《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 12
Advertisement
Unicode
အိမ်တော်မှ ထွက်ခွာလာသော အနက်ရောင်ကားလေးဟာ မောင်းနှင်သူအလိုကျ မနှေးလွန်းမမြန်လွန်းသော အရှိန်ဖြင့် ရွေ့လျားနေ၏။
တကယ်ဆို ကျွန်တော် Baby ကို Hotel ပြန်မပို့ချင်သေးဘူး။
သူလေးကို စိတ်ပြေလက်ပျောက် အပြင်ရှုခင်းလေးတွေကြည့်စေချင်သေးတာ...။
Baby ကို ကျောင်းက ပြန်ခေါ်လာတော့ ကားပေါ်မှာ သူလေး မေ့မျောနေကတည်းကကိစ္စတွေအားလုံးကို Ph လေးတစ်ချက်နဲ့တင်ပြီးပြတ်စေခဲ့၏။
Baby လေး စိတ်ရှုပ်ထွေးမှာကို XZ တကယ့ မလိုလားပေ...။
Baby ကို ခုချိန်မှာ အပြင်ထွက်ပြီး လေကောင်းလေသန့်လေးတွေရှုရှိုက်စေကာ သူလေးကို စိတ်တွေပေါ့ပါးသွားစေချင်တာ အမှန်...။
ဒါပေမယ့် အတွန့်တက်ကာမပြောတော့ပဲ Baby အလိုကျ Hotel သို့သာ မောင်းနှင်လာခဲ့၏။
Baby ကတော့ ကားပေါ် စ,ထိုင်ပြီးလိုက်လာကတည်းကကားတံခါးမှတစ်ဆင့် ကားအပြင်ဘက်ကိုသာ တွေတွေလေးငေးလျက်ပါလာသည်။
ဒီလိုမှန်းသိရင် ကိုယ် မင်းလေး ပေးထားတဲ့ သတင်းတွေကို မဖြန့်ခဲ့ပါဘူး Baby ရယ်...။
သတင်းတွေက နှစ်ယောက်စလုံးကို ထိခိုက်စေရင်တောင် မင်းလေးကို ခနတာပဲဖစ်ဖြစ် စိတ်ကျေနပ်မယ်ထင်ပြီး ကိုယ်ဖြန့်ပေးခဲ့တာ...။
မင်းလေးက ကိုယ့်အကြောင်းအသေးစိတ်တွေလည်း လိုက်စုံစမ်းနေတာဆိုတော့ မင်းလေး ကျေနပ်လိမ့်မယ်အထင်နဲ့ ကိုယ်ဖြန့်ခွင့်ပေးထားခဲ့တာပါကွာ...။
အတွေးနဲ့ တက်တက်စင်အောင်ကို လွဲနေပါရောလား Baby ရယ်...။
ကိုယ် မင်းလေးကို အခုမှ သတိထားမိတာတွေ အများကြီးရှိတယ်...။
Baby မင်းလေး သိရဲ့လား...?
မင်းလေးရဲ့ မျက်ဝန်းလေးတွေက မင်းလေး ဘယ်လောက်ဖြူစင်ကြောင်း ကိုယ့်ကိုပြောပြဖူးတယ်...။
မင်းလေးရဲ့ အပြုအမူတစ်ခုချင်းစီတိုင်းက
မင်းလေး ဘယ်လောက် ခေါင်းမာကြောင်း ၊
မင်းလေး ဘယ်လောက် ကလေးဆန်ကြောင်း
ပြောပြနေတယ်...။
ပြီးတော့ ကျောင်းတုန်းက ကိုယ် မြင်ခဲ့ရတဲ့မြင်ကွင်းအတိုင်းဆိုရင် မင်းလေးမှာ စိတ်ဒဏ်ရာတစ်ခုခု ရှိခဲ့ပုံပဲ...။
မင်းလေး ကိုယ့်ကို ဒီလိုတွေ တိုက်ခိုက်နေတယ်ဆိုတာကရော အဲ့ဒီလိုစိတ်ဒဏ်ရာတစ်ခုခုနဲ့များ ပတ်သတ်နေသလား Baby...?
ပြီးတော့ ခုချိန်မှာ ဖြစ်တည်နေတဲ့ မင်းလေးရဲ့ မျက်နှာအမူအရာ...။
မင်းလေးကို စိတ်ညစ်စေခဲ့ရင် စိတ်ပင်ပန်းစေခဲ့ရင် ဒီက မှားခဲ့တဲ့လူကြီးကပဲ အပြစ်မကင်းသလို ခံစားရတာမို့ အဲ့လို မျက်နှာကြီးနဲ့ မနေပါနဲ့လားကွာ...။
XZ တစ်ယောက်တည်းသာ ကားမောင်းရင်း Baby ဘက်ကို တစ်ချက် တစ်ချက် စောင်းငဲ့ကြည့်လိုက်ရင်းနဲ့ အလုပ်တွေရှုပ်နေရတာ...
Baby လေးကတော့ ကားတံခါးမှတစ်ဆင့် အပြင်သို့သာ တွေတွေလေး ငေးကြည့်နေဆဲ...။
မနေတတ်မထိုင်တတ်နဲ့ စိတ်ထဲ မလုံမလဲဖြစ်နေရတာက XZ ရယ်ပါလေ...။
မဖြစ်တော့.....
တာဝန်ရှိသူပီပီ Baby လေးကို စိတ်ပျော်ရွှင်လာအောင် တစ်ခုခုလုပ်ပေးမှရတော့မည်။
XZ တို့အိမ်တော်ကြီးနဲ့ **King** Hotel နဲ့က ပုံမှန်ကားမောင်းသွားရင် 2 နာရီခွဲလောက်ကြာ၏။
Bar ရဲ့ အပေါ်ထပ်ကနေ မြို့ရဲ့ အလှကို ခံစားစေချင်သော ရည်ရွယ်ချက်ဖြင့် မြို့ရဲ့အလယ်မကျတကျလေးမှာ သူကိုယ်တိုင် စိတ်ကြိုက်ဒီဆိုင်းဆွဲ၍ Bar ရော Hotel ရော ဆောက်ထားခဲ့သည်မဟုတ်ပါလား...?
Baby နဲ့ ကျွန်တော့်ရဲ့ သတင်းတွေထွက်တုန်းကတော့ Bar ကို Gay bar ဆိုပြီး စွပ်စွဲပြောဆိုသူတွေ ရှိခဲ့ဖူး၏။
Online ပေါ်မှာရော အပြင်မှာရော တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ပြောကြသူတွေလည်းရှိသည်။
XZ ဂရုမစိုက်ပါ...။
အရေးမပါတာတွေ...။
Bar မှာ လိင်တူလိင်ကွဲ သတ်မှတ်ထားခြင်းမှ မရှိပဲ...။
Gym ဆိုင်တွေဆိုရင်လည်း တစ်ချို့လာဆော့နေကြ ဖောက်သည်တွေတောင် gym လာမဆော့တော့ဘူးတဲ့လေ...။
သူတို့ gym လာမဆော့တော့လည်း ဘာအရေးလဲ...?
အဓိက,ကတော့ Personal မခွဲတတ်တဲ့ လူတွေကြား ဖြစ်တတ်တဲ့ အသေးစား ဂေါက်ကြောင်မှု တစ်ခုပါပဲ...။
Personal ဆိုတာ မသိမမြင်နိုင်ကြပဲ အလုပ်တွေနဲ့ပါ ရောနှောပုတ်ချကြပြီး "ငါက အဲ့လို လူတွေဆို ရွံတယ် , မုန်းတယ် ဘာညာ ဘာညာ..." လို့ ပြောတတ်ကြတဲ့ လူမှုရေးနားမလည်တဲ့ ဂေါက်ကြောင်တွေ လုပ်လေ့ရှိတဲ့ အလုပ်တစ်ခုပါ...။
အရေးမပါတာတွေ ခေါင်းထဲမထားပါဘူး။
ခနနေ Ph လေးတစ်ချက်ဆက်ပြီး ၊ အိပ်ကပ်လေးဖြည့် ဖြေရှင်းလိုက်ရင် ပုံမှန်အခြေအနေပြန်ရောက်လာမှာပဲ...။
ကျွန်တော်အနေနဲ့ဆိုရင်တော့ လိင်တူချစ်သူတွေကို မမုန်းပါဘူး။
ရွံလည်း မရွံဘူး။
လူသားချင်း အတူတူပဲလေ...။
ဖြစ်တည်မှုလေးတွေပဲ ကွဲလွဲသွားကြတာ...။
ကိုယ့်လေးလေး တစ်ယောက်လုံးကတောင် လိင်တူချစ်သူတစ်ဦး ဖြစ်ခဲ့ဖူးသေးတာပဲ...။
ဒါပေမယ့် ကျွန်တော်က အဲ့လို Rs တွေကို လက်ခံပေးထားတာလည်း မဟုတ်ဘူးဗျ...။
ကျွန်တော် အဲ့လို လူတွေကို ဘယ်လိုမှတော့ သဘောမထားပေမယ့် သိပ်တော့လည်း မယုံချင်ဘူး။
Ommmmm......
လေးလေး နဲ့.....
Baby ကလွဲရင်ပေါ့....
သူတို့ကိုတော့ XZ ယုံကြည်နေမိတယ်...။
ပြောရမယ်ဆိုရင်တော့ဗျာ...
ကျွန်တော်က အဲ့ဒီ "B to B love" ဆိုတာကြီးကို မယုံကြည်တာ...။
ဆက်ဆံရေးကလည်း ပုံမှန် ဆက်ဆံရေးမှ မဟုတ်ကြပဲလေ...။
ပြီးတော့ အဲ့လို Relationship မျိုးမှာ တကယ်ချစ်မိတဲ့လူကတော့ အသဲတွေကွဲပြီး ကျန်ခဲ့ရမှာပါပဲ...။
ချန်ထားပြီး ထွက်သွားတဲ့သူကတော့ ပုံမှန်ဆက်ဆံရေးလေးအတိုင်း အေးအေးချမ်းချမ်းလေးနဲ့ ကလေးလေးတွေယူပြီး ပျော်ပျော်ရွှင်ရွှင်နေကြမှာပေါ့...။
ကျန်ခဲ့ရတဲ့ လူကသာ အရူးမီးဝိုင်းပြီး ကျန်ခဲ့ရမှာဗျ...။
ဒါတွေက ကျွန်တော့်ဘဝနဲ့ရင်းပြီး ရခဲ့တဲ့ သင်ခန်းသာတွေမို့ ဦးနှောက်ထဲမှာစွဲနေခဲ့တာ...။
အခုလောလောဆယ်မှာတော့ Baby လေးစိတ်သက်သာရာရအောင် XZ Hotel ကို တန်းမမောင်းပဲ တစ်နေရာရာကို မောင်းလာခဲ့သည်။
Baby အဲ့ဒီနေရာလေးကို ကြိုက်လောက်မှာပါလေ...။
Advertisement
စိတ်ထဲ တွေးမိရင်း ဦးတည်ရာနေရာဆီသို့ ခရီးဆက်လာခဲ့ကြသည်။
ကားအပြင်ဘက်ကို ငေးကာ လိုက်လာသော Baby လေးက Hotel သွားတဲ့လမ်းမဟုတ်တော့ပဲ တစ်ခြားလမ်းနေရာသို့ မောင်းနေတာကြောင့် မျက်မှောင်တစ်ချက်ကြုတ်ပြီး XZ ဘက်ကို လှည့်ကြည့်လာ၏။
ဒါပဲလေ... Baby လေး နောက်ဆုံးတော့ ကျွန်တော့်ဘက်ကို လှည့်ကြည့်လာခဲ့ပြီ...။
ဘာရယ်တော့ မဟုတ်ပါဘူး...
Baby ကျွန်တော့်ဘက်ကို လှည့်ကြည့်လိုက်တော့ တစ်မျိုးလေးခံစားလိုက်ရတာ...။
XZ Baby လှည့်ကြည့်တာကို မသိချင်ယောင်ဆောင်ကာ အေးအေးဆေးဆေး ကားဆက်မောင်းနေလိုက်သည်။
မကြာပါဘူး...။ သူ့အကျင့်အလေးအတိုင်း စကားတစ်ခွန်းမှဆိုပဲ ကားအပြင်ဘက်ကိုသာ ပြန်လည်ငေးကြည့်နေတဲ့ Baby လေးရယ်ပါဗျာ...။
ဟောဗျာ... အနည်းဆုံး "ဘယ်သွားနေတာလဲ" လို့တော့မေးသင့်တယ် မဟုတ်လား...?
XZ ကသာ တစ်ယောက်ထဲတွေးရင်း စိတ်ထဲအလိုမကျဖြစ်နေရသည်။
Baby ကတော့ သူ့မူလေးအတိုင်း အေးတိအေးစက်...။
Baby လေးကို ခေါ်လာတဲ့ နေရာလေးက မိသားစုလေးတွေဆိုရင် ကလေးလေးခေါ်ပြီး လာတတ်တဲ့နေရာ , ချစ်သူတွေလည်းလာတတ်ကြပြီး ကစားကွင်းရောရှိသည့် အပန်းဖြေပန်းဥယျာဥ်လေးတစ်ခုကိုပါ...။
ပန်းဥယျာဥ်လေးနားရောက်တော့ Baby ထိုင်နေတဲ့ ကားတံခါးအနားသွားကာ တံခါးသွားဖွင့်ပေးတာဟာ XZ အတွက် အလုပ်တစ်ခုလိုဖြစ်နေခဲ့သည်။
အင်းးး တာဝန်ရှိသူ တစ်ယောက်အနေနဲ့...။
Baby လေးတစ်ယောက် တံခါးဖွင့်ထားပြီးသာ အနက်ရောင်ကားလေးပေါ်ကနေ အခန့်သားဆင်းလာပုံလေးကို XZ ဘေးကနေငေးကြည့်နေမိ၏။
တကယ်လှသည့် ပန်းချီကားတစ်ချပ်လိုမျိုး...။
အခုချိန်ထိ Boss တစ်ယောက်လိုသာနေခဲ့ပြီး သူများလာဖွင့်ပေးတဲ့ ကားတံခါးကနေ အခန့်သားဆင်း , အခန့်သား တက်ထိုင် ၊ လက်အောက်ငယ်သားတွေကလည်း ရိုကျိုးပြီး ကြောက်ရတဲ့ Xiao Zhan ဆိုတဲ့ နံမည်ကြီး **King** Bar ပိုင်ရှင် Boss တစ်ယောက်က ဒီ Baby လေးနဲ့ကျမှ ကားတံခါးဖွင့်ပေးရသော သူဖြစ်မှန်းမသိဖြစ်သွားရ၏။
ဘုရားစူး Baby လေးကသာ ကျွန်တော့်မာန်မာနတွေကို ရိုက်ချိုးထားနိုင်တာပါ...။
YB ထိုလူကြီး သူ့ကို ခေါ်လာသော ပန်းဥယျာဥ်လေးကို ဝေ့ဝိုက်ကြည့်မိ၏။
သာယာလှတဲ့ ပန်းဥယျာဥ်လေးမှာ မျိုးစုံသော ပန်းလေးတွေကလည်း အစီအရီဖူးပွင့်နေလေသည်။
ပါးပါးရယ် မားမားရယ် သားသားမီးမီးလေးတွေရယ် တူတူလက်တွဲကာ ဥယျာဥ်နားက ကစားကွင်းလေးမှာ ကစားနေကြပုံလေးတွေက သူ့စိတ်ကိုကြည်နူးစေ၏။
အတွဲတွေဆိုရင်လည်း လက်တွဲပြီးလမ်းလျှောက်နေတဲ့ သူတွေရော ခုံလေးတွေမှာ ထိုင်နေကြတဲ့သူလေးတွေရောကို ကြည်နူးစွာ မြင်တွေ့နေရသည်။
YB ရင်ထဲ ကြည်နူးမှုလှိုင်းလေး ဖြတ်ပြေးသွား၏။
ဒီလို သာယာပြီး အေးချမ်းတဲ့ ဥယျဥ်လေးတွေကို YB ချစ်ပါသည်။
ခေါ်လာပေးတဲ့ လူကြီးက ကျွန်တော့်အတွေးအတွေကိုတင် ဖတ်တတ်ရုံမကပဲဒီလိုလေးတွေလည်း သိတာပဲလား...?
YB ဘေးကလူကြီးကို ကြည့်မိတော့ ထိုလူကြီးက တခြားတစ်နေရာသို့ အကြည့်တို့ကို ပို့ထားလေသည်။
ထိုလူကြီး ကြည့်နေတဲ့နေရာလေးကို YB လိုက်ကြည့်မိတော့ လိင်တူချစ်သူနှစ်ဦး...။
တစ်ယောက်က မြေပြင်ပေါ်မှာ ဒူးထောက်ထားကာ လက်စွပ်ဗူးလေးနဲ့ လက်ထက်ခွင့်တောင်းနေပြီး တစ်ယောက်ကတော့ သူ့ရှေ့မှာ ဒူးထောက်နေတဲ့ ကောင်လေးကို ဝမ်းသာမျက်ရည်တွေနှင့် ကြည့်နေလေ၏။
လှပတဲ့အချစ်ကမ္ဘာလေးတစ်ခုပေါ့...။
ဘေးကနေ ဝိုင်းဝန်းကြည့်နေကြတဲ့လူတွေကလည်း လက်ခုပ်တီးကာ အားပေးနေကြ၏။
တစ်ချို့ဆို အားကျတဲ့အကြည့်တွေနဲ့ ကြည့်ကာ ဓာတ်ပုံလေးတွေလည်း တစ်ဖျပ်ဖျပ်ရိုက်နေကြသေး၏။
(**LGBT လက်ခံထားတဲ့ ဥယျာဥ်နယ်မြေလေး ထင်ပါရဲ့...။**)
YB ထိုသို့ အတွေးဝင်မိတော့
*သူတို့ တကယ်ကံကောင်းတယ်* ဟုသော မှတ်ချက်လေးတစ်ခုပေးမိသည်။
လှပတဲ့မြင်ကွင်းလေးတစ်ခုအဖြစ် ထိုချစ်သူကောင်လေးနှစ်ယောက်အထဲမှ မတ်တပ်ရပ်နေတဲ့ ချစ်သူကောင်လေးက ဒူးထောက်ကာ လက်ထပ်ခွင့်တောင်းနေတဲ့ သူ့ကောင်လေးကို ခေါင်းလေးငြိမ့်ပြပြီး လက်ခံသဘောတူလိုက်၏။
ဘေးကအားပေးကြတဲ့လူတွေကလည်း လက်ခုပ်တီးကာ အော်ကြရင်း ဂုဏ်ပြုပေးကြ၏။
လက်စွပ်ဗူးထဲမှ လက်စွပ်လေးတွေကို တစ်ယောက်ရဲ့လက်မှာ တစ်ယောက် စွပ်ပေးကြပြီး တင်းနေအောင် ဖတ်ထားကြလေသည်။
နှစ်ဦးလုံး မျက်ဝန်းမှာ ဝမ်းသာမျက်ရည်ကြည်လေးတွေလည်းတလက်လက်တောက်ပနေသေးသည်။
လှပလိုက်တာ...။
တစ်ယောက်ကိုယ်တစ်ယောက် နားလည်ပေးပြီး သက်ဆုံးတိုင်လက်တွဲသွားဖို့ဆိုတာ "အချစ်စစ်နဲ့ချစ်တဲ့ချစ်သူတွေ" မှ ဖြစ်နိုင်တာမဟုတ်လား...?
ဘယ်လိုပဲ သူတို့က ယောကျာ်းရင့်မာကြီးနှစ်ယောက်ပါလို့ပြောပြော ဒီလိုမြင်ကွင်းမျိုးကို မြင်လိုက်ရတော့လည်း ဘေးကလူတွေတောင် စိတ်ထဲ ကြည်နူးမိသလိုလို ပျော်သလိုလိုနှင့် သူတို့နှစ်ယောက်အတွက်လည်း စိတ်ထဲကနေ တကယ်ဝမ်းသာမိပါ၏။
YB သူတို့တွေရဲ့ အချစ်ကမ္ဘာလေးတွေကို "အားမကျဘူး" လို့ပြောရင် လိမ်ရာကျမှာပေါ့...။
ဘယ်လိုလူပဲ ဖြစ်နေပါစေ ဒီလို ကြည်နူးစရာမြင်ကွင်းလေးမြင်ရင် အားကျမိကြမှာပဲ မဟုတ်ပါလား...?
သူတို့ရဲ့အချစ်က ယောကျာ်းရင့်မာကြီးနှစ်ယောက်ဖြစ်နေတာတောင်မှာလေ...။
အားအကျရဆုံးကတော့ သူတို့ဟာ လိင်တူချစ်သူတွေဖြစ်နေပါရက်နဲ့ ဘယ်သူမှလာပြီး လှောင်ပြောင်ကဲ့ရဲ့ခြင်းမရှိတာပါပဲ...။
အဓိကပြောချင်ကတော့ သူတို့က Gay စစ်စစ်တွေဖြစ်ပါရက်နဲ့ ကျွန်တော့်လို.....
"သူတို့ကို ဘယ်လိုမြင်လဲ Baby...? "
ရုတ်တရက် မေးလာသော ဘေးကလူကြီးရဲ့ မေးခွန်းကြောင့် YB အတွေးပျက်သွားကာ ထိုလူကြီးဘက်ကို တစ်ချက်ငဲ့ကြည့်လိုက်သည်။
ထို့နောက် ဘာမှမပြောသေးပဲ အချစ်ငှက်လေးနှစ်ကောင်ဆီ နောက်ထပ် အကြည့်ပို့မိပြန်တော့ ထိုအချစ်ငှက်လေးနှစ်ကောင်က နှုတ်ခမ်းချင်းဂဟေဆက်နေကြလေရဲ့...။
YB သူတို့ကိုကြည့်ကာ တစ်ချက်ပြုံးလိုက်ရင်း လူကြီးရဲ့အမေးကို အဖြေပေးလေသည်။
"သူတို့ကို ဘယ်လိုမြင်လဲလို့မေးရင်တော့ ဘယ်လိုမှမမြင်ဘူးလို့ ဖြေရမှာပဲ...။ ဒါပေမယ့် သူတို့ကို ကျွန်တော် အားကျတယ်...။ "အချစ်စစ်" နဲ့ ချစ်နိုင်မယ့်သူတွေပဲ ဘဝတစ်ခုလုံးအတွက်ရည်ရွယ်ပြီး သစ္စာရှိရှိလက်တွဲသွားနိုင်ကြတာ...။
အရေးကြီးဆုံးကတော့ သူတို့ကို လိင်တူချစ်သူတွေဆိုပြီး လှောင်ပြောင်ကဲ့ရဲ့မှုတွေမရှိတဲ့ ပတ်ဝန်းကျင်မှာ လွတ်လွတ်လပ်လပ်တည်ရှိနိုင်ကြလို့ သူတို့ကို အားအကျရဆုံးပဲ..."
တစ်ခါမှ စကားအများကြီး မပြောဖူးတဲ့ Baby လေးက ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ဆွေးဆွေးမြေ့မြေ့လေးနှင့် စကားတွေကိုစီတန်းနေအောင် ပြောသွားလေသည်။
အင်းးး ဟုတ်တာပေါ့...။
Baby လည်း အဲ့ဒီလိုဘဝမျိုးလေး လိုချင်ရှာမှာပဲ...။
သူလေးက အဲ့ဒီလိုလူတွေထဲက တစ်ယောက်ဆိုတာကို ထိုညက XZ သိခဲ့ပေမယ့် သူ့စိတ်ထဲမှာတော့ Baby ကို ယုံကြည်နေမိပါသည်။
Baby က ဖြူစင်တယ်ဆိုတာကိုပေါ့...။
XZ Hotel အတွက် နောက်ထပ်တိုးချဲ့မယ့် project တွေကြည့်ရင်းကနေ သူ့အတွင်းရေးမှူးလာပြသော line ပေါ်က ဒီပန်းခြံဥယျာဥ်လေးကို သူသတိထားမိခဲ့သည်။
Advertisement
ဒီနေ့ Baby လေးရဲ့စိတ်အခြေမကောင်းမှုအပေါ် မူတည်ပြီး သူအဓိကပြောချင်တဲ့ message တစ်ခုကတော့ အခု သူတို့အရှေ့မှာ ဆိုက်ဆိုက်မြိုက်မြိုက်ကျရောက်လာပြီလေ...။
Baby လေးပြောလိုက်တဲ့ စကားမှာ ဝမ်းနည်းရိပ်လေးတွေလည်းစွတ်နေသလို အချစ်ငှက်လေးတွေအတွက်လည်း ဝမ်းသာရိပ်လေးရောယှက်နေတာ သတိထားမိ၏။
တစ်ခါတစ်ခါ ပြုံးခဲလှသော Baby လေးရဲ့ မျက်နှာထက်မှာလည်း အပြုံးရိပ်လေးသမ်းနေသေးသည်။
တာဝန်ရှိသူကြီး Xiao Zhan ရဲ့ mission အောင်မြင်တယ်လို့ ဆိုလို့ရပါလိမ့်မည်။
Baby ရဲ့ပြုံးရိပ်သမ်းနေသော မျက်နှာလေးကို XZ ဘေးကနေ ငေးကြည့်နေမိ၏။
မင်းလေးရဲ့ အပြုံးမမည်တဲ့ အပြုံးလေးကလည်း သိပ်လှတာပဲလား Baby...?
Baby နဲ့ပတ်သတ်လာရင် ရင်ထဲမှာ အရာရာဟာ လှပနေသလို ခံစားနေရတာဟာလည်း တစ်မျိုးတစ်မည် ထူးဆန်းနေပြန်ပါ၏။
YB အချစ်ငှက်လေးနှစ်ကောင် လက်ချင်းတွဲပြီး ထွက်သွားတဲ့ ဟိုးတစ်ဆုံးထိလိုက်ကြည့်နေပြီးမှ XZ ဘက်လှည့်ကာ...
"ခင်ဗျားရော သူတို့ကို ဘယ်လိုမြင်လဲ...?"
YB ရဲ့ မေးခွန်းကြောင့် XZ ဘာရယ်မဟုတ် သက်ပြင်းဖွဖွချမိ၏။
ကိုယ် ဘယ်လိုဖြေရမှာလဲ Baby ရယ်...။
မင်းလေးက "ယုံကြည်ပါတယ် အားကျပါတယ်" လို့ ပြောနေတဲ့ သူတို့အတွဲလေးကို ကိုယ့်အတွေးတွေ ၊ ကိုယ့်အမြင်တွေနဲ့ ဘယ်လိုများ မှတ်ချက်ပေးရမှာလဲကွာ...?
ကိုယ်ကတော့ သူတို့အချစ်ကို မယုံဘူးလို့ ဖြေရမှာလား...?
မင်းလေးကို စိတ်ကြည်လင်စေဖို့ ဒီနေရာလေးကို ကိုယ် ခေါ်လာခဲ့တာ Baby...။
ကိုယ့်စကားကြောင့်နဲ့တော့ မင်းလေး စိတ်အနှောက်အယှက်မဖြစ်စေရဘူး။
"မုသားမပါ လင်္ကါမချော" တဲ့...။
ကိုယ့်ကို ဒီကိစ္စလေးတော့ ဖြူစင်စွာ လိမ်ခွင့်ပြုပါ ကလေးရယ်...။
"ကိုယ် လည်း သူတို့ကို အားကျမိတယ်... သူတို့ တစ်ယောက်နဲ့တစ်ယောက် အချစ်စစ်နဲ့ ချစ်နိုင်ကြလိမ့်မယ်လို့လည်း ကိုယ်ယုံတယ်... သူတို့နှစ်ဦးရဲ့အချစ်ခရီးလေး ဖြောင့်ဖြူးစေဖို့ကိုလည်း ကိုယ် ဆုတောင်းပေးတယ်... ဘယ်သူတစ်ဦးတစ်ယောက်မှ သစ္စာမဖောက်ပဲနဲ့ ထာဝရပျော်ရွှင်စေဖို့ပေါ့..."
XZ ရဲ့စကားတွေထဲမှာ အဓိပ္ပာယ်တွေပါနေတယ် ဆိုတာကိုတော့ သူကိုယ်တိုင်သာ သိပါလိမ့်မည်။
ဒီလို B to B Relationship တွေကို အယုံအကြည်မရှိသော XZ တစ်ယောက် Baby လေးရဲ့ စကားတစ်ခွန်းကြောင့် သူတို့အရှေ့တွင် လက်ထပ်ခွင့်တောင်းပြီး အဆင်ပြေသွားကြသော အချစ်ငှက်နှစ်ကောင်ကို ယုံကြည်ပေးခဲ့သည်။
ဒါဟာ လုံးဝကို ပထမဦးဆုံးအကြိမ် ထို Rs တွေကို သူ ယုံကြည်ပေးနိုင်ဖို့ ကြိုးစားခဲ့ဖူးခြင်းဖြစ်သည်။
Baby နဲ့ လေးလေးကိုတော့ သူတို့ဘာလဲဆိုတာ သိနေရက်နဲ့ ကိုယ့်ဘက်က ယုံကြည်နေမိခြင်း။
ဒီအချစ်ငှက်လေးနှစ်ကောင်ကတော့ မတူဘူးလေ...။
သူတို့က ကိုယ် မယုံကြည်နိုင်သေးတဲ့ Rs တစ်ခုကို ကိုယ့်ရှေ့မှာတင် တည်ဆောက်သွားကြတာ...။
ဒါပေမယ့် Baby လေးရဲ့စကားလေးတစ်ခွန်းအောက်မှာ XZ သူတို့ကိုလည်း ယုံကြည်ပေးဖို့ ကြိုးစားခဲ့ဖူးတာကတော့.......။
~~~
သူတို့နှစ်ယောက်လုံး ယုံကြည်ပေးခဲ့ကြတဲ့ ထိုအချစ်ငှက်လေးနှစ်ကောင်ဟာ တစ်ချိန်မှာ သူတို့နှစ်ယောက်ကို Support ပေးလာမယ့် မြှားနတ်မောင်လေးတွေဆိုတာကိုတော့ သူတို့နှစ်ယောက်လုံး မသိခဲ့ရိုးအမှန်ပါလေ...။
💓💓💓💓💓💓💓💓💓💓💓💓💓💓
ယခု ဆေးရုံအတွင်းမှာ နာမည်အကြီးဆုံး သတင်းတစ်ပုဒ်ကို ပြောပြပါဆိုလျှင် ဒေါက်တာလေးနှင့်အဆိုးလေးတို့အတွဲကို လူတိုင်းလက်ညှိုးထိုးပြကြလိမ့်မည်ထင်၏။
အဆိုးလေးကလည်း အရင်လို ဒဏ်ရာဒဏ်ချက်တွေနဲ့ ဆေးရုံကို ရောက်လာတာမဟုတ်တော့ပဲ သန့်သန့်ပြန့်ပြန့်နဲ့ အလန်းစားပြင်ဆင်လာကာ ချစ်ရသူဒေါက်တာလေးဆီသို့ ခနခနလာတတ်၏။
ဒေါက်တာလေးကလည်း သူ့ကောင်လေးမျက်နှာ တစ်ချက်မညှိုးရအောင်ထားလေသည်။
လူဆိုးလေးကလည်း အရင်လို ရန်မဖြစ်တော့ပဲ ဒေါက်တာလေးဆီကို ထမင်းတွေလာပို့ပေးလိုက် ၊ မဝေးလှတဲ့ တိုက်ခန်းဆီ အသွားအပြန်လေးမှာ ဒေါက်တာလေးကို အကြိုအပို့လုပ်ပေးလိုက် ၊ ဒေါက်တာလေးအနားကပ်လိုက်နဲ့ အလုပ်တွေရှုပ်နေလေတော့သည်။
ချစ်ရသူအတွက်ဆိုတော့လည်း ဒါတွေကို အပိုအလုပ်လို့ မမြင်ပါဘူးလေ...။
"ချစ်လို့" လို့ အသေးအမွှားလေးကအစဂရုစိုက်ပေးနေတာ လို့ ပြောရမှာပေါ့ဗျာ...။
ကဲကဲသဲသဲအတွဲလေးမို့ လူတိုင်းကလည်း ချစ်ကြသလို အားလည်း အားကျကြ၏။
အဆိုးလေးက ဒေါက်တာလေးရဲ့တိုက်ခန်းမှာလည်း လာနေတတ်ပါသေးသည်။
ထို့ကြောင့် ဒေါက်တာရှင်းချန်နှင့် ရင်းနှီးသော ဒေါက်တာများ neurs များက ဒေါက်တာရှင်းချန်ကို စ,နောက်ကြသေး၏။
အရယ်အပြုံးနည်းတဲ့ ဒေါက်တာလေးဟာလည်း အခုဆို သူ့မျက်နှာမှာ အပြုံးတွေဝေဆာလို့ပေါ့...။
သူ့ရဲ့ချစ်ရသူ လူဆိုးလေးကလည်း လိမ္မာလာအောင် သူ့ကိုယ်သူ ပြုပြင်နေကာ သူ့ဘေးနားမှာ တစ်ချိန်လုံး အရိပ်တစ်ခုလိုကပ်လိုက်နေတာကြောင့် ရှင်းချန် အချစ်ပိုရပါသည်။
ကျွန်တော်တို့နှစ်ယောက်ရဲ့ အချစ်ခရီးခရီးလေးက ရိုးရိုးရှင်းရှင်းလေးနဲ့ သာယာပျော်ရွှင်ဖွယ်အပြည့်ပါပဲ...။
ဒီအဆိုးလေးသာ အနားမှာရှိနေရင် ရှင်းရှန်ရဲ့ ဘဝမှာဘာဆိုဘာမှ ထပ်မလိုတော့ပေ...။
အဆိုးလေးကသာ သူ့ဘဝဖြစ်လာခဲ့တော့သည်။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 3435 words 💞
ဒီ fanfic လေးက Royal ပထမဆုံးရေးတဲ့ fiction လေးဖြစ်တာမို့ Readers လေးတွေဖတ်ရတာ ဘယ်လိုနေလဲ ဆိုတာ ဝေဖန်ပေးခဲ့ကြပါဦးနော်... 💌
Author တစ်ယောက်အနေနဲ့ feedback လေးတွေကို မက်မောမိပေမယ့် Royal အများကြီး မတောင်းဆိုပါဘူး 😌
Readers လေးတွေ ဖတ်ရတာ အဆင်ပြေအောင် Royal ဘက်က အကောင်းဆုံးကြိုးစားပြီးရေးပေးနေပါတယ်ဗျ... 📝
Followers လေးတွေ နဲ့ feedback လေးတွေ အတွက်လည်း တကယ်ပီတိဖြစ်ရ သလို RL လေးတွေအတွက်လည်း Royal တကယ် စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်ရှင့်... 😍💞
ကျန်းမာရေးဂရုစိုက်ကြပါနော်... ❤
Thanks you all...💌💞
💞 ချစ်ခင်လေးစားလျှက် 💞
K.Royalwhite💌💞🤍
Dec 24,2020 (Updated Day) 🖤✨
Zawgyi
အိမ္ေတာ္မွ ထြက္ခြာလာေသာ အနက္ေရာင္ကားေလးဟာ ေမာင္းႏွင္သူအလိုက် မႏွေးလြန္းမျမန္လြန္းေသာ အရွိန္ျဖင့္ ေ႐ြ႕လ်ားေန၏။
တကယ္ဆို ကြၽန္ေတာ္ Baby ကို Hotel ျပန္မပို႔ခ်င္ေသးဘူး။
သူေလးကို စိတ္ေျပလက္ေပ်ာက္ အျပင္ရႈခင္းေလးေတြၾကည့္ေစခ်င္ေသးတာ...။
Baby ကို ေက်ာင္းက ျပန္ေခၚလာေတာ့ ကားေပၚမွာ သူေလး ေမ့ေမ်ာေနကတည္းကကိစၥေတြအားလုံးကို Ph ေလးတစ္ခ်က္နဲ႕တင္ၿပီးျပတ္ေစခဲ့၏။
Baby ေလး စိတ္ရႈပ္ေထြးမွာကို XZ တကယ့ မလိုလားေပ...။
Baby ကို ခုခ်ိန္မွာ အျပင္ထြက္ၿပီး ေလေကာင္းေလသန့္ေလးေတြရႈရွိုက္ေစကာ သူေလးကို စိတ္ေတြေပါ့ပါးသြားေစခ်င္တာ အမွန္...။
ဒါေပမယ့္ အတြန့္တက္ကာမေျပာေတာ့ပဲ Baby အလိုက် Hotel သို႔သာ ေမာင္းႏွင္လာခဲ့၏။
Baby ကေတာ့ ကားေပၚ စ,ထိုင္ၿပီးလိုက္လာကတည္းကကားတံခါးမွတစ္ဆင့္ ကားအျပင္ဘက္ကိုသာ ေတြေတြေလးေငးလ်က္ပါလာသည္။
ဒီလိုမွန္းသိရင္ ကိုယ္ မင္းေလး ေပးထားတဲ့ သတင္းေတြကို မျဖန့္ခဲ့ပါဘူး Baby ရယ္...။
သတင္းေတြက ႏွစ္ေယာက္စလုံးကို ထိခိုက္ေစရင္ေတာင္ မင္းေလးကို ခနတာပဲဖစ္ျဖစ္ စိတ္ေက်နပ္မယ္ထင္ၿပီး ကိုယ္ျဖန့္ေပးခဲ့တာ...။
မင္းေလးက ကိုယ့္အေၾကာင္းအေသးစိတ္ေတြလည္း လိုက္စုံစမ္းေနတာဆိုေတာ့ မင္းေလး ေက်နပ္လိမ့္မယ္အထင္နဲ႕ ကိုယ္ျဖန့္ခြင့္ေပးထားခဲ့တာပါကြာ...။
အေတြးနဲ႕ တက္တက္စင္ေအာင္ကို လြဲေနပါေရာလား Baby ရယ္...။
ကိုယ္ မင္းေလးကို အခုမွ သတိထားမိတာေတြ အမ်ားႀကီးရွိတယ္...။
Baby မင္းေလး သိရဲ႕လား...?
မင္းေလးရဲ႕ မ်က္ဝန္းေလးေတြက မင္းေလး ဘယ္ေလာက္ျဖဴစင္ေၾကာင္း ကိုယ့္ကိုေျပာျပဖူးတယ္...။
မင္းေလးရဲ႕ အျပဳအမူတစ္ခုခ်င္းစီတိုင္းက
မင္းေလး ဘယ္ေလာက္ ေခါင္းမာေၾကာင္း ၊
မင္းေလး ဘယ္ေလာက္ ကေလးဆန္ေၾကာင္း
ေျပာျပေနတယ္...။
ၿပီးေတာ့ ေက်ာင္းတုန္းက ကိုယ္ ျမင္ခဲ့ရတဲ့ျမင္ကြင္းအတိုင္းဆိုရင္ မင္းေလးမွာ စိတ္ဒဏ္ရာတစ္ခုခု ရွိခဲ့ပုံပဲ...။
မင္းေလး ကိုယ့္ကို ဒီလိုေတြ တိုက္ခိုက္ေနတယ္ဆိုတာကေရာ အဲ့ဒီလိုစိတ္ဒဏ္ရာတစ္ခုခုနဲ႕မ်ား ပတ္သတ္ေနသလား Baby...?
ၿပီးေတာ့ ခုခ်ိန္မွာ ျဖစ္တည္ေနတဲ့ မင္းေလးရဲ႕ မ်က္ႏွာအမူအရာ...။
မင္းေလးကို စိတ္ညစ္ေစခဲ့ရင္ စိတ္ပင္ပန္းေစခဲ့ရင္ ဒီက မွားခဲ့တဲ့လူႀကီးကပဲ အျပစ္မကင္းသလို ခံစားရတာမို႔ အဲ့လို မ်က္ႏွာႀကီးနဲ႕ မေနပါနဲ႕လားကြာ...။
XZ တစ္ေယာက္တည္းသာ ကားေမာင္းရင္း Baby ဘက္ကို တစ္ခ်က္ တစ္ခ်က္ ေစာင္းငဲ့ၾကည့္လိုက္ရင္းနဲ႕ အလုပ္ေတြရႈပ္ေနရတာ...
Baby ေလးကေတာ့ ကားတံခါးမွတစ္ဆင့္ အျပင္သို႔သာ ေတြေတြေလး ေငးၾကည့္ေနဆဲ...။
မေနတတ္မထိုင္တတ္နဲ႕ စိတ္ထဲ မလုံမလဲျဖစ္ေနရတာက XZ ရယ္ပါေလ...။
မျဖစ္ေတာ့.....
တာဝန္ရွိသူပီပီ Baby ေလးကို စိတ္ေပ်ာ္႐ႊင္လာေအာင္ တစ္ခုခုလုပ္ေပးမွရေတာ့မည္။
XZ တို႔အိမ္ေတာ္ႀကီးနဲ႕ **King** Hotel နဲ႕က ပုံမွန္ကားေမာင္းသြားရင္ 2 နာရီခြဲေလာက္ၾကာ၏။
Bar ရဲ႕ အေပၚထပ္ကေန ၿမိဳ႕ရဲ႕ အလွကို ခံစားေစခ်င္ေသာ ရည္႐ြယ္ခ်က္ျဖင့္ ၿမိဳ႕ရဲ႕အလယ္မက်တက်ေလးမွာ သူကိုယ္တိုင္ စိတ္ႀကိဳက္ဒီဆိုင္းဆြဲ၍ Bar ေရာ Hotel ေရာ ေဆာက္ထားခဲ့သည္မဟုတ္ပါလား...?
Baby နဲ႕ ကြၽန္ေတာ့္ရဲ႕ သတင္းေတြထြက္တုန္းကေတာ့ Bar ကို Gay bar ဆိုၿပီး စြပ္စြဲေျပာဆိုသူေတြ ရွိခဲ့ဖူး၏။
Online ေပၚမွာေရာ အျပင္မွာေရာ တိုးတိုးတစ္မ်ိဳး က်ယ္က်ယ္တစ္မ်ိဳး ေျပာၾကသူေတြလည္းရွိသည္။
XZ ဂ႐ုမစိုက္ပါ...။
အေရးမပါတာေတြ...။
Bar မွာ လိင္တူလိင္ကြဲ သတ္မွတ္ထားျခင္းမွ မရွိပဲ...။
Gym ဆိုင္ေတြဆိုရင္လည္း တစ္ခ်ိဳ႕လာေဆာ့ေနၾက ေဖာက္သည္ေတြေတာင္ gym လာမေဆာ့ေတာ့ဘူးတဲ့ေလ...။
သူတို႔ gym လာမေဆာ့ေတာ့လည္း ဘာအေရးလဲ...?
အဓိက,ကေတာ့ Personal မခြဲတတ္တဲ့ လူေတြၾကား ျဖစ္တတ္တဲ့ အေသးစား ေဂါက္ေၾကာင္မႈ တစ္ခုပါပဲ...။
Personal ဆိုတာ မသိမျမင္နိုင္ၾကပဲ အလုပ္ေတြနဲ႕ပါ ေရာႏွောပုတ္ခ်ၾကၿပီး "ငါက အဲ့လို လူေတြဆို ႐ြံတယ္ , မုန္းတယ္ ဘာညာ ဘာညာ..." လို႔ ေျပာတတ္ၾကတဲ့ လူမႈေရးနားမလည္တဲ့ ေဂါက္ေၾကာင္ေတြ လုပ္ေလ့ရွိတဲ့ အလုပ္တစ္ခုပါ...။
အေရးမပါတာေတြ ေခါင္းထဲမထားပါဘူး။
ခနေန Ph ေလးတစ္ခ်က္ဆက္ၿပီး ၊ အိပ္ကပ္ေလးျဖည့္ ေျဖရွင္းလိုက္ရင္ ပုံမွန္အေျခအေနျပန္ေရာက္လာမွာပဲ...။
ကြၽန္ေတာ္အေနနဲ႕ဆိုရင္ေတာ့ လိင္တူခ်စ္သူေတြကို မမုန္းပါဘူး။
႐ြံလည္း မ႐ြံဘူး။
လူသားခ်င္း အတူတူပဲေလ...။
ျဖစ္တည္မႈေလးေတြပဲ ကြဲလြဲသြားၾကတာ...။
ကိုယ့္ေလးေလး တစ္ေယာက္လုံးကေတာင္ လိင္တူခ်စ္သူတစ္ဦး ျဖစ္ခဲ့ဖူးေသးတာပဲ...။
ဒါေပမယ့္ ကြၽန္ေတာ္က အဲ့လို Rs ေတြကို လက္ခံေပးထားတာလည္း မဟုတ္ဘူးဗ်...။
ကြၽန္ေတာ္ အဲ့လို လူေတြကို ဘယ္လိုမွေတာ့ သေဘာမထားေပမယ့္ သိပ္ေတာ့လည္း မယုံခ်င္ဘူး။
Ommmmm......
ေလးေလး နဲ႕.....
Baby ကလြဲရင္ေပါ့....
သူတို႔ကိုေတာ့ XZ ယုံၾကည္ေနမိတယ္...။
ေျပာရမယ္ဆိုရင္ေတာ့ဗ်ာ...
ကြၽန္ေတာ္က အဲ့ဒီ "B to B love" ဆိုတာႀကီးကို မယုံၾကည္တာ...။
ဆက္ဆံေရးကလည္း ပုံမွန္ ဆက္ဆံေရးမွ မဟုတ္ၾကပဲေလ...။
ၿပီးေတာ့ အဲ့လို Relationship မ်ိဳးမွာ တကယ္ခ်စ္မိတဲ့လူကေတာ့ အသဲေတြကြဲၿပီး က်န္ခဲ့ရမွာပါပဲ...။
ခ်န္ထားၿပီး ထြက္သြားတဲ့သူကေတာ့ ပုံမွန္ဆက္ဆံေရးေလးအတိုင္း ေအးေအးခ်မ္းခ်မ္းေလးနဲ႕ ကေလးေလးေတြယူၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနၾကမွာေပါ့...။
က်န္ခဲ့ရတဲ့ လူကသာ အ႐ူးမီးဝိုင္းၿပီး က်န္ခဲ့ရမွာဗ်...။
ဒါေတြက ကြၽန္ေတာ့္ဘဝနဲ႕ရင္းၿပီး ရခဲ့တဲ့ သင္ခန္းသာေတြမို႔ ဦးႏွောက္ထဲမွာစြဲေနခဲ့တာ...။
အခုေလာေလာဆယ္မွာေတာ့ Baby ေလးစိတ္သက္သာရာရေအာင္ XZ Hotel ကို တန္းမေမာင္းပဲ တစ္ေနရာရာကို ေမာင္းလာခဲ့သည္။
Baby အဲ့ဒီေနရာေလးကို ႀကိဳက္ေလာက္မွာပါေလ...။
စိတ္ထဲ ေတြးမိရင္း ဦးတည္ရာေနရာဆီသို႔ ခရီးဆက္လာခဲ့ၾကသည္။
ကားအျပင္ဘက္ကို ေငးကာ လိုက္လာေသာ Baby ေလးက Hotel သြားတဲ့လမ္းမဟုတ္ေတာ့ပဲ တစ္ျခားလမ္းေနရာသို႔ ေမာင္းေနတာေၾကာင့္ မ်က္ေမွာင္တစ္ခ်က္ၾကဳတ္ၿပီး XZ ဘက္ကို လွည့္ၾကည့္လာ၏။
Advertisement
- In Serial195 Chapters
To Live Again, For The First Time!
Emilin died a tragically sad death in her first life, if you could call it a life at all.
8 1241 - In Serial12 Chapters
Nice Guy Syndrome
18 year-old Raymond McGregory considers himself to be one of the nicest guys out there and a true dominant male. However despite his supposed accolades Raymond is single by choice…... of others, and the only relationships he’s ever had are with his left hand and his couch sleeve. One day the “tfw no gf” is felt strongly within Raymond, and he decides to hatch out a plan to get a girlfriend. But his plan falls apart when he comes to the realization that in order to get girls to fall for him he has to actually talk to them. This isn’t an easy task for Raymond as he suffers from extreme social anxiety. On top of that he’s a massive nerd, not very bright, delusional, and is honestly the kind of guy that would get fourth place in a three-man race. Later Raymond comes across a group of people on the internet known as "Incels" who seem to be in a similar position as he is, but their views on the opposite sex and society seem very wicked. However they say they can help Raymond. Will Raymond seek help from these sinister people or will he try to keep a heart of gold? Furthermore, can Raymond get girls to love him despite not being able to talk to them? How much control does Raymond have over his plan? Find out all of this and more in this dark satirical romantic comedy filled with nice guys, and deep philosophical underpinnings.
8 137 - In Serial32 Chapters
His one and only
𝘙𝘦𝘮𝘦𝘮𝘣𝘦𝘳 𝘩𝘰𝘸 𝘸𝘦 𝘧𝘰𝘶𝘨𝘩𝘵 𝘰𝘷𝘦𝘳 ' 𝘞𝘩𝘰 𝘭𝘰𝘷𝘦𝘥 𝘸𝘩𝘰𝘮 𝘮𝘰𝘳𝘦?'𝘐 𝘨𝘶𝘦𝘴𝘴, 𝘐 𝘸𝘰𝘯.♥️𝘚𝘩𝘦 𝘸𝘢𝘴 𝘵𝘩𝘦 𝘣𝘪𝘭𝘭𝘪𝘰𝘯𝘢𝘪𝘳𝘦𝘴 𝘦𝘹 𝘸𝘪𝘧𝘦 𝘈𝘯𝘥 𝘩𝘦 𝘸𝘢𝘴 𝘩𝘦𝘳 𝘭𝘪𝘧𝘦.𝘉𝘶𝘵 𝘵𝘩𝘦𝘺 𝘦𝘯𝘥𝘦𝘥 𝘶𝘱 𝘣𝘦𝘪𝘯𝘨 𝘯𝘦𝘪𝘵𝘩𝘦𝘳 𝘧𝘳𝘪𝘦𝘯𝘥𝘴, 𝘯𝘰𝘳 𝘦𝘯𝘦𝘮𝘪𝘦𝘴𝘑𝘶𝘴𝘵 𝘴𝘵𝘳𝘢𝘯𝘨𝘦𝘳𝘴 𝘸𝘪𝘵𝘩 𝘮𝘦𝘮𝘰𝘳𝘪𝘦𝘴.♥️THIS WAS MY FIRST BOOK AND IT NEEDS SERIOUS EDITING
8 289 - In Serial41 Chapters
What happens in Vegas
Bella, Ava, and Charlotte have just graduated the hell hole known as high school and are over the moon about their trip to Vegas which has been in the works for a long time.You can take the students out of San Diego but not all of them. Going to a bar on the way to forget their past for the weekend, they run into Noah, Oliver, and Lucas. The three 'it' boys from their rival high school.The high schools can hate each other but that doesn't mean the students have to.Hate?Not even close to the way they'll be feeling on this trip.
8 184 - In Serial100 Chapters
We're Just Friends (Clexa AU)
idk how to do descriptions basically Clarke Griffin an open bisexual 17 year old befriends Lexa Woods a 18 year old who just doesn't know anything yet lol. also i don't proofread my stuff bcuz i'm a lazy fuck so i'm sorry for any mistakes and also i'm sorry for the extremely cringey smut. i'll put a little ✨ for the smut involved chapters.~~~highest ranks~~~#1 elizataylor 9/16/21#1 alycia 10/6/21#1 clarkegriffin 10/17/21#1 clexa 10/17/21#1 lexa 10/20/21#1 the100 10/25/21#10 gxg 11/11/21#1 clarke 1/12/22
8 206 - In Serial14 Chapters
Will You Be Mine??
Izuku Midoriya was adopted by David Shield at the age of four after his parents died. At the age of fourteen, Izuku is granted ofa and comes to U.A. as a transfer student from Japan. Here Izuku fell in love with a girl but someone is in his way...So guys this is my first fanfic and please comment and be honest. I want to know how I write.
8 142

