《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 11
Advertisement
Unicode
"သား ကျန့်ကျန့် ခန..."
ဧည့်ခန်းတွင် ထိုင်နေသော ကျန်းချန်က အိမ်ပေါ်မှ ဆင်းလာသော XZ အား လှမ်းခေါ်လိုက်၏။
လေးလေး သူ့ကို ခေါ်တာဘာကိစ္စလဲဆိုတာ XZ သိတာပေါ့။
ခုဆို သူ နဲ့ Baby တို့ကိစ္စက Hot အဖြစ်ဆုံးပဲလေ...။
line ပေါ်မှာတွေရော စာနယ်ဇင်းတွေမှာရော အစုံပါဝင်လာသော သတင်းတစ်ပုဒ်...။
စီးပွားရေးကတော့ Personal မခွဲတတ်တဲ့လူသားတွေကြား အနည်းနဲ့အများတော့ လျော့ကျသွားတာပေါ့ဗျာ...။
ဒါပေမယ့် သူ မမှုပါဘူး ဒီချိန်မှာ ကျွန်တော် စိတ်ဝင်စားတာ ကျွန်တော့် Baby လေး ဘယ်လိုနေလဲ ဆိုတာပါပဲ...။
လေးလေး ပြောမယ့်စကားတွေ , လေးလေးရဲ့မေးခွန်းတွေ ကြိုသိနေတာကြောင့် ဘာမှမပြောခင် XZ အရင်ဦးအောင် ပြောခဲ့၏။
"လေးလေး ကျွန်တော် ကိစ္စအားလုံးကို ရှင်းပြီးတဲ့အခါ လေးလေးကို အကုန်ရှင်းပြပါ့မယ် အခု ကျွန်တော် အလုပ်ရှိသေးလို့ သွားပါရစေ" ဟူ၍သာ...။
မတတ်နိုင်...။
ဒီကိစ္စတွေနဲ့ပတ်သတ်ပြီး လေးလေးကို စိတ်မပူစေချင်...။
ဘယ်သူ့ကိုမှလည်း ပြောပြချင်စိတ် , ရှင်းပြချင်စိတ် မရှိသေးတာကြောင့်ရော ပါမည်ထင်၏။
လေးလေးကို စကားအကုန်ပြောပြီးသည်နှင့် အိမ်ထဲမှ ထွက်လာခဲ့၏။
ဦးတည်ရာက တစ်ခုတည်းသာ.....။
..............................
YB ကျောင်းမှာ အရေးကြီး tutorial ရှိတာကြောင့် မလာချင်သော်လည်း လာခဲ့ရ၏။
ကျောင်းကလူတွေရဲ့ ထူးဆန်းတဲ့အကြည့်တွေကြား ရုန်းထွက်နိုင်ခဲ့သော်လည်း စိတ်တွေက အတိတ်ဆီသို့သာ ပြေးလွှားနေလျက်...။
အတိတ်တစ်နေရာက လှောင်ပြောင်သော စကားသံများနှင့် ထူးဆန်းသော အကြည့်တွေကို ပြန်မိယောင်မိတော့ သူ့ခေါင်းတွေမူးနောက်လာရ၏။
ကျောင်းထဲမှာလည်း ဖြစ်တာကြောင့် ဘေးကလူတွေတွေရဲ့ ထိုထူးဆန်းသလိုအကြည့်တွေနှင့် ရင်ဆိုင်နေရလေသည်။
တစ်ချို့ဆို မကြားတကြား လှောင်ပြောင်တတ်ကြသေး၏။
YB ခံနိုင်ရည်ရှိအောင် ကြိုးစားခဲ့ပေမယ့် အတိတ်တွေက ခြောက်လှန့်နေဆဲ...။
မူးဝေနေသော ခေါင်းကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်လိုက်ရင်း အာရုံတွေလည်း နောက်လာရသည်။
အတိတ်က အသံတွေနဲ့ ယခု ပတ်ဝန်းကျင်က အသံတွေကို မကြားရအောင် နားတွေကိုပိတ်ထားသော်လည်း အချည်းနှီးသာ...။
လူက မူးဝေလွန်း၍ မလဲအောင်သာ အနိုင်နိုင် ထိန်းနေရ၏။
(**YB ရေ... မင်း စ,ခဲ့တဲ့ဇာတ်လမ်း မင်း ခံနိုင်ရည် ရှိရမှာပေါ့...**) ဟူ၍
ကိုယ့်ကိုယ်ကို အားပေးရင်းသာ...။
ဒီအခြေအနေတွေအတွက် အများကြီး ပြင်ဆင်ခဲ့ပြီးပါပြီ...
ကြိုတင် မျှော်မှန်းထားခဲ့ပေမယ့် လက်တွေ့မှာ အတိတ်က Psycho တစ်ခုကြောင့် ခံနိုင်ရည်တွေလည်း ကျဆင်းနေရ၏။
"စစ်ကျွေးနဲ့ကျင်းရီ" ကိုလည်းတမ်းတမိ၏။
"ဒီလိုအချိန် ငါ့အနားကို မြန်မြန်ရောက်လာကြပါ..." ဟူ၍...။
မတော်တဆမူးလဲသွားခဲ့ရင် သူတို့ကိုရှိနေစေချင်သည်။
လူကလည်း ထိန်းထားသည့်ကြားမှ အလဲလဲအပြိုပြို ဖြစ်နေလျက်...။
အာရုံတွေနောက်ကျိနေခြင်းကြောင့် အရှင်းမမြင်ရသည့်အရှေ့တည့်တည့်ကိုပဲ စိတ်စေရာတစ်ချက်လှမ်းကြည့်မိချိန်.....
YB ရှေ့တည့်တည့်မှ သူ့ဆီသို့လျှောက်လာနေသော လူတစ်ယောက်ကို မြင်မိလိုက်သည့်နှင့် တင်းထားသော သူ့စိတ်တို့ကို လျှော့ချလိုက်မိသည်။
ထိုလူသားကို ယုံကြည်ချင်ပါ၏။
ယုံကြည်တယ်လို့ ပြောလိုက်ရင် ပိုမှန်မလား...?
နွေးထွေးလုံခြုံမှုရှိတယ်လို့ ခံစားမိစေခဲ့သော ရင်ခွင်တစ်ခု...။
ထိုရင်ခွင်ထဲမှာသာ ခိုလှုံခွင့်ရရင် သူ့အတွက် အရာရာငြိမ်းချမ်းပါပြီ...။
အတ္တတွေအမုန်းတွေသာ ရှိမနေဘူးဆိုရင်ပေါ့...။
......................
XZ ဆေးကျောင်းထဲသို့ ဝင်လာသည်နှင့် ထင်ထားသည့်အတိုင်း ခေါင်းကို လက်ဖြင့်အုပ်ကိုင်ကာ စိတ်ရှုပ်ထွေးနေဟန်ရှိသော Baby လေး...။
မင်းလေး ခံနိုင်ရည်မရှိပါပဲနဲ့ ဘာလို့ ဒီကိစ္စတွေကိုဖြစ်စေခဲ့တာလဲကွာ...?
ကျောင်းထဲကို ကျွန်တော် စ,ဝင်လာကတည်းကလည်းကျောင်းသားတွေရဲ့တိုးတိုးတစ်မျိုးကျယ်ကျယ်တစ်မျိုး ပြောသံတို့ကို ကြားခဲ့ရပါ၏။
ကျွန်တော်က လူတွေအမြင်မှာတော့ Baby လေး သူ့ကို တစ်ခြားလူတွေ ထင်စေချင်တဲ့အတိုင်း စားပြီးနားမလည် လူတစ်ယောက်ပေါ့လေ...။
တစ်ခြားသူတွေ အနေနဲ့...
ဘယ်လိုပဲ မြင်ကြပါစေ...
ဘယ်လိုပဲ ထင်ကြပါစေ...
ဘယ်လိုပဲ ပြောကြပါစေလေ...
ဘယ်သူတွေ ဘယ်လိုပဲ မြင်မြင်...
သူတို့အမြင်တွေက ကျွန်တော့်အတွက် အရးမပါပါဘူး...။
Baby လေး တစ်ယောက်ပဲ သိဖို့ လိုအပ်တာ...။
ပတ်ဝန်းကျင်ဆိုတာ အားနည်းချက်တွေကိုမှ ဝိုင်းပြီး လှောင်ပြောင်၊ကဲ့ရဲ့တတ်ကြတဲ့ အသိုင်းအဝန်းတစ်ခုဆိုတာ XZ ကောင်းကောင်းကြီး သိသည်။
ထို့ကြောင့် သူတို့ကို ထွေထွေထူးထူး ဂရုစိုက်မနေတော့...။
အရှေ့မှ ကောင်လေးက ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်ပြီး မြင်သွားသည်နှင့် ပျော့ခွေသွားတာကို XZ သတိထားမိလိုက်၏။
မဝေးလှတဲ့ အကွားအဝေးတစ်ခုမှာ Baby ရဲ့ ခန္ဓာကိုယ်လေးကို အချိန်မှီ လှမ်းဖမ်းထားနိုင်ခဲ့သည်။
ကိုယ့်ရင်ခွင်ထဲမှာ အေးအေးဆေးဆေး အနားယူပါ Baby...။
ဘေးကလူတွေ ဘာပြောနေနေ ကိုယ်ဂရုမစိုက်ဘူး...။
ကျောင်းထဲမှ မူးကာ ခွေလဲသွားတော့မယ့် ကောင်လေးကို လှမ်းဖမ်းလိုက်ကာ ကျောထက်သို့နေရာယူစေပြီး ကျောပိုးလျက် ကျောင်းထဲမှ ထွက်လာခဲ့လိုက်၏။
ဘယ်သူ့ကိုမှ ငဲ့မကြည့်အားပါလေ...။
အခုချိန် XZ ခေါင်းထဲမှာ Baby လေး တစ်ယောက်သာ နေရာယူထား၏။
ကျောင်းသားတစ်ချို့ကတော့ ဓာတ်ပုံတွေ ရိုက်သူကရိုက် တစ်ချို့ကဆို ပါးစပ်အဟောင်းသားနှင့် ငေးကြည့်သူတွေက ငေးကြည့်နေကြ၏။
မင်းလေးကို မြင်သူတိုင်းအားကျရအောင် ကိုယ် ဂရုစိုက်ပေးမှာပေါ့... Baby ရယ်...။
ဒါကို "အချစ်" လို့ ခေါ်မလား...?
ဟုတ်မယ်မထင်ဘူးဗျ...။
Baby မျက်လုံးထဲမှာ ကျွန်တော့်ကို တာဝန်ယူစိတ် မရှိတဲ့လူလို့ မထင်စေချင်ရုံသက်သက်ပါပဲ...။
ကျွန်တော်က ဒီလိုဆက်ဆံရေးတွေကိုမှ မယုံကြည်ပဲလေ...။
Advertisement
ဘယ်လိုပြောရမလဲဗျ...။
အခက်အခဲတွေကြားမှာ Baby လေးကို တစ်ယောက်တည်း မရှင်သန်စေချင်လို့...။
ဟုတ်တယ်... Baby ကို ဒီလို အခက်အခဲတွေကြားမှာ တစ်ယောက်တည်း မရှင်သန်စေချင်လို့...။
Baby တစ်ယောက်တည်း မှားခဲ့တာမှ မဟုတ်ပဲလေဗျာ...။
ဒါကို လူသားချင်း စာနာစိတ်လို့ ပြောလို့ရမလား...?
ကျောပေါ်က Baby လေးကို ခေါင်းလေးစောင်းကာ အပေါ်မော့ကြည့်မိတော့ ရင်ထဲမှာ လှိုင်းလေးတစ်ခု ဖြတ်ပြေးသွားလေသည်။
"ဘာခံစားချက်လဲ" လို့မေးရင်တော့ ကျွန်တော် နှုတ်ဆိတ်နေမိမလားပဲ...။
မသိတော့ပါဘူးဗျာ သိဖို့လည်း ကျွန်တော် မကြိုးစားဘူး...။
ဒီအတိုင်းလေးပဲ... ဒီလို ခံစားချက်လေးကိုပဲ ကျွန်တော် သဘောကျနေမိတာလား...?
အခုချိန်မှာ အရေးကြီးဆုံးက ကျောပေါ်က Baby လေး မြန်မြန်နိုးလာဖို့ပါပဲ...။
ကျွန်တော့်အတွက် ဒီ Baby လေးက ဘယ်လောက်ထိ အရေးပါနေပြီလဲ...?
Baby ကို lover seat မှာ သေချာတင်ပေးကာ ခါးပတ်ကိုသေချာပတ်ပေးနေရင်း သူ့ကိုယ်သူ ပြန်မေးမိသည်။
ရိုးရိုးရှင်းရှင်း မေးခွန်းလေးတစ်ခုဖြစ်သော်လည်း...
သူ့ဦးနှောက်ထဲမှာတော့ ဗလာအတိဖြစ်နေတာလည်း ထူးဆန်းနေပြန်သည်။
ဘာအဖြေမှ ထွက်မလာပါလေ...။
အေးလေ... ဘာအဖြေထွက်ရဦးမှာလဲ...?
ကျွန်တော်က ဒီလိုလူတွေကို အယုံအကြည်မှမရှိပဲ...။
Lover seat နေရာကနေ ကားကို ခြေလှမ်းကြဲကြီးတွေနဲ့ တစ်ပတ်,ပတ်ကာလျှောက်လာပြီး driver seat မှာ အကျအနဝင်လိုက်လိုက်သည်။
ကားကို ကျောင်းထဲမှ မောင်းထွက်လာပြီး ဆေးရုံသို့မသွားပဲ စံအိမ်သို့သာ ခေါ်လာခဲ့လိုက်၏။
သူတို့စံအိမ်မှာ family doctor လည်းရှိတာပဲလေ ဆေးရုံဆေးခန်းတွေ သွားစရာမှမလိုအပ်ပဲ...။
"အင်း... ကျွတ်...!"
ကားမောင်းနေရင်း ဘေးက Baby လေးရဲ့ အသံလေးကြောင့် XZ တစ်ချက် လှည့်ကြည့်လိုက်ရင်း...
"Baby မင်း နေမကောင်းသေးဘူးလေ ဆက်အိပ်နေလိုက် ကိုယ် ရောက်ရင်ပြောမယ်..."
ကားမောင်းနေသော လူကြီးကို YB တစ်ချက်ကြည့်မိတော့ တည်တည်ငြိမ်ငြိမ်ပင်...။
ခင်ဗျားက ဘယ်လိုလူမျိုးလဲ Xiao Zhan...?
လူကြီးနဲ့ပတ်သတ်ပြီး YB စိတ်ထဲကနေ ပထမဆုံးမေးမိသော မေးခွန်း...။
ဘေးကနေ ထိုလူကြီးကို YB တွေတွေလေးငေးကြည့်နေမိသည်။
ကျွန်တော့်လုပ်ရပ်တွေ မှားသွားပြီလား...?
တကယ်ဆို လူကြီးနဲ့မှ မဆိုင်ပဲလေ...။
ဒါပေမယ့် ကျွန်တော် ခံစားခဲ့ရတာတွေကရော.....။
ကျွန်တော်မှာတော့ အဲ့ဒီအတိတ်ဆိုးတွေက အိမ်မက်ဆိုးတွေအဖြစ် ညတိုင်းခြောက်လှန့်နေခဲ့တာ...။
ဒါကြောင့် ကျွန်တော် အမှောင်ကိုလည်းကြောက်တတ်လာတယ်...။
မှောင်မဲနေရင် အတိတ်ကအသံတွေက နားထဲကို အလုံးအရင်း ဝင်လာခဲ့လို့...။
ကြောက်တယ်...
အဲ့ဒီ အသံတွေကို...။
ကျွန်တော် ဘယ်လိုတွေ ခံစားခဲ့ရတယ် ၊ အခုရော ဘယ်လိုတွေ ခံစားနေရလဲဆိုတာ ဘယ်သူမှ မသိပါဘူး။
ကျွန်တော် အတိတ်တွေအတွက် လက်စားချေပြီးရင်ရော ဒါတွေက ပျောက်ကွယ်သွားမှာလား...?
ကျွန်တော် လက်စားချေပြီးရင်ရော ကျွန်တော် ပျော်မှာလား...?
ခေါင်းထဲမှာ စဥ်းစားခန်းဖွင့်နေသော်လည်း အဖြေတွေက ဝိုးတိုးဝါးတားသာ...။
Xiao Zhan ခင်ဗျားက သိပ်ရီရတာပဲနော်...
ခင်ဗျား ကျွန်တော့်ကို စိတ်မပျက်ဘူးလား...?
မဟုတ်သေးဘူး...
ကျွန်တော့်လိုကောင်ကို မရွံဘူးလား...?
ဟင့်အင်း... မမုန်းဘူးလား...?
ခင်ဗျားက ဘာကိစ္စကျွန်တော့်အနားမှာရှိနေရတာလဲ...?
ဒီလိုအချိန်ဆို သတင်းစာရှင်းလင်းပွဲတွေ တက်ရမှာမလား...?
စီးပွားရေးကို အလေးမထားတာလား...?
ဒါမှမဟုတ်...
ကျွန်တော်က ခင်ဗျားအတွက် အရေးပါနေလို့လား...?
မဖြစ်နိုင်မှန်း သိနေပေမယ့် ခေါင်းထဲကို တိုးဝင်လာသော အတွေးလေးတစ်ခုပါလေ...။
အတွေးသက်သက်လေး တစ်ခုရယ်ပါဗျာ...။
ဒါပေမယ့် အလိုက်မသိတဲ့ နှလုံးသားတစ်နေရာကတော့ နွေးထွေးသွားသေးတယ်... ဟက်..!
"Baby... ကိုယ့်ကိုကြည့်လို့ ဝ,ပြီလား...? ကိုယ်အဲ့လောက် ချောနေလို့လား...?"
ဘေးကလူကြီးက ပြုံးစ,စနဲ့ မေးတော့ YB သူ မဟုတ်သလို မျက်နှာထားတည်ထားလိုက်သည်။
XZ သူ့ဘေးကနေ သူ့ကို တစ်ချိန်လုံး ငေးကြည့်လာတဲ့ Baby လေးကို ရိပ်မိတာပေါ့...။
ဘာတွေများတွေးနေလို့ မျက်တောင်လေးတောင် မခတ်နိုင်ရတာလဲ...?
Baby ငေးကြည့်နေတာသိတော့ စိတ်ထဲတစ်မျိုးလေးတော့ ခံစားမိလိုက်သေးသည်။
အိမ်ရောက်တော့မှ သူ့ကိုသတိပေးသလို ပြုံးစ,စနဲ့ မေးလိုက်တော့ မျက်နှာလေးက ချက်ချင်းတည်သွား၏။
ရှက်တာကြောင့်လည်းပါမည်ထင်၏ Baby ရဲ့မျက်နှာလေး နဲ့ နားရွက်လေးလည်း ရဲတက်သွားလေ၏။
ဒီလိုလေးမြင်လိုက်ရတော့ အရယ်အပြုံးနည်းတဲ့ ကျွန်တော် နဲနဲတော့ ပြုံးမိသား...။
တစ်လမ်းလုံး ကျွန်တော့်ကို ကြည့်နေတာ သိပေမယ့် အိမ်ရောက်မှ သတိပေးလိုက်တာက နဲနဲတော့ လောဘကြီးသွားသလား...?
တစ်လမ်းလုံး Baby စိတ်ကြိုက်ကြည့်ရအောင် ဘာမှမပြောခဲ့တာလို့ပြောရင် Baby ရယ်နေမလား...?
Aww... မေ့နေလိုက်တာ...။
Babyလေးက ကျွန်တော့်ရှေ့မှာ ဘယ်တော့မှ မပြုံးမရယ်ဖူးဘူးဗျ...။
ကျွန်တော်က မှားခဲ့ဖူးတဲ့လူပဲလေ...။
ဒီရှေ့နေ့ရက်တွေမှာ ကျွန်တော့်ရဲ့ Babyလေးကို ပြုံးရွှင်နေရအောင် ထားပေးမှာပေါ့...။
ဘာလို့ဆို.....
ကျွန်တော့်မှာ တာဝန်ရှိတယ်လေ...။
အိမ်ရောက်တော့ ကျွန်တော် အရင်ဆင်းပြီး Baby ထိုင်တဲ့ ကားတံခါးနားသွားကာ ကားတံခါးကို ဖွင့်ပေးမိ၏။
Baby လေးက ကျွန်တော့်ကို မျက်မှောင်တချက်ကြုတ်ကာ ကြည့်ပြီး ကားပေါ်မှ ဆင်းလာလေသည်။
"ဘယ်နေရာကို ခေါ်လာတာလဲ" ဆိုတဲ့ အကြည့်မျိုးပေါ့...။
"ကိုယ့်အိမ်ပါ" လို့ ပြောလိုက်ရင်ရော...
မင်းလေးဘယ်လိုတုံ့ပြန်မလဲဆိုတာ သိချင်မိသား... Baby ရယ်...။
Advertisement
YB ကားတံခါးအား လာဖွင့်ပေးသော ထိုလူကြီးကို ကြည့်ကာ မျက်မှောင်တစ်ချက် ကြုတ်လိုက်မိ၏။
ဘာလဲ? ဒီလူကြီးက...။
ဒီလို အပြုအမူလေးတွေနဲ့ ငါ့ကို ချည်နှောင်ဖို့ကြိုးစားနေတာလား...?
ပြီးတော့ ဒါကရော ဘယ်နေရာလဲ...?
အိမ်ကြီးကို မြင်လိုက်ရတော့...
ဒါ အဲ့လူကြီးအိမ်လား...?
ဘာလို့ ငါ့ကို ဒီခေါ်လာတာလဲ...?
ငါ့အမှားတွေအတွက် သူ့လက်အောက်မှာ အလုပ်လုပ်ပေးရမှာလား...?
ခေါင်းထဲမှာ မေးခွန်းပေါင်းစုံနှင့် အိမ်ကြီးကို သာ မျက်မှောင်ကြုတ်လျက် စိုက်ကြည့်နေမိ၏။
XZ သူ့ဘေးက Baby လေးကို ကြည့်ပြီး သူတွေးနေဟန်ရှိသော မေးခွန်းလေးတွေကို ဖြေပေးမိ၏။
"ဒါက ကိုယ့်အိမ်လေ...
မင်းလေးက နေမကောင်းတော့ ကိုယ့်အိမ်ကိုပဲ ခေါ်လာလိုက်တာ ကိုယ့်အိမ်မှာ family doctor လည်းရှိတယ် မင်းလေး အေးအေးဆေးဆေး နားလို့ရအောင် ကိုယ် ခေါ်လာတာ... Aww အိမ်ခေါ်လာတာက မင်းလေး အေးအေးဆေးဆေးနားရအောင်လည်းပါတယ်... လာ ဝင်ခဲ့လေ..."
YB သူရှေ့မှ သူ တွေးနေသမျှကို တရစပ် ဖြေပေးသွားသော လူကြီးကို ကြည့်နေမိ၏။
ဒီလူက တကယ် ဘာလားဟ!?
XZ လည်း သူ့ဘာသာဖြေပေးနေပြီးမှ အံသြရ၏။
ဘာလို့ အဲ့လိုတွေ တွေးမိပြီး ဖြေပေးနေရတာလဲ...?
တကယ်ဆို XZ က စကားနည်းတဲ့ လူတွေထဲမှာပါ၏။
အခုလို တရပ်စပ်ပြောပြနေတာကရော ငါ မှဟုတ်ရဲ့လား...?
Baby တွေးနေတယ်လို့ရော ဘာကြောင့်ထင်မိရတာလဲ...?
ဘာလို့ Baby ကို ဖြေရှင်းချက်တွေပေးနေသလို အဖြေတွေပေးနေရတာလဲ...?
XZ ခေါင်းတစ်ချက်သာ ခါထုတ်လိုက်ရင်း အတွေးတွေကို ရပ်တန့်စေလိုက်သည်။
ဘေးက Baby ကတော့ ရုပ်တည်ကြီးနှင့် ကားပေါ်တုန်းက ကျွန်တော့်ကို စိုက်ကြည့်နေခဲ့တဲ့လူက သူ မဟုတ်တဲ့အတိုင်း...။
တကယ့် Baby လေးပါဗျာ.....။
XZ အိမ်ထဲဝင်လာတော့ ဘေးမှာ လူရိပ်တစ်ခုကပ်ပါမလာတာကြောင့် နောက်ပြန်လှည့်ကြည့်မိ၏။
ဘယ်ပါလာမလဲလေ...
Baby လေးက ကားပေါ်ကဆင်းခဲ့တဲ့နေရာအတိုင်း တဖဝါးမှ ခွာမလာလေခြင်း။
XZ သက်ပြင်းအသာချကာ Baby နားသို့သွားလိုက်ပြီး နှစ်ယောက်စာလေးကြားရုံမျှ စကားလေးတစ်ခွန်းဆိုလိုက်မိသည်။
"Baby ကျောင်းထဲတုန်းကလို ကိုယ် ကျောပိုးပြီး ခေါ်သွားရမလား...?"
XZ စကားကြောင့် Baby ကိုယ်လုံးလေး တစ်ချက်တွန့်သွားတာ သတိထားမိလိုက်၏။
XZ သဘောတကျ ပြုံမိပြန်ပါသည်။
သို့သော် ဟန်ဆောင်ကောင်းသော Baby လေးက ကျွန်တော့်မျက်ဝန်းတွေကိုစေ့စေ့ကြည့်လာသောကြောင့် XZ လည်း Baby လေးရဲ့ မျက်လုံးအိမ်လေးကို အလိုက်သင့် ပြန်စိုက်ကြည့်ပေးလိုက်သည်။
Baby ရဲ့မျက်ဝန်းလေးတွေက လှလိုက်တာ...။
မင်းလေးရဲ့မျက်လုံးတွေက မင်းလေးဖြူစင်ကြောင်း ပြောပြနေတယ် Baby...။
မျက်လုံးတွေက ညာလို့မရဘူးတဲ့...။
ဒါဆို ဘာလို့များ ကိုယ့်အကြောင်းတွေစုံစမ်းပြီး ကိုယ့်ကို တိုက်ခိုက်ချင်နေတာလဲကွာ...?
မင်းလေး ကိုယ်တိုင်ပြောလာမယ့်နေ့ထိ ကိုယ်စောင့်ပေးရမလား...?
ရတယ် Baby...
ကိုယ်စောင့်နိုင်တယ်...။
မင်းလေး ဖြူစင်တယ်ဆိုတာ ကိုယ်ယုံတယ်...။
မင်းလေးကိုယ်တိုင်ပြောလာမယ့် အကြောင်းပြချက်ကို ကိုယ် စောင့်နေပေးမယ်...။
Baby ရဲ့မျင်ဝန်းထဲက အဓိပ္ပာယ်ဖော်မရသော လှိုင်းလေးတစ်ခုဖြတ်ပြေးသွားလျက်...။
နားလည်အောင်ကြိုးစားကြည့်မိတော့ အကင်းပါတဲ့ Baby လေးရဲ့ မျက်ဝန်းအိမ်လေးဟာ တစ်ခြားတစ်ဖက်သို့ ရွေ့လျားသွားချေပြီ....။
ကိုယ့်မျက်လုံးတွေကို စေ့စေ့မကြည့်ရဲဘူးလား Baby ရယ်...?
XZ ဒီလိုလူမျိုးတွေကို မယုံကြည်ပေမယ့် လေးလေးကလွဲရင် နောက်ထပ် သူယုံကြည်မိသူက သူ့အရှေ့က Baby လေးများဖြစ်နေမလား...?
YB သူ့ရှေ့ကလူကြီးရဲ့ မျက်လုံးတွေကို ဆက်မကြည့်ရဲတော့တာကြောင့် မျက်ဝန်းအိမ်တွေကို တစ်ခြားနေရာသို့ ပို့လိုက်၏။
ခင်ဗျား မျက်လုံးတွေက ကျွန်တော့်မျက်လုံးတွေကို ထိုးဖောက်ဝင်ရောက်ပြီး တစ်စုံတစ်ခုကိုရှာနေတာလေ...။
အမှန်အတိုင်း ပြောရရင် YB ကိုယ့်ကိုယ်ကို လိပ်ပြာမလုံပေ...။
XZ ရဲ့ ခပ်စူးစူးအကြည့်တွေကို သူရင်မဆိုင်ရဲ...။
တကယ်ဆို ကျွန်တော် မမှားဘူး...။
ကျွန်တော် ဘာလို့များ မှားနေသလို ခံစားနေရတာလဲ...?
ခင်ဗျားတို့ဆိုရင်ရော ကိုယ့်ကို နာကျင်စေခဲ့တဲ့ လူရဲ့တူဆိုရင် သူ့ဦးလေးလောက်မဟုတ်ရင်တောင် သူ့တူကိုလည်းနဲနဲတော့ ပညာပေးချင်တယ်မလား...?
ကျွန်တော် မမှားဘူး...။
ဟုတ်တယ်...
ကျွန်တော် ဘယ်တုန်းကမှမမှားခဲ့ဘူး...။
ကျွန်တော်လုပ်နေတဲ့ အရာတွေအားလုံးက လုံးဝမှန်တယ်...။
ကျွန်တော် ခံစားခဲ့ရတာတွေကို ကျွန်တော်ပဲ သိတယ်...။
ဒါကြောင့် ခင်ဗျားတို့ကို ပြန်ခံစားစေချင်တယ် Xiao Zhan...။
တစ်ဖက်ကိုမျက်နှာလှည့်ကာ အသက်ဝဝရူရင်း ကျလုဆဲ မျက်ရည်ကြည်လေးတွေကို မျက်တောင်လေးနှင့် ပုတ်ကာ ထိန်းလိုက်၏။
ဒီလူကြီးရှေ့မှာ ငါ မျက်ရည်မကျဘူး။
XZ သူ့အရှေ့က Baby လေးရဲ့ အပြုအမူတစ်ခုချင်းစီတိုင်းကို သေချာကြည့်နေမိ၏။
ဒီ Baby လေး ကြည့်ရတာ တကယ်ကို ခေါင်းမာမယ့်ပုံလေးပဲ...။
မျက်နှာကို တစ်ဖက်လှည့်ထားတာကြောင့် Baby ရဲ့ နားရွက်ဖျားနီနီလေးတွေနဲ့ လည်ပင်းရိုးလေးကို အထင်းသားမြင်နေရ၏။
ကိုယ့်မျက်နှာကိုတောင် မကြည့်ချင်တော့တာလား Baby ရယ်...?
အာ... Xiai Zhan ရာ... Xiao Zhan ဘာတွေတွေးနေတာလဲကွာ...?
Baby သူ့မျက်နှာကို မကြည့်လည်း ဘာအရေးလဲ...?
တာဝန်ရှိသူတစ်ယောက်အနေနဲ့ နေမကောင်းတဲ့လူကို အိမ်ခေါ်လာတာလေ...။
အခု နေကောင်းပြီဆိုတော့ ပြန်ပို့ရတာပေါ့...။
ဘာတွေ တွေးနေစရာလိုလဲ...?
Baby ကလည်း အိမ်ထဲ မဝင်ချင်လို့ထင်ပါရဲ့ ကားအနားကနေ တစ်လှမ်းမှရွေ့မလာ...။
XZ ကပဲ နောက်ထပ်စကားတစ်ခွန်း ထပ်ဆိုရလေ၏။
"Baby မင်းလေးနေလို့ ကောင်းသွားပြီလား...?"
YB ထိုလူကြီးကို တစ်ချက်လှည့်ကြည့်ပြီး ခေါင်းညိမ့်ပြလိုက်၏။
သူ ဘယ်လိုပဲခေါ်ခေါ် ထိုအခေါ်အဝေါ်ကို အရေးမစိုက်ချင်တော့...။
ခင်ဗျားက သူတော်ကောင်းယောင်ဆောင်နေတာလား Xiao Zhan...?
ခင်ဗျားရဲ့ အပြုအမူတွေ နဲ့ အပြောချိုချိုလေးတွေကြားမှာ ခင်ဗျားတွေ့ဖူးတဲ့ တစ်ခြားကောင်တွေလိုမျိုး ခင်ဗျားရဲ့ကျော့ကွင်းထဲ ဝင်လာမယ်ထင်နေလား...?
ကျွန်တော် ဘယ်လိုလူလဲဆိုတာ ခင်ဗျားမသိသေးပါဘူး...?
သိလာတဲ့ နေ့ကျရင်ရော ခင်ဗျား ကျွန်တော့်ကို မုန်းသွားမလား...?
အဟက်..! မုန်းပါစေလေ...။
ကျွန်တော်က အဲ့အချိန်ကျရင် ခင်ဗျားအနားမှာရှိနေတော့မှာမှမဟုတ်တာ...။
ခင်ဗျားနဲ့ ဝေးတဲ့တစ်နေရာကို ကျွန်တော် ထွက်သွားမိမလားပဲ...? ဟက်!
ငြိမ်းချမ်းတဲ့ တစ်နေရာပေါ့ဗျာ...။
XZ ရဲ့အမေးကို Baby လေးက ခေါင်းငြိမ့်ပြတာကြောင့် စိတ်သက်သာရာလေးတော့ရသွား၏။
မဟုတ်ရင် Baby နေမကောင်းလို့ဆိုပြီး ကိုယ့်မှာ စိတ်ပူနေမိမလားပဲ...။
ကိုယ့်အပြစ်နဲ့ မကင်းဘူးလို့ ခံစားမိတာ ဘာ့ကြောင့်မှန်းတော့ မသိ...။
ထားပါ... Baby နေကောင်းပြီဆိုတော့ သူသွားချင်တဲ့နေရာ လိုက်ပို့ပေးရမှာပေါ့...။
"Baby ဘယ်သွားချင်သေးလဲ ကိုယ်လိုက်ပို့ပေးမယ်..."
YB ခေါင်းသာ ရမ်းပြလိုက်သည်။
ဒီလိုအချိန်အပြင်မထွက်ချင်ပါ...။
ပြီးတော့ မဖြစ်မနေစကားတစ်ခွန်းကိုလည်း ဆိုလိုက်၏။
"ကျေး ဇူးတင် ပါတယ်..."
XZ နှုတ်ခမ်းပေါ် အပြုံးလေးတစ်ပွင့်ကျရောက်လာ၏။
Baby ကိုယ့်ကို စကားပြောလာပြီပဲ...။
ဒီလိုမျိုး အိမ်ကို ခေါ်လာလို့ စိတ်ဆိုးနေမယ်ထင်ထားတာ...။
"ရတယ် Baby ကျေးဇူးတင်ဖို့မလိုပါဘူးကွာ... Hotel ပြန်ကြမလား... ကိုယ်လိုက်ပို့မယ်..."
XZ စကားလည်း ဆုံးရော YB တစ်ခွန်းမှမတုံ့ပြန်ပဲ ကားတံခါးဖွင့်ကာပြန်တက်ပြီး ကားပေါ်ထိုင်နေလေ၏။
ဒီ Baby လေးကတော့လေ...။
XZ ပြုံးကာ "မနိုင်ဘူး" ဆိုသည့်သဘောနှင့် ခေါင်းလေးအသာယမ်းမိ၏။
ပြီးမှ သူလည်းမောင်းသူနေရာဝင်ထိုင်ကာ အိမ်တော်ကြီးဆီမှ Hotel သို့ ပြန်လည်ထွက်ခွာလာခဲ့ကြသည်။
💓💓💓💓💓💓💓💓💓💓💓💓💓💓
အဆိုးလေးတစ်ယောက် မှန်တံခါးအပြင်ဘက်မှနေ၍ မှန်တံခါးနားကပ်လာကာ ချောင်းကြည့်နေသော ဒေါက်တာလေးရဲ့နှုတ်ခမ်းနေကာတည့်တည့်ကို မှန်လေးတစ်ချက်ခြားကာ kiss ပေးလိုက်၏။
ဒေါက်တာလေးကတော့ အံ့သြသွားဟန်ရှိပြီး မျက်နှာရော နားရွက်လေးတွေပါ နီရဲသွားလေသည်။
"ရွှယ်ရန်" ကတော့ ဒေါက်တာရှင်းချန် ရှက်နေပုံလေးကို သေချာကြည့်ကာ မဆီမဆိုင် တံတွေးတွေမျိုချနေမိ၏။
ဒေါက်တာလေးက ခုမှသတိရတဲ့ဟန်လေးနဲ့ တံခါးလေးကို အယောင်ယောင်အမှားမှား ဖွင့်ပေးလာတော့ "ရွှယ်ရန်" လည်း ဒေါက်တာလေးရဲ့ရုံးခန်းထဲ ဝင်လာခဲ့၏။
အရှေ့မှသွားနေသော ဒေါက်တာလေးရဲ့ နောက်ကျောပုံကို မြင်နေရသည်ကပင် သူ့စိတ်ထဲမရိုးမရွဖြစ်လာရသည်။
ဒေါက်တာလေးက သူ့ခုံပေါ်မှာ ထိုင်ပြီး ကျွန်တော့်ကိုတော့ သူ့ရှေ့ကထိုင်ခုံမှာ လက်ဟန်ပြပြီး ထိုင်စရာပေး၏။
ဟင့်အင်း... ကျွန်တော်က အဲ့လိုထိုင်ချင်တာမဟုတ်ဘူးဗျ...။
"ရွှယ်ရန်" လည်း ကိုယ့်အတွေးကိုယ်နဲ့မို့ အလိုမကျဟန် မျက်မှောင်ကြုံ့လိုက်ပြီး ဒေါက်တာလေးအနားသို့ တစ်လှမ်းချင်း လျှောက်လာလိုက်သည်။
ဒေါက်တာရှင်းချန်ကတော့ "ဘာလဲ" ဆိုသည့်သဘောနှင့် မျက်လုံးလေး ပြူးပြီး သူ့ကို ပြန်ကြည့်နေလေ၏။
"ရွှယ်ရန်" တစ်ယောက် ဒေါက်တာလေးထိုင်နေသော ထိုင်ခုံလေးရဲ့ လက်ရန်းနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ ထောက်လိုက်ပြီး ခါးလေးကိုညွှတ် ခေါင်းလေးကိုငုံ့ကာ ဒေါက်တာလေးရဲ့မျက်နှာကို နေရာမလပ် စူးစိုက်ကြည့်နေမိလိုက်သည်။
အောက်ကထိုင်နေသော ဒေါက်တာလေးကတော့ ထ,သွားလို့လည်းမရတာကြောင့် မျက်လုံးလေးကလည်ကလည်နှင့်သာပြန်ကြည့်နေရှာ၏။
"ကျွန်တော် ဒေါက်တာ့ကို ချစ်တယ်..."
"ရွှယ်ရန်" နှုတ်ခမ်းဖျားက ထွက်ကျလာသော စကားလေးတစ်ခွန်း...။
ဒေါက်တာလေး အံ့သြနေသလို ကျွန်တော့်ကိုကြည့်နေပုံက အသဲယားစရာ...။
စိတ်မထိန်းနိုင်တော့တာကြောင့် ဒေါက်တာလေးရဲ့ နှုတ်ခမ်းပါးလေးကို ငုံထွေးလိုက်မိ၏။
ပထမကြောင်အ,သွားသော်လည်း ခနကြာတော့ အနမ်းတို့ တုံ့ပြန်လာတာကြောင့် "ရွှယ်ရန်" ဘယ်လိုမှ စိတ်မထိန်းနိုင်ပဲ အူယားလွန်း၍ ဒေါက်တာ့နှုတ်ခမ်းလေးကို ကိုက်ချလိုက်မိတော့သည်။
"အ့!"
ဒေါက်တာလေးရဲ့အသံလေးက ချိုသာလိုက်တာ...။
ဒီလိုအသံလေးတွေထပ်ကြားချင်တယ်ဆိုရင်ရော ဒေါက်တာလေး ခွင့်ပြုမှာလား...?
အနမ်းမိုးတွေ တရပ်စက်ရွာသွန်းပြီးမှ အသက်ရှုမဝတော့တဲ့ ဒေါက်တာလေးရဲ့တွန်းဖယ်လာတဲ့ လက်သေးသေးတွေကြောင့် "ရွှယ်ရန်" မလွှတ်ချင်လွှတ်ချင် လွှတ်ပေးလိုက်ရ၏။
"ဒေါက်တာရော ကျွန်တော့်ကို ချစ်တယ်မလား..?"
"ရွှယ်ရန်" ရဲ့ မေးခွန်းမ,မည်သော မေးခွန်းလေးမေးလိုက်တော့ ဒေါက်တာလေးက ရှက်ပြုံးလေးပြုံးကာ ခေါင်းငြိမ့်ပြ၏။
ပျော်လိုက်တာဗျာ...။
ဒီကမ္ဘာမှာ အပျော်ဆုံးလူသားကို ပြပါဆိုရင် ကျွန်တော်ပါလို့ ဖြေလိုက်ချင်တယ်...။
ထိုင်ခုံပေါ်မှာ ထိုင်လျက်သား ရှိနေသေးတဲ့ ဒေါက်တာလေးကို ခါးမှကိုင်ကာ ချီရင်း စားပွဲပေါ်တွင် ထိုင်စေလိုက်၏။
"ပါးစပ်ကဖြေလေဗျာ... ကျွန်တော့်ကို "ချစ်တယ်" လို့..."
အဖြေကိုသိပြီးသားဆိုပေမယ့် ချစ်ရသူရဲ့နှုတ်ခမ်းမှ ဖွင့်ဟသော ချစ်စကားလေးတွေကို ကြားချင်တာဟာ ချစ်ရသူတိုင်းရဲ့ ဆန္ဒတစ်ခုမဟုတ်ပါလားလေ...။
"ကိုယ် မင်းကို ချစ်တာ မဟုတ်ဘူး...
ကိုယ်က အဲ့ဒီထက်ကို ပိုတယ်..."
ပထမစကားကြောင့် "ရွှယ်ရန်" မျက်နှာမှာ ဝမ်းနည်းရိပ်သမ်းသွားသော်လည်း ဒုတိယစကားကြားချိန်မှာတော့ မျက်နှာလေးဝင်ပသွားလေတော့သည်။
"ချစ်လိုက်တာဗျာ..."
ထို့နောက် အသစ်စက်စက် ချစ်သူနှစ်ယောက် အချစ်ကိုသက်သေတည်ကာ အနမ်းတစ်ပွင့်ကို လှပစွာပုံဖော်လိုသည့်အတွက် နှုတ်ခမ်းနှစ်ခုကို ဂဟေဆက်လိုက်ရင်း တရှိုက်မတ်မတ်နမ်းရှိုက်ကြလေတော့သည်။
အဖြူရောင် ရုံးခန်းလေးဟာလည်း အခုတော့ အချစ်တွေနှင့် ပြည့်နှက်နေသော ပန်းရောင်ရုံးခန်းအဖြစ် ပြောင်းလဲသွားတော့သည်။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 4400 words 💞
Royal ရေးတဲ့ fic လေးကို ဖတ်ရတာ ဘယ်လိုနေလဲ ပြောခဲ့ကြပါဦးနော် 😍
ကျန်းမာရေးဂရုစိုက်ကြပါဗျ ❤
Thanks you all...💌💞
💞 ချစ်ခင်လေးစားလျှက် 💞
K.Royalwhite💌💞🤍
Dec 21,2020 (Updated Day) 🖤✨
Zawgyi
"သား ကျန့်ကျန့် ခန..."
Advertisement
- In Serial1453 Chapters
Her Eternal Mr.Right
The famous Bai family's fourth youngest in North City was slept with by a dumb little white rabbit? The fourth young man forcibly married the person home in a fit of rage, "Little thing, how dare you run away after messing with me?" "You are the big bad guy, I don't want to marry!" "Master wants to marry, you dare to say no?" Four young peach blossom eyes narrowed, wolf light, directly pounced on the little white rabbit, eat dry.
8 555 - In Serial60 Chapters
The rightful Luna
*'I-I am sorry your highness I touched ...!' She was trying to apologize, but she fell silent as she could not utter with her mouth that she accidentally touched his lips.'But I am not sorry!' He said calmly looking straight at her. What was she supposed to say after hearing his words?'I did not mean to touch your highness's ...' she said with great difficulty.'That was not a touch.' He said not permitting her to brush it off as an accident, even though it clearly was.'It was a kiss.' He said with a hoarse determined voice.She widened her eyes, as her face flushed even more than it did when she realized what she had done. He dared to say the word she avoided.'That was not! I...' she tried to refute. 'What is a kiss Celia?' She could not answer. How could she say the definition of a kiss with her own mouth, it would only confirm his words.*'It was an accident. I am truly sorry, I did not mean any discourtesy towards your highness. If I can make up for my error somehow?' She quickly said. She did not know of his personal life, as he had a tight security around him and nobody knew much of the king outside official visits and business. He must have felt insulted.'Please don't call it an accident. For a first kiss of a person to be called an accident ...' He said again with a dejected tone, but did not continue. It was like he had already gotten his point across.'Ahhh. I am so sorry! It really was an ...' She wanted to say accident but, because of his pleading she could not actually say it. To have committed the blame of taking the king's first kiss and then not acknowledging it, how would he think of her?At this point she did not even realize that their roles had reversed, or that it was her first kiss also.PS: If you like loyal mates... then please proceed further :D
8 2240 - In Serial33 Chapters
The Beast's Love
***The full version of this story will be pulled from Wattpad on Aug 6th. You will then find it on Dreame under the name, Her Forever. Author Name Veronica Fox***Sadie is a 19 year old innocent girl with very few friends. She longed for a love of her own and a new life other than in the small town she lived in. Once her Aunt Maria died she goes to a cabin that she inherited to find a new life. Not only does she find a new life, a mate and a whole supernatural world, she finds herself. No longer innocent and naive she becomes a kick-ass strong heroine destined to save a kingdom and realm she never knew. She is able to tame the wildest beasts, such as her mate, Alpha Seth of the Warrior Pack. He is ruthless, cut throat and covered in tattoos. No one dares steps in his path, but sweet Sadie calms him and he knew one thing. He wanted her and make her scream his name. *Book one of the Bergarian Series**Warning for strong language. *Mature Scenes
8 255 - In Serial14 Chapters
Every book I've ever published.
Discover and explore all the books I have published on Wattpad. A total of seven books and all of them are different. Stop by and see what you like.Titles/works (in no particular order)~How I met my worst Enemy~When I fell for my worst Enemy~A Gorgon and her fairytale~The Beauty, the Maiden, and the Bane~Running with the wolves~Walking with the Vampire~Flying with the Dragons
8 116 - In Serial6 Chapters
Tirano |ChanBaek|
Baekhyun es el dueño irremediable del corazón de Chanyeol, pero también es un tirano de lo peor que piensa que el mundo gira alrededor de él, siempre coquetando con cualquiera o demostrando se superioridad en los asuntos sociales. Cansado de verse como un tonto para quien consideraba el amor de su vida, Chanyeol decide terminar la relación, lastima que Baekhyun no piense dejarlo ir tan fácil y que cada intento que hacer por ganárselo otra vez resulta aun peor que el otro.Moonloey01 © 20 de Febrero 2018. 09 de Marzo 2018.🍒Extensión: Seis partes.🚗Género: Comedia, romance, leve drama.🌶Advertencias: Un Baekhyun tirano que arruina todo.✨Actualizaciones cada dos días.✨
8 224 - In Serial69 Chapters
Never Kiss Your Roommate
Never Kiss Your Roommate is now published as a Wattpad Book! As a Wattpad reader, you can access both the Original Edition and Books Edition upon purchase.Falling in love with your roommate is never a good idea, but when Evelyn has to share a room with the mysterious and alluring Noelle, tension soon turns into a dangerous attraction. *****Evelyn's new roommate doesn't exactly project a warm, welcoming vibe. Noelle is intimidating but impossible to resist. The electric tension between her and Noelle soon pushes Evelyn to do something she can't come back from - kissing her roommate. Everyone at Seven Hills, the most exclusive boarding school, knows that Unwritten Rule No. 1 is to never kiss your roommate. And it's not the only rule Evelyn is going to break with Noelle. Their recklessness fuels an anonymous gossip blog and revives a dangerous past - but maybe with the help of their misfit friends, love can beat all odds. Content and/or trigger warning: This story contains scenes of sexual activity, violence and homophobia, and mentions rape and sexual coercion, which may be triggering for some readers.
8 157

