《Let Me Start Again [Completed]》LMSA 48
Advertisement
Unicode
ခက် သူ့ရဲ့နှုတ်ခမ်းပေါ်က စိုစွတ်စွတ်အထိအတွေ့ကြောင့် မျက်လုံးဖွင့်ကြည့်မိတော့ သူ့အပေါ်မှ အုပ်မိုးကာ နှုတ်ခမ်းကို နမ်းနေတဲ့ စစ်။ ခက်နိုးလာတာကိုတွေ့တော့ စစ်လည်း ခက်ရဲ့အပေါ်ကနေ ဖယ်ပေးလိုက်ပြီး ခက်ရဲ့ဘေးမှာ၀င်လှဲလိုက်သည်။ ခက်ခေါင်းလေးကို သူ့လက်မောင်းပေါ် ခေါင်းအုံးစေရင်းနဲ့ပေါ့။
'မောင့်ကြောင့်နိုးသွားတာလား '
'အွန်း....' ရင်ခွင်ထဲမှာနေရင်း အပျင်းကြောဆန့်နေတဲ့ ဖြူလုံးလေးကို စစ် အသည်းယားစွာကြည့်မိသည်။
'ကြည့်ပါအုံးကွာ...ပျင်းနေလိုက်တာ။ မောင်မရှိလို့ပျင်းနေတာလား။ နောက်နေ့တွေ အလုပ်မသွားပဲနေလိုက်တော့မယ်'
'အာ...အလုပ်ကတော့ သွားရမှာပေါ့ အစိုးတစ်ယောက်ထဲ အားနာစရာကြီး'
'မောင့်ပူတူးလေးသဘောအတိုင်းပါပဲဗျာ။ ကဲ အိပ်ရေး၀ရင် ထတော့နော်။ ခက်မှာလိုက်တာတွေအကုန်၀ယ်လာခဲ့တယ်။ ထစားတော့ '
'အွန်း ချီ ' ခက်က လက်လေးနှစ်ဖက်ကို ဆန့်တန်းပေးတော့ စစ်လည်း အလိုက်တသိပဲ ခက်ကိုချီလိုက်သည်။ ခက်ရဲ့ ခြေထောက်လေးတွေကို သူ့ခါးမှာခွထားစေပြီး ခက်ကို မျက်နှာချင်းဆိုင် ချီထားတာကြောင့် သူ့ပူတူးလေးရဲ့ မျက်နှာအမူအရာလေးတွေကို တွေ့နေရသည်လေ။ နှုတ်ခမ်းလေးက စူပုတ်နေတော့ ကြည့်ရတာ အိပ်ရေးမ၀သေးဘူးထင်တယ်။
'ခက်...အိပ်ရေးမ၀သေးဘူးလား။ စူပုတ်နေတာပဲကွာ။ ' ပြောနေရင်းနဲ့ ခက်ရဲ့နှုတ်ခမ်းလေးကို အသာလေးနမ်းလိုက်ပြန်သည်။
'အွန်း..အိပ်ချင်သေးတယ်။ ထမင်းစားခန်းထဲရောက်ရင်ပြောနော်' ဟုဆိုကာ စစ်ရဲ့ပုခုံးပေါ် မေးတင်ပြီး မျက်လုံးမှိတ်ထားလေသည်။
ခက်ကိုချီထားရင်း ထမင်းစားခန်းထဲ၀င်ခဲ့ပြီး ချီထားလျက်နဲ့ပဲ ၀ယ်လာခဲ့သမျှကို ပန်းကန်ထဲပြောင်းထည့်နေရသည်။
'ခက်...ထအုံးလေကွာ။ မောင် အကုန်ထည့်ပြီးသွားပြီ။ စားလို့ရပြီလေ ' ဘယ်လောက်ပြောပြော မျက်လုံးပွင့်မလာသောခက်ကြောင့် သူရယ်မိပြန်သည်။ တကယ်ကို အိပ်ပုပ်လေး။
ခက်ရဲ့နှာခေါင်းလေးကို အသာဖျစ်ညစ်ထားတော့ အသက်ရှူမ၀လို့ထင်၊ မျက်လုံးတွေ ပွင့်လာသည်။
'နိုးပြီလား။ လာ မောင်ခွံ့ကျွေးမယ်' ဟုဆိုကာ သူ့ပေါ်က ဆင်းမယ်ပြုနေသောခက်ကို မျက်နှာချင်းဆိုင်ကနေ ဘေးတစောင်းပြောင်းထိုင်စေပြီး သူ့ရင်ခွင်ထဲမှာပဲ ထည့်ထားသည်။
'အောက်ကို မဆင်းနဲ့တော့ ကြမ်းပြင်တွေက အေးတယ်။ မောင့်ပေါ်မှာပဲနေနော် '
'ဟုတ် '
'ဘာအရင်စားချင်လဲ ဘာအရင်ခွံ့ကျွေးရမလဲ ပြော '
'၀က်သားဒုတ်ထိုး'
'ကောင်းပါပြီဗျာ '
ထို့နောက်မှာတော့
မောင်...ကြက်ကြော်လေးရော၊ မောင် ထမင်းသုပ်လေးခွံ့အုံး၊ မောင် ဂျပန်ကြက်ကင်....အစရှိသဖြင့် သူ့ပူတူးလေးစားချင်သမျှကို စိတ်ရှည်လက်ရှည် ခွံ့ကျွေးနေမိသည်။ စားသောက်ပြီးသွားကြတော့ လမ်းလျှောက်မယ်ဟုဆိုကာ ခက်က အောက်ကိုဆင်းမယ်လုပ်သော်လည်း
'ကြမ်းခင်းတွေက အေးပါတယ်ဆို ပူတူးလေးရယ်၊ မောင်ကပဲ ချီထားရင်းနဲ့ လမ်းလျှောက်ပေးမယ် ဟုတ်ပြီလား '
ခက်ကို ချီထားရင်းနဲ့ပဲ ခြံထဲဆင်းပြီး လမ်းလျှောက်ပေးပြန်သည်။ ခက်ကတော့ သူ့ကိုခွထားကာ သူ့ပုခုံးပေါ်မေးတင်လျက် အိပ်ပျော်သွားလေပြီ။ ခက်အိပ်ပျော်သွားတော့ စစ်လည်း အခန်းထဲကိုပြန်၀င်ခဲ့ပြီး ခက်ကို ကုတင်ပေါ် အသာချပေးကာ အိပ်စက်စေသည်။ သူကတော့ အလုပ်တွေမပြီးပြတ်သေး၍ Laptopတစ်လုံးနှင့် အလုပ်ရှုပ်နေသည်။ ည ၈နာရီလောက်ကျတော့ အလုပ်တွေပြီးသွားသဖြင့် စစ်လည်း အိပ်မယ်ပြင်လိုက်သည်။ ညစာကတော့ မစားတော့ပါဘူး။ ၀ယ်လာတဲ့ စားစရာတွေကို ခက်တစ်ယောက်ထဲအကုန်စားရင် ဘေးဖြစ်မှာစိုးတာကြောင့် ခက်ကိုခွံ့ကျွေးရင်း သူပါစားထားသဖြင့် ဗိုက်ကသိပ်မဆာ။
'အဟွန်း အိပ်နေတာလေးကိုက ချစ်စရာလေး။ goodnight kissမပေးပဲ အိပ်ပျော်သွားတာဆိုတော့ မနက်ရောက်မှ အပြစ်ပေးရမယ်' ဟုဆိုသော်လည်း ခက်ရဲ့ နှုတ်ခမ်းလေးကို ဖိနမ်းမိသည်။ ဒါလည်း kiss ဆိုပေမယ့် ခက်မှမနိုးတာ goodnight kissလို့မယူဆဘူး။ အပြစ်ပေးမှာက အပြစ်ပေးမှာပဲ ဝွန်း..။
ထို့နောက်မှာတော့ ခက်ကို ရင်ခွင်ထဲထည့်ကာ သူလည်း အိပ်ပျော်သွားလေသည်။
တစ်နေ့ထက်တစ်နေ့ ကိုယ်၀န်က လရင့်လာတာနဲ့အမျှ ခက်ကလည်း အရင်ကထက် ဂျီကျတတ်၊ ချွဲတတ်၊ စိတ်ကောက်တတ်လာသည်။ အခုလည်း
' 🎶 ငါလေ ဖြစ်နိုင်ရင် seafood စားချင်တယ်
ခက်တာက...ငါ့ယောကျာ်း..ငါ့၀ယ်မကျွေးတာ..
ငါတော့....ချစ်မိတာမှားပြီ....အီးဟီးဟီး...'
သီချင်းဆိုနေရင်းနဲ့ ရုတ်တရက်ကြီး ထငိုတဲ့ ခက်ကြောင့် စစ် အလုပ်လုပ်နေတာကို ရပ်ထားကာ ခက်နားကို အပြေးအလွှားသွားမိသည်။
'ခက် ဘာဖြစ်လို့ငိုနေတာလဲ ပူတူးလေးရယ်။ မျက်စိတော့ နာကုန်တော့မှာပဲ။ တိတ် တိတ်။ မငိုနဲ့တော့ ခက်ဘာလိုချင်လို့လဲ မောင့်ကိုပြောလေ နော်။ မငိုနဲ့တော့ '
'ငါက....အင့်...seafoodစားချင်တယ်လို့ပြောတာကို ...ဟင့်...မင်းမှ၀ယ်မကျွေးတာ...အင့်... '
'ဟောဗျာ မောင်၀ယ်လာခဲ့တယ်လေ ပူတူးလေးရဲ့ '
'အဲ့ဒါကြီးမစားချင်ပါဘူးဆို အီးဟီး...samyam အနှစ်တွေနဲ့ ငရုတ်သီးမှုန့်တွေ အများကြီးထည့်ထားတဲ့ နီနီရဲရဲကြီးတွေ စားချင်တာပါဆို '
'ငရုတ်သီးတွေစားရင် ဗိုက်တွေနာမှာပေါ့ ပူတူးလေးရဲ့ ။ မောင်၀ယ်လာတာကလည်း ငရုတ်သီးနည်းနည်းလေးပါတယ်လေကွာ အဲ့ဒါစားလိုက်လေ နော်။ နောက်နေ့မှ ခက်စားချင်တာ ၀ယ်ကျွေးမယ် နော် '
'နောက်နေ့ နောက်နေ့ဆိုပြီး တကယ်လည်း၀ယ်မကျွေးပဲနဲ့ အီးဟီး...မေမေရေ သားတော့ ယောကျာ်းယူမိတာမှားပြီ '
' မောင်ကမကျွေးချင်လို့မှ မဟုတ်တာ ပူတူးလေးရယ်။ အစပ်တွေအများကြီးစားရင် ကလေးအတွက်လည်း မကောင်းဘူးလေ '
Advertisement
' အဲ့ကလေးက စားချင်နေလို့ မင်းကို ၀ယ်ကျွေးခိုင်းနေတာပေါ့။ ကလေးကိုကျ ငါ့ဗိုက်ထဲ lockdown ချထားပြီးတော့ ကလေးလေးစားချင်တာကျ ၀ယ်မကျွေးဘူး။ သူများတွေပြောနေကြတဲ့ လင်ကုန်ရှုံးတော့ တသက်လုံးဆိုတာ ဒါမျိုးနေမှာ အီးဟီး...မင်းနဲ့ မနေဘူး အင့်ဟင့် မင်းက ငါတို့စားချင်တာ၀ယ်မကျွေးဘူး '
ခက်က အော်ငိုနေတာကြောင့် ဦးမင်းထက်တို့ အပြေးအလွှားရောက်လာကြကာ
'ခက် သားလေးက ဘာလို့ငိုနေတာလဲ။ ဟိုကောင် မင်းစစ်မောင် မင်း ငါ့သားလေးကို ဘယ်လောက်ထိ အနိုင်ကျင့်လိုက်လို့ ကလေးက အခုလို အော်ငိုနေရတာလဲ '
'Daddyရာ အကြောင်းစုံမသိပဲနဲ့ ပြောပြန်ပြီ။ အားရင် ကျနော့်ကို ဆူဖို့ပဲ '
'အံမာ မင်းက ငါ့သားလေးကို အနိုင်ကျင့်နေတာမဟုတ်ဘူးလား။ ခက် daddyကိုပြော အဲ့ဒီကောင်က သားကို ဘာလုပ်လိုက်တာလဲ '
' စစ်က သား seafoodစားချင်တာကို ၀ယ်မကျွေးဘူး daddy '
'မင်းစစ်မောင် !!! မင်းက ဘာလို့ ငါတို့သားလေးစားချင်တာကို ၀ယ်မကျွေးရတာလဲ ' ဦးစစ်သော်ကပါ နားစွံနားဖျားကြားလိုက်မိပြီး ၀င်ဆူနေတာကြောင့်
'Papaရော Daddyရော ဘာမှမသိပဲနဲ့ ဆူမနေကြနဲ့လေဗျာ။ ခက်က တရုတ်မတွေစားသလို ပင်လယ်စာပေါ်မှ ငရုတ်ဆီတွေဆမ်း ငရုတ်သီးမှုန့်တွေဖြူးပြီး စားချင်တာတဲ့ ကျနော်က ဘယ်လိုလုပ်၀ယ်ကျွေးလို့ရမှာလဲ။ ကလေးအတွက်ရော သူ့အတွက်ရော ကောင်းမှမကောင်းတာ '
စစ်ပြောပြမှ ဦးစစ်သော်က
'အစကတည်းက အဲ့ဒီလို ရှင်းရှင်းပြောပါလား။ ခက် သား ကလေးမွေးပြီးမှ papa၀ယ်ကျွေးမယ်နော်။ အခုကတော့ အစပ်တွေစားလို့မရသေးဘူးလေ သားရဲ့ ။ သားအတွက် ၀က်ဂုတ်သားကင်သွား၀ယ်ပေးမယ်နော်။ နောက်ထပ်ဘာစားချင်သေးလဲ papaကိုပြော '
'မစားချင်တော့ပါဘူး။ သားအိပ်တော့မယ် '
'ခက်ရေ။ မဆိုးရဘူးလေကွာ။ ခက်စားချင်တယ်ဆိုလို့ မောင် ပင်လယ်စာတွေ၀ယ်လာခဲ့တယ်လေ။ ကင်းမွန်တွေ မစားချင်ဘူးလား။ မောင် အစပ်နည်းနည်းထည့်ခိုင်းလာခဲ့တယ်။ လိမ္မာတယ်နော် အစားလေးတော့ စားအုံးမှပေါ့ ပူတူးလေးရဲ့ ။ '
ဦးမင်းထက်တို့လည်း ၂ယောက်ကြား ၀င်မရှုပ်ချင်တော့သဖြင့် ခက်အတွက် ၀က်ဂုတ်သားကင်၀ယ်ဖို့ ထွက်လာကြလေသည်။ ကျန်ခဲ့တဲ့ စစ်ကတော့ ခက်ကိုချော့နေသည်။
'ပူတူးလေး။ အဲ့လိုကြီး မအိပ်ရဘူးလေကွာ။ လာ မောင်ခွံ့ကျွေးမယ်နော်။ ခက်အကြိုက် ပုစွန်တွေလည်းပါသေးတယ်။ အစပ်တွေစားချင်ရင် babyလေးမွေးပြီးတာနဲ့ မောင်တို့ ငပလီဖြစ်ဖြစ် ချောင်းသာဖြစ်ဖြစ် သွားကြမယ်လေ။ အဲ့ဒီအခါမှ မောင့်ပူတူးလေး စိတ်ကြိုက်စား နော် '
'တကယ်လား ' ခက်က မယုံသင်္ကာနဲ့မေးတာကြောင့် ခက်ရဲ့ မေးဖျားလေးကို အသာ လှုပ်ရမ်းလိုက်ရင်း
'တကယ်ပါဗျာ။ ကတိ ကတိ '
'အွန်း...အဲ့ဒါဆိုလည်း ပြီးတာပဲ အခု ၀ယ်လာတာပဲစားတော့မယ် '
'မောင့်ပူတူးလေးက လိမ္မာလိုက်တာ။ လာ မောင်ချီမယ် ' ထို့နောက် ခက်ကို ချီပြီး ထမင်းစားခန်းဆီ ထွက်လာခဲ့သည်။ မျက်နှာချင်းဆိုင် ချီထားတာကြောင့်
'မောင်...'
'ဗျာ '
'ဗိုက်ကြီးက အစ်နေသလိုကြီး နေလို့သိပ်မကောင်းဘူး နောက်တစ်ခါ ဒီလိုမချီနဲ့နော် '
'ကောင်းပါပြီဗျာ။ နောက်တစ်ခါ ခက်ကို ဘေးကနေတွဲပေးပြီး လမ်းပဲလျှောက်မယ်နော် '
'ဟုတ် '
'ကြည့်ပါအုံး မောင့်ပူတူးလေးက ချစ်ဖို့ကောင်းလိုက်တာ '
၂ယောက်သား အကြည်စိုက်နေကြတာနဲ့ ထမင်းစားခန်းတောင် မရောက်ကြသေးပေ။ ခက်က စစ်ရဲ့ လည်ပင်းကို ဖက်ထားပြီး စစ်ကို တည့်တည့်ကြည့်ကာ
'မောင်...ချစ်တယ် '
'မောင်ကလည်း ချစ်ပါတယ်ဗျာ။ ရုတ်တရက်ကြီး ချစ်တယ်တွေဘာတွေ ပြောလို့ပါလား ပူတူးလေးရဲ့ '
'မသိဘူး ဒီအတိုင်း ပြောချင်လာလို့ ' တစ်ယောက်ကိုတစ်ယောက် မြတ်နိုးစွာ ကြည့်နေကြတုန်း
' ဟေ့ကောင်တွေ ဖြေးဖြေးဖက်ကြပါဟ! ကြားထဲက ကလေးက ထွက်ကျတော့မယ် '
မင်းခန့်အသံကြားမှ ၂ယောက်သား သတိ၀င်လာကာ ခက်ရဲ့ဗိုက်ထဲက ကလေးကို သတိရသွားကြသည်။ ဟုတ်သားပဲ ကလေးကို ခဏမေ့သွားပြီး ဖက်ထားကြတာ။
'အဟမ်း..မင်းတို့က ဘယ်တုန်းက ရောက်နေကြတာလဲ ' စစ် အရှက်ပြေ ချောင်းတစ်ချက်ဟန့်ရင်း မေးလိုက်သော်လည်း ခက်ကိုတော့ ချီထားဆဲ
'ဘယ်အချိန်ကတည်းကလဲဆိုတော့ မောင်...ချစ်တယ်လို့ ပြောလိုက်ကတည်းက ရောက်လာတာပဲ။ မင်းတို့ ဘယ်လောက်ထိများ မိုးမမြင်လေမမြင်ချစ်နိုင်မလည်းလို့ ကြည့်နေကြတာ။ အခုမှ မင်းတို့ အကြည်စိုက်နေတာ ဆက်မကြည့်နိုင်တော့လို့ အသံပေးရတာ။ ငါသာ အသံမပေးရင် ငါတို့ ၄ယောက်လုံး ဒီမှာပဲ မတ်တပ်ကြီးရပ်ပြီး အိပ်ရတော့မလားတောင် မသေချာဘူး '
မင်းခန့်စကားကြောင့် ခက်ရှက်သွားပြီး စစ်ကို အောက်ချခိုင်းသော်လည်း စစ်က မသိချင်ယောင်ဆောင်နေသည်။
'မောင်..အောက်ချပေးလို့ ..' ခက် တိုးတိုးလေးပြောနေသော်လည်း စစ်ကတော့ ချီထားမြဲပင်။ ခက်ကိုချီထားရင်းနဲ့ပဲ ဧည့်ခန်းဘက်ကို ဦးတည်လိုက်ရင်း
'လာ ထိုင်ကြအုံးလေ '
'ကျေးဇူးစကြ၀ဠာပါ ငါတို့ကိုထိုင်ခိုင်းဖို့ သတိရသေးလို့ ' မင်းခန့်ကပြောတော့
Advertisement
'မလိုပါဘူး အချင်းချင်းတွေပဲ။ မင်းအရမ်းကျေးဇူးတင်နေရင် ထမင်းစားခန်းမှာ ငါ ခက်အတွက်ထည့်ပေးထားတဲ့ ပင်လယ်စာပန်းကန်လေးတွေသွားယူပေးလေ။ ငါက ပူတူးလေးကို ချီထားရလို့ '
ဧည့်ခန်းရောက်လို့ ထိုင်တာတောင် ခက်ကို သူ့ပေါင်ပေါ်မှာသာ ထိုင်စေသော စစ်ကို မင်းခန့်တို့ တော်တော်အမြင်ကပ်နေပြီ။
'မင်းဘာသာမင်း သွားယူပါလား '
'ငါက ပူတူးလေးကို ချီထားရလို့ပါဆို '
နောက်ဆုံး သက်နွယ်ကပဲ
'ငါသွားယူပေးပါ့မယ်ဟယ် '
သက်နွယ်က ပင်လယ်စာပန်းကန်တွေယူပြီး ပြန်လာတော့ စစ် ခက်ကို ခွံ့ကျွေးလိုက်သည်။
'ဘာစားချင်သေးလဲ မောင့်ကိုပြောနော်။ အစပ်တွေကလွဲလို့ ကျန်တာ၀ယ်ကျွေးမယ် '
'ဟုတ်...မောင်က အကောင်းဆုံး ' သူ့ရဲ့ထုံးစံအတိုင်း
လက်မလေးတထောင်ထောင်နဲ့ ပြောလာတဲ့ ခက်ကို အသည်းယားစွာ နမ်းမယ်ပြင်တော့
'ဟိုးထား မင်းစစ်မောင်ရေ။ လူတွေရှိသေးတယ်ဟ '
(ဒီအဖျက်ကောင်ကတော့ *)
'မင်းတို့က ဘာလုပ်ဖို့လာကြတာလဲ ' ခက်ကပဲ သူတို့ ၂ယောက် အကြည့်ချင်းစစ်ခင်းနေတာ ရပ်သွားအောင် ကြားဖြတ်မေးလိုက်လေသည်။ ထိုအခါမှ မင်းခန့်က
'ငါတို့က မင်း ကိုယ်၀န်ကြီးနဲ့ အဆင်ပြေလား လာကြည့်ကြတာ။ အခု မြင်နေရတာတော့ ပြေ ပြေ ပြေနဲ့ကို နေတာပဲ '
'မင်းတို့ကလည်း ' ခက် ရှက်သွားတော့ ခက်ရဲ့ နီရဲနေတဲ့ နားရွက်ဖျားလေးကို စစ် ကိုက်ဆွဲမိသည်။ သူ ဒီပူတူးလေးကို ငုံထားလိုက်ချင်သည်။ တကယ်ကို အချစ်တွေတိုးအောင် ပြုစားနေတာပဲ။
'မင်းခန့်ရာ စ မနေပါနဲ့။ ခက် နေရတာ အဆင်ပြေရဲ့လား ငါတို့ ဘာလုပ်ပေးရမလဲ။ မင်းဘာစားချင်လဲ။ babyလေးကရော ဘာလေးလဲ။ ဘယ်တော့မွေးမှာတဲ့လဲ ' စိုးစံနိုင်ရဲ့ မေးခွန်းတွေက များတာကြောင့် ခက် ဘယ်က စဖြေရမှန်းတောင်မသိတော့ပေ။
'ဖြေးဖြေးမေးပါ အစိုးရယ်။ ငါထွက်မပြေးပါဘူး '
'ငါသိချင်လွန်းလို့ပါ။ ငါလည်း အလုပ်များနေတော့ မင်းသတင်းတွေကို သိပ်မမေးဖြစ်ဘူးလေ။ မင်းယောကျာ်းကျေးဇူးကြောင့် ငါက အလုပ်တွေပိနေတာ'
'ငါမင်းကို အားနာလိုက်တာ အစိုးရာ '
'မလိုပါဘူး။ ငါက ဒီအတိုင်းပြောလိုက်တာပါ။ မင်းသာ ကောင်းကောင်းမွန်မွန်မွေးနိုင်အောင် ကြိုးစား။ စိတ်ချမ်းသာအောင်နေ '
'အေးပါ။ ငါ ultrasound ရိုက်တုန်းကတော့ သားလေးတဲ့။ duedateက ၁၀လပိုင်းလို့တော့ ပြောတာပဲ။ ကလေးလည်း ကျန်းမာတယ်တဲ့ '
'ခက် ကလေးက တစ်ယောက်ထဲတဲ့လား ' သက်နွယ်ရဲ့အမေးကို
'အွန်း ultrasoundရိုက်တုန်းကတော့ တစ်ယောက်ထဲ ပေါ်တာလေ။ ငါ papaနဲ့ ပြတုန်းကလည်း တစ်ယောက်ထဲပဲပေါ်တာပါ။ ဘာလို့လဲ '
'နင့်ဗိုက်က ထင်တာထက် ပိုဖောင်းနေလို့။ အခုမှ ၆လပဲရှိသေးတာမဟုတ်လား။ ဒါပေမယ့် နင့်ဗိုက်က မွေးခါနီးဗိုက်နဲ့တူနေတယ်။ ဖောင်းကားနေတာ '
'ဟုတ်လား။ ငါလည်း နေရထိုင်ရတာ နည်းနည်းခက်တယ်ဟ။ ဒါပေမယ့် Ultrasoundရိုက်တော့ တစ်ယောက်ပဲမြင်တယ် '
'နောက်တစ်ယောက်က ကွယ်နေလို့ဖြစ်မှာပေါ့။ ငါကတော့ နင့်ဗိုက်ကို အမွှာလို့ထင်တာပဲ ' သက်နွယ်စကားကြောင့် စစ်က
'အမွှာဆိုတော့လည်း ကောင်းတာပေါ့ဟာ။ နောက်တစ်ယောက်က ဘာလေးနေနေ ငါကချစ်မှာပဲ။ ငါ့ပူတူးလေးကိုယ်တိုင်မွေးပေးထားတာပဲလေ'
ကဲကိုကဲတယ်ဆိုတဲ့ အကြည့်တွေကိုတော့ စစ် မသိချင်ယောင်ဆောင်ထားမိလေသည်။ သူငယ်ချင်းတွေ စကားအကြာကြီးပြောနေကြပြီး သူတို့ပြန်သွားကြတဲ့အထိ ၀က်ဂုတ်သားကင်၀ယ်ဖို့ထွက်သွားတဲ့ သက်ကြီးစုံတွဲက ပြန်မရောက်ကြသေး။ တော်သေးတာပေါ့။ သူတို့ကိုယုံပြီး စောင့်မနေလို့ :")
'ပူတူးလေး အိပ်တော့နော် '
'ဟုတ်' တစ်ယောက်နဲ့တစ်ယောက် ဖက်ထားရင်းနဲ့ အိပ်ပျော်သွားကြလေသည်။
ဒါလေးတွေက ခက်စားချင်တဲ့ seafoodတွေပါ
ကဲ သွားရည်ယိုကြစေကုန်သတည်း 🧛🏻♀️🧛🏻♀️
To be continued.....
Zawgyi
ခက္ သူ႔ရဲ႕ႏႈတ္ခမ္းေပၚက စိုစြတ္စြတ္အထိအေတြ႕ေၾကာင့္ မ်က္လုံးဖြင့္ၾကည့္မိေတာ့ သူ႔အေပၚမွ အုပ္မိုးကာ ႏႈတ္ခမ္းကို နမ္းေနတဲ့ စစ္။ ခက္ႏိုးလာတာကိုေတြ႕ေတာ့ စစ္လည္း ခက္ရဲ႕အေပၚကေန ဖယ္ေပးလိုက္ၿပီး ခက္ရဲ႕ေဘးမွာ၀င္လွဲလိုက္သည္။ ခက္ေခါင္းေလးကို သူ႔လက္ေမာင္းေပၚ ေခါင္းအုံးေစရင္းနဲ႔ေပါ့။
'ေမာင့္ေၾကာင့္ႏိုးသြားတာလား '
'အြန္း....' ရင္ခြင္ထဲမွာေနရင္း အပ်င္းေၾကာဆန္႔ေနတဲ့ ျဖဴလုံးေလးကို စစ္ အသည္းယားစြာၾကည့္မိသည္။
'ၾကည့္ပါအုံးကြာ...ပ်င္းေနလိုက္တာ။ ေမာင္မရွိလို႔ပ်င္းေနတာလား။ ေနာက္ေန႔ေတြ အလုပ္မသြားပဲေနလိုက္ေတာ့မယ္'
'အာ...အလုပ္ကေတာ့ သြားရမွာေပါ့ အစိုးတစ္ေယာက္ထဲ အားနာစရာႀကီး'
'ေမာင့္ပူတူးေလးသေဘာအတိုင္းပါပဲဗ်ာ။ ကဲ အိပ္ေရး၀ရင္ ထေတာ့ေနာ္။ ခက္မွာလိုက္တာေတြအကုန္၀ယ္လာခဲ့တယ္။ ထစားေတာ့ '
'အြန္း ခ်ီ ' ခက္က လက္ေလးႏွစ္ဖက္ကို ဆန္႔တန္းေပးေတာ့ စစ္လည္း အလိုက္တသိပဲ ခက္ကိုခ်ီလိုက္သည္။ ခက္ရဲ႕ ေျခေထာက္ေလးေတြကို သူ႔ခါးမွာခြထားေစၿပီး ခက္ကို မ်က္ႏွာခ်င္းဆိုင္ ခ်ီထားတာေၾကာင့္ သူ႔ပူတူးေလးရဲ႕ မ်က္ႏွာအမူအရာေလးေတြကို ေတြ႕ေနရသည္ေလ။ ႏႈတ္ခမ္းေလးက စူပုတ္ေနေတာ့ ၾကည့္ရတာ အိပ္ေရးမ၀ေသးဘူးထင္တယ္။
'ခက္...အိပ္ေရးမ၀ေသးဘူးလား။ စူပုတ္ေနတာပဲကြာ။ ' ေျပာေနရင္းနဲ႔ ခက္ရဲ႕ႏႈတ္ခမ္းေလးကို အသာေလးနမ္းလိုက္ျပန္သည္။
'အြန္း..အိပ္ခ်င္ေသးတယ္။ ထမင္းစားခန္းထဲေရာက္ရင္ေျပာေနာ္' ဟုဆိုကာ စစ္ရဲ႕ပုခုံးေပၚ ေမးတင္ၿပီး မ်က္လုံးမွိတ္ထားေလသည္။
ခက္ကိုခ်ီထားရင္း ထမင္းစားခန္းထဲ၀င္ခဲ့ၿပီး ခ်ီထားလ်က္နဲ႔ပဲ ၀ယ္လာခဲ့သမွ်ကို ပန္းကန္ထဲေျပာင္းထည့္ေနရသည္။
'ခက္...ထအုံးေလကြာ။ ေမာင္ အကုန္ထည့္ၿပီးသြားၿပီ။ စားလို႔ရၿပီေလ ' ဘယ္ေလာက္ေျပာေျပာ မ်က္လုံးပြင့္မလာေသာခက္ေၾကာင့္ သူရယ္မိျပန္သည္။ တကယ္ကို အိပ္ပုပ္ေလး။
ခက္ရဲ႕ႏွာေခါင္းေလးကို အသာဖ်စ္ညစ္ထားေတာ့ အသက္ရႉမ၀လို႔ထင္၊ မ်က္လုံးေတြ ပြင့္လာသည္။
'ႏိုးၿပီလား။ လာ ေမာင္ခြံ႕ေကြၽးမယ္' ဟုဆိုကာ သူ႔ေပၚက ဆင္းမယ္ျပဳေနေသာခက္ကို မ်က္ႏွာခ်င္းဆိုင္ကေန ေဘးတေစာင္းေျပာင္းထိုင္ေစၿပီး သူ႔ရင္ခြင္ထဲမွာပဲ ထည့္ထားသည္။
'ေအာက္ကို မဆင္းနဲ႔ေတာ့ ၾကမ္းျပင္ေတြက ေအးတယ္။ ေမာင့္ေပၚမွာပဲေနေနာ္ '
'ဟုတ္ '
'ဘာအရင္စားခ်င္လဲ ဘာအရင္ခြံ႕ေကြၽးရမလဲ ေျပာ '
'၀က္သားဒုတ္ထိုး'
'ေကာင္းပါၿပီဗ်ာ '
ထို႔ေနာက္မွာေတာ့
ေမာင္...ၾကက္ေၾကာ္ေလးေရာ၊ ေမာင္ ထမင္းသုပ္ေလးခြံ႕အုံး၊ ေမာင္ ဂ်ပန္ၾကက္ကင္....အစရွိသျဖင့္ သူ႔ပူတူးေလးစားခ်င္သမွ်ကို စိတ္ရွည္လက္ရွည္ ခြံ႕ေကြၽးေနမိသည္။ စားေသာက္ၿပီးသြားၾကေတာ့ လမ္းေလွ်ာက္မယ္ဟုဆိုကာ ခက္က ေအာက္ကိုဆင္းမယ္လုပ္ေသာ္လည္း
'ၾကမ္းခင္းေတြက ေအးပါတယ္ဆို ပူတူးေလးရယ္၊ ေမာင္ကပဲ ခ်ီထားရင္းနဲ႔ လမ္းေလွ်ာက္ေပးမယ္ ဟုတ္ၿပီလား '
ခက္ကို ခ်ီထားရင္းနဲ႔ပဲ ၿခံထဲဆင္းၿပီး လမ္းေလွ်ာက္ေပးျပန္သည္။ ခက္ကေတာ့ သူ႔ကိုခြထားကာ သူ႔ပုခုံးေပၚေမးတင္လ်က္ အိပ္ေပ်ာ္သြားေလၿပီ။ ခက္အိပ္ေပ်ာ္သြားေတာ့ စစ္လည္း အခန္းထဲကိုျပန္၀င္ခဲ့ၿပီး ခက္ကို ကုတင္ေပၚ အသာခ်ေပးကာ အိပ္စက္ေစသည္။ သူကေတာ့ အလုပ္ေတြမၿပီးျပတ္ေသး၍ Laptopတစ္လုံးႏွင့္ အလုပ္ရႈပ္ေနသည္။ ည ၈နာရီေလာက္က်ေတာ့ အလုပ္ေတြၿပီးသြားသျဖင့္ စစ္လည္း အိပ္မယ္ျပင္လိုက္သည္။ ညစာကေတာ့ မစားေတာ့ပါဘူး။ ၀ယ္လာတဲ့ စားစရာေတြကို ခက္တစ္ေယာက္ထဲအကုန္စားရင္ ေဘးျဖစ္မွာစိုးတာေၾကာင့္ ခက္ကိုခြံ႕ေကြၽးရင္း သူပါစားထားသျဖင့္ ဗိုက္ကသိပ္မဆာ။
'အဟြန္း အိပ္ေနတာေလးကိုက ခ်စ္စရာေလး။ goodnight kissမေပးပဲ အိပ္ေပ်ာ္သြားတာဆိုေတာ့ မနက္ေရာက္မွ အျပစ္ေပးရမယ္' ဟုဆိုေသာ္လည္း ခက္ရဲ႕ ႏႈတ္ခမ္းေလးကို ဖိနမ္းမိသည္။ ဒါလည္း kiss ဆိုေပမယ့္ ခက္မွမႏိုးတာ goodnight kissလို႔မယူဆဘူး။ အျပစ္ေပးမွာက အျပစ္ေပးမွာပဲ ဝြန္း..။
ထို႔ေနာက္မွာေတာ့ ခက္ကို ရင္ခြင္ထဲထည့္ကာ သူလည္း အိပ္ေပ်ာ္သြားေလသည္။
တစ္ေန႔ထက္တစ္ေန႔ ကိုယ္၀န္က လရင့္လာတာနဲ႔အမွ် ခက္ကလည္း အရင္ကထက္ ဂ်ီက်တတ္၊ ခြၽဲတတ္၊ စိတ္ေကာက္တတ္လာသည္။ အခုလည္း
' 🎶 ငါေလ ျဖစ္ႏိုင္ရင္ seafood စားခ်င္တယ္
ခက္တာက...ငါ့ေယာက်ာ္း..ငါ့၀ယ္မေကြၽးတာ..
ငါေတာ့....ခ်စ္မိတာမွားၿပီ....အီးဟီးဟီး...'
သီခ်င္းဆိုေနရင္းနဲ႔ ႐ုတ္တရက္ႀကီး ထငိုတဲ့ ခက္ေၾကာင့္ စစ္ အလုပ္လုပ္ေနတာကို ရပ္ထားကာ ခက္နားကို အေျပးအလႊားသြားမိသည္။
'ခက္ ဘာျဖစ္လို႔ငိုေနတာလဲ ပူတူးေလးရယ္။ မ်က္စိေတာ့ နာကုန္ေတာ့မွာပဲ။ တိတ္ တိတ္။ မငိုနဲ႔ေတာ့ ခက္ဘာလိုခ်င္လို႔လဲ ေမာင့္ကိုေျပာေလ ေနာ္။ မငိုနဲ႔ေတာ့ '
'ငါက....အင့္...seafoodစားခ်င္တယ္လို႔ေျပာတာကို ...ဟင့္...မင္းမွ၀ယ္မေကြၽးတာ...အင့္... '
'ေဟာဗ်ာ ေမာင္၀ယ္လာခဲ့တယ္ေလ ပူတူးေလးရဲ႕ '
'အဲ့ဒါႀကီးမစားခ်င္ပါဘူးဆို အီးဟီး...samyam အႏွစ္ေတြနဲ႔ င႐ုတ္သီးမႈန္႔ေတြ အမ်ားႀကီးထည့္ထားတဲ့ နီနီရဲရဲႀကီးေတြ စားခ်င္တာပါဆို '
'င႐ုတ္သီးေတြစားရင္ ဗိုက္ေတြနာမွာေပါ့ ပူတူးေလးရဲ႕ ။ ေမာင္၀ယ္လာတာကလည္း င႐ုတ္သီးနည္းနည္းေလးပါတယ္ေလကြာ အဲ့ဒါစားလိုက္ေလ ေနာ္။ ေနာက္ေန႔မွ ခက္စားခ်င္တာ ၀ယ္ေကြၽးမယ္ ေနာ္ '
'ေနာက္ေန႔ ေနာက္ေန႔ဆိုၿပီး တကယ္လည္း၀ယ္မေကြၽးပဲနဲ႔ အီးဟီး...ေမေမေရ သားေတာ့ ေယာက်ာ္းယူမိတာမွားၿပီ '
Advertisement
- In Serial7 Chapters
Animus Smith
Zen Chardo is just your average highschool student, at least that's what he thinks but in reality he is quietly extraordinary. Its as if he only exists when interacted with, like he has no place in reality and if it was up to him he may well have faded into obscurity if not for those closest to him. Despite the otherworldliness of these embellishments Zen is in fact human and like all humans is drawn to others, it is through these bonds that he makes his mark on the world... or should I say worlds, for this is a story of adventure and magic in another world. A young man's quest to safeguard the future of those he cares about. This is the story of Zen, the Animus Smith.
8 247 - In Serial33 Chapters
The Prophet's Ascension
[participant in the Royal Road Writathon challenge] Mara, a science teacher, was reincarnated on the body of a child named Nefaaya after dying while trying to save her student. But it seems she wasn't the only one who was transported in this world, as she learned that the student that she tried to save died with her and was born on a body of a boy named Renaeril At first she thought it was perfect, she had a loving family and she was experiencing things that she didn't experience in her previous life. But just after eight years, a war broke out, her father was forced to join the army. She remained hopeful that everything would go back the way it was, but it was immediately crushed when a mysterious group of people in white robes attacked their village. At the moment when Nefaaya was about to die, her mother sacrificed herself to save her and Renaeril. As she buries the corpse of the village folk, Nefaaya decides to go on a journey to look for her father and at the same time vowing to avenge the death of her mother. Note: updates are every other day.
8 184 - In Serial100 Chapters
Shut Up: You Nymphomaniac Evil Sword
A young philosopher ends up in a war-torn world, where he finds himself among the poor and needy rebels who fight against the humongous army of the corrupted and merciless Alliance government.The story follows the philosopher's journey along with his companion a Nymphomaniac Evil sword, through this modern and magical world, as he experiences different battles, adventures and his own personal dilemmas. Please bear with my English and Thank you all for reading Disclaimer :The cover picture doesn't belong to me, if the artist wants it to be removed it will be removed......
8 186 - In Serial16 Chapters
Alpha
Elaine Chernoble has spent years traveling from place to place, training her pack to be the best, pushing aside her demons by busying herself with helping others overcome theirs. Her hardwork finally pays off when her pack becomes the strongest pack in America. Traveling around and helping other packs train and become stronger became her lifetime goal, striving not to let what happened to her own pack, happen to other.Nameless, that's what they called her pack."The Raven Deity", they called her.But, even a deity has her troublesome past that is the catalyst for her seemingly perfect present.It isn't until she gets a call from the pack called Moon Stone, does her world turn upside-down, inside out and runs in circles that make her dizzy."My name is Scinece Evans and that's my twin, Lincoln."Coming from a disturbing past that would make even a grown man shiver, Scinece and Lincoln Evans, have yet to find the person that will understand them better than they understand themselves; someone that will care for them; someone who looks past their past and appearances. Sure, they had their father, but even he walked on eggshells after the incident. And that someone stumbles into their borders, all bloody, skin hanging off by a thread.Follow Elaine and the twins' journey as they stumble along the path of stitching each other back together good as new. But then again, a book isn't complete without a few bumps in the road.
8 221 - In Serial31 Chapters
Myriad Paths
To reach the pinnacle of all, one must Realize their Dao, Conquer their Dao, and Become their Dao. Hey I'm a new author trying out writing a xianxia. I'm not asking you to read it because it's good, I'm asking you to read it because it's free and doesn't have mega-arrogant young masters.
8 142 - In Serial51 Chapters
Mr and Mrs Shekhawat
An arrange marriage.A love journey.How love blossoms between Randhir and Sanyukta. Arrange marriages are beautiful.Trended 5th in fanfiction on 13th May 2017
8 150

