《အမုန်းအားဥပေက္ခာပြု၍ [အမုန္းအားဥေပကၡာျပဳ၍] {Complete}》Ep - 1
Advertisement
"ကျန့်ကျန့် ဘယ်သွားမလို့လဲ သား...?"
အိမ်အပေါ်ထပ်မှ ကားသော့အားလှည့်ကာ တစ်လှမ်းခြင်း ဆင်းလာသော တူတော်မောင်ကြောင့် 'ရှောင်ကျန်းချန်' လှမ်းမေးလိုက်ခြင်းဖြစ်သည်။
"ကျွန်တော် Gym ဆိုင်တွေ သွားစစ်မလို့ လေးလေး"
ကျွန်တော့ဘက်ကို တစ်ချက်လှည့်ကြည့်ကာ ခပ်အေးအေးသာပြန်ဖြေလာ၏။
"အေး အေး... အဲ့ဒါဆို နေ့လည်ကျရင် လေးလေး *King* Bar ကို သွားစစ်ပေးမယ်...
ကောင်းကောင်းမောင်းသွားနော် ကျန့်ကျန့်"
"ဟုတ် လေးလေး
ဒါဆို ကျွန်တော် သွားတော့မယ်နော်"
ရှောင်ကျန်းချန် ခေါင်းကိုသာ အသာငြိမ့်ပြလိုက်ရသည်။
ဒီနေ့ 'Happy New Year Day' လို့တော့ ကျန်းချန် မပြောဖြစ်လိုက်ပါလေ...။
ကျန့်ကျန့် သူ့မွေးနေ့ကို မေ့နေပြီလား...?
မဟုတ်ဘူး မေ့ဖို့ကြိုးစားနေတာ...။
လူတိုင်း ပြောနေကြတဲ့ ဒီလိုနေ့မျိုးကို သူမသိပဲနေပါ့မလား...?
Happy New Year Day ကိုလဲအလုပ်ဆင်းပြီး အလုပ်သမားတွေကိုတော့ အလုပ်စောစော ပြန်ဆင်းပေးတတ်သည်။
ဒီနေ့ကို သားကျန့်ကျန့်က အလုပ်နဲ့ ဖြေဖျောက်နေတာ သူမသိပဲနေမလားလေ...။
အတွေးစ,တို့က အတိတ်ဆီသို့သာ ဟိုတစ်စ ဒီတစ တစ်ဖန်ပြေးလွှားသွားရပြန်၏။
~~~ Flash back ~~~
"ညီလေး သဘက်ခါ ဘာနေ့လဲ မှတ်မိလား?"
ဖုန်းထဲမှ အကိုကြီးရှောင်းဝူ၏ အသံကိုကြားလိုက်ရတာနှင့် ကျန်းချန်တစ်ယောက် ပျော်နေမိသည်။
"သိတယ်လေ..
သဘက်ခါ Happy New Year Day ပြီးတော့ ကျန့်ကျန့်လေး 6 နှစ်ပြည့် မွေးနေ့လေ ကိုကြီးရာ.. ကျွန်တော် မမေ့ပါဘူးဗျ"
ကိုကြီးရှောင်းဝူဆိုတာ ကျန့်ကျန့်လေးရဲ့ပါးပါး ကျွန့်တော့်ရဲ့အကိုကြီးပါ...။
ညီအကိုနှစ်ယောက်တည်းသာရှိတော့တာမို့ ကျန်းချန်အပေါ်မှာ အကိုလိုတစ်မျိုး အဖေလိုတစ်ဖုံ စောင့်ရှောက်ပေးလာသည့် တစ်ဦးတည်းသော အားကိုးရာပင်။
"အေးပါကွာ.. ကိုကြီးက ညီလေး အသဲကွဲပြီး အကုန်မေ့ပြီထင်တာ"
ရှောင်းဝူ ညီဖြစ်သူကို ခပ်ရိပ်ရိပ်လှမ်းစ,လိုက်ပေမယ့် လှောင်သံပြောင်သံမျိုးတော့ လုံးဝမပါပေ။
မှန်ပါတယ်...။
ကျွန်တော်က အသဲကွဲပြီး China ကနေ ထွက်လာတာဗျ။
အခု အီတလီကိုရောက်နေတာလေ...။
သဘက်ခါအမှီတော့ ကျွန်တော် China ကို အရောက်ပြန်ရတော့မှာပေါ့...။
"ကိုကြီးရာ ကျွန်တော့ကို မစ,ပါနဲ့..
ကျွန်တော် သဘက်ခါအမှီပြန်လာမယ်လေ နော်"
"အေးပါကွာ မင်း မေ့နေမှာစိုးလို့ပါ..
ကျန့်ကျန့်လေးက မင်းကိုမျှော်နေတာ"
"ဟုတ်ကဲ့ ကိုကြီး ကျန့်ကျန့်လေးကို ကျွန်တော်ပြန်လာတော့မှာလို့ ပြောပေးပါဦးဗျာ.. ဒါပဲနော် Bye!"
Ph အားချပြီးသည်နှင့် ကျန်းချန်တစ်ယောက် China ကို ပြန်ဖို့ ပြင်ရလေပြီ။
>>>
China ကိုရောက်ရောက်လာချင်း အနာမကျက်သေးတဲ့ နှလုံးသားကို သွေးစိမ်းရှင်ရှင်ကျအောင် ထပ်မံဆုတ်ဖြဲခံလိုက်ရ၏။
Happy New Year Day မှာပင် ချစ်ရသူ၏ မင်္ဂဆောင်နှင့် တန်းတိုးလေသည်။
မကြားချင်ဘူ!!
ဒီလိုတွေ မကြားချင်လို့ China ကနေ အဝေးကိုပြေးထွက်ခဲ့တာလေဗျာ...။
ခုတော့....,
*တီ..! တီ..! တီ..!*
ရုတ်တရက် Phone မြည်သံကြားလိုက်ရတာကြောင့် အလဲလဲအပြိုပြိုဖြစ်လာသော စိတ်တို့ကို စုစည်းကာ ကျန်းချန်ပြန်ဖြေလိုက်သည်။
ကြားလိုက်ရတဲ့ သတင်းက နားစည်ကွဲပြီလား'ဟုပင် ထင်မှတ်လိုက်ရသည်။
Phone ထဲမှာတော့ အသာလေးပြောလိုက်ပေမယ့် ကြားရတဲ့သူအဖို့ ကမ္ဘာကြီးတစ်ခုလုံး တုန်သွားအောင် ကျယ်လွန်းလှပါ၏။
"ဒီ Phone ပိုင်ရှင် နှစ်ယောက် ကား accident ဖြစ်လို့ အမြန်ဆုံးလာခဲ့ပါ" တဲ့လေ...။
ကားစီယာတိုင်ယာတိုင်ကိုသာ လက်တစ်ဖက်နဲ့ ခပ်တင်းတင်းဆုပ်ကိုင်ထားမိသည်။
နားအနီးကိုကပ်ထားတဲ့ Phone ကလဲ ဆုပ်ကိုင်ထားတဲ့ ကိုယ့်လက်တစ်ဖက်ကြောင့် ကွဲကြေလုလုအခြေအနေ...။
အီတလီကပြန်လာပြီး နေ့ရက်တောင်မကူးသေးပါပဲ အိမ်အရှေ့မှာ ကားရပ်ရုံလေးရှိသေး... ကြားလိုက်ရတဲ့သတင်းတွေက ကိုယ့်ကိုယ်ကိုသာ သတ်သေချင်သွား၏။
ကျွန်တော် လေဆိပ်မှာတုန်းက ကိုကြီးတို့လင်မယား ကျန့်ကျန့်လေး မွေးနေ့အတွက်ရော Happy New Year အတွက်ပါ 'စျေးဝယ်ထွက်မယ် လာမကြိုနိုင်တော့ကြောင်း' Phone ဆက်ပြောလာတာကို သတိရမိပါသည်။
ဘာမှမစဥ်းစားနိုင်တော့ပဲ ဆေးရုံလိပ်စာကိုသာမေး၍လိုက်ရပြန်၏။
ဆေးရုံကိုရောက်တော့ အခန်းတစ်ခုမှ ထွက်လာသော ဆရာဝန်အား သတင်းမေးလိုက်ရာ မမေးဖြစ်ခဲ့ရင် အကောင်းသားဟုသာ တွေးမိတော့သည်။
"လူနာနှစ်ယောက်လုံး အသက်မရှိကြတော့ဘူး" တဲ့လေ...။
ကျန်းချန်တစ်ယောက် ထိုအခန်းရှေ့မှာပဲ အရုပ်ကြိုးပျက် ထိုင်ချလိုက်မိတော့သည်။
အဖြစ်အပျက်တွေက တစ်ခုပြီးတစ်ခု သူ လိုက်မမှီနိုင်တော့လောက်ကို မြန်ဆန်လွန်းလှသည်။
တစ်လျှောက်လုံး ငိုလာခဲ့ရတာ ထပ်ငိုဖို့ပင် မျက်ရည် မရှိတော့...။
အရူးတစ်ယောက်လို အော်လိုက် ရီလိုက်သာ တတ်နိုင်ခဲ့ပါသည်။
အခန်းထဲကိုလဲ သူဝင်မကြည့်ရဲသေး...။
သူ ဒီလိုဖြစ်နေတာ ကိုကြီးမြင်ချင်မှာမဟုတ်ဘူးလေ...။
အတော်ကြာ ခံစားပြီးနောက်မှ
ကိုကြီးဆိုမှ ကျန့်ကျန့်လေး....,
အခုမှ အိမ်မှာတစ်ယောက်တည်းကျန်ခဲ့သော ကျန့်ကျန့်လေးအား သတိရမိကာ အိမ်သို့ အပြေးပြန်သွားရသည်။
"မင်း သေလို့မဖြစ်သေးဘူး ကျန်းချန်"
ကိုယ့်ဘာသာ အားပေးရင်း ကားကိုအိမ်ထိရောက်အောင် အားတင်းကာမောင်းလာခဲ့ရသည်။
အိမ်ထဲမှာ ဘာမှမသိသေးရှာသော 6 နှစ်အရွယ် တူလေးအား ကျန်းချန် ကျစ်နေအောင်ထွေးပွေ့လိုက်ကာ ငိုမိပြန်သည်။
မျက်ရည်တွေဆိုသည်ကား အတိုင်းဆမဲ့...။
ငါသေလို့မဖြစ်ဘူး ကျန့်ကျန့်လေး ငါ့ကို လိုအပ်နေသေးတယ်...။
ကျန့်ကျန့်လေးကတော့ မျက်လုံးကလည်ကလည်နှင့်သာ သူ့ပုံစံကိုမော့ကြည့်နေရှာသည်။
ဖြူစင်လွန်းသည်။
ဒီကောင်လေးကို ကျန်းချန် မပြောရက်။
ကံကြမ္မာကြီးက ရက်စက်လွန်းလှသည်။
ကျွန်တော်တို့မိသားစုအပေါ်မှာမှ အဲ့ဒီလောက်တောင် ကံဆိုးရလားဗျာ...။
"ကျန့်ကျန့်လေး သားကို လေးလေး တစ်နေရာခေါ်သွားစရာရှိတယ်"
မျက်ရည်တွေအား ခပ်ကြမ်းကြမ်းသုတ်ကာ တူလေးအား ကျန်းချန် စကားတစ်ခွန်းစ,ပြောလိုက်၏။
Advertisement
ကျန့်ကျန့်လေးက ဘာစကားမှမဆိုပဲ ခေါင်းငြိမ့်ပြရှာသည်။
ကားပေါ်သို့ ကျန့်ကျန့်လေးကို ချီပြီးခေါ်လာကာ ဆေးရုံသို့ပြန်မောင်းလာခဲ့လိုက်သည်။
အသိမပေးလို့လည်း မဖြစ်ဘူးလေ...။ သဘာဝတရားကြီးက မျက်ကွယ်ပြုလို့မှ မရပဲ...။
ဆေးရုံမှာ အကြောင်းစုံသိသွားပြန်တော့ တူဝရီးနှစ်ယောက် မျက်ရည်ပင်လယ်ဝေရပြန်သည်။
ကျန့်ကျန့်လေးကတော့ 'ပြန်လာပါ' ဟုသာ တစ်ကြော်ကြော်အော်ရင်း ငိုနေရှာသည်။
ကျွန်တော်ကတော့ ကြောင်လျက်သာရပ်ကြည့်နေမိတော့၏။
ကျွန်တော့်စိတ်ဓာတ်တွေ ဟိုး... အောက်ဆုံးထိ ထိုးကျနေသည်။
အခုအချိန်မှာ အားဆေးကတော့ 'ငါ့မှာ ကျန့်ကျန့်လေး ရှိသေးတယ်လို့' တွေးမိရင်း ကိုယ့်ကိုယ်ကို အားပြန်မွေးနေရခြင်းသာ...။
ဟုတ်တယ်... ကျွန်တောိ ကျန့်ကျန့်လေးကို ဂရုစိုက်ဖို့ အားပြန်မွေးရမယ်...။
ထိုနေ့က ကျန့်ကျန့်လေးမွေးနေ့အစား ၊ Happy New Year Day အစား ကိုကြီးတို့လင်မယားရဲ့ ရက်လည်သာဖြစ်ခဲ့ရလေသည်။
နှစ်တစ်နှစ်၏ အစ,မှာပင် ကံဆိုးမိုးမှောင်ကျလေပြီ။
ကျန့်ကျန့်လေးက အသက် 6 နှစ်ပဲ ရှိသေးပေမယ့် အမှတ်သည်းခြေသိပ်ကြီးတာဗျ...။
အရမ်းလည်တဲ့ ကျန့်ကျန့်လေးက ကျွန်တော့်အချစ်ရေးကံဆိုးမှုတွေကိုလဲ သိထားသေးတယ်လေ...။
အရက်တွေသောက်ပြီး ဒီ 6 နှစ်သားအရွယ်ကောင်လေးကို ရင်ဖွင့်မိတာလို့ ပြောရင် ခင်ဗျားတို့ ရယ်နေမလား...?
ကျွန်တော်တို့မှာ ဒီတူဝရီးလေးနှစ်ယောက်ပဲရှိတော့တာပါဗျာ...။
ကျန့်ကျန့်လေးက ကျွန်တော့်ထက်တောင် ပိုအသည်းမာတယ်.. ပိုပြီးတော့ခံနိုင်ရည်ရှိခဲ့တယ်ဗျ...။
လောကဓံရဲ့ရိုက်ခတ်မှုတွေကို ဒီအရွယ်လေးနဲ့ ခါးစီးခံခဲ့ရရှာတာ...။
ကျွန်တော့်မှာတော့ 1 နှစ်ခွဲလောက်ကို အချိန်ယူခဲ့ရတယ်ဗျာ...။
Gym ကုမ္မဏီက ဆိုင်တွေမှာ လူယုံတော်ရှိပေမယ့် ကိုကြီးမရှိတော့တဲ့နောက်ပိုင်း စီးပွားရေးကတော့ အနည်းနဲ့အများထိုးကျသွားတာပေါ့လေ...။
အခု *King* Bar ဆိုတာက သူ့အသက် 23 လောက်မှ စ,ပြီးတည်ထောင်ထားပေမယ့် အရမ်းကိုအောင်မြင်နေပြီဗျ...။
ကျောင်းတစ်ဖက် စီးပွားရေးတစ်ဖက်နဲ့ တူလေးကို ချီးကျူးမိသလို ကျွန်တော် သနားလဲသနားမိတယ်ဗျာ...။
ကျွန်တော်က တစ်ခါတစ်လေမှသာ Bar နဲ့ Gym ဆိုင်တွေကို လိုက်စစ်ဆေးရတာ...။
ဒါတောင် သူက ကျွန်တော့ကို ပြောသေးတယ်...။
'နားနေပါ' တဲ့လေ...။
ဘယ်လောက်တောင် ရီစရာကောင်းလိုက်သလဲဗျာ...။
အမှန်တော့ ကျန့်ကျန့်လေးက အသည်းနုတယ်ဗျ...။
တကယ့်တကယ်မှာတော့ သူဟာ Cool Guy အသွင်ယူထားတဲ့ ဖြူစင်တဲ့ ယုန်ပေါက်လေးတစ်ကောင်ပါဗျာ.....။
ကျန်းချန် တစ်ချက်ပြုံးမိလိုက်ပြီး လွင့်ပျံနေသော အတွေးစ,တို့အား ပြန်လည်ရုတ်သိမ်းခဲ့သည်။
*King* Bar ကို သွားပြီး စစ်ဆေးပေးရဦးမည်လေ.....။
>>>
"ဒေါက်တာ.. ကျွန်မ သား လေး အခြေအနေ ဘယ်လိုလဲဟင်...?"
လူနာအခန်းထဲမှထွက်လာသော ဆရာဝန်လေးအား စိုးရိမ်ကြီးစွာ မေးမြန်းလိုက်မိသည်။
ဆရာဝန်လေးက တစ်ချက်ပြုံးကာ ဘာမှစိုးရိမ်စရာမရှိတော့ကြောင်းပြောမှ ရင်ထဲက အလုံးကြီးကျသွားရလေသည်။
ကိုယ့်သားအကြောင်းလဲ ကိုယ်သိသည်။
ထိန်းမနိုင်လေးလေ...။
ရန်ဖြစ်လာပြီး အိမ်ရှေ့မှာ ထိုးလဲ,နေလို့ ထိုဆရာဝန်လေးကိုပဲ အကူအညီတောင်းပြီး ဆေးရုံခေါ်လာရတာ...။
ဒီကောင်လေးတော့ တော်တော်ဆိုးနေပြီ။
သက်ပြင်းအသာချပြီး သားဖြစ်သူ လှဲနေသော ကုတင်အနားသို့ကပ်သွားလိုက်သည်။
လူနာကုတင်ပေါ်တွင် ခေါင်းမှာ ပတ်တီးလေးအဖွေးသားနှင့် အိပ်ပျော်နေသော သူမ၏တစ်ဦးတည်းသော သားဖြစ်သူ 'ရွှယ်ရန်'...။
အိမ်က ဖေကြီးကတော့ သူ့သားနှင့် သိပ်စကားမပြောပါချေ...။
ဘယ်ပြောမလဲ သူက ရဲမှုးလေ...။
သူ့သားက လူဆိုးလေး...။
ခုတော့ တော်တော်ပြောရခတ်နေပြီ။
သူ မသိသေးဘူးလေ ဒီအကြောင်းတွေ...။
"အင်း အင်း..."
ကုတင်ပေါ်က လူနာညည်းသံကြားမှ သတိပြန်ဝင်လာခဲ့သည်။
"သား ဘယ်လိုနေသေးလဲ ဟင် နာနေသေးလား...? ခေါင်းကိုက်သေးလား...?"
သူ့ရှေ့တွင် စိုးရိမ်တကြီးမေးနေသော မားကို ရွှယ်ရန် မျက်နှာချိုသွေးကာ ပြုံးပြလိုက်၏။
မားကတော့ မျက်စောင်းလှလှလေးတစ်ချက်သာထိုးပြီး ထပ်မေးပြန်သည်။
"ဘယ်လိုဖြစ်ရတာလဲ သားရယ်...?
အိမ်ရှေ့မှာသာမဟုတ်ရင် သား လဲ,နေတာ ဘယ်သူမှ သိမှာမဟုတ်ဘူး။
ရန်တွေထပ်မဖြစ်ပါနဲ့တော့ကွယ်...
ခုလို ထပ်မမြင်ချင်တော့ဘူးနော် သား ရွှယ်ရန်..."
ရှေ့မှာတတွတ်တွတ်နှင့် ပြောနေသော မား အား ရွှယ်ရန် ပြုံးလျက်သာကြည့်နေမိသည်။
"ဟဲ့ သား မား ပြောတာကြားလား...?"
"ကြားပါတယ်ဗျာ..
သားက စဥ်းစားနေတာဗျ...
ဆေးရုံကို မားခေါ်လာတာလား...?
ပါးပါးကလဲ မနက်ကတည်းကထွက်သွားတာလေ...။
ခြံစောင့်ဦးလေးကြီးလည်း သူ့ရွာကိုပြန်သွားတာမလား...?
သားက သတိမေ့နေတာဆိတော့ သားကို မား မနိုင်လောက်ဘူးနော်"
ရွှယ်ရန် တွေးစစ,ဟန်ဖြင့်ပြောလိုက်၏။
"ဟုတ်တယ် သားရဲ့...
သား အိမ်ရှေ့ မှာ မူးလဲနေတာတွေ့တော့ မား ပြာယာခတ်သွားတာ...
အိမ်မှာလဲ ဘယ်သူမှမရှိတော့ အိမ်ရှေ့မှာအကူအညီတောင်းနေတုန်း ဒေါက်တာကောင်လေးက မားတို့ကိုကူညီပေးခဲ့တာ သားရဲ့..."
"ဒေါက်တာကောင်လေး ဟုတ်လား...?"
ရွှယ်ရန် သံယောင်လိုက်တော့ မားက စိတ်ဆိုးမပြေသေးဟန်ဖြင့် မျက်စောင်းခပ်စ,စချီကြည့်၏။
"ဟုတ်တယ်လေ...
သားကို သူပဲ ဆေးကုပေးတာ...
ခုနကမှ ထွက်သွားတဲ့ ဒေါက်တာလေးပဲ...
ဒေါက်တာ့နာမည်က 'ဒေါက်တာရှင်းချန်' ဆိုလား...?"
"သြော်"
ရွှယ်ရန် 'သြော်' တစ်လုံးသာ ခံပြီး ဘာမှဆက်မပြောဖြစ်တော့ချေ။
သူ ဒေါက်တာရှင်းချန်ကို မသိပဲနေမလား...?
ဆေးရုံနဲ့ ကျွန်တော်က ခနခနမိတ်ဆက်နေရတာလေ...။
"သားဒေါက်တာလေးကို ကျေးဇူးတင်လိုက်ဦးနော်...
မားက ပြောပြီးပြီ.. သားကိုယ်တိုင် သွားပြောဖို့ပဲ ကျန်တော့တာ"
"စိတ်ချပါ မား ရာ...
သား ဗိုက်ဆာနေပြီဗျ...
Advertisement
စားစရာဘာရှိလဲဟင် မား"
ဗိုက်ကိုဘလက်ကလေးနှင့်ပွတ်ကာ ခပ်ချွဲချွဲဆိုလိုက်တော့ မားက ပြုံးလျက်ပင်ယူလာသော စွတ်ပြုတ်ကို စားပွဲပေါ် ချပေးလေသည်။
ဒီလိုလေး ချွဲလိုက်ရင် မားက စိတ်ဆိုးနေရင်တောင် စိတ်ပြေသွားချည်းတာပဲလေ...။
ဒါ့ကြောင့် ကျွန်တော်ကလဲ ဖြုန်းချင်တိုင်းဖြုန်း ဆိုးချင်တိုင်းဆိုးနေမိတာ...။
မား ရယ်...
သား ကြောင့် မျက်နှာပျက်စရာတွေရှိခဲ့ရင် သား တောင်းပန်ပါတယ်...။
ရန်ပွဲတွေကိုမြင်လိုက်ရင် ဝင်ပါချင်တဲ့စိတ်က ထိန်းလို့ကို မရဘူးဗျ...။
ဗီဇခေါ်မလားပေါ့...။
အရေးနိမ့်နေတဲ့ဘက်က ဝင်ကြမ်းပေးတာကြည့်...။
ကျွန်တော့်ကိုဆို မသိတဲ့လူ ခပ်ရှားရှားရယ်ဗျ...။
အခုက ဂိုဏ်းတစ်ခုနဲ့ သွားဆုံလို့ ကျွန်တော် ရုပ်ပျက်ဆင်းပျက်ဖြစ်လာရတာ...။
ခါတိုင်းဆို အေးဆေးပါဗျာ...။
အခုဟာက ဂိုဏ်းက လူတွေအများကြီး ခံရတဲ့ဘက်က နှစ်ယောက်တည်းရယ်...။
ကျွန်တော်အပါအဝင် သုံးယောက်ပေါ့လေ...။
'သူတို့ဂိုဏ်းနယ်မြေကို ခြေချတယ် ပိုက်ဆံပေးရမယ် ဘာညာ ဘာညာ' ဆိုပြီး ဝိုင်းထိုးတာတဲ့လေ...။
ကျွန်တော်နဲ့တွေ့တော့ ဟိုကောင်လေးနှစ်ယောက်က တကယ့်ကို အူတူတူလေးတွေပါဗျာ...။
Shirt အဖြူလေးတွေနဲ့ ကျောင်းသားလေးတွေ ထင်ပါတယ်...။
တုတ်ကလေးနှစ်ချောင်းတည်းနဲ့ ဘေးမှာဝိုင်းနေတဲ့ကောင်တွေကို နှစ်ယောက်သား အူလည်လည်ရုပ်လေးတွေနဲ့ ပတ်ရမ်းနေကြတာလေ....,
ကြည့်ရတာ ဘယ်လိုဆိုးလို့ ဆိုးမှန်းကိုမသိတာပါဗျာ...။
ဒါ့ကြောင့် ကျွန်တော် သူတို့နှစ်ယောက်ဘက်ကနေ Hero ကြီးလုပ်ပြီးဝင်ကြမ်းပေးခဲ့ရတာ.....။
ဒါတောင် ကျွန်တော် အိမ်ရောက်အောင်ထိ ပြန်လာနိုင်သေးတယ်နော်...။
'ဟိုဘက်ဂိုဏ်းဘက်ကကောင်တွေတော့ ကျွန်တော့်လောက် မခံရရင်တောင် အကောင်တိုင်း သွားကျွတ်သွားမယ်' လို့ ကျွန်တော် လောင်းရဲတယ်...။
ဟက်! ရွှယ်ရန်လေဗျာ တစ်ခြားလူမှမဟုတ်ပဲ...။
ဒေါက်တာ ပြန်ဝင်လာတော့ ကျွန်တော် ဆေးသောက်ပြီး မှေးနေပါပြီ။
ဒါပေမယ့် ဒေါက်တာ့မျက်နှာလေးကို မျက်လုံးလေးမရရအောင်ဖွင့်ပြီး ချောင်းကြည့်မိလိုက်သေးသည်။
ဒီဒေါက်တာလေးကို ရွှယ်ရန် ခနခနတွေ့ဖူးပေမယ့် ရင်းနှီးချင်မိပါ၏။
>>>
❤
Nov 29,2020 (Updated day) 🤍✨
"ဟုတ် လေးလေး
~~~ Flash back ~~~
"သိတယ်လေ..
မှန်ပါတယ်...။
>>>
မကြားချင်ဘူ!!
ခုတော့....,
*တီ..! တီ..! တီ..!*
ကျွန်တော် လေဆိပ်မှာတုန်းက ကိုကြီးတို့လင်မယား ကျန့်ကျန့်လေး မွေးနေ့အတွက်ရော Happy New Year အတွက်ပါ 'ဈေးဝယ်ထွက်မယ် လာမကြိုနိုင်တော့ကြောင်း' Phone ဆက်ပြောလာတာကို သတိရမိပါသည်။
ဖြူစင်လွန်းသည်။
'နားနေပါ' တဲ့လေ...။
>>>
ထိန်းမနိုင်လေးလေ...။
သူ့သားက လူဆိုးလေး...။
"အင်း အင်း..."
Advertisement
- In Serial10 Chapters
Truth Behind The Glasses
"I'm just a man. I admit, I am weak to temptation." This kind of reasoning did not work well with Ashene Lei Castro. Aside from her anger, it was also her first heartbreak with her first boyfriend John Kenneth Guzman. She also wanted to give it a try to forgive him, but not a single "sorry," came out of the young man's lips. She loves him, but she will not let him hurt her again. From this day, she promised herself that no one would hurt her again. And her way of doing so is kind of peculiar - wearing thick glasses. She doesn't want another man to approach her and try to seduce her if, in the end, he will just fool around again. But there is more behind the glasses. Can the same guy who wants to try to be a part of her life again understand that? Or will he let go of her forever?
8 198 - In Serial88 Chapters
Vampire's Pet
The world had gone to hell long ago, taken over by the vampire race. In order to keep some sort of peace in our land, the Vampire Lords made a consecutive agreement. The rich and powerful humans could survive just as they had been, untouched by the vampires save for the occasional blood collections, or so they thought In reality, we were all under their control. Castles spread out throughout our land, one landing in each city. Each castle varied in the number of vampires residing there, but all of them carried a Lord. The Lords were the ones in charge in every city, whether we liked it or not. The vampires often roam through the city, making sure that everyone was in order and no one stepped out of line. If you stepped out of line, you died, end of story. Even if the rich were still under their control, their lives were still better than the poor. The poorest lives held a much worse fate. The men were to be put to work as slaves, whether that meant serving a specific vampire, or just building their castles, they were slaves. The women were to be pets.Pets were the lowest rank you could have. They were forced into cages that were too small to stand in with collars around their necks. They spent their lives in pet shops, just waiting for the dreadful day that they'll be bought. They were treated like animals, trained into what their master wanted, and punished if they misbehaved. Those who were lucky enough to live through that, we're to be slaughtered for their blood at age twenty-five in an act to make sure that our population would stay steady. I was born into this world. Born into this world full of blood-sucking monsters. Except, I was one of the lucky ones.Was.It all ended for me when I was 12, when I was taken away from the last bit of hope and family that I had left. Ever since then, I've lived in a cage, just rotting away, waiting, dreading for the day that some monster would make me his.This is my life. I am a pet.~~~Cover by: @mshacake
8 125 - In Serial39 Chapters
PĂCATELE EVEI [ROMANIAN]
Trădare. Inocență. O viață distrusă din nebunia jocurilor de noroc. Un tată aflat în vâltoarea propriilor ambiții, convins să facă orice pentru a nu ajunge nicicând în genunchi în fața rivalului și o fiică vândută din orgoliu. Aceasta este istoria Evei Stonebridge, tânăra de 16 ani căreia viitorul i-a râs în față și-a chemat-o la el, îmbrățișând-o strâns și-nchizând-o în colivia propriei inocențe, ca să ajungă să afle mai apoi ce-nseamnă jocuri de societate, iubiri secrete, iubiri interzise și jocuri periculoase de-a viața.
8 73 - In Serial63 Chapters
Timeless Love
This is the Sequal of Pain Before Love. You will need to Read the first one to understand this one or you will be confused.This is Keyona Martinez story.******************************************Keyona is a fiesty 5ft 4inch beautiful girl. She has four brothers. They have been over protective of her whole life. Her oldest brother moved to Italy when he turned 21. After graduating college, her parents allow her to travel to Italy along with her other brothers and cousins.She thinks her trip to Italy will be full of partying, adventuring and guys. But what happens when one of those guys is the leader of the Italian Mafia.Daunte Da Luca, a hot headed, dangerous and unpredictable mafia boss. He get anything he wants with a snap of a finger. But what happens when he doesnt get the one thing he desire most with his snap of the finger.What happens when a Vacation turns into a nightmare? When the past comes back and haunts you or more yet, tries to kill you? Will someone help you or will someone die?(NOT EDITED)
8 196 - In Serial34 Chapters
just pretend
Andrew is a spoiled only child who attends Whitewater Preparatory School with his girlfriend Keanu. His parents focus all their attention on their one an only son trying their best to make him perfect.Leo is a rebellious misfit who attends a local high school despite having enough money to attend Whitewater with his sister Keanu. Keanu forces her brother Leo and boyfriend Andrew to spend more time together as their families become closer in hopes that it'll straighten Leo out. However, the opposite seems to happen.-Started: January 30, 2019Finished: August 28, 2019
8 329 - In Serial165 Chapters
The Tyrant's Last Doll
I was reincarnated into a bloody novel famous for its bad ending!I'm even the last "doll" of the tyrant Emperor, who is suffering from insomnia due to his severe trauma?I must survive his grasp until the original heroine appears a year later to save the tyrant.But he's starting to obsess over me, while I'm thinking about running away to safety?Even the heroine who appeared earlier than expected is suspicious!'Then what about my grand plan to leave the tyrant to the heroine and run away?'Will I be able to survive safely?***"Who are you."The hairs on my whole body stood up. It was as if a hungry black panther was making a threatening sound."I must have told you not to let anyone in."I saw golden eyes that seemed to be made by melted honey between scattered black hair.I was suffocated when I met with those fascinating, but young eyes.'You're not gonna kill me if I make eye contact with you, are you?'He came close to me while I was distracted for a moment.'What just happened?'I was suffocated as soon as I was surprised.It was because the emperor, who came closer to me in no time, grabbed my waist and lifted me into the air.'Well, at this rate, I'm going to die right now, let alone three years of dawn!'The golden eyes that entranced me shook slightly.A moment passed, and a husky and low voice flowed through his red lips."Lily... ... Ana?""Lilly... do you know?"That was the name of the original heroine.And it was the moment that I officially became a tyrant's doll.Author(s)유세니I don't own this novel.it's just for offline purpose . Please don't vote and enjoy 😊All copyrights belong to their respective owners
8 191