《Let Me Start Again [Completed]》LMSA 💚Final💚Unicode
Advertisement
XXX Hospital
' အရမ်းကြောက်နေလား ပူတူးလေး '
' ဟင့်အင်း မကြောက်ပါဘူး။ မင်းသာငါ့အနားမှာရှိနေပေးနော် '
' မောင်က ခက်အနားမှာပဲ နေပေးမှာပါ။ ခွဲခန်းထဲ၀င်သွားရင်လည်း မောင် အပြင်ကနေစောင့်နေမှာမလို့ မကြောက်နဲ့နော် '
' ဟုတ် '
မနက်ဖြန်ဆိုရင် သူတို့ ၂ယောက်ရဲ့ ရင်သွေးလေးက လူ့လောကထဲကိုရောက်လာတော့မယ်။ သားလေးတုန်းကလို လမစေ့ပဲ မွေးတာမျိုးဖြစ်ခဲ့ရင် ခွဲစိတ်ခန်းထဲကို တန်းပြီး၀င်နိုင်ရန်အတွက် ခက် ကိုယ်၀န် ၈လကတည်းက ဆေးရုံတက်စေခဲ့သည်။ ကြိုတင်ပြီးစီစဥ်ထားလို့လားမသိ။ အခု ကိုယ်၀န်က ၉လခွဲတောင်ရှိနေပြီ မမွေးသေး။ ဆေးရုံတက်နေရတာ ၁လခွဲရှိပြီဖြစ်သည်။ စစ်ကတော့ ဆေးရုံနဲ့ companyကို ကူးသန်းသွားလာနေရတာပေါ့။ မနက်ဖြန်ဆိုရင်တော့ ကလေးလေးကို သူတို့ မြင်ရတော့မယ်။
' မောင် '
' ဗျာ။ ပူတူးလေး ဘာလိုချင်လို့လဲ '
' ကလေးမွေးပြီးသွားရင် သားအိမ်ပါ တစ်ခါထဲထုတ်လိုက်မယ်နော် '
' ခက် ပင်ပန်းနေမှာပေါ့။ နောက်မှ ခွဲစိတ်လည်း ရပါသေးတယ် '
' ၂ခါနာမှာစိုးလို့လေ နော် နော် '
' မောင့်ပူတူးလေးသဘောပါဗျာ။ ဒါဆို မောင် papaကို ဖုန်းဆက်ပြီးပြောလိုက်မယ်နော် '
' အခုသွားမပြောဘူးလား။ papaလည်း ဆေးရုံမှာရှိနေတာပဲလေ '
' အခုသွားရင် ခက်တစ်ယောက်ထဲကျန်နေခဲ့မှာပေါ့။ ခဏနေရင် ပြောလိုက်မယ်လေ နော်။ ' စစ် ပြောနေရင်းနဲ့ ခက်ရဲ့ ခြေကျင်း၀တ်လေးကို ဖိနမ်းမိသည်။ တိတိကျကျပြောမယ်ဆိုရင် ခက် ခွဲစိတ်ထားတဲ့ ချုပ်ရိုးရာလေးကိုပေါ့။
' မောင် တောင်းပန်ပါတယ် '
' တောင်းပန်စရာမလိုပါဘူး။ စိတ်မကောင်းစရာတွေ မတွေးချင်ဘူး မောင် '
' ဟုတ်ပါပြီဗျ။ ပူတူးလေး အိပ်ချင်ရင် အိပ်တော့လေ။ မနက်ဖြန်အတွက် အားရှိနေမှဖြစ်မှာ '
' အွန်း မောင်က ဘယ်မှာအိပ်မှာလဲ '
' မောင်က ဆိုဖာပေါ်မှာပဲ အိပ်လိုက်တော့မယ် '
' ဒီပေါ်လာအိပ် '
' မောင်လာအိပ်ရင် ကြပ်နေမှာပေါ့ ပူတူးရဲ့ '
' ရတယ်လို့ မကြပ်ပါဘူးဆို လာအိပ်ပါဆို '
' မောင့် အသဲတုံးလေးသဘောပါဗျာ ' ခက်ရဲ့ စိတ်တိုင်းကျ သူပါ ကုတင်ပေါ်တက်ပြီး သူ့ရဲ့ ရင်ဘတ်နဲ့ ခက်ရဲ့ ကျောနဲ့ထိစေကာ နောက်ကနေ သိုင်းပြီးဖက်ထားလိုက်သည်။
' ဒီလိုလေးဆိုတော့ မောင့်ပူတူးလေးလည်း အိပ်ရတာ အဆင်ပြေသွားတာပေါ့ '
' မောင် ဆေးရုံက ခေါင်းအုံးကြီးက အရမ်းမာတယ် '
သူ့လက်မောင်းပေါ်မှာ အိပ်ချင်လို့ နူးညံ့ပျော့ပျောင်းနေတဲ့ ခေါင်းအုံးကို မာတယ်ပြောပြီး ဥာဏ်များနေတဲ့ ခက်ပါလေ။
(papaသာ သူ့ဆေးရုံက ခေါင်းအုံးအကောင်းစားကြီးကို မာတယ်လို့ပြောတာကြားရင် ရင်ထုမနာဖြစ်နေတော့မှာပဲ။ *) စစ် စိတ်ထဲမှာပဲပြောလိုက်မိကာ ခက်ကို စချင်သေးသဖြင့်
' အရမ်းမာနေတာလား။ ပူတူးလေးအိပ်ရတာအဆင်မပြေဘူးပေါ့။ မောင် papaကို သွားပြောပေးမယ်နော်။ special roomဖြစ်နေပြီး ခေါင်းအုံးအမာကြီးထည့်ပေးထားတာ တော်တော်ဆိုးတာပဲ။ နေအုံး မောင် အခုချက်ချင်း ပြသနာသွားရှာပေးမယ် ' စစ်က ချက်ချင်းထထွက်သွားတော့မယ့် ပုံစံမျိုးလုပ်နေသဖြင့် ခက် သူ့ကိုလှမ်းဆွဲထားလိုက်ကာ
' နေ..နေပါစေတော့။ ဒီခေါင်းအုံးနဲ့ပဲ အိပ်လိုက်ပါတော့မယ် သွားမပြောနဲ့တော့ '
' ဟာ..ဘယ်ဖြစ်ပါ့မလဲ။ မောင့်ပူတူးလေးက ခေါင်းအုံးအမာကြီးနဲ့အိပ်ရင် ခေါင်းတွေနာနေမှာပေါ့။ မရဘူး အခုသွားပြောမယ် ' သွားပြောမယ် တကဲကဲလုပ်နေတဲ့ စစ်ကြောင့် ခက် ငိုချင်လာသည်။ စစ်သာ တကယ်သွားပြောရင် သူ papaကို ဘယ်လိုမျက်နှာပြရတော့မလဲ။ တားနေတဲ့ကြားက ဇွတ်တွေပြောမယ်လုပ်နေတဲ့ စစ်ကို စိတ်မရှည်စွာပဲ
' မောင့်..' ခက်ရဲ့ ဆူအောင့်အောင့် အော်သံကြောင့် စစ်ပြုံးမိပြန်သည်။
' အတတ်ကောင်းတွေတတ်နေတယ်ပေါ့လေ။ မောင့်လက်မောင်းပေါ် ခေါင်းအုံးပြီးအိပ်ချင်တယ်လို့ ပြောလည်းရတာပဲကို။ ဘာတွေ ဥာဏ်များနေတာတုန်း ပူတူးလေးရဲ့ ဟမ် '
' မင်း..မင်းသိရဲ့သားနဲ့ တမင်လုပ်တာ '
' ဟောဗျာ မင်း ဖြစ်သွားပြန်ပြီလား။ ခုနကတော့ မောင်ဆို '
' မသိဘူး!! မင်းငါ့ကို စကားလာမပြောနဲ့။ မင်းကိုငါမခေါ်တော့ဘူး '
မခေါ်ဘူးဟုသာ ပြောနေသော်လည်း စစ်ရဲ့ လက်မောင်းပေါ် ခေါင်းအုံးထားလေသည်။ ဒါပေမယ့် ပြောရဲဘူး။ သူ့ဗိုက်ကလေးက စိတ်က လက်တစ်ဆစ်ရယ်။
ထို့နောက်မှာတော့ ခက်ရဲ့ ဗိုက်ဖောင်းဖောင်းလေးကို နောက်ကနေ အသာအယာ ထိကိုင်ထားရင်းနဲ့ ၂ယောက်သား အိပ်ပျော်သွားကြလေသည်။
October 5
' ခက် သား စိတ်အေးအေးထားနော်။ ဟိုကောင် မင်းစစ်မောင် အပြင်ကနေ အင်္ဂုလိမာလသုတ်ရွတ်နေ။ ငါ့သားလေး မွေးရဖွားရ လွယ်ကူအောင်လို့ ကြားလား ' ဦးစစ်သော်ရဲ့ အပြောကြောင့် စစ် နှာခေါင်းရှုံ့မိသည်။ သူ့ကျ ဟိုကောင်တဲ့။ မသိရင် ခက်က သားအရင်းဖြစ်ပြီး သူကတော့ သမက်အတိုင်းပဲ။
' ဟုတ်ကဲ့ပါ papaရာ။ ခက် မောင် အပြင်ကနေစောင့်နေမယ်နော်။ မကြောက်နဲ့ '
' ဟုတ် ' ခက်ရဲ့နဖူးလေးကို တစ်ချက်နမ်းလိုက်ပြီး ခက်ကို ခွဲစိတ်ခန်းထဲ သယ်သွားတာကို ကြည့်နေမိသည်။ အဆင်ပြေလောက်မှာပါ။
Advertisement
ခဏကြာတော့ ဦးမင်းထက်တို့ မင်းခန့်တို့တွေပါ ရောက်လာကြသည်။ အခုမှ အချိန်တွေက ကြာနေသလို။ ခွဲခန်းထဲ၀င်သွားတာ ကြာလှပြီ ဘာလို့ ထွက်မလာကြသေးတာလဲ။
' စစ် ခက်က ခွဲခန်းထဲ၀င်သွားတာကြာနေပြီလား ' မင်းခန့်ကမေးတော့ စစ် အသံတုန်ချင်နေတာကို ထိန်းပြီး
' အင်း တော်တော်ကြာနေပြီ။ ဘာမှမဖြစ်လောက်ပါဘူးနော် '
' ဘာမှမဖြစ်ပါဘူး။ စိတ်အေးအေးထားပါ။ မင်း papaက အရမ်းတော်တာပဲကို '
စစ်တို့ပြောပြီး အတန်ကြာတော့ ခွဲခန်းတံခါးပွင့်လာပြီး ဦးစစ်သော် ထွက်လာလေသည်။ စစ် ဦးစစ်သော်ဆီ အပြေးအလွှားသွားမိပြီး
'Papa...ခက် ခက်ရဲ့ အခြေအနေ '
' ခက်ရဲ့ အခြေအနေက ကောင်းပါတယ်။ အမွှာလေးမွေးလိုက်ရတော့ သူလည်း အားတော်တော်ကုန်သွားတယ်။ အခုက ကလေးရော အဖေရော ကျန်းမာပါတယ် '
' အ...အမွှာ ' စစ် ထပ်မေးမိပြန်သည်။
' ဟုတ်တယ်သားရဲ့ ။ ခက်လေးက အမွှာလေးမွေးတာ။ ၂ယောက်လုံး ယောကျာ်းလေးတွေကြည့်ပဲဗျာ '
' မင်း..မင်းခန့် ခက်က..ခက်က အမွှာလေးမွေးတယ်တဲ့။ ငါ..ငါအဖေထပ်ဖြစ်ပြီပေါ့နော်။ ငါ့ကို..ငါ့ကို မိုးနတ်မင်းက အခွင့်အရေးထပ်ပေးလိုက်တာပဲ ' စစ်ပြောနေရင်းနဲ့ မျက်ရည်ကျမိသည်။ သို့သော် ထိုမျက်ရည်တွေကို သူမသုပ်မိ။ ပျော်လွန်းလို့ကျတဲ့မျက်ရည်တွေပဲ ကျပါစေလေ။
' Congratulations ကွာ စစ် '
' ကျေးဇူးကွာ မင်းခန့် ။ papa ကျနော် ကျနော် papaကို တကယ်ကျေးဇူးတင်ပါတယ် '
' မလိုပါဘူးကွာ။ သားက papaရဲ့သားလေးပဲကို။ ကဲ papa အ၀တ်အစားသွားလဲလိုက်အုံးမယ်နော် ခက်ကို အခန်းရွှေ့ပြီးရင် သားတို့ သွားကြည့်လို့ရပြီ '
ဦးစစ်သော် ပြောပြီးတာနဲ့ သူ့အခန်းကို ထွက်သွားလေသည်။ ဦးမင်းထက်ကလည်း
' နောက်ဆုံးတော့ ငါလည်း အဖိုးပြန်ဖြစ်သွားပြီပေါ့။ တော်သေးတယ် ခက်လေးက သားကို ပြန်ခွင့်လွှတ်ပေးရှာလို့။ ကဲ daddyတို့လည်း ခက်ကို သွားကြည့်ရအောင် ' သို့နှင့် ခက်ရှိရာ အခန်းကို ရောက်လာကြလေသည်။ ခက်ကတော့ အိပ်ပျော်နေတုန်း။ ဘေးက ပုခက်လေးထဲမှာတော့ သူ့ရင်သွေးလေးတွေရှိနေလေသည်။ မင်းခန့်တို့ ၄ယောက်က ရောက်ရောက်ချင်း ထိုပုခက်နားမှာသာ ရစ်သီရစ်သီနဲ့။ သူကတော့ ခက်အိပ်နေတဲ့ ကုတင်ပေါ်ကို တင်ပလွှဲထိုင်လိုက်ရင်း ခက်ရဲ့ လက်လေးကို ကိုင်ထားမိသည်။
' ကျေးဇူးပါခက်။ မောင့်ရဲ့ရင်သွေးလေးကို မွေးပေးခဲ့လို့ ' သူပြောနေတုန်းမှာပဲ သူကိုင်ထားတဲ့ ခက်ရဲ့ လက်ကလေးက လှုပ်လာပြီး မျက်လုံးပွင့်လာနေသည်။
' မောင် '
' ဗျာ မောင်ရှိတယ်နော်။ '
' သားလေး '
' သားလေးတွေလည်းရှိတယ်ခက်ရဲ့ ။ အမွှာလေး ၂ယောက်လုံးက ယောကျာ်းလေးတွေတဲ့ '
' သားလေးကို ကြည့်ချင်တယ် ' ခက်ရဲ့တောင်းဆိုမှုကြောင့် မင်းခန့်နဲ့ စိုးစံနိုင်က တစ်ယောက်စီချီလာခဲ့ကြပြီး ခက်နဲ့ စစ်ရဲ့ လက်ထဲကို ထည့်ပေးကြလေသည်။ စစ်တို့ ၂ယောက်ထဲ ရှိနေစေရန် အကုန်လုံးက အပြင်ကို ထွက်သွားပေးကြသည်။ အပြင်မထွက်ခင်မှာပဲ မင်းခန့်က
' စစ်တစ်ယောက် ၂နှစ်လောက်နဲ့ သတိရလာတာကို ကျေးဇူးတင်ရမယ်။ ၂နှစ် coma ၀င်လို့ ၂မွှာပဲမွေးတာ။ ၅နှစ်လောက် coma ၀င်နေပြီးမှ သတိပြန်ရလာလို့ကတော့ ဝေါင်း ဝေါင်း မောင်ခက်ထန်တို့ ၅မွှာပူးမွေးပြီပဲ။ ဒါနဲ့ ကလေးတွေကိုနာမည်ပေးရင် မင်းတို့ ၂ယောက်နာမည်တွေရော ပါအောင်လို့ မောင်မောင်ထန် နဲ့ မင်းအရမ်းထန် လို့ ပေးနော် '
' မင်းထွက်သွားမှာလား ငါကန်ထုတ်ရမှာလား မင်းခန့် ' စစ်ကပြောတာကြောင့်
' သွားပြီ သွားပြီလို့ ' မင်းခန့်တို့က စ သွားတာကြောင့် စစ်ကပြုံးနေသော်လည်း ခက်ကတော့ နားရွက်ဖျားလေးတွေနီရဲလို့။
' ကြည့်ပါအုံး ကလေးလေးတွေက လုံးကစ်နေတာပဲ။ ချစ်စရာလေးတွေ ' စစ်ကပြောနေတုန်းမှာပဲ ကလေး ၂ယောက်လုံးက 'အဲ့ ' ကနဲ အသံပြုကြသဖြင့်
' မောင် အပြင်ထွက် '
' ဘာလို့လဲ ခက်ရဲ့ '
' က..ကလေးတွေက ဗိုက်ဆာနေတာ '
သူသိသားပဲ။ သားတွေက နို့ဆာလို့ အသံပြုတယ်ဆိုတာကို။ သို့ပေမယ့် ခက်ရဲ့ ပါးလေးတွေက ရှက်စိတ်ကြောင့် နီရဲနေတာမလို့ သူ စချင်နေသေးသည်။
' အင်းလေ ဗိုက်ဆာတော့လည်း နို့တိုက်လိုက်ပေါ့ ပူတူးလေးရဲ့ '
' မောင့် ' ခက်ရဲ့ ဆူအောင့်အောင့်အသံလေးထွက်လာသော်လည်း
' မောင်တို့က လင်လင်တွေလေ ခက်ရဲ့ ။ ဘာရှက်စရာရှိလို့လဲ '
နောက်ဆုံးတော့ ဘယ်လောက်နှင်နှင် အပြင်ထွက်ဖို့ ပေကပ်နေတဲ့ စစ်ကြောင့် ခက် မျက်နှာပူပူနဲ့ပဲ စစ်ရဲ့ရှေ့မှာ သား ၂ယောက်ကို နို့ပိန်လေးကိုတိုက်လိုက်ရသည်။
ထိုနေ့မှာပဲ မင်းခန့်ပေးခိုင်းတဲ့ နာမည်မဟုတ်ပေမယ့် သားတို့ ၂ယောက်ကို နာမည်မှတ်ပေးခဲ့သည်က
မင်းနေခက် နဲ့ မင်းစေခက် ဟူ၍....
.
.
.
.
၄နှစ်ကြာပြီးနောက်
ခက်နဲ့ စစ်တို့ ၂ယောက်သား ငပလီကိုရောက်နေကြသည်။ စစ်က သွားစရာရှိတယ်ဟုဆိုတာကြောင့် နီးနီးနားနားပဲထင်လို့ လိုက်လာမိတာ ငပလီရောက်သည်အထိ။ အမွှာ ၂ယောက်ကိုတော့ စစ်က သူတို့ ၂ယောက် shoppingထွက်မှာမလို့ဟူသော အကြောင်းပြချက်ဖြင့် ဦးမင်းထက်တို့ အိမ်မှာထားခဲ့လေသည်။
Advertisement
' ခက် မောင့်ကို စိတ်ဆိုးနေတုန်းလားကွာ '
' ဆိုးတာပေါ့။ မင်းက ငါ့ကို ဒီနားလေးတင်ဆိုပြီး ညာခေါ်လာတာလေ။ ငါ့မှာ ဘာမှလဲ မပြင်ဆင်လိုက်ရပဲ မင်းနောက်လိုက်လာရတာ။ သားလေးတွေကိုလည်း daddyတို့နဲ့ ထားခဲ့ရတာ။ '
' ခက်ကလည်းကွာ။ ခက်ပဲ သားလေးတွေကိုလွယ်ထားရတုန်းက seafoodစားချင်လို့ပြောထားလို့ အခုမောင်က ငပလီလိုက်ပို့တာလေ။ အခု ခက် စိတ်ကြိုက်စားလို့ရပြီ။ '
' ၄နှစ်တောင်ကြာမှလား။ ငါဖြင့် မင်းကတိပေးထားတာ မေ့တောင်မေ့နေပြီ။ '
' မောင်ကတော့ မမေ့သေးပါဘူး။ ပြီးတော့ ဒီခရီးက မောင်တို့ရဲ့ honeymoon လို့သဘောထားလိုက်ကွာ နော်။ ဒီ ၄နှစ်အတွင်း ခက်က အမွှာ ၂ယောက်ကိုပဲ ဂရုစိုက်နေတာလေ။ မောင်ကို ခက်အနား မကပ်ရဘူး။ အဲ့ဒါကြောင့် ခက်နဲ့လွတ်လွတ်လပ်လပ်နေချင်လို့ အခုလိုစီစဥ်လိုက်ရတာ '
' မင်းကိုတော့ မပြောချင်တော့ဘူး။ တကယ်ပါပဲ ဥာဏ်ကိုများတယ်။ ဒီမှာအကြာကြီးမနေဘူးနော် သားတို့ မျှော်နေမှာစိုးလို့ '
' ဟော တွေ့လား။ ဒီရောက်နေတာတောင် သားတို့ကို စိတ်ပူနေသေးတယ်။ ၄နှစ်လုံးလုံး ဟိုဟာဆိုလည်း သားတို့၊ ဒီဟာဆိုလည်း သားတို့၊ ဘယ်မှာလဲ မောင့်အတွက် အချိန်။ ဒီမှာရှိနေတုန်းလေးတော့ မောင့်ကိုပဲ အာရုံစိုက်ပေးကွာ နော်။ မောင်တို့ ဒီမှာကြာကြာမနေပါဘူး '
စစ်အပြောကြောင့် ခက် စစ်ကိုသနားသွားသည်။ ဟုတ်တယ်။ ၄နှစ်လုံးလုံး သားတို့ကိုပဲ အာရုံစိုက်နေတာဆိုတော့ ခက် သူ့ကို အရင်ကလောက် ဂရုမစိုက်မိ။
' သနားပါတယ် ငါ့ယောကျာ်း။ ဒါဆိုလည်း ပြီးတာပါပဲ မောင့်ကိုပဲ ဂရုစိုက်ပါ့မယ် ရပြီလား '
' ရပြီ။ လာ အခုတော့ ရေတူတူချိုးကြအောင်။ ပြီးရင် ခဏနားမယ် ညနေစောင်းရင် ကမ်းစပ်မှာ ခက်စားချင်တဲ့ ကင်းမွန်တွေသွား၀ယ်စားကြမယ် '
' ဟုတ် ' ထို့နောက် ၂ယောက်သား ရေတူတူချိုးပြီး ကမ်းစပ်ဘက်ကို ထွက်လာခဲ့ကြသည်။ ကမ်းစပ်တစ်လျှောက် တွေ့သမျှ ပင်လယ်စာတွေကို ၀ယ်စားကြပြီး ၂ယောက်သား လက်ချင်းတွဲကာ လမ်းလျှောက်လာကြသည်။ လူတွေက သူတို့ ၂ယောက်ကို သိသိသာသာရော မသိမသာပါ ကြည့်နေကြပြီး တီးတိုးပြောနေကြသော်လည်း ၂ယောက်လုံး အဖက်မလုပ်ကြ။ ပတ်၀န်းကျင်စကားကို အာရုံစိုက်မိလို့ ခက်ကို ဆုံးရှုံးရတော့မလိုတောင် ဖြစ်ခဲ့သေးတယ်မဟုတ်လား။ အခုတော့ ဘယ်သူတွေဘာပြောပြော စစ် ဂရုမစိုက်တော့။ သူဂရုစိုက်တာ ခက်နဲ့ သူတို့ရဲ့ သားလေးတွေကိုပင်။ နေ၀င်ဆည်းဆာကို တူတူကြည့်နေကြရင်း ညရောက်တော့ စစ် ပိုင်တဲ့ hotelကို ပြန်လာကြလေသည်။
' ခက် အခန်းထဲကစောင့်နေနော်။ မောင် ခဏနေရင် လိုက်လာခဲ့မယ်။ managerနဲ့ စကားပြောစရာရှိသေးလို့ '
' ဟုတ် ' စစ်ကို ထားခဲ့ပြီး ခက် အခန်းထဲကို ၀င်လာခဲ့သော်လည်း တွေ့လိုက်ရသည်က...သူ့ကို ရယ်ပြနေတဲ့ အမွှာ ၂ယောက်
' မဟုတ်ပါဘူး ငါမျက်စိမှားတာပဲနေမှာပါ။ မန္တလေးကနေ ငပလီအထိ ဘယ်လိုလုပ်လိုက်နိုင်မှာလဲ မဖြစ်နိုင်တာကြီး ' ခက်ထင်လည်း ထင်ချင်စရာ မန္တလေးနဲ့ ငပလီကို ၃ရက်လောက်မောင်းရသည်။ သို့သော်လည်း...
' papa... ' သူ့ကို လှမ်းခေါ်နေတဲ့ အမွှာ ၂ယောက်ကြောင့်
' အား !!! သရဲ !!! ' ခက် ငယ်သံပါအောင် အော်မိသည်။ ခက်ရဲ့ အော်သံကိုကြားတော့ စစ် သူ့ managerနဲ့ စကားပြောနေတာကို ရပ်လိုက်ပြီး ခက်ရှိရာကို ပြေးလာမိသည်။ သူအခန်းထဲရောက်သွားတော့
' မောင်..သ..သရဲ ' ဟုဆိုကာ သူ့အပေါ် ခွတက်နေသောခက်နဲ့ သူတို့ ၂ယောက်ကို မျက်နှာငယ်လေးနဲ့ လှမ်းကြည့်နေကြတဲ့ အမွှာ ၂ယောက် ။
' သားတို့က ဘယ်လိုလုပ်... '
' ငါတို့ခေါ်လာတာ ဟေးဟေး ' စစ်ရဲ့ စကားတောင် မဆုံးသေး နောက်က ဖြတ်ပြောလိုက်တဲ့ မင်းခန့်ကြောင့် စစ် နောက်ကိုလှည့်ကြည့်လိုက်တော့ သူတို့ကို ရယ်ချင်ပတ်ကျိမျက်နှာနဲ့ ကြည့်နေကြတဲ့ မင်းခန့်၊ အစိုး၊ ဂနိုင်၊ သက်နွယ်။
' ခက်ရာ အောက်လေးဘာလေး ဆင်းပါအုံး။ ဘယ့်နှယ် ကိုယ်မွေးထားတဲ့သားကို သရဲထင်ပြီးကြောက်ရတယ်လို့ အဟစ် ' မင်းခန့်အပြောကြောင့်
' မင်း..မင်းတို့က ဘယ်လိုလုပ် '
' ငါတို့ အန်ကယ်တို့ဆီသွားတော့ စစ်က မင်းကို shoppingထွက်မယ်ဆိုပြီးခေါ်သွားတယ်တဲ့။ အမွှာလေးတွေကိုတော့ သူတို့ကိုထိန်းခိုင်းထားတယ်လို့ပြောကြတယ်လေ။ ခါတိုင်းဆို မင်းတို့ ဘယ်သွားသွား အမွှာတွေကိုခေါ်သွားကြတော့ ငါတို့က မသင်္ကာဖြစ်နေကြတာ။ အဲ့နေ့တစ်နေ့လုံး စစ်က companyကို မလာဘူးလို့ အစိုးကပြောတော့ ငါတို့လည်း စုံစမ်းကြည့်လိုက်တာ။ ဒီလောက်ကတော့ မခက်ခဲပါဘူး။ သိသိချင်း မင်းတို့ သွားပြီးနောက်တစ်ရက်နေတော့ အမွှာလေးတွေကိုပါခေါ်ပြီး လိုက်လာခဲ့တာ စောစောကမှရောက်တာပဲ။ မင်းတို့ hotelထဲ၀င်လာတာတွေ့လို့ ကလေးတွေကို မင်းတို့အခန်းထဲ ၀င်နေခိုင်းလိုက်တာ။ ပြောရမယ်ဆိုရင်တော့ အဖျက်လာလုပ်တာပေါ့ အဟေးဟေး '
' လူယုတ်မာတွေ ' စစ်ကပြောတော့
' ဘာလူယုတ်မာလဲ။ မင်းတို့ကမှ ကလေးတွေကိုထားခဲ့ပြီး ပျော်ပါးချင်တဲ့သူနဲ့ ကိုယ်မွေးထားတဲ့ကလေးကို သရဲထင်ပြီးကြောက်တဲ့သူနဲ့ '
မင်းခန့်ပြောတာမှန်နေသဖြင့် သူတို့လည်း ဘာမှမပြောတော့ပေ။ မင်းခန့်တို့ ထွက်သွားကြတော့ ခက်လည်း အမွှာလေးကို သူ့နားခေါ်လိုက်ပြီး
' papaက သားတို့ကို ရုတ်တရက်မြင်လိုက်လို့ လန့်သွားတာပါသားတို့ရယ်။ အခုမလန့်တော့ဘူး နော် '
' papa ဦးဦးမင်းခန့်ပြောတာ ဒီနေရာက ပျော်ဖို့ကောင်းတယ်တဲ့။ သားတို့မွေးနေ့ကျရင် ဒီကိုလာအုံးမှာလားဟင် '
အငယ်လေး မင်းစေခက် ကမေးလေသည်။
' papa သားက ဒီကိုမလာချင်ဘူး။ ဦးတော်ကိုပဲသွားချင်တယ် အရင်တုန်းက သားသားမွေးနေ့မှာ လှူသလိုမျိုးလေ ' အကြီးလေး မင်းနေခက်က ၀င်ပြောတော့ ခက် မျက်လုံးပြူးသွားသည်။ သားလေးတွေ မွေးပါပြီဆိုကတည်းက သားတို့မွေးနေ့တွေကို ဘိုးဘွားရိပ်သာတို့၊ မိဘမဲ့ဂဟာတို့မှာသာ အလှူလုပ်ခဲ့သည်။ အခု သားကြီးက ဘုန်းတော်ကြီးကျောင်းမှာလှူချင်တယ်ဆိုတော့ ဧကန္တ သားကြီးက...
ခက် အလန့်တကြားနဲ့ စစ်ကိုကြည့်မိတော့ စစ်လည်း အံ့သြနေပြီး ခက်ကိုပြန်ကြည့်နေသည်။
'Papaလို့ ' သားကြီးရဲ့အသံကြားမှ ခက်တို့ ၂ယောက်လုံးသတိ၀င်လာပြီး
' အော် အင်း လုပ်ပေးမှာပေါ့သားရဲ့။ သားစိတ်တိုင်းကျလုပ်ပေးမယ်နော် '
' သားသားက ကယ်ကယ်နဲ့ မသွားဘူးနော် '
' အင်း..အင်းပါ သားသဘောပါ။ papaတို့ ဆိုင်ကယ်နဲ့မသွားပဲ ကားနဲ့ပဲသွားမယ်နော် အခုတော့ သားတို့လည်း ခရီးပန်းလာတာဆိုတော့ အိပ်ကြရအောင်လေ '
'''' ဟုတ်ကဲ့ papa '''' ပြိုင်တူပြောလိုက်ကြပြီး ခက်နဲ့ စစ်ရဲ့ အလယ်မှာ နေရာ၀င်ယူကြသည်။ ညစာငတ်သွားသော မင်းစစ်မောင်ကတော့ မျက်နှာကြီးရှုံ့မဲ့နေလို့ပေါ့။
ခက်တစ်ယောက် နိုးလာတော့ ဟိုသားအဖ ၃ယောက်က မနိုးသေးပေ။ သားတို့ရောက်လာပြီဆိုတော့ ခက်လည်း မနေ့ကလိုမျိုး အစပ်တွေကို ကလေးတွေရှေ့စားပြလို့မရတော့ပေ။ တော်ကြာ သူတို့ပါလိုက်စားမှ ဗိုက်တွေအောင့်ကုန်နေအုံးမယ်။ ထို့ကြောင့် ကလေးတွေမနိုးခင်စားထားရအောင် အပြင်ကိုထွက်လာခဲ့လိုက်သည်။
မနက် ၁၀နာရီရှိပြီမလို့ ကမ်းခြေမှာ လူစည်ကားနေပြီ။ ခက်လည်း မနေ့ကသူတို့၀ယ်ခဲ့တဲ့ဆိုင်ကို သွားလိုက်ပြီး အကင်တွေရွေးနေလိုက်သည်။ သူကြိုက်တဲ့အကင်တွေတွေ့တော့ လက်လှမ်းလိုက်စဥ် တခြားတစ်ယောက်ရဲ့လက်ကလည်း ထိုအကင်ပေါ်မှာသာ။ လက်စုံနေသဖြင့် လှည့်ကြည့်မိတော့ သူ့ကိုရှက်ကိုးရှက်ကန်းနဲ့ ကြည့်နေတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်။ သူ့နောက်မှာတော့ နောက်ထပ်ကောင်မလေးတွေ ၃ယောက်လောက်ရှိနေသေးသည်။ ၄ယောက်စလုံး ခက်ကိုပဲစိုက်ကြည့်နေကြသဖြင့် ခက် အနေရခက်စွာ ချောင်းဟန့်လိုက်ရင်း
'အဟမ်း ဒီက ယူမှာဆိုရင် ယူလိုက်လေ။ ကျနော်တခြားအကင်ယူလိုက်မယ် '
' အာ...ရပါတယ် မောင်လေးရယ်။ မောင်လေးပဲယူလိုက်ပါ။ မမက နောက်မှလာတာပဲ မောင်လေးကို ဦးစားပေးပါတယ် '
' မဟုတ်တာပဲ ယူလိုက်ပါ။ မိန်းကလေးဆိုတော့ ဦးစားပေးရမှာပေါ့ '
သို့နှင့် သူယူ ကိုယ်ယူ ဖြစ်နေကြတုန်း
' အမွှာလေးတို့အဖေ!!! ' ခေါ်သံကြားသဖြင့် ခက် နောက်ကိုလှည့်ကြည့်မိတော့ စစ်။ စစ်က သူတို့ဆီလျှောက်လာရင်း ဟိုမိန်းကလေးတစ်သိုက်ကို မျက်မှောင်ကြုတ်ကြည့်လိုက်ကာ ခက်ဘက်ကိုလှည့်လာတော့ ပြုံးပြလိုက်ပြီး
' မောင်နိုးနိုးချင်း ပူတူးကိုမတွေ့လို့ လိုက်ရှာနေတာ။ အမွှာလေးတွေကလည်း သူတို့ papaကိုမတွေ့လို့ ငိုနေကြတယ် '
' သားတို့က နိုးနေကြပြီလား။ ဘယ်သူနဲ့ထားခဲ့တာလဲ '
' မင်းခန့်တို့ကို ခဏထိန်းခိုင်းထားပြီး မောင်က ပူတူးလေးကိုလာရှာတာ။ ထင်တဲ့အတိုင်း မောင့်ပူတူးလေးက ဒီကိုရောက်နေတာပဲ ' မောင်နှင့် ပူတူးချင်းထပ်နေသော စစ်ကြောင့် စစ်သူ့ကို သ၀န်တိုနေပြီဆိုတာ သိလိုက်သည်။ စစ်ကလည်း ခက်လို့ မခေါ်ပဲနဲ့ ပူတူးလို့သာခေါ်လေသည်။ ဟိုမိန်းကလေးတွေကို ခက်ရဲ့ နာမည် တစ်လုံးတစ်လေတောင် မသိစေချင်ပါ။
' ဒီကညီမတို့က အကင်ယူမှာဆို ယူလိုက်တော့လေ။ ပူတူးကတော့ မစားရတော့ဘူးနော်။ လာ မောင်တို့ပြန်ရအောင် ' ဟုဆိုကာ ခက်ရဲ့လက်ကိုဆွဲပြီးထွက်မည်အပြု
' ခ..ခဏလေးပါ။ အကိုတို့က '
' အကိုတို့က လက်ထပ်ထားတာ ၁၀နှစ်ကျော်ကြာပြီဗျ။ ကလေး ၂ယောက်လဲမွေးထားသေးတယ်။ ပူတူးလေးကိုယ်တိုင်လွယ်ပြီးမွေးထားတာလေ။ ပြီးတော့ အကို့ယောကျာ်းရဲ့ အသက်က ၃၀ကျော်နေပြီဗျ။ မောင်လေးမဟုတ်ဘူး။ ဒါဆို အကိုတို့ကိုခွင့်ပြုပါအုံး သားလေးတို့စောင့်နေမှာစိုးလို့ ' ဟုဆိုကာ ထွက်လာခဲ့ကြသည်။ ကျန်ခဲ့တဲ့ မိန်းကလေးတစ်သိုက်မှာတော့
' ဟဲ့ ငါက အခု ရှသွားတာလား။ အိုက်ယား မန္တလေးမှာရှတာနဲ့တင်မလောက်လို့ ငပလီထိလာပြီး ဖန်သားနန်းတော်ဆောက်နေမိတာပဲ။ အခုတော့ ဖန်သားနန်းတော်ပေါ်ကနေပြီး နေ၀င်တာကို ထိုင်ကြည့်နေရတော့မယ် ပူးဝါး မိုင် လိုက်ဖ် ' ဟုဆိုကာ ပြောနေသော ကလေးမလေးကို ကျန်တဲ့သူငယ်ချင်းတွေက နှစ်သိမ့်ပေးနေကြလေသည်။
ညနေရောက်တော့ သားတို့နဲ့ အတူ ရေသူမရုပ်ထုရှိရာကို ထွက်လာကြလေသည်။ မင်းခန့်တို့ ၂တွဲက အမွှာလေးတွေကို တစ်ယောက်စီထိန်းပေးကြတော့ စစ်က သူ့ပူတူးလေးကိုပဲ ထိန်းစရာရှိသည်။ မနက်က ကိစ္စကို အခုထိ အခဲမကျေနိုင်သေး။ သူ့ပူတူးလေးကလဲ တစ်သားမွေးတစ်သွေးလှနေတာက ခက်သည်။ အသက် ၃၃နှစ်လို့ မထင်ရလောက်အောင်ပင် နုပျိုနေသော ခက်ကို သူစိတ်မချတာ လွန်သည်ဟုမဆိုနိုင်။ မနက်ကလည်းကြည့်ပါလား သူ့ပူတူးလေးကို သွားရည်တမြားမြားနဲ့ ၀ိုင်းကြည့်နေကြတာ။ တွေးလေ ခက်ကို စိတ်မချတာက ပိုလာလေလေမလို့ သူ့ရှေ့မှာ မတ်တပ်ရပ်ပြီး သားလေးတို့ကို ကြည့်နေတဲ့ခက်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားမိပြန်သည်။ ခက်တစ်ယောက် သူ့ကို အတင်းအကြပ်ဖက်ထားတဲ့ စစ်ကြောင့် စစ်သူ့ကိုစိတ်မချဖြစ်နေတာကို ရိပ်မိသွားသည်။ ပေါင်းသင်းလာတာ ၁၀နှစ်ကျော်နေပြီ။ စစ်ရဲ့ အပြုအမူကနေပြီး စစ်ဘာဖြစ်နေလဲဆိုတာ သူသိနေပြီလေ။ ထို့ကြောင့်
' စိတ်မချမဖြစ်ပါနဲ့။ မောင့်တစ်ယောက်ထဲကိုပဲ ချစ်တာလေ မယုံဘူးလား '
' ခက်ကိုယုံပါတယ်။ တခြားလူတွေကို မယုံတာ '
' မောင်ရာ...ဒါဆို ဟိုးက ပင်လယ်ပြာကြီးကိုကြည့်ပြီး စိတ်ညစ်နေတာတွေ ဖြေဖျောက်လိုက်။ '
' ခက်..'
' ဟင် '
' အရမ်းချစ်တယ်။ ပြီးတော့ ကျေးဇူးတင်ပါတယ်။ မောင့်ကို ခွင့်လွှတ်ပြီး အစကနေပြန်စခွင့်ပေးခဲ့လို့။ မောင်တို့ရဲ့ ရင်သွေးလေးကို မွေးပေးခဲ့လို့။ မောင့်ကို မိသားစုဘ၀လေးပေးခဲ့လို့ '
' ကျေးဇူးတင်ပါတယ် မောင်။ နောင်တရပြီး ငါ့ကို တောင်းပန်ပေးခဲ့လို့ ။ ငါ့ဆီကို ပြန်လာခဲ့လို့။ ပြီးတော့ အရမ်းလည်း ချစ်တယ် ' ၂ယောက်သား တစ်ယောက်နဲ့တစ်ယောက် မြတ်နိုးစွာကြည့်နေကြတုန်း
''''' papa!! daddy !!''''' ဟုပြိုင်တူခေါ်ကာ သူတို့ကိုလက်ရမ်းပြနေကြတဲ့ အမွှာလေးတွေကို ပြုံးပြီးကြည့်နေကြလေသည်။
ချစ်လွန်းလို့ အပြစ်မမြင်နိုင်ခဲ့တဲ့ကောင်လေးနဲ့ အချစ်ကြီးလို့ အမျက်ကြီးခဲ့တဲ့ ကောင်လေးတို့ ၂ယောက်ရဲ့ ဘ၀က
မုန်တိုင်းတွေလည်း ထန်ခဲ့ပြီ....
လေပြင်းတွေလည်းတိုက်ခဲ့ပြီ....
လှိုင်းလုံးကြီးတွေလည်း ရိုက်ခတ်ခဲ့ပြီ....
အခုတော့ သက်တန့်ရောင်ကောင်းကင်ကြီးရဲ့အောက်မှာ...
တိုက်ခတ်လာတဲ့ လေပြေလေညှင်းလေးကို ရှူရှိုက်ရင်း...
အဆုံးမရှိ ကျယ်ပြောလှတဲ့ ပင်လယ်ပြာကြီးရဲ့ အလှအပကိုခံစားရင်း....
တစ်ယောက်ကို တစ်ယောက် အသက်ထက်ဆုံး ပေါင်းသင်းနေထိုင်သွားပါ့မယ်လို့ ကတိပြုလိုက်ကြလေသည်။
'''' နောင်ဘ၀တွေအထိပေါ့ ''''
' နောက်တစ်ကြိမ်ပြန်စခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် မောင့်သက်လှယ် '
💚💚💚 THE END 💚💚💚
အမွှာထဲက အကြီးလေး
အမွှာထဲက အငယ်လေး
Advertisement
- In Serial14 Chapters
Coronation Day
In the capital of Alhamkara, Princess Keiko prepares for her marriage to Lord Torando, a political union to secure the peace and prosperity of her kingdom. It is her hope that a sacrifice of her own freedom will help usher in a new golden age, an era in which some of the greatness of humanity, now vanished, may be recaptured. Unfortunately, masked men from the underbelly of society tend not to care about the machinations of kings and queens. Join me in this ongoing tale of adventure, action, romance, and drama as Keiko takes her life into her own hands... or paws.
8 184 - In Serial20 Chapters
Second Life's Game: Hell
(LitRPG/Fantasy) *** Disclaimer: I changed the title of this fiction because I realised that religious people may be offended by it. This fiction is purely intended to entertain and is not based upon any religion. *** What comes after death? The Afterlife. A world split into three layers. Heaven, Nexus and Hell. The Afterlife is harsh, cruel, and sometimes downright unfair, with everything based upon luck. A world with a game system, which enables the residents to level up, and gain special attributes. A tower lies in the middle of it all, named the Core, which provides passage to God, who will bestow on you your greatest desires. Unfortunately, to get to God, one must conquer 27 stages and battle against others wishing to meet him too. Ikite, a young teenager, gets killed by a gang of criminals and reawakens in Hell with a different body and life. As his two new personalities meld into one, he becomes an 'Awakener', someone who has their previous life's personality sharing their mind. However, he realises he has no combat perks, a bad class and a peasant's life in Hell, the lowest layer. At first, he decides on a hardworking, yet peaceful life with his mother, but bad luck wouldn' leave him alone. Forced to journey where he doesn't want to journey, will he overcome his obstacles, change his perspectives, and climb the tower? Or will he sink into the lifeless state, just like many of those around him... Kick back and relax with this book as it's your traditional LitRPG, with a twist or two here and there. New chapter at least every two days (unless previously stated).
8 142 - In Serial82 Chapters
The Zone Operative
In the near future an explosion at a particle accelerator causes cracks in reality to appear. Around these cracks the zones form. Fog bound areas that create monsters and drive many insane. John Harrington is one of the “lucky” few that can tolerate these zones. Follow him as he travels in to them and faces the horrors with in. Warring: This story contains graphic violence and profanity. Not for those easily offended.
8 304 - In Serial21 Chapters
Fire Emblem: The Lion's Blade
A young man is reincarnated into the world of Fire Emblem. Born in the kingdom of Bern, he chases his dream of being the strongest.
8 178 - In Serial6 Chapters
Crows Zero
A Crows Zero story, giving the story with an added character-Serizawa Sumi, cousin of Tamao, is falling rapidly head-over-heels for Izaki Shun. Confrontation much? How's a girl to deal!I just want to say that this story is not mine it belongs to Avalon Shiranui from FanFiction.net Al credits go to her
8 123 - In Serial18 Chapters
Persona X
"Congratulations! You have been selected to partake a game of survival, "The Persona Game". You will become a Persona-user to fight and protect the peace of Japan from a dangerous threat knows as "Shadows", who are causing a stir in the real world by hijacking technology and survive to the end. The winner will be granted anything they desire, only limited to their imagination.""The greatest game awaits you to maintain the peace of society and and make your wishes come true. Welcome to "The MatriX"Inspired by the Wattpad original story, "Persona 6: Find the Truth" Created by @thedoctorgonepale. Sountracks are from Assinine Syndrome, Persona Perusona and The GunSlinger. Here are the links to their channels: https://www.youtube.com/user/ESS982 https://www.youtube.com/channel/UCBSfTaKQLAb2hOWq7WUKduA/videos https://www.youtube.com/channel/UCv9Xwm7PluojPoL4YP20f5A/videos Enjoy.
8 196

