《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 10
Advertisement
Unicode
"ကျွန်တော်တို့ ဒီကိစ္စကိုမေ့လိုက်ကြရအောင်"
"ဟင်..."
တိတ်ဆိတ်နေသော အခန်းငယ်လေးထဲသို့ YB ရဲ့အသံဩဩလေးက ပထမဦးဆုံး တိုက်ဖျက်လိုက်၏။
XZ က သူ့ကို မယုံနိုင်သလိုကြည့်ကာ "ဟင်" တစ်လုံးသာ ဆိုလျက်...။
XZ က ကုတင်ဘေးက အခန်းရဲ့နံရံမှာ ခပ်လျော့လျော့လေး မတ်တပ်ရပ်လျက်မှီနေပြီး YB ကတော့ ကုတင်အစွန်းမှာ တင်ပျဥ်ခွေကာ ထိုင်လျက် ရှိနေကြ၏။
"ဘာလဲ...? ခင်ဗျားက ဒီကိစ္စကြီးကို မှတ်သားထားချင်လို့လား...? နှစ်ယောက်လုံး ယောကျာ်းလေးတွေပဲဗျာ... စိတ်ပါသွားလို့ ဖြစ်သွားတယ်ပဲ သဘောထားလိုက်ပါ..."
ခံရတဲ့ YB က ခပ်ပေါ့ပေါ့ ပြောနေသော်လည်း XZ ကတော့ တစ်ခွန်းမှ ဝင်မပြောနိုင်သေးပေ...။
နံရံကို ခပ်လျော့လျော့လေးမှီကာ လက်ကလေးပိုက်လျက် ထို Baby လေး ပြောသမျှနားထောင်နေမိ၏။
(**ဟက်! ဒီ Baby လေးက မလွယ်ကြောပဲ...**)
နှစ်ယောက်စလုံး နေ့လည်လောက်မှာ နိုးလာကြသော်လည်း အမှတ်တမဲ့ ဖြစ်ခဲ့တာမျိုး မဟုတ်တာကြောင့် အခြေအနေတွေက ရုပ်ရှင်ထဲကလို အလန့်တကြားဖြစ်မသွားကြ...။
တစ်ယောက်ကိုတစ်ယောက် ရှိန်းတိန်းတိန်းတော့ဖြစ်မိကြသား...။
နှစ်ယောက်စလုံး အင်္ကျီ၊ဘောင်းဘီတွေအစုံကောက်ဝတ်ပြီးမှ YB က အခန်းရဲ့ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ခြင်းဖြစ်သည်။
ညက XZ လည်း ကိစ္စပြီးတော့ Baby ကို ရေချိုးသန့်စင်ပေးခဲ့သည့်အတွက်ကြောင့် နှစ်ယောက်လုံး နိုးလာတော့ Barthroom ဝတ်စုံအဖြူကြီးနဲ့သာ နိုးထ,လာကြ၏။
နောက်မှ အင်္ကျီဘောင်းဘီအစုံ ပြန်ဝတ်ထားကြကာ စ,ပြောရမည့်စကားကို ရှာနေပေမယ့် XZ လည်း ဘာကစ,ပြောရမှန်းမသိဖြစ်နေလေ၏။
Yibo ဘက်ကသာ မေ့ပစ်ဖို့ စကားစ,လာ၏။
ယောကျာ်းလေးတွေပဲ ဆိုတဲ့အသိကလည်း နှစ်ယောက်လုံးရဲ့ခေါင်းထဲမှာ နေရာယူထားကြလျက်...။
YB ပြောလို့ပြီးမှ XZ က နံရံနားကနေ YB အနားသို့ တစ်လှမ်းချင်း လျှောက်လာကာ ပါးစပ်မှလည်း...
"Baby... အခြေအနေတွေက လွန်ကုန်ပြီ...
ဒါကြောင့် ကိုယ်တာဝန်ယူတယ်...
မင်းအခုဘာဖြစ်ချင်လဲ ဘာလုပ်ချင်လဲ ကိုယ့်ကိုပြော..."
အေးအေးဆေးဆေးပဲ ပြောနေတဲ့ လူကြီးရဲ့စကားကြောင့် YB မျက်လုံးတစ်ချက်ဝင့်ကြည့်လိုက်ကာ...
"ဒီကိစ္စကိုမေ့လိုက်ကြမယ် အစပြန်မဖော်ပါနဲ့ ပြီးတော့ ကျွန်တော့်ကို Baby လို့မခေါ်နဲ့ ကျွန်တော့်နာမည်က Wang Yibo...!"
ပြောချင်ရာပြောပြီး အခန်းထဲကနေ ထ,ထွက်သွားတဲ့ Baby လေးရဲ့ကျောပြင်လေးကို XZ တွေတွေလေးငေးကာ ကျန်ခဲ့၏။
စိတ်ဆောင်ရာ ခေတ္တခနမျှ ဆွဲထားချင်တဲ့ စိတ်ကြောင့် လက်တစ်ဖက်က လေထဲသို့ အနည်းငယ်မြောက်တက်လာသော်လည်း ပြောစရာ စကားလည်းမရှိတော့သည့် အခြေအနေ...။
(**Aww... မေ့နေလိုက်တာ မင်းက မင်းပါးပါးနဲ့ တစ်ပုံစံတည်းပဲကိုး...
အဟက်..! ငါက နစ်နာသွားတာမှမဟုတ်ပဲ...
ပြီးတော့ ယောကျာ်းလေးချင်းပဲလေ....
မင်းကတောင် မေ့ဖို့ပြောတာ ငါက ဘာလို့မမေ့နိုင်ရမှာလဲ.....?**)
XZ ခပ်ချဥ်ချဥ်တွေးလိုက်ရင်း မဲ့ပြုံးတစ်ခုကို ချိတ်ဆွဲလိုက်သော်လည်း ရင်ဘက်တစ်နေရာက ဆို့တက်လာတဲ့ ခံစားချက်ကိုတော့ မငြင်းဆန်မိပါလေ...။
အခြေအနေတွေက မြန်ဆန်လွန်းခဲ့သည်။
အခုတော့ သူတို့နှစ်ယောက်က ဘာတွေဖြစ်ကုန်မှန်းပင် မခန့်မှန်းတတ်တော့...။
ဆေးမိနေတဲ့သူ့ကို စိတ်ပါသွားတာတစ်ခုတည်းနဲ့ သူ့လူပျိုရည်ရင်းခဲ့တာလား...?
ဘာတွေလဲ...?
မင်းနဲ့ မင်းပါးပါးက ငါတို့တူဝရီးနှစ်ယောက်ကို အချိန်ပြည့် ဒုက္ခပေးချင်နေကြတဲ့သူတွေပဲ...။
အဟက်..! ငါက Gay တွေကို အယုံကြည်မရှိဘူး ကောင်လေး...။
(A/N - Fic အရဖတ်ပေးကြပါ✌🏻)
ငါ အရိုးစွဲအောင် မှတ်ထားခဲ့တဲ့ သင်ခန်းစာအတိုင်း B to B Relationship တွေက အပျော်တွေပဲလေ...။
မင်းကလည်း အဲ့ဒီလိုလူတွေထဲက လူတစ်ယောက်ပဲဖြစ်မှာပါ...။
ဘာရယ်မဟုတ် အောင့်တက်လာတဲ့ ရင်ဘတ်ကို လက်နဲ့အသာဖိကိုင်ရင်း မဲ့ပြုံးတစ်ခုကတော့ မျက်နှာထက်တွင် ချိတ်ဆွဲထားမြဲ...။
ငါဆိုတဲ့ Xiao Zhan က မပျော့ညံ့ဘူး...။
...................................
YB အခန်းထဲမှာ ကြာကြာမနေချင်တော့တာကြောင့် ပြောချင်ရာပြောပြီး အရင်ထွက်လာခဲ့၏။
ယိုင်ချင်နေသော ခန္ဓာကိုယ်က နာကျင်မှုတွေက မပျောက်နိုင်သေးပေ...။
Xiao Zhan ရဲ့ "ကိုယ်တာဝန်ယူတယ်" ဆိုတဲ့ စကားက နားထဲ တဝဲဝဲလည်လည်ဖြစ်လာပြန်၏။
အဲ့ဒီလူကြီးရဲ့ "ကိုယ် တာဝန်ယူတယ်..." ဆိုတဲ့ စကားကြောင့် ဘယ်လောက်ထိ ဝမ်းသာဝမ်းနည်းဖြစ်သွားရလဲ ဆိုတာ သူကိုယ်တိုင်သာသိသည်။
ကျွန်တော်က ခင်ဗျားတာဝန်ယူမယ်ဆိုတဲ့စကားနဲ့ မတန်တဲ့ ကောင်ပါ...။
ခင်ဗျားကို အကြံတစ်ခုနဲ့ ကပ်လာတယ်ဆိုတာ သိရင်ရော ခင်ဗျား ဒီလိုစကားပြောထွက်ပါဦးမလား...?
အဟက်..! ခင်ဗျားဆိုတာကလည်းလေ...
ဆေးမိနေတဲ့လူကို မြူစွယ်ခဲ့တဲ့ ကောင်ကိုများ တာဝန်ယူပေးမှာတဲ့လား...?
မေ့နေလိုက်တာ...
ခင်ဗျားမှာ ပိုက်ဆံရှိတာပဲ...။
ပိုက်ဆံနဲ့ပဲ တာဝန်ယူပေးပြီး ဖြစ်ခဲ့တာတွေကို နှုတ်ပိတ်ခိုင်းမှာလား...?
ခင်ဗျားရဲ့ "ကိုယ် တာဝန်ယူတယ်..." စကားအပေါ် ခနတာသာယာမိတာ ကျွန်တော်က တော်တော်ရူးမိုက်တာပဲ...။
မနက်ခင်း ကျွန်တော် နိုးလာတော့ ခင်ဗျားရဲ့ ရင်ခွင်ကျယ်ကြီးထဲမှာ အိပ်စက်ရတာ နွေးထွေးပြီး လုံခြုံမှုရှိတယ် လို့ ခံစားစေမိတာတွေကိုရော ဘယ်သူသိနိုင်မှာလဲ...။
ခင်ဗျား ကျွန်တော့်ကို တာဝန်ယူပေးစရာ မလိုပါဘူးဗျာ...။
Advertisement
စိတ်တော့မကောင်းဘူးဗျ.....။
ခန္ဓာကိုယ်ရင်းပြီး ခက်ခက်ခဲခဲရလာတဲ့ ဒီအခွင့်အရေးကိုတော့ ကျွန်တော် လက်လွတ်ခံမှာ မဟုတ်ဘူး...။
ကျွန်တော့်မှာလည်း ကျွန်တော့်ခံစားချက်တွေနဲ့ ကျွန်တော်ပါပဲ...။
ခင်ဗျား နားမလည်လည်း ဘာမှမဖြစ်ဘူး။
ခင်ဗျား နားလည်အောင်လည်း ရှင်းပြနေမှာ မဟုတ်လို့...။
ငယ်ငယ်ကတည်းကပတ်ဝန်းကျင်ကြောင့် ရလာတဲ့ Psycho တစ်ခုကို ခင်ဗျား အပေါ်လက်စားချေရင်း ပြန်ခံစားစေချင်တာဆိုရင်ရော ကျွန်တော် လွန်သွားမလား...?
ဝဲတက်လာတဲ့ မျက်ဝန်းက အရည်ကြည်လေးတွေကို မျက်တောင်နဲ့ပုတ်ကာ ထိန်းလိုက်ရင်း တစ်ယောက်သောသူကိုလည်း ကျောခိုင်းထားလျက်...။
ကျွန်တော် ခံစားခဲ့ရတာတွေကို ခင်ဗျားကိုလည်း ခံစားစေချင်တယ်...။
ဒီအတွက် လျော်ကြေးကတော့ ကျွန်တော့်ခန္ဓာကိုယ်ကို ခင်ဗျား တစ်ခါထိတွေ့ခွင့်ရခဲ့တာပေါ့... ဟက်!
ခင်ဗျား ခံနိုင်ရည်ရှိမှာပါ...။
ဒါက အစပဲရှိသေးတာ...။
YB နှုတ်ခမ်းလေးတစ်ဖက် ကော့တက်သွားအောင် လှလှပပ ပြုံးလိုက်သော်လည်း အတွေးတွေကတော့ မလှပခဲ့တာ သူကိုယ်ပဲသိသည်။
.................❤....................
**ခွမ်း!!**
အခန်းတစ်ခုထဲရှိ အလှပန်းအိုးကြီးက ပိုင်ရှင်အလိုမရှိတော့သောကြောင့် ဟိုတစ်စဒီတစ်စ ပြန့်ကြဲသွားလျက်...။
ကိုယ်သိနေတယ် မင်း တစ်ခုခုလုပ်တော့မယ်ဆိုတာ ဘယ်ဘဝကအငြိုးတွေလဲကွာ...!
ဟိုးအရင်ကလည်း ခံစားခဲ့ရတာ ကိုယ်တို့တူဝရီးပါကွ !!
မင်းပါးပါးပြီးတော့ မင်းကပါ ထပ်ပြီးခံစားစေချင်တာလား...?
ကိုယ် မင်းအပေါ် မှားခဲ့တယ်...
ဟုတ်တယ်...
ဒါပေမယ့် ဆေးမိနေတဲ့ ကိုယ့်ကို မင်းပဲလာဆွခဲ့တာလေ ကလေးရာ...။
မင်း သက်သက်အပျော်လာရှာမှန်း သိသိကြီးနဲ့ "တာဝန်ယူမယ်" လို့ ထွက်သွားမိတဲ့ ကိုယ့်ပါးစပ်ကြီးကိုလည်း အံ့သြလို့မဆုံးဘူး။
ကိုယ့်ကို Gay လို့ထင်စေတာ Gay ဆိုပြီး အပြောခံရမှာ ရွံရှာတဲ့မျက်လုံးတွေနဲ့ အကြည့်ခံရမှာ ခုချိန်မှာ အရေးမကြီးသေးဘူး။
တာဝန်မယူနိုင်တဲ့သူဆိုပြီး အပြောခံရမှာလည်း ကိုယ်မမှုဘူး...။
မင်းနဲ့ ပတ်သတ်လာရင် ဘာမှအရေးမကြီးတော့သလို ခံစားချက်ကြီးကလည်း ကိုယ့်ကို လွှမ်းမိုးနေတာ အံ့သြစရာပဲ...။
ဒီသတင်းတွေအတွက် မင်းကရော... မင်းကရော... ဘယ်လိုဆက်ရပ်တည်မှာလဲ... Baby ရယ်...?
မင်းက ကိုယ့်ဘဝကိုအညွှန့်ချိုးပြီး ကိုယ့်ကိုတိုက်ခိုက်ချင်တာလား...?
မင်းလေးက သိပ်ရူးတာပဲ Baby ရာ...။
အပြင်လောကကြီးက မင်းထင်သလောက် လွယ်ကူနေမယ်ထင်လား...?
မင်းဒီလို ပုံစံနဲ့ အပြင်သွားရင် မင်းခံနိုင်ရည်ရှိပါ့မလား...?
ဒီလိုအခြေအနေတွေဖြစ်လာအောင် မင်းက ဖန်တီးထားမှတော့ မင်းလေးက ခံနိုင်ရည်မွေးထားမှာပေါ့လေ...။
ဒါပေမယ့် အရာအားလုံးက မင်းထင်သလို လွယ်ကူမနေဘူး။
ကိုယ်က ဖြေရှင်းလိုက်ရင် ခနပါကွာ...။
ဒါပေမယ့် မင်းလေးဘဝကိုအမဲစက်တစ်ခုလိုမျိုး ကပ်ပါသွားမှာကိုတော့ ကိုယ်မလိုလားဘူး...။
မင်းတို့လို လူမျိုးတွေကို မယုံသင့်မှန်း ကိုယ်သိတယ်... မင်းကိုလည်း ကိုယ်မယုံဘူး...
မင်းကို ယုံကြည်ဖို့ကြိုးစားနေတဲ့ ကိုယ့်ကိုယ်လည်း မယုံတော့ဘူး။
တကယ်တော့ YB လုပ်တော့မယ့် အရာတွေအကုန်လုံးက စုံထောက်ကနေတစ်ဆင့် XZ ဆီကြိုရောက်နေပြီးသား...။
အခုလည်း သူလေးဆီက ဓာတ်ပုံတွေနဲ့ caption ကိုစိတ်ကြိုက်ရေးထားတဲ့ စာသားတစ်ချို့...။
မဖြန့်ရသေးပါဘူးလေ...။
ကိုယ့်လက်အောက်ကလူတွေဆိုတော့ ကိုယ့်ကို အရင်တင်ပြကြတာပေါ့...။
ကိုယ့်ဘာသာ ထွက်နေတဲ့ ဒေါသတွေတောင် ကြက်ပျောက်ငှက်ပျောက်...။
ဓာတ်ပုံတွေကြောင့်လည်းမဟုတ်သလို သူရေးထားတဲ့ caption ကြောင့်လည်း ဒေါသထွက်ရခြင်းမဟုတ်...။
ဘာခံစားချက်ကြီးမှန်းမသိ ဘာကိုဒေါသထွက်နေမှန်းမသိတဲ့ ခံစားချက်ကြီးက တော်တော်တော့ခွကျသား...။
ဘာပဲဖြစ်ဖြစ် လုပ်ရဲရင်ခံရဲရမှာပေါ့လေ...။
ဘာလို့ ဒီလိုတွေ ကိုယ့်ကို လိုက်ပြီးတိုက်ခိုက်ချင်နေတာလဲဆိုတာလေးတော့ ကိုယ်သိခွင့်ရှိမယ်မလား...?
စိတ်တွေက ဆောက်တည်ရာမရှိ...။
ဟိုဟိုဒီဒီပြေးလွှားနေလျက်...။
မင်းလေးဓာတ်ပုံမှာ ဝါးထားပေမယ့် မင်းလေးရေးထားတဲ့ Caption ကြောင့် မင်းလေးကို ထိခိုက်မှာတော့ စိုးရိမ်မိတယ် Baby ရယ်...။
..................💚..............
ခင်ဗျားကို ခံစားကြည့်စေချင်တယ်...။
ဘယ်လိုတွေ အပြောခံရတယ်...။
ဘယ်လို အကြည့်တွေနဲ့ အကြည့်ခံရတယ်...။
ဘယ်လိုတွေ နာကျင်ရတယ်ဆိုတာတွေကို...။
ဒါပေမယ့် ခင်ဗျားက ဒီလိုတွေ ခံစားရပါ့မလား...?
ခင်ဗျားက အရင်ကျွန်တော်ခေါ်ပေးထားတဲ့ ကောင်လေးနဲ့တောင် အဆင်ပြေသေးတာပဲ...။
ဟက်..! ကျွန်တော့်လုပ်ရပ်က နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်သား...။
ဒါပေမယ့် ခင်ဗျားကို နည်းနည်းတော့ ထိခိုက်စေနိုင်တယ်မလား...?
ခင်ဗျားကိုရော ပြီးတော့ ခင်ဗျား စီးပွားရေးရော အနည်းနဲ့အများ လျော့ကျသွားစေမှာတော့ မြင်ယောင်မိသေးတယ်...။
ကျွန်တော့်နေရာကို ဘယ်သူမှ ဝင်မခံစားပေးနိုင်ကြပါဘူး...။
ဘယ်သူမှ နားလည်မှာမဟုတ်ဘူး။
တစ်ချိန်က နာကျင်မှုတွေ Gay ဆိုတဲ့ အခေါ်အဝေါ်ကြားမှာ Psycho တစ်ခုလို ဖြစ်တည်လာခဲ့တာတွေ...။
အဲ့အချိန်က စ, နောက်ခံရတဲ့ စကားတွေက အခုချိန်ထိ အိမ်မက်ဆိုးတစ်ခုလို ခြောက်လှန့်နေတုန်းပဲ...။
ချွေးစေးတွေနဲ့ ကြောက်ကြောက်လန့်လန့် နာနာကျင်ကျင် နဲ့ နိုးထ, ခဲ့ရတဲ့ မနက်ခင်းတွေ...။
ခင်ဗျားကို ပြန်ခံစားစေချင်တယ်လို့ပြောရင် ကျွန်တော် လောဘကြီးနေမလား...?
ကျွန်တော့်ကိုယ်ထိခိုက်ရင်တောင် ကျွန်တော် လက်မလျှော့တော့ဘူး...။
ကိုယ် စ,ခင်းခဲ့တဲ့ဇာတ် ကိုယ်ပြီးအောင် က,ပေးရမှာပေါ့လေ...။
ခင်ဗျားနဲ့ပတ်သတ်ပြီး ဖြစ်တည်လာတယ်ဆိုတဲ့ ခံစားချက်တွေက အပျော်သက်သက်ပါ...။
ဟုတ်တယ်... အပျော်သက်သက်ပဲ...။
ဟက်..! နှလုံးသားနဲ့ရင်းပြီး ကစားခဲ့တဲ့ ကစားလေးပွဲလေးက ပျော်စရာတော့ကောင်းမှာပါ...။
Advertisement
💓💓💓💓💓💓💓💓💓💓💓💓💓💓
"ရွှယ်ရန်" တစ်ယောက် ဒေါက်တာလေး အခန်းထဲ ဝင်မယ်အလုပ် အခန်းတံခါးရဲ့ လေးထောင့်မှန်လေးကနေ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကြက်သေသေနေလျက်...။
ဒေါက်တာလေးက တဘတ်လေးတစ်ထည်ကို ခါးမှာ ပတ်ထားပြီး အပေါ်ပိုင်းဗလာနှင့် ရုံးခန်းရဲ့ရေးချိုးခန်းလေးထဲက ထွက်လာနေ၏။
ဘယ်လိုကိစ္စများကြောင့် အနီးနားက တိုက်ခန်းတောင် မပြန်နိုင်ပဲ ရုံးခန်းထဲမှာ ရေချိုးနေပါလိမ့်...။
သတိဝင်လာတော့ "ရွှယ်ရန်" ခေါင်းကို ခပ်သွက်သွက်ခါကာ ခေါင်းထဲဝင်နေတဲ့ ဒေါက်တာလေးရဲ့ပုံရိပ်ကို ဖျောက်နေမိ၏။
ဒီဒေါက်တာလေး ငါ့ကို မြူစွယ်နေတာလား...?
ဒီကောင်ကြီးက ဆုံးဖြတ်ချက်နဲ့ ရောက်လာတာနော်...။
ဒေါက်တာလေးက ဒီပုံစံနဲ့ကြိုဆိုနေတော့ ဆွဲစိခံချင်တာလား...?
"အဟမ်း..!"
ရုံးခန်းထဲမှ ချောင်းဆိုးသံကြောင့် အသိစိတ်ဝင်လာသော "ရွှယ်ရန်" တစ်ယောက် အခန်းထဲကို ဝင်ရမလို ပြန်ပဲသွားရမလို ဖြစ်နေတော့သည်။
"ရွှယ်ရန်" ရဲ့ထိုအမူအရာလေးတွေကို ကြည့်ပြီး "ရှင်းချန်" တစ်ယောက်ပြုံးနေမိ၏။
ပြီးမှ ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်မိကာ အဝတ်တွေကိုယူပြီး ရေချိုးထဲသို့ အမြန်ဝင်သွားရလေ၏။
(**ဟာ... သေစမ်း..! သူကြည့်နေတာ ဒါကြောင့်လား...?**)
ရေချိုးခန်းထဲရောက်မှ ဝင်လာတဲ့ အတွေးကြောင့် မျက်နှာပူလာလေ၏။
ဒီအဆိုးလေး အချိန်ကိုက်ရောက်တာပဲ...။
ဘာလာလုပ်ပါလိမ့်...။
အဝတ်တွေဝတ်ကာ အပြင်ပြန်ထွက်လာတော့ တံခါးရှေ့မှာ အဆိုးလေး ရှိမနေတော့...။
ဘယ်သွားပါလိမ့်...။
ငါ့ဆီကို လာတာမဟုတ်ဘူးလား...?
တံခါးနားကပ်ကာ မှန်လေးကနေ ဟိုဟိုဒီဒီ ကြည့်မိတော့လည်း အဆိုးလေးက ရှိမနေ...။
မှန်နားလေးကနေ မျက်နှာခွာခါနီးမှ ပေါ်လာတဲ့ မျက်နှာတစ်ခုကြောင့် ရှာဖွေမှု ရပ်တံ့သွားလျက်...။
အခြေအနေကတော့ မှန်တံခါးလေးတစ်ခုပဲ ခြားထားကာ မျက်နှာနှစ်ခုကတော့ နီးကပ်နေလေ၏။
ထိုစဥ် အဆိုးလေး၏ အမူအရာ တစ်ခုကြောင့် ဒေါက်တာရှင်းချန်ရဲ့မျက်နှာမှာ ခရမ်းချဥ်သီးလိုမျိုး ရဲမှည့်သွားလေတော့သည်။
အဆိုးလေးက ခြားထားတဲ့ မှန်တံခါးအနားလေးကို တိုးလာကာ ဒေါက်တာ့နှုတ်ခမ်းလေးနားအရောက် သူ့နှုတ်ခမ်းလေးနဲ့ kiss ပေးသလို မှန်လေးအား နမ်းလိုက်သောကြောင့်ပင်...။
*မွ* 😘
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 2680 words 💞
Royal ဒီ fic လေးကို fb မှာလည်း Updated ပေးပါတယ်နော် 😍
ဒါပေမယ့် Wp မှာ Updated ပေးတာ ပိုမြန်ပါတယ်ဗျ 💓
ဒီ fic လေးကို ဖတ်ရတာ ဘယ်လိုနေလဲဆိုတာကိုလည်း လွတ်လွတ်လပ်လပ် ဝေဖန်ပေးနိုင်ပါတယ်နော် 💌
ကျန်းမာရေးဂရုစိုက်ကြပါ ❤
Thanks you all...💌💞
💞 ချစ်ခင်လေးစားလျှက် 💞
K.Royalwhite💌💞🤍
Dec 18,2020 (Updated day) 🖤✨
Zawgyi
"ဟင်..."
ဘာတွေလဲ...?
(A/N - Fic အရဖတ်ပေးကြပါ✌🏻)
...................................
မေ့နေလိုက်တာ...
ဒါက အစပဲရှိသေးတာ...။
....................❤.................
**ခွမ်း!!**
ဟုတ်တယ်...
မဖြန့်ရသေးပါဘူးလေ...။
Advertisement
- In Serial83 Chapters
Always Him.
Will she speak up about loving him? Will he force it out of her? Or will their love story remain untold?WARNING: MATURE LANGUAGE WILL BE USED.
8 202 - In Serial49 Chapters
The Wandering Fate
His hold on her arm was so tight that she thought his nails were digging in her soft flesh.Amaan's jaw clenched, the muscles ticking in his mandible and as his hand left her tiny waist, he clenched her jaw roughly.His nails were digging in her jaw, and she whimpered in pain but didn't utter a single word.'' You have actually the nerve to wear something so revealing just to show to the people your flesh and to even think that by wearing this you can match to my status.But'' he paused and looked at her tearful eyes which were shedding tears nonstop.'' You don't know that whatever you do, you can't change your fate.You are nothing but a vestige.You don't deserve anything in this life not even this dress.If you sell yourself which nobody will even care about, still you can't even buy a single piece of this dress.''Meet Amaan Rahmani a business tycon and Arzoo Rahmani an innocent girl.what happened when their future has been written in their childhood.
8 254 - In Serial33 Chapters
The Contract Wife. book Series #1 (COMPLETED!)
Victoria Silks finds herself falling into a very misinterpreted contract with a very rich and, not to forget, handsome young man.'Wives for hire' is a very successful business run by a woman, Mrs Welling who had started solo at first at the age of twenty one. This company doesn't allow any form of prostitution and clearly, this was the perfect fit for Victoria, having to pretend to be a wife or a fiancée of any man without any sexual relations, as it may destroy the company's image, was just right.But this was proven otherwise.Victoria having stepped right into the job receives her first mission to become the wife of a rich CEO for ten months in order to impress his excited parents. Excited, she readily signs the papers only to discover too late that she would have to get pregnant with his child as part of the contract. She reluctantly agrees but soon learns she won't be a part of the life after ten months. She would have to give up on their child and accept money as a return.After being forced, she accepts the offer and gets pregnant.Now only time will tell if she really is just a contract wife. Or something else to this young and handsome CEO.
8 142 - In Serial46 Chapters
The Insemination
"You where going to do what?" he shouts causing me to jump a bit. I look at his face and see anger on it. "I said I was thinking about it. I changed my mind," I rush to say. "I'm sorry." As he runs a hand through his hair he picks up the glass vase and throws it against the wall. Rushing past him, I hurry to the door. Once my hand is on the silver doorknob I pull it open only to have it closed. Turning around I meet his gaze. His normal blue eyes are now black with a hint of gold. "I think I should go," I say barely as a whisper. "Mine," he growls. "Yes, I know it's yours but-," I say but he cuts me off again. "Mine," he growls again. Before I have the chance to ask him what he meant, he hovers over my body, and before I have the chance to move, I feel sharp teeth penetrate my skin. Kicking and screaming, I try to move out of his grasp. Yelping out in pain, he finally takes his teeth out, and looks at me with his blue eyes. He looks at me in horror. "What did you do to me?"
8 265 - In Serial42 Chapters
The Healer's Alpha
Hope spent her life trapped under the guise of protection, when all she wanted to do was live.Connor had lost something precious, and was a shell of who he had once been.Can they come together to fulfill each other's dreams?Or will dangerous forces try to keep them apart?___________________________________________"Come here, sweetheart." I took his hand and gasped at the delicious shockwaves traveling up my arm. He pulled me closer to him, so I was standing in between his legs. I wasn't sure what to say, so I ran my fingers through his hair, noticing for the first time the bits of red streaked through the dark brown, and smiled when he growled in delight. He leaned his forehead down, so it was resting on my belly and wrapped his arms around my back. "We should talk about this." He whispered with his head still on my stomach. I nearly didn't hear him. I was too focused on the sparks tingling through my arms as I caressed his back and continued my gentle assault through his hair."Ok. What should we talk about?" He took a deep breath and I watched as his shoulders slumped."I'll understand if you reject me. No one wants a defective mate."Cover made by @ViaAlyssaNicole
8 374 - In Serial10 Chapters
Regular Love ⚡Idol Love [ Re-Edit ]
Hiseo Middle School is a school categorized in half. The Idol Department and the Regular Department. The Idol Department is where 'rich' kids attend to become famous idols, athletes, artists and more. The Regular Department is where 'average' students attend to learn like every other school. Akira Akibara is a girl who attends the Regulat Department but some Idol Department students get interested in her making her stuck between the two Departments. How did that happen? And will love prevail?Cover By: @Random_Pizza
8 175

