《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 7
Advertisement
Unicode
"မင်းက သရုပ်ဆောင်ကောင်းသားပဲ G..."
"ဦး...က G ကို အထင်သေးတာလား...?"
VIP အခန်းထဲတွင် Bar ပိုင်ရှင် XZ နှင့် G ဆိုသော ကောင်လေးတစ်ယောက် ထိုင်စကားပြောနေ၏။
G က XZ နှင့် မျက်နှာချင်းဆိုင်က ဆိုဖာမှာ ခြေချိတ်ထိုင်ပြီး လိုအပ်သည်ထက်ပိုဖြုတ်ထားသော အင်္ကျီကြယ်သီးများကြောင့် ရင်ဘက်သားဖွေးဖွေးလေးများကလည်း လစ်ဟာနေလျက်...။
XZ ကတော့ ထိုအခြင်းအရာတွေထက် သူ့ခေါင်းထဲမှာ အတွေးတွေသာပြည့်နှက်နေလေသည်။
XZ စုံစမ်းခဲ့တာကိုပဲ ကိုယ့်ကိုယ်ကို ကျေနပ်မိ၏။
ဒီလို ကိစ္စတွေကို ကြိုမြင်ခဲ့လို့.....။
"ဝမ်နင်" စုံစမ်းလာကတည်းက Happy new year night က လေးလေးရဲ့အကြောင်းတွေရော Wang Yibo ဆိုတဲ့ ကောင်လေးက ကိုယ့်အကြောင်းတွေကို လိုက်စုံစမ်းနေတယ်ဆိုကာကိုရော သိထားခဲ့၏။
ကောင်လေးက စိတ်ဝင်စားစရာတော့ ကောင်းသား.....။
အဲ့ကောင်လေး ကိုယ့်အကြောင်းတွေကို စုံစမ်းခိုင်းထားတဲ့ စုံထောက်လေးက ကိုယ့်လက်အောက်ကဆိုတာကိုရော ဘယ်သူသိမှာလဲ...?
ဟက်...! ကောင်လေးက သူ့ပါးပါး ကိုယ့်လေးလေးကို ဘယ်လိုရက်ရက်စက်စက်အသဲခွဲခဲ့လဲဆိုတာ လိုက်လေ့လာနေတာလား...?
အခုလည်း... ကိုယ့်ဝန်ထမ်းတွေရှေ့ ကိုယ့်အသိတွေရှေ့မှာ ကိုယ့်ကို Gay ဆိုပြီး အထင်ခံရအောင် အရှက်ရအောင်ဆိုပြီး ကောင်လေးတစ်ယောက်ရှာခိုင်းထားတာတဲ့လေ...။
ကိုယ့်လိုလူမျိုးအတွက် ဒါတွေက မထိရောက်စေဘူးဆိုတာ ကောင်လေးက မသိရှာဘူး။
ကိုယ့်ရဲ့အရှိန်အဝါ ကိုယ့်ရဲ့အာဏာတွေ ဘယ်လောက်ထိရှိကြောင်းတွေကိုလည်း ဒီကလေး ကြိုစုံစမ်းထားသင့်တယ်...။
ပြီးတော့ ကိုယ်က အဲ့လို ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးတွေကို စိတ်မဝင်စားဘူးဆိုတာကိုလည်း အဲ့ဒီကောင်လေး နားမလည်မှာမဟုတ်ဘူး။
ဒီကိစ္စအတွက် Gay ကောင်လေးရှာခိုင်းတာကိုလည်း အလျင်စလိုနဲ့ သူမသိရှာသေးတဲ့ ကိုယ့်လက်အောက်က စုံထောက်လေးကိုပဲ ရှာခိုင်းသတဲ့...။
WYB ဆိုတဲ့ ကောင်လေး လုပ်နေသမျှအရာအားလုံးက ကိုယ့်ဆီကို သတင်းရောက်နှင့်နေပြီးသား...။
ဒါလည်း အဲ့ဒီကလေး မသိရှာဘူး။
ဟက်...! Baby... မင်းငယ်သေးတယ်...။
Baby လေးက baby လိုပဲနေပါလားကွာ...
ကိုယ်က မင်းထက် အမြဲခြေတစ်လှမ်းသာတယ် ကလေးရဲ့.....။
G ကို စိတ်ဝင်စားဟန်ပြပြီး VIP room ထဲဝင်လာတော့ အဲ့ဒီ Baby လေးတော်တော်စိတ်ပျက်သွားပုံရသည်။
ရုန်းရင်းဆန်ခတ် အခြေအနေမျိုးကို လိုချင်နေတာလား ကလေး...?
ကိုယ့်ကို လူကြားထဲ အရှက်ခွဲချင်ရင် မင်းဒီထက်ပိုပြီးကြိုးစားရဦးမယ်...။
ကိုယ်က မင်းရဲ့ကလေးကလားအကွက်တွေထဲ အလိုက်သင့်လေးစီးမြောပေးခဲ့ရုံပါပဲ...။
မင်းနဲ့ မင်းပါးပါးက ကိုယ်တို့ တူဝရီးကို ဘာတွေ ထပ်ဖြစ်စေချင်နေကြတာလဲ...?
ကိုယ့်လေးလေးကို ပိုးစိုးပတ်စက် ထားခဲ့ပြီး အခုလည်း ဘာထပ်ဖြစ်ချင်နေကြတာလဲ...?
မင်း ဒီထက်လွန်မလာဖို့ပဲ မျှော်လင့်ပါတယ် ကောင်လေး...။
မင်းနဲ့ကိုယ်နဲ့က ပြိုင်ဖက်တွေမှ မဟုတ်ပဲ...။
VIP ခန်းထဲတွင် အတန်ကြာ တိတ်ဆိတ်မှု ကြီးစိုးနေပြီးမှ ဆွဲဆောင်မှုရှိလွန်းတဲ့ G လည်း နှုတ်ဆက်ပြီး ပြန်သွားလေ၏။
(**ကိုယ့်ထက်ငယ်တဲ့ မင်းလေးက စာပဲဆက်သင်နေသင့်တယ်... ကိုယ်နဲ့လာပြိုင်ရမှာမဟုတ်ဘူး ကလေးရဲ့...။**)
....................
ရှောင်းကျန့်... ခင်ဗျားကလည်း ခင်ဗျားရဲ့လေးလေးလိုပံ ယောကျာ်းတွေကို စိတ်ဝင်စားတဲ့လူလား...?
ကောင်လေးခေါ်တာနဲ့ လိုက်သွားတာ တန်းနေရောပဲ... ဟက်...!
ခင်ဗျားကို လူပုံအလယ်မှာ Gay ဆိုတဲ့ အမြင်တွေနဲ့ အကြည့်ခံရစေချင်တာ ခင်ဗျားကို Gay ဆိုပြီး အထင်ခံစေချင်တာ...။
ခုတော့ သဲထဲရေသွန်ပါလား...?
ခင်ဗျားရဲ့အရှိန်အဝါကြောင့်များ ဘာမှမဖြစ်တာလား...?
ဒါမဟုတ် ခင်ဗျားက အရင်ကတည်းကဒီလိုပဲနေ,နေကြလား...?
ခင်ဗျားတို့ကို ကျွန်တော် ခံစားခဲ့ရသလိုမျိုး ပြန်ပြီးတော့ ခံစားရစေချင်တာ...။
ခင်ဗျားစောင့်ကြည့်နေပါ.....။
တစ်နေ့...! ကျွန်တော့်ရှေ့မှာ ခင်ဗျားကိုယ်တိုင် ဒူးထောက်လာစေရမယ်... Mr.Xiao Zhan...!!
💓💓💓💓💓💓💓💓💓💓💓💓💓💓
"Ok! မင်းဆက်ပြီး ကိုင်တွယ်ပေးလိုက်ပါ..."
Ph အားချပြီးသည်နှင့် လက်ညှိုးနဲ့လက်မကိုသုံးကာ နဖူးအား ဖိစေလျက် စိတ်ပင်ပန်းမှုတွေကို ပြေလျော့စေ၏။
Baby... မင်းက ကလေးလိုမနေချင်ဘူးပဲ...။
မင်းကိုယ်မင်း ကလေးမှန်းသိအောင် ခပ်နာနာလေးရိုက်ပြီး ဆုံးမပေးရမှာပေါ့...။
ကျွန်တော့်ကို G နဲ့တွဲပြီး VIP room ထဲဝင်သွားတဲ့ပုံတွေကို ဖြန့်ခိုင်းတယ်တဲ့ဗျာ...။
ကောင်လေး ဒီလိုကိစ္စကိုစ,လုပ်ကတည်းကဒီအချက်တွေကို တွေးထားပြီးသားပေမယ့်...
ကောင်လေးက တကယ် ဘာဖြစ်ချင်နေတာလဲ...?
ကျွန်တော်နဲ့သူနဲ့က ပြိုင်ဘက်တွေလည်း မဟုတ်ဘူး။
ဒီသတင်းဖြန့်ခိုင်းတဲ့ကိစ္စက ကိစ္စကြီးတော့မဟုတ်...
ခနနေ ဖြေရှင်းလိုက်ရင် အားလုံးဖြေရှင်းပြီးသွားဖြစ်သွားမှာ...။
ဖြစ်နေတာ အဲ့ Baby လေး...!
ဘာလို့များလိုက်တိုက်ခိုက်ချင်နေရတာလဲ...?
Baby ကိုနည်းနည်းတော့ ပညာပြရမှာပေါ့...။
တစ်ချိန်က ကိုယ်ကလည်း ခံရသေးတယ် အခုလည်း ဘာတွေထပ်ပြီး ခံစားစေချင်သေးတာလဲ...?
မင်း အတွက် တစ်သက်မမေ့နိုင်မယ့် လက်ဆောင်ပြင်ပေးမယ် Baby.....
အရင်က မင်းပါးပါးကိုပဲ ပစ်မှတ်အဖြစ်ထားခဲ့တာ...။
Advertisement
ခုတော့.....
အင်းးး မင်းလေးက ဒီ game ကို ဝင်ပြိုင်ချင်တယ်ဆိုတော့လည်း...
ပျော်စရာတော့ ကောင်းမှာပါ...။
မင်း နဲ့ မင်းပါးပါးက ကိုယ့်လေးလေးခံစားခဲ့ရသလိုပြန်ခံစားပေးရုံပါပဲ..... ဟက်...!
မင်းတို့အတွက် ထိုက်တန်တဲ့ အပြစ်ဒဏ်လေးပေါ့...။
💓💓💓💓💓💓💓💓💓💓💓💓💓💓
"တောက်!! အဲ့လူကြီး ဟိုကောင်လေးဆီပါသွားတာ ငါက ဘာလို့နှမြောသလိုဖြစ်နေရတာလဲ...? မဆိုင်လိုက်တာကွာ!!"
"ဟာကွာ... ချီးထုပ်ပဲ!"
YB တစ်ယောက် သူတည်းနေတဲ့ အခန်းထဲမှာ သောင်းကျန်းနေလေ၏။
"ခင်ဗျားက ဘာမို့လို့လဲ...? Xiao Zhan!!"
"အိပ်တော့လည်း မမြင်ချင်တဲ့ ခင်ဗျားမျက်နှာကြီးကို အိမ်မက်မက်တယ်... ခင်ဗျားက တော်တော်ဆိုးတာပဲ..."
"ကျွန်တော်က ခင်ဗျား လှည့်ကွက်ထဲ ဝင်မယ်ထင်နေတာလား...?"
"ခင်ဗျားကိုယ်ခင်ဗျား သိပ်အထင်ကြီးနေတာ ဒီအချက်တွေကြောင့်လား.....?"
"ခင်ဗျားက စိတ်ဝင်စားစရာတော့ကောင်းပါတယ်... ဒါပေမယ့် ကျွန်တော်က ခင်ဗျားလို မဟုတ်ဘူး!"
"ကျွန်တော် ခင်ဗျားအပေါ် ဒီလိုတွေဖြစ်နေတာ အပေါ်ယံတွေပါ... ဟက်...! လက်စားခေချင်တဲ့ စိတ်တွေနဲ့ စိတ်စွဲနေလို့ ဒီလိုဖြစ်နေတာ..."
"ခင်ဗျားက ရုပ်ရည်နဲ့ ကစားပွဲကိုဆုံးဖြတ်ချင်တာလား...? No! ခင်ဗျား နိုင်မှာမဟုတ်ဘူး... ကျွန်တော်ကလည်း ကျောင်းရဲ့ King တစ်ယောက်ပါ... ကျွန်တော့်ဘေးမှာ အချောလေးတွေကိုပုံလို့!"
"ဒီပွဲမှာ ကျွန်တော်ပဲ နိုင်စေရမယ်! Xiao Zhan!"
"ဒါတွေက ဘာမှမဟုတ်သေးဘူး! Yibo စိတ်ထိန်းစမ်း!!"
အခန်းထဲမှ ပစ္စည်းတွေကို လွှင့်ပစ်ပြီး သောင်းကျန်းပြီးတာနဲ့ နဂိုအတိုင်း မဲ့ပြုံးလေးသာ ဆင်မြန်းထား၏။
ဒီကစားပွဲက ကိုယ်ပေးရတာ များလေလေ ပြန်ရတာ များလေလေဆိုတာ သူကောင်းသိသည်။
💓💓💓💓💓💓💓💓💓💓💓💓💓💓
"မင်းလေး ကိုယ့်ကို စိတ်ပူနေတယ်ဆိုတာ ဝန်ခံလိုက်စမ်းပါကွာ..."
"ကျွန်တော် စိတ်ပူနေတယ်ဆိုတာ ဘာလို့ဝန်ခံရမှာလဲ...?"
ပါးစပ်က 'လွှတ်ကနဲ' ထွက်သွားပြီးမှ မျက်နှာက တဖြည်းဖြည်း ပူလာလေ၏။
ဒေါက်တာရှင်းချန်ကတော့ ကျွန်တော့်စကားကြောင့် သဘောတွေကျနေလျက်...။
ဒေါက်တာက ရယ်နေလေတော့ သူ့မှာပိုပြီး မျက်နှာမထားတတ်ဖြစ်ရသည်။
ဒေါက်တာ့အနားမှာနေရတာလည်း မမိုက်ပါဘူးဗျာ...။
Neurs လေးတွေနဲ့ အလုပ်တူတူတွဲလုပ်တာတွေ သိပ်သဘောမကျချင်ဘူး...။
သူ့အလုပ်ဆိုတော့လည်း နားလည်ပေးရတာပေါ့...။
ကိုယ်ကအလုပ်လက်မဲ့ဖြစ်နေတဲ့ဥစ္စာ...။
နေပါဦး...! ငါ ဘာလို့ အဲ့လိုတွေတွေးနေမိပါလိမ့်...။
ရွှယ်ရန် မင်း ရူးသွားပြီလား...?!
ခေါင်းကို တစ်ချက်နာနာလိုက်ကာ အတွေးတွေိုု မောင်းထုတ်ပစ်လိုက်သည်။
တစ်နေ့တစ်နေ့ ဆေးရုံကို ဦးတည်နေတဲ့ ခြေလှမ်းတွေ...။
အရင်ကလို ဒဏ်ရာတွေကြောင့်တော့ မဟုတ်...
ဒီဆရာဝန်လေးကြောင့်လား...?
မဖြစ်နိုင်တာ.....။
အား...!! ရူးတော့မှာပဲ.....။
အခု မင်းရှေ့မှာ သူမဟုတ်သလို ပြောင်စပ်စပ်လုပ်နေတဲ့ ဒီဆရာဝန်လေးက ဘာတွေများ ဆွဲဆောင်မှုရှိနေလို့လဲ...?
ငါကလည်း ဘာလို့ သူ့ကိုပဲ နေ့တိုင်း မြင်ချင်နေရတာလဲ...?
ရွှယ်ရန်... စိတ်ထိန်းစမ်း!!
မင်းရူးလို့မဖြစ်သေးဘူး...
အဖြေရှာရဦးမယ်လေ.....။
ကျွန်တော်... ကျွန်တော် ဒေါက်တာလေးကို ချစ်နေမိတာလား.....?
မဖြစ်နိုင်လိုက်တာ.....။
ကျွန်တော်လိုကောင်က ခင်ဗျားနဲ့ အတူရှိမနေသင့်ပါဘူး.....😔
ကျွန်တော်က ဆိုးတယ်...
ရန်ပွဲတွေပဲ မျက်လုံးထဲ မြင်တယ်...
ကျွန်တော့်ကြောင့် ခင်ဗျားကို မထိခိုက်စေချင်ဘူး...။
ကျွန်တော့်ရင်ထဲက ခံစားချက်တွေအတွက် ဆုံးဖြတ်ချက်ချနိုင်ဖို့ ကျွန်တော် အချိန်ယူရဦးမယ်...။
ကျွန်တော့်ခံစားချက်တွေကြောင့်နဲ့တော့ ခင်ဗျားကို အထိခိုက်ခံမှာ မဟုတ်ဘူး။
ခင်ဗျား အချိန်ခနပဲ စောင့်ပေးပါ ဒေါက်တာ...။
ကျွန်တော် တိကျတဲ့ အဖြေနဲ့ ပြန်လာခဲ့မယ်...။
ဒီကိစ္စကကျွန်တော် ဖြစ်နေကြရန်ပွဲတွေထက်ကို ပိုခက်ခဲတာပဲ...။
သူ့အရှေ့မှာ တိတ်ဆိတ်သွားတဲ့ အဆိုးလေးကြောင့် "သူရယ်လိုက်မိတာ လွန်သွားပြီလား" ဟု ရှင်းချန် အတွေးဝင်မိသည်။
လှောင်ပြောင်လိုစိတ်နဲ့ ရယ်လိုက်ခြင်း လုံးဝမဟုတ်တာကိုတော့ ဒီအဆိုးလေး သိမှာပါ...။
သူပြောတဲ့ စကားလေးတွေက သိပ်ချစ်ဖို့ကောင်းလွန်းလို့သာ အသဲယားပြီး ရယ်လိုက်မိတာ...။
တကယ်တော့ ဒီအဆိုးလေးက 'ရန်ပွဲ' တွေနဲ့ 'ရန်ဖြစ်ရမယ်' ဆိုတာလေးပဲသိတဲ့ အဖြူထည်လေးတစ်ယောက်ဆိုတာ ရှင်းချန် သိပါသည်။
ကျွန်တော့်နှလုံးသားက ဒီအဖြူထည်လေးကို အရောင်းဆိုးချင်နေပြီလား...?
ကျွန်တော်လည်း ဒီပုစ္ဆာကို အဖြေရှာနေဆဲပါပဲ.....။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 1768 words 💞
Royal ရေးတာကို ဖတ်ရတာ ဘယ်လိုနေလဲဟင် 😌
ပြောခဲ့ကြပါဦးနော် 😍
ပထဆုံး fic လေးမို့ လိုအပ်ချက်တွေ အများကြီးရှိနေတာ သိပေမယ့် အခုထိ အားပေးလာတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို တကယ် စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ် 😘
အပြိုင်အဆိုင်တွေကြောင့် နည်းနည်းတော့ ခါးနိုင်ပေမယ့် ခါးတဲ့အထဲကနေမှရအောင် sweet ပေးသွားမှာပါဗျ...။ 😍
ကျန်းမာရေးဂရုစိုက်ကြပါနော် ❤
ဆာရာငဲ.....🙆
Advertisement
💞 ချစ်ခင်လေးစားလျှက် 💞
K.Royalwhite💌💞🤍
Dec 11,2020 (Updated day) 🖤✨
Zawgyi
"ဦး...က G ကို အထင်သေးတာလား...?"
....................
💓💓💓💓💓💓💓💓💓💓💓💓💓💓
ဖြစ်နေတာ အဲ့ Baby လေး...!
ခုတော့.....
💓💓💓💓💓💓💓💓💓💓💓💓💓💓
"ဟာကွာ... ချီးထုပ်ပဲ!"
💓💓💓💓💓💓💓💓💓💓💓💓💓💓
ခေါင်းကို တစ်ချက်နာနာလိုက်ကာ အတှေးတှေို မောင်းထုတ်ပစ်လိုက်သည်။
မဖြစ်နိုင်တာ.....။
အား...!! ရူးတော့မှာပဲ.....။
အဖြေရှာရဦးမယ်လေ.....။
မဖြစ်နိုင်လိုက်တာ.....။
ကျွန်တော်က ဆိုးတယ်...
ကျွန်တော်လည်း ဒီပုစ်ဆာကို အဖြေရှာနေဆဲပါပဲ.....။
💓💓💓💓💓💓💓💓💓💓💓💓💓💓
Updated _ 1768 words 💞
ပြောခဲ့ကြပါဦးနော် 😍
ဆာရာငဲ.....🙆
💞 ချစ်ခင်လေးစားလျှက် 💞
K.Royalwhite💌💞🤍
Dec 11,2020 (Updated day) 🖤✨
Advertisement
- In Serial43 Chapters
Bad Boy Brothers, little sister
Maya is a 17 year old rebellious teen, that always seems to be getting into trouble. She has just been sent off to live with her older brothers so her parents can travel the world. What her parents didn't know is they have a new roommate staying with them too. Join Maya, her brothers Jace and Seb and sex-god hunky roommate Noah on this new adventure. ~ Cliche bad-boy meets girl story with 2 very over-protective brothers. Find out what happens when they find out their innocent sister is not so innocent after all!
8 203 - In Serial59 Chapters
Midnight CEO
What is on the top floor? That's what everyone is asking. People seem to get promoted to the top floor but you never seem to see them around anymore? And has anyone ever seen the CEO anyway? No? Me neither. There were rumours about him being some kind of playboy billionaire but ...... no one seems to know what he looks like? He is on the top floor ..... What is on the top floor? I don't even want to know to be honest. "CONGRATULATIONS YOU HAVE JUST BEEN PROMOTED TO THE TOP FLOOR........ "Damn it!
8 276 - In Serial16 Chapters
TGS 1st - Silly Marriage
Cerita pertama rangkaian The Gentlemen's Series. Kisah antara Naraya Ibrahimovich dengan Alexander Davrio yang melibatkan intrik, dendam, kekuasaan, kepuasan dan hati.Aku tau aku kuat. Aku bisa memimpin perusahaan Papa dengan keahlianku yang pas-pasan. Tapi sepertinya orang-orang di sekitarku tak percaya akan kemampuanku. Bahkan aku didesak untuk melakukan sebuah perjanjian untuk menyelamatkan perusahaan papa.-Naraya Ibrahimovich-I know she's strong. Tapi aku bahkan tidak bisa melepaskan pandanganku darinya ketika dia meminta bantuanku. Well, despite of her body, tujuanku menikahinya ada sekian banyak. Dan aku tak bisa mengatakannya lewat kalimat-kalimat manis. Aku terpaksa menjebaknya lewat pernikahan bisnis dengan kedok menyelamatkan perusahaannya.-Alexander Davrio-
8 75 - In Serial66 Chapters
This Time
Book 1Aiden Guevarra lives to survive, throughout her life, all she wanted to do was finish her education, find a stable job and live her remaining moments with her family. She never takes a risk and stayed in the comfort of her zone. Falling in love was never in her plan, but she soon finds herself in the swirl of emotions that consist of her Professor, Amayah Peterson. tw: Sex, language, child ab*se, domestic violence and discrimination WARNING: Cliché, mature-rated and shitty.
8 222 - In Serial45 Chapters
After The Villain's Mother Fan Wears The Book (MTL) ✓
NOT MINEORIGINAL TITLE: 反派親媽粉穿書后AUTHOR: 西瓜尼姑 Fu Qingqing is a mother fan of the beautiful and tragic villain Gu Yuandi in the ancient dog-blood novel "The Runaway Wife". The role she hates most is the female partner of the same name as her-Gu Yuandi's fiancée. In the book, the female partner is glamorous and has a great body, but she exists to set off the grace and purity of the hostess, vicious and wise. Then the heroine hooks up with the hero,sending Gu Yuandi into the land of immortality,causing Gu Yuandi to destroy the world in the book. Hastily, the garbage world is ruined (╥﹏╥) But why do you want to abuse me Di Zai. When she woke up, Fu transmigrated. Grab the heroine's halo? You shine by yourself. Hook up the hero and the boss? I run faster than you guys. Fu Qing personally led Gu Yuandi's life on the right track. She accompanied him to heal his lame and blind eyes, and watched him become an awesome existence in the book. Then she packs up her baggage and prepares to run away. But halfway, he was surrounded by ten luxury cars. The man got out of the car, his suit and leather shoes, his eyes were forbearing, and his eyes were red. He suppressed the craziness in his blood, and asked with a dumb and desperate smile: "So you want to abandon me. Huh?" Fu Qingming: Ah, I feel angry when I see Di Zai sad. It seems that i can't be a mother fan,i should be his wife. (╥﹏╥)Gu Yuandi knew that he was a demon hated even by his parents. He had decided to merge with the darkness forever and swallow the world mercilessly. Until she brought the light, he made the incomplete him a little healthy. He didn't want to ruin the world. He just wants to enjoy the world with his sweetheart. One sentence introduction: the villain's mother fan Daily intention: love our villain cub
8 131 - In Serial84 Chapters
Knock, Knock
You think your life is fucked up? You haven't met Casey Kings yet.Book cover by: @HerParamour 🖤
8 176