《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 5
Advertisement
*ဒေါက်..! ဒေါက်..!*
အခန်းတံခါးခေါက်သံကြောင့် YB ဆိုဖာပေါ်မှ ထ,ကာ အခန်းတံခါးသွားဖွင့်ပေးလိုက်သည်။
တံခါးဖွင့်လိုက်တော့ အခန်းရှေ့မှာ မတ်တပ်ရပ်နေသည်က လန်စစ်ကျွေးနှင့်လန်ကျင်းရီ ဆိုသော လန်ဝမ်းကွဲညီအကိုနှစ်ယောက်...။
စစ်ကျွေးနဲ့ကျင်းရီက ညီအကိုတစ်ဝမ်းကွဲတွေ ဆိုပေမယ့် အကျင့်စရိုက်ချင်းတော့ အလွန်ကွာခြားကြသည့် ညီအကိုတွေပင်။
စစ်ကျွေးက အကောင်းမြင်စိတ်ထားပြီး သူတစ်ပါးအပေါ် ချိုချိုသာသာပြောဆိုဆက်ဆံတတ်သလောက်...
ကျင်းရီကတော့ သူများကို အနိုင်ကျင့်တတ်ပြီး ခပ်စွာစွာပဲပြောဆိုတတ်သူဖြစ်၏။
သူတို့လာတဲ့ အကြောင်းအရင်းကိစ္စကိုသိနေတဲ့ YB ကပဲ ထိုအညီကိုနှစ်ယောက်ကို စကားစ,ပေးလိုက်သည်။
"ငါ အိမ်မပြန်သေးဘူး..
ဒီမှာပဲဆက်တည်းအုံးမယ်..
မင်းတို့ချင်ရင်ပြန်ကြတော့..."
YB အပြောကြောင့် စစ်ကျွေးနဲ့ကျင်းရီက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကာ စစ်ကျွေးက....,
"မင်း ကျောင်းကိုရော..?"
"ငါ ကားရော ဆိုင်ကယ်ရောမှာထားပြီးပြီ..
ကျောင်းအတွက် စိတ်မပူနဲ့...
ငါ ဒီမှာလုပ်စရာကိစ္စလေးတွေရှိနေသေးလို့..."
ထိုအခါ လန်ကျင်းရီက ရိပေါ်ကို ခပ်စေ့စေ့စိုက်ကြည့်လာကာ သူ့မူပိုင်အသံခပ်စွာစွာဖြင့်....,
"အေး... ညက မင်းကို ဘယ်သူလိုက်ပို့တာလဲ မှတ်မိလား...?"
ကျင်းရီအပြောကြောင့် ရိပေါ်ခနစဥ်းစားလိုက်ပြီးနောက် ညကအကြောင်းတွေကို ခေါင်းထဲခပ်ရေးရေးပြန်ပေါ်လာသော်လဲ အသေးစိတ်သေချာပြန်မမှတ်မိတော့တာမို့ မေးခွန်းပြန်ထုတ်လိုက်သည်။
"မင်းလိုက်ပို့တာ မဟုတ်ဘူးလား...?"
"ဘယ်ကသာ...
မင်းက ငါ့ကိုအနားတောင် အကပ်မခံဘူးကွ! မကျေနပ်ဘူးကွာ..!
ဘယ်လောက်ပဲမူးမူး မင်း ငါ့ကိုတော့ မှတ်မိသင့်တယ်မလား? အမောင်ရိပေါ်!!"
ကျင်းရီရဲ့မကျေမနပ်အပြောကို ရိပေါ် ဂရုမစိုက်ဟန်ပြာကာ သူသိချင်ရာကိုသာထပ်မေးလိုက်သည်။
"ကဲ... အဲ့တော့ ဘယ်သူလိုက်ပို့လဲ...?"
"ညက................,"
လန်ကျင်းရီဖြစ်ကြောင်းကုန်စင်ရှင်းပြတော့ YB အသာငြိမ်ပြီးတော့သာ နားထောင်နေလိုက်သည်။
"ပြီးတော့နော်... မင်း အဲ့ Bar ပိုင်ရှင်ကို ကျေးဇူးတင်ရင်တင် မဟုတ်ရင် မင်း အန်ခဲ့တဲ့အတွက် ပြန်တောင်းပန်လိုက်! ဒါပဲ!!"
ကျင်းရီအပြောကို ရိပေါ်က နှာခေါင်းတစ်ချက်ရှုတ်လိုက်ရင်း လက်နှစ်ဖက်ကိုဟန်ပါပါပိုက်ကာပြန်ငေါ့လိုက်သည်။
"လန်ကျင်းရီက ဘယ်တော့ကများ သူများကို တောင်းပန်ရတာတွေ ကျေးဇူးတင်ရတာတွေသိသွားတာလဲ?"
YB စကားကို ကျင်းရီက ဂရုမစိုက်သလိုနှင့် ခပ်စွာစွာပဲပြန်ချေပသည်။
"မင်းဘာသာ ဘာလုပ်လုပ် ငါ့အပူမဟုတ်ဘူး နော်..! ဒီမှာ ဆက်တည်းရင် မင်း လူတစ်ယောက်အနေနဲ့ တစ်ခုခုတော့လုပ်ရမှာပေါ့!"
"အေးပါကွာ.. ငါ Bar ပိုင်ရှင်နဲ့ စကားပြောလိုက်မယ် မင်းတို့လည်း ပြန်ကြတော့လေ..."
ထိုအခါ တစ်ချိန်လုံး ဘေးမှာတိတ်ဆိတ်နေတဲ့ စစ်ကျွေးက အလိုက်သိစွာဖြင့်....,
"အေး အေး... မင်း တစ်ခုခုလိုရင် ဖုန်းဆက်လိုက်.. မင်း ဒီမှာတည်းတာ ဘယ်သူ့မှမပြောဘူး... ကိစ္စတွေပြီးရင် အေးအေးဆေးဆေး ပြန်ခဲ့... စိတ်ချမယ် ရိပေါ်..."
စစ်ကျွေး စကားကို ရိပေါ် ခေါင်းတစ်ချက်ငြိမ့်ပြကာ 'စိတ်ချရကြောင်း' အသံတိတ်တုံ့ပြန်လိုက်သည်။
ကျွန်တော်ပြောပါတယ် လန်စစ်ကျွေးနဲ့လန်ကျင်းရီက ညီအကိုတစ်ဝမ်းကွဲတွေသာဖြစ်တာ ကွာခြားပါတယ်လို့...။
"Ok! ကောင်းကောင်းပြန်ကြ"
နှုတ်ဆက်ပြီး အခန်းထဲကိုပြန်ဝင်လာတော့ သူပို့ခိုင်းထားတဲ့ mail တွေက အဆင်သင့်ရောက်နေလေပြီ။
YB ထို mail တွေကိုကြည့်ပြီး တစ်ချက်ပြုံးလိုက်မိသည်။
သေချာပေါက် နူးနူးညံ့ညံ့အပြုံးလေးတစ်ပွင့်တော့ မဟုတ်တန်ရာ...။
ထိုအပြုံးထဲတွင် နာကျင်ခြင်းတွေ ၊ ဝမ်းခြင်းတွေ ၊ ရှက်ရွံ့ခြင်းတွေ ၊ ကလဲ့စားချေခြင်းတွေ ပါနေလိမ့်မယ်ဆိုတာကတော့ သူကိုယ်တိုင်သာသိပါလိမ့်မည်။
>>>
"သား ကျန့်ကျန့်က အစောကြီး ပြန်သွားတာပဲ..."
ကျန်းချန် သိနေပေမယ့် မသိချင်ယောင်ဆောင်ကာ အမေးသဘောဆောင်ရင်းပြောလိုက်ခြင်းဖြစ်သည်။
ဧည့်ခန်းထဲမှာ ခြေချိတ်ထိုင်လျက် မျက်လုံးတို့ကိုမှိတ်၍ အနားယူနေပုံကိုကြည့်ရင်းအားဖြင့် ကျန့်ကျန့် ဘယ်လောက်ပင်ပန်းနေတယ်ဆိုတာ ပြောစရာပင်မလို...။
လေးလေး အသံကြားတော့ XZ မျက်လုံးတွေ 'ဆက်ခနဲ' ပွင့်လာကာ စားပွဲပေါ်က ဖိုင်တွေကို မျက်လုံးတစ်ချက်ဝေ့ကာကြည့်မိသေးသည်။
"သြော်.. လေးလေး...
ဟုတ်တယ် ကျွန်တော် အလုပ်ကိစ္စလေးရှိလို့ အစောကြီးပြန်လာလိုက်တာ..."
"အေးအေး အနားယူဦးနော် အလုပ်တွေပဲ လုပ်မနေနဲ့..."
"ဟုတ်"
စကားပြောပြီး လေးလေး အပေါ်တက်သွားတော့မှ XZ တစ်ယောက် သက်ပြင်းအသာချလိုက်မိသည်။
ကိစ္စတစ်ခုကြောင့် *King* Bar ကို ပြန်သွားရဦးမည်မို့ ထိုင်နေရာမှ မတ်တပ်ထ,ရပ်လိုက်ကာ စားပွဲပေါ်က ဖိုင်တွဲတွေကိုယူပြီး လက်ထဲမှာကျစ်နေအောင် ဆုပ်ကိုင်လိုက်လျက်.. ကျန်လက်တစ်ဖက်ကလဲ စားပွဲပေါ်က ကားသော့ကို ဆွဲယူလိုက်ကာ ပြောင်လက်နေသော အနက်ရောင်ကားလေးဆီသို့ ခြေလှမ်းကြဲကြီးတွေနှင့် လျှောက်သွားလိုက်သည်။
ရှည်လျားတဲ့ အရပ်အမောင်း ၊ အချိုးအစားကျလှသောခန္ဓာကိုယ်နှင့် အဝေးကနေ ဝိုးတဝါးမြင်လိုက်ရရင်တောင် မမေ့နိုင်လောက်သော ပြေပြစ်၍ ယောကျာ်းပီသသည့် မျက်နှာတို့ကိုပိုင်ဆိုင်ထားသည့်...
Xiao Zhan ဆိုသော ထိုသူဌေးလေးသည် အသက် 26 နှစ်တည်းနှင့်ပင် လျှမ်းလျှမ်းတောက်ကျော်ကြားနေသော ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်လေးဆိုရင် အံသြစရာတော့ရှိမည်မဟုတ်ပေ...။
Bar သို့ရောက်လာသည်နှင့် အနက်ရောင်ကားလေးပေါ်မှဆင်းကာ ဝန်ထမ်းကောင်လေးတစ်ဦးအား လိုအပ်သည်တို့ကိုမေးရလေ၏။
ထိုဝန်ထမ်းကောင်လေးပြန်ဖြေသောစကားတို့ကြောင့် XZ မျက်ခုံးတစ်ဖက် ပင့်တက်သွားသော်လဲ...
ဘာမှတော့ မပြောဖြစ်ခဲ့ပါ...။
>>>
~~~ Flash back ~~~
Bar မှာထိန်းပေးနေတဲ့ အတောအတွင်း အဖြစ်အပျက်တို့ကမြန်ဆန်လွန်းလှ၏။
Advertisement
ကျန်းချန်မှာ သူဝင်ထိန်းပေးလာရသော အမူးကောင်လေးကို ဧည့်သည်အခန်းဆီအထိ လိုက်ပို့နေရသည်။
အမူးကောင်လေးရဲ့ခပ်စွာစွာသူငယ်ချင်းနဲ့လဲတွေ့လိုက်ရသေးသည်။
မလာဘူး'လို့ထင်ထားခဲ့တဲ့ သား ကျန့်ကျန့်ကလဲ Bar သို့ရောက်လာသည်။
အမူးကောင်လေး ကျန့်ကျန့်အပေါ် အန်ချတုန်းကဆို ကိုယ့်မှာအသက်တောင် ရူမိရဲ့လားပင်မသိ...။
ကောင်လေးကို ကျန့်ကျန့်က စိတ်ရှုပ်ရှုပ်နဲ့ တစ်ခုခုလုပ်လိမ့်မယ်ထင်ထားတာ...။
အခုတော့ အမူးကောင်လေးကို ကျန့်ကျန့်ကိုင်တိုင်တွဲပေးပြီး အခန်းထဲအထိ လိုက်ပို့ပေးနေပါရောလား...?
ကျန်းချန်လဲ ထိုအဖြစ်အပျက်တွေအဆုံး ဘာမှသိပ်မတွေးတော့ပဲ သက်ပြင်းအသာချလျက်သာ VIP ခန်းဘက်သို့လျှောက်လာခဲ့လိုက်တော့သည်။
>
(*ဒီနေ့ သားဝမ်လေးရဲ့ အသက် 20 ပြည့် မွေးနေ့ပဲ.....*)
ဝမ်ကျောက် အတွေးနဲ့တင်ပျော်နေလေ၏။
သားလေးက Bar တစ်ခုမှာ မွေးနေ့ပွဲကျင်းပမှာဆိုပဲ...။
ခါတိုင်းဆို သူ့အိမ်မှာပဲ မွေးနေ့ပွဲကျင်းပတတ်တဲ့ သားက ဒီနှစ်တော့ Bar တစ်ခုမှာ မွေးနေ့ပွဲကျင်းပမည်ဖြစ်ကြောင်း အိမ်တော်ထိန်းဆီကနေတစ်ဆင့်ကြားထားသည်။
ဒါကြောင့် ဘယ်တော့ကမှ မမေ့ခဲ့သော မွေးနေ့လက်ဆောင်ဘူးလေးကိုယူကာ ထို Bar ဆီသို့ ဝမ်ကျောက်လိုက်လာခဲ့လေသည်။
Bar ထဲကို 'ဝင်ရနိုး မဝင်ရနိုး' 'တုံချည်ချချည်' ဖြစ်နေလေသော သူ့ပုံစံဟာ 'သားမွေးနေ့ပွဲကိုသွားမှာ' လို့ပြောရင် ယုံနိုင်ဖွယ်ရာတော့ မရှိပေ...။
သားနဲ့ သူက သိပ်အခေါ်အပြော မရှိတာကြောင့်ရော...
သူက စကားသွားပြောရင်တောင် မတတ်သာလို့ စကားပြန်ပြောတတ်တဲ့ သားက အချေကိုယ်တော်လေးပေမို့...။
သားက သူ့ကိုအမြင်မကြည့်မှန်းလဲ သိနေသော့ကြောင့်ပင်...။
ဘာကြောင့်လဲတော့ သိပ်မသိပေမယ့် သူ့မားမား မရှိတော့ကတည်းကသားက သူတစ်ယောက်တည်း အိမ်ခွဲနေခဲ့လေသည်။
အခုလည်း 'ချီတုံချတုံ' ဖြစ်နေရင်းနှင့်ပင် Happy new Year time ကို ကျော်လွန်သွားရလေပြီ။
"ဝင်မယ်..!
သားကို မွေးနေ့လက်ဆောင်ပေးရမယ်..."
ဝမ်ကျောက် ကိုယ့်ကိုယ်ကို အားတင်းလိုက်ကာ ကားပေါ်မှ ဆင်းပြီး Bar ထဲသို့ဝင်လာလိုက်သည်။
ဖွင့်တာ 3 နှစ်လောက်ပဲရှိသေးတဲ့ ဒီ Bar က အပြင်အဆင်တွေကအစ အထက်တန်းစားဆန်ကာ Hotel ရော ၊ ကာရာအိုကေရော အစုံရှိတယ်လို့ကြားဖူးသည်။
သားရဲ့သူငယ်ချင်းတစ်ယောက်ဆီကနေ ကြားထားတဲ့ သတင်းစကားတွေအရ ဒီ Bar ရဲ့ခေါင်မိုးထပ်မှာ သားလေးက Party ရော Birthday အတွက်ပါ ပွဲကျင်းပမည်'ဟုသိထားရသည်။
Bar က နာမည်ကြီးရင်လဲ ကြီးလောက်စရာပါပဲ'ဟုပင် ဝမ်ကျောက် တွေးမိလိုက်သေး၏။
ဒီလိုနာမည်ကြီးတဲ့ Bar တစ်ခုမှာ မွေးနေ့ကျင်းပနေသော သားရှိရာ Bar ခေါင်းမိုးထပ်ဆီသို့ ဝမ်ကျောက် သွားမည်အလုပ်...
'ရိပ်ကနဲ' မြင်လိုက်ရသော အရိပ်လေးတစ်ခု.....။
လူတွေအများကြီးရှိနေတဲ့ကြားထဲမှာမှ မေ့သွားခြင်း အလျဥ်းမရှိသေးသည့် ကိုယ်သင်းနံ့သင်းသင်းလေးကို တစ်ချက်သော်မျှရလိုက်သည်နှင့် ပိုသေချာသွားသလို နှုတ်ဖျားဆီမှ ရုတ်တရက် ပွင့်အံထွက်ကျလာသော စကားတစ်လုံးလေးတစ်လုံး..!
"ကျန်း..! ကျန်းလေး မဟုတ်လား?"
ကြားလိုက်ရသော ဩရှရှလေသံတစ်ခုကြောင့် ကျန်းချန်တစ်ကိုယ်လုံး တောင့်ခဲသွားရလေသည်။
VIP အခန်းထဲသို့ဝင်မည့် ခန္ဓာကိုယ် တစောင်းလေးဟာလဲ တောင့်တောင့်ကြီးသာ ရပ်လျက်ရှိနေပြီး အရှေ့ကိုမတိုးသလို အနောက်ကိုလဲဆုတ်ခြင်းမရှိ။
"ကျန်း... ကိုယ်..."
"ဘာ လာ လုပ် တာ လဲ...?"
တစ်လုံးချင်းပြတ်သားစွာဆိုလာသော ကျန်းလေးစကားကြောင့် ဝမ်ကျောက်ပြောမည့်စကားများပင် ပျောက်ရှကုန်ရသည်။
"သြော်.. မေ့နေလိုက်တာ..!
ဟက်! ဒီနေရာက အပျော်ရှာချင်တဲ့သူတွေလာတဲ့နေရာပဲ...
ကျွန်တော်က ဒီ Bar ပိုင်ရှင်ပါဗျ...
အလှလေးတွေ ပို့ပေးလို့ရတယ်နော်...
ကျွန်တော့်ကို ကျေးဇူးတင်လိုက် ဟက်!"
မျက်ဝန်းတွေမှာ အမှတ်မရှိစွာ အရည်ကြည်တွေရစ်သိုင်းလာသော်လဲ ကျန်းချန်က မဲ့ပြုံးတစ်ချက်ပြုံးကာဆို၏။
"ကျန်းလေးရာ..."
"ကျွန်တော်နာမည် ကျန်းချန်!
ခင်ဗျားပါးစပ်က အဲ့ဒီလို မခေါ်နဲ့ မကြိုက်ဘူး!!"
အေးစက်စက်ပြောလာတဲ့ ကျန်းလေးရဲ့စကားသံနောက်မှာ ခွင့်ပြုချက်မရပါပဲ အရည်ပူတစ်စက်က ပါးပြင်ပေါ်သို့ လိမ့်ဆင်းကျလာလေ၏။
ကိုယ် အဲ့တုန်းက အခြေအနေတွေကိုရှင်းပြချင်တယ် ကျန်းလေးရယ်...။
ဒါပေမယ့် အချိန်တွေနှောင်းခဲ့သွားတာကြာခဲ့ပြီပဲ...။
ကိုယ့်မှာ အခွင့်အရေးရှိသေးရင်တော့ အကြောင်းစုံကိုရှင်းပြပြီး မင်းလေး ကျေနပ်လောက်အောင်ထိ တောင်ပန်ချင်ပါသေးတယ် ကျန်းလေးရယ်...။
"ကောင်းပါပြီ...
ကိုယ့်ကို ခွင့်ပြုပါအုံး...
စကားလေးတစ်ခွန်းတော့ ကိုယ်ပြောခဲ့ပါရစေ.. ကိုယ် တောင်းပန်ပါတယ်..."
ဒီမှာ ဆက်ရပ်နေရင် ခြေမခိုင်ချင်တော့တာကြောင့် ဝမ်ကျောက် Bar ထဲမှ ဒီတိုင်းသာ လှည့်ထွက်လာခဲ့လိုက်တော့သည်။
သားကလဲ သူ့ကိုမျှော်နေမယ့်သူ မဟုတ်တာကြောင့်တော်သေး၏။
နောက်နေ့မှ သားဝမ်လေးရဲ့အိမ်အထိ သွားပြီး မွေးနေ့လက်ဆောင်လေးကိုသွားပေးရမည်။
ကားစီယာတိုင်ပေါ်ကို မျက်နှာအပ်ရင်း မျက်ရည်ပူတို့က မဖိတ်ခေါ်ပဲ ကျလာပြန်သည်။
အသက်အရွယ်တွေအရ ရင့်ကျက်တည်ငြိမ်လာပါသော်လဲ နှလုံးသားတစ်နေရာကိုတော့ ထိမ်ချန်ခဲ့ပုံရ၏။
Happy man လို့ အမည်တွင်လောက်အောင် အချိန်တိုင်းပြုံးနေနိုင်တဲ့ သူ့မှာလဲနာကျင်စရာအတိတ်တွေရှိခဲ့ဖူးသည်။
>
VIP အခန်းထဲသို့ မဝင်မီ လူတစ်ယောက်ခေါ်သံမှစ၍ တစ်ကိုယ်လုံး ကျောက်ရုပ်တစ်ရုပ်အလားဖြစ်နေလေသော ရှောင်ကျန်းချန်...။
မမြင်ချင်ဘူး မတွေ့ချင်ဘူး ဆိုကာမှ Happy New Year နေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်လာဆုံရသည်။
နာကျင်ရတယ်.....။
ဟောဒီ ရင်ဘတ်ကြီးတစ်ခုလုံးလဲ နာကျင်ရလွန်းလို့ ထုံနေပြီ။
စိတ်နာတယ်! အဲ့ဒီလူကြီးကို!!
အတိတ်ကအကြောင်းအရာတွေကိုလဲ ပြန်မတွေးချင်တော့ဘူး။
Advertisement
VIP အခန်းထဲသို့ အားအင်ချိနဲ့စွာ ဝင်လာပြီး ထောင့်လေးတစ်နေရာမှာပဲ ထိုင်ချမိလိုက်သည်။
မျက်ရည်ပူတို့က ပါးပြင်ထက်မှာ လွတ်လွတ်လပ်လပ်စီးဆင်းလာကြ၏။
ကျန့်ကျန့် အခန်းထဲဝင်လာသည်ကိုပင် မသိလိုက်...။
မျက်ရည်စီးကြောင်းတွေနှင့် မျက်နှာကို ကျန့်ကျန့် မြင်သွားခဲ့ရသည်။
ထိုညက တူဝရီးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ဖက်ကာ ငိုမိခဲ့ကြ၏။
အခုချိန် ကျန့်ကျန့် ဘယ်တွေ စဥ်းစားနေမလဲ သူ မသိပေမယ့်
သူစုံစမ်းနေတဲ့ ကိစ္စကိုဘယ်လိုကိုင်တွဲမလဲ ဆိုတာကိုတော့ ကျန်းချန် စိတ်ဝင်စားမိသည်။
>>>
ဒီ အဆိုးလေးက ဘာကြောင့် ကျွန်တော့်ကို ခနခနပြုံးစေနိုင်ရတာလဲ...?
အဆိုးလေးပြုမူလိုက်တဲ့ အမူအရာတစ်ခုချင်းစီတိုင်းက ကျွန်တော့်ကို ပြုံးစေနိုင်တာလား...?
လူနာကုတင်ပေါ်မှာ လှဲနေသော ကျွန်တော့်ကို စိုးရိမ်တစ်ဝက် ဒေါသတစ်ဝက်အချိုးကျရောယှက်နေသော မျက်လုံးများဖြင့် စူးစူးရဲရဲစိုက်ကြည့်နေသော အဆိုးလေးပါလေ...။
'ခနလေး နားပြီးရင် Duty တန်းဝင်မယ်' လို့ပြောလိုက်မိတာကြောင့်ဖြစ်မည်ထင်၏။
"ဒေါက်တာ! ခင်ဗျား နေမကောင်းသေးဘူးလေ... ဘာလို့ တခြားသူတွေကို စိတ်ပူနေရတာလဲ? ကိုယ့်ဘာသာကိုသာ အရင်စိတ်ပူစမ်းပါ!!"
မျက်နှာကြောတင်းကာ လေသံခပ်ဆက်ဆက်ကလေး ပြောနေတာလေးကိုက ကျွန်တော့်ကို ပြုံးစေနိုင်တာလား...?
"ကိုယ် နေကောင်းနေပါပြီ
စိတ်မပူနဲ့တော့နော်..."
"ဟ! ဘယ်သူက စိတ်ပူနေလို့လဲ...?
ခင်ဗျား ဒီမျက်နှာကြီးနဲ့ လူနာတွေကို ဆေးသွားကုမှာလား...?
ခင်ဗျား လူနာက ကလေးတွေဆိုရင် ကြောက်ပြီးထွက်ပြေးကုန်မှာစိုးလို့ပြောနေတာ...!"
စိတ်ပူတာကို စိတ်ပူတယ်မပြောပဲ မျက်နှာကြီးနီကာ အတင်းငြင်းကန်နေသော အဆိုးလေးပါဗျာ...။
"အဆိုးလေး..
မင်းရော ကိုယ့်ကိုမကြောက်ဘူးလား...?"
ထိုအခါ ခပ်တင်းတင်းမျက်နှာထားလေးနဲ့ ကျွန်တော့်ကို ကြည့်လာပြီး....,
"ကျွန်တော်ကလား...?
ပြောရဲလိုက်တာ..
ဘာကိစ္စ ခင်ဗျားကိုကြောက်ရမှာလဲ...? လူလေးတစ်ယောက်ကိုတောင် နိုင်အောင် မချနိုင်ပဲနဲ့ ဟွန့်!"
ဒီ အဆိုးလေးကတော့လေ...
သူ့စိတ်ထဲမှာ ရန်ဖြစ်တာတွေပဲရှိတယ်ထင်ပါရဲ့...။
တွေးမိရင်း အဆိုးလေးကိုကြည့်ကာ ရှင်းချန် ပြုံးမိပြန်၏။
"မင်းလေးကတောင် ကိုယ့်ကို မကြောက်တာကွာ... ကလေးလေးတွေက ဘာလို့ ကိုယ့်ကို ကြောက်မှာလဲ...?"
"ဟင် ဘာဆိုင်လို့...?"
"ဆိုင်တာပေါ့ အဆိုးလေးရဲ့...
မင်းလေးကလဲ ကလေးလေးပဲလေ..."
ရှင်းချန် ပြုံးစ,စနဲ့ပြောလိုက်တော့ အဆိုးလေးက စိတ်ဆက်သူပီပီဒေါသထွက်လာပုံရကာ လက်သီးလက်မောင်းတန်းလျက်....,
"ကျွန်တော် ကလေးမဟုတ်ဘူးဗျ!!
ရန်ဖြစ်ရင် ဘယ်လိုကောင်ဖြစ်ဖြစ် ကျွန်တော့်ခြေဖဝါးအောက်မှာပဲ ခင်ဗျား သိလား?!"
ရွှယ်ရန်ပြောလိုက်သောစကားကြောင့် ရှင်းချန်းမှာလဲ ရယ်ရခက်ငိုရခက်...။
ထို့နောက် ရှင်းချန်တစ်ယောက် သူ့အရှေ့မှာ ပေစောင်းစောင်းရပ်ကြည့်နေသော အဆိုးလေးရဲ့မျက်နှာလေးကို တည့်တည့်စူးစိုက်ကြည့်လိုက်ကာ ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် အဆိုးလေးရဲ့မျက်နှာလေးမှာလဲ သိသိသာသာကို နီလာလေတော့သည်။
"အဆိုးလေး...
မင်းလေးက ကိုယ့်မျက်လုံးထဲမှာတော့ ကလေးဆိုးလေး တစ်ယောက်ပါပဲကွာ..."
>>>
💞
Royal ရေးတဲ့ ဒီ (Zhanyi fic) လေးကို ဖတ်ရတာ ဘယ်လိုနေလဲပြောခဲ့ကြပါဦးနော် 😍
ဒီ Fic လေးက Royal ရဲ့ ပထမဆုံး fanfic လေးမို့ အမှားတစ်စုံတစ်ရာပါခဲ့ရင်လဲ နားလည်ပေးကြပါလို့...😘
ကျန်းမာရေးဂရုစိုက်ကြပါ ❤
ဆာရာငဲ.....🙆
💞 ချစ်ခင်လေးစားလျှက် 💞
*ဒေါက်..! ဒေါက်..!*
"ငါ အိမ်မပြန်သေးဘူး..
"မင်း ကျောင်းကိုရော..?"
"ဘယ်ကသာ...
"ညက................,"
>>>
"သြော်..လေးလေး...
"ဟုတ်"
>>>
~~~ Flash back ~~~
>
"ဝင်မယ်..!
Advertisement
- In Serial17 Chapters
Our Love From The Moon
After graduating high school the goddess Luna chooses your mate, but what if that mate is forbidden by ancient laws?
8 116 - In Serial71 Chapters
I Become The Wife of The Male Lead
I possessed the body of "Fiona," the final villain whose soul was sentenced to eternal suffering after her gruesome demise at the hands of the world's savior.Just because she was an illegitimate child, she was tortured by her own family.And so... arriving six years before the start of the novel, I was sent to war at the age of thirteen! Fortunately, as the story's greatest villain, Fiona was a magical genius.I had to survive the monster invasion. But now, I couldn't be in the middle of a battlefield.Just before I ran out of breath, I encountered the adolescent male lead....... Why was he here?Anyway, if the male lead dies here, then the world will be destroyed. So, let's save him first!AUTHOR: Winter Leaves / 겨울잎
8 270 - In Serial33 Chapters
Bitten by History
[This is only the 2nd draft and so there may be some spelling mistakes. PLEASE DON'T COMMENT ABOUT THEM. I know they are there.]"Listen to me carefully," he growls. His thumb presses down on the vein rapidly pulsing from her heart rate and she notices instantly how cold his skin is compared to everything else."You're going to get into the car or I'm going to snap you in half quicker than you can squeal. The choice is yours."---+---To an outsider, Emelia's life is perfect. As the daughter of a high-ranking government official, she's had a privileged upbringing. But behind the fortunate facade, Emelia is haunted by guilt from the past.Sofie, an aspiring dancer, has always known she was different but she is terrified of others finding out just how much so. Not even Emelia knows her secret.When the two of them witness a grisly murder one night in London, they are dragged into a dark new world where beautiful monsters stalk the shadows of normal society.Trapped and running out of time, Emelia is determined to keep herself and Sofie alive. She isn't the only one with demons, however, and soon Sofie's become just as much of a threat to their survival as the supernatural creatures who hold them captive.
8 181 - In Serial38 Chapters
The Darkest Temptation
*Mature Content Warning* I rest both my hands against the table. "I'll go on another date with you, if you tell me one thing about yourself that no one else knows."He's silent for a long moment, pondering my offer. Eventually he quirks his fingers at me. "Lean closer."Bracing myself against the table, I lean over it toward him, noting every detail about his face as I get closer. Every hair, every freckle. His beautiful is unimaginable. His breath warms my skin, dancing over my ear as I dip my head toward him. Will he kiss me, and make good on my sinful thoughts?His voice is like an erotic caress as he murmurs in my ear, "I'm a murderer." ***She cannot escape him. On a blind-date, she unknowingly meets the most dangerous man to exist, and falls into his world of darkness and desire as both his mate, and his worst enemy.
8 202 - In Serial37 Chapters
Parenting 101
Jacqueline West, an average girl, who could barely take care of her self finds her life twisted upside down. Taking care of a kid while going to school is something neither she nor Blake Archer knows how to do. Jacqueline always thought you needed love before a kid. Can a kid before love be possible? Who knew so much could change from just one doctor's visit.#1 in Toddler#4 in Steps#39 in Parenting
8 113 - In Serial40 Chapters
Her Song (Florence Pugh)
Y/N is twenty-something and living the simple life in NYC. She owns her own record store, where she sells music, coffee, and books; she even hosts live entertainment once in a while. It's every gay girl's dream.Having grown up watching Marvel movies with her dad, she nearly passes out when Florence Pugh strolls into her record shop one rainy afternoon. When the actress becomes a regular customer, Y/N eventually stops fangirling, but that doesn't mean she's any less awestruck by the beautiful blonde.(Florence Pugh x Reader slowburn)
8 184

