《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 13
Advertisement
Unicode
လပြည့်ည တစ်ည...။
လုံးဝန်းပြီး ဝိုင်းစက်နေတဲ့ စန္ဒာလမင်းကြီးက ညရဲ့အမှောင်ကို ထိုးခွင်းကာ လှပစွာလင်းထိန်နေ၏။
လရောင်အောက်တွင် သစ်ပင်အကြီးကြီးတစ်ပင်ကို ထင်ရှားစွာ မြင်နေရသည်။
ထိုသစ်ပင်ကြီးအောက်ရှိ ခုံတန်းလေးတစ်ခုတွင် ထိုင်နေကြသော လူသားနှစ်ဦးလည်းရှိနေလေသည်။
"Baby ကိုကို့ရင်ခွင်ထဲမှာပဲ နေနော်..."
တစ်ခွန်းတည်းဆိုလာသော ဘေးက လူသားအား YB ကြည့်မိ၏။
ခန့်ညားလွန်းထာထက်ပို၍ ယောကျာ်းပီသသောချောမောခန့်ညားသည့် ထိုသူလားက ကျွန်တော့်ရဲ့ ချစ်သူတဲ့လား...?
ချစ်ရသူ ဆိုသာသော စကားလေးအတိုင်း ရင်ခွင်ထဲမှာ ခိုလှုံနေမိ၏။
ချစ်ရသူ၏ရင်ခွင်က နွေးထွေးလွန်းတာထက်ပို၍ လုံခြုံသည်ဟု ခံစားမိစေပါသည်။
ဒီလို အချိန်လေးတွေကို ရပ်တန့်လို့ရရင် ရပ်တန့်ထားချင်မိသည်အထိ YB မက်မောလာမိသည်။
"ဘယ်လို အခက်အခဲတွေရှိလာပါစေ Baby အရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးမှာမို့ Baby ကိုကို့လက်ကို ဘယ်တော့မှ မလွှတ်လိုက်ပါနဲ့နော်..."
ကျွန်တော့်ကို သူ့ရင်ခွင်ထဲမှာ ခိုလှုံစေပြီး လေးနက်စွာ ဆိုလာသော ထိုစကားလေး...။
ကျွန်တော့်နှလုံးသားထဲမှာ ဘယ်သောအခါမှ မေ့သွားမှာ မဟုတ်သော ကိုကို့ရဲ့စကားလေးတစ်ခွန်းဆိုလည်း မှားမည်မထင်...။
"ကိုကို ကျွန်တော့်အကြောင်းကို ဘယ်လောက်သိလို့လဲဗျာ...?!!" ဟု အော်ဟစ်ကာ မေးလိုက်ချင်သည်။
ကျွန်တော်က ကိုကို့အပေါ် အမှားတွေချည်း ဆက်တိုက်လုပ်မိနေသူတစ်ယောက်ပါ...။
ကိုကို ကျွန်တော့်ကို မမုန်းဘူးလားဟင်...?
ကျွန်တော်က ကိုကို့ကိုထိခိုက်စေတယ်လေ...။
YB ထိုစကားလေးတွေကို စိတ်ထဲမှသာ ပြောနေမိ၏။
မျှော်လင့်တကြီး ပြောလာသော ကိုကိုကတော့ ရင်ခွင်ထဲမှ ကျွန်တော့်ကို ငုံ့ကြည့်ကာ တန်ပြန်စကားလေးကို စောင့်ဆိုင်းနေလေသည်။
ကျွန်တော် မတည်နိုင်တဲ့ ကတိတစ်ခုကို မပေးနိုင်ဘူး ကိုကို...။
ကိုကို့ကို ထိခိုက်စေခဲ့တဲ့ အရာတွေအားလုံးက ကျွန်တော်ကိုယ်တိုင် အစဥ်အစီချပြီး လုပ်ခဲ့တာဗျ...!
ကျွန်တော့်ရဲ့အတ္တတွေကြောင့် ကိုကို့ကို အကြိမ်ပေါင်းများစွာ ထိခိုက်စေလိမ့်မယ်...။
ဒါကြောင့် "ကိုကို့လက်ကလေးကို ဘယ်တော့မှ မလွှတ်ပါဘူး" လို့တော့ ကျွန်တော် ပြန်မဖြေရဲဘူး ကိုကို...။
အဲ့ဒီလို ပြန်ဖြေမိလိုက်ရင် ကျွန်တော် လိပ်ပြာလုံမှာမဟုတ်ဘူး။
ကျွန်တော်ဆိုတာ ကိုကို့အနားမှာ မရှိသင့်တဲ့ကောင်မို့ ကိစ္စတွေအားလုံးပြီးတဲ့ အခါ ကျွန်တော် ကိုကို့အနားကနေ ထွက်သွားမိလိမ့်မယ်...။
ဘာလို့ဆို အဲ့ချိန်ကျရင် ကိုကို ကျွန်တော့်ကို မုန်းနေလောက်ရောပေါ့...။
တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်လေးမှာ တစ်ဦးတစ်ယောက်ကမျှ စကားမပြောလေတော့ တိတ်ဆိတ်မှုက လိုတာထက်ပိုပြီးကြီးစိုးလာသည်။
ကိုကို့မျက်နှာမှာလည်း အဖြေစကားပြန်မလာတာကြောင့် ညှိုးငယ်ရိပ်လေးတွေ တဖြည်းဖြည်းသမ်းလာသည်ကို YB မြင်နေရသည်။
ကျွန်တော် တောင်းပန်ပါတယ် ကိုကို...။
"Baby ကိုကို Baby ကို အမြဲတမ်းချစ်သွားမယ် ဆိုတာတော့ ယုံတယ်မလား...?"
တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တဲ့ ကိုကို့ရဲ့အသံ...။
YB ကိုကို့ရင်ခွင်ထဲမှ ကိုကို့မျက်နှာချောချောကို ခေါင်းလေးမော့ပြီး ကြည့်လိုက်ကာ.....
"ကျွန်တော် ယုံတယ် ကိုကို...
ပြီးတော့ ကျွန်တော်လည်း ကိုကို့ကို အရမ်းချစ်တယ်...
ကိုကိုရော ကျွန်တော့်အချစ်တွေကို ယုံတယ်လားဟင်...?"
ကျွန်တော့်အမေးကို ကိုကိုက အပြုံးလေးဖွဖွဖြင့် တုံ့ပြန်သည်။
ပြီးတော့ ကျွန်တော့်ခေါင်းလေးကို တစ်ချက်ငုံ့နမ်းကာ...
"ကိုကို Baby ကို ယုံတယ်...
Baby နဲ့ပတ်သတ်သမျှအရာအားလုံးကို ကိုကို ယုံကြည်တယ်...
ကိုကို့အပေါ်ထားတဲ့ Babyရဲ့ အချစ်တွေကိုလည်း ယုံတယ်...
Baby ပါးစပ်က ထွက်လာသမျှ စကားလုံးတိုင်းကို ကိုကို ယုံတယ်...
ပြီးတော့ Baby ကိုကို့အပေါ်ထားတဲ့ အချစ်တွေထက် အများကြီးပိုချစ်ရပါတယ် ကလေးရယ်..."
ကျွန်တော့်ကို ရင်ခွင်ထဲမှာ တင်းနေအောင် ဖက်ထားကာ နူးညံ့၍ လေးနက်သော ချစ်စကားတွေကို ဆိုနေသည့် "ကိုကို" ဆိုတဲ့ဒီလူသားက ကျွန်တော် မသိလိုက်ခင်အချိန်လေးအတွင်းမှာပဲ ကျွန်တော့်နှလုံးသား တစ်နေရာမှာ အနက်ရှိုင်းဆုံးထိ နေရာယူနေခဲ့လေပြီ...။
ဘယ်အချိန်ကတည်းကလဲဆိုတာ သူ မဆန်းစစ်ချင်တော့...။
ကျွန်တော်လည်း ကိုကိုနဲ့ပတ်သတ်သမျှ အရာအားလုံးကို ယုံကြည်တယ်...။
ကျွန်တော်လည်း ကိုကို့ထက် မလျော့တဲ့ အချစ်တွေနဲ့ချစ်ရပါတယ် ကိုကို...။
ဒါပေမယ့် ကျွန်တော့်ရဲ့အကျင့်တွေကို ပြင်လို့မရသေးဘူးဗျာ...။
ကျွန်တော့်ကို ရူးလောက်အောင် တစ်ယောက်တည်း ကြိတ်ပြီးခံစားခဲ့ရတဲ့ အတိတ်တွေက ကျွန်တော့်ကို ခြောက်လှန့်နေဆဲပဲ...။
အတိတ်က အကြောင်းအရာတွေက ကိုကိုနဲ့လည်း တစ်မျိုးတစ်ဖုံဆက်စပ်နေပြန်တော့ ကျွန်တော့်ရဲ့ ပြန်ခံစားစေချင်တဲ့ စိတ်ကိုဖျောက်လို့မရနိုင်သေးဘူး ကိုကို...။
ကျွန်တော် ဘယ်လိုလုပ်ရမလဲ...?
ကျွန်တော့်ရဲ့အဲ့ဒီ အကျင့်ကြီးကို ဖျောက်ပစ်ချင်တယ်...။
YB ရင်ခွင်ထဲမှာနေရင်း ကိုကို့ရဲ့ အသက်ရှုတဲ့နေသံသဲ့သဲ့နဲ့ လေဝင်လွေက်ရိုက်ခတ်မှုလေးတွေ သူ့ဦးခေါင်းလေးမှာ ရိုက်ခတ်မှုမရှိတော့တာကြောင့် အပေါ်ကို မော့ကြည့်လိုက်တော့.....
"ဟင် ကိုကိုရော... ကိုကို့!!"
YB အလန့်တကြားဖြစ်သွားပြီး ထိုင်ခုံလေးမှ ထ,ကာ ဘေးပတ်ဝန်းကျင်ကို အော်ခေါ်နေမိ၏။
"ကိုကို့!! ကျွန်တော့်အပြစ်တွေကို ကျွန်တော်သိပါတယ်ဗျ...! ဒါပေမယ့် ဟင့်..! ဒါပေမယ့်လေ ကျွန်တော့်ကို ဒီလောက်မြန်မြန်ကြီး တစ်ယောက်တည်းမထားခဲ့ပါနဲ့...
ကိုကို့!! ကိုကိုလို့!! ဒီနားမှာရှိနေတယ်မလား...? မနောက်ပါနဲ့ဗျာ... ထွက်လာခဲ့ပါလို့!!"
"ကိုကို့!!!"
အိပ်ရာကနေ ရုတ်တရက် နိုးထ,လာတော့ မျက်ရည်တွေရော ချွေးစေးတွေရော တစ်ကိုယ်လုံး ရွှဲနစ်နေလေသည်။
ဒါ... ဒါ အိပ်မက်လား...?
အိပ်ရာဘေးမှာ ထားထားတဲ့ ရေကရားလေးကို ကတုန်ကယင်ဖြစ်နေဆဲ လက်နဲ့ လှမ်း းယူကာ ဖန်ခွက်လေးထဲ ရေတွေငှဲ့ထည့်လိုက်ပြီးအဝမော့သောက်လိုက်၏။
အိမ်မက်ဆိုးတွေ ခနခနမက်တတ်တဲ့ Yibo အတွက် အိပ်ရာဘေးမှာ ရေကရားနဲ့ ဖန်ခွက်ရှိတာ မထူးဆန်းသလို ချွေးစေးတွေနဲ့ နိုးထ,လာခြင်းဟာလည်း မထူးဆန်း...။
ထူးဆန်းနေတာက ဒီအိမ်မက်...!
Yibo အရင်ညတွေက အိမ်မက်မက်ရင် အတိတ်က အိမ်မက်ဆိုးတွေပဲ မက်ခဲ့တာ...။
Advertisement
ဒီလို အိမ်မက်မျိုး တစ်ခါမှ မမက်ဖူးခဲ့ဘူး...။
အထူးသဖြင့် "ကိုကို" လို့ သူ အော်ခေါ်လိုက်တဲ့ အဲ့ဒီလူကြီး အိမ်မက်ထဲမှာပါလာတာပဲ...။
ဒီအိမ်မက်ကရော ဘာကိုဆိုလိုတာလဲ...?
ကျွန်တော့်ရဲ့နှလုံးသားထဲမှာ ခင်ဗျားက တကယ် နေရာယူထားပြီလား Xiao Zhan...။
ကျွန်တော် ခင်ဗျားကို မချစ်သင့်ဘူးလေဗျာ...။
YB နဖူးက ချွေးတွေကို လက်ဖမိုးနဲ့ ဖိသုတ်လိုက်ပြီး သက်ပြင်းချမိ၏။
သူရဲ့အမျိုးမျိုးသော အခြေအနေတွေကြောင့် အဲ့လူကြီးက သူနဲ့ပန်းခြံသွားပြီးအပြန် Hotel ခနပဲဝင်ပြီး ယူစကာရှိတာတွေ ယူစေကာ သူ့ကို အိမ်ထိပြန်လိုက်ပို့ပေးခဲ့တာ...။
သူ ငါ့အပေါ် တမင် ကောင်းပြနေတာလား...?
ခင်ဗျားကို ချစ်မိသွရင် ဒီကစားပွဲမှာ ကျွန်တော် ရှုံးသွားမှာပေါ့ဗျ...။
ကျွန်တော်ဘက်က လုံးဝမခံစားရပဲ ခင်ဗျားတို့ကိုပဲ ပြန်ခံစားစေချင်တာ...။
ဒါမှ ကစားပွဲတစ်ခုမှာ အပြည့်အဝနိုင်တယ်လို့ခေါ်တာမလား...?
ဒီညတော့ ကျွန်တော် ပြန်ပြီးအိပ်ပျော်နိုင်မယ်မထင်ဘူး...။
လုံးဝ မထင်ထားတဲ့ အိမ်မက်ရှည်ကြီးက ကျွန်တော့်ကို စဥ်းစားစရာတွေဖြစ်စေတယ်...။
နာရီလေးကတော့ မနက် 3 နာရီ ခွဲကြောင်းပြောပြရှာသည်။
ကျွန်တော့်အတွက် ဒီညက တကယ်ကို မမေ့နိုင်တဲ့ညတစ်ညပါပဲဗျာ...။
ပြန်အိပ်လို့ မရတော့မယ့်အတူတူ YB အိမ်အောက်ကို ဆင်းလာပြီး အိပ်မက်ထဲက အပင်ကြီးနဲ့ တူတယ်လို့ခံစားမိတဲ့ သစ်ပင်ကြီးကို ရပ်ကြည့်နေလိုက်သည်။
ထိုသစ်ပင်ကြီးအောက်မှာ ခုံတန်းလေးကလည်း တည်ရှိနေ၏။
YB ထိုခုံတန်းပေါ်မှာ ထိုင်ကာ ကောင်းကင်ကြီးကို ငေးကြည့်လိုက်သည်။
လမင်းကြီးကလည်း ဒီနေ့ကျမှ အိမ်မက်ထဲကလို ဝိုင်းစက်နေတာပဲဗျာ...။
ကျွန်တော် မက်ခဲ့တာ အိမ်မက်ရော ဟုတ်ရဲ့လား...?
အိမ်မက်ဆိုရင်တောင်.....
ထိုအိမ်မက်ထဲကလို အစပိုင်းလေးမှာ နှစ်ယောက်အတူတူ မရှိရပေမယ့်...
နောက်ဆုံးမှာ YB တစ်ယောက်တည်း ဒီနေရာလေးမှာ ကျန်ခဲ့တာလေးကတော့ တူသားပဲနော်...။
ဟက်..! အိမ်မက်နဲ့ လက်တွေ့က မတရားပါလားဗျာ.....။
💓💓💓💓💓💓💓💓💓💓💓💓💓💓
"ကျန့်ကျန့် သား ဖြေရှင်းတဲ့ နည်းလမ်းက ဒီလိုမျိုးလား...?"
"ရှောင်ကျန်းချန်" တစ်ယောက် အပြင်မှ ပြန်လာသော XZ အား မေးလိုက်၏။
ကိစ္စတွေဖြစ်ပွားနေကတည်းကသူ့ကို အဲ့ဒီ ကိစ္စနဲ့ပတ်သတ်ပြီး ရေရေရာရာဘာမှ မပြောပြသေးတာကြောင့် တည့်မေးလိုက်ရခြင်းသာ...။
ကျန့်ကျန့် မပြောပြချင်သေးတာကြောင့်ဟု တွေးပြီး ဒီကြားထဲ တစ်ခွန်းမှ သူ မမေးခဲ့...။
ပြီးတော့ အံ့သြနေခဲ့ရတာလည်း ပါတာပေါ့...။
ကောင်လေးက Wang group ရဲ့ တစ်ဦးတည်းသော သား တဲ့လေ...။
လေးလေးရဲ့အကျင့်အတိုင်း လူကိုယ်တိုင် သေချာမေးပြီးမှ ယုံကြည်တတ်တယ်ဆိုတာ XZ သိနေသောကြောင့် အားလုံးကိုပြောပြဖို့ ရည်ရွယ်ပြီး လေးလေးထိုင်နေသော ဆိုဖာခုံကအရှေ့က ခုံမှာ တစ်ခွန်းမှ မပြောသေးပဲ ဝင်ထိုင်လိုက်၏။
"ကျန့်ကျန့် သား ဒီလိုမျိုးမဟုတ်ဘူးဆိုတာ လေးလေးအသိဆုံးပါ... ပြောပါဦးကွာ ဘာတွေဖြစ်ကုန်တာလဲ...? အရင်က သတင်းတွေရော သား ဖြေရှင်းထားတဲ့ စာ အကြောင်းလေးရော လေးလေးကို ရှင်းပြစမ်းပါဦး..."
လေးလေး အရှေ့မှာ ကြည့်နေလက်စPhoneနှင့်အတူ ဓာတ်ပုံများက စားပွဲပေါ်တွင် ဖရိုဖရဲ နေရာယူထားသည်။
XZ လေးလေးမျက်နှာကို ကြည့်လိုက်ပြီး အကြောင်းစုံပြောပြမိ၏။
ကျွန်တော်တို့မှာ ဒီတူဝရီးနှစ်ယောက်ပဲရှိတာ မဟုတ်ပါလား...?
အရင်က မပြောသေးဘူးဆိုတာ လေးလေးကို စိတ်ပူစေမှာစိုးလို့ရော XZ ကိုယ်တိုင် ဘယ်သူ့ကိုမှ မပြောပြချင်သေးတာကြောင့်ရော လေးလေးကိုပါ ဘာမှမပြောဖြစ်ခဲ့တာ...။
အခုတော့ အားလုံးကို ရင်ဖွင့်ရတော့မည်။
ဆေးမိခဲ့တဲ့ ညက အကြောင်းရောပါ တစ်ခါတည်းပြောပြမိ၏။
ဒါပေမယ့် အဲ့ဒီညက Baby ဘက်က အရင်လာစ,ခဲ့တယ် ဆိုတာကိုတော့ သူ မပြောပြဖြစ်...။
Baby ကို အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ သူ အပြစ်မမြင်မိတာ ဘာ့ကြောင့်မှန်းမသိ...။
XZ သူမှားခဲ့တယ် ဆိုတဲ့ အကြောင်းလေးသာ လေးလေးကို ပြောပြပြီး Baby ကို အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး အမည်းစက်ကြီးထင်နေမှာ မလိုလားတာကြောင့် သူ တာဝန်ယူတယ်လို့ ဖြေရှင်းစာပါ တစ်ခါတည်း ထုတ်ခဲ့တာဖြစ်ကြောင်း လေးလေးကို ရှင်းပြလိုက်၏။
ထိုအခါ လေးလေးက သက်ပြင်းအသာချလိုက်ပြီး မေးခွန်းတစ်ခုထပ်မေး၏။
"ကျန့်ကျန့် သား အဲ့ဒီကလေးကို ချစ်လား...?"
ကျွန်တော် လေးလေးရဲ့မေးခွန်းကို ချက်ချင်း မတုံပြန်မိ...။
ကျွန်တော် Baby ကို ချစ်နေမိတာလား...?
XZ ကိုယ့်ကိုယ်ကိုသာ ပြန်မေးနေမိ၏။
မဖြစ်နိုင်တာ.....။
ကျွန်တော်က Baby ကို လူအများကြားမှာ အထင်သေးတဲ့ အကြည့်တွေနဲ့ အကြည့်မခံစေချင်တာ...။
Baby ကို လူတွေက မလိုအပ်တဲ့စကားတွေ ပြောနေကြမှာကို မကြားချင်တာ...။
Baby ကို အဲ့ဒီလို ပတ်ဝန်းကျင်မျိုးမှာ ခံနိုင်ရည်မရှိမှာပဲ သူ စိတ်ပူနေတာ...။
အရေးကြီးဆုံးကတော့ Babyရဲ့ဘဝမှာကျွန်တော့်ကြောင့် အမည်းစက်ကြီး စွန်းထင်းသွားမှာကို မလိုလားတာ...။
ကျွန်တော့်ဘဝနဲ့ရင်းပြီး Baby ကို အဲ့ဒီလို အချက်တွေဆီကနေ ကာကွယ်ပေးချင်နေမိတယ်...။
ဒါကို "အချစ်" လို့ ခေါ်ကြတာလား...?
....................
"ကျန်းချန်" သူ့အရှေ့မှာ တစ်ခွန်းမှ မပြောတော့ပဲ ငူငူကြီး ထိုင်နေသော တူဖြစ်သူကို ကြည့်နေမိ၏။
ဒီကလေး အခုချိန်ထိ ခံစားချက်တွေကို မဝေခွဲတတ်သေးဘူးလား...?
ကျန့်ကျန့်က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်နေပေမယ့်လည်း လွန်ခဲ့တဲ့ 1 နှစ်လောက်ကမှ ချစ်သူတစ်ယောက်ရကြောင်း သူ့ကို ပြောပြလို့ သိခဲ့ရ၏။
ဖြစ်နေတဲ့ ရည်းစားကလည်း သူငယ်ချင်းဖြစ်ပြီး ကောင်မလေးဘက်က စ,ပြီး ဖွင့်ပြောလို့ ရည်းစားတစ်ယောက်ရခဲ့တာတဲ့လေ...။
Advertisement
ရည်းစားရှုပ်တတ်သူ မဟုတ်တာကြောင့် "ကျန်းချန်" တူဖြစ်သူကို ဂုဏ်ယူခဲ့ဖူးသည်။
သို့ပေမယ့် ဒီလိုကိစ္စတွေဖြစ်လာတော့ ကျန့်ကျန့် သူ့ခံစားချက်တွေကို မဝေခွဲတတ်တော့ဘူးလား...?
Online မှာရေးထားတဲ့ ဖြေရှင်းစာ အတိုင်းဆိုရင် ကျန့်ကျန့် အဲ့ဒီကောင်လေးကို ချစ်နေပြီလား...?
ဖြေရှင်းစာမှာ-
ဓာတ်ပုံတွေထဲကအတိုင်း ထိုညက ကိစ္စကမှန်ကန်ကြောင်းနဲ့ သူ့အနေနဲ့ တာဝန်အပြည့်အဝယူသည်ဖြစ်ကြောင်း.....
ကျောင်းက ဓာတ်ပုံတွေအတိုင်း ကောင်လေးနေမကောင်းသောကြောင့် သွားကြိုခဲ့တာ ဖြစ်ကြောင်းနှင့်.....
ပန်းခြံက ဓာတ်ပုံတွေမှာလည်း လေကောင်းလေသန့်ရအောင် လိုက်ပို့ခဲ့တာဖြစ်ကြောင်း.....
ပြီးတော့ ဖြစ်ခဲ့တဲ့ကိစ္စအားလုံးဟာ သူ့အမှားတွေပဲ ဖြစ်တဲ့အတွက်ကြောင့် ကောင်လေးကို တခြားသူများအနေဖြင့် ဘာအကြောင်းနှင့်မှ ထိခိုက်စရာမလိုကြောင်း.....
ကောင်လေးမှာ လုံးဝ အပြစ်မရှိကြောင်း.....
နောက်ဆုံး ကောင်လေးနှင့်ပတ်သတ်ပြီး အမှားတွေ အားလုံးကို သူ တာဝန်ယူမည်ဖြစ်ကြောင်းနှင့် ကောင်လေးမှာ ဘာအပြစ်မှမရှိသောကြောင့် သူ့ကို လုံးဝ ထိခိုက်ပုတ်ချစရာမလိုကြောင်း.....
တို့ပါဝင်၏။
ကျန့်ကျန့်ရဲ့ဖြေရှင်းစာအရဆိုရင် အဲ့ဒီကောင်လေးကို လုံးဝ အထိအခိုက်မခံလိုကြောင်း သိသာစေသည်။
ကျန့်ကျန့်ကတော့ ဘယ်လိုတွေးနေလဲ သူ မသိသေးပေမယ့်လို့ ထိုကောင်လေးကရော ကျန့်ကျန့်အပေါ် ဘယ်လိုသဘောထားလဲ ဆိုတာကိုတော့ ကျန်းချန် သိချင်မိပါ၏။
ကောင်လေးအနေနဲ့ ထိုဖြေရှင်းစာကို လက်ခံသလားဆိုတာကိုလည်း သူ သိချင်နေပါပြီ...။
ဒီကိစ္စတွေရဲ့ အရင်းအမြစ်က ကျန့်ကျန့်ရဲ့ရည်းစားဆိုရင်ရော အဲ့ဒီကောင်မလေး အခု ဘာတွေလုပ်နေမလဲ...?
"ကျန့်ကျန့်... လေးလေးရဲ့မေးခွန်းက အရမ်း ဖြေရခက်နေသလား...?"
ကျန်းချန်ရဲ့မေးခွန်းစကားနောက်မှာ ခပ်ရှရှလေသံဖျော့ဖျော့လေး ကပ်ပါလာ၏။
"ကျွန်တော် သူ့ကို တာဝန်အပြည့်အဝယူချင်တယ် လေးလေး... သူ့အမြင်မှာ ကျွန်တော့်ကို တာဝန်မဲ့တဲ့ လူလို့မမြင်စေချင်ဘူး..."
"ဒါပဲလား...?"
"ကျန်းချန်" မေးခွန်းပြောင်းပြီး မေးလိုက်ပေမယ့်လည ဒီဘူတာပဲ ပြန်စိုက်၏။
"ကျွန်တော် စဥ်းစားပါရစေ လေးလေး... မတိကျတဲ့ အဖြေကို ကျွန်တော် မပေးချင်ဘူး..."
"ကောင်းပြီ ဒီရက်တွေအတွင်း သေချာစဥ်းစားကြည့်ပါ... သား အဲ့ဒီကလေးကို တာဝန်ယူပေးချင်တာ တစ်ခုတည်းလားဆိုတာ..."
XZ ဘာမှပြန်မပြောတော့ပဲ အပေါ်ထပ် သူ့အခန်းဆီသို့သာ ခပ်လေးလေးခြေလှမ်းတွေဖြင့် တက်လာခဲ့လိုက်သည်။
........................
Ring Ring Ring 📱
"Hello ကျန့် လီရှန်းနဲ့ အပြင်မှာ စကားခန ပြောလို့ရမလားဟင်...?"
Phone no ကြည့်ကတည်းကသိပေမယ့် XZ ph ကိုင်လိုက်မိပါသည်။
"လီရှန်း Phone ထဲမှာပဲပြောပါ ကိုယ် မအားဘူး..."
"လီရှန်း" သိပါ၏။
ဓာတ်ပုံတွေ သတင်းတွေရဲ့ Date တွေအရသူလုပ်ခဲ့တဲ့ ဆေးအရှိန်ကြောင့် ဖြစ်ခဲ့တယ်ဆိုတာတွေ...။
ကျန့် စိတ်အနှောက်အယှက် ဖြစ်နေမှာစိုးလို့ Phone မဆက်ဖြစ်ခဲ့တာ...။
ကိုယ့်လိပ်ပြာကိုယ် မလုံတာလည်း ပါမည်ထင်၏။
ကျန့်ရဲ့အကြောင်းကို လီရှန်းတို့အသိဆုံးပါ...။
ရည်းစားဖြစ်တဲ့ "လီရှန်း" တောင် လက်ကလေးပဲ ကိုင်ခဲ့တာ...။
တခြားမိန်းကလေးတွေကို ဆိုရင်လည်း ဘယ်တော့မှ နှစ်ခါပြန်မကြည့်ခဲ့...။
ယောကျာ်းလေးတွေဆို ဝေးလို့...။
ကျန့် ပြောခဲ့ဖူး၍ ထိုကဲ့သို့ Rs တွေကို အယုံအကြည်မရှိကြောင်း လီရှန်း သိပါသည်။
ဒီလို ကိစ္စတွေကို စိတ်ချရပါရက်နဲ့ စိတ်လောပြီး ဆေးခတ်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုသာ လီရှန်း အပြစ်တင်မိပါ၏။
သူငယ်ချင်းသံယောဇဥ်တွေကလည်း နှစ်တွေမနဲခဲ့တော့ တစ်နှစ်ပြည့် Anni မှာပဲ ရေခဲတုံးကြီးကို သူမအပိုင်သိမ်းချင်ခဲ့တာ...။
ကျန့်နဲ့ မှားခဲ့တာ ယောကျာ်းလေး တစ်ယောက်ဖြစ်တာကြောင့် သိပ်ပြီးတော့ စိတ်မပူရပေမယ့် လီရှန်း လည်း ကိုယ့်လိပ်ပြာကိုယ် မလုံနိုင်ခဲ့ပါ...။
ကျန့်ရဲ့ဖြေရှင်းစာကို မြင်တော့ နှလုံးသားတစ်ခုလုံးကြေကွဲခဲ့ရ၏။
တာဝန်ယူတယ် ဆိုတဲ့ စကားလုံးက သူမရဲ့နှလုံးသားကို ဓားနဲ့ အထပ်ထပ်မွှန်း၏။
ဒါပေမယ့် ကျန့်ကို လီရှန်း ယုံတယ်...။
ကျန့်က B to B တွေကို အယုံအကြည်မှမရှိပဲ...။
ပြီးတော့ ကျန့်က အဲ့လိုဆက်ဆံရေးတွေကို မုန်းတာ လီရှန်း သိတယ်...။
ဟက်..! ဘယ်လိုပဲ ဖြစ်နေပါစေ...။
ကျန့်က လီရှန်း အတွက်ပဲ ဖြစ်ရမယ်...။
လီရှန်းရဲ့ ပြိုင်ဘက်က ယောကျာ်းလေးတစ်ယောက်ပဲလေ...။
ကျန့်က ဘယ်သူ့အပေါ် ပိုပြီး သာယာမလဲ ဆိုတာပဲ ကြည့်ကြတာပေါ့...။
"ကျန့်ရယ်... လီရှန်း မှားခဲ့မှန်းသိပါတယ်...။
ဒါပေမယ့် လီရှန်းကို အခွင့်အရေးလေး တစ်ခါလောက်တောင် မပေးနိုင်တော့ဘူးလား...?
လီရှန်း ကျန့်ကို ယုံတယ်...။
ပြီးတော့ အဲ့လို ဆက်ဆံရေးတွေကို ကျန့် မုန်းတယ်မလား...?
ကျန့် မှားခဲ့တာ ယောကျာ်းလေးတစ်ယောက်ပဲလေ...။
ပြီးတော့ သူ့ဘက်၊ကိုယ့်ဘက် ထိခိုက်စရာမှ မရှိပဲ ကျန့်ရယ်....။"
"အဲ့ဒီလို လူတွေကို ကျန့် မယုံသလို လီရှန်း လည်း မယုံဘူး သိလား...?
ကျန့် မှားခဲ့တာအတွက် တာဝန်ယူချင်တာလည်း လီရှန်း နားလည်ပါတယ်...။
ဒါပေမယ့် သူက ယောကျာ်းလေးတစ်ယောက်လေ ကျန့်ရယ်... နော်...
လီရှန်းကို အခွင့်အရေးလေးပေးနော်..."
"ပြီးတော့ ကျန့်က Gay မ ဟုတ် ဘူး ဆိုတာ လီရှန်း သိ တယ်..!!"
"လီရှန်း" တစ်ယောက် သနားစဖွယ် အသံလေးနဲ့ ပြောနေပေမယ့် နောက်ဆုံး စကားတစ်ခွန်းကိုတော့ ပုံမှန်ထက် လေသံကျယ်ကာ ပြောလိုက်၏။
"လီရှန်း" စကားတွေကြားမှာ XZ တွေဝေသလို ဖြစ်နေမိတာတော့ အမှန်...။
ထိုနေ့ညက တခြားသူတွေ အိပ်ရာဝင်သွားသော်လည်း XZ ကတော့ အခန်းရှေ့ဝရံတာမှာ ကြယ်တွေကြည့်ရင်း တွေးတောရင်းသာ အချိန်တွေ ကုန်လွန်ခဲ့သည်။
_______________
Updated _ 3401 words 💞
(A/N - ဝမ်လေး နဲ့ ကျန့်ကျန့် နှစ်ယောက်စလုံးက ခံစားချက်တွေကို ဦးစားပေးတတ်ကြပါတယ်...။ ဒါပေမယ့် သူတို့ရဲ့ခံစားချက် ဦးစားပေးပုံကတော့ မတူပါဘူး။ ကျန့်ကျန့်က Royal ပြောခဲ့ဖူးသလို သူ့လေးလေးရဲ့ခြေရာအတိုင်း "အချစ်" ကို ဦးစားပေးတတ်ပါတယ်...။ ဒါပေမယ့် အခုလောလောဆယ်မှာတော့ ရှင်တို့ရဲ့ကျန့်ကျန့်က မြင်တဲ့အတိုင်း လူရိုးကြီးလုပ်နေတုန်း...။ 🤨
ဝမ်လေးကတော့ အားလုံးသိကြတဲ့အတိုင်း အတ္တတွေကို ရှေ့တန်းတင်တတ်ပါတယ်...။ သူလေးက သူဖြစ်ချင်တာပဲ သူသိတယ်...။ တစ်ခြားကိစ္စတွေမှာ ဆရာဝန်တစ်ယောက်ရဲ့ IQ နဲ့ စဥ်းစားနိုင်စွမ်းတွေ ဘယ်လောက်ပဲရှိရှိ Psycho နဲ့ သက်ဆိုင်လာရင် သူလေးက အရိုင်းတုံးလေးလိုပဲ...။ သိတယ်မလား...? သူလေးက လုပ်ချင်တာတွေ ထ,ထ လုပ်တတ်တာ...။ 😶
နှစ်ယောက်စလုံးမှာ Psycho ရှိကြတာချင်းအတူတူ ၊ ခံစားချက်တွေကို ဦးစားပေးတတ်တာချင်း အတူတူ ၊ ဦးစားပေးထားတဲ့ အဲ့ဒီ ခံစားချက်တွေကတော့ သူတို့မှာ မတူညီကြပါဘူး...။ 😗
အဲ့ဒါကြောင့် ဝမ်လေးက ဆက်ပြီးတော့ ခေါင်းမာနေပါဦးမယ်...။
ကျန့်ကျန့်ကိုတော့ ပြောပြလိုက်ကြပါဦးလို့...။ 😒
Readers လေးတွေဘက်ကလည်း အထင်အမြင် ဝေဖန်ချက်လေးတွေ ရေးသားနိုင်ပါတယ်နော်...။ 😍
Royal အတွက် Readers လေးတွေရဲ့ feedback တစ်ခုချင်းစီတိုင်းက နောက်အပိုင်းတွေ ဆက်ရေးနိုင်ဖို့ အားဖြစ်စေပါတယ်လို့...။ 😘
အားလုံး ကျန်းမာရေးဂရုစိုက်ကြပါနော်...❤
Thanks you all...💌💞
💞 ချစ်ခင်လေးစားလျှက် 💞
K.Royalwhite💌💞🤍
Dec 28,2020 (Updated Day) 🖤✨
Zawgyi
လျပည့္ည တစ္ည...။
"ကိုကို Baby ကို ယုံတယ်...
Advertisement
- In Serial43 Chapters
The Girl In The Hoodie √
Bailey Washington is just a shy bystander flowing through life. The only thing that makes her stand out against the crowd is that she wears a hoodie. She also doesn't talk to anyone. People haven't ever seen her face or heard her voice. -------------"Are you ever going to take that hoodie off?" "You know shes not going to answer you. She doesn't talk."This is one of the main things I hear from kids in my school. They think that I use a hood to cover the fact that I am ugly. They aren't wrong but they sure as hell aren't right.---------------Cover made by: @MaddAnds-------------------****Under Editing****--------------------*Highest rank: #1 in teen fiction - August 2018 *
8 218 - In Serial37 Chapters
Boss's Order's
Working at one of New York's largest companies as personal assistant to Mr Steele, owner and CEO of Steele industries is great. I enjoy my job and get along with most of the other staff here too. Who knew that just one day could change my life? And probably not for the better either!? Being screwed over after I'd done so much left me feeling bitter, but could it lead to something even better than I could ever imagine?!
8 155 - In Serial30 Chapters
Invoker
An excellent gamer in the virtual world, but an absolute klutz in the real world. Julius is completely besotted with the school's prettiest flower, Vanessa, and has racked his brains dry on how he is to even get a chance to talk to her, but to no avail. One day, the Game of the Millenium, RoyalRoad, has finished its Beta phase and was finally going public. People were talking about it, and almost everyone was starting to play the game. Julius overheard from his friends that Vanessa was not only a player, but was also one of RoyalRoad's first few Beta testers, which meant only one thing to him. Julius was going to meet his first love in the game of RoyalRoad.
8 162 - In Serial48 Chapters
The VILLAIN's online Lover
Titania was a transmigrator.Well... to be more precise, she was cannon fodder transmigrator. She was sucked inside the novel called 'The crimson Hero of the West', and became a sad excuse of a cannon fodder who was destined to be killed by the male lead. Not reconciled with her fate, she decided to take action and was ultimately admitted to be a little disciple mage of a famous mage tower named Draíocht. But little did she know that her fate would literally topple upside down when one fine day, she stumbled upon an old key while cleaning the dusty attic of the magic tower. And when she touched the key a bright white light emanating from it, blinded her eyes and the very next moment, she heard an unbelievably melodious voice come out of that rusty old key: "How did you find my communicational key?" It said, and Tania thought, 'It's over, I'm in love.'And thus, began Titania's little journey of coaxing and seducing the owner of that soul-stirring beautiful voice to fall in love with her in turn.In order to pull the little aloof man from his high horse and look down upon her with favor, she flirted and she groveled, carrying the rusty old key with her wherever she went. From good morning to good night, Tania shared every moment of her lonely days with the owner of that beautiful voice, until two year after, she finally succeeded in melting his iron heart and made him submit. Thus, started Tania's flowery life of online dating in the ancient times. She was a girl of fifteen when she fell blindly in love with her lover of the beautiful voice, knowing next to little about her tender lover. However, when she finally met him, she found out that her boyfriend who she thought was a little white vegetarian was actually a hardcore wolf in a sheep's skin. Titania : Excuse me, how do I dissolve such a treacherous love affair!?
8 204 - In Serial24 Chapters
Who are you: school 2015 ( A Chance) {On-going}
I entered "Who are you: School 2015".On her 24th birthday, Han Eunha made a wish that the Second Male Lead gets a happy ending!The power was cut and suddenly she had entered the first kdrama she had ever watched.This time, she swore the SML will get a happy ending!Single update every week!Started~21-01-22End~#1 in School 2015#1 in Male lead#1 in Second Male Lead#1 in Koreandramas#1 in Kdrama#1 in sungjae#1 in yook#1 in namjoohyuk#1 in Eunbi #1 in Eunbyeol #1 in Taekwang Only the character Han Eunha, and anything regarding her past, belongs to me. No other characters used in this book belong to me and are credited to the rightful owners.Please do not copy my work!
8 120 - In Serial24 Chapters
Airplane - BTS Suga x Reader
Hit 100K views on 22.12.2016Hit 1M views on 06.12.2020Being on an airplane, okay, nothing special. But what if your bias sits down next to you?What if both, your bias and your bias wrecker, start taking you out on dates?Who would you choose?
8 80

