေကို လွှဲကာ မတ်တပ်ထ,ရပ်လိုက်တော့... Baby မတ်တပ်ထ,ရပ်လိုက်တာနှင့် ဆုံသွားကာ ပုခုံးချင်းတိုက်မိမလို ဖြစ်သွားတာကြောင့် အနောက်ကို ယိုင်သွားတဲ့ Baby ကိုယ်လေးကို ခါးမှဆွဲဖမ်းထားလိုက်မိသည်။
မျက်ဝန်းတွေ ဒုတိယအကြိမ်အကြည့်ချင်း ဆုံသွားပြန်သည်။
*ဒုတ်...! ဒုတ်..!ဒုတ်...! ဒုတ်..! ဒုတ်...!*
ရင်ခုန်သံတွေ စည်းချက်မညီစွာလှုပ်လျှားလာပြန်သည်။
ခါးမှဖက်ကာ ထိန်းပေးထားတဲ့ Baby က ကျွန်တော့်ရင်ခုန်သံတွေကို ကြားသွားသည် ထင်၏။
"ဟင် ဘာသံ...? ခင်ဗျား......." *အွင့်..!*
Baby ပြောလာမယ့်စကားကို XZ ဆက်မကြားဝံ့တော့...။
XZ လည်း ရှက်လာတာနဲ့ သူလေးရဲ့ စကားမဆုံးခင် နှုတ်ခမ်းလေးကို ဆက်မပြောနိုင်အောင် သူ့နှုတ်ခမ်းနဲ့ ပိတ်လိုက်မိတော့သည်။
ချိုတယ်.....။
Baby ရဲ့ နှုတ်ခမ်းလေးက သိပ်ချိုတယ်...။
ကျွန်တော် စားဖူးသမျှ စတော်ဘယ်ရီတွေထဲမှာ Baby ရဲ့ နှုတ်ခမ်းလေးက အချိုဆုံးပဲ...။
...................................
(**ကိုယ် Baby ကို ချစ်မိနေပြီထင်တယ်...။
ဘယ်သူ့အပေါ်မှာမှ မဖြစ်ပေါ်ဖူးတဲ့ ခံစားချက်တွေနဲ့ Baby အပေါ် ခံစားမိနေပြီ...။
Baby အပေါ်မှာ ကိုယ်ခံစားမိသမျှ ခံစားချက်တွေကို "အချစ်" လို့ ခေါင်းစဥ်တပ်ရင် ကိုယ် Baby ကို ချစ်မိနေတာပဲ...။**)
ကိုကို Baby ကို အရမ်းချစ်တယ်...။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 4972 words 💞
ဝမ်းနည်းစွာနဲ့ပဲ ဒေါက်တာလေးအတွဲ ဒီတစ်ပိုင်းမှာလည်း မပါဖြစ်လိုက်ပါဘူးလို့...XD 🥺
အစစအရာရာဂရုစိုက်ကြပါနော် ❤
Thanks you all...💌💞
💞 ချစ်ခင်လေးစားလျှက် 💞
K.Royalwhite💌💞💞
Jan 3,2021 (Updated Day) 🖤✨
Zawgyi
"Baby..."
Advertisement
- In Serial142 Chapters
I Became the Black Swan Mother of the White Swan Princess
The transmigration that happened to others, it happened to me too. I’m pretty sure I’m now a supporting character……but exactly which novel is this? When I opened my eyes, I was a widow with stepdaughters my own age, and not only that, I turned into a black swan every night due to a dark curse! Holding back my tears, I decided to take charge of my fate…wait, why should I? Why So Serious? A duchess during the day, a queen of the lake during the night – I have the best luck to be able to leisurely float around! Life should be lived unplanned! When I had just about decided to live my life like this, a white baby swan, one that was not in my no-plan life plan, came to me. “Mommy, awe you weally my mommy?” What, you were a person? And even the youngest sibling of the tyrant emperor? “I’m not your mother! Can’t you tell by the different colors of our feathers?” I’m a black swan, you’re a white swan! But why is she so crazy cute. Can our mother-daughter love endure the obsession and persecution(?) of this child’s seven brothers, including the tyrant emperor’s?
8 369 - In Serial37 Chapters
Love is Blind
Akira washes up on a small island with no memories-or clothes. He also finds himself without his eyesight. Dahlia happens upon him, and the two find that in short time love can blossom.But is love truly blind? Akira has secrets that cannot stay hidden. Will they be able to fall in love? Or will the parts of Akira and Dahlia come to light, and prevent love from blooming?
8 138 - In Serial60 Chapters
The rightful Luna
*'I-I am sorry your highness I touched ...!' She was trying to apologize, but she fell silent as she could not utter with her mouth that she accidentally touched his lips.'But I am not sorry!' He said calmly looking straight at her. What was she supposed to say after hearing his words?'I did not mean to touch your highness's ...' she said with great difficulty.'That was not a touch.' He said not permitting her to brush it off as an accident, even though it clearly was.'It was a kiss.' He said with a hoarse determined voice.She widened her eyes, as her face flushed even more than it did when she realized what she had done. He dared to say the word she avoided.'That was not! I...' she tried to refute. 'What is a kiss Celia?' She could not answer. How could she say the definition of a kiss with her own mouth, it would only confirm his words.*'It was an accident. I am truly sorry, I did not mean any discourtesy towards your highness. If I can make up for my error somehow?' She quickly said. She did not know of his personal life, as he had a tight security around him and nobody knew much of the king outside official visits and business. He must have felt insulted.'Please don't call it an accident. For a first kiss of a person to be called an accident ...' He said again with a dejected tone, but did not continue. It was like he had already gotten his point across.'Ahhh. I am so sorry! It really was an ...' She wanted to say accident but, because of his pleading she could not actually say it. To have committed the blame of taking the king's first kiss and then not acknowledging it, how would he think of her?At this point she did not even realize that their roles had reversed, or that it was her first kiss also.PS: If you like loyal mates... then please proceed further :D
8 2240 - In Serial20 Chapters
Get Lit (Book One)
[New Adult Zombie Apocalypse Romance]"It's the second of January and students are racing back to campus early to make an appearance at the biggest rave of the year hosted by the one and only DJ Sparks." College freshman, Lilly Butler, doesn't consider herself much of a party girl, but agrees to let loose to appease her best friend. Lilly is unhappy to discover they will be attending the bash with the campus bad boys. Eli and Nico are considered to be the life of the party. Most students have indulged in Nico's party favors at one time or another, and many are excited to sample Nico's brand new shipment called Hype.The joyful energy of the party goes downhill fast as word spreads about a vicious virus that has taken down New York City. It isn't until people experience the insane crash from their euphoric state that their zombie-like behavior appears, leaving Lilly to fight for her life alongside the infamous duo, Eli and Nico. ZOMBIE APOCALYPSE ROMANCE NOVELLA(FOR TEENS AND NEW ADULTS)FEATURED ON @WATTZOMBIES •VIRAL READS LIST19 EPISODES(Episodes are 1500-3000 words) STARTED: January 20, 2019COMPLETED: March 30, 2019[WARNING: THIS BOOK MAY INCLUDE EXPLICIT LANGUAGE, VIOLENCE, GORE, ABUSE, SEXUAL SITUATIONS, ALCOHOL USE, AND DRUG USE.]
8 80 - In Serial7 Chapters
An Inconvenient Flame
When the family business went bankrupt, Lucien Salverson had to deal with living a life of constant disappointment and misery. But when his mother abruptly ended her life, he ultimately hit rock-bottom. Who was to blame for this wretched life? The company that prompted the family's sudden and unforeseen string of misfortunes: Carmichael Tech. Born with a silver spoon in his mouth, he was not used to poverty and hardship. To end this debacle, he only had one thing in mind, and that's to follow his mother in death. But just as he was about to end it all, one of the Seven Princes of Hell - Mammon - appeared before him. "You're no good to me dead, boy," said the malicious Lord of Avarice. "How about we strike a deal?" What would be the answer of this ill-fated young man? This is the strange tale of Lucien in his quest for revenge and retribution, love and lust... and angels and demons!? [CONTENT WARNING: This is a Boys Love (BL) story. The content you're about to access is rated R-18 and is tagged Mature (NSFW). Hence, it may be inappropriate to some readers.]
8 104 - In Serial29 Chapters
Bully -Tythan
Ethan is the cliche new kid to school, not only that he's a nervous wreck and scared to death of confrontation.Tyler and his friends are considered evil douche bags around school, who like to make people's lives miserable; especially the ones who fuck with them.See what happens when Ethan makes the mistake of speaking up to Tyler's friend Mark. Will romance happen? Or will his last years of high school end in pure torment.Ps. This bad boy is almost 5 years in the making 😂Highest ranking - Crankgameplay #1Septiplier #1Bullyxnerd #1Tythan : #1Bob: #3Jacksepticeye: #61Jelix: #1Markiplier: #33
8 83

