《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 3
Advertisement
[ At Happy New Year Night..! ]
နာမည်ကြီး Bar တစ်ခု၏ တစ်နေရာတွင် အန်နေသော ကောင်လေးမှာ အခုထိအမူးမပြေသေးချေ။
ထိန်းပေးနေတဲ့ Bar ပိုင်ရှင်ကိုတော့ ကျင်းရီ တကယ်ကိုအားနာနေမိသည်။
အခုချိန်ထိ လက်ထဲက အမှိုက်ပုံးကို မချသေးပဲ ကြောင်ကြည့်နေသော လန်ကျင်းရီခမျာ XZ လှမ်းခေါ်လိုက်မှ သတိပြန်ဝင်လာတော့သည်။
"ကောင်လေး...
မင်းသူငယ်ချင်းကို လာခေါ်အုံး..
သေချာလဲ သန့်ရှင်းပေးလိုက်အုံးနော်..
ပြီးရင် မင်းတို့အခန်းထဲကို ကိုယ် သံပုရာရည်ပို့ခိုင်းလိုက်မယ် ဟုတ်ပြီလား?"
XZ ထိုသို့ပြောပြီးနောက် လက်ထဲက အမူးကောင်လေးကို သူ့သူငယ်ချင်းဆီသို့ လွှဲပြောင်းပေးဖို့လုပ်ပေမယ့် မူးနေတဲ့ Baby လေးကတော့ XZ ပုခုံးကိုသာ အားကိုးတကြီးမှီထားကာ လက်ကလဲ XZ လက်မောင်းကို ဆုပ်ကိုင်ထားလျက် သူ့ကိုလာခေါ်နေသော သူငယ်ချင်းဖြစ်သူကို အနားပင်အကပ်မခံပါချေ။
လန်ကျင်းရီခင်ဗျာ သူ့ချစ်သူငယ်ချင်းကြီးငမူးကောင်ကို သေချာကြည့်ကာ....,
"Yibo! ငါ မင်းသူငယ်ချင်း လန်ကျင်းရီလေကွာ... ဟေ့ကောင်! ငါပါကွ!"
ထိုသို့ပြောပြီး ထပ်ခေါ်ပေမယ့် YB ကတော့ XZ အနားကနေ တစ်လက်မလောက်ပင်မခွာပါချေ။
နောက်ဆုံးတော့ Bar ပိုင်ရှင်ဖြစ်သည့် XZ ကပဲ အလျော့ပေးလိုက်ရကာ အမူး Baby လေးကို ကိုယ်တိုင်လိုက်ပို့ဖို့သာပြင်ရလေတော့သည်။
"ကောင်လေး...
မင်းသူငယ်ချင်း တော်တော်မူးနေပြီ..
ကိုယ်ပဲလိုက်ပို့တော့မယ် မင်း သူ့အခန်းပြ"
ကျန့်ကျန့် ထိုအမူးကောင်လေးကိုခေါ်ကာ အခန်းကိုလိုက်ပို့နေသည်အထိ ကျန်းချန်မှာ စကားတစ်လုံးမှ ဝင်မပြောနိုင်ချေ။
ကျန်းချန်မှာတော့ အတွေးပေါင်းစုံနှင့်သာ ကျောက်ရုပ်ကြီးတစ်ရုပ်လို တောင့်တောင့်ကြီးမတ်တပ်ရပ်ကျန်ခဲ့ရသည်။
ကျန့်ကျန့်ရဲ့ပင်ကိုယ်စိတ်လေးက ဖြူစင်ပေမယ့် လူတွေရှေ့မှာတော့ ခပ်တည်တည်မျက်နှာထားနဲ့ ပြတ်သားသော လူတစ်ယောက်ဖြစ်သည့်အလျောက်.. လူတွေရှေ့မှာ သိပ်မထုတ်ပြတတ်သော စိတ်သဘောထားအရ ကျန့်ကျန့်ရဲ့နဂိုစိတ်နဲ့သာဆို အဲ့ဒီမူးနေတဲ့ကောင်လေး သူ့ကိုညစ်ပတ်အောင်လုပ်တဲ့အချိန်ကတည်းက သူသေချာပေါက် အဲ့ဒီငမူးကောင်လေးကို တွန်းမလွှတ်လိုက်ရင်တောင်မှ ဆက်မထိန်းပေးပဲ ကောင်လေးကို အပြစ်တင်စကားတော့ ဆိုကို,ဆိုပေလိမ့်မည်။
အသန့်ကြိုက်တဲ့ ကျန့်ကျန့်က အခုတော့ သူ့ကို ညစ်ပတ်အောင်လုပ်ထားတဲ့ ကောင်လေးကို မျက်နှာတစ်ချက်မပျက်ပဲ အခန်းထဲထိလိုက်ပို့မယ် ဆိုပါလား...?
ပြီးတော့ ဒီနေ့ (Happy New Year) နဲ့ ပတ်သတ်ပြီး ကျန့်ကျန့် စိတ်ရှုပ်နေမှာကိုသိနေတော့ အမူးကောင်လေး သူ့အပေါ် အန်ချလိုက်တုန်းကဆို ကျန်းချန် တုပ်တုပ်တောင် မလှုပ်မိ.. ကျန့်ကျန့် အဲ့ဒီကောင်လေးကို စိတ်ရှုပ်ရှုပ်နဲ့ တစ်ခုခုလုပ်လိုက်ပြီကိုထင်နေမိတာ...။
အခုတော့ သူတွေးသမျှ အကုန်တစ်ခြားစီပါပဲလား...?
XZ လဲ အမူး Baby လေးရဲ့လက်တစ်ဖက် ကို သူ့ပုခုံးပေါ်တင်စေပြီး သူ့လက်တစ်ဖက်က Baby ရဲ့ ခါးကို ဖက်လိုက်လျက်.. တစ်ဖက်က သူ့ကို တွဲထားတဲ့ အမူး Baby လေးရဲ့လက်တွေကို မြဲမြံအောင်ထပ်ကိုင်ပေးကာ အခန်းကိုရောက်အောင်လိုက်ပို့ပေးနေမိသည်။
ကျင်းရီကတော့ သူ့ချစ်သူငယ်ချင်းကြီး YB က သူ့ကို အနားပင်အကပ်မခံတာကြောင့် အရှေ့ကနေပဲသွားကာ Bar ပိုင်ရှင်ကို YB အခန်းသို့ လမ်းပြပေးရလေသည်။
XZ အမူး Baby လေးကို တွဲပြီးပို့ပေးနေစဥ်အချိန်လေးအတွင်း ကောင်လေးရဲ့မျက်နှာလေးကို ခနခနငုံ့ကြည့်နေမိသည်။
ဘာရယ်တော့ မဟုတ်...
အလွန်ကြည့်ကောင်းတဲ့ မျက်နှာနုနုလေးဖြစ်နေခြင်းကြောင့်သာ ခနခနငဲ့ကြည့်မိနေခြင်းဖြစ်ပါလိမ့်မည်။
အမူး Baby လေးရဲ့မျက်နှာလေးက နုဖတ်နေပြီး အန်ထားတာကြောင့် နှာသီးဖျားလေးတွေနဲ့ ပါးလေးတွေက နီရဲနေလေ၏။
ချွေးစလေးတွေကလဲ နဖူးမှာစို့နေပြီး နူးညံ့လွန်းတဲ့ ဆံပင်အိအိလေးတွေက မျက်နှာပေါ်ကို ကပိုကရိုကျနေလေသည်။
'ဒီလောက်လှတဲ့ ကောင်လေးလဲရှိသေးတာပါလား...?' လို့ Xiao Zhan အတွေးဝင်မိပြီးမှ ကောင်လေးကို အားနာသွားရသည်။
ထို့သို့ပြောမိလောက်အောင်ကို ကောင်လေးက နုဖတ်နေပြီး သူ့ဘေးမှာလှပစွာနေရာယူထာခြင်းကတော့ ငြင်းမရသည့်အမှန်တရားတစ်ခု...။
ယောကျာ်းလေးတစ်ယောက်ကို လှတယ်လို့ သုံးလို့မရပေမယ့် ဒီကောင်လေးကတော့ ထိုသို့ပြောမိလောက်အောင်ကို ခြွင်းချက်တစ်ခုလိုဖြစ်နေတာကတော့ XZ လဲမတတ်နိုင်ပြီ။
အမူး Baby လေးတည်းနေတဲ့ အခန်းကိုရောက်လာတော့ Baby ကို ကုတင်ပေါ်တင်ပေးပြီး အခန်းကို တစ်ချက်ဝေ့ကြည့်ကာ XZ လှည့်ထွက်မည်အလုပ် Baby ရဲ့သူငယ်ချင်း ခပ်စွာစွာကောင်လေးက.....,
"ဟို... ဒီက Bar ပိုင်ရှင်ကို ကျေးဇူးတင်ပါတယ်"
ခပ်စွာစွာကောင်လေးက ကျေးဇူးတင်စကားဆိုလာတော့လဲ XZ ပြန်ဖြေပေးရတာပေါ့...။
"ရပါတယ် ကိုယ့်နာမည်က ရှောင်းကျန့်ပါ...
မင်းသူငယ်ချင်းကို သေချာသန့်ရှင်းပေးလိုက်အုံး... တစ်ခုခုအဆင်မပြေတာရှိရင် ကိုယ့်ကို ပြောလို့ရတယ်.. ခနနေ သံပုရာရည်ပို့ခိုင်းလိုက်မယ်... အေးအေးဆေးဆေး နားကြတော့ ကိုယ်သွားပြီ"
Bar ပိုင်ရှင် ထွက်သွားတော့မှ YB ကို သန့်ရှင်းပေးဖို့ ကျင်းရီ ရေချိုးခန်းထဲသို့ခေါ်လာခဲ့လိုက်တော့သည်။
ကျင်းရီတစ်ယောက် အမူးပြေသွားတာတော့ အတော်ကြာပါပြီ။
XZ ထိုကောင်လေး အခန်းထဲက ထွက်လာတာနဲ့ နံစော်နေတဲ့ သူ့ခန္ဓာကိုယ်ကို ဆေးကြောဖို့အတွက် VIP ခန်းထဲကို ဝင်လာလာချင်း မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုက သူ့ကို သွေးပျက်သွားစေ၏။
ဆိုးရွားတဲ့ ကိစ္စတွေဖြစ်ပြီးနောက်ပိုင်း သူ့အပေါ်ကို အဖေလိုတစ်မျိုး ၊ ဦးလေးလိုတစ်မျိုး ၊ အကိုလိုတစ်မျိုး အမျိုးမျိုးစောင့်ရှောက်ပေးလာခဲ့တဲ့ လေးလေးကို သူ မျက်ရည်တစ်စက် အကျမခံခဲ့...။
အခုတော့ VIP အခန်းရဲ့တစ်နေရာမှာထိုင်ပြီး မျက်ရည်တွေကျနေတဲ့ လေးလေးပါလေ...။
Advertisement
XZ ခြေလှမ်းကျဲကြီးတွေနဲ့ လေးလေး အနားကို အမြန်လျှောက်သွားလိုက်သည်။
ရင်ထဲမှာလည်း စိတ်ပူမှု ၊ နာကျင်မှုတွေနှင့်။ ဒီလောက်နာကျင်ခံစားခဲ့ရတဲ့ လေးလေး ကို သူထပ်ပြီး မခံစားစေချင်တော့ပါ...။
"လေးလေး..! လေးလေး..! ကျွန်တော့်ကိုကြည့်! ဘာဖြစ်တာလဲ? ဘယ်သူက လေးလေး ကိုငိုအောင် လုပ်တာလဲ? ကျွန်တော့်ကိုပြော လေးလေး!"
(*ကျွန်တော်ရှေ့မှာ မျက်ရည်မကျပါနဲ့ လေးလေး ရာ...
ကျွန်တော် မခံစားနိုင်လို့ပါ...
လေးလေး အများကြီးခံစားခဲ့ရပြီးပါပြီ...
လေးလေးကို ဒီလိုဖြစ်အောင်လုပ်တဲ့သူကို ကျွန်တော် အရှင်မထားဘူး လေးလေး!*)
ကျန်းချန် သူ့ရှေ့မှာ စိုးရိမ်တကြီးမေးပြီး လက်သီးတင်းတင်းဆုပ်ထားသော ကျန့်ကျန့်ကိုကြည့်ကာ စိတ်ပြေအောင်ဖြောင်းဖျပေးမိသည်။
"ကျန့်ကျန့်...
လေးလေး ဘာမှမဖြစ်ပါဘူးနော်.. ကျန့်ကျန့် သား စိတ်လျော့ပါကွာ.. မျက်ရည်တွေမကျနဲ့တော့နော်"
လေးလေးပြောမှ XZ ကိုယ့်ကိုယ်ကို မျက်ရည်ကျနေမိမှန်းသိလိုက်ရသည်။
လေးလေးကိုလဲ မျက်ရည်တွေသုတ်ပေးပြီး သူ့မျက်ရည်တွေကိုလဲ လေးလေးက သုတ်ပေးနေ၏။
ထို့နောက် တူဝရီးနှစ်ယောက် တင်းနေအောင် ဖတ်ထားမိသည်။
(*လေးလေးက ဘာမှမဖြစ်ဘူးပြောပေမယ့် ကျွန်တော်မရရအောင် စုံစမ်းမယ် လေးလေး.. လေးလေးကို ဒီလိုပုံစံဖြစ်အောင် တစ်ယောက်ထဲပဲလုပ်နိုင်တယ်..
လေးလေး နာကျင်နေမယ်ဆိုတာ ကျွန်တော် သိတယ်...
ကျွန်တော် လေးလေးကိုထပ်ပြီးတော့ မနာကျင်စေချင်တော့ဘူးဗျာ...
ကံကြမ္မာကြီးရယ်.. ကျေးဇူးပြုပြီး ကျွန်တော်တို့တူဝရီးနှစ်ယောက်ကို နာကျင်စရာတွေ ထပ်မပေးပါနဲ့တော့လားဗျာ...*)
XZ VIP ခန်းထဲက ရေချိုးခန်းမှာပဲ ကိုယ်လက်သန့်စင်ကာ မျက်ရည်ပူတွေကို ရေပူတွေနဲ့ မျှောချလိုက်သည်။
မနက်ဖြန်ဆိုတာ ဒီနေ့လောက်တော့ မနာကျင်စေတော့ဘူးမလား...?
>>>
အိမ်ထဲမှာ ခြေငြိမ်နေတဲ့ ကျွန်တော့်အတွက် ဘာဖြစ်လို့ ဖြစ်ချင်နေမှန်းကို မသိတာမို့...
ဘာမှလဲ မလုပ်ချင်မကိုင်ချင်နဲ့ အပျင်းတစ်နေလေသည်။
ဆေးရုံကဆင်းလာကတည်းက အိမ်ထဲမှာပဲနေပြီး ဘာမှမလုပ်ချင် မကိုင်ချင် မအီမသာနဲ့သာ နေ့ရက်တွေကိုကျော်ဖြတ်ခဲ့ရသည်။
ဒီနေ့တော့ ကျွန်တော် အိမ်အပြင်ကိုထွက်လာခဲ့ပါပြီ။
ရန်အမြဲဖြစ်နေတဲ့ ကျွန်တော့်အတွက် ရန်မဖြစ်ရလို့ နေမထိထိုင်မသာဖြစ်နေသလားဆိုတဲ့ အတွေးနဲ့ ပထမဆုံးတွေ့တဲ့ ရန်ပွဲမှာ ဝင်ပါဖြစ်အောင်ကိုပါမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အတူ အပြင်ကိုထွက်လာတာပါ...။
အိမ်မှာ ဆိုင်ကယ်တွေ ကားတွေရှိပေမယ့် ကျွန်တော် စီးတာနည်းတယ်...။
လွတ်လွတ်လပ်လပ် ဒီအတိုင်းပဲ ခြေလျင်လျှောက်ရတာကို ကျွန်တော်က ပိုနှစ်သက်တာဗျ...။
အင်းးး ခရီးဝေးတွေတော့ မပါဘူးပေါ့လေ...။
ဘာရယ်မဟုတ် ခြေလှမ်းတွေက ဆေးရုံဘက်ကိုသာ ဦးတည်နေလေသည်။
ကျွန်တော်တို့ အိမ်နဲ့ဆေးရုံက ခြေလျင်လျှောက်ရင်တော့ တစ်နှာရီခွဲလောက်ကြာမည်ထင်၏။
ဒါပေမယ့် ကျွန်တော့်အတွက်တော့ ကိစ္စမရှိပါဘူးလေ...။
ဆေးရုံနားကိုရောက်ခါနီး လမ်းကွေ့တစ်ခုအရောက်မှာ လဲကျနေတဲ့ လူတစ်ယောက်နဲ့ ဝိုင်းထိုးနေကြသော လူတစ်စုကိုမြင်လိုက်ရတဲ့အခါ ရွှယ်ရန်ရဲ့မျက်နှာမှာ ထိန်းမရအောင်ကို ချက်ချင်းဝင်းပသွားလေတော့သည်။
(*အဟက်...! ဒါ ငါ့ရန်ပွဲပဲ ဟား*)
ရွှယ်ရန် တစ်ချက်ပြုံးလိုက်ပြီး အင်္ကျီလက်ကို တံတောင်ဆစ်ထိရောက်အောင်ခေါက်တင်လိုက်ကာ ထိုလူစုအနားကို ကပ်သွားလိုက်တယ်ဆိုလျှင်ပဲ...
အောက်မှာ ဝိုင်းအထိုးခံနေရသော လူရဲ့မျက်နှာကြောင့် ရွှယ်ရန်တစ်ယောက် ဒေါသတွေ အချောင်းချောင်းထွက်သွားရပြီး ထိုလူစုကိုလဲ လျှင်မြန်ကျွမ်းကျင်စွာပင် အမြန်ဆုံးနှိမ်နှင်းလိုက်နိုင်သည်။
"ဒေါက်တာ..! ဒေါက်တာရှင်းချန်..!
ခင်ဗျားဘာမှမဖြစ်ဘူးမလား...?"
ဒဏ်ရာတွေနှင့် လဲကျနေသော ဒေါက်တာလေးအား ရင်ခွင်ထဲထည့်ကာ စိုးရိမ်တကြီးမေးလိုက်မိ၏။
ဒေါက်တာရှင်းချန်က လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ဆေးရုံနားက တိုက်ခန်းမှာပြောင်းနေခြင်းဖြစ်သည်။
Duty တွေရှိရင် ဆေးရုံနဲ့ အိမ်က ဝေးတာကြောင့် ကားနဲ့အသွားအပြန်လုပ်ပေမယ့် ပင်ပန်းတဲ့အတွက် အေးချမ်းတိတ်ဆိတ်တဲ့ တိုက်ခန်းလေးကိုရွေ့လာခဲ့ခြင်း။
အေးအေးဆေးဆေးနေတတ်တဲ့ ဒေါက်တာလေးရှင်းချန်အတွက် ရန်ပွဲဆိုတာ TV တွေထဲမှာသာမြင်ဖူးခဲ့ပါသည်။
ဆေးရုံနဲ့ တိုက်ခန်း သံသရာလည်နေတဲ့ ဒေါက်တာနုနုထွတ်ထွတ်လေးဆိုတော့လဲ အပြစ်ပြောစရာတော့မရှိ။
အခု တိုက်ခန်းကနေ ဆေးရုံအသွား လမ်းသရဲတစ်သိုက် ပြဿနာရှာကြခြင်းသာ...။
လူနာတွေကိုလဲ စိတ်ပူတာမို့ မြန်မြန်ပြီးအောင် 'ပိုက်ဆံပေးမယ်' ပြောတာတောင် ဝိုင်းပြီးထိုးဖြစ်အောင်ထိုးသွားကြသေးသည်။
'ရန်မဖြစ်ရရင် မနေနိုင်တဲ့ သူတွေ ထင်ပါရဲ့.. ဆေးရုံနဲ့အိမ် ချာချာလည်နေမယ့် လူတွေ' လို့ ရှင်းချန် တွေးမိလိုက်တာနဲ့...
လူတစ်ယောက်ကို ချက်ချင်းသတိရသွားစေခဲ့ပေမယ့် ထိုသတိရမိသောသူက အရှေ့မှောက်တည့်တည့်ကိုရောက်လာလိမ့်မယ်လို့တော့ မထင်ခဲ့မိရိုးအမှန်ပါ...။
ကျွန်တော့်ကို ရင်ခွင်ထဲထည့်ကာ စိုးရိမ်တကြီး မေးနေသော ထိုလူသားလေး...။
ကျွန်တော် ပြုံးလိုက်မိသည်ထင့်...။
ထိုလူသားလေး၏ဂရုဏာဒေါသအသွင်ယူသည့် ခပ်မာမာလေသံလေးက ခပ်ဆက်ဆက်ထွက်ကျလာ၏။
"ခင်ဗျားက နာနေတာတောင် ပြုံးနိုင်သေးတယ်ပေါ့လေ..!
ကျွန်တော့်မှာတော့ စိတ်ပူလိုက်ရတာဗျာ...
လာ ထ, ဆေးရုံကို သွားဖို့ ကျွန်တော် ကူညီပေးမယ်"
ကျွန်တော့်လက်ကို သူ့ပုခုံးပေါ်တင်ကာ အားပြုစေပြီး သူ့လက်ကလေးက ကျွန်တော့်ခါးကိုလာဖက်တော့ အနည်းငယ်တွန့်သွားရသည်။
သူကတော့ ကျန်လက်တစ်ဖက်နဲ့ သူ့ပုခုံးပေါ် တင်ထားတဲ့ ကျွန်တော့်လက်အပေါ်ကို ထပ်ရက်ဆုပ်ကိုင်လိုက်ပြီး မျက်နှာထားတည်တံ့စွာပင် ဒီဆရာဝန်ကို ဆေးရုံရောက်အောင်ကူညီပေးနေလေ၏။
သူက ကျွန်တော့်ထက် မဆိုစလောက်လေး အရပ်ပုတော့ တွဲထားရင်းနဲ့ ဘေးကိုစောင်းငဲ့ကြည့်လိုက်ပြီး သူလေးရဲ့မျက်နှာတစ်ခြမ်းကို ငေးကြည့်နေမိသည်။
စိတ်တိုလို့လား ရှက်လို့လား မသိပေမယ့် နားရွက်ဖျားလေးတွေက နီမြန်းနေလေ၏။
ဘေးကနေမြင်နေရတဲ့ ပါးနုနုလေးကလဲ သွေးကြောလေးတွေ ယှက်ဖြာနေသေးသည်။
လည်တိုင်နုနုလေးဆီ အကြည့်ရောက်မိတော့မှ မျက်နှာကို ခပ်မြန်မြန်ပဲ အကြည့်လွှဲလိုက်ရသည်။
ထိုကောင်လေးက ကျွန်တော် ငေးကြည့်နေတာကို သတိထားမိသည့်အလား ရုတ်တရက် လှည့်ကြည့်လိုက်သောကြောင့်ပင်...။
ရှင်းချန်ရဲ့မျက်နှာမှာလဲ အပူလှိုင်းတစ်ခု 'ဖြန်းခနဲ' ဖြတ်စီးသွားပြီး ပန်းရောင်လေးဖြစ်သွားရတော့သည်။
Advertisement
ဆေးရုံကိုရောက်လာတာတောင် သတိမထားလိုက်မိ...။
(*အခုတော့ လူနာနေရာမှာ ကျွန်တော်ဖြစ်သွားပြီပေါ့လေ...*)
တွေးမိပြီး ရှင်းချန် တစ်ဖန်ပြုံးလိုက်မိပြန်သည်။
ဆေးရုံကို ရန်ဖြစ်လို့ ခနခနလာရတဲ့ ကောင်လေးအရှေ့မှာ အခု သူက လူနာပြန်ဖြစ်နေရပြီ မဟုတ်ပါလားလေ...။
>>>
💞
ကျန်းမာရေးအပါအဝင် အစစအရာအရာ ဂရုစိုက်ကြပါဗျ ❤
💞 ချစ်ခင်လေးစားလျှက် 💞
Dec 3,2020 (Updated Day) 🖤✨
[ At Happy New Year Night..! ]
"ကောင်လေး...
"ကောင်လေး...
ဘာရယ်တော့ မဟုတ်...
"ကျန့်ကျန့်...
>>>
Advertisement
- In Serial225 Chapters
The World Seems Realistic But Why Do I Have A Leveling System?
Sheila is an average girl who likes to play video games and watch animes in her free time. If there’s anything that stood out from her, that would be her beautiful appearance. Due to spending too much time playing video games till late at night, she would usually forget to do her homework which she would, later on, asked her best friend, Ria, for help. A total average gamer-otaku girl.
8 663 - In Serial31 Chapters
ADAM
Book 2 in the Peterson Brothers series.The oldest out of the Peterson brothers, Adam has a knack for opening his mouth and coming out with what he thinks. He is as filthy as they come. Many people call him foul mouthed, dirty bastard, sex mad and huge. Standing at 6'7" tall he towers above everyone, with his womanising ways most avoid him at the station. It's his dreamy eyes and his charming smile is what makes it harder, especially for Bostyn who has already fallen for him. Bostyn Tarrant is quiet and normally a shy woman who Adam teases all the time, not only because he wants her in his bed but because there is something about her that makes her different to all the rest. She just doesn't want to be another notch on his bedpost and relentlessly doesn't give into his charms. When Adam meets and falls for someone else breaking his bad boy ways Bostyn thinks she has missed her chance to be with him. Follow Adam and Bostyn's journey to find out where is ends.
8 142 - In Serial69 Chapters
Never Kiss Your Roommate
Never Kiss Your Roommate is now published as a Wattpad Book! As a Wattpad reader, you can access both the Original Edition and Books Edition upon purchase.Falling in love with your roommate is never a good idea, but when Evelyn has to share a room with the mysterious and alluring Noelle, tension soon turns into a dangerous attraction. *****Evelyn's new roommate doesn't exactly project a warm, welcoming vibe. Noelle is intimidating but impossible to resist. The electric tension between her and Noelle soon pushes Evelyn to do something she can't come back from - kissing her roommate. Everyone at Seven Hills, the most exclusive boarding school, knows that Unwritten Rule No. 1 is to never kiss your roommate. And it's not the only rule Evelyn is going to break with Noelle. Their recklessness fuels an anonymous gossip blog and revives a dangerous past - but maybe with the help of their misfit friends, love can beat all odds. Content and/or trigger warning: This story contains scenes of sexual activity, violence and homophobia, and mentions rape and sexual coercion, which may be triggering for some readers.
8 157 - In Serial61 Chapters
LGBTQIAP+ GET TOGETHER | #PrideatWattpad
The biggest event of the year is here! Welcome to the first-ever LGBTQIAP+ Get Together - a month filled with cool activities for the entire community. Be sure to use the #PrideatWattpad and #GetTogether tags to join in on the fun. We have multiple writing contests, graphic contests, bingo, trivia, author interviews, and a ton of profiles involved in making this month a spectacular one for you all!
8 205 - In Serial16 Chapters
With Great Power ( Sword Art Online x Male Reader)
Y/n L/n an ordinary 15 year old kid is trapped in an MMORPG called Sword Art Online follow him on his journey to beat 100 floors and escape. And learn what it means to be your friendly Neighborhood Spider-man.
8 182 - In Serial17 Chapters
Scrapped Metal {Karl Heisenberg X Reader}
DISCONTINUED(This book takes place in a alternate universe where Ethan Winters and his wife never had Rose).After a lifetime running away from those that wish to abuse them, F/N L/N finds themselves running into the arms of someone that's power hungry and handsome. But there's something about him that's so different, just can't put a finger on it.(I'm going to make this fanfiction as gender neutral as possible).
8 232

